အခန်း (၃၃၁-၃၃၂)
Vol. 24 Ch. 331-332
အပိုင်း(၃၃၁)
လင်းဟုန်၏စကားများကြောင့်ဧည့်သည်များမှာနှုတ်ဆိတ်သွားကြသည်။
သို့သော်လည်းယွမ်ကျိုးမှာဧည့်သည့်ကိုမောင်းထုတ်ခဲ့သည့်ကိစ္စကိုရင်ဆိုင်နေရသည်။
ဤပြဿနာရပ်၏အကြောင်းရင်းမှာယွမ်ကျိုးဒေါသထွက်စေသည့်စကားကိုပြောခဲ့သည့်ကောမင်ကြောင့်သာဖြစ်သည်။
တကယ်တမ်းကောမင်လိုစိတ်ဓါတ်ရှိသည့်သူကိုဤလောကကြီးတွင်တခါမျှမတွေ့ခဲ့ရဖူး၍ယခုကဲ့သို့ဒေါသဖြစ်ခဲ့ရခြင်းဖြစ်သည်။
ထို့ကြောင့် ယွမ်ကျိုးကကောမင်၏စကားအဆုံးသတ်လိုက်သည်နှင့်စနစ်ကိုချက်ချင်းလှမ်းခေါ်လိုက်သည်။စားဖိုမှူးတယောက်ရဲ့စည်းမျဉ်းစည်းကမ်းတွေကိုချိုးဖောက်မိတဲ့အကျိုးဆက်ကဘာများလဲ?"ယွမ်ကျိုးကစနစ်ကိုတဲ့တိုးမေးလိုက်သည်။"စားဖိုမှူးတယောက်က စားဖိုမှူးတယောက်အတွက်ချမှတ်ထားတဲ့စည်းကမ်းတွေကို လေးလေးစားစားလိုက်နာရမည့်အပြင်စားသုံးသူတဦးတယောက်ချင်းစီကိုလည်းလေးစားမှု့ရှိရမည်။စားသုံးသူလိုဧည့်သည့်တဦးအားမောင်းထုတ်သည့်အရာမျိုးမှာမဖြစ်သင့်သည့်ကိစ္စမျိုးဖြစ်သည်။
စားဖိုမှူး တယောက်၏ လမ်းညွှန် ချက် ကို ချိုးဖောက် ၍ မ ရ ပါဘူး ။ "
"လာစမ်းပါ။စကားအရမ်းမများစမ်းနဲ့။
လိုအပ်တဲ့အချက်တွေသာပြောစမ်းပါ။ဒါတွေပြောဖို့ဘဲလိုတယ်?။"
စနစ်ကဖော်ပြခဲ့သည် ။"
ဆိုင်ရှင်အနေနဲ့ဂျုံအစားအစာချက်ပြုတ်တာကျွမ်းကျင်တယ်ဆိုတဲ့ဆုတံဆိပ်အဆင့်ထိ အဆင့်မြှင့်ပေးဖို့လိုအပ်ပါတယ်"
"ဘယ်လိုမျိုးလဲ"ယွမ်ကျိုးမှာအရင်ကတည်းကဆုတံဆိပ်ကိုရရှိသည်မှာကြာပြီဖြစ်ပြီးအကြိမ်ေပါင်းများစွာလည်းအသုံးပြုခဲ့ဖူးပါသည်။
ယခုမတိုင်ခင်အဆင့်မြှင့်တင်ရန်သတိပေးချက်မျိုးတခါမှမကြုံရဖူးချေ။
သတ်မှတ်ထားတဲ့ဆိုင်ဖွင့်ချိန်အတွင်းမှာအခွန်လွတ်သည်ဟူသောစည်းမျဉ်းကိုမေ့စရာအကြောင်းမရှိပေ။ဒီဆိုင်ဖွင့်ချိန်ကန့်သတ်ထားတာတွေကတော်တော်လေးသိပ္ပံနည်းကျသည်။
စနစ် ကဖော်ပြလိုက်သည်"အဆင့်မြှင့်တင််ဖို့ထုတ်ပြန်လိုက်ပါပြီ၊သင့်ရဲ့ညာဘက်ကဗီရိုထဲမှာစစ်ဆေးလိုက်ပါ"
"စာရွက်လား"?ဗီရိုကိုသိလိုစိတ်နှင့်လက်နဲ့ထိကြည့်လိုက်ပြီးမှဗီရိုကိုဆွဲဖွင့်လိုက်သည်။
အဲဒါကအတိအကျဘာမှန်းသေချာမသိသေးပေ။
သူ့လက်ကိုဆန့်ပြီးဗီရိုထဲကို စမ်းတဝါးဝါး ရှာနေလိုက်သည်။
အဲဒါက တစ် စင်တီမီတာလောက်ထူပြီး အရွယ် အသင့်အတင့်ရှိသော စာအုပ်တစ်အုပ် ဖြစ်သည်။
စနစ်ကဖော်ပြသည်"ဆိုင်ရှင် ဒီစာအုပ်ကို နှစ်၀က်အတွင်း ပြီးအောင်ဖတ်ရင်လိုအပ်တဲ့ အဆင့်မြှင့်တင်ခြင်းကို လုပ်ဆောငိနိုင်လိမ့်မယ်"
"ဒါကသိပ်မထူဘူး ငါဒါကို၁ရက်နဲ့တောင်ဖတ်နိုင်တယ်။ အလုပ်ရှုပ်နေရင်တောင်မှ ၃ရက်နဲ့ဖတ်ပြီးနိုင်တယ်"ယွမ်ကျိုးကယုံကြည်မှု့အပြည့်ဖြင့်ပြောသည်။
စနစ်ကဖော်ပြသည်"ဒါက စာအုပ်အားလုံးရဲ့မာတိကာအညွှန်းဇယားလောက်ပါပဲ"
"ယွမ်ကျိုးမှာဒေါကန်သွားသည်။
စာအုပ်ဘယ်နှအုပ် ရှိနေလို့မာတိကာဇယားက ဒီလောက်ထူနေရတာလဲ"
ယွမ်ကျိုးကစာအုပ်ဖွင့်ပြီးကြည့်လိုက်တော့ထင်ထားတဲ့အတိုင်းပဲ
မာတိကာဇယားပဲဖြစ်သည်။အားလုံးကဂျုံအစားအစာချက်ပြုတ်နည်းစာအုပ်တွေပဲဖြစ်သည်။
ဘာတွေလဲ!
"စနစ်၊ ဒါကကမ္ဘာပေါ်က ဂျုံအစားအစာချက်ပြုတ်နည်းစာအုပ်တွေရဲ့မာတိကာဇယားမို့လို့ ထူနေတာလား?ယွမ်ကျိုးကအထူးသဖြင့်"မာတိကာ"ဟူသောစကားလုံးကိုဖိပြီးပြောလိုက်သည်။
စနစ်ကပြောလိုက်သည်"ဒီမာတိကာဇယားမှာတရုတ်နိုင်ငံရဲ့ဂျုံအစားအစာချက်ပြုတ်နည်းစာအုပ်တွေပဲပါတာပါ"
"လှပတဲ့ထောက်ချောက်ပါလား။ဒါပေမဲ့ငါအမိခံလိုက်ပါ့မယ်"ယွမ်ကျိုးကအသက်ပြင်းပြင်းရှူကာသဘောတူလိုက်သည်။
ယွမ်ကျိုးက ကောမင်ကိုသဘာဝကျကျမောင်းထုတ်ပြီးနောက်မှာ စနစ်ရဲ့အကွက်ဆင်ခြင်းကိုခံလိုက်ရသည်။
တခြားဘက်မှာတော့ရှင်းခွေလို့ခေါ်ပြီးယွမ်ကျိုးစားသောက်ဆိုင်ကိုခဏခဏလာတဲ့သူတယောက်က သူ့နာမည်နဲ့ပတ်သက်ပြီးနေ့တိုင်းမကျေမနပ်ဖြစ်နေသည်။နေ့စ၌ဆိုတာက သူကတနေ့လုံးအကြိမ်တော်တော်များများမကျေမနပ်ဖြစ်နေတာမျိူးဖြစ်သည်။
ရှင်းကွေက သူ့မိဘတွေက သူ့နာမည်ကို အမည်ပေးမှားခဲ့သည်ဟု အမြဲတမ်းခံစားနေရသည်။အကြောင်းရင်းကတော့ သူ ကအလုပ်ကြိုးစားပြီး လူ့အဖွဲ့အစည်းကိုထူးထူးချွန်ချွန်အကျိုးပြုနေတဲ့ခက်ခဲတဲ့နေထိုင်မှု့ပုံစံရှိသောကြောင့်သူကပိုပြီး
လူသိများတဲ့နာမည်ဖြစ်တဲ့ရှင်းကု(အလုပ်ကြိုးစားခြင်း)ဆိုတဲ့နာမည်နဲထိုက်တန်သည်။
ဒီနာမည်မှာ တော်လှန်ရေးသမားတယောက်ရဲ့အရှိန်အဝါရှိသည်။ တကယ်ကိုနာမည်ကောင်းတစ်ခုဖြစ်ပြီး လူတွေက သူ့ရဲစိတ်ပြင်းပြမှုကို နာမည်ကနေသိနိုင်သည်။
အဆက်မပြတ်မြည်နေတဲ့ဖုန်းသံက သူ့မကျေမနပ်ဖြစ်လို့မပြီးသေးခင်မှာပဲနှောက်ယှက်လိုက်သည်။
ရှင်းကွေက မျက်မှန်ချွတ်လိုက်ကာ မျက်ခုံးတွေကိုနှိပ်ပြီး သူ့ရဲ့ရှုပ်ပွနေတဲ့ဓါတ်ခွဲခန်းထဲသို့ မဝင်ခင် ခပ်အေးအေးပြုမူလိုက်သည်။ ပြီးမှသာသူကဖုန်းဖြေလိုက်သည်။
"ရှင်းခွေ မင်းအလုပ်များနေလား"
ဖုန်းကိုင်လိုက်သည်နှင့် တစ်ဖက်ကမေးလာသည်။
"ယွမ်ဟို မင်းကကျောက်ခေတ်ကလူလားတိုက်ဆိုင်တာပဲ ငါလည်းသမိုင်းတ လျောက်အကြီးကျယ်ဆုံးသော တီထွင်မှု့ကြီးကိုအခုပဲတီထွင်ပြီးသွားပြီကွ။ လုံး၀ရှော့ရစရာကြီးဖြစ်နေမှာ"ရှင်းကွေက အရင်လိုပျင်းရိနေဟန်မရှိတော့ဘဲ ပျော်ရွှင်မှု့အပြည့်ဖြင့် ပြောလိုက်သည်။
"အသုံးမ၀င်တာတွေမပြောစမ်းနဲ့ ငါနေရာကောင်း တစ်ခုတွေ့ထားတယ်ညနေသွားကြမလား"
ရှင်းကွေရဲ့စိတ်လှုပ်ရှားနေသော အသံကြောင့် တခြားဘက်ကအသံကရပ်တန့်သွားသည်။
"အချိန်နဲ့နေရာကရော"ရှင်းကွေ့က
သူပြောနေသော အကြောင်းအရာကို ရပ်တန့်လိုက်ပြီး လူချင်းတွေ့မှ သူ့ရဲ့နောက်ဆုံးတီထွင်မှု့အကြောင်းအသေးစိတ်ရှင်းပြရန်ရည်ရွယ်ထားသည်။
သူကတီထွင်မှု့အသစ်ရဲ့တန်ဖိုးဖြတ်မရတဲ့အရည်အသွေးတွေကိုယွမ်ဟို သိရှိအောင် လုပ်ပေးမည်ဖြစ်သည်။
"ည၉ခွဲ ထောင်ရှီးလမ်းဆုံမှာ"
ယွမ်ဟိုက စိတ်အားထက်သန်စွာ ပြောလိုက်သည်။
“ထောင်ရှီးလမ်းလား။ ၀ိုး မင်းတောင်အံ့ဩစရာကောင်းအောင် ပြောင်းလဲလာပြီ။ ဒီနေရာကို သိတယ်ပေါ့လေ”
ရှင်းကွေ့ကမျက်လုံးလှည့်ပြီးအဲဒီဧရိယာ တဝိုက်မှာ အဆင့်အတန်းမြင့်စားသောက်ဆိုင်တခုခု ကိုမမှတ်မိချေ။
ထို့ကြောင့်သူကဟာသနှောပြီးပြောလိုက်သည်။
"ဘာပြောင်းလဲတဲ့အကြောင်း မင်းကပြောနေတာလဲ?မင်းကတကယ်ကြီး စားကောင်းသောက်ဖွယ်တွေ ဝယ်စားတော့မှာလား"
"လာခဲ့စမ်းပါ။ အဲဒီစားသောက်ဆိုင်ကဟင်းပွဲတွေကကမ္ဘာပေါ်မှာအကောင်းဆုံးပဲကွ"ယွမ်ဟိုကအသံတိုးတိုးဖြင့်လေးနက်စွာပြောလိုက်သည်။
"ငါအဲဒါကိုမင်းထက်ပိုသိပါတယ်၊ငါကပုံမှန်ဖောက်သည်မလို့ခဏခဏရောက်ဖူးတယ်ကွ "
ရှင်းကွေက ယွမ်ဟိုရဲ့အရည်အချင်းကိုမယုံကြည်သော်လည်းသူ့အရည်အချင်းသူ ယုံကြည်လေသည်။
"မင်းလိုမျိုး သုသေသနလုပ်ရင်း အချိန်မေ့နေတတ်တဲ့သူတောင်စားကောင်းသောက်ဖွယ်တွေစားဖို့သိနေပြီလား"ယွမ်ဟိုကအတော်လေးစိတ်၀င်တစားဖြင့်ပြောလိုက်သည်။
"အိုကေ၊ ညကျတွေ့ရင် မင်းကိုငါ့ရဲ့တီထွင်မှု့အသစ်အကြောင်းပြောပြမယ်"ရှင်းကွေက ဖုန်းကို တုံဆိုင်းမှု့မရှိဘဲ ချလိုက်သည်။
မဟုတ်ရင်သူရဲ့တီထွင်မှု့အကြောင်းကိုအိတ်သွန်ဖာမှောက်ပြောပြမိတော့မည်။
မည်သို့ပင်ဖြစ်ပါဆိုစေကာမူ
ယွမ်ဟိုက ပခုံးဆတ်ခနဲတွန့်ကာကူကယ်ရာမဲ့နေမိသည်။
ရှင်းေကွနှင့်မိတ်ဆွေဖြစ်
ရသည်မှာ အကျိုးကျေးဇူးများစွာရှိသော်လည်း တစ်ခုကတော့ချွင်းချက်ဖြစ်သည်။ အဲဒီ ရှင်းကွေက သုသေသနနှင့်တီထွင်မှု့တွေကို သူဘ၀ရဲ့လက်တွဲဖော်အဖြစ်သတ်မှတ်ထားသည်။
သေနိုင်လောက်တယ်!
ဖုန်းချပြီးသည်နှင့် ရှင်းကွေကဖုန်းကိုအဝေးမှာ ထားလိုက်သည်။ ၇နာရီထိုးပဲရှိသေး၍ နောက်နှစ်နာရီလောက်ကျန်သေးသည်။ နောက်စမ်းသပ်မှု တစ်ခုလုပ်ဖို့လုံလောက်တဲ့အချိန်ရှိလေသည်။
သူက အပေါင်းအနုတ် တန်ပြန်သီအိုရီအရသူ့ရဲ့တီထွင်မှု့အသစ်မှာချွတ်ယွင်းချက်များကိုသက်သေပြနိုင်လိမ့်မည်။
"နောက်ကျတော့မယ် နောက်ကျတော့မယ်"
တိတ်ဆိတ်ပြီး ရှုပ်ပွနေတဲ့ဓါတ်ခွဲခန်းတွင်ရှင်းကွေမှာ ခေါင်းမော့ပြီးလှည့်ပတ်ကြည့်လိုက်သည်။
၉နာရီထိုးတော့မှာဖြစ်သည်။
ရှင်းကွေက အင်္ကျီကော်လံနှင့်ဘောင်းဘီကို သပ်ရပ်အောင် လုပ်လိုက်သည်။
ထို့နောက် ထွက်ခွာရန် ကြံရွယ်သည်။
သူသာ နောက်ကျနေလျှင်
ယွမ်ဟိုက ဒေါသထွက်နေတဲ့ကင်းကောင်ကြီးလို ပြုမူတော့မှာဖြစ်သည်။
ရှင်းခွေကနေရာသိသောကြောင့်ကားမောင်းသွားရန်မလိုအပ်ပေ။သူကပျင်းရိနေသောကြောင့်မဟုတ်ဘဲကားပါကင်ထိုး၍အဆင်မပြေလို့ဖြစ်သည်။ထို့ကြောင့်သူကတက္ကဆီငှားဖို့ပြင်လိုက်သည်။
ဆုံးဖြတ်ပြီးသွားတဲ့နောက်မှာတော့ရှင်းခွေကတံခါးကိုမြန်မြန်ဖွင့်လိုက်သည်။
သူထောင်ရှီလမ်းကိုရောက်သွားတဲ့အခါမှာ ရိုးရိုးအနက်ရောင်အကျီ၀တ်ထားတဲ့ယွမ်ဟိုကိုမြင်လိုက်ရသည်။
"ငါဒီမှာ ယွမ်ဟို"ရှင်းကွေက ကားပေါ်ကဆင်းလိုက်ပြီး နှုတ်ဆက်ဖို့လက်တွေဝှေ့ရမ်းလိုက်သည်။
ဝိုး ကြည့်ကောင်းနေတယ်"ယွမ်ဟိုကရှေ့ကိုအနည်းငယ်တိုးလာပြီး ခပ်ဖွဖွထိုးကာနှုတ်ဆက်လိုက်သည်။
"ဒါပေါ့ကွ ငါ့အသစ်တခုတီထွင်ထားတာရှိတယ် ခဏနေရင် မင်းကိုအသေးစိတ် ရှင်းပြပေးမယ် သွားရအောင် မိုးရွာတော့မယ်ထင်တယ်"
ရှင်းကွေက သူ့တီထွင်မှု့အသစ်အကြောင်းကိုပြောပြဖို့မစောင့်နိုင်တော့ချေ။
"ဘယ်လိုတောင်တိုက်ဆိုင်တာလဲ ငါတို့ကမိုးရွာတဲ့နေ့မှပဲ သူဌေးယွမ်ကျွေးတဲ့BBQစားခွင့်ရတာကွ၊ကံကောင်းတာပဲကွ"ယွမ်ဟိုကအပြုံးဖြင့်ပြောလိုက်သည်။
တီထွင်မှု့အကြောင်းကတော့ ယွမ်ဟိုမှာသူ့သူငယ်ချင်းရဲ့စဉ်းစားတွေးခေါ်ပုံကိုလုံး၀နားမလည်ပါဘူး။သူကအမြဲတမ်း မိုးကာ မဟုတ်ရင် သွားကြားထိုးတံလိုမျိုး ပြန်သုံးပစ္စည်းတွေပဲတီထွင်နေတာမျိုး ဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ် အသုံးပြုတဲ့သီအိုရီတွေကတော့ တော်တော်အဆင့်အတန်းမြင့်ပြီး ထင်ရှား ပုံပေါက်သည်။ သူကတော့ နားမလည်နိုင်ပေမဲ့ပေါ့။
သူဌေးယွမ်ရဲ့BBQနေ့တွေမှာ၊သူတို့ကလမ်းဆုံကနေ အတော်လေးကွဲပြားခြားနားပြီးသက်၀င်လှုပ်ရှားတဲ့နေရာကိုမ၀င်သေးခင်မီတာအနည်းငယ်လောက်လမ်းလျှောက်ရသည်။
ဒါကတော်တော်လေးတိတ်ဆိတ်သည့်ပတ်၀န်းကျင်နှင့်သိသိသာသာကွဲပြားနေသည်။
ယွမ်ကျိုးစားသောက်ဆိုင်အပြင်ဘက်တွင်လူတန်းရှည်ကြီးရှိနေသည်။ လူပေါင်း၃၀လောက်ရှိမည်ထင်ရသည်။
အပိုင်း(၃၃၁)
ပြီးပါပြီ။
ယွမ်ကျိုး အပိုင်း(၃၃၂)
"ဒါက တစ်ခုခုစားတာပဲမဟုတ်လား။ဘာလို့မင်းတယောက်တည်းမစောင့်နိုင်ရတာလဲ?ငါကဒီမှာစောင့်ပြီးဘာလုပ်ရမှာလဲ?"ရှင်းကွေကပျင်းနေပြီဖြစ်သည်။
"မင်းဘာသိလို့လဲ?ငါ့တို့ဒီမှာအတူတူစောင့်မှBBQနှစ်ယောက်စာ၀ယ်လို့ရမှာကွ"ယွမ်ဟိုကပြောသည်။
"ဒီဆိုင်သူဌေးကနန်းတွင်းစားဖိုမှူးရဲ့မျိုးဆက်တွေထဲက တစ်ယောက်လိုမျိုးလုပ်နိုင်တယ်၊လူတန်းရှည်ကြီးကိုကြည့်ဦး" လိုင်းနောက်ဆုံးမှာရပ်ရင်းဖြင့် ၊ရှင်းကွေကမှတ်ချက်ပေးလိုက်သည်။
"ဒီတစ်ခုနဲ့နှိုင်းယှဥ်စရာမလိုပါဘူး။သူဌေးယွမ်ကကိုယ့်ဘာသာကိုယ့်လေ့လာရင်းနဲ့အရည်အချင်းရှိလာတာပါ၊သူကအစားသမားတွေရဲ့ကယ်တင်ရှင်ပဲ၊ငါအရင်ကထက် ၅ကီလိုတက်လာတယ်"
ယွမ်ဟိုကကြည့်ပြီးပြောလိုက်သည်
"သက်ပြင်းချရုံပါပဲ"ရှင်းကွေကတဲ့တိုးဖြေလိုက်သည်။
"ငါဒီကိုခဏခဏရောက်ဖူးတယ်၊သူဌေးယွမ်ရဲ့ဟင်းချက်လက်ရာက သူ့ရန်သူတွေတောင်သူ့လက်ကိုရိုက်ဖို့တွန့်ဆုတ်နေကြမှာပဲ"ယွမ်ဟိုအားကျနေသည့်ပုံကတော်တော်လေးရယ်စရာကောင်းသည်။
"ဟေး သွားရည်ကျမနေနဲ့ ငါလည်းစားဖူးပါတယ်မင်းလိုမျိုးတော့ဖြစ်မနေပါဘူးကွာ"ရှင်းကွေကအထင်သေးဟန်ပြလိုက်သည်။
စကားပြောနေတဲ့အချိန်တွင်းမှာပဲ သူတို့နောက်မှာလူ၁၀ယောက်ခန့်တန်းစီနေပြီဖြစ်သည်။ရှင်းကွေမှာအံဩသွားကာဘာပြောရမှန်းမသိတော့ပါ။
"အခုငါတို့တန်းစီနေတုန်း ဒီအချိန်လေးမှာ တခုလောက်ပြောချင်တယ်၊ငါအသစ်နှစ်ခုတီထွင်ထားတယ်ဘယ်လောက်တောင်တော်လိုက်တဲ့ငါလဲ!"
သူက တစ်ခုခုမ မပြောရသေးခင်မှာ
သူ့ကိုယ်သူပိုပြီးကျေနပ်လာသည်။
"သဘာ၀ပတ်၀န်းကျင်နဲ့သက်ဆိုင်တဲ့ပစ္စည်းတခုကိုတီထွင်ထားတာ,ဂျုံကိုအခြေခံသုံးပြီးတော့အပူချိန်နဲ့ဖိအားမြင့်မြင့်အောက်မှာ ဂျုံကဓါတ်ပြုပြီးမော်လီကျူးသဏ္ဍာန်ပျစ်ခဲခြင်းပုံစံဖြစ်သွားမှာ အနာဂတ်မှာညစာပစ္စည်းတွေတောင်ပုံစံပြောင်းလို့ရမှာကွ"
ရှင်းကွေက ပြောသည်။
"မင်းဘယ်လိုထင်လဲ ငါအရမ်းတော်လား"
"အရသာရှိမှာလား" ယွမ်ဟိုက ဒါပဲဂရုစိုက်သည်။
"အရသာရှိမရှိက ပြဿနာမဟုတ်ဘူးလေ၊အဓိကက ဒါကသဘာ၀ပစ္စည်းကွမင်းသိရဲ့လား"ရှင်းကွေကပြောသည်။
"မင်းကြည့်ရတာအရေးကြီးတာကိုသိပ်နားမလည်သေးတဲ့ပုံပဲ၊ငါ့ရဲ့နောက်ထပ်တီထွင်မှု့ကိုပြောပြမယ်"
"ရပ်လိုက် ငါတို့စားပြီးမှပြောပါ၊အရင်ဆုံးမင်းဘာစားချင်လဲစဉ်းစားထား"
ယွမ်ဟိုကမျက်လုံးလှိမ့်ပြီးပြောသည်။
သူတို့ပြောနေရင်းနှင့် သူတို့အလှည့်ရောက်လာသည်။ ယွမ်ဟိုကခြေလှမ်းမြန်မြန်ဖြင့်အထဲ၀င်သွားသည်။
ရှင်းကွေမှာ ပြောချင်တာကို မြိုသိပ်လိုက်ပြီး နောက်ကလိုက်သွားသည်။
စားသောက်ဆိုင်ထဲရောက်သောအခါ၊ခုံဝိုင်းရှည်မှာနေရာယူလိုက်ပြီးညွှန်းစရာမလိုဘဲဟင်းပွဲမှာရန် ပြင်လိုက်သည်။
"ဒီမှာအသားကင်တွေပါ၊လူကြီးမင်းတို့ကြိုက်တာမှာကြပါ"ယွမ်ကျိုးကစီထားတဲ့အသားကင်တွေကို ခေါင်းလှည့်ပြီးညွှန်ပြသည်။
သူပြောပြီးချင်းမှာပဲ သူ့လက်ထဲကအသားတွေကိုကင်ဖို့ပြင်လိုက်သည်။
BBQအချိန်ဖြစ်သောကြောင့်၊သူ့ကမိန်းကလေးတွေကို အလုပ်မလာခိုင်းပေ။ မိန်းကလေးတစ်ယောက်ပြန်တာနောက်ကျတာက မကောင်း၍ဖြစ်သည်။
ထို့ကြောင့်ယွမ်ကျိုးကသူ့ကိုယ်တိုင်သာစားပွဲထိုးအဖြစ်လုပ်နေသည်။ကံကောင်းစွာဖြင့်၊သူ့ဖောက်သည့်တွေက သူတို့ဘာသာလုပ်နိုင်ကြသည်။
ယွမ်ဟို ၊ ဒီနေရာက ဟင်းပွဲတွေကအရသာရှိတာကိုသာသိပြီး သူကအဓိကဟင်းပွဲတွေစားခဲ့ဖူးပြီ ဖြစ်သည်။
ဘယ်လိုပဲဖြစ်ဖြစ်၊ ဒါက သူ့အတွက်ပထမဆုံးသောBBQအချိန်ဖြစ်သည်။
ထို့ကြောင့် စည်းကမ်းများကို သူ ပထမဆုံး ကြုံရခြင်း ဖြစ်သည်။
စည်းကမ်းတွေကတကယ်ကြီးဘက် မလိုက်ပေ။ သူတို့ကိုအလှည့်ကျနေရာချပြီးမှ BBQ မှာယူရန် စောင့်ဆိုင်းရသည်။
"သူဌေးရေ ခင်ဗျားမီးဖိုချောင်ကခင်ဗျားအရမ်းတော်တာသိရဲ့လား"
တကယ်လို့မီးဖိုချောင်ကသာစကားပြောနိုင်ရင်ဒီလိုပဲဖြေလိမ့်မည်။
မီးဖိုချောင်,"ငါသိတယ် ငါသိတယ် ဘာပြဿနာမှမရှိဘူး"ဟု ပြန်ဖြေလိမ့်မည်။
" ဂျီးမများနဲ့အားလုံးကအတူတူပဲ၊အရသာက သံသယမရှိနိုင်အောင်ကိုကောင်းတာ၊မင်းပြီးရင်မြည်းကြည့်လိုက်"ရှင်းကွေကအော်လိုက်သည်။
"သူဌေးယွမ် ကျတော်တို့အတွက်နှစ်ပွဲ"
ယွမ်ကျိုးရဲ့အသံကမျက်နှာအကာကိုဖြတ်ကျော်ပြီး ထွက်ပေါ်လာသည်။
"အလှည့်ကျနေရာချတာကဘာလဲ?"ယွမ်ဟိုကသိလိုစွာမေးသည်။
ရှင်းကွေမဖြေရသေးခင်မှာ ဝူဟိုင်ကချဉ်းကပ်လာသည်။
"အစ်ကို မင်းက ဒီဆိုင်ကို ပထမဆုံးအကြိမ်ရောက်ဖူးတာ ဟုတ်တယ်မလား။ တကယ်တော့ ခင်ဗျားမစားနိုင်တဲ့အချို့အသားကင်တွေကိုကျနော်ကူပြီးစားပေးလို့ရတယ်နော်"ဝူဟိုင်ကသူ့ပန်းကန်ထဲက အသားကင်တွေကိုစားပြီးတော့ ယွမ်ဟိုရဲ့အမေးကိုကြားပြီးအရှက်မရှိချဉ်းကပ်လာသည်။
သူကယွမ်ကျိုးရဲ့ငြင်းဆန်ခံရပြီးနောက်မှာ၊ဝူဟိုင်ကစမတ်ကျကျနှင့်သန်းပေါင်းများစွာသော ပရိယာယ်တွေကို လေ့လာသင်ယူနိုင်ခဲ့သည်။
သူက ဖောက်သည်အသစ်ကိုပစ်မှတ်ထားပြီး သူတို့ပန်းကန်ထဲကနည်းနည်းလောက်စားနိုင်ဖို့ကြံစည်နေတာဖြစ်သည်။
ဝူဟိုင်းပ စားသောက်ဆိုင်ကို သူ့ကိုယ်ပိုင်ကန်တင်းလိုနေ့တိုင်းလာစားတတ်သည်။
"သူ့ကိုထားစမ်းပါ၊၀ူဟိုင်ငါတို့ကိုလှည့်ဖို့မတွေးနဲ့"ရှင်းကွေက ချက်ချင်းပြောလိုက်သည်။
"မဟုတ်ပါဘူး ကျွန်တော်က မလှည့်စားပါဘူး ကူညီပေးမလို့ပါ။ အစ်ကို ကျနော်ချက်ချင်းကူညီနိုင်တယ်နော် ကျေးဇူးတင်စရာမလိုဘူး"ဝူဟိုင်ကသူ့မှန်တယ်လို့သူ့ကိုယ်တိုင်တောင်ယုံကြည်မိသွားသည်။
"ငါတို့အတူတူစားမယ်လေ"အသားကင်တွေကိုကြည့်ပြီး ယွမ်ဟိုကဖြေလိုက်သည်။
"မင်းကိုသတိမပေးဘူးဆိုပြီးအပြစ်မတင်နဲ့နော် ခွဲစားကြရအောင် ငါ့ဟာကိုမင်းကိုမကျွေးဘူး"ရှင်းကွေကဦးစွာပြောလိုက်သည်။
"ဒီအကြောင်းကိုကျော်လိုက်တော့ စောနတုန်းက မင်းပြောနေတဲ့ ဒုတိယမြောက်တီထွင်မှု့ကဘာလဲ"ယွမ်ဟိုကသူ့စိတ်၀င်စားသည့် ကိစွကိုရုတ်တရက်မေးလိုက်သည်။
"ပြောပြမယ်လေ ငါတီထွင်လိုက်တဲ့ဒုတိယတခုက လူ့သက်တမ်းတလျှောက်လုံးသုံးလို့ရမှာကွ"အနည်းဆုံးအနှစ်၃၀လောက်လူတွေကိုအကျိုးပြုမှာ၊photoelectronသီအိုရီနဲ့X rayသီအိုရီအရ တကယ့်ကို အဆင့်မြင့်ထုတ်ကုန်ပဲကွ"ရှင်းကွေကစိတ်လှုပ်ရှားစွာပြောသည်။
ပရော်ဖက်ရှင်နယ် ပန်းချီဆရာတယောက်အနေနဲ့ ဝူဟိုင်က ဒီလူဘာပြောနေတယ်ဆိုတာကိုနားမလည်နိုင်ပေ။အရသာရှိတဲ့ ဟင်းပွဲကျေးဇူးကြောင့်
ဝူဟိုင်က နားထောင်ဖို့သာရွေးလိုက်သည်။
သူ့အတွေးတွေကို တစ်ခွန်းတည်းဖြင့်အကျဉ်းချုပ်ရင် "ဘယ်လောက်ပဲထူးဆန်းပါစေ ငါမင်းပြောတာနားထောင်မယ်"
"အရင်က တစ်ခါသုံးတူတွေက သုံးပြီးလွှတ်ပစ်ရလို့သဘာ၀အရင်းအမြစ်ကိုတော်တော်ဖြုန်းတီးရာကျတယ်၊ဒီပြဿနာကိုဖြေရှင်းဖို့ ငါတနှစ်လောက်သုတေသနလုပ်ခဲ့တယ်၊စမ်းသပ်ချက်တွေနဲ့လေ့လာသုံးသပ်ချက်အမျိုးမျိုးတွေအရ နောက်ဆုံးတော့ဒုတိယအကြိမ်ထပ်သုံးလို့ရတဲ့တူကိုတီထွင်နိုင်ခဲ့ပြီကွ၊ လက်ရှိတစ်နိုင်ငံလုံးမှာ ဒါကအဆင့်၁နည်းပညာပဲ"ရှင်းကွေက စိတ်လှုပ်ရှားမှု့များဖြင့် ရှင်းပြလိုက်သည်။
"ပဖ် "ဝူဟိုင်ကသီးသွားသည်၊။"ဒုတိယအကြိမ်ထပ်သုံးလို့ရတဲ့တူ?
သူကဆာလွန်းအားကြီးလို့မဟုတ်တာတွေကြားနေတာပဲဖြစ်မယ်။ သူဘယ်လိုတောင် နောက်တကြိမ်သုံးတဲ့တူလိုကြောင်တောင်တောင်အရာတွေကြားမိမှာလဲ?ဒါတွေအားလုံးကယွမ်ကျိုးရဲ့အမှားပဲ။
BBQကိုစိတ်ပါလက်ပါကင်နေရင်းနှင့် ယွမ်ကျိုးက သူ့နား တွေပူလာသလိုခံစားရသည်။ သူကသက်ပြင်းချလိုက်သည်။ ကြည့်ကောင်းခြင်းရဲ့အပြစ်တခုပင်။
ဘာကြောင့်လဲဆိုရင် တချို့မိန်းကလေးတွေကသူ့အကြောင်းပြောနေကြတာပဲဖြစ်မည်။ တကယ်က သူကရုပ်ချောရုံတင်မဟုတ်ပဲ အရသာရှိ အောင်ချက်ပြုတ်နိုင် သေးသည်။
ထို့အပြင် ၀င်ငွေလဲကောင်းသည်
အရေးကြီးဆုံးကတော့ သူကစိတ်ထားကောင်းသည်။
စိတ်သဘောထားကောင်းသည်။ဘာမှမမှားသလိုပဲ။
"အမျိုးစုံစမ်းသပ်မှု့တွေနဲ့ထပ်တလဲလဲမအောင်မြင်မှု့တွေနောက်မှာတော့ ဒုတိယအကြိမ်ထပ်သုံးလို့ရတဲ့တူကိုလုပ်နိုင်ခဲ့တယ်လေ။ နောက်ဆုံးတော့ sulfurမီးခို့း ငွေ့၊ hydrogen peroxide စိမ့်၀င်ခြင်း ဖြေရှင်းနည်းနဲ့ sodium sulfate၊ ပေါင်ဒါမှုန့်နဲ့အရောင်တင်တာစတဲ့လူတွေကိုထိခိုက်စေတဲ့ဖြစ်စဉ်တွေကိုရှောင်ရှားနိုင်ခဲ့တယ်လေ၊တခါသုံးတူတွေပြန်သုံးလို့မရတဲ့အကြောင်းက သူ့ဆောင်ရွက်ပုံကတခါပဲသုံးလို့ရအောင်လုပ်ထားလို့လေ၊နောက်တခါထပ်သုံးချင်ရင် လူတွေကိုအကြီးအကျယ်ထိခိုက်စေမှာပဲ၊ ငါ ကအထူးပြုပြင်ပြီးတူရဲ့သက်တမ်းကိုကြာရှည်ခံအောင်လုပ်လိုက်တာ၊နောက်တခါသုံးရင်တောင် ဘာပြဿနာမှမရှိတော့ဘူး"
ရှင်း ကွေက ပျော်ရွှင်စွာရှင်းပြလိုက်သည်။
ယွမ်ဟိုကသူ့နဖူးကိုထုမိသွားသည်။ဒီလိုဖြစ်မယ်ဆိုတာထင်ပါတယ်။
"ဒါဆို ဘာလို့ တူတွေကိုတီထွင်ခဲ့တာလဲ?ခင်ဗျားသီအိုရီအရ ဒီလိုတူမျိုးသုံးမယ်ဆိုရင်လေ"ဝူဟိုင်ကတော်တော်လေးရှော့ရသွားသည်။သူ့လက်ထဲကတူကိုမြှောက်ပြကာပြောလိုက်သည်။BBQကြောင့်သာမဟုတ်ရင် အရူးလို့ဆဲမိတော့မှာဖြစ်သည်။
ဒီလူကတကယ်အရူးပဲ။
တီထွင်ရတာကိုသဘောကျတာက ရော အမှိုက်တီထွင်တာ ရောပြဿနာမဟုတ်ဘူး ဒါပေမဲ့နည်းပညာပိုင်းအခေါ်အဝေါ်တွေနဲ့အချိန်များစွာဖြုန်းပြီး ဒီလိုဟာမျိုးတီထွင်တာကများသွားပြီ။
ဒါကိုကြားတော့ ရှင်းကွေက ကြောင် တောင်တောင်ဖြစ်ပြီးဘာပြောရမှန်းမသိတော့ပေ။
"ဒီမှာခင်ဗျားတို့ရဲ့BBQ"ယွမ်ကျိုးကသူတို့ဆီပန်းကန်ယူလာပြီးချပေးလိုက်သည်။
သူ့ဖောက်သည်များကို သူ့ကိုယ်တိုင်ကိုယ်ကျ ဧည့်ခံခြင်းက ရှားရှားပါးပါး ဖြစ်သည်။
ယွမ်ကျိုးကသူဟာပြန်အသုံးပြုလို့ရတဲ့တူတွေတီထွင်နိုင်တဲ့စွမ်းရည်ကိုကြည့်ဖို့လာခဲ့တယ်လို့ဘတော့မှ၀န်ခံမှာမဟုတ်ပါ။
ဒီလူကထူးဆန်းတဲ့ဟာတွေကိုအချိန်တိုင်းတီထွင်နေသည်။အခြေခံအားဖြင့် ဒါတွေကကြီးကျယ်ပုံပေါ်ပေမဲ့အသုံးမ၀င်ပါ။
သူက တော်တော် ရယ်စရာ ကောင်းသည်။ မပျော်ရွှင်မှုသာရှိသည့်ဆိုလျှင် သူ့သာဖြစ်လိမ့်မည်။....
ပြီးပါပြီ။