← Chapters

အခန်း (၁၀၃-၁၀၄)

Vol. 9 Ch. 103-104

အခန်း (၁၀၃-၁၀၄)

Vol. 9 Ch. 103-104

အပိုင်း(၁၀၃)

တခဏပင်၊ ကုအန် မိစ္ဆာကိုအနိုင်ယူခြင်း

“ဘာပင်လဲ”

ကုအန် အသက်သုံးရာနီးနီးရှိနေပြီဖြစ်သော နွယ်စိမ်းပင်ကို ကြည့်၍မေးလိုက်သည်။

နွယ်စိမ်းပင်၏အသံသည် ကျန်းချောင်အသံနှင့်တူနေပြီး ကြည့်ရသည်မှာ သူအရင်က ကျန်းချောင်အသံကိုကြားနေကြဖြစ်ကာ သူ့အသိစိတ်ဖွဲ့စည်းသောအခါတွင်လည်း သူမှတ်မိသောအသံဖြစ်လာခြင်း ဖြစ်ပုံရသည်။

“ကျွန်မလည်းသေချာမသိဘူး ဒါပေမယ့် ခံစားမိနေတယ် အဲ့တာက ကျွန်မကို စားပစ်လိမ့်မယ်..”

နွယ်စိမ်းပင်မှအသံထပ်မံထွက်ပေါ်လာရာ ကုအန် မျက်မှောင်ကြုံ့သွားမိသည်။

ကုအန် စိတ်ထဲအရင်ဆုံးပေါ်လာသည်မှာ လူမျက်နှာပင်ဖြစ်၏။ ထိုအပင်သည် ရွက်ဝါတစ်ထောင်မျှော်စင်မှလာခြင်းဖြစ်ပြီး မိစ္ဆာဆန်လှသော်လည်း သူ့အဆင့်မှာ နွယ်စိမ်းပင်ထက် နိမ့်နေသေးရာ နွယ်စိမ်းပင်ကိုစားဖို့ မဖြစ်နိုင်ပေ ။

“အဲ့အပင်က ဘယ်မှာလဲ” ကုအန်ထပ်မေးလိုက်သည်။

“ကျွန်မမသိဘူး..”

“အဲ့တာက နင်နဲ့နီးလား”

“အရမ်းဝေးတယ် အရမ်းဝေးတယ်…”

ထိုအဖြေကြောင့် ကုအန် လူမျက်နှာသစ်ပင်ကို စာရင်းထဲက ထုတ်လိုက်၏။

ထိုအရာသည် တခဏဂိုဏ်းနှင့် ဆက်စပ်နေနိုင်ပါသလော။

လွန်ခဲ့သော နှစ်နှစ်ရာက မြို့လိုက်ပျောက်ဆုံးသွားခဲ့သော သူများသည် တခဏဂိုဏ်းမှ မိစ္ဆာသစ်ပင်တစ်ပင်၏ ဝါးမြိုခြင်းကို ခံလိုက်ရခြင်း ဖြစ်နိုင်ပေသည်။

ကုအန် တွေးလေလေ ထိုအရာမှာဖြစ်နိုင်သည်ဟု ထင်လာလေလေပင်။

ကျုံးလျန် သူ့အကြောင်း သတိထားမိနေသည်ကို တွေးလိုက်မိချိန်တွင်တော့ ကုအန် မလွယ်ကူသလို ခံစားလိုက်ရသည်။

သူကျုံးလျန်ကို ကြောက်ရွံ့ခြင်းမဟုတ်ပေ။ သူကြောက်သည်မှာ တစ်ယောက်ယောက်က သူ့ကျင့်ကြံခြင်းအစစ်ကို သိသွားမှာကို ဖြစ်၏။

မဖြစ်သေးဘူး!

ငါဖြစ်လာမယ့်ကပ်ဘေးကို ထိုင်စောင့်နေလို့ မဖြစ်ဘူး!

ကုအန် မျက်လုံးများခက်ထန်လာပြီး မဟာယနအဆင့်၏ နတ်အာရုံသည် ထိုက်ကန်မင်းဆက်တစ်ခုလုံးကို လွှမ်းခြုံသွားလေတော့သည်။

ထိုက်ကန်မင်းဆက်သည် ကျယ်‌ေပျာသော်လည်း မဟာယနအဆင့်ကျင့်ကြံသူတစ်ယောက်အတွက်တော့ အရမ်းမကြီးပေ။

ကုအန် ကျုံးလျန်ကို မြေလှန်၍ ရှာနေပြီး သူမြေကြီးထဲတွင်းတူး၍ ပုန်းနေတောင် ဆွဲနှုတ်ပစ်မည် ဖြစ်သည်။

ထိုက်ကန်မင်းဆက်ထဲတွင် ကျုံးလျန်ကိုရှာရသည်မှာ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာသလို ဖြစ်သော်လည်း ကုအန် လက်မလျှော့နိုင်ပေ။ အမှောင်ထဲပုန်းနေသောရန်သူကို သူ့နတ်အာရုံဖြင့် လုံး၀မ‌တွေ့နိုင်ဘူးဟု သူမယုံပေ။

…..

ခပ်မှောင်မှောင် မြေအောက်ခန်းထဲတွင် ကိုယ်ပေါ်ပိုင်းချွတ်ထားသော စုဟန် ရေအေးကန်ထဲတွင် တရားထိုင်နေခဲ့သည်။ ထိုကန်သည် အအေးချီများဖြင့် ပြည့်နှက်နေပြီး သူ့ဘေးတွင်မူ အရိုးများဖြင့် လုပ်ထားသည်နှင့်တူသော ကျောက်စိမ်းဓားတစ်လက် ရှိနေခဲ့၏။

တရားထိုင်နေရင်း နာကျင်မှုကြောင့် စုဟန် အံကိုတင်းတင်းကြိတ်၍ တောင့်ခံနေပုံရသည်။

အချိန်တခဏကြာသောအခါ

ရုတ်တရက် ဆွဲဆွဲငင်ငင်အော်မြည်သံကြီးများ ကြားလိုက်ရ၍ စုဟန် မျက်လုံးများ ပွင့်လာခဲ့ပြီး သူ့ရှေ့ရှိ ဂူနံရံရှေ့တွင်တရားထိုင်နေသော ပုံရိပ်ကို မေးလိုက်၏။

“ဆရာအဲ့တာဘာအသံလဲ”

ကျုံးလျန်မျက်လုံးများ ပိတ်ထားလျက်ကပင် ထူးမခြားနားဟန်ဖြင့် ဖြေလိုက်သည်။

“သူတို့ကိုဂရုမစိုက်နဲ့ သူတို့က ကောင်းကင်ရဲ့ခွင့်လွှတ်မှုကိုတောင်းခံနေတဲ့ သနားစရာ သတ္တဝါလေးတွေသက်သက်ပဲ သူတို့သေသေရှင်ရှင် မင်းနဲ့ဘာမှမဆိုင်ဘူး”

ကျုံးလျန်၏ ဆံပင်ဖြူများသည် ပုခုံးပေါ်တွင် ကျနေပြီး တာအို၀တ်စုံပွကြီးတစ်ခုကို၀တ်ဆင်ထားသောသူ့တွင် လေးထောင့်ကျကျမျက်နှာနှင့် တင်းမာသောမျက်နှာထား ရှိပေသည်။ သူ့မျက်ခုံးထူများက သူသည် ဖိနှိပ်ချုပ်ခြယ်တတ်သော လူတစ်ယောက်ဖြစ်မှန်း ပြသနေ၏။ မကြာခဏ မျက်မှောင်ကြုံ့တတ်သောကြောင့် သူ့နှဖူးကြားထဲတွင်လည်း တတိယမျက်လုံးကဲ့သို့ အခွက်တစ်ခုပင် ချိုင့်၀င်နေခဲ့သည်။

ထိုအော်မြည်သံကြီးများကို နားထောင်ရင်း စုဟန် စိတ်အေးအေးမထားနိုင်ခဲ့ပေ။

“ဂိုဏ်းကို ၀င်ရတဲ့ရည်ရွယ်ချက်ကိုမမေ့နဲ့ နောက်ပြီး မင်းဘာလို့ငါ့ဓားကိုကိုင်ခဲ့လဲ ဆိုတာ‌ကိုရောပဲ” ကျုံးလျန်၏ အသံထပ်မံထွက်ပေါ်လာပြီး သူ့အသံမှာ စိတ်မရှည်တော့သလိုပင်။

စုဟန် အသက်ပြင်းပြင်းရှူလိုက်ပြီး မျက်လုံးပြန်မှိတ်လိုက်လေသည်။

စုဟန် မျက်လုံးမှိတ်လိုက်သည်နှင့် ကျုံးလျန်မျက်လုံးပွင့်လာပြီး စုဟန်ကိုကြည့်သော သူ့အကြည့်တွင် အေးစက်စက်အလင်းတစ်ချက် ပေါ်လာခဲ့၏။

“ဒီကောင်လေးရဲ့ အမုန်းတရားကလုံလောက်အောင် မနက်ရှိုင်းသေးဘူး ငါသူ့ဆရာကိုဖမ်းဖို့နည်းလမ်းရှာပြီး သူ့ကိုအသုံးချပြီး ဒီကောင်လေးရဲ့အမုန်းတရားကို နက်ရှိုင်းလာအောင် ဆွပေးရမယ်” ကျုံးလျန် တွေးလိုက်သည်။

ရုတ်တရက်

ကျုံးလျန် မျက်ခုံးများ တွန့်ကွေးသွား၏။ ကြောက်စရာကောင်းတာတစ်ခုခုကို အာရုံခံလိုက်မိသောကြောင့် သူ့မျက်ခုံးများ တွန့်ကွေးသွားခဲ့ခြင်း ဖြစ်သည်။

“ဘာဖြစ်နေတာလဲ ငါအာရုံမှားတာလား”

မလွယ်ကူဘူးဟု ခံစားရ၍ ကျုံးလျန် နတ်အာရုံကိုဖြန့်ကျက်ကာ ရှာဖွေလိုက်သော်လည်း ဘာကိုမှ မတွေ့ခဲ့ပေ။

သဘာ၀ဂူ၈လုံးထဲ၌

ကုအန် မျက်လုံးများ ထက်ရှသွားခဲ့သည်။

တွေ့ပြီ!

ကုအန်အစက ထိုက်ကန်မင်းဆက်တစ်ခုလုံးကို ရှာဖွေခဲ့သော်လည်း တခဏဂိုဏ်း၏ စခန်းကိုလုံး၀ မတွေ့ခဲ့ပေ။ ထို့နောက် သူတစ်ခုတွေးလိုက်မိပြီး စိတ်ဝိညဉ်စွမ်းအင်ပုံမှန်မဟုတ်သော နေရာများ၏ မြေအောက်များကိုပါ ရှာဖွေကြည့်မှသာ နောက်ဆုံးတွင် စုဟန်ကို တွေ့ခဲ့ခြင်း ဖြစ်၏။

စုဟန်ရှေ့တွင် တစ်သားတည်းဖြစ်ခြင်းအဆင့်တစ်ယောက်ရှိနေပြီး သူတို့နှင့် မိုင်အနည်းငယ်ဝေးသောနေရာတွင်မူ မြေအောက်နေရာလွတ်ကျယ်ကြီးတစ်ခုရှိနေပြီး ထိုနေရာတွင် စိတ်ဝိညဉ်သစ်ပင်ကြီး တစ်ပင်လည်း ရှ်ိ‌နေသည်။ နွယ်စိမ်းပင်ကြောက်သောအပင်မှာ ထိုအပင်ဖြစ်မှန်း ကုအန်မြင်တာနှင့် သိလိုက်၏။

ဤနေရာသည် တခဏဂိုဏ်း၏ ဌာနချုပ်ဖြစ်မှာ သေချာပေသည်။ ကြည့်ရသည်မှာ ထိုနေရာတွင် ကောင်းတာတစ်ခုမှ မရှိလောက်ပေ။ ကုအန် ထိုဌာနချုပ်ထဲ၀င်၍ အကုန်လုံးကိုသတ်ကာ ကျုံးလျန်ကိုရှာ၍ ရှင်းပစ်လိုက်လှျင် ရပြီ ဖြစ်၏။

ကျုံးလျန်မသေမချင်း သူကောင်းကောင်းအနားယူနိုင်မည် မဟုတ်ပေ။

ကုအန် နွယ်စိမ်းပင်ဘက်လှည့်လိုက်ပြီး ပြောလိုက်သည်။ “အနာဂတ်မှာ နင်ကြောက်တာတစ်ခုခု ဒါမှမဟုတ် သာမန်မဟုတ်တာ တစ်ခုခုကို အာရုံခံမိရင် ငါ့ကိုပြော နင့်အတွက် အကျိုးမယုတ်စေရဘူး”

နွယ်စိမ်းပင်၏ ပင်စည်လှုပ်ခါသွားကာ အသံထွက်လာခဲ့သည်။ “ဟုတ်ကဲ့ပါ သခင်”

ထို့နောက် ကုအန် ဂူထဲမှ ထွက်လာခဲ့၏။

သဘာ၀ဂူ ၈လုံးထဲမှ ထွက်လာပြီးသည့်နောက် ကုအန် တောအုပ်ထဲ၀င်သွားခဲ့ကာ အကန့်အသတ်မဲ့ လွတ်လပ်ခြင်းခြေလှမ်းကို သုံးလိုက်သည်နှင့် သူ့ကိုယ်မှာ လေထဲတွင် ပျောက်ကွယ်သွားလေတော့သည်။

…..

မြေအောက်ခန်းထဲ၌ ကျုံးလျန်မျက်ခုံးကို ခပ်တင်းတင်းကြုံ့ထားခဲ့၏။ သူ့နတ်အာရုံဖြင့် ကြိမ်ဖန်များစွာ စစ်ဆေးပြီးသော်လည်း မည်သည့်အရာကိုမှ မ‌တွေ့ခဲ့ပေ။ ထိုအရာသည် သူ့အာရုံမှားမှုသက်သက်ဟူ၍လည်း သူမယုံပေ။

ထိုအခိုက်တွင် လက်ကြီးတစ်ဖက် သူ့ပုခုံးပေါ်သို့ ကျရောက်လာခဲ့လေသည်။

ကျုံးလျန် မသိစိတ်က ခုန်ထွက်ဖို့ ကြိုးစားလိုက်သော်လည်း ကံဆိုးစွာဖြင့် သူထိုလက်ကြီးအောက်မှ လုံး၀မလွတ်မြောက်နိုင်ခဲ့ပေ။

ထိုအခိုက်တွင် သူလည်း ကျုံးယင်ကဲ့သို့ ခံစားလိုက်ရ၏။

မယုံနိုင်ခြင်း!

ကြောက်ရွံ့ခြင်း!

စိတ်ပျက်အားငယ်ခြင်း!

သူသည် တစ်သားတည်းဖြစ်ခြင်းအဆင့် ၃တစ်ယောက်ဖြစ်သော်လည်း ယခုအခါ လက်တစ်ဖက်၏ ဖိထားမှုကိုခံနေရပြီး လုံး၀ရုန်းမရခဲ့ပေ။

ကျုံးလျန် နောက်သို့ ခေါင်းစောင်း၍ ကြည့်လိုက်ရာ သူ့ပုခုံးကိုဖိထားသော ပုံရိပ်သည် မိစ္ဆာချီများဖြင့် တကိုယ်လုံးကိုဖုံးထားသောသူဖြစ်မှန်း တွေ့လိုက်ရသည်။

ထိုလူမှာ ကုအန်မှလွဲ၍ အခြားမဟုတ်ပေ။ သူ့တစ်ကိုယ်လုံးကို ခရမ်းရောင်မိစ္ဆာချီများဖြင့် ဖုံးအုပ်ထားပြီး ကျုံးလျန်၏ အာရုံကိုကာကွယ်ထားခဲ့သည်။

ထိုမြေအောက်ခန်းထဲတွင် ၀င်္ကပါများ စည်းများမျိုးစုံရှိနေသော်လည်း ကုအန်၏ အစွန်းကိုးပါးယင်ယန်ခန္ဓာနှင့် အကန့်အသတ်မဲ့လွတ်လပ်ခြင်းခြေလှမ်းကြောင့် မြေအောက်ခန်းထဲသို့ မည်သူမှမသိဘဲ ၀င်လာနိုင်ခဲ့ခြင်း ဖြစ်၏။ ၀င်္ကပါများမှာ သူ့အားလုံး၀ အာရုံမခံမိခဲ့ပေ။

ကုအန် ကျုံးလျန်ပုခုံးပေါ်လက်တင်ထားရင်း စုဟန်ကို တစ်ချက်ကြည့်လိုက်သည်။

စုဟန်၏ကျင့်ကြံခြင်းသည် အခြေခံတည်ဆောက်ခြင်းအဆင့် ၉ သို့ရောက်ရှိနေပြီဖြစ်သော်လည်း သူ့အမြင့်ဆုံးသက်တမ်းမှာတော့ ပြောင်းလဲမသွားသေးဘဲ ၁၉၉ နှစ်တွင်သာ ရှိနေဆဲ ဖြစ်၏။

သာမန်အားဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့် ၉တစ်ယောက်၏ အမြင့်ဆုံးသက်တမ်းမှာ ၂၀၀ကျော်နေရမည် ဖြစ်သည်။ ကြည့်ရသည်မှာ အာဃာတဓားသိုင်းသည် အမှန်တကယ်ပင် အကန့်အသတ်များကို ချိုးဖျက်နိုင်သည့် ဓားသိုင်းမျိုး ဖြစ်ပုံပေါ်၏။ သို့သော် သူသည်လူတစ်‌ေယာက်ဧ။် ကောင်းကင်ကြံကြမ္မာကိုတော့ ချိုးဖျက်နိုင်ပုံမပေါ်ပေ။

အာဃာတဓားသိုင်းကို ကျင့်ကြံသူများသည် ကျင့်ကြံခြင်းလျင်မြန်စွာ တိုးတက်ကုန်ကြသော်လည်း နောက်ဆုံးတွင် ကျင့်စဉ် ဖောက်ပြန်သွားရခြင်းမှာ အံ့ဩစရာတော့ မဟုတ်တော့ပေ။ ကောင်းကင်ကံကြမ္မာကို မချိုးဖျက်နိုင်ဘဲ ကျင့်ကြံခြင်းကသာ လျင်မြန်စွာ ထိုးတက်နေပါက မည်သို့ သာမန်ဖြစ်နိုင်ပါတော့မည်နည်း။

စုဟန်မှာတော့ ကျင့်ကြံခြင်းတွင်အာရုံရောက်နေသောကြောင့် ကုအန်ကို သတိမထားမိခဲ့ပေ။

ကုအန်၏ အကြည့် ကျုံးလျန်ဆီပြန်ရောက်သွားပြီး သက်တမ်းစစ်ဆေးခြင်းကို သုံးလိုက်ရာ သူအံ့ဩသွားမိခဲ့သည်။

ဘာလဲဟ!

ငါ့ကိုရန်လိုနေတာ မင်းကိုး ကောင်လေးရ!

ဒါဆို သေလိုက်တော့!

ကုအန်ကျုံးလျန်ကို ဖိထားသော လက်တွင်အားထည့်လိုက်ရာ မဟာယနအဆင့်၏စိတ်ဝိညဉ်စွမ်းအားများ ကျုံးလျန်ကိုယ်ထဲစီး၀င်သွားပြီး သူ့ခန္ဓာရော ဝိညဉ်ပါ ပြာမှုန်များအဖြစ် ပြောင်းလဲသွားလေတော့သည်။

လေပြင်းတစ်ချက်တိုက်ခတ်သွားမှုကြောင့် စုဟန် မျက်လုံးများပွင့်လာပြီး မသိစိတ်ကချက်ချင်း မတ်တပ်ထလိုက်ကာ သူ့ဘေးရှိ ကျောက်စိမ်းဓားကို ကောက်ကိုင်လိုက်မိ၏။

“မင်းဘယ်သူလဲ” စုဟန် ဓားဦးကို ကုအန်ဆီရွယ်ကာ မေးလိုက်သည်။

ဆရာဘယ်မှာလဲ!

ဘာလို့သူရုတ်တရက်ကြီးပျောက်သွားရတာလဲ!

စုဟန်မျက်နှာပေါ်တွင် ကြောက်ရွံ့မှုများပြည့်နှက်လာခဲ့၏။

ထိုအချိန်တွင် ကုအန်ကိုယ်မှကြောက်စရာကောင်းသာ ဖိအားတစ်မျိုးထွက်ပေါ်နေပြီး ရေကန်ထဲရှိ စုဟန်၏ ပုံရိပ်ကို လွှမ်းခြုံထားခဲ့သည်။

ထို့နောက် ကုအန် ဂူအ၀င်၀ဘက်သို့ နောက်ပြန်လှည့်သွားပြီး ‌အမှောင်ထုထဲတွင် ပျောက်ကွယ်သွားခဲ့၏။

ထိုနေရာနှင့် မိုင်အနည်းငယ်ဝေးသော မြေအောက်နေရာတစ်ခုတွင် သွေးနီရောင်အရွက်များရှိပြီး ကျန်းတစ်ရာခန့်မြင့်မားသော အပင်ကြီးတစ်ပင်ရှိနေလေသည်။ သစ်ပင်ကြီး၏ အကိုင်းအခက်များမှ နွယ် များကျဆင်းနေပြီး နွယ်တစ်ခုချင်းစီ၏ ထိပ်တွင် လူတစ်ယောက်ကို ချုပ်‌နှောင်ထားခဲ့၏။

သူတို့၏ လည်ပင်းကို နွယ်ကြိုးများဖြင့် ချုပ်နှောင်ထားခြင်းကြောင့် ရုန်းထွက်မရဘဲ သူတို့ခန္ဓာကိုယ်သည် မြင်နိုင်သောအမြန်နှုန်းဖြင့် စုပ်ယူခြင်းကို ခံနေကြရသည်။ ရုပ်အလောင်းခြောက်များဖြစ်သည်အထိ စုပ်ယူခံထားရပြီးသော အလောင်းများလည်း ရှိနေခဲ့၏။

ထိုမြင်ကွင်းကြီးတစ်ခုလုံးမှာ မိစ္ဆာဆန်လှကာ ကြောက်စရာလည်း ကောင်းလှသည်။

သစ်ပင်ကြီး၏အောက်တွင်မူ တခဏဂိုဏ်းသားများ ရှိနေကြပြီး သူတို့တစ်ယောက်ချင်းစီက အမျိုးသားများရော အမျိုးသမီးများပါ ပါသည့် ကျင့်ကြံသူများအုပ်လိုက်ကို စောင့်နေကြပြီး ထိုကျင့်ကြံသူများ၏ ကိုယ်ပေါ်တွင် အဆောင်စာရွက်ရှိနေကာ သူတို့သည် စိတ်ဝိညဉ်စွမ်းအင် ချိတ်ပိတ်ခံထားရသော သနားစရာအကျဉ်းသားများ ဖြစ်ကြ၏။

အကျဉ်းသားဦးရေမှာ တစ်ထောင်ကျော်ပင်ရှိပြီး တခဏဂိုဏ်းသားဦးရေမှာမူ တစ်ရာကျော်သာရှိပေသည်။

အကျဉ်းသားများအားလုံးသည် သစ်ပင်ကြီးအောက်တွင် အစားခံဖို့စောင့်နေကြရကာ သူတို့ပုံစံမှာ အတော်လေးစိတ်ပျက်အားငယ်နေကြပုံပင်။

“ဒါက မိစ္ဆာတည်ရှိမှုကြီးတစ်ခုပဲ မိစ္ဆာတည်ရှ်ိမှုကြီး…”

“မင်းတို့ အသေဆိုးနဲ့သေရလိမ့်မယ်ကွ ငါတို့ကို ဂိုဏ်းထဲ၀င်ခွင့်ပေးမယ်လို့ လှည့်ဖျားပြီး ဒီမိစ္ဆာသစ်ပင်ကြီးကို ကျွေးပစ်ချင်တဲ့ကောင်တွေ…”

“ဒါကဘာကြီးလဲ မွန်းစတားကြီးတစ်ကောင်လား မိစ္ဆာကြီးလား”

တချို့မှာ ကျိန်ဆဲနေကြကာ တချို့မှာ ငိုကြွေးနေကြပြီး တချို့မှာတော့ တောင်းပန်နေလေရာ သူတို့အသံများကြောင့် မြေအောက်ခန်းကြီးသည် ပို၍ပင် ကြောက်စရာကောင်းနေခဲ့၏။

ထိုစဉ် မိစ္ဆာဆန်ဆန်လှသော မိန်းမတစ်ယောက်၏ အသံထွက်ပေါ်လာခဲ့သည်။

“အောင်နိုင်သူကသမိုင်းကိုရေးထိုးတယ် အရှုံးသမားတွေက မေ့ဖျောက်ခံရတယ် ဘာတွေအော်ဟစ်နေစရာလိုလဲ နင်တို့ကရော သူတော်စင်တွေမလို့လား ဘယ်သူသိမလဲ ငါတို့က လူဆိုးတွေမိစ္ဆာတွေကို ရှင်းလင်းပစ်လိုက်တယ်လို့တောင် ကောင်းကင်ကတွေးရင်တွေးနေမှာ”

ပြောပြီးသည်နှင့် ထိုမိန်းမသည် သူ့ဘေးရှိလူ၏မျက်နှာကို ဆုပ်ကိုင်လိုက်ပြီး စွမ်းအင်များ စတင်စုပ်ယူတော့သည်။ ထိုလူ၏အမူအရာသည် တဖြည်းဖြည်းအားနည်းလာပုံပေါ်ပြီး နောက်ဆုံးတွင် သူ့မျက်လုံးထဲ၌ အသိစိတ်ပင် ပျောက်ဆုံးသွားခဲ့၏။

ဝှီးးး..

လေပြင်းတစ်ချက်တိုက်ခတ်လာသောကြောင့် မိစ္ဆာကျင့်ကြံသူအမျိုးသမီး သူ့ခြေထောက်အောက်ရှိ မြက်ခင်းပြင်ကို ကြည့်လိုက်မိသည်။ ထိုအခါ လေပြင်းကြောင့် မြက်ပင်များ လှုပ်ခါလာသည်ကို တွေ့လိုက်ရပြီး သူဘာမှမတုန့်ပြန်နိုင်ခင်သေးမှာတင် သစ်ရွက်တစ်ရွက်ထွက်ပေါ်လာပြီး သစ်ရွက်သည်သူ့မျက်ခုံးနှစ်ခုကြားထဲသို့ ဖြတ်သန်းသွားခဲ့ပြီး ရုတ်ချည်း သူ့အသိစိတ်ထဲတွင် သွေးများကိုသာ ခံစားလိုက်ရ၏။

ထိုအဖြစ်အပျက်သည် သူတစ်ယောက်တည်းကိုပင်ဖြစ်သွားခြင်းမဟုတ်ဘဲ တခဏဂိုဏ်းမှကျင့်ကြံသူမှန်သမျှ ကျင့်ကြံခြင်းမည်မျှပင်ရှိနေပါစေ တူညီသော အဖြစ်အပျက်ကို ကြုံတွေ့လိုက်ကြရသည်။

အကျဉ်းသားများမှာတော့ တောင့်တင်းနေကြပြီး တစ်ခုခုကိုအာရုံလိုက်မိ၍ အမှောင်ထုထဲသို့ ပြိုင်တူလှည့်ကြည့်လိုက်မိကြ၏။

“မိစ္ဆာအရိပ်နတ်သိုင်း! ရွက်ဝါတစ်ထောင်မျှော်စင်ကလူပဲ!” လူတစ်ယောက်အသံထွက်၍ ရေရွတ်လိုက်မိသည်။

သူ့အသံမဆုံးသေးခင်မှာပင် ကုအန်၏ပုံရိပ်သည် အရိပ်များအဖြစ်ပြောင်းလဲသွားကာ အကျဉ်းသားများကိုဖြတ်ကျော်ပြီး ဧရာမသစ်ပင်ကြီးရှေ့သို့ ရောက်ရှိသွားခဲ့သည်။

အကျဉ်းသားများမှာတော့ ထိုနေရာတွင် ကြောင်အ၍ရပ်နေမိကြပြီး အသက်တစ်ရှိုက်စာအတွင်းမှာပင် သူတို့အားလုံး ပြာမှုန်များအဖြစ် ပြောင်းလဲသွားခဲ့ကြ၏။

ကုအန် သူ့ရှေ့တွင်ပေါ်လာသော စာတန်းကိုကြည့်လိုက်သည်။

[တခဏပင်(အဆင့်၈): ၃၄၀/၄၂၀၀၀/၂၃၀၀၀၀]

အဆင့်၈!

နွယ်စိမ်းပင်ကြောက်ရွံ့နေခြင်းမှာ အံ့ဩစရာမဟုတ်တော့ပေ။

ထိုစဉ် တခဏပင်ကြီး၏ ပင်စည်သည် နှစ်ခြမ်းဟသွားသလိုဖြစ်သွားကာ အလယ်တွင် မျက်နှာကြီးတစ်ခု ပေါ်လာခဲ့၏။ ထိုမျက်နှာကြီးသည် ယောင်္ကျားမိန်းမခွဲခြားရန် ခက်ခဲသော်လည်း သူ့အမူအရာမှာ ရမ္မက်ကြီးကာ စိတ်ယုတ်ရှိသည့်ပုံ ပေါ်နေလေသည်။

ထို့နောက် အပင်ကြီးမှ နွယ်ပင်များ ကုအန်ဆီသို့ အားလုံးစုပြုံ၍ တိုး၀င်လာခဲ့၏။

ရွှစ်…

ဓားသံတစ်သံသည် မြေအောက်‌ေနရာကြီးတစ်ခုလုံးတွင် ဟိန်းထွက်လာခဲ့သည်။

တခဏပင်နှစ်ခြမ်းခြမ်းခံလိုက်ရပြီး မျက်နှာကြီးလည်း နှစ်ခြမ်းခြမ်းခံလိုက်ရ၏။ လေထဲမှ နွယ်များမှာ နွယ်ပင်မိုးကြီးရွာသလို မိုးပေါ်မှ ကျလာခဲ့ကြသည်။ တခဏပင်ကြီးနှစ်ခြမ်းခြမ်းခံလိုက်ရကာ သူ့ပင်စည်ထဲမှ ဓားစွမ်းအင်များ ထွက်ပေါ်လာသည့် မြင်ကွင်းသည် အတော်လေး ရင်သက်ရှူမောစရာ ‌ကောင်းလှ၏။

ကုအန် ကောင်းကင်စံအိမ်ဓားကို သိုလှောင်အိတ်ထဲပြန်ထည့်လိုက်ကာ စိတ်ဝိညဉ်မီးတောက်သုံး၍ တခဏပင်ကို ပြာချပစ်လိုက်သည်။

ထို့နောက် အသိပေးချက်စာတန်းများ ကုအန်ရှေ့တွင် ဆက်တိုက်ပေါ်လာလေတော့သည်။

အဆင့်၈ အပင်သည် အတော်လေးသန်မာလှကာ တစ်သားတည်းဖြစ်ခြင်းအဆင့်နှင့်ပင် ယှဉ်နိုင်၏။ သို့သော် သူရင်ဆိုင်ခဲ့ရသည်မှာ မဟာယနအဆင့် ကျင့်ကြံသူသာ။

….

မွန်းတည့်ချိန်တွင်

ကုအန် တည်နေရာကူးပြောင်းခြင်းအစီအရင်မှတစ်ဆင့် တတိယတောင်ကြားထဲသို့ ရောက်လာခဲ့လေသည်။ ယနေ့တွင် သူအတော်လေး ခံစားချက်ကောင်းနေခဲ့၏။ မနေ့ညက သူသက်တမ်း ၄သောင်းကျော်တောင်ရရှိခဲ့ပြီး တခဏအပင်တစ်ပင်တည်းမှ သက်တမ်း ၅၀၀၀ ရရှ်ိခဲ့သည်။

ထိုနေရာရှိ တခဏဂိုဏ်းမှလည်း စုဟန်တစ်ယောက်သာ ရှင်သန်ကျန်ရစ်၏။

အကျဉ်းသားများမှာလည်း မိစ္ဆာကျင့်ကြံသူများဖြစ်မှန်း သိသောကြောင့် ကုအန် အနာဂတ်တွင် ပြဿနာများ ဖြစ်မလာစေရန် သူတို့အကုန်လုံးကိုလည်း နှုတ်ပိတ်ခဲ့လိုက်သည်။

ကုအန် တတိယတောင်ကြားသို့ ရောက်သည်နှင့် လုပိုင်ထျန်း ကုကျုံးနှင့် ကျိဟန်ထျန်းတို့ သူ့အခန်းထဲတွင် စောင့်နေမှန်း အာရုံခံလိုက်မိ၏။

ကုအန် အမြန်သွားလိုက်ပြီး လှေကားထိပ်သို့ ရောက်သည်နှင့် အခန်းတံခါးသည် ပွင့်လာခဲ့သည်။

သူအထဲသို့၀င်ပြီး ဂါရ၀ပြုလိုက်ချိန်တွင် ကုကျုံးတံခါးကို ပိတ်ကာ အခန်းတွင် စည်းများချထားလိုက်၏။

ကုအန် အခန်းထဲရှိ ထူးဆန်းနေသောအခြေအနေကိုကြည့်ပြီး တခဏဂိုဏ်းများ လာတိုက်သလားဟု ထင်လိုက်မိသည်။

သို့သော် တခဏဂိုဏ်းသည် သူတို့၏ တခဏပင်ပျက်ဆီးသွားသည်ကို သိသွားပါက အဓိပတိဂိုဏ်းနှင့် လာတိုက်ရဲတော့မည်မဟုတ်သောကြောင့် ကုအန် သိပ်တော့ စိတ်ပူမသွားပေ။

လုပိုင်ထျန်း၏ မျက်နှာသည် ဖြူဖျော့နေပြီး သူ့တစ်ကိုယ်လုံးလည်းအားနည်းနေဟန်ရကာ ကုအန်ကိုကြည့်ရင်း အံကြိတ်၍ ပြောလိုက်လေသည်။

“ငါ့မှာမင်းကိုပြောဖို့ သတင်းဆိုးတစ်ခုရှိတယ်”

အပိုင်း(၁၀၄)

တက်လှမ်းလာသူ၏ တိုက်ခိုက်မှု

“ဘာသတင်းဆိုးလဲ”

ကုအန် လုပိုင်ထျန်း၏အားနည်းနေမှုကို သတိထားမိသောကြောင့် သက်တမ်းစစ်ဆေးခြင်းသုံးလိုက်၏။

[လုပိုင်ထျန်း(တစ်သားတည်းဖြစ်ခြင်းအဆင့်၉): ၇၆၄/၂၀၅၀/၃၂၀၀]

ကြည့်ရသည်မှာ ထူးထူးခြားခြားပြောင်းလဲမှုတော့ ရှိမနေပုံပင်။

နေဦး!

သူ့သက်တမ်း ၁၁၀၀လောက်ကျသွားတာပဲ!

သူ့သက်တမ်းသည် အရင်က ၃၁၅၀ ရှိသည်ကို ကုအန် မှတ်မိ၏။

သူကပ်ဘေးဖြတ်ကျော်ခြင်း ကျရှုံးခဲ့တာများလား!

ကုအန် ကြိတ်၍ သက်ပြင်းချလိုက်မိသည်။ သူကပ်ဘေးဖြတ်ကျော်တိုင်း တစ်ခါကျရှုံးသည်နှင့် နောက်တစ်ကြိမ်ထပ်မံဖြတ်ကျော်ရန် သက်တမ်းအများကြီးသုံးရခြင်းမှာ အံ့ဩစရာမဟုတ်တော့ပေ။ လက်တွေ့လောကတွင်လည်း ထိုသို့သာဖြစ်ပြီး လက်တွေ့လောကတွင်တော့ ကပ်ဘေးဖြတ်ကျော်ရင်း သေပါသေသွားနိုင်ပေသည်။ မသေလျှင်တောင် နောက်ထပ်ကပ်ဘေးကျော်ဖြတ်မှုမျိုး ထပ်မလုပ်နိုင်တော့တာလည်း ဖြစ်သွားနိုင်၏။

လုပိုင်ထျန်း သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောလိုက်သည်။ “ငါကပ်ဘေးကျော်ဖြတ်ခြင်း ကျရှူံးခဲ့တယ် ငါ့ရဲ့ အထွတ်အထိပ်အခြေအနေကိုပြန်ရောက်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူ ကုသရတော့မယ်”

ထိုစကားကိုကြားသောအခါ ကုအန်မျက်နှာချက်ချင်းပြောင်းလဲသွားပြီး စိတ်ပူနေဟန်ဖြင့် ရှေ့သို့ ခြေနှလှမ်းခန့်တိုးသွားကာ မေးလိုက်သည်။ “ဂိုဏ်းချုပ် အဆင်ပြေရဲ့လား ဂိုဏ်းချုပ် ကိုယ့်ကိုကိုယ်ဂရုစိုက်ရမယ်နော် အဓိပတိဂိုဏ်းက ဂိုဏ်းချုပ်မရှိလို့ မဖြစ်ဘူး”

ထိုစကားကိုကြားသောအခါ လုပိုင်ထျန်း၏ မည်းမှောင်နေသောမျက်နှာထက်တွင် အပြုံးတစ်ပွင့် ပေါ်ပေါက်လာခဲ့၏။

ကျိဟန်ထျန်းမှာတော့ မကျေနပ်ဟန်ဖြင့် ၀င်ပြောလိုက်သည်။

“သူမရှိရင်မဖြစ်ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ သူသေသွားရင်လည်း ငါရှိနေသေးတာပဲ”

မည်သည့်ဒုဂိုဏ်းချုပ်က ဂိုဏ်းချုပ်မဖြစ်ချင်ပါမည်နည်း။

“စိတ်မပူပါနဲ့ ငါမသေပါဘူး ဒါပေမယ့် နောက်တစ်ကြိမ်ကပ်ဘေးဖြတ်ကျော်ဖို့ကတော့ ပိုခက်သွားလိမ့်မယ် အဲ့ဒီအခါမှာ ကျရှုံးသွားရင်တော့ ‌တကယ်သေသွားရလိမ့်မယ်” လုပိုင်ထျန်းတည်တည်ငြိမ်ငြိမ်ပြောလိုက်ပြီး သူ့ကပ်ဘေးဖြတ်ကျော်စဉ်က အတွေ့အကြုံများကို ပြန်စဉ်းစားမိပြီး သူ့မျက်နှာတွင် ကြောက်ရွံ့သည့်အရိပ်အယောင်များပင် ဖြတ်ပြေးသွားခဲ့သည်။

ကုအန် ထပ်မေးလိုက်၏။ “ကပ်ဘေးကျော်ဖြတ်ခြင်းက အဲ့လောက်တောင်ခက်လား ဂိုဏ်းချုပ်လို ကျင့်ကြံသူကြီးတစ်ယောက်တောင် မကျော်ဖြတ်နိုင်ခဲ့ဘူး”

ကျိဟန်ထျန်း ၀င်ထေ့လိုက်သည်။ “သူက ကပ်ဘေးကျော်ဖြတ်တဲ့နေရာမှာ မင်းဆက်ကိုးခုက ကျင့်ကြံသူအတော်များများထက် သာလွန်နေပါပြီ မိစ္ဆာတွေ လူသားတွေ အများအပြားက သူတို့တစ်ဘ၀လုံးကုန်တာတောင် တစ်သားတည်းဖြတ်ခြင်းအဆင့်ကို မကျော်ဖြတ်နိုင်ခဲ့ကြဘူး”

ကုကျုံးလည်းခေါင်းညိတ်လိုက်ပြီး သူ့ကိုယ်သူလှောင်လိုက်၏။ “ငါကအဲ့ဒီကျင့်ကြံသူတွေထဲက တစ်ယောက်ပေါ့”

ကုအန် သက်ပြင်းချလိုက်ကာ ပြောလိုက်သည်။

“တစ်သားတည်းဖြစ်ခြင်းအကြောင်းမပြောပါနဲ့ ကျွန်တော်ဆို ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်တောင်မရောက်သေးဘူး”

သူ့လက်ရှိ အပေါ်ယံကျင့်ကြံခြင်းမှာ အခြေခံတည်ဆောက်ခြင်းအဆင့်သာ ဖြစ်၏။

“စိတ်မပူပါနဲ့ ငါဆေးတွေ ရတနာပစ္စည်းတွေဘယ်လောက်ကုန်ကုန်မင်းကို ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်ရောက်အောင် ပို့ပေးမှာပါ ဒါပေမယ့် စိတ်ဝိညဉ်အခြေတည်အဆင့်ရောက်အောင်တော့ ဂိုဏ်းကကူညီပေးလို့မရဘူး အဲ့တာကတော့ မင်းရဲ့ကံကြမ္မာအပေါ် မူတည်နေတယ် ဒါပေါ့ မင်းမှာရွေးချယ်စရာနောက်တစ်ခုရှိသေးတယ် အဲ့တာက ငါ့တပည့်ဖြစ်လာဖို့ပဲ

ငါကငါ့ကျင့်ကြံခြင်းတွေအကုန်လုံးကို မင်းဆီတိုက်ရိုက်လွှဲပေးလိုက်မယ်” လုပိုင်ထျန်း ၀တ်ရုံလက်ကိုခေါက်၍ ခပ်တည်တည်ပြောလိုက်သည်။

လာပြန်ပြီ!

ကုအန် ငြင်းရန်ပြန်လိုက်စဉ်တွင် ကျိဟန်ထျန်း ၀င်ပြောလိုက်၏။ “အခု ကျင့်ကြံခြင်းလွှဲပြောင်းဖို့အကြောင်းတော့ မစဉ်းစားစမ်းပါနဲ့ တခဏဂိုဏ်းက ငါတို့ကိုကျားချောင်းသလိုချောင်းနေတာ မနက်ဖြန်တောင် လာတိုက်ခိုက်ချင်တိုက်ခိုက်နိုင်တယ် သူခင်ဗျားရဲ့ ကျင့်ကြံခြင်းကို အမွေဆက်ခံလိုက်ရင်တောင် သူကခင်ဗျားလိုခွန်အားရှိလာမှာမှမဟုတ်တာ လက်ရှိတော့ အဓိပတိဂိုဏ်းက ခင်ဗျားမရှိလို့ လုံး၀မဖြစ်ဘူး”

ကုကျုံးခေါင်းညိတ်ကာ ပြောလိုက်သည်။ “ငါလည်း အဓိပတိအကြီးအကဲကြီးတွေကို ဆက်သွယ်ထားပြီးပြီ ဒါပေမယ့်ဘယ်နှစ်ယောက်ပြန်လာမလဲတော့ ငါလည်းမသိဘူး”

ထို့နောက် သူတို့စကားဝိုင်းသည် အဓိပတိအကြီးအကဲများဆီသို့ ရောက်ရှိသွားခဲ့၏။

အဓိပတိအကြီးအကဲများ အဓိပတိဂိုဏ်းမှထွက်သွားရသည့် အကြောင်းအရင်းသည် ဆန်းကြယ်နှလုံးသားအဆင့်သို့ ချိုးဖျက်ရန် အခွင့်အရေးရှာလိုကြ၍ ဖြစ်သည်။ သမိုင်းအရတော့ ထိုထွက်ခွာသွားသည့်ထဲမှ ဆယ်ပုံတစ်ပုံလောက်သာ ဂိုဏ်းသို့ပြန်လာကြပြီး ပြန်လာသည့် ထိုဆယ်ပုံတစ်ပုံထဲတွင်လည်း တစ်ပုံလောက်သာ အောင်မြင်ပြီး ကျန်သည့်သူများမှာ လက်ကျန်သက်တမ်းကို ဂိုဏ်းတွင်အနားယူရန် ပြန်လာကြခြင်း ဖြစ်၏။

ကျိဟန်ထျန်း စစ်မှန်သောအမွေဆက်ခံသူအကြောင်းလည်းပြောပြခဲ့ပြီး ထိုဂိုဏ်းတပည့်သည် အဓိပတိအကြီးအကဲများထက်ပင် သာလွန်ကာ တစ်သားတည်းဖြစ်ခြင်းအဆင့်ကို ကျော်လွန်သွားပြီဟု သူယုံကြည်နေခဲ့သည်။

ကုအန်လည်း သူ့အကြောင်း စိတ်၀င်စားနေမိပြီး အဓိပတိဂိုဏ်းတစ်ခုလုံးက တသသပြောနေရလောက်အောင် ထိုလူသည် မည်သို့သော ပါရမီမျိုးကို ပိုင်ဆိုင်ထားသလဲဟု သိချင်နေမိသည်။

ကုအန် သူတို့ဘေးတွင်ရပ်ကာ နားထောင်နေရင်း အဓိပတိဂိုဏ်း၏အတိတ်အကြောင်း ပိုသိလာခဲ့ရ၏။

နာရီ၀က်ခန့်ကြာသောအခါမှသာ သူတို့စကားဝိုင်း ပြီးဆုံးသွားခဲ့သည်။

“ငါဒီကိုလာရတဲ့ အဓိကအကြောင်းအရင်းက မင်းဆီကို အဆင့်မြင့်ဆေးပင်မျိုးစေ့တွေ ထပ်ပို့ချင်လို့ပဲ မင်းသေချာဂရုစိုက်ပြီး စိုက်ရမယ်နော် အဲ့တာတွေက ငါတို့နဲ့ တခဏဂိုဏ်းကြားတိုက်ပွဲမှာ အဓိကအရေးပါလာမယ့် အရင်းအမြစ်တွေပဲ” ကျိဟန်ထျန်း ကုအန်အား အလေးအနက်ပြောလိုက်သည်။

ဆေးမျိုးစေ့တွေ ထပ်ပို့မှာလား!

များလေကောင်းလေပေါ့ဟ!

ကုအန် အမြန်ကတိပေးလိုက်၏။ “ဘယ်လောက်များများ ကိစ္စမရှ်ိပါဘူး ကျွန်တော်အကောင်းဆုံးကြိုးစားပြီး စိုက်ပါ့မယ် လုံး၀အလေအလွင့်မဖြစ်စေရပါဘူး”

ကုကျုံး အူလှိုက်သည်းလှိုက်ရယ်မောလိုက်သည်။ “ငါမင်းရဲ့ စိတ်အားထက်သန်မှုကို သဘောကျတယ် အခြားဆေးတောင်ကြားသခင်တွေက မင်းလိုလေးလေးနက်နက်မရှိကြဘူး နောက်ပြီးရသလောက် သူတို့အိတ်ထဲထည့်ချင်နေတဲ့ကောင်တွေ ကြိုးစားထား ငါတို့မင်းကိုမကြာခင် အတွင်းစည်းဂိုဏ်းသားဖြစ်အောင် လုပ်ပေးမယ်”

ကုအန် ကျေးဇူးတင်ကြောင်း ပြောလိုက်၏။

ထို့နောက်တွင်တော့ လုပိုင်ထျန်းနှင့်ကျန်နှစ်ယောက်လုံး ထွက်ခွာသွားခဲ့သည်။

အိမ်ထဲမှထွက်လိုက်သည်နှင့် လုပိုင်ထျန်း၏ ဖြူဖျော့နေမှုများ လုံး၀မရှ်ိတော့ဘဲ ပုံမှန်အတိုင်းပြန်ဖြစ်သွားခဲ့၏။ ဂိုဏ်းချုပ်တစ်ယောက်အနေနှင့် သူအပြင်လူများရှေ့တွင် အားနည်းပြနေ၍ မဖြစ်ပေ။

ကုအန် လှေကားမှဆင်းလာခဲ့ကာ ထွက်ခွာသွားသော သူတို့ပုံရိပ်ကို ကြည့်ရှုနေခဲ့လေသည်။

သူကျိဟန်ထျန်းအား အဆင့်၇ ဆေးပင်အကြောင်းမမေးလိုက်ရ၍ အနည်းငယ်နောင်တ‌ရနေခဲ့‌၏။

….

တခဏသစ်ပင် ဖျက်ဆီးခံလိုက်ရသည့် သတင်းရော လုပိုင်ထျန်ူ ကပ်ဘေးဖြတ်ကျော်ခြင်းကျရှုံးခဲ့သည့်သတင်းမှာပါ ကျင့်ကြံခြင်းကမ္ဘာထဲသို့ ပျံ့နှံ့သွားပုံမရပေ။ ကုအန်ထိုသို့ထင်ရခြင်းမှာ ရီလန် ကုအန်ဆီရောက်လာသောအခါ သူထိုကိစ္စကြီးနှစ်ခုအကြောင်း ပြောမပြခဲ့ခြင်းကြောင့် ဖြစ်ပေသည်။

ဥပ‌ေဒခန်းမတွင် အရေးကြီးတာ၀န်တစ်ခုရှိ‌ေသာ‌ေကြာင့် လပေါင်းများစွာ ခရီးထွက်ရမည်ဖြစ်သောကြောင့် လာမည့်နွေဦးပွဲတော်တွင် ရီလန် ပါ၀င်နိုင်တော့မည် မဟုတ်ပေ။

ကုအန်အိမ်ပေါ်မှ ထွက်ခွာသွားသောရီလန့်ပုံရိပ်ကိုလိုက်ကြည့်နေပြီး သူ့ပုံရိပ် နှင်းထုထဲ ပျောက်ကွယ်သွားသောအခါမှသာ သူ့အကြည့်ကို လွှဲလိုက်၏။

သူသစ်တောထဲမှထွက်လာသော ယန်နီ့ကို ကြည့်နေလိုက်သည်။ ယန်နီ သူ့အိမ်ဘေးမှဖြတ်သွားသောအခါ ကုအန်မေးလိုက်၏။

“စီနီယာပြောတော့ တခဏဂိုဏ်းမှာအခြေခံအုတ်မြစ်မရှိဘူးဆို အဲ့တာတောင် ကျင့်ကြံသူတွေကို သူတို့ဆီ၀င်အောင် စွမ်းဆောင်နိုင်နေတယ်ဆိုတော့ ဒီကမ္ဘာကြီးက ကျင့်ကြံသူတွေ ဘယ်လောက်တောင်ရူးနေကြတာလဲ”

ယန်နီ လမ်းလျှောက်နေရင်း ခြေလှမ်းများကိုရပ်လိုက်ကာ ကုအန်ကိုမော့ကြည့်ပြီး ပြန်ပြောလိုက်သည်။ “တခဏဂိုဏ်းမှာ သူတို့လိုချင်တာတစ်ခုခုရှိလို့နေမှာပေါ့”

“အဲ့ဒီလိုလား ဒါပေမယ့်ကျွန်တော်ကတော့ အဲ့တာကိုအလိမ်အညာတစ်ခုလို့ပဲထင်တယ် အရင်က အပြင်စည်းဂိုဏ်းက မိစ္ဆာသုတ်သင်ခန်းမကလည်း အဲ့ဒီလိုပဲ လုကျိကျားတောင် အဲ့ဒီခန်းမထဲ၀င်ပြီး သူ့လမ်းမှန်းကိုတွေ့သွားပြီလို့ ထင်ခဲ့တာ ဒါပေမယ့်နောက်ဆုံးတော့ ဒုက္ခိတတစ်ယောက်ပဲဖြစ်သွားရတယ်”

ကုအန် သံဝေဂရနေဟန်ဖြင့် ခေါင်းခါလိုက်ကာ ဆက်ပြောလိုက်သည်။ “ကြည့်ရတာ ဒီကမ္ဘာကြီးမှာဘယ်သူကမှ ရုန်းကန်လှုပ်ရှားခြင်း ဆိုတဲ့စကားလုံးကနေ လွတ်မြောက်ပုံမရဘူး ငါ့အတွက်တော့ ဒီဆေးတောင်ကြားမှာနေရတာ ပိုကောင်းပါတယ် ဘာအတွက်မှ ယှဉ်ပြိုင်နေစရာမလိုဘူး”

ပြောပြီးသည်နှင့် ကုအန် လှည့်ထွက်သွားခဲ့၏။

ယန်နီမျက်မှောင်ကြုံ့သွားပြီး ကုအန်သူ့အားတစ်ခုခုကို သဲလွန်စပေးနေသည်ဟု အာရုံခံမိနေခဲ့သည်။

တကယ်လို့ ကုအန်သာ သူမ၏သရုပ်မှန်ကို ခန့်မှန်းမိနေလျှင် အဘယ်ကြောင့်ထုတ်မပြောရသနည်း

ယန်နီအနည်းငယ်တွေးနေလိုက်ပြီး နောက်တွင်တော့ လုကျိကျားကိုရှာကာ မေးမြန်းပြီး ကုအန်ဘာပြောနေလဲဆိုတာအဖြေရှာဖို့ ဆုံးဖြတ်လိုက်၏။

….

နှင်းများကျဆင်းနေဆဲ ဆောင်းရာသီတွင် ကျိမိသားစုမှကတိပေးထားသော အဆင့်၇ စိတ်ဝိညဉ်ပင် ကုအန်ဆီသို့ ရောက်ရှိလာခဲ့သည်။

[သန့်စင်ယန်ပင်(အဆင့်၇): ၂/၈၉၉၉/၆၄၀၀၀(]

ကုအန် လူတစ်ယောက်ထက်မြင့်သော ပင်ပျိုကိုသယ်ကာ ဘယ်နေရာတွင်စိုက်ရမလဲဆိုတာ စဉ်းစားနေခဲ့၏။

နောက်ဆုံးတွင်တော့ သန့်စင်ယန်ပင်ကို သူ့အိမ်ရှေ့ရှိ မြေနေရာလွတ်တွင်သာစိုက်ဖို့ ဆုံးဖြတ်လိုက်ပြီး တပည့်များကိုခေါ်ကာ ထိုနေရာတွင် နှင်းများကိုရှင်းကာ မြေဆွေးများ ဖော်ခိုင်းခဲ့သည်။

ထိုအပင်ကို အဆင့်၇အပင်ဟု သိလိုက်ရပြီးသည်နှင့် တပည့်များမှာလည်း စပ်စုလိုစိတ်ဖြင့် အပင်နားတွင် ဝိုင်းလာခဲ့ကြ၏။

သန့်စင်ယန်ပင်သည် ပင်ပျိုအဆင့်သာရှိပါသေးသော်လည်း ထိုအပင်ကိုမြေပေါ်စိုက်လိုက်သည်နှင့် အနားရှ်ိ နှင်းများအရည်ပျော်သွားပြီး ထိုအပင်မှာ မီးပင်တစ်ပင်လိုပင်။

သန့်စင်ယန်သစ်ပင်မှာ ကုအန်၏ကိုယ်ပိုင်ရတနာဖြစ်ပြီး ယခုတွင်ထိုရတနာကို လူအများက ဝိုင်းကြည့်နေကြသောကြောင့် ကုအန် စိတ်ကျေနပ်နေမိခဲ့သည်။

ထိုစဉ်ကုအန်အကြည့်သည် ကောင်းကင်ပေါ်သို့ရောက်ရှိသွားပြီး အပြင်စည်းဂိုဏ်းအကြီးအကဲ လုစုန့်ဟန် ဦးဆောင်သောလူတစ်စု ဓားပျံများစီး၍ လာနေသည်ကို တွေ့လိုက်ရ၏။

လုစုန့်ဟန်၏နောက်တွင်မူ ချီကျင့်ကြံခြင်းအဆင့်၇နှင့်အထက်ရှိသော အ‌ေစခံတပည့်များ ပါလာခဲ့ကြသည်။

ဟမ်!

သူတို့ကဘာလို့လာတာလဲ!

ကုအန် လုစုန့်ဟန်နောက်ရှိ အစေခံတပည့်များထဲတွင် တက်လှမ်းလာသူ လုလင်ကျွမ်းကိုလည်းတွေ့လိုက်ရပြီး ထိုအမျိုးသမီးသည် သူ့ကျင့်ကြံခြင်းကို ချီကျင့်ကြံခြင်းအဆင့်၈တွင် ပြသထားခဲ့သည်။

ထိုအစေခံကျင့်ကြံသူသည် လုပိုင်ထျန်းနှင့်ပင်ယှဉ်နိုင်သော တစ်သားတည်းဖြစ်ခြင်းအဆင့်၉ ကျင့်ကြံသူဖြစ်လိမ့်မည်ဟု မည်သူက ထင်မည်နည်း။

လုပိုင်ထျန်းသည် အသက်၇၀၀ကျော်သာ နေထိုင်ရသေးသူဖြစ်ပြီး လုလင်ကျွမ်းမှာတော့ နှစ်နှထောင်ကျော်ရှင်သန်ခဲ့သူ မွန်းစတားအိုကြီးတစ်ကောင်ဖြစ်လေရာ သူတို့နှစ်ယောက်သာ အမှန်တကယ်တိုက်ခိုက်ပါက လုပိုင်ထျန်းသည် လုလင်ကျွမ်းကိုနိုင်မှာမဟုတ်ဘူးဟု ကုအန် ခံစားနေရသည်။

လုစုန့်ဟန် မြေပေါ်ဆင်းလာပြီးသည့်နောက် ကုအန်အား လက်သီးဆုပ်နှုတ်ဆက်လိုက်ကာ ပြောလိုက်၏။ “ညီလေးကု ဒါကအထက်ကလူတွေသေချာရွေးထားတဲ့ အစေခံတပည့် ၂၀၀ပဲ”

ကုအန်လည်း သူ့‌ဆီသွားလိုက်ပြီး စကားအနည်းပြောကာ ကျေးဇူးတင်လိုက်လေသည်။

လူအုပ်ထဲရှိ လုလင်ကျွမ်းမှာတော့ ကုအန်ကိုအကဲခတ်နေပြီး အခြေခံတည်ဆောက်ခြင်းအဆင့်သာရှိသေးသော ကျင့်ကြံသူတစ်ယောက်က အဘယ်ကြောင့် စိတ်ဝိညဉ်အခြေတည်အဆင့်တစ်ယောက်နှင့် ညီကိုဆက်ဆံရေးရှ်ိနေရသလဲဟု အံ့ဩနေမိ၏။

သူ့နောက်ခံကဘာများလဲ!

လုစုန့်ဟန် ‌ပြန်သွားပြီးသည့်နောက်ကုအန် ရှောင်ချွမ့်ကိုခေါ်ကာ အစေခံတပည့်၂၀၀အတွက် နေစရာ‌ေနရာများ စီစဉ်ပေးခိုင်းခဲ့သည်။

ထိုနေ့တွင် တပည့်အသစ်များသည် တတိယတောင်ကြား၌ ကိုယ်ပိုင်အိမ်များကို တည်ဆောက်ကြတော့၏။

တောင်ကြားထဲတွင် အဆင့်၇ အပင်နှစ်ပင်ကိုတွေ့လိုက်ရသောအခါ လုလင်ကျွမ်းအတော်လေးအံ့ဩသွားခဲ့ရသည်။

သူအရင်က မတက်လှမ်းခင်က အဆင့်၇ အပင်တစ်ပင်ကိုမြင်ဖူးပြီး ထိုအပင်သည် သက်တမ်း ၂၀၀၀၀ကျော်နေကော အမြင့်မှာ တောင်များထက်ပင် မြင့်နေသေးသည်။

အဓိပတိဂိုဏ်းရဲ့ အခြေခံအုတ်မြစ်က ကြောက်စရာပဲ ငါဒီမှာပဲ ခြေကုပ်ယူရမယ်!

နှစ်သစ်ကူးပြီးသောအခါ ကုအန် ရှောင်ချွမ်အားခေါ်၍ တပည့်များထဲမှ တပည့်များအားလုံးကိုကြီးကြပ်ရန် ကြီးကြပ်သူ ၁၀ယောက်ရွေးချယ်ခိုင်းလိုက်၏။ ရှောင်ချွမ်လည်း ဆယ်ယောက်ရွေးလိုက်ပြီး ထိုထဲတွင် လုလင်ကျွမ်းလည်း ပါပေသည်။

ကုအန် ကြီးကြပ်သူဆယ်ယောက်အား အနည်းငယ်ဩဝါဒခြွေနေပြီး အားပေးနေခဲ့၏။

ထိုစဉ်တွင် လုလင်ကျွမ်းသူ့အနားကပ်လာပြီး ခပ်တိုးတိုးပြောလိုက်လေသည်။

“တောင်ကြားသခင် ကျွန်မမှာပြောစရာရှိပါတယ် အခန်းထဲမှာသွားပြောလို့ရမလား”

ထိုစကားကိုကြားသောအခါ ကုအန်အနည်းငယ်တွန့်ဆုတ်သွားသော်လည်း ခေါင်းညိတ်လိုက်ကာ သူ့အိမ်ဆီသို့ ဦးဆောင်ခေါ်သွားလိုက်၏။

အခြားကြီးကြပ်သူများမှာတော့ အဝေးမှသာ အားကျ‌ေသာ အကြည့်များဖြင့်သာ ကြည့်နေခဲ့ကြသည်။

လှပခြင်းက တကယ်ကို စွမ်းအားတစ်မျိုးပဲ!

အခန်းထဲရောက်သောအခါ လုလင်ကျွမ်းတံခါးကိုပိတ်လိုက်ပြီး ကုအန်မှာတော့စားပွဲတွင်သွားထိုင်ကာ အစိမ်းရောင်သူရဲကောင်းစာအုပ်ကိုထုတ်၍ ပုံမှန်အတိုင်း ဟိုလှန်ဒီလှန် လုပ်နေလိုက်၏။

လုလင်ကျွမ်း စားပွဲဆီချဉ်းကပ်လာကာ သူ့ရင်ဘတ်ထဲမှ လျှို့ဝှက်သိုင်းကျမ်းတစ်အုပ်ထုတ်လိုက်ပြီး ကုအန်ကိုပေးလိုက်လေသည်။

ကုအန် တစ်ချက်ကြည့်လိုက်၏။

ပြောင်းလဲခြင်းကိုးပါးရွှေခန္ဓာပညာ!

အစွမ်းထက်လိုက်တဲ့ နာမည်!

လုလင်ကျွမ်း ခပ်တိုးတိုးပြောလိုက်သည်။ “ဒါက ကျွန်မတို့မိသားစုကျင့်စဉ်ပါ တောင်ကြားသခင်အထင်မသေးဖို့ မျှော်လင့်ပါတယ်”

ကုအန် မျက်မှောင်ကြုံ့လိုက်ကာ ပြောလိုက်၏။

“မင်းဘာလုပ်နေတာလဲ ပြန်ယူသွား တစ်ယောက်ယောက်မြင်သွားရင် ငါ့ကိုဘယ်လိုထင်သွားမလဲ”

လုလင်ကျွမ်းလည်း နားလည်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ကာ စာအုပ်ကို ရင်ဘတ်ထဲ ပြန်ထည့်လိုက်လေသည်။ ထို့နောက် သိုလှောင်အိတ်ထဲမှ မှော်အသုံးအဆောင်တစ်ခု ထုတ်လာပြန်၏။

“မင်းငါ့ကိုစမ်းသပ်နေတာလား ငါ့ရဲ့အဓိပတိဂိုဏ်းအပေါ်သစ္စာရှိမှုကို မေးခွန်းထုတ်နေတာလားကွ” ကုအန် ဒေါသသံဖြင့် ပြောလိုက်သည်။

လုလင်ကျွမ်းမှာတော့ လောဘကြီးသည့်သူ့ကို ကြိတ်၍သာ ဆဲလိုက်မိသည်။

ရုတ်တရက် သူတစ်ခုခုကိုတွေးမိသွားပြီး သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းဖြူပုလင်းရှည်တစ်လုံးထုတ်လိုက်ကာ ပြောလိုက်၏။ “ဒါက ကောင်းကင်စိတ်ဝိညဉ်ရေပါ ပုလင်းတစ်လုံးထဲဆိုပေမယ့် သူ့ကိုမြေပေါ်ဖြန်းလိုက်ရင် စိတ်ဝိညဉ်စွမ်းအင်တွေကို စုစည်းပေးပြီး အနီးနားကမြေဆီလွှာတွေကို ပိုအားကောင်းသွားအောင်လုပ်ပေးမယ့် ရေကန်တစ်ခုပေါ်လာပြီး ကောင်းကင်နဲ့မြေပြင်ရဲ့ရတနာတွေကို အမြန်ကြီးထွားလာအောင် လုပ်ပေးနိုင်တယ်

နောက်ပြီး အဲ့တာက စုပ်ယူလို့ရသလို ဆေးဖော်ဖို့အတွက်လည်းသုံးလို့ရတဲ့ စိတ်ဝိညဉ်ပုလဲတွေကိုလည်း နှစ်စဉ် ဖွဲ့တည်စေသေးတယ်”

ထိုစကားကိုကြားသောအခါ ကုအန် ပုလင်းကိုယူကာ ခပ်တည်တည်ပြောလိုက်သည်။ “ဒါကို အပေးအယူတစ်ခုအနေနဲ့တော့ မသတ်မှတ်သင့်ပါဘူး ပြော မင်းဘာလိုချင်လဲ မင်းလိုချင်တာက အဓိပတိဂိုဏ်းရဲ့အကျိုးစီးပွားကိုထိခိုက်စေလို့ မရဘူး”

လုလင်ကျွမ်းတစ်ချက်ပြုံးလိုက်ကာ “တောင်ကြားသခင် ကျွန်မ ဆန်းကြယ်သန့်စင်ပင်အောက်မှာကျင့်ကြံဖို့ တောင်ကြားသခင်ဆီက ခွင့်ပြုချက်ရနိုင်မလား”

သူအရင်က ဆန်းကြယ်သန့်စင်ပင်ရှေ့တွင် ရပ်‌ကြည့်ခဲ့ဖူးပြီး ထိုစဉ်က အလွန်၀သော ကြွက်ဖြူကြီးတစ်ကောင်ကို သတိပြုခဲ့မိသည်။ ထိုကြွက်ဖြူကြီးသည် အိပ်နေပုံပေါ်သော်လည်း သူ့အ‌ေတွ့အကြံုအရ ထိုကြွက်ကြီးသည် ဆန်းကြယ်သော လမ်းစဉ်ညဏ်အလင်းပွင့်မှုတစ်ခုထဲ ရောက်နေခြင်းဖြစ်မှန်း သူပြောနိုင်၏။

All Chapters