အခန်း (၃၃၅-၃၃၆)
Vol. 24 Ch. 335-336
ယွမ်ကျိုး အပိုင်း(၃၃၅)
“ငါတကယ်ကို မသွားချင်ဘူး”..ကျိုးဟိုင်က စကားဆုံးအောင် မပြောရသေးခင်မှာပဲ တစ်ဖက်မှ ဖုန်းချသွားခဲ့သည်။
"ဘိ ဘိ ဘိ"
ထို့နောက်တွင်မူ ဖုန်းလိုင်းပြတ်သွားသံကိုသာ ကျန်နေခဲ့တော့သည်။ ကျိုးဟိုင်မှာမျက်လုံးလှန်ကာဆွံအ၍ သာကျန်ခဲ့သည်။ ဉာဏ်များလိုက်တဲ့ကောင်ကွာ!
ခဏလောက်ဘာလုပ်ရမှန်းမသိဖြစ်သွားပြီးနောက် နာရီကိုကြည့်လိုက်သောအခါ နာရီလက်တံများက ၇နာရီ မိနစ်၃၀သို့ ညွှန်ပြနေသည်ကိုတွေ့လိုက်ရသည်။ ထို့နောက် အရာအားလုံးကို သပ်သပ်ရပ်ရပ်ဖြစ်အောင် မြန်မြန် လုပ်လိုက်ပြီး ထွက်လာခဲ့သည်။ သူထောင်ရှီလမ်းကိုရောက်တော့ ၈နာရီထိုးခါနီးပြီဖြစ်သည်။
ကွက်တိပဲ, တစ်မိနစ်မကျော်သလို လိုလဲမလိုဘဲ အချိန်မီရောက်သွားခြင်းဖြစ်သည်။
ကျိုးဟိုင်ကပျော်ပျော်ရွှင်ရွှင်ပြုံးလိုက်ပြီး အချိန်မီရောက်သည့်အတွက်ကျေနပ်သွားသည်။
“မင်းကဒီမှာကိုး မြန်မြန်လုပ်၊ အထဲဝင်ချိန်တန်ပြီ” စုမူကလှည့်ပြီးဆိုင်ထဲဝင်ရန်ဟန်ပြင်လိုက်သည်။
"ကျစ် သိပ်ကြည့်ကောင်းတဲ့ယောက်ျားက ပိုသတိထားသင့်တာပဲ"ကျိုးဟိုင်ကငြီးငြူလိုက်သည်။
"ဒါကသိပ်ကောင်းတဲ့ဆိုင်လည်းမဟုတ်ပါဘူးကွာ။ဘာလို့ဒီနေရာကိုသောက်ဖို့ခေါ်ရတာလဲ"ကျိုးဟိုင်းကမေးလိုက်သည်။
"ဟေ့ သူငယ်ချင်း။ မစိုးရိမ်နဲ့ ငါမင်းကိုကူသောက်ပေးနိုင်ပါတယ်ကွာ၊ အရက်ကမင်းနဲ့မသင့်တော်ပါဘူး"
စုမူကဘာမှပြန်မပြောရသေးခင်မှာတင် လှိုက်လှိုက်လှဲလှဲဖိတ်ခေါ်တဲ့အသံက သူတို့နောက်မှပေါ်ထွက်လာ သည်။ သူ လှည့်ကြည့်လိုက်တော့ ချန်ဝေကသူတို့ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာသည်ကိုတွေ့လိုက်ရသည်။
"ဘာလဲ မင်းဒီတစ်ခါ တစ်ယောက်တည်း လာခဲ့တာလား? ငါတို့ မင်းကို ကူသောက်တာပိုကောင်းတာပေါ့ မင်းတစ်ယောက်တည်းတော့ အကုန်မသောက်နိုင်လောက်ဘူးထင်တယ်?" စုမူကသူ့မျက်ခုံးပင့်ကာပြုံးရင်းပြောလိုက် သည်။
"ဟော ဟော မစိုးရိမ်နဲ့၊ငါ့ကိုယ်ခံအားအရ တစ်ယောက်တည်းအကုန်သောက်နိုင်တဲ့အပြင် မင်းကိုကူတောင်သောက် နိုင်သေးတယ်"ချန်ဝေက"ယုံလိုက်စမ်းပါ"ဟူသည့် အမူအရာဖြင့် သူ့ရင်ဘက်ကိုပုတ်ပြလိုက်သည်။
စုမုကပြုံးရုံသာပြုံးပြီးမည့်သည်စကားမှထပ်မဆိုတော့ချေ။
သူကလှည့်ပြီးကျိုးဟိုင်နဲ့အတူယွမ်ကျိုးစားသောက်ဆိုင်ထဲသို့၀င်သွားလေသည်။
ရှန်မင်ကပျူငှာယဉ်ကျေးတဲ့အပြုံးတစ်ခုနှင့်တင့်တယ်စွာမတ်တပ်ရပ်နေသည်။"ကြိုဆိုပါတယ်ကျေးဇူးပြုပြီး ဒီဘက်ကိုကြွပါ"သူမကခြေလှမ်းအနည်းငယ် လှမ်းလိုက်ကာ လူသုံးယောက်ကိုခေါက်တွန့်နံရံတစ်ဖက်ခြမ်းသို့ခေါ်ဆောင်သွားသည်။
သူဌေးယွမ် ဒီမှာဧည့်သည့်အသစ်ပါတယ်။ခင်ဗျားလာသောက်ချင်လား"
စုမူကမီးဖိုချောင်ထဲဖြတ်လျှောက်ရင်းနဲ့ယွမ်ကျိုးအလုပ်များနေသည်ကိုတွေ့သောအခါမမေးဘဲမနေနိုင်တော့ပေ။
ယွမ်ကျိုးကခေါင်းကိုမော့ကာ လူတွေကိုတချက်ကြည့်လိုက်သည်။ နှာခေါင်းစည်းကို၀တ်ဆင်ထားသဖြင့် သူက ဘာတခွန်းမှ မပြောလာပဲအလုပ်ဆက်လုပ်နေလေသည်။
"တောင်းပန်ပါတယ်ဆရာ ကျွန်မသူဌေးကအလုပ်များနေလို့ပါ၊ ဒီဘက်ကိုကြွပါရှင်" ရှန်မင်မှာအနည်းငယ် အားနာသွားပြီး ခြေလှမ်းသွက်သွက်ဖြင့်တံခါးကိုတွန်းဖွင့်လိုက်ကာ လမ်းပြလိုက်သည်။
"ဒီသူဌေးရဲ့ပေါင်းသင်းဆက်ဆံရေးကမယုံကြည်နိုင်စရာကြီး"ကျိုးဟိုင်ကရေရွတ်မိတော့သည်။
ယွမ်ကျိူးရဲ့အာရုံငါးပါးကစနစ်ကြောင့်ပို၍အားကောင်းလာပြီးအစိတ်အပိုင်းတခုချင်းစီတိုင်းက သူ့ရဲ့ထိန်းချုပ်မှု
အောက်မှာပဲရှိသည်။ကျိုးဟိုင်ရဲ့စကားတွေကိုလည်း သဘာ၀ကျကျပင် အလွယ်တကူကြားသွားသည်။
ရှန်မင်နှင့်တခြားသူများကယွမ်ကျိုးကိုချန်ခဲ့သောအခါမှသာ နှာခေါင်းစည်းကိုဆွဲချွတ်လိုက်သည်။ သူကအမှန် တကယ်တော့ အနည်းငယ်ရှက်နေခြင်းဖြစ်သည်။
သူက ပေါင်းသင်းဆက်ဆံရေးကောင်းသည်ဟု အမြဲထင်ခဲ့ရာ အခုလိုပြောခံရသည်မှာ ယုံနိုင်စရာမရှိပေ။ ယခုလိုပွင့်လင်းစွာဝေဖန်မှုကြီးက သူ့ကိုနည်းနည်းတော့အရှက်ရစေခဲ့သည်။ အမှန်တကယ်ကတော့ သူက ရှက်တတ် သောသူဖြစ်သည်။
ဆာဂျက်စတက်စ်နံရံနောက်တွင် ကျောက်တုံးငယ်များဖြင့် ခင်းထားသောလမ်းတစ်ခုရှိသည်။ ကွေ့ကောက်သော လမ်းသည် ဘေးတစ်ဖက်တစ်ချက်တွင် ပန်းပုရုပ်အတော်များများနှင့် ဘေးဘက်ရှိ ဥယျာဉ်ငယ်မှလွဲ၍ အခြားနေရာများနှင့်ကွဲပြားခြားနားမှုမရှိဘဲ တိတ်ဆိတ်သောနေရာသို့ ဦးတည်နေသည်။
ကျိုးဟိုင်ကအသေအချာကြည့်ပြီးနောက်အမှန်တကယ် ပန်းပုထွင်းထုထားသည်ကို တွေ့ရှိခဲ့သည်။၎င်းတို့သည် တောက်ပပြီး ပုံသဏ္ဌာန်အမျိုးမျိုးရှိသောကြောင့် ကျိုးဟိုင်သည် ရုတ်တရက် တစ်ခုခုကိုစဉ်းစားမိလာခဲ့သည်။
"သူဌေးကိုယ်တိုင်ထွင်းထားတာလား"ဒီထူးခြားလှပတဲ့လက်ရာတွေကို ညွှန်ပြရင်းနှင့်ကျိုးဟိုင်ကစုမူကိုမေးမိသည်။
"ဒါပေါ့သူဌေးယွမ်ရဲ့လက်ရာကတကယ်ကိုနတ်ဘုရားအဆင့်ပဲ။"ဖီးနစ်အမြီး"ပုစွန်ဟင်းပွဲကလည်းပြိုင်ဘက်ကင်းပဲလေ။တခြားရက်တွေမှာငါတို့လာပြီးမြည်းကြည့်လို့ရတယ်။အဲဒါကသေချာပေါက် မမေ့နိုင်စရာအတွေ့အကြုံတစ်ခု ဖြစ်လာမှာပဲကွ"ကျိုးဟိုင်ကကျန်းစုဟင်းပွဲတွေစားရတာကြိုက်တယ်ဆိုတာစုမူကသိနေခဲ့သည့်အတွက်ပြောလိုက်သည်။
"ဖီးနစ်အမြီး ပုစွန်"?တကယ်ဖီးနစ်အမြီးဟင်းလား" ကျိုးဟိုင်မှာစစ်မှန်သောကျန်းစုဟင်းပွဲများကိုစားခဲ့ဖူးသည်မှာ အချိန်အတော်ကြာနေပြီဖြစ်သောကြောင့်အနည်းငယ်သွေးဆောင်ခံလိုက်ရသည်။
"သေချာတာပေါ့။သူဌေးယွမ်ရဲ့လွင့်မြောနေတဲ့တိမ်တွေလိုစီးဆင်းနေတဲ့ရေလိုချောမွေ့နေတဲ့လှုပ်ရှားပုံလက်ရာတွေကိုပဲကြည့်လိုက်ရင်ပဲဘယ်လောက်တောင်မျက်စိပဒသာဖြစ်လိုက်လဲ။ ပြိုင်ဘက်ကင်းအရသာရှိတာကို ထည့်မပြော သေးဘူးနော်။ တကယ်လိုက်ဖက်တာ"စုမူကစိတ်အားထက်သန်စွာဆိုလိုက်သည်။
"တကယ်လား?ဒါဆိုငါတို့မှာ လာစားဖို့အခွင့်အရေးရှိတယ်ပေါ့"ကျိုးဟိုင်ကဖြေခဲ့သည်။
"လာပါကွာ။ နောက်မှ အဲ့အကြောင်းဆက်ဆွေးနွေးပြီး အခုအရက်ဆိုင်အကြောင်း ပြောကြရအောင်။ ကျွန်တော်တို့သုံးယောက်အတူထိုင်ရင်ကော ဘယ်လိုလဲ။ အဲဒါဆို အရက်ပုလင်းနှစ်ပုလင်း သောက်ရမယ်။ ဒီလိုတွေးမိတော့ သွေးတောင်ပူလာပြီ" ချန်ဝေက စုမူနဲ့ ကျိုးဟိုင်ကို စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
တကယ်တော့ မင်းတို့ငါနဲ့ လာပူးပေါင်းလို့ရပါတယ်"နူးညံတဲ့အသံနှင့် ဖန်ဟမ့်ကသူတို့နောက်ကပြောလာသည်
"မင်းကဘာလို့ဒီကိုရောက်နေတာလဲ?"ချန်ဝေမှာသူ့အစီအစဉ်ကို ထိခိုက်စေနိုင်မည့် ထိုသူကို မကျေနပ်တော့ပေ။
"စုမူကလွဲပြီးငါတို့အားလုံးက တစ်ယောက်တည်းရှိနေတာလေ ဘာလို့ အတူမထိုင်နိုင်တာလဲ။ ဘာပဲဖြစ်ဖြစ်၊ ကျွန်တော်တို့အားလုံး သူဌေးယွမ်ရဲ့ အရက်သောက်ဖို့ ဒီမှာရောက်နေတာပဲကို"
ဖန်ဟမ့်က တည်ငြိမ်တဲ့ပုံစံနဲ့ ပြောသည်။ သူသည် အတော်အတန် နူးညံ့သိမ်မွေ့ပုံရပြီး မည်သည့်ဒေါသကိုမျှ မဖော်ပြခဲ့ချေ။ သူ့လို လူတစ်ယောက်ကို ဖော်ပြနိုင်တဲ့ စကားလုံးတစ်လုံးက အရှက်မရှိတာပဲဖြစ်သည်။
စကားပြောနေရင်း ဒုတိယထပ်ကို ရောက်သွားသည်။ လေးထောင့်ကွက်ပုံစံဝါးတွေက ထိုနေရာမှာ ရှိနေဆဲပင်ဖြစ် သည်။ လရောင်နှင့် မီးအလင်း ရောနှောနေရာ လူတွေအတွက် တိတ်ဆိတ်ငြိမ်သက်သည့်ဝန်းကျင်တစ်ခု ဖြစ်ပေါ်နေစေသည်။
ကျိုးဟိုင်မှာပတ်၀န်းကျင်ကသိပ်မဆိုးဘူးဟုခံစားရပြီးစုမူနောက်လိုက်ကာစားပွဲတလုံးမှာထိုင်နေလိုက်သည်။အတွင်းမှာပေါက်နေတဲ့ဝါးပင်တွေ၀န်းရံထားခြင်းက မတူညီသောခံစားချက်ကိုပေးစွမ်းလေသည်။
နှစ်ဖက်စလုံးက ကျိုးဟိုင်ကို သိမ်းသွင်းရန်ကြိုးစားခဲ့ကြသော်လည်း အကျိုးရလဒ်အနေဖြင့် မည်သူမှ သူ့ကို အခွင့်ကောင်းမယူခဲ့ရချေ။ နောက်ဆုံးမှာတော့ သူတို့ဘာသာ သောက်လိုက်ကြရသည်။
ရှန်မင်သည် သူတို့အတွက် အရက်ကို ကျွမ်းကျွမ်းကျင်ကျင်နှင့် သန့်သန့်ရှင်းရှင်း ငှဲ့ပေးခဲ့သည်။
နူးညံသိမ်မွေ့သောရနံ့က ရှန်မင်ရဲ့လှုပ်ရှားမှုအတိုင်း လိုက်ပါစီးမျောလာသည်။ နှာခေါင်းကိုအသာ ရှုံ့ပွပွလုပ်ရင်း ကျိုးဟိုင်က အရက်ရဲ့မွှေးကြိုင်တဲ့ရနံ့ကို အနံ့ခံလိုက်သည်။ ကောင်းလိုက်တဲ့အရက်ပါလား။
စားပွဲပေါ်မှာတည်ခင်းလိုက်တဲ့အခါ မွှေးရနံ့က ပိုအားပြင်းလာပြီး လူတွေကို ဆွဲဆောင်မှုအား ခုခံခြင်းငှာ မစွမ်းသာ အောင် ဖြစ်စေသည်။
ချန်ဝေက ခွက်ကို သေသေချာချာလေးဂရုတစိုက်ယူကာ အနံ့ကိုသေချာရှုလိုက်ပြီးမှ သူ့ပါးစပ်ထဲသို့ ဖြည်းညင်းစွာ လောင်းထည့်လိုက်သည်။ အရသာကို တစိမ့်စိမ့် ခံစားရင်းနှင့် အမှန်ပင်ထိပ်တန်းအရက် ဖြစ်သည်ဟု ခံစားရသည်။ မွှေးကြိုင်ပြီးကြွပ်ရွတဲ့ မြေပဲလှော်နှင့်ပါ တွဲဖက်လိုက်ရာ အရသာကတကယ်ကို အစွမ်းကုန်ပီတိဖြစ်ဖွယ်ပျော်ရွှင်မှုသာ ဖြစ်သည်။
ကျိုးဟိုင်က ဇီးပန်းပွင့်ပုံများပါသည့်ခွက်ထဲက ပယင်းရောင်အရက်တွေကိုကြည့်ပြီး အနံ့ခံလိုက်သည်။
ဝိုင်ခွက်ကို သူ့နှာခေါင်းရှေ့မှာထားလိုက်ပြီး မျက်စိရှေ့၌ ဆောင်းနှင်းပန်းလေးများပွင့်လာပုံကို ပုံဖော်ကြည့်မိသည်။ အရသာ တောင် ပိုပြင်းလာသလိုပင်။
သူက တစ်ငုံ့ချင်းစီသောက်လိုက်သည်။ချောမွေ့ပျော့ပျောင်းတဲ့ သစ်တော်သီးရည်လို လည်ချောင်းထဲမှာ အနည်းငယ် စူးရှမှုနှင့်အတူ ပျော်၀င်စီးဆင်းသွားသည်။ အရသာက အလွန်ပျော့ပျောင်းသောကြောင့် သောက်သုံးသူများမှာ ဤအရသာထဲသို့ လုံးဝ ပျော်ဝင်သွားတော့သည်။
“မင်းဘယ်လိုထင်လဲ? အရသာကကောင်းတယ်မလား? လာရတာ အလကားတော့မဖြစ်သွားဘူးမဟုတ်လား" စုမူက ကျေနပ်စွာဖြင့် တစ်ငုံအပြည့်သောက်လိုက်သည်။
စုမူမှာမြေပဲစားလျှင်တူမသုံးပေ။စားချင်စဖွယ် မြေပဲစေ့များကိုသူ၏သွယ်လျသောလက်ချောင်းများဖြင့် ကောက်ယူရန် ပြင်လိုက်သည်။
ပုံမှန်အားဖြင့် တစ်ယောက်ယောက်ကအလားတူလုပ်လျှင် ကြမ်းတမ်းပုံထင်ရသော်လည်း စုမူလုပ်သော အခါတွင်မူ လျင်မြန်တင့်တယ်ပုံပေါ်ပြီးကြည့်ကောင်းလှသည်။
“သိပ်မဆိုးဘူး၊ အနေတော်လေးပါပဲ"ကျိုးဟိုင်က အရက်ကို တကျိုက်တည်းမော့ချပြီးနောက် ဖြေပေးခဲ့သည်။
သူ့မျက်နှာပေါ်မှာထူးခြားမှုတစ်ခုခုမဖော်ပြဘဲကျိုးဟိုင်က မြေပဲစေ့တွေကိုကောက်စားလိုက်သည်။ ခဏတွင်းမှာပင် မြေပဲစေ့ တ၀က်ကျော်မှာ ကုန်သွားပြီဖြစ်သည်။ တူများကို ခပ်မြန်မြန်လှုပ်ရှားသည်က သူ့စကားများနှင့်ကိုက်ညီမှုမရှိ ဘဲ အထူးကျွမ်းကျင်ပုံပေါက်လေသည်။
“အရသာရှိတယ်ဆိုတာသိသာပါတယ်။ တကယ်လို့ မင်းမကြိုက်ရင်လည်း ငါ့ကိုပေးလိုက်ပေါ့။ ငါကပိုသောက်ရ လည်းကိစ္စမရှိပါဘူး" ချန်ဝေက ခပ်ကျယ်ကျယ်ပြောလိုက်သည်။
"မလိုဘူး တကယ်လို့ငါမကြိုက်ရင်တောင်မှ ကြိတ်မှိတ်ပြီးသောက်ပစ်လိုက်မယ်" ကျိုးဟိုင်ကရှင်းလင်းစွာငြင်းဆို လိုက်သည်။
"ဒါဆိုမင်းဘာလို့မကောင်းဘူးလို့ပြောတာလဲ?နားမလည်နိုင်ဘူး"ချန်ဝေကမကျေမနပ်ပြောလိုက်သည်။
"ဒီမှာ လူနည်းတာပဲ၊နာမည်ကြီးတယ်ဆိုပြီးတော့ နိုင်ငံခြားသားတယောက်တောင် မရှိတော့ ခေတ်မမှီဘူးလေ၊ငါ့အကဲဖြတ်မှု အတိုင်းအတာကတော့ သင့်တော်ရုံပဲပေါ့"ကျိုးဟိုင်ကအလွန်အကျိုးအကြောင်းညီစွာသူယုံကြည်ထားသည့်အတိုင်းပြောလိုက်လေသည်။
တစ်ချိန်တည်းမှာပင် ကျိုးဟိုင်၏အငြင်းပွားဖွယ်ရာစကားကြောင့်၊ ယွမ်ကျိုးမှာ စနစ်၏တာဝန်တစ်ခုကို လက်ခံရလေသည်။ ပိုမိုပြီးတိတိကျကျပြောရပါလျှင် အဓိကတာ၀န်တစ်ခုဖြစ်သည်။
အပိုင်း(၃၃၅)
ပြီးပါပြီ။
၃၃၆ မှ ၃၄၀
ယွမ်ကျိုး အပိုင်း(၃၃၆)
အရက်ဆိုင်မှာ အတော်လေးဆူညံလာပြီဖြစ်သည်။ သူတို့ကတစ်ယောက်နှင့်တစ်ယောက်စကားပြောကာ စနောက် နေကြပြီး ရည်ရွယ်ချက်တစ်ခုသာရှိလေသည်။ တစ်ဖက်သူဆီမှအရက်အချို့ခိုးယူရန်သာဖြစ်သည်။
အကဲဖြတ်မှုနှင့်ပတ်သက်ပြီး ချန်ဝေမှာကျိုးဟိုင်နှင့်အငြင်းအခုံလုပ်နေသည်။
ထိုအချိန်တွင်ယွမ်ကျိုးမှာဟင်းပွဲအသစ်များကိုတတ်နိုင်သမျှ မြန်မြန်ရောင်းချနိုင်ရန် ဟင်းပွဲများကို ပြင်ဆင်ဖြည့်စွက် နေသည်။ ဟင်းပွဲအသစ်တွေဖန်တီးရောင်းချရခြင်းမှာယွမ်ကျိုး၏ပျော်ရွှင်မှုပင်ဖြစ်သည်။ ထိုအချိန်မှာပင် စနစ်ကရုတ်တရက်အချက်ပြလာသည်။
စနစ်ကပြောလာသည်"အဓိကတာဝန်အတွက်လိုအပ်ချက်တွေကပြည့်သွားပြီဖြစ်လို့အဓိကမစ်ရှင်ကထွက်ပေါ်လာပါပြီ။
[အဓိကမစ်ရှင်] အနည်းဆုံးနိုင်ငံခြားသားဧည့်သည်၁၀၀၀ကို၀န်ဆောင်မှုပေးရန်
တာ၀န်အကြံပြုချက်များ: ကမ္ဘာအဆင့်မီ စားသောက်ဆိုင်ငယ်လေးအနေဖြင့် ယခု သင့်တွင်ပြည်ပဟင်းလျာရှိပြီဖြစ် သောကြောင့် နိုင်ငံခြားသားမိတ်ဆွေများရဲ့အထောက်အပံ့မပါဘဲ စီးပွားရေးကို မည်သို့ဆက်လုပ်မည်နည်း။ ဆိုင်ရှင် ကျေးဇူးပြုပြီး ဟင်းချက်စွမ်းရည်တိုးတက်လာအောင်ကြိုးစားအားထုတ်ပါ။သင့်ကိုယုံကြည်နေပါတယ်။
မစ်ရှင်ဆုကြေး: ဟင်းပွဲသုံးပွဲအနောက်တိုင်းဟင်းပွဲတစ်စုံစာနှင့် အနောက်တိုင်းအစားအစာစံနှုန်းတစ်ခုဖြစ်သည်။
ဆုအကြံပြုချက်များ:ရုပ်ရည်ချောမောစေသည့်ဆုသည် လက်ခံသူအတွက် ကြည့်ကောင်းတဲ့ မာစတာစားဖိုမှူး မင်းသားလေးဖြစ်လာဖို့ အခြေခံအုတ်မြစ်ဖြစ်လာနိုင်ပါသည်
“စနစ် ငါသိတာတော့ မင်းကငါ့ဆီအမြဲတမ်းအချိန်မှန်ရောက်လာတယ်နော်"
ယွမ်ကျိုးမှာ ယခုလေးတင် ကျိုးဟိုင်ရဲ့အသံကျယ်ကြီးကိုကြားလိုက်ရသော်လည်း သိပ်ဂရုမစိုက်ပေ။
စနစ်ကဖော်ပြလာသည်မှာ"ကိုယ့်ကိုယ့်ကိုကြော်ငြာခြင်းကိုခွင့်မပြုထားဘူး"
"စနစ်မင်းကစိတ်ကြီး၀င်လွန်းတယ်"စနစ်ကသူ့စကားများကိုဂရုမစိုက်တာကိုမြင်လိုက်တော့ ယွမ်ကျိုးအနေဖြင့် အရူးလို သူတစ်ယောက်တည်းရေရွတ်ရုံသာတတ်နိုင်တော့သည်။
သို့သော်လည်း စနစ်က ဒီအချိန်တွင်အဖြေမပေးသေးပေ။သူက"တိတ်ဆိတ်ခြင်းကရွှေထောင်တန်သကဲ့သို့"ဆိုသည့်စည်းမျဉ်းကိုဆက်လက်ကျင့်သုံးနေဆဲပင်။
"နိုင်ငံခြားသားလို့ ဘယ်စံနှုန်းတွေနဲ့သတ်မှတ်ထားလဲ?ယွမ်ကျိုးမှာအနည်းငယ်ရှုပ်ထွေးနေဆဲဖြစ်သည်။
"တရုတ်နိုင်ငံမှာ နိုင်ငံခြားသားတွေအများကြီးရှိပါတယ်။သူထို့ထဲကအများစုကတော့တရုတ်နိုင်ငံသားအဖြစ် အောင်မြင်စွာ လျှောက်ထားကြပြီးဖြစ်တယ်။ ဒါပေမဲ့ အရင်တုန်းကတော့ သူတို့ကို နိုင်ငံခြားသားအဖြစ်သတ်မှတ်ခဲ့ ကြတာ"
စနစ်က "လက်ရှိနိုင်ငံသားဖြစ်မှုအပေါ်မူတည်ပြီး သူတို့ကို ခွဲခြားနိုင်တယ်" ဟုပြသထားသည်။
" ငါက သူများရဲ့နိုင်ငံသားခံယူမှုကို မစစ်ဆေးနိုင်ဘူးလေ။ ဘယ်လိုလုပ်သိမလဲ" ယွမ်ကျိုး အတော်လေးစိတ်ရှုပ်ထွေး နေပြီဖြစ်သည်။
စနစ်: "မပူပါနဲ့ ဒါကိုအလိုအလျောက်ဖြေရှင်းနိုင်ပါတယ်"
"မင်းကဒီလိုဆိုမှတော့၊ငါ အခု စိတ်မပူတော့ပါဘူး""ယွမ်ကျိုးကခေါင်းညိတ်လိုက်သည်။
ဒီမှာတော့ စနစ်က သူ့ကိုမလှည့်စားလောက်ဟုယုံကြည်လိုက်သည်။
တာဝန်ကို ဂရုတစိုက်စစ်ဆေးကြည့်ပြီးနောက် တာဝန်ပြီးမြောက်မှုကို တိုးမြှင့်ရန် ကြိုးစားပြီး အောင်မြင်စေရမည်။
ခဏလောက် တိတ်ဆိတ်သွားပြီးနောက် ယွမ်ကျိုးက ရုတ်တရက် ပြောလိုက်သည်– "မာစတာစားဖိုမှူးအကြောင်းကို နားလည်နိုင်တယ်။ ဒါပေမဲ့ ကြည့်ကောင်းတဲ့မင်းသားလေးဆိုတာ ဘာကိုဆိုလိုတာလဲ ။ ငါရဲ့အသွင်အပြင်ကို ပြောင်းလဲပေးနိုင်လား"
ယွမ်ကျိုးက သူ့မျက်နှာရဲ့ ဘယ်အပိုင်းကို ပြောင်းလဲဖို့လိုတယ်ဆိုတာ စဉ်းစားနေသည်။ သိသိသာသာကြည့်ရဆိုးနေ တာမျိုးမရှိပေမယ့် သူ၏လှပသောမျက်နှာပေါ်တွင်မူ သိသာနေနိုင်သည်။ ထို့ကြောင့် သူကစိတ်အားထက်သန်စွာ စဉ်းစားနေသည်။ သူ့လက်ထဲမှာရှိတဲ့ ဟင်းပွဲပန်းကန်တွေကတော့ အစကတည်းကပြင်ဆင်ထားပြီးသားဖြစ်သည်။
စနစ်က "တစ်ခုတည်းသော အခြေခံကျတဲ့အချက်ကပင်ကိုစရိုက်ကို တိုးတက်စေခြင်းပါ" ဟုဖော်ပြခဲ့သည်။
"မင်းပြောတာ မှန်လွန်းလို့ ဘာပြန်ဖြေရမှန်းတောင် မသိဘူး" ဟုယွမ်ကျိုးက တုံးအစွာပြောခဲ့သည်။
"စနစ်၊ဟင်းပွဲ၃ပွဲတည်ခင်းခြင်းကဘာလဲဆိုတာအရင်ဆုံးပြောပြပါလား?”ယွမ်ကျိုးကဒီကိစ္စကိုအတော်လေးစိတ်၀င်စားမိသည်။
စနစ်:"မစ်ရှင်ကိုမပြီးဆုံးသေးရင်သိနိုင်မှာမဟုတ်ပါဘူး"
"ကောင်းပြီ။ အနောက်တိုင်းအစားအစာကျင့်ဝတ်ဆိုတာဘာကိုပြောတာလဲ? အဲဒါဟာ စားစရာမဟုတ်ဘူးဆိုတာ တော့ပြောရဲတယ်။" ယွမ်ကျိုးသည် ဆုအမည်ကိုကြည့်ပြီး မကောင်းသောခန့်မှန်းချက်တစ်ခုရှိခဲ့သည်။
စနစ်:"ဟုတ်ပါတယ် host မှန်ပါတယ်မစ်ရှင်အောင်မြင်ရင်ရနိုင်ပါတယ်"
"မင်းကအချိန်နဲ့တပြေးညီတိုးတက်နေတဲ့စနစ်ပဲ"ယွမ်ကျိုးမှာတော်တော်လေးဆွံ့အသွားမိသည်။
ယွမ်ကျိုးသည် စနစ်ကို အမှားအယွင်းရှိမရှိနှင့် လုပ်ငန်းဆောင်ရွက်ချက်များကို မေးခွန်းများ တစ်ခုပြီးတစ်ခု မေးခြင်းဖြင့် စမ်းသပ်နေသည်။ သို့သော်လည်း ၊ အချိန်အများစုတွင် ၊ စနစ်သည် တိတ်ဆိတ်နေပြီး မေးခွန်းဆယ်ခု မေးပြီးနောက် တစ်ကြိမ်သာ ပြန်ဖြေပေးလေသည်။
အခြားတစ်ဖက်မှာတော့ လီလီလည်း အလုပ်လုပ်နေသည်။ သူဝတ်ဆင်ထားသော အဖြူရောင်စားဖိုမှူးဝတ်စုံနှင့် သန့်ရှင်းသော စားဖိုမှူးဦးထုပ်သည် အလွန်သန့်ရှင်းပြီး အညစ်အကြေးကင်းစင်ပုံပေါက်သည် ။ ဂရုတစိုက်ကြည့်မည် ဆိုလျှင် လည်ပင်းစည်းကော်လံ၊ တံတောင်ဆစ်နှင့် အင်္ကျီလက်ထိပ်တွေပါ အရမ်းသန့်ရှင်းနေသည်ကို တွေ့ရလိမ့် မည်။
"ဒက်ခ် ဒတ်ခ်". မီးဖိုချောင်ဓားကြီးနှစ်ချောင်းကို လက်ထဲကိုင်ပြီး လီလီက အသားတွေကို စဉ်းတီတုံးပေါ်မှာ အဆက်မပြတ်ခုတ် ဖြတ်လိုက်သည်။ အသားကို အရောင်နှစ်မျိုးခွဲထားသည်။ တစ်ခုသည် မည်သည့်အကြောမှ မရှိ သော အနီရင့်ရင့်အသားနှင့် အခြားတစ်ခုမှာ အဆီအသားရောရာ အသားဖြစ်သည်။ ဆက်တိုက်ဆိုသလို လက်ကိုမြှောက်လိုက် ဓားဖြင့်ခုတ်ချလိုက်လုပ်ပြီး အမဲသားတုံးကို မြန်မြန်နုပ်နုပ်စင်းလိုက်သည်။ နောက်လက်တစ် ဖက်တွင် ကိုင်ထားသော အခြားဓားမှာလည်း ခုတ်စင်းနေရာ အခြားတစ်ဖက်နှင့်ယှဉ်ပါက အနည်းငယ်နှေးသော် လည်း အလွန်နောက်ကျသွားခြင်းမရှိချေ။ ထို့ကြောင့် နှစ်ဖက်စလုံးတွင် နုပ်နုပ်စင်းထားသောအသားများမှာ တစ်ပြိုင်နက်တည်းပေါ်လာလေသည်။
“ဟူးနောက်ဆုံးတော့ရပြီ လျှို့ဝှက်ဟင်းခတ်ပစ္စည်းကို ထည့်လို့ရပြီ" လီလီကသက်ပြင်းတချက်ချကာ စိတ်သက်သာ ရာရသွားပြီး ဂျယ်လီကဲ့သို့ခပ်ပျော့ပျော့အိတ်တလုံးထုတ်လာသည်။
လီလီ ဖင်လန်နိုင်ငံကို သွားစဉ်က အသားလုံးတွေထဲမှာ ထည့်ဖို့ ဒီအရာကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ စားဖိုမှူးအတော် များများသည် အသားလုံးကို အလွန် အရသာရှိစေချင်သောကြောင့် ဒီအရာကိုအသုံးပြုကြသည်။ လီလီသည် ပညာဖလှယ်ရန် ထိုနေရာသို့ရောက်ရှိခဲ့ရာ ထိုဟင်းခတ်ပစ္စည်းအချို့ကို ရရှိခဲ့သည်။ သို့သော်လည်း သူက ပါဝင်ပစ္စည်း အချိုးကို ဖော်ထုတ်ရန် စီစဉ်ခဲ့သည်။ ယခုမူ အသုံးပြုလို့ရပြီဖြစ်သည် ။
ယွမ်ကျိုး၏စားသောက်ဆိုင်တွင် စားသုံးခဲ့သော အသားလုံးများက လီလီကို အတော်စိတ်လှုပ်ရှားစေခဲ့သော်လည်း စိတ်မသက်မသာ ခံစားခဲ့ရသည်။ ထို့ကြောင့် ယွမ်ကျိုး၏စားသောက်ဆိုင်မှ ပြန်လာကတည်းက သူသည် အနားမယူခဲ့ဘဲ အသားလုံးများထဲထည့်ရန် ပါဝင်ပစ္စည်းအချိုးကို အမြဲမပြတ်စမ်းသပ်နေခဲ့သည်။ စားပွဲရှည်ပေါ်တွင် ပုံစံအမျိုးမျိုးရှိသော အသားလုံးဟင်းပွဲပန်းကန်အတော်များများရှိသည်။ ပုံသဏ္ဌာန်တစ်ခုချင်းစီမှာ အလွန်လက်ရာမြောက်လှပပေသည်။
တစ်ခုမှာ တောင်ပံဖြန့်ထားသော ဖီးနစ်ပုံသဏ္ဌာန်ဖြစ်သည်။ တောင်ပံပေါ်က အမွေးတွေကိုတောင် မြင်နိုင်လောက်အောင် ကွက်ကွက်ကွင်းကွင်း ပုံဖော်ထားသည်။
နောက်တစ်ခုမှာ ပျိုနီပန်းပုံသဏ္ဌာန်ဖြစ်သည်။ ပန်းကန်ပေါ်မှာ ပြန့်ကျဲနေတဲ့ အနီရောင်အပွင့်တစ်ခုစီကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး အသားလုံးတွေနဲ့လည်း လိုက်ဖက်လွန်းလှသည်။ အများဆုံးကတော့ ဝါးတောင်းထဲမှာ ထည့်ထားတဲ့ ဆွီဒင်အသားလုံးဖြစ်နိုင်သည်။
ပုံမဖော်ရသေးတဲ့အသားလုံးတွေအများကြီးကျန်သေးသည်။လီလီက အသားလုံးတွေကို ပုံဖော်ဖို့ ပြင်ဆင်ထားသည် ကို အလွယ်တကူမြင်နိုင်လေသည်။
“ဒီအချိန်ကအကောင်းဆုံးပဲ" အသားလုံးတွေကိုအကြွပ်ကြော်နေစဉ်မှာ လီလီကတွေးလိုက်သည်။
ယွမ်ကျိုးကအသားလုံးကို အမြဲကြော်လေ့ရှိပြီး လီလီက အကြွပ်ကြော်ရသည်ကို နှစ်သက်သည်။ အပူချိန်မြင့်မှသာ ဟင်းအနှစ်ရည်ကို အထဲတွင်ချက်ချင်းလှောင်ထားနိုင်ပြီး အနံသည် ပိုမိုမွှေးကြိုင်လာကာ အရသာပိုကောင်းလာသည် ဟု သူယုံကြည်ခဲ့သည်။
တစ်ညလုံး ထပ်ခါတလဲလဲ စမ်းသပ်မှုများပြုလုပ်ပြီး နောက်ဆုံးတွင် လီလီသည် ပြည့်စုံသည်ဟု သူယုံကြည်ထားသည့် နည်းလမ်းကို တွေ့ရှိခဲ့သည်။ သူက အသားလုံးကို ပိုအရသာရှိစေတဲ့ ဟင်းအနှစ်ရည်ထဲ ထည့်လိုက်သည်။
ထို့နောက် လီလီသည် တစ်ညလုံးမအိပ်မနေ အလုပ်လုပ်ခဲ့သော်လည်း နောက်တစ်နေ့တွင်လျိုရို့ယွိကို အားမာန်အပြည့်နှင့်ခေါ်လိုက်သည်။
"ဒီနေ့လည်မှာတည်ခင်းမယ့်အဓိကဟင်းပွဲကတော့ဆွီဒင်အသားလုံးပါ" တွေ့တွေ့ချင်း လီလီကလျိုရို့ယွိကို အရင်ဆုံးပြောလိုက်သည်။
"ကောင်းပြီလေ။ စားပွဲထိုးတွေ အခုအဆင့်သင့်ဖြစ်ဖို့သတိပေးလိုက်မယ်"ဘာမှထပ်မပြောတော့ပဲလျိုရို့ယွိကချက်ချင်းခေါင်းညိတ်လိုက်သည်။
ပုံမှန်အားဖြင့်လျိုရို့ယွိက ပင်မစားသောက်ခန်းရဲ့ တာဝန်ခံဖြစ်ပြီး လီလီက မီးဖိုခန်းတာဝန်ခံဖြစ်သည်။ အကယ်၍ လီလီ့အသားလုံးများက မကောင်းသောမှတ်ချက်များရခဲ့လျှင်တောင် လျိုရို့ယွိက အထွန့်တက်ခြင်းမရှိဘဲ သူ၏ ညွှန်ကြားချက်များကို လိုက်နာမည်ဖြစ်သည်။
လျိုရို့ယွိဆီကအတည်ပြုချက်ရပြီးနောက်မှာတော့ လီလီကမီးဖိုခန်းဆီတခေါက်ပြန်လာပြီး နေ့လယ်ခင်း ဆိုင်ဖွင့်ချိန်ကို စောင့်စားနေခဲ့သည်။
နံနက်ခင်းများသည် အမြဲတမ်း မြန်မြန်ဆန်ဆန် ကုန်လွန်သွားသည်။ ခဏအကြာမှာ မွန်းတည့်ချိန်ရောက်လာပြီဖြစ်သည်။ ဖြစ်နေကျအတိုင်းအရ ယွမ်ကျိုး၏စားသောက်ဆိုင်သည် ဧည့်သည်များက အလွန်ပြည့်ကြပ်လာပြီးနောက် ကျန်သောဧည့်သည်အနည်းငယ်သည် အနောက်တိုင်းစားသောက်ဆိုင် "ပြိုင်ဖက်ကင်းလက်ရာ" သို့ လာကြပြီး နေ့လယ်စာစားရန်ရောက်လာကြသည်။
"ဟေ့ ဒီမှာ ဆွီဒင်အသားလုံးဟင်းလျာလည်း ရှိတယ်။ ကြည့်၊ ဈေးနှုန်း အတူတူပဲ။ တစ်ခုကို မှာပြီး စမ်းကြည့်ရမလား။" သူ့ညီမလေးကိုကြည့်ပြီး စုမူက မျက်ခုံးပင့်ကာမေးလိုက်သည်။
"အစ်ကို ဒီမှာတည်ခင်းတဲ့ဟာကရောအရသာရှိမယ်ထင်လားဟင်" စုယွဲ့ရှန်းကမျက်ခုံးကြုတ်ကာ မကျေမနပ် မေးလိုက်သည်။
"အနည်းဆုံးငါတို့ စမ်းစားကြည့်လို့ရတယ်လေ"သူရဲ့လှပတဲ့မက်မွန်ပွင့်ပုံမျက်လုံးတွေကအနည်းငယ်ကြုံ့သွားပြီးအရေးမစိုက်သလိုပြောလိုက်သည်။
"ဆွီဒင်အသားလုံးနှစ်ပွဲ" စုယွဲ့ရှန်း မကျေမနပ်ဖြစ်သော်လည်း သဘောမတူကြောင်း မပြခဲ့ပါ။ ထို့ကြောင့် စုမူသည် ဟင်းပွဲနှစ်ပွဲကို ချက်ချင်းမှာလိုက်သည်။
"မင်္ဂလာပါဧည့်သည်တို့ရှင်၊ ဒါက ကျွန်မတို့ရဲ့စားဖိုမှူးခေါင်းဆောင် ပြင်ဆင်တဲ့ အဓိကအစားအစာပါ။ အရသာက အရမ်းကောင်းတယ်" စားပွဲထိုးက လှိုက်လှိုက်လှဲလှဲ ပြောလိုက်သည်။
ထို့နောက်စားပွဲထိုးကအော်ဒါတင်လိုက်သည်။ ယခုတစ်ခေါက်ဆွီဒင်အသားလုံးအရသာကိုတော့ သူတို့ မစားကြည့်ရသေးဘဲ မသိနိုင်ချေ။
အပိုင်း(၃၃၆)
ပြီးပါပြီ။