အခန်း (၁၀၁-၁၀၂)
Vol. 9 Ch. 101-102
အပိုင်း(၁၀၁)
တခဏဂိုဏ်းဂယက်
“မင်း…”
ကျုံးယင်၏ မျက်လုံးများ ပြူးကျယ်သွားကာ သူ့အသံလည်း တုန်ခါလာခဲ့သည်။ သူခံစားနေရသော အရာကို သူမယုံနိုင်သေးပေ။
သူအားကုန်သုံး၍ ရုန်းနေသော်လည်း ကုအန် လက်ထဲမှ ရုန်းမထွက်နိုင်သေးပေ။ တကယ်တော့ သူရုန်း၍မရရုံတင်မဟုတ်ဘဲ အားနည်းနည်းမှကို ထုတ်မရခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် သူအားထုတ်လိုက်သည်နှင့် ဤဆေးတောင်ကြားတစ်ခုလုံး ပေါက်ကွဲထွက်သွားရမည်ဖြစ်သော်လည်း အခုတော့ သူ၏တစ်သားတည်းဖြစ်ခြင်းအဆင့် စွမ်းအားကိုလုံး၀ ထုတ်မရခဲ့ပေ။
သူ၏ ခန္ဓာအားရော စိတ်ဝိညဉ်စွမ်းအားပါ သူ့ကိုယ်ထဲမှ ထွက်မလာခဲ့ပေ။ ခန့်မှန်းမရသော စွမ်းအားတစ်ခုက သူ့ကိုယ်ထဲရှိ အားများအားလုံးကို ဖိနှိပ်ထားပြီး သူတစ်ခါမှ မခံစားရဖူးသော ဖိနှိပ်မှုတစ်မျိုးကို ခံစားနေခဲ့ရသည်။
နောက်ဆုံးတွင် သူသည် တစ်သားတည်းဖြစ်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ကာ မင်းဆက်ကိုးခုလုံးတွင် လွတ်လွတ်လပ်လပ်သွားလာနိုင်သူ ဖြစ်၏။
ကျုံးယင်စိတ်ထဲတွင် စိတ်ပျက်အားနည်းမှုများနှင့် ပြည့်နှက်သွားကာ သူဒုက္ခနှင့်တွေ့ပြီကို သိလိုက်သော်လည်း သူမသေချင်သေးပေ။
“စီနီယာ ကျေးဇူးပြုပြီး ကျွန်တော့်အသက်ကို ချမ်းသာပေးပါ” ကျုံးယင် အံတင်းတင်းကြိတ်၍ တောင်းပန်လိုက်သည်။
ကုအန် ဤနေရာတစ်ခုလုံးကို သူ့စိတ်ဝိညဉ်စွမ်းအားသုံး၍ စည်းပိတ်ထားလေရာ သူတို့အသံကို အပြင်မှ လုံး၀မကြားနိုင်တော့ပေ။
ကုအန် ကျုံးယင်၏သရုပ်မှန်ကိုလည်း ခန့်မှန်းမိသောကြောင့် ချက်ချင်းမသတ်သေးဘဲ မေးလိုက်သည်။
“မင်းအသက်ကို ချမ်းသာပေးရမယ့် အကြောင်းပြချက်တစ်ခုပေး”
ကျုံးယင်မှာ ကုအန်ကိုအလွန်ကြောက်ရွံ့နေသောကြောင့် သူ့ဆီမှ ရန်လိုသည့် အသိပေးချက်ပင် ထွက်မလာခဲ့ပေ။
“ကျွန်တော်က တစ္ဆေသူခိုးပါ..ဒီနေရာကို ဆန်းကြယ်သန့်စင်ပင်ကို ရှာဖို့လာခဲ့တာပါ ဒါပေမယ့် အဲ့တာကိုကျွန်တော့်အကျိုးအတွက် သုံးဖို့မဟုတ်ပါဘူး လူသားကမ္ဘာတစ်ခုလုံးအတွက်ပါ အဓိပတိဂိုဏ်းရဲ့ အဆင့်မြင့်ပုဂ္ဂိုလ်ကြီးတစ်ယောက်အနေနဲ့ ဆရာကြီးလည်း အမတကျင့်ကြံခြင်းကမ္ဘာရဲ့ အရင်းအမြစ်ရှားပါးမှုအကြောင်းကို သိမှာပါ အဲ့ထဲမှာမှ အဓိပတိဂိုဏ်းက အမတကျင့်ကြံခြင်းကမ္ဘာရဲ့ အရင်းအမြစ်အများအပြားကို အပိုင်သိမ်းထားတယ်
သာမန်နေရာတွေမှာ စိတ်ဝိညဉ်စွမ်းအင်တွေက ပိုပိုပြီး အားနည်းလာပြီး ကြီးမားတဲ့နောက်ခံမရှ်ိတဲ့ လူတစ်ယောက်က သူ့ရဲ့ကိုယ်ပိုင်အမတလမ်းစဉ်ကို မဖောက်နိုင်တော့ဘူး ဒီတိုင်းသာ ဆက်သွားနေရင် အနာဂတ်မှာ မြင့်မြတ်မိသားစုတွေပဲ ဒီကမ္ဘာကြီးမှာ ကျန်ရစ်ခဲ့လိမ့်မယ်…”
ကျုံးယင် အမြန်ပြောလိုက်ပြီး ပြောနေရင်း သူ့မျက်လုံးများမှာလည်း နီရဲနေခဲ့သည်။
ကုအန် နှလုံးသားထဲတွင်တောင် နာကျင်သွားရ၏။
ဒီကောင့် သရုပ်ဆောင်စွမ်းရည်ကတော့!
ကုအန် တစ္ဆေသူခိုးပြောသောအကြောင်းအရာကို နားလည်ပြီး သူ့လုပ်ရပ်မှာလည်း စစ်မှန်သောသူရဲကောင်းတစ်ယောက်၏ လုပ်ရပ်မျိုးသာ ဖြစ်ပေသည်။ သို့သော် ဘယ်လိုပဲဖြစ်ဖြစ် သူတို့လိုအပ်သော အရင်းအမြစ်ကို သူ့ဆီမှတော့ လာမခိုးသင့်ပေ။ ထိုအရာကိုတော့ ကုအန် လက်မခံနိုင်ပေ။
“မင်းကအခု ငါ့ခွန်အားကို သတိထားမိသွားပြီဆိုတော့ သတင်းပေါက်ကြားမသွားအောင် မင်းကိုသတ်ရုံကလွဲလို့ ရွေးချယ်စရာမရှ်ိတော့ဘူး” ကုအန် အမူအရာမဲ့စွာ ပြောလိုက်သည်။
ထိုစကားကိုကြားသောအခါ ကျုံးယင် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားခဲ့၏။ ကျုံးယင် မျက်လုံးထဲတွင် အတွေးများ အလျင်အမြန်ဖြတ်ပြေးနေခဲ့ပြီး သူအမြန်အော်ပြောလိုက်သည်။
“ကျွန်တော့်မှာ ကျွန်တော်ကဆရာကြီးထံ လုံး၀နာခံစေနေမယ့် မှော်သိုင်းတစ်ခုရှ်ိပါတယ် တကယ်လို့ ကျွန်တော်သာ ဆရာကြီးအမိန့်ကို ငြင်းဆန်ခဲ့ရင် ကျွန်တော်က ဆိုးဆိုးဝါးဝါးသေသွားရမှာပါ”
အခွင့်အရေးတစ်ခုရှိတယ်!
ငါသူ့ကို လှည့်စားလိုက်လို့ရတယ်!
သူ့နှလုံးသားထဲမှ ကြောက်ရွံ့မှုများတွင် စိတ်လှုပ်ရှားမှုများက အစား၀င်ရောက်လာခဲ့သည်။
[ကျုံးယင်သည် သင့်အပေါ် ရန်လိုစိတ်ရှိနေပြီး အရိုးထိအောင် မုန်းနေပါသည် သင်သူ့အပေါ် သက်တမ်းစစ်ဆေးခြင်းအသုံးပြုချင်ပါသလား]
မင်းကိုလွှတ်ပေးလိုက်တော့မယ့်အချိန်မှာ မင်းကငါ့အပေါ် ရန်လိုနေတယ်လား!
စိတ်ဝင်စားစရာပဲ!
ထိုစကားကြောင့် ကုအန်စိတ်ဝင်စားသွားပြီး မေးလိုက်သည်။
“ဘာမှော်သိုင်းလဲ”
ကျုံးယင် ရှင်းပြလိုက်၏။ “အဲ့တာကို ကောင်းကင်အဆုံးအဖြတ်ကျိန်စာ လို့ခေါ်တယ် ကျွန်တော်တို့ကြားထဲမှာ ပဋိညဉ်စာချုပ်တစ်ခု ချုပ်လိုက်တာနဲ့ ကျွန်တော်က ဆရာကြီးကို သစ္စာခံဖို့ ကျိန်ဆိုပြီးသားဖြစ်သွားလိမ့်မယ်”
“ဟုတ်ပြီလေ အဲ့တာဆိုငါ့နောက်လိုက်ခဲ့ ပဋိညဉ်စာချုပ်ချုပ်ဖို့ လုံခြုံတဲ့နေရာဆီသွားရအောင်” ကုအန် ကျုံးယင်ကို ဆွဲကာ တည်နေရာကူးပြောင်းခြင်းအစီအရင်ရှိရာသို့ ခေါ်လာခဲ့သည်။
ကျုံးယင် စိတ်ဝိညဉ်စွမ်းအင်ဖြင့် ဖိနှိပ်ခံထားရ၍ မလှုပ်နိုင်သော်လည်း စိတ်ထဲတွင်တော့ ကုအန် သူ့ထောင်ချောက်ထဲကျရောက်လာပြီဟု ယုံကြည်နေသောကြောင့် စိတ်အေးသွားခဲ့၏။
ကုအန် ဆွဲခေါ်ရာပါလာရင်း ကျုံးယင် တွေးနေမိသည်။
ဒီလူက တကယ်ပဲ ဘယ်သူများလဲ!
သူ့လို တစ်သားတည်းဖြစ်ခြင်းအဆင့်တစ်ယောက်ကို အသာအယာဖိနှိပ်နိုင်လောက်အောင် ထိုလူသည် ဆန်းကြယ်နှလုံးသား အဆင့်များ ဖြစ်နေနိုင်ပါသလော!
ဤပုဂ္ဂိုလ်သည် အဓိပတိဂိုဏ်းမှ အနားယူနေသော အဓိပတိအကြီးအကဲတစ်ယောက်များ ဖြစ်ေနေနိုင်သလော!
သူတွေးမိလေလေ ကြောက်လာလေလေပင်၊ သူထိုကိစ္စအား သူ့ဂိုဏ်းသို့ သတင်းပို့ကိုပို့ရပေလိမ့်မည်။
ဤသို့ဖြင့် သူတို့နှစ်ယောက် တည်နေရာကူးပြောင်းခြင်းအစီမအရင်မှတစ်ဆင့် ဆန်းကြယ်တောင်ကြားသို့ ရောက်ရှိလာခဲ့သည်။ တောင်ကြားရှိ တပည့်များ သူတို့နှစ်ယောက်အား စိတ်၀င်တစားကြည့်လိုက်ကြပါသော်လည်း သူတို့သည် အပြင်ပန်းတွင် ပျော်ပျော်ရွှင်ရွှင်စကားပြောနေသည်ကို တွေ့သောအခါ အကြည့်များ ပြန်လွဲသွားကြ၏။
ဆန်းကြယ်တောင်ကြားနှင့်မိုင်ဒါဇင်ချီဝေးသောနေရာသို့ရောက်ရှိလာပြီး သူတို့နောက်မှ ဘယ်သူမှလိုက်မလာတာ သေချာမှ ကုအန် ရပ်တန့်လိုက်သည်။
သူတို့နှစ်ယောက်လုံး တောအုပ်ထဲသို့ ရောက်ရှိနေကြပြီး တစ်ချိန်လုံးကုအန်က သူ့အား စိတ်ဝိညဉ်စွမ်းအားသုံး၍ ဖိနှိပ်ထားသောကြောင့် ကျုံးယင် ထွက်ပြေးမရခဲ့ပေ။
ကျုံးယင် အားယူ၍ ပြုံးပြလိုက်ပြီး မေးလိုက်၏။
“စီနီယာ ကျွန်တော်တို့စလို့ရပြီလား”
ကုအန် ခေါင်းညိတ်ပြလိုက်ပြီး သူ့မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာခဲ့လေသည်။
ကုအန် အပြုံးကိုမြင်လိုက်သောအခါ ကျုံးယင်အမူအရာ ရုတ်ချည်းပြောင်းလဲသွားပြီး အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရ၏။ သူဘာမှ မတုံ့ပြန်နိုင်ခင်မှာပင် အားကောင်းသောနတ်အာရုံတစ်ခုသည် သူ့စိတ်ထဲသို့ ထိုးဖောက်၀င်ရောက်လာလေတော့သည်။
ဝိညဉ်ချုပ်သိုင်း!
…….
အလင်းခပ်မှိန်မှိန် ခန်းမကြီးတစ်ခုထဲတွင် ကျုံးယင် ဒူးထောက်နေပြီး သူ့ရှေ့ရှိ လှေကားများထိပ်မှ ဆန်းကြယ်သောအရိပ်ကို ကြည့်ရှုနေခဲ့၏။
“မင်းမှာ အတော်လေးကောင်းတဲ့ စွမ်းအင်ဖုံးကွယ်နိုင်တဲ့ မှော်သိုင်းတစ်ခုရှ်ိတယ်ဆိုတော့ မင်းက အဓိပတိဂိုဏ်းရဲ့အတိမ်အနက်ကို စမ်းသပ်ရမယ်” မည်သည့်ခံစားချက်မှပါမနေသည့် အေးစက်စက်အသံကြီးတစ်ခု အရိပ်ဆီမှ ထွက်ပေါ်လာခဲသည်။
ကျုံးယင် တုန့်ဆိုင်းနေကာ “လုပိုင်ထျန်းက ဂိုဏ်းချုပ်ရာထူးကို ပြန်ယူလိုက်ပြီးတော့ သူ့ကျင့်ကြံခြင်းကလည်း တစ်သားတည်းဖြစ်ခြင်းအဆင့် ၉ ကိုတောင်ရောက်နေတာ ကျွန်တော်တို့ သူနဲ့ထိပ်တိုက်ရင်ဆိုင်မလို့လား”
ဆန်းကြယ်သောအရိပ် ပြန်ပြောလိုက်၏။ “ဒါက ပင်မဂိုဏ်းကြီးကပေးလိုက်တဲ့ အမိန့်ပဲ မိစ္ဆာကပ်ဘေးမတိုင်ခင် ထိုက်ကန်မင်းဆက်တစ်ခုလုံးကို ပေါင်းစည်းထားရမယ် ထိုက်ကန်မင်းဆက်က ငါတို့ရဲ့အနာဂတ်အစီအစဉ်မှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါ၀င်နေတယ်”
ထိုစကားကိုကြားသောအခါ ကျုံးယင် စိတ်လှုပ်ရှားသွားပြီး မေးလိုက်သည်။ “ပင်မဂိုဏ်းက ညွှန်ကြားချက်လား နောက်ဆုံးတော့ ပင်မဂိုဏ်းက ကျွန်တော်တို့က ကူညီဖို့ ခွင့်ပြုလိုက်ပြီလား”
“လွန်ခဲ့တဲ့ နှစ်၂၀၀က ကျရှုံးမှုကြောင့် ပင်မဂိုဏ်းက ငါတို့အပေါ် မကျေနပ်တော့ဘူး ငါတို့က ထိုက်ကန်မင်းဆက်ကို စိမ့်၀င်နိုင်ခဲ့ပေမယ့် အခြားဂိုဏ်းခွဲတွေနဲ့ယှဉ်ရင် ငါတို့ဂိုဏ်းခွဲရဲ့ လုပ်ဆောင်မှုက မလုံလောက်သေးဘူး မင်းရဲ့တာ၀န်က ပင်မဂိုဏ်းက ဆန်းကြယ်နှလုံးသားအဆင့်ကျင့်ကြံသူမရောက်ခင် အဓိပတိဂိုဏ်းရဲ့ အုတ်မြစ်ဘယ်လောက်နက်ရှိုင်းလဲဆိုတာ စမ်းသပ်ထားရမယ်
ပြီးရင် ငါတို့အဓိပတိဂိုဏ်းနဲ့ စစ်ပွဲဆင်နွှဲမယ်”
ဆန်းကြယ်သောအရိပ်၏စကားကို ကြားသောအခါ ကျုံးယင်စိတ်လှုပ်ရှားသွားပြီး ဤတာ၀န်သည် သူ့ကိုယ်သူသက်သေပြနိုင်ဖို့ အခွင့်အရေးတစ်ခုဟု ထင်မှတ်သွားခဲ့၏။
ကုအန် ထိုမြင်ကွင်းမှပြောင်း၍ အခြား မှတ်ညဏ်များကို ရှာဖွေကြည့်လိုက်သည်။
ထိုကောင်သည် လုံး၀ တစ္ဆေသူခိုးမဟုတ်ပေ။ သူသည် တစ္ဆေသူခိုးဟူသော သရုပ်ကိုသုံး၍ အဓိပတိဂိုဏ်းထဲတွင် ပုန်းအောင်းနေသော အစွမ်းထက်ကျင့်ကြံသူ မည်မျှရှိသည်ကို စမ်းသပ်လိုခြင်းသာ ဖြစ်၏။
ရန်သူကို သတိပေးလိုက်သလို ဖြစ်မသွားစေရန် တခဏဂိုဏ်း၏ သရုပ်ကို ထုတ်မသုံးခဲ့ခြင်းဖြစ်သည်။ တစ္ဆေသူခိုးဟူသော သရုပ်သည် သူရဲကောင်းတစ်ယောက်အဖြစ် လှုပ်ရှားနေခြင်းဖြစ်ပြီး အဓိပတိဂိုဏ်းသည် လမ်းမှန်ဂိုဏ်းတစ်ခုဖြစ်သောကြောင့် သူ့ကို မိသွားလျှင်ပင် အဓိပတိဂိုဏ်းက သူ့ကိုသတ်ဖြတ်မှာ မဟုတ်ပေ။ ထို့ကြောင့်လည်း သူထိုသရုပ်ကို အသုံးပြုနေခြင်း ဖြစ်သည်။
သက်တမ်းအသိပေးချက်ကြောင့်သာ မဟုတ်ပါက ကုအန်ပင် သူ့ကိုလှည့်ဖျားနေသည်ကို သတိထားမိမည်မဟုတ်ပေ။
တစ်နာရီခန့်ကြာသောအခါ
ကျုံးယင်၏ ခန္ဓာကိုယ်ကုအန်ရှေ့တွင် လဲကျသွားတာ လုံး၀ မလှုပ်တော့ဘဲ သေဆုံးသွားပြီ ဖြစ်သည်။ သူ့မူလဝိညဉ်မှာလည်း ကုအန်၏ စိတ်ဝိညဉ်စွမ်းအားသုံး၍ အမှုန့်ချေခြင်းကို ခံလိုက်ရပြီ ဖြစ်၏။
ကုအန် အမူအရာကင်းမဲ့စွာ ကျုံးယင် သိုလှောင်အိတ်ကိုယူကာ သူ့အလောင်းကို စိတ်ဝိညဉ်စွမ်းအားမီးတောက်သုံး၍ ပြာချပစ်လိုက်လေသည်။
ကျုံးယင်ကို သတ်ဖြတ်လိုက်ခြင်းသည် သက်တမ်း ၂၀၀ ကျော်ရရှိခဲ့သော်လည်း ကုအန် အမူအရာလုံး၀ ပြောင်းမသွားခဲ့ပေ။
ကျုံးယင်၏ မှတ်ညဏ်ထဲ၌ ကောင်းကင်အဆုံးအဖြတ်ကျိန်စာ ၏သဲလွန်စ လုံး၀မရှိခဲ့ပေ။ သူ့မှတ်ညဏ်ထဲ၌ ရတနာပစ္စည်းများကို ခိုးခဲ့ခြင်းများ မိသားစုကြီးများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ခြင်းများ အမျိုးသမီးကျင့်ကြံသူများကို အနိုင်ကျင့်ခဲ့ခြင်းများနှင့်သာ ပြည့်နှက်နေခဲ့သည်။ ထိုကောင်သည် အမှန်တကယ်ပင် စောက်ကျင့်မကောင်းသော ကောင်တစ်ကောင်ဖြစ်၏။
ထိုကောင်၏ လုပ်ရပ်များကြောင့် ကုအန် တခဏဂိုဏ်းကို အထင်အမြင်သေးသွားခဲ့ရသည်။
သူအရင်က ထင်ခဲ့သည်မှာ တခဏဂိုဏ်းနှင့် အဓိပတိဂိုဏ်းတို့ကြားစစ်ပွဲသည် ဂိုဏ်းများကြား ဝိရောဓိဖြစ်မှုဟူ၍သာ ထင်ခဲ့သော်လည်း အခုတော့ ထိုသို့ ဟုတ်ပုံမရပေ။ တခဏဂိုဏ်းသာ ထိုက်ကန်မင်းဆက်တစ်ခုလုံးအား စုစည်းနိုင်သွားပါက သူ့ဘ၀လည်း ပိုခက်လာမည့်ပုံပင်။
အဓိပတိဂိုဏ်းထဲတွင်လည်း မသမာမှုများ ရှိသော်လည်း ဂိုဏ်းထဲရှိ တစ်သားတည်းဖြစ်ခြင်းအဆင့်ကျင့်ကြံသူများထဲတွင် လူကောင်းများစွာ ကျန်နေသေးပြီး တခဏဂိုဏ်းလောက်တော့ မဆိုးပေ။
ကုအန် တွေးနေရင်း ထိုနေရာမှ ထွက်ခွာလာခဲ့သည်။
ဆောင်းဦးလေသည် တောအုပ်ထဲတွင် တိုက်ခတ်နေပြီး ကျုံးယင်၏ အလောင်းပြာမှုန့်များသည် လေထဲတွင် ဝဲပါသွားလေတော့သည်။
ကုအန်အရင်ဆုံး သဘာ၀ဂူ၈လုံးထဲသို့ သွားကာ ကျုံးယင်၏ သိုလှောင်အိတ်ထဲမှ ပစ္စည်းများကို စစ်ဆေးလိုက်ပြီး ခြေရာခံလိုက်၍ ရလောက်သော ပစ္စည်းများအားလုံးကို ဖျက်ဆီးပစ်လိုက်၏။
တစ်သားတည်းဖြစ်ခြင်းအဆင့်တစ်ယောက်၏ သိုလှောင်အိတ်သည် မထင်ထားလောက်အောင်ပင် ကြွယ်၀လွန်းပြီး မှော်အသုံးအဆောင်အမျိုးမျိုး ဆေးအမျိုးမျိုးနှင့် အတော်လေး ဆိုးသွမ်းညစ်ညမ်းသော ပစ္စည်းအချို့ပင် ရှ်ိနေသေးသည်။
ဂူထဲတွင် တစ်နာရီခန့်နေပြီးမှ ကုအန် ထွက်လာခဲ့လိုက်၏။
ဆန်းကြယ်တောင်ကြားသို့ရောက်သောအခါ တခဏပန်းပင် မည်သို့ကြီးထွားလာမည်ကို သိလိုသောကြောင့် ကုအန် ယန်နီကို သွားရှာခဲ့သည်။
ယန်နီသည် တခဏပန်းပင်စိုက်ထားသော ဥယျာဉ်ထဲ၌ တရားထိုင်နေခဲ့၏။ ကုအန်တို့ ဆန်းကြယ်ဥယျာဉ်ထဲက ဖြတ်သွားကြတုန်းကလည်း တရားထိုင်နေသောကြောင့် သူသတိမထားမိခဲ့ပေ။
ထိုအရာမှာ သူသတိလွတ်သွား၍ မဟုတ်ဘဲ ကျုံးယင်၏ စွမ်းအင်ဖုံးကွယ်ခြင်းပညာကိုက အလွန်အစွမ်းထက်လွန်းနေ၍ ဖြစ်သည်။
“စီနီယာဘာလို့ ဒီမှာကျင့်ကြံနေတာလဲ” ယန်နီသည် တခဏပန်းပင်၏ စိတ်ဝိညဉ်စွမ်းအင်များကို စုပ်ယူ၍ ကျင့်ကြံနေခြင်းဖြစ်ပြီး ထိုအရာသည် ပန်းပင်၏ကြီးထွားမှုအတွက် မကောင်းသောကြောင့် ကုအန် မေးလိုက်ခြင်း ဖြစ်၏။
ယန်နီ မျက်လုံးဖွင့်ကာ ပြောလိုက်သည်။ “တောင်ကြားထဲမှာ ကျင့်ကြံရင် ငါ့ကျင့်ကြံခြင်းအဆင့်ကို အခြားသူတွေသတိထားမိသွားမှာ စိုးလို့ပါ”
ကုအန် သူမအား အတင်းဆွဲထူကာ သူ့အိမ်ဆီသို့ ခေါ်သွားလိုက်ရင်း ပြောလိုက်၏။
“ကျွန်တော့်အခန်းထဲ လာကျင့်ကြံစမ်းပါ အဲ့ဒီမှာ စည်းတွေလည်းချထားပြီးပြီ ဘယ်တပည့်မှ အထဲကိုမြင်ရမှာ မဟုတ်ဘူး”
ယန်နီ မျက်ခုံးများတွန့်ကွေးသွားသော်လည်း ကုအန်ကို မငြင်းနိုင်သောကြောင့် တောင်ကြားထဲသို့သာ လိုက်ပါသွားခဲ့ရသည်။
…..
ဆောင်းရာသီရောက်ရှိလာခဲ့ကာ တတိယဆေးတောင်ကြားသည် နှင်းများဖြင့် ဖုံးအုပ်ခြင်းကို ခံထားခဲ့ရ၏။
ကုအန် အခန်းထဲတွင် စာဖတ်နေရင်း ရုတ်တရက်ကျိရှောင်ယု ရောက်ရှိလာသည်ကို သတိထားမိလိုက်သောကြောင့် စာအုပ်ကို အမြန်ဖွက်ထားလိုက်ရသည်။ ထို့နောက် မတ်တပ်ရပ်လိုက်ပြီး ကျိရှောင်ယုကို ကြိုဆိုလိုက်၏။
ကျိရှောင်ယု တံခါးကိုပြန်ပိတ်လိုက်ကာ စည်းများချလိုက်ပြီး မေးလိုက်လေသည်။
“ရှန်ကျိုးကျမ်းက နင်အိပ်မက်ထဲမှာ နားလည်သဘောပေါက်ခဲ့တဲ့ တစ်ခုခုလား”
ရှန်ကျိုးကျမ်းကို နှစ်၀က်ကြာလေ့လာခဲ့ပြီး ထိုထဲမှ သူအမြင်အသစ်များပွင့်လန်းခဲ့ရသောကြောင့် မေးလိုက်ခြင်း ဖြစ်၏။
ကုအန် ပြန်ဖြေလိုက်သည်။ “အဲ့တာက ကျင့်စဉ်မဟုတ်ပါဘူး စိတ်ကိုတည်ငြိမ်အောင်လုပ်ပေးနိုင်တဲ့ ဘ၀နေနည်းလေးတွေပါပဲ တည်ငြိမ်နေတဲ့ စိတ်က ကျင့်ကြံတဲ့နေရာမှာ အထောက်အကူပြုတယ်လေ”
“အိပ်မက်ထဲမှာ ညဏ်အလင်းပွင့်ခဲ့တဲ့တစ်ခုခုမဟုတ်ဘူးလား”
“လုံး၀မဟုတ်ပါဘူး ကျွန်တော်အရင်က အပြင်စည်းဂိုဏ်းအပြင်ဘက်မှာ စီနီယာအဖိုးကြီးတစ်ယောက်နဲ့တွေ့တုန်းက ကျွန်တော့်ကို သူကရှန်ကျိုးကျမ်းပေးခဲ့တာ ကျွန်တော်လည်း အဲ့ဒီကျမ်းကို တစိုက်မတ်မတ်လေ့လာပြီးခဲ့တဲ့နောက် ကျွန်တော့်စိတ်က ပိုပြီးတည်ငြိမ်လာပြီး အမြင်ရှင်းလာတယ် ဘာကိုမှလည်းစိတ်မပူတော့သလို ဘာကိုမှလည်း စွဲလန်းမနေတော့ဘူး”
ကုအန်ခေါင်းခါပြ၍ ပြောလိုက်ရာ ကျိရှောင်ယုကုအန်အား စိုက်ကြည့်နေလေသည်။
ကျိရှောင်ယု ထပ်ပြောလိုက်သည်။ “ဒီစာအုပ်က တကယ်ပဲ အသုံး၀င်တယ် ငါ့စိတ်က အခုဆို ဒီကိုမရောက်ခင်ကထက်စာရင် အများကြီးပိုပြီး တည်ငြိမ်လာပြီ”
“ငါဒီစာအုပ်ကို ကျိမိသားစုဆီ ယူသွားချင်တယ် အဲ့ဒီအတွက် နင့်ကို အဆင့်၇ အပင်တစ်ပင်ရအောင်ကြိုးစားပေးမယ် ကျိမိသားစုရဲ့ အုတ်မြစ်ကလည်း အဓိပဓိဂိုဏ်းအောက် မနိမ့်ပါဘူး”
“ဒါပေါ့ နင်ခွင့်မပြုရင်လည်း ငါအတင်းအကြပ်မလုပ်ပါဘူး နောက်ပြီး ရှန်ကျိုးကျမ်းစာအကြောင်းလည်း မပေါက်ကြားစေရဘူး”
အဆင့်၇ စိတ်ဝိညဉ်ပင်!
ကျိမိသားစုက ဒီလောက်တောင် စွမ်းအားကြီးတယ်လား!
ကုအန် စိတ်ထဲက အံ့ဩနေမှုကို ဖိနှိပ်ထားကာ ပြောလိုက်ကာ စိတ်အေးအေးထား၍ ပြောလိုက်သည်။
“ဒါပေါ့ ကျွန်တော်လည်းပေးချင်ပါတယ် ရှန်ကျိုးကျမ်းက ကွန်ဖြူးရှပ်ကတောင် သူ့အတွေးအမြင်တွေကို ကမ္ဘာတစ်ခုလုံး ပျံ့နှံ့စေချင်တာ ကျွန်တော်က ဘာလို့အဲ့တာကို သိမ်းထားရမှာလဲ”
ရှန်ကျိုးကျမ်းသည် ရှေးဟောင်းတရုတ်ပညာရှိများဖြစ်သော လောင်ဇီ ကွန်ဖြူးရှပ် ကျောင်းကျိ တို့၏စကားများကို ဟိုတစ်စ ဒီတစ်စဖြတ်ညှပ်ကပ်၍ ထည့်ထားသော စာအုပ်ဖြစ်ပြီး သူတို့၏ နာမည်များကိုလည်း ကုအန်ထည့်သွင်းရေးသားထားခဲ့သည်။
ထိုစကားကိုကြားသောအခါ ကျိရှောင်ယုမျက်နှာတွင် အပြုံးတစ်ပွင့်ပေါ်လာပြီး ကုအန်နှင့် ရှန်ကျိုးကျမ်းအကြောင်း စတင်ဆွေးနွေးလေတော့သည်။
အချိန်အတော်ကြာ ဆွေးနွေးပြီးသောအခါမှ ကျိရှောင်ယု ပြန်သွားခဲ့၏။
ကျိရှောင်ယု တံခါး၀မှထွက်သွားတော့မည့်အချိန်တွင် နောက်ပြန်လှည့်၍ ပြောလိုက်သည်။
“အခုနင်က အရမ်းကြီးတဲ့ ဆေးတောင်ကြားကြီးတစ်ခုကို ပိုင်ဆိုင်နေပြီး နင့်ရာထူးဂုဏ်ပုဒ်က ပြောင်းလဲသွားခဲ့ပြီဆိုတော့ နင်လည်း တခဏဂိုဏ်းအကြောင်းကြားမိမှာပေါ့ တကယ်လို့ တခဏဂိုဏ်းကတစ်ယောက်ယောက် နင့်ကိုသိမ်းသွင်းဖို့ ကြိုးစားရင် သဘောမတူလိုက်နဲ့”
“တခဏဂိုဏ်းက ဘာဖြစ်လို့လဲ”
“တခဏဂိုဏ်းရဲ့ လမ်းစဉ်ကိုက အပြစ်တွေနဲ့ပြည့်နှက်နေတဲ့ မိစ္ဆာလမ်းစဉ်ပဲ သူတို့နဲ့ ဆက်ဆံလို့ ဘာမှကောင်းကျိုးရလာမှာမဟုတ်ဘူး နောက်ပြီး သူတို့က ကျိမိသားစုနဲ့ ရန်သူတွေပဲ”
လက်မခံစေချင်တဲ့ တကယ့်ရည်ရွယ်ချက်က နောက်ဆုံးအချက်ကြောင့်မဟုတ်လား!
ကုအန် ကျိရှောင်ယုစကားကိုကြားလိုက်ပြီးနောက် တခဏဂိုဏ်း၏ အဓိပတိဂိုဏ်းအပေါ် သက်ရောက်မှုများကို တွေးနေမိသည်။ ကျိရှောင်ယုစကားအရ ဂိုဏ်းထဲတွင် တခဏဂိုဏ်းဘက်သို့ ဘက်ပြောင်းသွားသော ကျင့်ကြံသူများစွာ ရှ်ိနေနိုင်ပြီး ကျိရှောင်ယုလည်း ထိုအရာကို သတိထားမိမှန်း သိသာနေ၏။
အပိုင်း(၁၀၂)
ကံကြမ္မာကိုဆန့်ကျင်ခြင်း၊ နွယ်စိမ်းပင်၏ ကြောက်ရွံ့မှု
ကုအန် နှစ်၀က်ကျော်ကျော်စောင့်နေခဲ့သော်လည်း ကျိမိသားစုဆီမှ အဆင့်၇ စိတ်ဝိညဉ်သစ်ပင် ရောက်မလာခဲ့ပေ။
ကျိရှောင်ယု သူ့ကိုလှည့်စားသွားခြင်းမဟုတ်သည်ကိုတော့ ကုအန် ယုံပေသည်။ ဖြစ်နိုင်သည်မှာ ကျိမိသားစု၏ မိသားစုတွင်း လုပ်ပိုင်ခွင့်များသည် ရှုပ်ထွေးပုံပေါ်ပေသည်။
ဤနေရာတွင်တော့ အဓိပတိဂိုဏ်းက ပိုသာ၏။ သူတို့သည် သူ့အား ဆန်းကြယ်သန့်စင်ပင်ကို ချက်ချင်းပင် ယူလာပေးခဲ့သည် မဟုတ်ပါလား။
ပူအိုက်သော နွေရာသီတွင် ကုအန် ဆေးစိုက်ခင်းထဲ၌ မျိုးစေ့များကြဲနေစဉ် ကုယူ သူ့ဘေးတွင်လိုက်ကာ ကြည်ညိုဖွယ်အဓိပတိအမတ အကြောင်းပြောနေခဲ့လေသည်။
ဤနှစ်တွင် ကြည်ညိုဖွယ်အဓိပတိစာအုပ်သည် ဇာတ်ရှိန်၏ အမြင့်ဆုံးအပိုင်းသို့ ရောက်ရှိနေပြီး ပါရမီရှင် ကုယူနှင့် အမျိုးသားဇာတ်လိုက် ကျိုးတောင်းယူ တို့ မိစ္ဆာများကို တိုက်ခိုက်ရန် တပ်ဖွဲ့များထဲသို့ ၀င်ရန် ပြင်နေသည့် အခန်းကိုရောက်နေပြီ ဖြစ်၏။
ကုအန်လည်း မနေ့ညက သူ၏ မဟာယင်ယန်ပြောင်းလဲခြင်းသိုင်းကို အစွန်းကိုးပါးယင်ယန်ခန္ဓာအဖြစ် အဆင့်မြှင့်ခဲ့နိုင်သောကြောင့် ယနေ့တွင် စိတ်အခြေအနေ ကောင်းနေခဲ့သည်။
အစွန်းကိုးပါးယင်ယန် ခန္ဓာသိုင်းသည် မဟာယင်ယန်ပြောင်းလဲခြင်း သိုင်း၏ စွမ်းရည်များ အကုန်ပြန်ပါလာသေးသည့် အပြင် အပိုစွမ်းရည်အဖြစ် ကိုယ်ပွားများထုတ်နိုင်သည့် စွမ်းရည်လည်း ပါလာခဲ့၏။ ကုအန် ထိုသိုင်းဖြင့် ကိုယ်ပွားကိုးခုထုတ်နိုင်ပြီး ထိုကိုယ်ပွားများဖြင့်လည်း ရန်သူကို တိုက်ခိုက်နိုင်ပေသည်။
ကုအန် ကိုယ်ပွားတစ်ခုထုတ်၍ ဆေးပင်များ ရိတ်သိမ်းရန်ပင် ကြိုးစားခဲ့သေးသော်လည်း ကံဆိုးစွာဖြင့် အရင်ကလိုပင် ထိုကိုယ်ပွားများဖြင့် သက်တမ်းစုဆောင်း၍ မရခဲ့ပေ။
ကုအန် ဆေးပင်မျိုးစေ့များ ကြဲနေရင်း နောက်တစ်ကြိမ်တွင် မည်သည့်သိုင်းကို အဆင့်မြှင့်သင့်သလဲဟု တွေးနေမိ၏။
ပုံမှန်အားဖြင့် သူ့သိုင်းများကို တစ်လတစ်ခါမြှင့်လိုသော်လည်း မနှစ်က မြောက်ပင်လယ်တောင်တန်းဒေသတွင် တစ်သားတည်းဖြစ်ခြင်းအဆင့်ကျင့်ကြံသူများ တိုက်ခိုက်နေသောကြောင့် သူ့ပိုသန်မာလာမည့် အစီအစဉ်ကို နောက်ဆုတ်ခဲ့ရခြင်း ဖြစ်သည်။
ကုယူ ကုအန်ကို မေးလိုက်၏။ “ဟေးး မင်းငါပြောတာကို နားရောထောင်နေရဲ့လား”
ကုအန် ပြန်မကြည့်ဘဲ ပုံမှန်လေသံဖြင့်သာ ဖြေလိုက်သည်။
“ကျွန်တော် စာအုပ်ကို အစ်ကိုရေးစေချင်တဲ့အတိုင်း ရေးမှာမဟုတ်ဘူး စောင့်သာကြည့်နေလိုက်ပါ”
“ကြည်ညိုဖွယ်အဓိပတိအမတ ရေးပြီးဖို့ အချိန်ဘယ်လောက်ကြာဦးမှာလဲ” ကုယူထပ်မေးလိုက်သည်။
ထိုနေရာ၏ ဆယ်မိုင်အတွင်း ဘယ်သူမှမရှိသောကြောင့် သူတို့နှစ်ယောက် လွတ်လွတ်လပ်လပ်ပြောနေခြင်း ဖြစ်၏။
“မကြာခင် ပြီးတော့မှာပါ နှစ်အနည်းငယ်အတွင်း”
“အဲ့တာပြီးရင် ဘာရေးမှာလဲ”
“အဲ့ဒီအကြောင်းနောက်မှ ပြောကြတာပေါ့ ကျွန်တော်ဆက်မရေးတော့တာလည်း ဖြစ်နိုင်တယ်”
“အဲ့ဒီလိုမပြောစမ်းပါနဲ့ မင်းသာစာရေးတာကိုရပ်လိုက်ရင် အမတကျင့်ကြံခြင်းကမ္ဘာအတွက် ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်သွားမှာပေါ့”
“တကယ်တော့ ကျွန်တော်ရပ်လိုက်တာကလည်း ကောင်းပါတယ် မဟုတ်ရင် ကျင့်ကြံသူတွေက မကျင့်ကြံတော့ဘဲ တစ်နေ့လုံး စာအုပ်တွေပဲ ဖတ်နေရင် ဘယ်လိုလုပ်မလဲ”
“အဓိပ္ပာယ်မရှိတာ ဘယ်သူက နေ့တိုင်းဖတ်မှာလဲ မင်းလည်းတစ်နှစ်ကိုမှ စာလုံးရေနည်းနည်းလောက်ရေးတာ ငါတို့ကလည်း ကျင့်ကြံခြင်းနားတဲ့အချိန်တွေလောက်ပဲ ဖတ်တာပါ”
သူတို့နှစ်ယောက် အချိန်အနည်းငယ်အချေအတင်ပြောဆိုနေကြပြီး ကုအန် မေးလိုက်လေသည်။
“လတ်တလော အမတကျင့်ကြံခြင်းကမ္ဘာမှာ ဘာတွေထူးခြားတာ ဖြစ်သွားသေးလဲ”
ကုယူ ပြန်ဖြေလိုက်သည်။ “တကယ်တော့ ထူးခြားတာတွေရှိတယ် တခဏဂိုဏ်းနဲ့ မိစ္ဆာဂိုဏ်းတွေ မြောက်ပင်လယ်မှာတောင်တန်းဒေသမှာ တိုက်ပွဲဖြစ်နေတာ နှစ်၀က်လောက်ရှိနေပြီ ရွက်ဝါတစ်ထောင်မျှော်စင်နဲ့ ၀မ်းယင်ဂိုဏ်း နှစ်ဂိုဏ်းလုံး အမြစ်ပြတ်သုတ်သင်ခံရလုနီဝဝတတျတျျးပါးပဲတစ် ဒီပုံအတိုင်းဆို နောက် နှနှစ် သုံးနှစ်နေရင် တခဏဂိုဏ်းက မိစ္ဆာလမ်းစဉ်ကို စုစည်းသွားနိုင်တော့မယ်”
တခဏဂိုဏ်းအကြောင်းပြောနေရင်း သူ့လေသံသည် စိတ်လှုပ်ရှားသံ ပေါက်လာပြန်သည်။
“တခဏဂိုဏ်းနဲ့ အဓိပတိဂိုဏ်းရဲ့ စစ်ပွဲက ရှောင်လွှဲလို့ရမှာမဟုတ်ဘူး နောက်ပြီးအဲ့ဒီတိုက်ပွဲက ထိုက်ကန်မင်းဆက်ကို ဘယ်သူအုပ်စိုးမလဲဆိုတာကို အဆုံးအဖြတ်ပေးလိမ့်မယ် တခဏဂိုဏ်းကတော့ စစ်ပွဲအတွက် လုံး၀အလျင်လိုနေပုံမရဘူး သူတို့မှာ အောင်မြင်ဖို့ ယုံကြည်ချက်ရှိနေပုံရတယ်”
ထိုစကားကိုကြားသောအခါ ကုအန် လုပိုင်ထျန်း၏ အမြင့်ဆုံးသက်တမ်းနှင့် နောက်တစ်ဆင့်သို့ ချိုးဖျက်နိုင်လောက်မလားဆိုတာကို ကုအန် သံသယဖြစ်သွားမိသည်။
သက်တမ်းအရတော့ လုပိုင်ထျန်းသည် သူ့ပါရမီကိုအဆုံးစွန်ထိ ထုတ်သုံးထားပြီးပြီ ဖြစ်ပြီး နောက်တစ်ဆင့်သို့ တက်ရန် လွယ်တော့မည် မဟုတ်ပေ။
အမြင့်ဆုံးသက်တမ်းဆိုသည်မှာ ကောင်းကင်ကချမှတ်ပေးထားသော ကံကြမ္မာတစ်ခုဖြစ်သော်လည်း ကျင့်ကြံခြင်းသည် ကံကြမ္မာအားဆန့်ကျင်ရသော အရာသာဖြစ်၏။
ထိုကံကြမ္မာအား ချိုးဖျက်ရန်မှာ အလွန်ခက်ခဲမည်ဖြစ်သော်လည်း လုံး၀မဖြစ်နိုင်ခြင်းတော့ မဟုတ်ဘူးဟု ကုအန် ခံစားနေခဲ့ရသည်။
နောက်ထပ်တစ်နာရီခန့် စကားပြောပြီးသောအခါ ကုယူ ပြန်သွားခဲ့၏။ သူမပြန်ခင်တွင် သူ့အဖေ ကုကျုံးသည် တံခါးပိတ်ကျင့်ကြံနေပြီး နောက်လာမည့် စစ်ပွဲအတွက်ပြင်ဆင်နေကြောင်း ပြောသွားခဲ့သည်။
ကုယူ ပြန်သွားပြီး ၇ရက်ကြာသောအခါ ဂိုဏ်းမှ ဆေးတောင်ကြားများထဲရှ်ိ ဆေးပင်များကို ရိတ်သိမ်းပြီး ဂိုဏ်းဆီအကုန်အပ်ရမည်ဟု အမိန့်ထွက်လာခဲ့၏။ ကုအန်၏ ဆေးတောင်ကြားသို့ပင် လုမိသားစုနှင့် ကျိမိသားစုမှ ဆေးပင်သိမ်းရန် ကျင့်ကြံသူများရောက်ရှိလာခဲ့ပြီး ထိုအဖြစ်အပျက်သည် ကိစ္စကြီးတစ်ခုဖြစ်တော့မည် ဖြစ်ကြောင်း ညွှန်ပြနေခဲ့သည်။
ကုအန်မှာတော့ ထိုကိစ္စသည် တခဏဂိုဏ်း၏တိုက်ခိုက်မှုကြောင့် ဖြစ်လာခြင်းမဟုတ်ဘဲ လုပိုင်ထျန်း အဆင့်ချိုးဖျက်မည်ဖြစ်ခြင်းကြောင့်သာ ရသမျှအရင်းအမြစ်များကို စုဆောင်းနေခြင်းဖြစ်ရမည်ဟု ခံစားနေရ၏။
မျက်စိတစ်မှိတ်အတွင်း
ဆောင်းဦးကို နွေရာသီက အစားထိုးသွားပြန်သည်။
နေ့လည်ခင်းတစ်ခုတွင် ကုအန် ထျန်းယတောင်ကြားသို့ ရောက်ရှိသွားခဲ့ပြီးထိုနေရာတွင် လီရွှမ်တောက်လည်းရောက်ရှိနေခဲ့ကာ သူ့ကျင့်ကြံခြင်းမှာ ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်၏။
အသက်၂၀၀ကျော် ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်ကျင့်ကြံသူမျိုးဆိုလို့ ကုအန် သူတစ်ယောက်ကိုသာ တွေ့ဖူးသေးသည်။
ထိုလူသည် အပေါ်ယံတွင်တော့ သူ့ကျင့်ကြံခြင်းကို ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်၁ တွင်သာပြသထားပြီး အတော်လေး သိုသိပ်သည့်လူ ဖြစ်၏။
ကုအန်တို့ အိမ်ရှေ့ရှိ ကျောက်စားပွဲထိုင်လိုက်ကြရင်း လီရွှမ်တောက် ကုအန်၏ အပင်စိုက်စွမ်းရည်ကို ချီးကျူးနေခဲ့ပြီး ထိုအပင်များကြောင့်သာ သူဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်သို့ ရောက်သွားခြင်းဖြစ်မှန်း ပြောနေခဲ့လေသည်။
အပင်များသာမရှိလျှင် လီရွှမ်တြော် ယိလျူယွမ်ကို ရွှေအမြုတေတစ်ခုရှာခိုင်းရမည်ဖြစ်ပြီး ရလဒ်မှာလည်း ယခုလောက်ကောင်းလိမ့်မည်မဟုတ်မှန်းပင် ရွှီးနေခဲ့သေးသည်။
ထိုအခါ ကုအန်လည်း ပြုံးသာပြုံးလိုက်ပြီး အောင်မြင်သွားရခြင်းမှာ သူ့ဆေးပင်များကြောင့်မဟုတ်ဘဲ ဦးလေး၏ပါရမီကြောင့်သာဖြစ်မှန်း အလိုက်သင့်ပြောပေးလိုက်၏။
လီရွှမ်တောက်မှာ တစ်ချိန်ကုန်မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ရှိနေခဲ့ပြီး အလွန်ကျေနပ်နေပုံရကာ ကြည့်ရသည်မှာ သူဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်သို့ ရောက်သွားမှန်း ဘယ်သူမှ သိသေးပုံမပေါ်ပေ။
“ကုအန် မင်းဆီမှာယန်နီအဆင်ပြေနေလား” လီရွမ်တောက် လက်ဖက်ရည်ငှဲ့ရင်း မေးလိုက်သည်။
“သူအဆင်ပြေပါတယ် အခုဆို ဆေးပင်တွေစိုက်ပြီး ဆေးတောင်ကြားရဲ့ နောက်ပါတောင်ဖြစ်နေပြီ” ကုအန် ပြန်ဖြေလိုက်၏။
“ဆေးပင်တွေစိုက်နေတာလား”
လီရွှမ်တောက်၏အမူအရာ ထူးဆန်းသွားခဲ့သည်။
ထိုစဉ် ရုတ်တရက်ကုအန် လုပိုင်ထျန်းပြောခဲ့သော လွန်ခဲ့သည့် နှစ်နှရာက တခဏဂိုဏ်းသည် တော်၀င်မိသားစုကို ထိန်းချုပ်ခဲ့သည့်အကြောင်းကို သတိရသွားခဲ့၏။ လီရွှမ်တောက်၏ ကျင့်ကြံခြင်းကိုဖုံးကွယ်ထားနိုင်သော ကျင့်စဉ်သည် တခဏဂိုဏ်းမှ ကျင့်စဉ် ဖြစ်နိုင်နေပါသလော။
ကျုံးယင်မှာ ထိုဖြစ်နိုင်ချေအတွက် သက်သေဖြစ်ပေသည်။ သူ့တွင်လည်း လီရွှမ်တောက်လိုပင် သူ့ထက်ကျင့်ကြံခြင်းမြင့်သူများပင် ဖောက်မမြင်နိုင်သော ကျင့်စဉ်တစ်ခု ရှိ၏။။
ထို့နောက်တွင်တော့ ယန်နီကလည်း တခဏပန်းပင်ကိုစိုက်ပျိုးနေပြန်သည်။
ဟုတ်ပြီ ဟုတ်ပြီ!
ငါ့နားမှာ တခဏဂိုဏ်းက သူလျှိုတစ်ယောက် ရှိနေတာများလား။
ကုအန် တွေးလေလေ ထိုအရာသည် ဖြစ်နိုင်လေလေဟု ခံစားလာရလေပင်။
လီရွှန်တောက် ဆက်ပြောလိုက်သည်။ “လတ်တလော ကျင့်ကြံခြင်းကမ္ဘာမှာ အခြေအနေတွေက မတည်မငြိမ်ဖြစ်နေတယ် မင်းဂရုစိုက်နေသင့်တယ်”
ကုအန်လည်း သူ့စကားကိုလိုက်၍ မေးလိုက်၏။
“ဦးလေးပြောချင်တာတခဏဂိုဏ်းအကြောင်းလား”
..
“ဟုတ်တယ်”
“ဦးလေး ဧကရာဇ်တစ်ပါးအနေနဲ့ တခဏဂိုဏ်းကိုဘယ်လိုမြင်လဲ”
လီရွှမ်တောက်ခပ်အေးအေးပင် ပြန်ဖြေလိုက်သည်။
“ရည်းမှန်းချက်ကြီးမားတဲ့ ဝံပုလွေတွေ သူတို့က သာမန်လူတွေဆီ ကပ်ဘေးတွေကိုပဲ သယ်လာလိမ့်မယ်”
ထိုစကားကိုကြားသောအခါ ကုအန် ကြောင်အသွားခဲ့သည်။ ထိုစကားမျိုးသည် တခဏဂိုဏ်းသားတစ်ယောက်ဆီမှ ထွက်လာသင့်သော စကားများနှင့် တူမနေပေ။
လီရွှမ်တောက် အတိတ်အကြောင်းပြန်ပြောပြလိုက်ဧ။။် လီရွှမ်တောက်၏ အဖေသည် တခဏဂိုဏ်း၏ထိန်းချုပ်ခြင်းကိုခံခဲ့ရပြီး တရားရုံးတော်တစ်ခုလုံးသည် တခဏဂိုဏ်း၏လက်ကိုင်တုတ်ဖြစ်သွားခဲ့ပြီး နောက်ဆုံးတွင်တော့ တခဏဂိုဏ်းသည် သူ့အဖေကို သတ်ပစ်ခဲ့လေသည်။ ထို့ကြောင့် လီရွှမ်တောက်တွင် အဓိပတိဂိုဏ်းကို အကူအညီတောင်းရုံမှလွဲ၍ အခြားမရှိတော့ပေ။
လီရွှမ်တောက်၏ အဓိပတိဂိုဏ်းအပေါ်အကျိုးဆောင်ကာ သတင်းပေးမှုများကြောင့် ဂိုဏ်းကလည်း သူ့ကို အိမ်ရှေ့မင်းသားမဟုတ်သော်လည်း ဧကရာဇ်နေရာအတွက် ထောက်ပံ့ပေးခဲ့သည်။
လီရွှမ်တောက်လေသံသည် တခဏဂိုဏ်းပေါ် ရန်လိုမှုများနှင့်သာပြည့်နေပြီး သူ့ပုံမှာ ဟန်ေဆာင်နေပုံလည်း မပေါ်ပေ။
“ငါနဲအဓိပတိဂိုဏ်းကြားထဲမှာ အဆင်မပြေတာတွေရှ်ိပေမယ့် အဲ့တာကငါတို့ကြားကအတွင်းရေး ပြဿနာပဲ တကယ်လို့ တခဏဂိုဏ်းက အဓိပတိဂိုဏ်းကို တိုက်ခိုက်တော့မယ်ဆိုရင်တော့ ငါအဓိပတိဂိုဏ်းကို နည်းနည်းမှမတုံ့ဆိုင်းဘဲ ကူညီမယ်” လီရွှမ်တောက် အေးစက်စက်ပြောလိုက်ပြီး သူ့မျက်လုံးထဲတွင် အလင်းတစ်ချက်လက်သွားခဲ့ကာ ပြောလိုက်သည်။
ကုအန် အံ့ဩနေဟန်ဖြင့် ထပ်မေးလိုက်၏။ “တခဏဂိုဏ်းက အဲ့လောက်မကောင်းမှုတွေကျူးလွန်နေတာ နောက်ပြီး သူတို့ခေါင်းဆောင်ပိုင်းတွေကိုလည်း ဘယ်သူမှမသိဘူး အဲ့တာတောင် ဘာလို့လူတွေကသူတို့ဂိုဏ်းကို ၀င်ချင်နေကြတာလဲ”
လီရွှမ်တောက်ဖြေလိုက်သည်။ “တခဏပန်းကြောင့်ပေါ့ ပြောကြတာတော့ အဲ့ဒီပန်းပင်က လူတစ်ယောက်ရဲ့ပါရမီကိုပြောင်းလဲပေးနိုင်ပြီး သေဆုံးရမယ့်အချိန်ကိုတောင် နောက်ဆုတ်ပေးနိုင်တယ်တဲ့ ပြီးတော့ တခဏဂိုဏ်းက ဂိုဏ်းသားတွေကိုပေးတဲ့ အရင်းအမြစ်တွေက တကယ်ကိုကောင်းတယ် အဲ့တာကြောင့်အခုထိကျင့်ကြံသူတွေက သူတို့ဂိုဏ်းထဲ ၀င်ချင်နေကြတာ”
“အဲ့ဒီကနေ ငါနားလည်လာတာက တခဏဂိုဏ်းရဲ့အခြေခံအုတ်မြစ်က အရမ်းနက်ရှိုင်းပြီးတော့ ငါတို့ရင်ဆိုင်နေရတာ ဂိုဏ်းခွဲလေးတစ်ခုသက်သက်ပဲဆိုတာပဲ”
တခဏပန်း!
ပါရမီကိုပြောင်းလဲပေးတာ!
ယန်နီသည် ထိုပန်းရှိရာ ဥယျာဉ်ထဲမှာသာ ကျင့်ကြံနေခြင်းမှာ အံ့ဩစရာမရှ်ိတော့ပေ။
သို့သော်ကုအန်ထိုပန်း၏ စွမ်းဆောင်နိုင်စွမ်းကိုတော့ သံသယရှိနေဆဲပင်။ အဆင့်၆ ပန်းပင်လေးတစ်ပင်က ကောင်းကင်ကံကြမ္မာကို ဆန့်ကျင်နိုင်မည်လော။
လီရွှမ်တောက် လွန်ခဲ့သော နှစ်နှရာက တခဏဂိုဏ်းအကြောင်းဆက်လက်ပြောပြနေခဲ့သည်။ ထိုစဉ်က မြို့ကြီးတစ်မြို့ထဲရှ်ိ လူများအားလုံးပျောက်သွားခြင်းမျိုးမှာ သာမန်သာဖြစ်ပြီး လီရွှမ်တောက်လည်း အခုထိ သူတို့ဘယ်ရောက်သွားလဲမသိသေးပေ။ သို့သော််သေချာသည်မှာ သူတို့ကံကြမ္မာမှာ ကောင်းနိုင်မှာတော့ မဟုတ်ပေ။
ကုအန်လည်း ထိုအကြောင်းကိုနားထောင်နေရင်း သရဲပုံပြင်နားထောင်နေရသလိုဖြသ်နေခဲ့သည်။
ဒီတခဏဂိုဏ်းက တကယ်ကို မိစ္ဆာဆန်တာပဲ!
ပြောကြသည်မှာ တခဏဂိုဏ်းသားများထဲတွင် လူသားကျင့်ကြံသူများသာမဟုတ်ဘဲ တစ္ဆေများ မိစ္ဆာများလည်း ပါ၀င်နေ၏။ ထိုအရာသည် ကုအန်အား ကောင်းကင်ပြုပြင်စင်မြင့်တွင် ရှိနေသေးသော သရဲမိခင်ကိုပင် သတိရသွားစေခဲ့သည်။
တစ်နာရီခန့်ကြာအောင် စကားပြောပြီးသော်လည်း လီရွှမ်တောက်ပြောမပြီးသေးသလို ကုအန်လည်း နားထောင်လို့ မ၀သေးပေ။
ရုတ်တရက်
ကုအန်ရှေ့တွင် အသိပေးချက်တစ်ခု ပေါ်လာခဲ့၏။
[ကျုံးလျန်သည် သင့်အပေါ်ရန်လိုစိတ်ရှိနေပြီး သတ်ဖြတ်လိုစိတ်ပင်ရှိနေပါသည် သူ့အပေါ်သက်တမ်းစစ်ဆေးခြင်းအသုံးပြုလိုပါသလား]
ကျုံလျန်း!
အဲ့တာက ဘယ်သူကြီးလဲ!
ကုအန် သူ့ကိုလုံး၀ မမှတ်မိခဲ့ပေ။
သူမသိလိုက်ဘဲနှင့်ပင် သူသည်ရန်သူတစ်ယောက်ကို ဖန်တီးမိလိုက်ခြင်းပေလော။
ထိုနာမည်သည် သာမန်တော့ဟုတ်ပုံမပေါ်သောကြောင့် ကုအန် အသုံးပြုမည်ကို ရွေးလိုက်လေသည်။
[သက်တမ်း၁၀၀ ကုန်ကြပါမည် လုပ်ဆောင်ချင်ပါသလား]
အဲ့လောက်တောင်ဈေးကြီးတယ်လား!
ကုအန် မသုံးသေးဘဲ လီရွှမ်တောက်ကိုသာ ထုတ်မေးလိုက်၏။ “ဦးလေး ကျုံးလျန်ကိုသိလား”
ထိုစကားကိုကြားသောအခါ လီရွှမ်တောက် မျက်မှောင်ကြုံ့သွားပြီး ပြောလိုက်သည်။ “တခဏဂိုဏ်းက မင်းကိုပါဆက်သွယ်နေပြီလား”
“အဲ့ဒီလူက တခဏဂိုဏ်းကလား”
ကုအန် သူ့စကားကြောင့် တင်းကြပ်သွားပြီး လုပ်ဆောင်မည်ကိုသာ ရွေးချယ်လိုက်၏။
[ကျုံးလျန်(တစ်သားတည်းဖြစ်ခြင်းအဆင့်၃): ၁၄၆၂/၂၉၀၀/၃၀၀၀]
တစ်သားတည်းဖြစ်ခြင်းအဆင့်၃!
ကုအန် မျက်မှောင်ကြုံ့သွားပြီးထိုလူသည် သူ့အကြောင်းမည်သို့သိသွားရသနည်းက စဉ်းစားနေခဲ့သည်။
ထိုအရာသည် ကျုံးယင်ကြောင့် ဖြစ်နိုင်ပါသလော။
မဖြစ်နိုင်ပေ။သူကျုံးယင်ထံတွင် တစ်ယောက်ယောက်ကိုဆက်သွယ်နိုင်မည့် ဆက်သွယ်ရေးကိရိယာများ ရှိမရှိ အကြိမ်ကြိမ်စစ်ဆေးခဲ့ပြီး ကျုံးယင်သေဆုံးသွားသည်မှာလည်း နှစ်၀က်ကျော်ပင်ကြာနေပြီဖြစ်သည်။
ဒါဆို ဘယ်သူဖြစ်နိုင်လောက်လဲ!
ကုအန် သူ့ကိုတခဏဂိုဏ်းက သတိထားမိသွားပြီဟု တွေးလိုက်မိတာနဲ့ ထိုဂိုဏ်း၏သားရဲတွင်းထဲဝင်၍ အားလုံးကို ရှင်းပစ်ချင်မိသွားသည်။
သို့သော် ကံဆိုးစွာဖြင့် သူတို့တွင် သားရဲတွင်းလို ခိုအောင်းရာနေရာမျိုး ရှိမနေပေ။ အနည်းဆုံးတော့ ကျုံးယင်၏ မှတ်ညဏ်ထဲတွင် ထိုသို့သောနေရာမျိုး မရှိပေ။ သူဆန်းကြယ်သောအရိပ်ကိုတွေ့သည့်နေရာမှာပင် တစ်ကြိမ်နှင့်တစ်ကြိမ် ကွဲပြားပေသည်။
“လွန်ခဲ့တဲ့ နှစ်နှစ်ရာက ကျုံးလျန်က တခဏဂိုဏ်းရဲ့ လက်ထောက်ဂိုဏ်းချုပ်ဖြစ်ခဲ့တာ သူကလုပိုင်ထျန်းကြောင့် ဒဏ်ရာရပြီးထွက်ပြေးသွားခဲ့ရတယ် မင်းသူ့ကိုဘယ်မှာတွေ့ခဲ့တာလဲ” လီရွှမ်တောက်မေးလိုက်၏။
ကုအန် ခေါင်းခါကာ ပြန်ဖြေလိုက်သည်။
“ကျွန်တော်အရင်က အဓိပတိဂိုဏ်းအပြင်မှာရှိတုန်းက သူနဲ့မတော်တဆတွေ့ခဲ့မိတာ သူကကျွန်တော့်ကို အခွင့်အရေးတစ်ခုရှာဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် ကျွန်တော်ငြင်းခဲ့တယ် အခုဦးလေးနဲ့စကားအကြာကြီးပြောနေရင်း သူ့ကိုရုတ်တရက်သတိရသွားလို့မေးခဲ့တာ သူက မိစ္ဆာဂိုဏ်းကခေါင်းဆောင်ဖြစ်နေတာကိုတော့ လုံး၀မထင်ခဲ့မိဘူး”
လီရွှမ်တောက် ကုအန်စကားကို သံသယမ၀င်ခဲ့ဘဲ ဖြစ်နိုင်ချေများကိုသာ စဉ်းစားနေခဲ့သည်။
ကျုံးလျန်သည် လီယအပေါ် ပစ်မှတ်ထားနေခြင်းလော သို့မဟုတ် ကုအန်ကိုပစ်မှတ်ထားနေခြင်းလော။
ကျုံးလျန်ဟူသော နာမည်သည် သူတို့နှစ်ယောက်လုံးကို စိတ်ရှုပ်သွားစေခဲ့သောကြောင့် စကားဆက်ပြောဖို့ စိတ်ကူးမရှ်ိကြတော့ဘဲ ကုအန် ဆေးပင်များစစ်ဆေးပြီးသောအခါ ပြန်လာခဲ့လိုက်သည်။
ဆန်းကြယ်တောင်ကြားသို့ ပြန်ရောက်သည်နှင့် ကုအန် သဘာ၀ဂူ ၈လုံးဆီသို့ သွားလိုက်၏။
သူကျုံးယင်၏ သိုလှောင်အိတ်ကို သေချာထပ်၍ စစ်ဆေးချင်နေခဲ့လေသည်။
ကုအန် ဂူထဲရောက်သောအခါ သူ့နတ်အာရုံက နွယ်စိမ်းပင်သည် သူ့နွယ်တစ်ခုကိုသုံး၍ ကျုံးယင်၏သိုလှောင်အိတ်ကို ရွှေ့နေသည်ကို အာရုံခံလိုက်မိသည်။ ကုအန် စွမ်းအင်ကိုထိန်းချုပ်ထားလိုက်ပြီး တိတ်တိတ်လေးဂူထဲ၀င်ကာ နွယ်စိမ်းပင်နား ချဉ်းကပ်သွားလိုက်၏။
သူဂူအဝင်၀မှ ပေါ်လာသောအခါ နွယ်စိမ်းပင်အံ့ဩသွားပြီး သူ့နွယ်ပင်ကို အမြန်ပြန်ရုတ်လိုက်လေသည်။
ကုအန် လည်းနွယ်စိမ်းပင်ရှေ့သွားလိုက်ပြီး အေးစက်စက်ပြောလိုက်၏။
“မင်းမှာအသိစိတ်တစ်ခု ပေါက်ဖွားလာတာကို ဘာလို့ပုန်းနေတာလဲ ငါ့ကိုကြောက်လို့လား အဖြေမပေးရင် ငါမင်းကိုမီးနဲ့ရှို့ပစ်မယ်”
ကုအန်ပြောပြီးသည်နှင့် သူ့လက်ထဲတွင် မီးတောက်တစ်ခု ပေါ်လာခဲ့သည်။
ကျုံးလျန်၏ ရန်လိုမှုကြောင့် လက်ရှိအချိန်တွင် ကုအန်၏ခံစားချက်ကောင်းမနေခဲ့ပေ။
ထိုစကားကိုကြားသောအခါ နွယ်စိမ်းပင်တုန်လှုပ်သွားပြီး သစ်ရွက်များပင်ကြွေကျလာခဲ့ကာ အားနည်းနေသော မိန်းမအသံတစ်သံ ထွက်လာခဲ့၏။
“ကျွန်မ ကျွန်မ ရှင့်ကိုမကြောက်ပါဘူး ကျွန်မကြောက်တာက အဲ့ဒီအပင်…”