← Chapters

အခန်း (၃၃၃-၃၃၄)

Vol. 24 Ch. 333-334

အခန်း (၃၃၃-၃၃၄)

Vol. 24 Ch. 333-334

ယွမ်ကျိုး အပိုင်း(၃၃၃)

နောက်တစ်နေ့၊ အနောက်တိုင်းစား သောက်ဆိုင်တွင်၊လီလီက လူအပြည့်ဖြစ်နေတဲ့လမ်းတဖက်က ယွမ်ကျိုးစားသောက်ဆိုင်နှင့် ဖောက်သည် နည်းနည်းပဲရှိသည့် သူ့စားသောက်ဆိုင်ကို ယှဉ်ကြည့်မိသည်။

သိသာသောကွာခြားမှု့ကသူ့ကိုမပျော်ရွှင်စေပေ။

"ငါတို့စားဖိုမှူးချုပ်ကဘာဖြစ်နေတယ်ထင်လဲ"စားပွဲထိုးတယောက်ကအသံတိုးတိုးနဲ့မေးလိုက်သည်။

"ငါလည်းမသိဘူးလေ၊အဲ့မှာ တစ်မနက်လုံးသူရပ်ပြီးငေးနေတာပဲ"ဘေးနားက စားပွဲထိုးကပြုံးရင်း ပြောလိုက်သည်။

"ငါ ပြုံးရတာ ညောင်းပေမဲ့ ပြုံးတာမရပ်ရဲသေးဘူး။ နင်တို့ရော"

တတိယစားပွဲထိုးက အပြုံးချိုလေးဖြင့်လှမ်းပြောလိုက်သည်။

"အင်းနော်၊ငါတို့စားဖိုမှူးချုပ်ကဘာဖြစ်တာလဲ?"စားပွဲထိုးများကအတော်စိတ်၀င်စားနေကြသည်။

"နင်တို့မသိဘူးလား သူကဆိုင်သေးလေးကိုကြည့်နေတာလေ"ဖြတ်သွားတဲ့စားပွဲထိုးကပြုံးပြီးပြောလိုက်သည်။

စားပွဲထိုးအများအပြားမှာအပြုံးတွေကိုထိန်းထားရပြီး သူတို့စကားပြောနေတာကိုတောင်တခြားသူတွေမတွေ့အောင်ပြောရလေသည်။ ဖောက်သည် တ‌စ်ယောက်ဖြတ်သွားသည့် အချိန်တိုင်း သူတို့က နှုတ်ဆက်ကြသည်။

သူတို့က‌ ပရော်ဖက်ရှင်နယ်စားပွဲထိုးများဖြစ်ကြသည်။

"ငါအဲ့ဆိုင်လေးအကြောင်းကြားဖူးတယ်၊ဟင်းပွဲတွေကအရသာအရမ်းရှိတယ်တဲ့၊ပြီးတော့ဈေးလည်းတော်တော်ကြီးတယ်"စားပွဲထိုးမလေးက ဆိုင်အပြင်ဘက်သို့ လှမ်းကြည့်ကာပြောလိုက်သည်။

"မှန်တယ်ထင်တယ်၊ငါတို့ဆိုင်စဖွင့်တဲ့ပထမဆုံးရက်မှာဖောက်သည်အများစုက အဲ့ဆိုင်‌ပဲသွားတာလေ"စားပွဲထိုးရှောင်ကျင်းကဝူကျိုး ကိုဧည့်ခံပေးရတဲ့ထိုနေ့ကအဖြစ်အပျက်ကိုသတိရနေပြီးအခုထိအံ့အားသင့်နေဆဲဖြစ်သည်။

"အေး၊ဒါပေမဲ့ အဲ့ဆိုင်ကမကောင်းလောက်ဘူး၊ပြောကြတာကစားပွဲထိုးတယောက်ပဲရှိတာတဲ့"သူတို့ဆိုင်နှင့် သိပ်မဝေးကြသောကြောင့် စားပွဲထိုး များကယွမ်ကျိုးစားသောက်ဆိုင်အကြောင်းကို အကြမ်းဖျဉ်း သိကြသည်။

နောက်ကျမှရောက်လာသည့်စားပွဲထိုးကဆိုင်ထဲသို့ အချိန်မှီ၀င်လာသည်။ သူက မထွက်လာခင်ဘာမှမစားရ သေးပေ။ ဘယ်လောက်ရီစရာကောင်းလဲ!သူတို့ကဈေ းကြီးတဲ့ဟင်းပွဲတွေစားဖို့ထက်အဲဆိုင်ကိုစပ်စုရုံပဲပေါ့လေ။သူ့မှာသာချစ်သူရှိခဲ့ရင်၊ တခါလောက်တော့ အသုံးအဖြုန်းကြီးမိမှာဖြစ်သည်။

အခုတော့ဘယ်လိုပဲဖြစ်ဖြစ်၊သူ့ဆိုင်ကကျွေးတဲ့နေ့လည်စာကတော့သိပ်မဆိုးပေ။

"ဒါပေမဲ့ငါ့တို့ဆိုင်စီးပွားရေးလဲကောင်းပါတယ်‌"စားပွဲထိုးတယောက်က ခန်းမထဲကပြည့်လုနီးပါး နေရာတွေကိုကြည့်ပြီး ဇဝေဇဝါပြောလိုက်သည်။

"ဘယ်လိုတောင်တွေးလိုက်တာလဲ?သူတို့ဒီရောက်နေတာကယွမ်ကျိုးစားသောက်ဆိုင်မှာနေရာ မရလို့လေ" တခြားစားပွဲထိုးက အသံတိုးတိုးဖြင့်ပြောလိုက်သည်။

"အဲလိုဆိုရင်တောင် သူတို့ကငါ့တို့ဆိုင်ရဲ့ဖောက်သည်ပဲလေ"စားပွဲထိုးကတဲ့တိုးပြောလိုက်သည်။

ဒါပေမဲ့ငါတို့ဆိုင် ကိုကြိုက်လို့ ရောက်လာတာမဟုတ်ဘူးလေ"စားပွဲထိုးတယောက်ကရှင်းပြလိုက်သည်။

"ငါတို့စားဖိုမှူးချုပ်လာနေပြီ"စားပွဲထိုးတယောက်ကသတိပေးလိုက်သည်။

ထို့နောက်သူတို့ကမတ်မတ်ရပ်ကာအသင့်နေရာယူလိုက်သည်။လီလီကလျှောက်လာသောအခါ၊သူတို့ကနှုတ်ဆက်လိုက်ကြသည်။"မဂ်လာပါ စားဖိုမှူးချုပ်"

"အင်း လီလီကခပ်တည်တည်ဖြင့်ခေါင်းညိတ်လိုက်သည်။

ထ် ထ် ထ်"လီလီကသူ့ရုံးခန်းကိုခြေလှမ်းနှေးနှေးဖြင့်လျှောက်သွားသည်။

လမ်းတလျှောက်မှာ၀န်ထမ်း တွေနှုတ်ဆက်တာကိုအများအားဖြင့်ခေါင်းပဲညိတ်ပြကာအရေးကြီးကိစွရှိသည့်ပုံစံပေါက်နေသည်။

သူ့ကရုံးခန်းထဲကိုမ၀င်ခင်နောက်ဆုံးဆုံးဖြတ်ချက်ချရသကဲ့သို့ပြုမူနေသည်။

သူက"ပမ်"ဟူသောအသံဖြင့်တံခါးကိုပိတ်ပြီးဖုန်းခေါ်ရန်ကြိုးစားလိုက်သည်။

စခရင်ပေါ်မှာ"နျူးလိ"ဆိုသောစာလုံးနှလုံးကပေါ်လာသည်။သိသာစွာ သူကဆံပင်တိုအမျိုးသမီးကိုဖုန်းခေါ်နေသည်။

မကြာခင်ဖုန်း၀င်ပြီးနောက် နျူးလိကနူးညံစွာဖြေခဲ့သည်။"မစ္စတာလီ မဂ်လာပါ"

"မဂ်လာပါ၊ကျနော်တခုလောက်မေးစရာရှိလို့ပါ"လီလိကစကားသွယ်ဝိုက်ပြောရတာမကြိုက်သောကြောင့် တဲ့တိုးမေးလိုက်သည်။

မေးပါ၊"နျူလိကဖုန်းကိုင်ရင်း လိလိမေးခွန်းကိုနားထောင်လိုက်သည်။

"ကျနော်တခါလောက်အရသာသွား မြည့်းချင်တယ်ဆွီဒင်အသားလုံးလေ"

သူ့လေသံမှာအရှုံးကို၀န်ခံရန်၀န်လေးနေပုံပင်။

"0K,မစွတာလီသွားကြတာပေါ့"နျူလိကသဘောတူပြီးတခြားစကားများ‌မပြောလာပေ။

နှုတ်ဆက်ပါတယ်"လိလိကဒါကိုကြားတော့ဖုန်းချလိုက်သည်။

သူ့ကိုယ့်ပိုင်ရုံးခန်းကိုကြည့်ရင်းနှင့် လီလီက စားဖိုမှုးဦးထုပ်ကိုဂရုတစိုက်ချွတ်ပြီးသိမ်းလိုက်သည်။ထို့နောက်စားဖိုမှူး၀တ်စုံကိုချွတ်ကာ အနောက်တိုင်း၀တ်စုံကိုပြောင်း၀တ်လိုက်သည်။သူ့အသွင်အပြင်ကမြင့်မားဖြောင့်တန်းပြီးခေါင်းစခြေဆုံးအရှိန်အဝါတွေထွက်နေသကဲ့သို့ဖြစ်နေသည်။

ဘာကြောင့်မှန်းမသိ၊လီလီက PatekPhilippeနာရီကိုအထူး၀တ်ဆင်ခဲ့သည်။ဒါကယွမ်သန်းပေါင်းများစွာတန်တဲ့နာရီဘရန်းဖြစ်သည်။ဒိုင်ခွက်မှာအပြာ၊မှန်အဖုံးက‌‌ ရွှေနှင့်လုပ်ပြီးနာရီကြိုးမှာနွားသားရေဖြစ်သည်။လက်ကောက်၀တ်တွင်၀တ်လိုက်သောအခါအလွန်သက်တောင့်သက်သာရှိသည်။

ယောကျာ်းတွေရဲ့နာရီက မိန်းမတွေရဲ့လက်၀တ်ရတနာတွေလိုပင်။ဒါကကိုယ့်ကိုယ့်ကိုဖော်ပြနိုင်သည့်တံဆိပ်တခုလိုဖြစ်သည်။

တန်ဖိုးကြီးနာရီ၀တ်ထားတဲ့လီလိက မာန်ပါသောခြေလှမ်းများဖြင့်တဖက်ဆိုင်ဆီလမ်း လျှောက်သွားသည်။

ဆိုင်နှဆိုင်ကသိပ်မဝေး၍ ၅မိနစ်တည်းဖြင့်ယွမ်ကျိုးစားသောက်ဆိုင်ဆီရောက်လာသည်။

သူကလူတန်းကိုကျော်ပြီး ဆိုင်ထဲ၀င်ရန်ပြင်သော်လည်း၊အပြင်ဘက်မှာဟန့်တားခံလိုက်ရသည်။

"ဆရာ၊ ခင်ဗျား တန်းစီပြီး စားမှာဆိုရင်တော့ဒီလမ်းပါ၊လျှောက်ကြည့်ရုံပဲဆို ဒီလမ်းမဟုတ်ပါဘူး"အရပ်ရှည်ပြီး ပိန်တဲ့လူတယောက်ကယဉ်ကျေးစွာလာပြောလေသည်။

"ခင်ဗျားတို့သူ ဌေးနဲ့တွေ့ချင်လို့ပါ"လီလိကမျက်မှောင်ကြုပ်ကာပြောလိုက်သည်

"တောင်းပန်ပါ့တယ်၊လူအများကြီးကသူဌေးယွမ်ကိုသိတယ်လို့လာပြောတယ်လေ၊ဒါပေမဲ့ဆရာ၊ ခင်ဗျားကြားဖြတ်လို့မရပါဘူး"ထိုအရပ်ရှည့်သည့်သူကနေ့တိုင်း လူတွေဆီက ဒီလိုစကားမျိုးကြားခဲ့ရပုံပေါ်သည်။

"ကျနော် အလှည့်ရောက်ဖို့ဘယ်လောက်စောင့်ရမလဲ"

လူတန်းရှည်ကြီးကိုကြည့်ပြီး လီလီကမေးလိုက်သည်။

"တစ်နာရီပေါ့ အတိအကျတော့မသိဘူး"ထိုလူကပခုံးဆတ်ခနဲတွန့်ကာ ထွက်ခွာသွားသည်။

ထိုအရပ်ရှည်သည့်လူက ‌အမှာတွေကိုစီမံဖို့လုပ်အားပေး နေတာအချိန်တော်တော်ကြာပြီဖြစ်သည်။ သူကသေသပ်ပြီးအမှားမရှိပေ။

သက်ပြင်းရှည်ကြီးချပြီးတော့ လီလီကစိတ်ရှုပ်ရှုပ်ဖြင့်တန်းစီဖို့ပြင်လိုက်သည်။

တခြားဖောက်သည်တွေကတော့ ဒါမျိုးကို ရိုးနေပြီဖြစ်သည်။ ယွမ်သန်းချီနာရီ၀တ်ထားပြီးအထင်ကြီးစရာဖြစ်နေရင်တောင်မှပေါ့။

တစ်နာရီကုန်လွန်ပြီးနောက်မှာတော့၊လီလီအလှည့်ကိုရောက်လာပြီ။

လီလီဆိုင်ထဲ၀င်၀င်ချင်း၊ မျက်မှောင်ကြုတ်သွားမိသည်။ နေရာကျဉ်းပြီး စားပွဲခုံလေးတွေနဲ့ထိုင်ခုံတွေက လီလီအမြင်မှာတော့လူ‌တွေကျပ်နေသလိုဖြစ်သည်။

လူတွေကပြည့်ကျပ်ညပ်နေတဲ့နေရာမှာစားချင်စိတ် ကောင်းကောင်းရှိပါ

တော့မလား။

သူ သင့်တော်တယ်ထင်တဲ့နေရာမှာ ထိုင်ပြီးတော့ တစ်ယောက်ယောက်ကအမှာလာယူရန် စောင့်နေခဲ့သည်။

"ဆရာ ဘာသုံးဆောင်ချင်လဲရှင့်"

ကျိုကျာက လီလီကို သိပ်မသိပေ။

"ဆွီဒင် အသားလုံး" လီလီကဖြေသည်။

"OKခဏစောင့်ပါနော်"ကျိုကျာကဈေးနှုန်းယူလာပြီး ယွမ်ကျိုးကိုပြောလိုက်သည်။

ဆိုင်ထဲ၀င်လာတုန်းက လီလိက ယွမ်ကျိုးကို နှုတ်ဆက်ဖို့ မတွေးထားပေ။

စားပြီးတာနဲ့ချက်ချင်းထွက်သွားမယ်ဟုသာ တွေးထားသည်။

ဆိုင်ဖွင့်ချိန်မှာ ယွမ်ကျိုးက ပုံမှန်အားဖြင့် ဖောက်သည်တွေကို သတိမထားမိပေ။ ထို့ကြောင့် လီလီက အသားလုံးဟင်းပွဲကိုမှာသူမှန်း မသိခဲ့‌ပါ။

အသားလုံးတွေရလာပြီးနောက်မှာလီလီက ဟင်းပွဲတစ်ပွဲလုံးကို လေ့လာပြီး စမြည်းကြည့်ဖို့ပြင်လိုက်သည်။

ကျွမ်းကျင်စားဖိုမှူးဖြစ်၍ ဟင်းပွဲကိုဂရုတစိုက်ဖြင့် အရသာခံတတ်တာကလိုအပ်လေသည်။

"ဘယ်ရီသီးအချဉ်‌နဲ့မတွဲပေးဘူးလား"ဟင်းပွဲပါ ပစွည်းနည်းနေသည်ကိုကြည့်ရင်း လီလီက ရေရွတ်လိုက်သည်။

တော်တော်ကြာလေ့လာပြီးတဲ့နောက်မှာ လီလိက"ကလက်"ဟူသောအသံနှင့် ဟင်းပွဲရဲ့ယန္တရားပစ္စည်းကိုတွေ့ရှိသွားသည်။

"ကြည့်ရတာအရသာရှိမဲ့ပုံ"လီလီကမှတ်ချက်ပေးလိုက်သည်။

"ဒါပဲလား။ နောက်ထပ်ပစွည်းတွေမရှိတော့ဘူးလား"

လီလီက အသားလုံးကို စားလိုက်တော့ အရသာမှာ ချက်ချင်း ပျော်၀င်သွားသည်။

တစ်ကိုက်ချင်းစီက သူ့လျှာတခုလုံးကိုလွှမ်းမိုးနေသည်။ ခရင်မ်ပျစ်ပျစ်နှင့်ငရုတ်ကောင်း ပေါင်းစပ်ထားတာကအကောင်းဆုံးအရသာဖြစ်နေသည်။

ကောင်းပြီလေ။ ပတ်၀န်းကျင်ကဆူညံနေရင်တောင် ဒါကတကယ်ကိုထူးကဲပြီး အံဩစရာ အရသာဖြစ်သည်။

"အရသာက တကယ်ကို ငါဖန်တီးထားတဲ့ ဟင်းပွဲထက်သာနေတယ်"

စားပြီးနောက်မှာ လီလီကအရှုံးမပေးဘဲပိုပြီး စိတ်ဓါတ်တက်ကြွလာသလိုဖြစ်နေသည်။

ပြောကြသည်က ရန်သူကိုမသိရခြင်းကကြောက်စရာကောင်းသည်။ မင်းရန်သူအကြောင်းသိသွားရင်တော့ သူက‌ ကြောက်စရာ မကောင်းတော့ပေ။

ရန်သူ အကြောင်းမသိရခြင်း ကသာကြောက်စရာအရင်းအမြစ်ဖြစ်သည်။

"ဒီလိုစက်မျိုးက သိပ်အသုံးမ၀င်ပါဘူး။ ဖောက်သည်တွေကို ဆွဲဆောင်ရုံသက်သက်ပဲ"

လီလီက စက်ကို ထပ်ကစားလိုက်ပြီး အတည်ပြုပြော‌လိုက်သည်။

"နောက်ဆုံးတော့ မင်းအားနည်းချက်ကိုသိပြီ"လီလီကပြောင်နေသော ပန်းကန်ကိုလျက်ပြီး တီးတိုးရွတ်လိုက်သည်။

ဟုတ်တာပေါ့။ သူက အစားအသောက်ကို မြည်းစမ်းရင်း တစ်ခါတည်း လေ့လာ မှတ်သားနေသည်။

သဘာ၀ကျစွာ သူက စားပြီးတာနဲ့ထွက်လာပြီး သူ့ဆိုင်ဆီ ချက်ချင်းပြန်လာသည်။

လီလီ၏အမြင်မှာ ယွမ်ကျိုးချက်ထားသော အသားလုံး၏ အလှဆင်ခြင်း နှင့် တခြားပါ၀င်ပစွည်းများက မပြည့်စုံနေပေ။

လီလီစားနေတဲ့အချိန်တုန်းက သူဟာလည်းစားဖိုမှူးဆိုတာကိုမေ့သွားခဲ့သည်။

သူကပထမဆုံးအကြိမ်အဖြစ်ထူးခြားတဲ့အရသာဆွဲဆောင်မှု့အတွင်းကျရောက်သွားခြင်းဖြစ်သည်။

အပိုင်း(၃၃၃)

ပြီးပါပြီ။

အပိုင်း(၃၃၄)

ယွမ်ကျိုးစားသောက်ဆိုင်ရဲ့ဆိုင်ဖွင့်ချိန်များဟာသူ့အတွက်ဘယ်တော့မှ

လုံလောက်မှု မရှိခဲ့ချေ။ ခဏလေးသာကြာနေသလိုပင်။တခြားသူ‌များလည်းထိုသို့သာ ခံစားရလိမ့်မည်။

ပဖ် ပဖ် ပဖ်"MX keyboardအသံက အမှောင်ထဲမှ နားထောင်ကောင်းစွာထွက် ပေါ်နေသည်။ ခလုတ်‌‌ရဲ့ အရောင် တွေကတောက်ပနေပြီးကီးဘုတ်ကသာမာန်ထက် ထူးခြားကာ လှသည်။

ကီးဘုတ်ပေါ်မှာ လက်ချောင်းလေးများ အမြန်လှုပ်ရှားလိုက်ပြီးသည့်

နောက်မှာ သိမ်မွေ့သောလက်လှုပ်ရှားမှု့က ပြည့်စုံသွားပြီဖြစ်သည်။

ပြီးသွားတဲ့နောက်မှာတော့ ကျိုးဟိုင်ကသက်ပြင်းမှုတ်ထုတ်လိုက်သည်။

သူနိုင်သွားပြီ။

နောက်တချိန်မှာ သူက ဆုကြီးပက်ဂေ့လ်တောင်ရနိုင်သည်။

သူစခရင်ပေါ်က ဂိမ်းစာလုံးတွေကိုမြင်သည့်အခါ၊သူရဲ့စကေးကြမ်းတဲ့လက်ချောင်းတွေကို ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလုပ်လိုက်ပြီး သူတို့ကဆုပေးဖို့တောင် ထိုက်တန်သည်ဟုခံစားရသည်။

ကျိုးဟိုင်က အသင့်ဖျော်ကော်ဖီတခွက်ဖျော်ကာစုပ်သောက်လိုက်သည်။ သူ့မျက်ခုံးနှင့်မျက်လုံးတွေကိုဖြေလျှော့လိုက်ပြီး၊အနားယူလိုက်သည်။

"ဒေါက်ဒေါက်ဒေါက်"

တံခါးခေါက်သံဆက်တိုက်ထွက်လာသည်။ကျိုးဟိုင်ကမသိမသာမျက်မှောင်ကြုပ်သွားကာတွန့်ဆုတ်စွာတံခါးဖွင့်လိုက်သည်။

တံခါးဖွင့်လိုက်တော့ အသက်၄၀အရွယ်အမျိုးသားတယောက်ကအပြင်မှာရပ်နေသည်။

အနောက်တိုင်း၀တ်စုံကိုသပ်ရပ်စွာ၀တ်ဆင်ထားပြီး ဆံပင်တွေက ပုံကျအောင်ဖြီးသပ်ထားသည်။ အသွင်အပြင်ကိုအကဲဖြတ်ရပါက ထိုသူသည်အလေးအနက်ထားတတ်သူဖြစ်မှန်းသိသာလေသည်။

"ဟိုင်လေး မင်းအိမ်မှာဘာလုပ်နေတာလဲ?အွန်လိုင်းgameတွေဆော့နေတာလား"

ထိုသူကမျက်မှောင်ကြုပ်ကာမေးလိုက်သည်။

"ဟင့်အင်း ကျတော်ဂိမ်း ဆော့တာရပ်လိုက်ပြီ။စိတ်၀င်စားဖို့မကောင်းလို့"ကျိုးဟိုင်ကတွန့်ဆုတ်ခြင်းမရှိဘဲဖြေလိုက်သည်။

"ဘာအဓိပ္ပာယ်လဲ?ဒီအလုပ်ကမသင့်တော်ဘူးမင်းကိုယ်မင်းထိန်းပါလို့ငါအကြိမ်များစွာပြောခဲ့ဖူးတယ်၊ဒါပေမဲ့မင်းဘာပြန်ပြောခဲ့လဲ"

ထိုသူကပို၍ဒေါသထွက်လာသည်။

ဆယ်ကျော်သက်တွေကပုန်ကန်ကြတဲ့အသက်အရွယ်မှာထိန်းချုပ်လို့မရပေ။

ကြက်နောက်လိုက်ပါဟုပြောရင်ခွေးနောက်လိုက်တတ်ကြသလိုအရာရာကိုဆန့်ကျင့်ဘက်သာလုပ်တတ်ကြသည်။

ဒါပေမဲ့ ကျိုးဟိုင်ကအသက်၂၀ကျော်ဖြစ်ပြီးပုန်ကန်တတ်သည့်အသက်အရွယ်မှကျော်လွန်လာပြီဖြစ်သည်။

ယခုထိမိဘစကားကိုနားထောင်ရကောင်းမှန်းမသိပေ။လွန်ခဲ့တဲ့၂နှစ်မှစကာ အွန်လိုင်းဂိမ်းအဆက်မပြတ်ကစားရင်းနှင့်ကလပ်မျိုးစုံသို့၀င်ခဲ့သည်။

သူအနေဖြင့်စိတ်ဆိုးရုံသာတတ်နိုင်ခဲ့သည်။

ကျိုးဟိုင်က ဘယ်သူရဲ့အကြံပေးချက်ကိုမှ မလိုက်နာပဲ E-sports အားကစားမှာဘဲ ပျော်မွေ့ကာ တစ်နေ့နေ့တော့အောင်မြင်မှု့ရပြီး အနာဂတ်ကောင်း ပိုင်ဆိုင်နိုင်ကြောင်း၊ ရွှေတံဆိပ်ရနိုင်သည်ဟုပင် ဆင်ခြေပေးနေသည်။

သူက ဒီအထင်ကိုစွဲမြဲစွာဆုပ်ကိုင်ထားသည်။ ဘယ်အတိုင်းအတာထိပဲရောက်ရောက် သူကအ‌ရှုံးမပေးဘဲမျှော်လင့်ချက်ရှိနေဆဲဖြစ်

သည်။

ဘယ်လိုပဲဖြစ်ဖြစ် အွန်လိုင်းဂိမ်းလောက ကလွန်ခဲ့သောနှစ်တွေကထက် ပို၍ကျယ်ပြန့်လာခဲ့သည်။

နောက်ဆုံးတော့ မျှော်လင့်စရာအနေဖြင့်သူ့သားကဒီအလုပ်နှင့်အသက်မွေး၀မ်းကြောင်းပြုနိုင်တော့မည်ဖြစ်သည်။

သူက သူ့ကိုယ်သူ ထိုအတွေးဖြင့်နှစ်သိမ့် ခဲ့သည်။

နှစ်ပေါင်းများစွာပူ‌ပန်နေရတာလည်းအနည်းငယ် လျော့သွားပြီဖြစ်သည်။

သို့သော် ယနေ့ ကျိုဟိုင်းကအွန်လိုင်းဂိမ်းထပ်မဆော့တော့ဟုရုတ်တရက်ကြီးပြောလာတော့ သူကချက်ချင်း‌ ဒေါသထွက်ရတာဖြစ်သည်။

"ဖုန်းပြောတုန်းကမင်းပြောခဲ့တာကိုထပ်ပြောစမ်း။ထပ်မကစားတော့ဘူးတဲ့လား၊မင်းပဲငါ့ခွင့်ပြုတာကိုလိုချင်ခဲ့တာကိုမဟုတ်ဘူးလား"ယောက်ျားကြီးကဒေါသဖြင့်ပြောလိုက်သည်။

"အဲဒါကပျော်ဖို့မကောင်းလို့ ကျွန်တော်ဆက် မဆော့တော့တာ၊ အဖေပြောတော့အဲ့တာတွေကအမှိုက်ပဲဆို"ကျိုးဟိုင်ကပြောလိုက်သည်။

သူကတံခါးကိုမှီ၍ ဘယ်ခြေထောက်ကိုညာခြေထောက်ပေါ်ထပ်ကာ ပျင်းရိသည့်အမူအရာဖြစ်နေသည်။

လက်ပိုက်ပြီးနှုတ်ခမ်းထောင့်ကိုအနည်းငယ်မြှင့်ကာစိတ်ပျက်သည့်အမူအရာဖြင့် သူ့အဖေကို ပြန်ဖြေလိုက်သည်။

"မင်းဘာပြောတာလဲ"စကားပြောနေရင်း ယောက်ျားကြီးကရှေ့တိုးလာပြီး သူ့သားကို ဒေါသဖြင့်ကြည့်လိုက်သည်။

ရုတ်တရက် သိမ်မွေ့ သောအသံတသံကိုကြားလိုက်ရသည်။

"အဖေနဲ့သားဖြစ်ပြီး ဒီလောက်ရန်ဖြစ်နေကြတာလား၊စကားကောင်းကောင်းပြောကြပါလား?"

နောက်ခဏမှာပဲ "ဒေါက် ဒေါက် ဒေါက်"အသံဖြင့်ဒေါက်မြင့်ဖိနပ်အသံကိုကြားလိုက်ရသည်။

အနီရောင်၀တ်စုံဖြင့်လှပသည့်အမျိုးသမီး၏ဆွဲဆောင်မှု့

ရှိပြီး လှပသောမျက်နှာမှာ စိတ်ရှုပ်နေသော အမူအရာ ဖြစ်ပေါ်နေသည်။

"အမေ၊ ဘာမှ မဟုတ်ပါဘူး ၊မစိုးရိမ်ပါနဲ့"သူ့အမေကိုမြင်တော့ ကျိုးဟိုင်က မတ်မတ်ရပ်ပြီး အရင်လိုပျင်းရိမနေတော့ပေ။

"ဟူး"ထိုအမျိုးသမီးက ခန္ဓာကိုယ်အားနည်းပုံပေါ်သည်။သူမကအမျိုးသား၏အကူအညီဖြင့်အသက်ပြင်းပြင်းရှူလိုက်သည်။

ထို့နောက်သူမက မကျေနပ်ဟန်ဖြင့်"ဟမ့်"ဟုဆိုကာသူတို့ကိုစိုက်ကြည့်လိုက်သည်။

"ယာလေး မစိုးရိမ်နဲ့နော်။ ဘာမှမဖြစ်ပါဘူး။ငါ့တို့သားကို ပြောစရာလေးရှိလို့ပါ"ထိုသူ၏ခက်ထန်နေတဲ့မျက်နှာက တစ်မုဟုတ်ချင်း နူးညံသွားပြီး အသံပင်အားနည်းသွားသလိုဖြစ်နေသည်။

"ဆိုးသည်ကောင်းသည်မပြောတော့ဘဲ ကျိုးဟိုင်က ဟုတ်ကဲ့ဟုသာ နာခံလိုက်သည်။

"ဒါဆိုကောင်းတယ် ကောင်းတယ် ဆက်ပြောကြလေ လုပ်ကြ"

ထိုအမျိုးသမီး၏အသံကကျက်သရေရှိပြီး သာယာကာ ယန်ဇီမြစ်ကမ်းမှာဖြတ်တိုက်သွားတဲ့လေညင်းလိုအလွန်နူးညံသိမ့်မွေ့လှသည်။

"စိတ်ချပါကွာ ကိုယ်မကြာခင်ပြန်လာမယ်နော် အရင်သွား‌နော်"

ယောက်ျားကြီးက အမျိုးသမီးကိုအခန်းတံခါးအပြင်အထိ လိုက်ပို့ကာသူမထွက်သွားမှ ကျိုးဟိုင်ဆီပြန်လာသည်။

"ဟိုင်လေး ငါ့မိတ်ဆွေတယောက်ဂိမ်းတစ်ခုတီထွင်ထားတာ မင်းသွားကူညီပေးရမယ်"ထိုသူကမျက်နှာကြော ခပ်တင်းတင်းဖြင့် ပြန်ပြောသည်။

"ဘာဂိမ်း လဲ?အချိန်ဖြုန်းသလိုပဲ ဖြစ်မှာ ကျွန်တော်မသွားချင်ဘူး"

ကျိုးဟိုင်ကဂရုမစိုက်ဟန် ပြန်ဖြေလိုက်သည်။

မင်းဘာပြောပြောမင်းသွားကိုသွားရမှာပဲငြင်းလို့မရဘူး"ယောကျာ်းကြီးကစိတ်မရှည်တော့ဘဲမျက်မှောင်ကြုပ်နေပြီဖြစ်သည်။

"နောက်မှပေါ့"ကျိုးဟိုင်က ပြောလိုက်သည်။

‌ယောက်ျားကြီးစိတ်ဆိုးနေတာကို မသိချင်ယောင်ဆောင်ပြီး ကျိုးဟိုင်ကသူ့အခန်းဆီပြန်လာလိုက်သည်။

ပမ်"တံခါးကပြန်ပိတ်သွားပြီးအပြင်ဘက်နှင့်မတူသောကမ္ဘာတခုလိုဖြစ်သွားသည်။

ယောက်ျားကြီးကမျက်မှောင်ကြုပ်ကာသက်ပြင်းချလိုက်သည်။ထို့နောက်တခြားဘာမှမပြောတော့ဘဲထွက်သွားသည်။

အခန်းထဲမှာကျိုးဟိုင်က ကွန်ပျူတာအလင်းကိုကြည့်ပြီး သစ်သားတုံးလိုရပ်နေကာ ဘာလုပ်ရမှန်းမသိတော့ပေ။

"ဒါကဘာမှမဟုတ်ပါဘူး၊ကျိုးဟိုင်ကသူ့ကိုယ်သူပြောလိုက်သည်။

"ပီ လိ ပါ့ လာ"ကွန်ပျူတာကီးဘုတ်က အသံထွက်လာသည်။ဂိမ်းမျက်နှာပြင်ကိုကြည့်ရင်း ကျိုဟိုင်း ကသူ့လက်ချောင်းတွေကိုခလုတ်တွေပေါ်မှာအမြန်လှုပ်ရှားလိုက်သည်။

အမြန်နှုန်းကတချက်ကြည့်ရင်တောင်ကျွမ်းကျင်ကစားသမားဆိုတာသိနိုင်သည်။

"ဒီး ဒီး "သာယာတဲ့တီးလုံးသံထွက်လာသည်။ ကျိုးဟိုင်းက ဖုန်းကိုယူကြည့်ရင်း စုမူဆို့သည့်နာမည်ကို တွေ့လိုက်သည်။ သူက ခဏရပ်ပြီးမှ လက်တွေကိုခပ်ကြမ်းကြမ်းလှုပ်ရှားပြီး ဘယ်လက်ဖြင့် ဖုန်းကိုင်လိုက်သည်။ စခရင်ကိုနှိပ်ပြီး တိုက်ရိုက် ဖုန်းခေါ်လိုက်သည်။

"ဟိုင် အိမ်ကထွက်လာခဲ့ ပျော်ရအောင်။ ငါဒီနေ့ကံကောင်းနေလို့ ဆုကြီးပေါက်တယ်။ ငါတို့သူ‌ဌေးယွမ်ဆီ သွားပြီးသောက်ရအောင်"စုမူ၏ ပြေပြစ်လှတဲ့အသံကဖုန်းမှ ကြားရ၍ ကျိုးဟိုင်မှာမျက် မှောင်ကြုပ်သွားသည်။

သို့သော်လည်း သူက ပြန်မေးမိနေဆဲပင်

"သူဌေးယွမ်က ဘယ်သူလဲ"?

"အရက်ကောင်း ရောင်းတဲ့သူ။ပေါ့။ အစ်မကျန်းမအားလို့၊ မဟုတ်ရင် မင်းအလှည့်ရောက်မှာ မဟုတ်ဘူးကွ"စုမူကမပျော်မရွှင်ဖြစ်ကာ ပြောလိုက်သည်။

"မင်းသာသွားပါ။ငါဂုဏ်မပြုချင်ပါဘူး။အလုပ်များနေတယ်"ကျိုးဟိုင်ကစိတ်မ၀င်စားဟန် ပြောလိုက်သည်။

"မင်းက ARMစကေးတွေကို လေ့ကျင်‌့နေတာမလား၊ မင်းက အမြင့်ဆုံးအဆင့် ရောက်ပြီသားလေ ထပ်ပြီးအဆင့်တက်စရာရှိသေးလို့လား"

စုမူက နားမလည်ဟန်ဖြင့်မေးလိုက်သည်။

"မင်းဘာတွေ ပြောနေတာလဲ။ ငါ မကစားတာ ကြာပြီလေ"

ကျိုးဟိုင်က တောက်ပနေသော ဖန်သားပြင်ကို ငေးကြည့်ရင်း တိတ်ဆိတ်‌နေခဲ့သည်။

ပြီးပါပြီ။

All Chapters