← Chapters

အခန်း (၁၀၅-၁၀၆)

Vol. 9 Ch. 105-106

အခန်း (၁၀၅-၁၀၆)

Vol. 9 Ch. 105-106

အပိုင်း(၁၀၅)

ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် အဲ့တာကအစွမ်းထက်လို့လား

ဆန်းကြယ်သန့်စင်ပင်လား!

ကုအန် လုလင်ကျွမ်း ဆန်းကြယ်သန့်စင်ပင်၏ဆန်းကြယ်မှူများအကြောင်းကို ထိုမျှမြန်မြန် ရှာတွေ့သွားလိမ့်မည်ဟု ထင်မထားပေ။ သို့သော် ထိုအရာမှာ သူတမင်ဖွက်ထားသော အရာမျိုးတော့ ဟုတ်မနေပေ။ တစ်ဖက်တွင်လည်း လုလင်ကျွမ်းစကားကြောင့် သူအကြံသစ်တစ်ခုပင် ရသွားခဲ့သည်။

အနာဂတ်တွင် သူ့တပည့်များပို၍ အလုပ်ကြိုးစားလာစေရန် ဆန်းကြယ်သစ်ပင်ကိုအသုံးပြု၍ စိတ်ဓာတ်မြှင့်တင်ပေး၍ ရနိုင်၏။

ကုအန် တွေးတာ ပြောလိုက်သည်။ “ကောင်းပြီလေ ဒါပေမယ့် ညဘက်ပဲရမယ် မင်းအာရုံမတက်ခင် ပြန်သွားရမယ် ဆန်းကြယ်သန့်စင်ပင်က ဂိုဏ်းရဲ့ရတနာပဲ အဲ့တာကြောင့် ကြီးမြတ်တဲ့ကျင့်ကြံသူတွေအများကြီးစောင့်ကြည့်နေလိမ့်မယ် နားလည်လား”

လုလင်ကျွမ်း ထိုစကားကိုကြားသည်နှင့် ခေါင်းညိတ်ပြကာ ကျေးဇူးတင်ကြောင်းပြောလိုက်ဧ။။်

တစ်သားတည်းဖြစ်ခြင်းအဆင့်၉ ကြီးမြတ်သည့်ကျင့်ကြံသူကြီးတစ်ယောက်သည် သူ့ရှေ့တွင် အခုလိုရိုကျိုးနေသည်ကိုကြည့်ပြီး ကုအန် ထူးဆန်းသည်ဟု ခံစားသွားခဲ့ရသည်။

သို့သော် သူလည်းအတူတူသာမဟုတ်ပါလား။

အလွန်မြင့်မားသောကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ထားသော်လည်း သူ့လက်ရှိအခြေအနေကို မကျေနပ်သေးသောကြောင့် အခုထိ သတိထား၍သာ နေနေရဆဲ ဖြစ်သည်။

ခဏကြာ စကားအနည်းငယ်ပြောပြီးမှသာ လုလင်ကျွမ်း ပြန်သွားခဲ့၏။

တံခါးပိတ်ကာ လှေကားမှဆင်းသွားပြီးသည့်နောက် လုလင်ကျွမ်းတွေးနေခဲ့မိသည်။ “အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်းဆိုတာ ဘာစာအုပ်လဲ အဲ့တာက ပြောင်းလဲခြင်းကိုးပါးရွှေခန္ဓာပညာထက် သာနေလို့လား”

ကုအန် သူ့လျှို့ဝှက်သိုင်းထက် ထိုစာအုပ်ကို ပိုစိတ်၀င်စားနေတာကို သူသတိထားမိခဲ့၏။

ထို့ကြောင့် သူစာအုပ်အကြောင်း အပြင်စည်းမြို့ထဲသွားစုံစမ်းမည်ဟု ဆုံးဖြတ်လိုက်လေသည်။

မဟာကောင်းကင်နှင့်မြေပြင်စိတ်ဝိညဉ်နယ်မြေသို့ရောက်ပြီးနောက် လုလင်ကျွမ်း အရာအားလုံးကိုစိတ်၀င်စားနေပြီး ဤကမ္ဘာကြီးအ‌ေကြာင်း အံ့ဩမှုများဖြင့် ပြည့်နှက်နေခဲ့၏။ ထို့ကြောင့်လည်း ကမ္ဘာကြီးနှင့်ရင်းနှီးလာစေရန် အစေခံတပည့်တစ်ယောက်အဖြစ်ဖြင့် စတင်ခဲ့ခြင်း ဖြစ်သည်။

သူ့ရည်ရွယ်ချက်မှာတော့ အဓိပတိဂိုဏ်းတွင် အကြီးအကဲတစ်ယောက်ဖြစ်လာရရန် ဖြစ်၏။ တတိယတောင်ကြားသည် သူ့အတွက် ခြေနင်းကျောက်တစ်တုံးသာ ဖြစ်ပေသည်။

လမ်းတွင် ဂိုဏ်းချုပ်သည် ကျင့်ကြံခြင်းမည်မျှရှိမည်ကို လုလင်ကျွမ်း တွေးနေမိသည်။

သူက ငါ့ထက်တော့ မြင့်လောက်တယ်မဟုတ်လား!

….

ညဉ့်နက်ချိန်တွင် မြောက်ပင်လယ်တောင်တန်းဒေသတွင်

လေပြင်းများတိုက်ခတ်ကာ နှင်းပွင့်များ ဝေ့ဝဲနေကြ၏။

ကုအန် သစ်ပင်တစ်ပင်အောက်တွင်ထိုင်ကာ တရားထိုင်နေရင်း သူ့မျက်လုံးများ ရုတ်တရက်ပွင့်လာခဲ့ပြီး အလင်းတစ်ချက်လက်သွားခဲ့လေသည်။

သူယခုပင် ကျိမိသားစု၏ ကောင်းကင်နှင့်မြေပြင်လမ်းစဉ် သိုင်းကို သက်တမ်းတစ်သိန်းသုံး၍ အဆင့်မြှင့်ခဲ့ခြင်းဖြစ်ပြီး ထိုသိုင်းမှ ကောင်းကင်နှင့်မြေပြင်လွှမ်းမိုးသူခန္ဓာ ပြီးနောက် နောက်ဆုံးတွင် တာအိုပညာရှင်ဂိုဏ်းမူလစွမ်းအင်သိုင်းအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။

တာအိုပညာရှင်ဂိုဏ်းမူလစွမ်းအင်သိုင်းသည် အတော်လေး ပြီးပြည့်စုံပြီး ကျင့်ကြံသူ၏ ကိုယ်ပေါ်၌ လူမမြင်နိုင်သော အရောင်အဆင်းမဲ့ မူလစွမ်းအင်တစ်မျိုးဖြင့် အလိုအလျောက်ဖုံးအုပ်ထားပေးနိုင်သော ပညာမျိုးဖြစ်ပြီး ထိုမူလစွမ်းအင်သည် မကောင်းဆိုးဝါးစိတ်ဝိညဉ်များ နှင့် အမျိုးမျိုးသော မှော်သိုင်း နတ်သိုင်းများမှ ကာကွယ်ပေးနိုင်၏။ ထို့အပြင် ထိုမူလစွမ်းအင်ကိုသုံး၍ ရန်သူကိုလည်း တိုက်ခိုက်၍ ရသေးပြီး တိုက်ခိုက်ရေးရော ခုခံရေးတွင်ပါ အသုံး၀င်သော သိုင်းတစ်မျိုးဖြစ်ပေသည်။

တစ်နာရီခန့်ကြာသောအခါ တာအိုပညာရှင်ဂိုဏ်းမူလစွမ်းအင်သိုင်းကို လေ့ကျင့်ခြင်းပြီးဆုံးသွားခဲ့ပြီး သူ့အရေပြားထက်တွင် မူလစွမ်းအင်အလွှာတစ်ခုပေါ်လာခဲ့ပြီး အခြားသူများသည် သူ့ကိုယ်ကိုထိနိုင်သော်လည်း အန္တရာယ်ပေးနိုင်တော့မည် မဟုတ်ပေ။

ကုအန်တွင် သက်တမ်း ၄၃၀၀၀၀ ကျန်နေသေးသောကြောင့် သူထိုက်ကန်နတ်မင်သက်ဓားသိုင်းကို အဆင့်မြှင့်သင့်လား မသင့်လား တွေဝေနေမိသည်။

ထိုက်ကန်နတ်မင်သက်ဓားသိုင်းသည် အတော်လေးစွမ်းအားကြီးနေပြီဖြစ်ပြီး ထိုသိုင်းကိုအဆင့်ထက်မြှင့်ခြင်းမှာ သိပ်တော့အဓိပ္ပာယ်ရှိပုံမပေါ်ပေ။

လက်ရှိအခြေအနေအရ သူသည်လည်း သစ်သားစိတ်ဝိညဉ်တွင်ပိုပါရမီပါနေသော သူတစ်ယောက်ဖြစ်နေလေရာ သစ်သားစိတ်ဝိညဉ်ဓားသိုင်းကို အဆင့်မြှင့်ခြင်းက ပိုကောင်းသည်ဟု ခံစားနေခဲ့ရသည်။

သို့သော် သူ့တွင်ဓားသိုင်းတစ်ခုရှိနေပြီးဖြစ်သောကြောင့် နောက်ဓားသိုင်းတစ်ခုကိုလေ့ကျင့်ရခြင်းမှာ အဓိပ္ပာယ်ရှိပုံမရပေ။ တစ်ခုတည်းကိုသာ အာရုံစိုက်၍ လေ့ကျင့်ခြင်းမှာ ပိုကောင်းပေလိမ့်မည်။

မေ့လိုက်တော့!

ငါအခြားနတ်သိုင်းတွေ မှော်သိုင်းတွေကိုပဲ အရင်အာရုံစိုက်ထားလိုက်မယ်!

တကယ်တော့ ကုအန်၏ မဟာယနအဆင့် ကျင့်ကြံခြင်းနှင့်ဆိုပါက မည်သည့်နတ်သိုင်းမဆို သူ့လက်ထဲတွင်ရောက်သွားပါက ကြောက်စရာကောင်းသော အရာဖြစ်သွားမည် ဖြစ်သည်။ ထို့အပြင်သူသည် အဆင့်ကျော်တိုက်တတ်သည့်သူမျိုးလည်းမဟုတ်သောကြောင့် နတ်သိုင်းများ အရမ်းအစွမ်းထက်နေစရာလည်း မလိုပေ။ သူအခုလို နတ်သိုင်းများကိုလိုက်အဆင့်မြှင့်နေရသည့် ရည်ရွယ်ချက်မှာ

သူအဆင့်ချိုးဖျက်ရာ၌ ချောမွေ့စေရန်သာ ဖြစ်၏။

သေချာစဉ်းစားပြီးသည့်နောက်တွင် ကုအန် လုပိုင်ထျန်းသင်‌ေပးခဲ့‌ေသာ စိတ်ဝိညဉ်စုစည်းနတ်လက်ချောင်းကိုအဆင့်မြှင့်မည်ဟု ဆုံးဖြတ်လိုက်လေသည်။

စိတ်ဝိညဉ်စုစည်းနတ်လက်ချောင်းသည် အတော်လေးအစွမ်းထက်ပြီး ထိုသိုင်းသည် အသုံးပြုသူ၏ စိတ်ဝိညဉ်စွမ်းအားကို လက်ချောင်းထိပ်တွင်စုစည်းပေးရုံသာမက ပတ်၀န်းကျင်မှစိတ်ဝိညဉ်စွမ်းအားများကိုလည်း လက်ချောင်းထိပ်တွင် စုစည်းပေးပြီး ကောင်းကင်နှင့်မြေပြင်၏စိတ်ဝိညဉ်စွမ်းအားကိုပင် ငှားယူသုံးစွဲ၍ရသော သိုင်းမျိုး ဖြစ်ဧ။။်

ကုအန် ချက်ချင်း ထိုသိုင်းထဲသို့ သက်တမ်းတစ်သိန်းပေါင်းထည့်လိုက်လေသည်။

စိတ်ဝိညဉ်စုစည်းနတ်လက်ချောင်းသည် အရင်ဆုံး မိုးထိလက်ချောင်းအဖြစ်ပြောင်းလဲသွားပြီး နောက်ဆုံးတွင် လမ်းစဉ်ချိုးဖျက်နတ်အလင်း အဖြစ်သို့ပြောင်းလဲသွားခဲ့၏။

ထို့နောက် သိုင်းနှင့်ပတ်သက်သောမှတ်ညဏ်များ ကုအန်စိတ်ထဲ တိုး၀င်လာခဲ့လေသည်။

သိုင်းသည် အဆင့်မြှင့်ပြီးသည့်နောက် လက်ချောင်းဖြင့်သာ အသုံးပြုလို့ရတော့တာမဟုတ်ဘဲ ခန္ဓာကိုယ်၏ဘယ်အစိတ်အပိုင်းနှင့်မဆို သုံး၍ ရနေပြီဖြစ်၏။

ဤသို့ဖြင့် နောက်တစ်နာရီကုန်ဆုံးသွားခဲ့ပြန်သည်။

ကုအန် မျက်လုံးများပွင့်လာခဲ့ကာ ကြိတ်၍ အံ့ဩနေမိ၏။

လွှမ်းမိုးလိုက်တဲ့ လမ်းစဉ်ချိုးဖျက်နတ်အလင်း!

ထိုသိုင်းသည် ၀င်္ကပါများ စည်းများ ကာကွယ်ရေးမှော်သိုင်းများ နတ်သိုင်းများကို ချိုးဖျက်ရန် အဓိကထားသော သိုင်းမျိုးဖြစ်သည်။ ထိုသိုင်းသည် မိမိရန်သူ၏ ခန္ဓာကိုယ်ပါမက လမ်းစဉ်ကိုပါ တိုက်ရိုက်ဖျက်ဆီးပစ်နိုင်သော သိုင်းမျိုး ဖြစ်၏။

ဒီတစ်ကြိမ် သူ့အဆင့်မြှင့်မှု မမှားယွင်းခဲ့ပေ!

ကုအန် ပြုံး၍ ထရပ်လိုက်ကာ သက်တမ်းအလွှာကို ပြန်သိမ်းပြီး တောနက်ထဲသို့ လျှောက်လာခဲ့လိုက်သည်။ အချိန်သည် အာရုံတက်ချိန်ရောက်ဖို့လိုနေသေးသောကြောင့် သူတောထဲခဏလျှောက်သွားပြီး လီယကိုလည်း ရှာဦးမည်ဟု စဉ်းစားထားခဲ့သည်။

လီယ မြောက်ပင်လယ်အစွန်းတွင် ထိုက်ကန်နတ်မင်သက်ဓားသိုင်းကို ကြိုးစား၍ ကျင့်ကြံနေခဲ့၏။

ကုအန်သူ့အား နတ်မင်သက်ဓားသိုင်းသင်ပေးခဲ့စဉ်က မြောက်ပင်လယ်ဓားကြီးထဲတွင် လီယကိုညွှန်ကြားရန် ဓားဆန္ဒတစ်ခုလည်း ထည့်ပေးခဲ့လေသည်။

ထိုဓားဆန္ဒ၏လမ်းညွှန်မှုဖြင့် လီယ၏ ဓားပညာသည် အလျင်အမြန်တိုးတက်လာခဲ့၏။

ကုအန် လမ်းတစ်လျှောက်ရှိ ရှူခင်းများကို ခံစားနေစဉ်တွင် သူနှင့်မိုင်ထောင်ချီအဝေးရှ်ိ ရေကန်တစ်ကန်ရှေ့တွင် လီယ ကိုယ်အပေါ်ပိုင်းချွတ်ဖြင့်ရပ်နေပြီး သူ့လက်ထဲရှိ မြောက်ပင်လယ်ဓားကြီးကိုမြှောက်ကာ ရေကန်ထဲမှ လရိပ်ဆီသို့ လွှဲခုတ်လိုက်လေသည်။

သူ့ဓားချက်ကြောင့် တောက်ပနေသော ရေမျက်နှာပြင် ဝုန်းဒိုင်းကြဲသွားပြီး နှင်းမှုန်များလည်း ကြယ်များလို တစ်စစီ ပြန့်ကြဲသွားခဲ့၏။

လီယကိုယ်ပေါ်တွင် ချွေးများဖြင့် ရွှဲနေပြီး သူ့ကြွက်သားတုံးကြီးများက သူမည်မျှသန်မာမှန်း ညွှန်ပြနေလေသည်။

“မင်ထိုက်ကန်နတ်မင်သက်ဓားသိုင်းကို ဘယ်လောက်ကျွမ်းကျင်နေပြီလဲဆိုတာထားလိုက်ပြီး မင်းရဲ့ ခန္ဓာကိုယ်အင်အားကကို မူလနတ်နဂါးပုံရိပ်နဲ့ပေါင်းစပ်ပြီး အဆင့်၄ မိစ္ဆာတစ်ကောင်နဲ့တောင် ယှဉ်လို့ရနေပြီ”

အကြီးအကဲ၏အသံထွက်ပေါ်လာပြီး သူ့အသံမှာ လီယကို ချီးကျူးနေသလိုပင်။

လီယနှုတ်ခမ်းများ တွန့်ကွေးသွားခဲ့ပြီး ဘာမှဆက်မပြောတော့ဘဲ ဓားသိုင်းကိုသာ ဆက်လေ့ကျင့်ခဲ့၏။

သူ့စိတ်ထဲတွင် လုရှန် ကျိုးတောင်းယူ ကျိရှောင်ယုတို့ကို အနိုင်ယူကာ ဂိုဏ်းများအားလုံးကို အံ့အားသင့်စေပြီး လီမိသားစုကိုအထွတ်အထိပ်သို့ ပြန်ဆွဲတင်နိုင်ခဲ့သည့် မြင်ကွင်းမျိုးကိုပင် မြင်ယောင်နေလေပြီ။

“အံ့ဩစရာကောင်းလိုက်တဲ့ ဓားပညာ တကယ့်ကြောက်စရာ လူငယ်လေးပဲ” သူ့ဘေးမှ အသံတစ်သံထွက်ပေါ်လာသောကြောင့် လီယ လှည့်ကြည့်လိုက်ရာ သူ့ဆီလျှောက်လာသော ကျောင်းတော်သား၀တ်စုံနှင့်လူတစ်ယောက်ကို တွေ့လိုက်ရသည်။

ထိုလူသည် အဖြူရောင်၀တ်စုံကို၀တ်ဆင်ထားပြီး ကျောတွင် စာအုပ်သေတ္တာတစ်လုံးကိုလွယ်ကာ အဝတ်ဦးထုပ်တစ်လုံးကိုဆောင်းထားပြီး လက်ထဲတွင် ခေါက်ယပ်တောင်တစ်ချောင်း ကိုင်ထားခဲ့၏။ ထိုလူလီယရှေ့တွင် ပေါ်လာပုံမှာ ‌လရောင်အောက်မှ တစ္ဆေတစ်ကောင်လိုပင်။

လီယ မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။ “ခင်ဗျားဘာလိုချင်လို့လဲ”

သူမြောက်ပင်လယ်ဒေသတွင်နေနေသည်မှာ နှစ်နှင့်ချီကြာနေပြီဖြစ်ပြီး မိစ္ဆာများ တစ္ဆေများ မျိုးစုံပေါ်လာဖူးလေရာ သူဘာကိုမှ မကြောက်တော့ပေ။

ကျောင်းတော်သားပြုံး၍ ပြောလိုက်သည်။ “ငါက တခဏဂိုဏ်းကပါ မင်းငါ့ကို ကျက်သရေကြိုးကြာခရီးသွား လို့ခေါ်နိုင်တယ် ငါမင်းရဲ့ဓားပညာဘယ်လောက် အံ့ဩစရာကောင်းလဲဆိုတာနဲ့ မင်းချီသွေးတွေက သာမန်အဆင့်တူတွေထက်ကျော်လွန်နေတာကို သတိထားမိတယ် တခဏဂိုဏ်းကို ၀င်မလား”

တခဏဂိုဏ်း!

လီယ ‌မျက်မှောင်ကြုံ့သွား၏။ လွန်ခဲ့တဲ့နှနှစ်လောက်က မြောက်ပင်လယ်တောင်တန်းဒေသတွင် တခဏဂိုဏ်းနှင့် မိစ္ဆာဂိုဏ်းများ စစ်ပွဲဖြစ်ခဲ့ဖူးသောကြောင့် သူတခဏဂိုဏ်းကို သိပေသည်။

လီယ တုံ့ပြန်လိုက်သည်။ “ကျွန်တော်က အဓိပတိဂိုဏ်းကတပည့်တစ်ယောက်ပါ ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပါတယ်”

သူ့အတွက် အဓိပတိဂိုဏ်းသားတစ်ယောက်ဖြစ်ရခြင်းမှာ ဂုဏ်ယူစရာကောင်းနေဆဲဖြစ်ပြီး ဘယ်ကမှန်းသေချာမသိသော ဂိုဏ်းတစ်ဂိုဏ်းသည် အဓိပတိဂိုဏ်းနှင့် မည်သို့ယှဉ်၍ ရမည်နည်း။

“မင်းတို့အဓိပတိဂိုဏ်းက ကျင့်ကြံသူတွေ အများကြီး တခဏဂိုဏ်းကို ၀င်လာကြတယ် အကြီးအကဲတွေတောင်ပါသေးတယ် အဓိပတိဂိုဏ်းကတဖြည်းဖြည်းနဲ့ တခဏဂိုဏ်းနဲ့အစားထိုးတာကိုခံရတော့မှာ အခုချိန် တခဏဂိုဏ်းကို၀င်ထားတာက မှန်ကန်တဲ့လမ်းစဉ်ပဲ” ကျက်သရေကြိုးကြာခရီးသား ပြုံး၍ပြောလိုက်ပြန်သည်။

လီယ အမူအရာ အေးစက်သွားပြီး ကျက်သရေကြိုးကြာခရီးသွားထံသို့ မြောက်ပင်လယ်ဓားကြီးဖြင့် ချိန်လိုက်ကာ ပြောလိုက်၏။

“အဲ့ဒီတော့ ခင်ဗျားက ကျွန်တော်ငြင်းမရဘူးလို့ ပြောချင်တာပေါ့”

လီယ ဓားမြှောက်လိုက်သည်ကို တွေ့သောအခါ ခရီးသွား ရယ်မောလိုက်လေသည်။ “လူငယ်လေး မင်းကမင်းကိုယ်ထဲမှာ အကြီးအကဲဝိညဉ်တစ်ခုရှိရုံနဲ့ မင်းကိုယ်မင်းအားလုံးအထက်မှာရှိနေပြီလို့ ထင်နေတာလား”

ပြောပြီးသည်နှင့် သူလီယအား ရုတ်တရက် တိုက်ခိုက်‌လိုက်လေသည်။

လီယ အမူအရာပြောင်းလဲသွားပြီး ဓားကိုမြှောက်၍ ခုခံလိုက်၏။

….

ကုအန် တောထဲတွင် လျှောက်သွားနေရင်း အာရုံတက်ခါနီးသောအချိန်မှသာ အကန့်အသတ်မဲ့လွတ်လပ်ခြင်းခြေလှမ်းကိုသုံး၍ လီယရှိရာအရပ်သို့ ဦးတည်သွားလိုက်သည်။

သူလီယရှိရာ ကမ်းခြေသို့ရောက်သောအခါ လီယသည် ကျောက်တုံးကြီးတစ်တုံးရှေ့တွင်ထိုင်ကာ ခေါင်းငိုက်စိုက်ကျနေပြီး သူ့မြောက်ပင်လယ်ဓားကြီးမှာလည်း ကမ်းစပ်တွင် ကျနေကောလှိုင်းများရိုက်ခတ်ခြင်းကို ခံနေရ၏။

ဟမ်

ငါတစ်ခုခုလွတ်သွားပုံပဲ!

လီယကိုယ်ထဲရှိ ဝိညဉ်မရှိတော့တာကိုလည်း ကုအန် သတိထားမိလိုက်သည်။

သူလီယဆီသို့ လျှောက်သွားလိုက်၏။

သူလီယနားရောက်မှသော လီယ သူ့ခြေသံကိုကြားသွားပြီး အားယူကာ ခေါင်းမော့လာခဲ့သည်။ ထို့နောက် ခရမ်းရောင်မိစ္ဆာချီများကို မြင်သောအခါ သူအမြန်ကုအန်ရှေ့၌ ဒူးထောက်ချလိုက်လေသည်။

“မူလဘိုးဘေး ကျေးဇူးပြုပြီး အကြီးအကဲကိုကယ်တင်ပေးပါ သူ့ကိုတခဏဂိုဏ်းက ကျက်သရေကြိုးကြာခရီးသွားက ဖမ်းသွားတယ်”

လီယ အလျင်လိုနေဟန်ဖြင့် ပြောလိုက်ပြီး သူ့အသံမှာ ငိုသံပင် ပါနေခဲ့၏။

သူငိုချင်သလိုခံစားနေရခြင်းမှာ ကုအန်ကို မူလဘိုးဘေးဟု ယုံကြည်နေ၍ဖြစ်သည်။ သူ့ဘိုးဘေးကြီးရှေ့၌ သူ့ခံစားချက်များ ထွက်ပေါ်လာခြင်းမှာ သာမန်သာ ဖြစ်၏။

ကုအန် အသက်ကြီးကြီးလူတစ်ယောက်အသံဖြင့် မေးလိုက်၏။ “ဘာဖြစ်ခဲ့တာလဲ”

မေးလိုက်ရင်း သူ့နတ်အာရုံကိုဖြန့်ကျက်၍ ဘိုးဘေးဝိညဉ်၏အရှိန်အဝါကို ရှာဖွေလိုက်သည်။

သူ ကျက်သရေကြိုးကြာခရီးသွားကို တစ်ခါမှမမြင်ဖူးသောကြောင့် ဘိုးဘေးဝိညဉ်ကိုရှာတာသာ အကောင်းဆုံးဖြစ်၏။

လီယလည်း အဖြစ်အပျက်များကို ပြန်ပြောပြခဲ့လေသည်။

သူကျက်သရေကြိုးကြာခရီးသွားကို ရှူံးနိမ့်ခဲ့ပြီးသည့်နောက်တွင် အနိုင်ကျင့်ခံခဲ့ရပြီး ထိုလူက ဘိုးဘေးဝိညဉ်ကိုကယ်တင်လိုပါက တခဏဂိုဏ်းကို၀င်ကာ သူ့ကိုလာရှာရမည်ဟု ပြောသွားခဲ့၏။

လီယသည် နှစ်ပေါင်းများစွာကြိုးစားကျင့်ကြံခဲ့ပြီး သူ့ကိုယ်သူအစွမ်းထက်လှပြီဟု ထင်ခဲ့ပါသ်ောလည်း ကျက်သရေကြိုးကြာခရီးသွားရှေ့တွင်မူ ဘာမှပြန်မလုပ်နိုင်ဘဲ အစွမ်းမဲ့နေဆဲသာဖြစ်သောကြောင့် သူ့ယုံကြည်မှုများပင် ပြိုကျသွားခဲ့ရသည်။

ကုအန် ဝိညဉ်သဲလွန်စကို ရှာမတွေ့သောကြောင့် ကျက်ကရေကြိုးကြာခရီးသွားသည် ဘိုးဘေးဝိညဉ်ကို ဖွက်ထားခြင်းဖြစ်ရမည်ဟု ခန့်မှန်းလိုက်မိသည်။ သို့သော် သူသာအားထုတ်၍ရှာပါက ဘိုးဘေးဝိညဉ်ကိုတွေ့နိုင်သည်ဟု ယုံကြည်၏။

“မင်းကဘာလို့ဓားသိုင်းကို လုံခြုံတဲ့နေရာမှာသွားမကျင့်ဘဲ ဒီလို ၀င်္ကပါတစ်ခုတောင်မရှိတဲ့နေရာမှာ လာကျင့်နေတာလဲ” ကုအန် ရုတ်တရက်မေးလိုက်သည်။

လီယသည် ဘက်ပေါင်းစုံမှပြည့်စုံသော်လည်း အကျင့်ဆိုးတစ်ခုတော့ ရှိ၏။ ထိုအကျင့်မှာ အဆင်အခြင်မဲ့ခြင်း ဖြစ်ပေသည်။

သူသည သူ့ကိုယ်ထဲရှိဘိုးဘေးဝိညဉ်ကိုအားကိုးကာ အမြဲအဆင်အခြင်မဲ့ပြုမူတတ်ပြီး နောက်ဆုံးတွင် ဒဏ်ရာရခြင်းဖြင့်သာ အဆုံးသတ်ခဲ့ရ၏။

ဒီဖြစ်ရပ်က သူ့အတွက်သင်ခန်းစာကောင်းတစ်ခုဖြစ်မယ်လို့ မျှော်လင့်ရတာပဲ!

“ကျွန်တော်…”

လီယပြန်ပြောချင်သော်လည်း သူ့လုပ်ရပ်များကို သူသေချာမစဉ်းစားခဲ့မိသောကြောင့် ရှက်နေပြီး ဘာမှထွက်မလာခဲ့ပေ။

လေ့ကျင့်ရန်ဤနေရာအား သူရွေးချယ်ခဲ့ရခြင်းမှာလည်း မိစ္ဆာများ တစ္ဆေများကို မျှားခေါ်ကာ သူတို့ကိုတိုက်ခိုက်ရင်း သူ့ဓားသိုင်းတိုးတက်လို၍ ဖြစ်သည်။

ဒါပေါ့ သူ့ယုံကြည်ချက်မှာ ကိုယ်ထဲရှိ ဘိုးဘေးဝိညဉ်ထံမှ လာခြင်း ဖြစ်၏။

“မင်းက သူ့ကြောင့်အမြဲတမ်းသေဘေးကနေ လွတ်မြောက်ခဲ့တယ် ဒါပေမယ့် မင်းတွေးကြည့်ဖူးလား မင်းကသူ့အတွက် ၀န်ထုပ်၀န်ပိုးတစ်ခုဖြစ်နေမယ်ဆိုတာကို” ကုအန် မေးလိုက်သည်။

အကြီးအကဲသူအား သူ၏အဆင်အခြင်မဲ့မှုများအတွက် ဆိုဆုံးမခဲ့ပုံများကို ပြန်တွေးမိပြီးလီယပို၍ပင်ရှက်လာခဲ့ကာ တွင်းထဲတွင်သာ ၀င်ပုန်းချင်မိသွား၏။

လီယ၏ သနားစရာအမူအရာကိုကြည့်ပြီး ကုအန်လည်း သနားလာကာ ဆက်မပြောရက်တော့ပေ။

“မင်းတခဏဂိုဏ်းကို၀င်သင့်တယ်” ကုအန်ရုတ်တရက်ပြောလိုက်သည်။

လီယ အံ့ဩသွားကာ မော့ကြည့်လိုက်ပြီး မူလဘိုးဘေးဘာကိုဆိုလိုနေလဲဆိုတာ မယုံနိုင်ဖြစ်နေခဲ့၏။

“တခဏဂိုဏ်းက လူတွေကိုအန္တရာယ်ပြုနေတယ် မင်းကတခဏဂိုဏ်းထဲစိမ့်၀င်ပြီး လကုန်ချိန်တိုင်း တောင်ထိပ်တစ်ခုပေါ်တက်ပြီး မင်းအရှိန်အဝါကိုထုတ်လွှင့်ပေးရမယ် ငါမင်းတည်နေရာကိုရှာနိုင်တယ် တခဏဂိုဏ်းက လူစုတဲ့အချိန်မှာ ငါကစလှုပ်ရှားမယ်” ကုအန် သာမန်ပုံစံဖြင့် ပြောလိုက်သည်။

လီယ အမြန်ပြန်ပြောလိုက်၏။ “ဒါပေမယ့် အဲ့တာကအန္တရာယ်မများလွန်းဘူးလား မိစ္ဆာလမ်းစဉ်တစ်ခုလုံးကတောင် တခဏဂိုဏ်းရဲ့ ပြိုင်ဘက်မဟုတ်ဘူး ပြောကြတာတော့ တခဏဂိုဏ်းမှာ ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်အထက်မှာရှိတဲ့ ကျင့်ကြံသူတွေရှိတယ်တဲ့ နောက်ပြီး တစ်ယောက်တည်းလည်းမဟုတ်ဘူး”

ကုအန် တုံ့ပြန်လိုက်သည်။ “ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် အဲ့တာကအစွမ်းထက်လို့လား”

လီယ ဆွံ့အသွားခဲ့၏။

အပိုင်း(၁၀၆)

မြေအောက်ကမ္ဘာလမ်းသွယ်ကိုးခု

လီယ နောက်ဆုံးတော့ ကုအန်ပြောသည်ကို သဘောတူလိုက်ပြီး သူအတော်လေးစိတ်ဓာတ်ကျနေခဲ့သော်လည်း ကုအန် သူ့ဆန်းကြယ်သောပုံရိပ်ကို ထိန်းသိမ်းထားရမည်ဖြစ်သောကြောင့် နှစ်သိမ့်မပေးခဲ့ပေ။

မြောက်ပင်လယ်တောင်တန်းဒေသမှ ပြန်လာခဲ့ပြီးသည့်နောက် ကုအန် ဆန်းကြယ်တောင်ကြားသို့သာ ပြန်လာခဲ့သည်။

ဤတစ်ကြိမ်သည် သူနောက်ဆုံးအကြိမ် အဆင့်မြှင့်ခြင်းဖြစ်ပြီး အခုမှစကာ သူ့ရည်ရွယ်ချက်သည် သက်တမ်း သန်းတစ်ရာသို့ သွားရန် ဖြစ်၏။

ချမ်းအေးသောဆောင်းရာသီ ကုန်ဆုံးသွားခဲ့ကာ နွေဦးပွဲတော်ကာလသို့ ပြန်လည်ရောက်ရှိခဲ့ပြန်သည်။ ထိုက်ကန်မင်းဆက်တစ်ခုလုံး နွေဦးပွဲတော်ကို ကျင်းပနေခဲ့ကြပြီး မီးအိမ်များအား နေရာအနှံ့တွင် တွေ့နေရ၏။ အဓိပတိဂိုဏ်းပင် ထိုပွဲတော်ကို ပါဝင်ဆင်နွှဲခဲ့လေသည်။

ထိုနေ့တွင် ကုအန် ရှောင်ချွမ်နှင့် လုလင်ကျွမ်းကိုခေါ်ကာ အပြင်စည်းမြို့သို့ ရောက်ရှိလာခဲ့၏။

လုလင်ကျွမ်းသည် နွေဉီးပွဲတော်အကြောင်းအတော်လေး စိတ်၀င်စားနေခဲ့သည်။ ဤအကြိမ်သည် သူ၏ပထမဆုံးအကြိမ် ကုအန်တို့နှင့်အတူ အပြင်စည်းဂိုဏ်းမှအပြင်စည်းမြို့သို့ရောက်ဖူးခြင်းဖြစ်ပြီး သူ၏ကောင်းကင်စိတ်ဝိညဉ်ရေမှ ကောင်းကင်စိတ်ဝိညဉ်ရေကန်ဖြစ်ပေါ်လာပြီးကတည်းက ကုအန်သည် သူမအပေါ်အမြင်ကောင်းတစ်ခုရှိလာခဲ့ပြီး ပို၍ အရေးပေးဆက်ဆံလာခဲ့၏။

တကယ်တော့ ကုအန်သူမကို အရေးပေးနေရသည့် အကြောင်းအရင်းမှာ လုပိုင်ထျန်း ကောင်းကင်ကပ်ဘေးကျရှုံးခဲ့၍ ဖြစ်သည်။ အကယ်၍ ကုအန်သာ လုလင်ကျွမ်းကို အဓိပတိဂိုဏ်း၏ ကျင့်ကြံသူတစ်ယောက်ဖြစ်လာစေရန် သိမ်းသွင်းနိုင်ခဲ့ပါက အနာဂတ်တွင် သူမသည် သူ့အားဒိုင်းတစ်ခုသဖွယ် ကာကွယ်ပေးနိုင်ပေလိမ့်မည်။

ကုအန်သည် သူ့အခြေခံအုတ်မြစ်ကို အဓိပတိဂိုဏ်းတွင် တည်ဆောက်ထားခြင်းဖြစ်ပြီး အဓိပတိဂိုဏ်းသန်မာလာလေလေ သူပို၍ အန္တရာယ်ကင်းလေလေပင်။

ဤနှစ်များအတွင်း အဓိပတိဂိုဏ်းသည် မသမာမှုအနည်းငယ်ရှိနေသေးရုံမှလွဲ၍ အရင်ထက်ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး ကုအန်လည်းဂိုဏ်းအပေါ်ပို၍ အမြင်ကောင်းရှိလာခဲ့သည်။

အပြင်စည်းမြို့ထဲသို့ ရောက်သောအခါရှောင်ချွမ် သူ့မိတ်ဆွေများနှင့် တွေ့ရန်ဟုဆိုကာ ကုအန်တို့နှင့် လမ်းခွဲသွားခဲ့၏။

ကုအန်လည်း လုလင်ကျွမ်းကို လမ်းမှန်ဂိုဏ်း ဟူသောစာလုံး ပြချင်သောကြောင့် ကောင်းကင်ပြုပြင်စင်မြင့်သို့ ခေါ်လာခဲ့လိုက်သည်။

သူထိုစာလုံးများအား ရေးခဲ့စဉ်က သူ့အဆင့်သည် တစ်သားတည်းဖြစ်ခြင်းအဆင့်သို့ ရောက်ခါစသာ ရှိသေး၏။ ထို့ကြောင့်လည်း မိစ္ဆာလမ်းစဉ်က စစ်ပွဲကာလ၌ သူ့ထက် လုပိုင်ထျန်းကိုပို၍ သတိထားခဲ့ခြင်းဖြစ်ပေသည်။ နောက်ဆုံးတွင် တစ်သားတည်းဖြစ်ခြင်းအဆင့်များအမြင်၌ ထိုစဉ်က သူ့ဓားဆန္ဒသည် ထိုမျှသန်မာနေခြင်းတော့ မဟုတ်ပေ။

“နှစ်တွေအများကြီးကြာသွားတာတောင် ဆရာသခင်ဓားအရှင်ရဲ့ ဓားဆန္ဒက လူပေါင်းများစွာကိုဆွဲဆောင်နိုင်နေတုန်းပဲ အဲ့တာက တကယ်ပဲ အံ့ဩစရာကောင်းလွန်းတယ်” ကုအန် မှတ်ချက်ပြုလိုက်၏။

လုလင်ကျွမ်း အဓိပဓိဂိုဏ်းကို စရောက်ကတည်းက လမ်းမှန်ဂိုဏ်း ဟူသောစာလုံးကိုမြင်ဖူးပြီး ဖြစ်သောကြောင့် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

“တကယ်ပဲ အံ့ဩစရာကောင်းတယ်”

သူမကမ္ဘာတွင် ထိုမျှအားကောင်းသော ဓားဆန္ဒမျိုးကို တစ်ခါမှ မမြင်ခဲ့ဖူးသောကြောင့် သူ အဓိပတိဂိုဏ်းပေါ် ပို၍ပင် မျှော်လင့်လာမိ၏။

အပြင်စည်းဂိုဏ်းမှာပင် ထိုမျှအားကောင်းသော ဓားဆန္ဒမျိုးရှိနေလျှင် အတွင်းစည်းဂိုဏ်းဆိုပါက မည်မျှသန်မာလိုက်မည်နည်း။

နောက်ပြီး အဓိကမြို့တော်ဆိုလျှင်ရော!

ထိုအကြောင်းတွေးနေရင် လုလင်ကျွမ်း အဓိပတိဂိုဏ်းတွင် သူပိုမြင့်သောအဆင့်များသို့ တက်ရောက်ရန် အခွင့်အရေးရှိသည်ဟု တွေးမိကာ စိတ်လှုပ်ရှားလာခဲ့၏။

ကုအန် လုလင်ကျွမ်း၏ တုန့်ပြန်မှုမှာ သာမန်‌ဆန်နေပြီး သူ့အသံမှာလည်း သိပ်အံ့ဩပုံမရသည်ကို သတိထားမိခဲ့သည်။

မဖြစ်သေးဘူး!

သူကငါ့ဓားဆန္ဒကို အထင်သေးနေတာများလား!

သူက ငါ့ကိုတစ်သားတည်းဖြစ်ခြင်းအဆင့်မှာဆိုရင် အနိုင်ယူနိုင်မယ်လို့ ယုံကြည်ချက်ရှိနေတာများလား!

ကမ္ဘာပေါ်တွင် ပါရမီရှင်များစွာရှိနေပြီး သူ့လိုကမ္ဘာကူးပြောင်း၍ တက်လှမ်းလာသူမျိုးဆို ပြောစရာပင် မလိုတော့ပေ။ ထို့ကြောင့် ကုအန် ဘယ်သူ့ကိုမှ အထင်မသေးရဲပေ။

ကုအန် ကောင်းကင်ပြုပြင်စင်မြင့်တစ်ခုလုံးတွင် သူမသိသော ကျင့်ကြံသူများတိုးလာမလာ ဆက်လက်၍ စစ်ဆေးလိုက်သည်။

ယခုအချိန်သည် နွေဦးပွဲတော်ကာလဖြစ်သောကြောင့် ကောင်းကင်စင်မြင့်ပေါ်တွင် သာမန်ထက် လူနည်းနေပြီး လူအတော်များများမှာ ဒီနေ့တွင် သူတို့တာအိုနှလုံးသားများကို အနားယူကြရန်သာ ဆုံးဖြတ်ထားကြ၏။

“တောင်ကြားသခင် အဆင်ပြေရင် ကျွန်မတစ်ယောက်တည်း ‌လျှောက်ကြည့်လို့ရမလား” လုလင်ကျွမ်း မေးလိုက်သည်။

ထိုစကားကြောင့် ကုအန်နှလုံးသားလေး ပို၍ပင် နာကျင်သွားရ၏။

ငါ့ဓားဆန္ဒကသူ့ကို လုံး၀ကို မဆွဲဆောင်နိုင်တာလား!

“သွားလေ နေမစောင်းခင် ဒီမှာပြန်ဆုံကြတာပေါ့” ကုအန် ခေါင်းညိတ်ပြလိုက်ပြီး လုလင်ကျွမ်းက

အဓိပတိဂိုဏ်းတွင်နေရန် ကြိုးစားရမည်ဟု ဆုံးဖြတ်လိုက်သည်။

သူ့လို အံ့ဖွယ်ပုဂ္ဂိုလ်မျိုးသည် အဓိပတိဂိုဏ်းတွင် ရှိနေသင့်၏။

နေပါဦး!

ငါဘာလို့ရုတ်တရက်ကြီး ဂိုဏ်းချုပ်တစ်ယောက်လို တွေးနေမိတာလဲ!

အဲ့တာအကုန်လုံးက လုပိုင်ထျန်းအမှားပဲ!

‌ကုအန် ခေါင်းယမ်းလိုက်ကာ ဆေးခန်းမဆီသို့ ဦးတည်သွားခဲ့လေသည်။

သူ့တွင် ဤအပြင်စည်းမြို့၌ မိတ်ဆွေများစွာရှိပြီး အများစုမှာ ဆေးခန်းမနှင့် စာအုပ်ခန်းမမှ ဖြစ်ကြ၏။ ကုအန် တစ်ခါလာလည်တိုင်း မိတ်ဆွေအနည်းငယ်ရလေ့ရှ်ိပြီး သူတို့နှင့် အနည်းငယ်သောက်စားကာ ကျင့်ကြံခြင်း အတွေ့အကြုံများအကြောင်းဆွေးနွေးတတ်ပြီး သူ၏ရိုးရှင်းကာ ပျင်းစရာကောင်းသောဘ၀ကို ခံစားလေ့ရှ်ိသည်။

တစ်နေရာတွင်

လုလင်ကျွမ်း လျှောက်ကြည့်နေရင်း တစ်နေရာအရောက်တွင် လူတစ်ယောက်၏ တားဆီးခြင်းကို ခံလိုက်ရ၏။

“မိန်းကလေး ငါ့မှာစာအုပ်ကောင်းတွေအများကြီးရှိတယ် တစ်အုပ်လောက်၀ယ်ပါဦး အခုဆို အမျိုးသမီးကျင့်ကြံသူအတော်များများက ဒါတွေကိုဖတ်နေကြတယ်” ဆန်းကြယ်သောလူငယ်သည် လုလင်ကျွမ်းကိုတားဆီးလိုက်ကာ တစ်ယောက်ယောက်မိသွားမည်ကိုစိုးရိမ်ဟန်ဖြင့် ဟိုကြည့်ဒီကြည့်ကြည့်ကာ ပြောလိုက်လေသည်။

လုလင်ကျွမ်းမျက်ခုံးများ တွန့်ကွေးသွားပြီး မေးလိုက်၏။

“နင့်မှာ အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်း ရှိလား”

ထိုစကားကိုကြားသောအခါ လူငယ်တပည့်၏ မျက်လုံးများ တောက်ပသွားခဲ့သည်။

“တကယ့် ကျွမ်းကျင်သူပဲ ကြည့်လိုက်တာနဲ့ ဒီကမိန်းကလေးက ဒီလောကမှာ ကျင်‌လည်နေတဲ့ကျွမ်းကျင်သူပဲဆိုတာ သိသာပါတယ် တကယ်တော့ ကျွန်တော့်မှာ အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်း ရှိပါတယ် အဓိပတိလျှို့ဝှက်မှတ်တမ်းများ ၁ အုပ်၀ယ်ရင် အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်း ၂ အုပ် လက်ဆောင်ထည့်ပေးမယ်”

“အို့ အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်းက အပြီးအစီးဆို ဘယ်နှအုပ်လောက်ရှိတာလဲ”

“အများကြီးရှိတာပေါ့ မိန်းကလေးက အစုံလိုက်လိုချင်လို့လား”

“အင်း”

“ကောင်းပြီလေ အဆင့်နိမ့်စိတ်ဝိညဉ်ကျောက်တုံး ၂၀၀နဲ့ အဓိပတိလျှို့ဝှက်မှတ်တမ်းများ ၁၀အုပ်၀ယ်ရင် အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်း အစုံလိုက်‌လက်ဆောင်ပေးမယ်”

“ကောင်းပြီ”

ထို့နောက်လုလင်ကျွမ်း ငွေချေပြီးသည်နှင့် စာအုပ်ရောင်းသည့်တပည့်သည် ချက်ချင်းထွက်သွားခဲ့လေသည်။

လုလင်ကျွမ်းမှာတော့ သူအလိမ်ခံလိုက်ရသည်ဟု ခံစားနေခဲ့ရ၏။ ဒီလိုလျှို့ဝှက်စာအုပ်မျိုးသည် ထိုမျှဈေးပေါနေတာ မဖြစ်နိုင်ပေ။ လုလင်ကျွမ်းစာအုပ်များကို သူ့သိုလှောင်အိတ်ထဲထည့်လိုက်ပြီး တောင်ကြားထဲပြန်ရောက်မှသာ ဖတ်မည်ဟု စဉ်စားထားလိုက်သည်။

ကုအန်ဆေးခန်းမသို့ရောက်သောအခါ အသိအကျွမ်းတစ်ယောက်ကို တွေ့လိုက်ရ၏။

ထိုအသိအကျွမ်းမှာ သူ့တပည့် အန်းရှင်းမှ လွဲ၍ အခြားမဟုတ်ပေ။

အန်းရှင်းသည် သူမ၏သာမန်ပါရမီကြောင့် အပြင်စည်းဂိုဏ်းတွင်သာ နေရသော်လည်း အန်းဟောင်မှာသူ့ကိုမေ့မသွားဘဲ မကြာခဏ ဆေးအမျိုးမျိုးလာပေးတတ်လေသည်။ ကံဆိုးစွာဖြင့် သူ့ကျင့်ကြံခြင်းမှာတော့ ခပ်ဖြည်းဖြည်းသာ တိုးတက်လာခဲ့၏။

တစ်ရွာထဲတွင် အတူတူမွေးခဲ့သော်လည်း သူတို့၏ အမတကျင့်ကြံခြင်းလမ်းစဉ်သည် ကွဲပြားခဲ့ရပြီး တစ်ယောက်မှာ အမြင့်ပျံနေချိန်တွင် တစ်ယောက်မှာတော့ အပြင်စည်းဂိုဏ်းတွင်သာ ရှိနေရလေသည်။ ကုအန်ကံကြမ္မာ၏ တရားမျှတမှုမရှိပူံကို တွေးတောနေမိ၏။

အန်းရှင်းသည် ဆေးခန်းမတွင် အလုပ်၀င်လုပ်နေခြင်း ဖြစ်ပေသည်။ သူသည် အန်းဟောင်၏အကူအညီကိုသာ တချိန်လုံး ယူမနေလိုဘဲ သူကိုယ်တိုင်လည်း အားစိုက်ထုတ်၍ ကြိုးစားချင်နေသေး၏။

ယခုအချိန်တွင် အန်းရှင်း အမျိုးသားကျင့်ကြံသူတစ်ယောက်၏ ထိကပါးရိကပါးလုပ်နေမှုကို ခံနေရသည်ကို ကြည့်ပြီး ကုအန်ကြိတ်၍ သာ သက်ပြင်းချလိုက်မိသည်။

သူ သူမအားတစ်ဘ၀လုံးစာ စောင့်ရှောက်ပေးထားလျှင် ကောင်းမည်လော။

သူအန်းဟောင်ကို ပိုတန်ဖိုးထားမိသော်လည်း အန်းရှင်မှာလည်း သူ၏တပည့်သာ။

ထို့အပြင် သူသာစောင့်ရှောက်မထားပါက တစ်နေ့တွင် အန်းရှင်း အန်းဟောင်ကြောင့်သေဆုံးသွားရမည်ကို ကြောက်မိ၏။ အန်းဟောင် အမြင့်သို့ရောက်လာသည်နှင့်အမျှ သူ့ရန်သူများလည်း တိုးပွားလာမည်ဖြစ်ပြီး ထိုအချိန်တွင် ထိုရန်သူများမှာ အန်းဟောင်ကို အနိုင်ယူရန် သူ့အားနည်းချက်ဖြစ်သော အန်းရှင်းကိုအသုံးချပါက အန်းရှင်းအတွက် အန္တရာယ်ရှိနိုင်ပေသည်။

ထိုသို့တွေးလိုက်မိသောကြောင့် ကုအန် အန်းရှင်းဆီသို့ လျှောက်လာခဲ့လိုက်၏။ အန်းရှင်းအား နှောင့်ယှက်နေသော တပည့်မှာမူ ကုအန်လာသည်ကိုမြင်သောအခါ ဦးညွတ်ကာ လမ်းဖယ်ပေးလိုက်လေသည်။

ဆေးခန်းမ၌ ကုအန်၏ ရာထူးမှာ မသေးလှပေ။ သူလတိုင်း ဆေးခန်းမသို့ အလည်လာတတ်သောကြောင့် ခန်းမရှိတပည့်များမှာ သူသည် အကြီးအကဲများနှင့် ရင်းနှီးကြောင်း သိကြ၏။

ထိုတပည့်ဖယ်ပေးလိုက်သောအခါ ကုအန် အန်းရှင်းရှေ့ရောက်သွားခဲ့သည်။

“တောင်ကြားသခင်ကု ဘာအလိုရှိပါသလဲ” အန်းရှင်းကြောက်ရွံ့နေဟန်ဖြင့် မေးလိုက်၏။

သူသည် ကုအန်၏သရုပ်မှန်အား အခြားတပည့်များအားလုံးထက်ပို၍ နားလည်ပေသည်။ ထိုလူသည် ဂိုဏ်းချုပ်နှင့်တောင် လွတ်လွတ်လပ်လပ်ရယ်မောပြောဆို‌နိုင်သူ မဟုတ်ပါလား။

နောက်ဆုံးအကြိမ် အန်းဟောင်သူ့အား တတိယတောင်ကြားသို့ ခေါ်သွားခဲ့စဉ်က သူထိုမြင်ကွင်းကို မြင်ခဲ့ရခြင်း ဖြစ်၏။

“နင်ကအန်းရှင်းဟုတ်တယ်မလား ဘာလို့ငါ့တတိယတောင်ကြားကိုမလာတာလဲ ဘာပဲဖြစ်ဖြစ်မင်းဒီမှာလည်း အလုပ်များများစားစားရှိတာမှမဟုတ်ဘဲ ငါ့အတွက်အလုပ်လုပ်ပေးပါ ဒီမှာထက်လည်းကိုကောင်းကောင်းဆက်ဆံခံရမယ် နောက်ပြီးအန်းဟောင်နဲ့လည်း ပိုလွယ်လွယ်တွေ့လို့ရတာပေါ့ ငါကမင်းစီနီယာအစ်ကိုအန်းဟောင်နဲ့အတော်လေး ရင်းနီးပါတယ်” ကုအန် ပြုံး၍ ပြောလိုက်သည်။

ထိုစကားကိုကြားသောအခါ အန်းရှင်းအနည်းငယ် တွန့်ဆုတ်နေခဲ့၏။

ကုအန်လည်း ထိုအဖြစ်ကိုသတိထားမိပြီး ထပ်ပြောလိုက်ပြန်သည်။ “လွတ်လွတ်လပ်လပ် သန်မာပြချင်တာကောင်းပေမယ့် မင်းကိုယ်မင်းအရမ်းကြီး တွန်းအားပေးပြီး ထိခိုက်အောင်လုပ်စရာတော့မလိုပါဘူး မင်းအတွက်ကောင်းတဲ့အရာက အန်းဟောင်အတွက်လည်း ကောင်းတဲ့အရာပါပဲ ဒါဆို ဘာလို့ တွန့်ဆုတ်နေမှာလဲ”

အန်းရှင်း တိတ်ဆိတ်နေခဲ့၏။

ထိုသည်မှာ ဤကောင်မလေး ဒီလောက်ခေါင်းမာတတ်သည်ကို ကုအန်ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်ပေသည်။ သူအသံတိုးတိုးဖြင့် ထပ်ပြောလိုက်ပြန်၏။ “ငါ့မှာ မင်းပါရမီကို ပြောင်းလဲကောင်းပြောင်းလဲပေးနိုင်မယ့် ကျင့်စဉ်တစ်ခုရှ်ိတယ် မင်းတောင်ကြားမှာ အလုပ်လာလုပ်တာနဲ့ ငါမင်းကို အဲ့ဒီကျင့်စဉ်ပေးမယ်”

ကုအန် ပြောနေသည့်ကျင့်စဉ်မှာ ဝူရှင်းပေးခဲ့သော တာအိုဖြန့်ကျက်ကျင့်စဉ်အကြောင်း ဖြစ်ပေသည်။ ထိုကျင့်စဉ်သည် ကျင့်ကြံ‌ေနစဥ် ကျင့်ကြံခြင်းကိုဖိနှိပ်ပေးထားပြီး နောက်ဆုံးသူ့အစွမ်းကို ထုတ်လွှတ်သောအခါ ကောင်းကင်ကံကြမ္မာကိုပင် ချိုးဖျက်နိုင်သော ကျင့်စဉ် ဖြစ်၏။

ထိုစကားကိုကြားသောအခါ ‌ေနာက်ဆံုးတွင် အန်းရှင်းစိတ်ယိုင်လာခဲ့သည်။ ထို့နောက် သူမနှုတ်ခမ်းကိုကိုက်လိုက်ပြီး ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ်တောင်ကြားသခင်ကု ကျွန်မအခုပဲ ပြန်ပြီးအထုပ်ပြင်လိုက်ရမလား”

“ဆေးခန်းမကလူတွေကို ဘာမှသတင်းပို့စရာမလိုဘူး ငါကြည့်စီစဉ်လိုက်မယ် အမြန်သာပြန်ထုပ်လိုက် ငါဒီမှာစောင့်နေမယ် အရမ်းလည်းမလောနဲ့ ညနေမတိုင်ခင် ပြန်လာရင်ရပြီ” ကုအန်ပြုံး၍ ပြောလိုက်ကာ အန်းရှင်း၏ ခေါင်းကိုပုတ်ပေးလိုက်ချင်ပါသော်လည်း စိတ်ထိန်းလိုက်ရသည်။

ထိုကလေးသည် ကြီးပြင်းလာပြီဖြစ်ပြီး ထိုကဲ့သို့အပြုအမူများသည် မသင့်တော်တော့ပေ။ ထို့အပြင် ယခုအခါ တစ်ယောက်နှင့်တစ်ယောက်မသိကြသောကြောင့် ထိုသို့သော ကိစ္စမျိုးမှာ တစ်ဖက်လူကို အထင်လွဲသွားစေနိုင်လေသည်။

အန်းရှင်းပြုးလိုက်ကာ ကုအန်ကိုဦးညွတ်ပြီး ထွက်ခွာသွားခဲ့၏။

ကုအန် ထွက်ခွာသွားသောသူမပုံရိပ်ကိုကြည့်ရင်း စိတ်ထဲတွင် အတော်လေးခံစားနေခဲ့မိသည်။

အရင်က အန်းရှင်းသည် ပဲပင်ပေါက်လေးဖြစ်ပြီး ပိန်ပါးကားအားနည်းသော်လည်း အခုတော့ သူမသည် အရပ်ရှည်ရှည် လ‌ှလှပပကြီးပြင်းလာခဲ့လေရာ ကုအန်ကို ကျေနပ်သွားစေခဲ့၏။

ထိုနေရာမှ ထွက်သွားပြီးသောအခါ အန်းရှင်းကြိတ်၍ သက်ပြင်းချလိုက်မိသည်။

“သူဘာလို့ငါ့ကိုအဲ့လိုပြုံးပြီး ကြည့်နေတာလဲ သူငါ့အပေါ် မကောင်းကြံချင်တဲ့စိတ်တစ်ခုခုတော့ မရှိလောက်ဘူးမလား”

အန်းရှင်းစိတ်ထဲတွင် စိတ်ပူနေသော်လည်း တတိယတောင်ကြားတွင်တပည့်အများကြီးရှိကာ ကုအန်လည်းထိုမျှတော့ အတင့်မရဲလောက်ဘူးဟု စဉ်းစားမိမှသာ စိတ်အေးသွားခဲ့ရသည်။

….

တတိယတောင်ကြားသို့ ပြန်လာပြီးသည့်နောက် ကုအန် လုလင်ကျွမ်းအား အန်းရှင်းကို နေစရာစီစဉ်ပေးခိုင်းလိုက်ပြီး အနီးကပ်စောင့်ရှောက်ခိုင်းလိုက်၏။

ထိုသို့စီစဉ်ပေးလိုက်မှသာ အန်းရှင်း စိတ်ထဲက ကြောက်ရွံ့နေမှုများ ပြေလျော့သွားခဲ့လေသည်။

လမ်းခရီးတွင် ကုအန်လည်း အန်းရှင်းတစ်ခုခုကိုကြောက်ရွံ့နေတာကိုသတိထားမိသော်လည်း သူအများကြီးတော့ မတွေးမိခဲ့ပေ။

ထို့နောက်တွင်တော့ ကုအန် တည်နေရာကူးပြောင်းခြင်းအစီအရင်ကိုသုံးကာ ဆန်းကြယ်တောင်ကြားသို့ ပြန်ခဲ့လိုက်၏။

ဆန်းကြယ်တောင်ကြားသို့ရောက်သောအခါ ကုအန် ချူကျင့်ဖုန်း လုကျိကျားကိုခေါ်ပြီး တာအိုဖြန့်ကျက်ကျင့်စဉ် ပေးလိုက်လေသည်။

ထိုကျင့်စဉ်၏ အကျိုးသက်ရောက်မှုများအကြောင်းကုအန်ရှင်းပြလိုက်သော လုကျိကျားတို့နှစ်ယောက် အသက်ရှူသံများ မြန်လာခဲ့ကြ၏။ ထို့နောက်တွင်တော့ လုကျိကျား ကုအန်ရှေ့တွင် ဒူးထောက်ချလိုက်လေသည်။

ချူကျင့်ဖုန်းမှာတော့ အံကိုသာတင်းတင်းကြိတ်ထားမိပြီး ဒူးတော့မထောက်ခဲ့ပေ။

ကုအန် လုကျိကျားအား အမြန်ဆွဲထူလိုက်၏။ သူသူ့ရှေ့တွင် ဘယ်သူ့ကိုမှဒူးမထောက်စေလိုပေ။ ဒူးထောက်ခြင်းသည် သစ္စာရှိခြင်းနှင့်ဘာမှတော့ မသက်ဆိုင်ပေ။

ယခုအခါ ကုအန် သူတို့နှစ်ယောက်ကိုအရင်ဆုံး ကျင့်စဉ်ကို စမ်းသပ်ကြည့်စေချင်ခြင်းဖြစ်သည်။ အကျိုးသက်ရောက်မှုကောင်းလျှင်တော့ ထိုကျင့်စဉ်ကို အန်းရှင်းကိုကျင့်ခိုင်းရပေလိမ့်မည်။

သူတို့နှစ်ယောက်ထွက်သွားသောအခါ ကုအန် အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်းကိုဖွင့်ကာ ဖတ်ရှုလေတော့သည်။

နှစ်ပေါင်းများစွာကြာသည့်အချိန်အထိ အစိမ်းရောင်သူရဲကောင်းစာအုပ်သည် ဆက်ထွက်နေဆဲဖြစ်၏။ ကုအန်လည်း စာရေးဆရာကို အတော်လေး လေးစားနေခဲ့မိသည်။

ထိုစာရေးဆရာသည် ကျင့်ရောကျင့်ကြံရဲ့လား မသိပေ။ အချိန်ပြည့် ကမ္ဘာတစ်ဝှမ်းသို့ လျှောက်သွားနေခြင်း ဖြစ်၏။

…..

ညဉ့်ကောင်းကင်အောက်ရှ်ိ တောအုပ်ထဲတွင် ဘုရားကျောင်းပျက်ကြီးတစ်ခု ရှိပေသည်။

ကျက်သရေကြိုးကြာခရီးသွား လရောင်အောက်ရှိ ဘုရားကျောင်းတံစက်မြိတ်ပေါ်တွင်ထိုင်နေရင်း သူ့လက်ထဲတွင်လည်း စာလိပ်တစ်လိပ်ကို ကိုင်ထားကာ ပြောလိုက်၏။ “မင်းဆုံးဖြတ်ပြီးပြီလား မင်းတခဏဂိုဏ်းကို၀င်ပြီးတာနဲ့ ပြန်ထွက်လို့မရတော့ဘူး နောက်ပြီး မင်းကိုယ်ပေါ်မှာလည်း တခဏစည်းတံဆိပ်ကို ခတ်နှိပ်ထားရမယ်”

လီယ ခြံ၀န်းထဲတွင် ကျော၌ မြောက်ပင်လယ်ဓားကြီးကိုလွယ်ထားရင်း ကြိုးကြာခရီးသွားကိုစိုက်ကြည့်ကာ ပြောလိုက်လေသည်။

“ခင်ဗျားပဲကျုပ်ကို တခဏဂိုဏ်းထဲ၀င်စေချင်တာမလား အခုတော့ မ၀င်စေချင်တော့ဘူးလား”

ကြိုးကြာခရီးသွား လီယကို ဖောက်မြင်နေဟန်ဖြင့် စိုက်ကြည့်ပြီး ပြောလိုက်၏။

“တခဏဂိုဏ်းရဲ့ရည်ရွယ်ချက်က မြေအောက်ကမ္ဘာလမ်းကိုးသွယ်ကို လျှောက်လှမ်းဖို့ပဲ နောက်နှစ်တစ်ရာနေရင် မင်းဆက်ကိုးခုလုံးမှာ မဟာမိစ္ဆာကပ်ဘေးကြီးတစ်ခုဖြစ်လာလိမ့်မယ် အဲ့ဒီအခါ မြေအောက်ကမ္ဘာလမ်းကိုးသွယ်ကို လိုက်တဲ့လူတွေကသာ ဒီလူသားငရဲကနေ လွတ်မြောက်နိုင်လိမ့်မယ် တခဏဂိုဏ်းကို၀င်တယ်ဆိုတာ မင်းရဲ့လွတ်မြောက်ရာလမ်းကို ရွေးချယ်ခြင်းပဲ

မင်းသာကောင်းကောင်းအမှုထမ်းရင် မင်းရဲ့သဘာ၀ပါရမီကို တိုးမြှင့်ပေးနိုင်တဲ့ တခဏပင်ကိုလည်း ရရှ်ိလိမ့်မယ်” ကြိုးကြာခရီးသွားနက်နဲစွာပြောလိုက်ပြီး သူ၏ မဟာမိစ္ဆာကပ်ဘေးဟူသော စကားကြောင့် လီယမျက်မှောင်ကြုံ့သွားမိသည်။

လီယ မဟာမိစ္ဆာကပ်ဘေးအကြောင်း ထပ်မေးလိုက်၏။

ကြိုးကြာခရီးသွားလည်း ဘာမှဖုံးကွယ်မထားဘဲ ပြောပြလိုက်လေသည်။

မင်းဆက်ကိုးခုလုံးကို အဆုံးမဲ့သော မိစ္ဆာများက ကျူးကျော်မည်ဆိုသောကြောင့် လီယ ထိတ်လန့်သွားမိ၏။

“ခင်ဗျားစကားတွေက အဓိပ္ပာယ်မရှ်ိဘူး တောင်ဘက်မှာက ပင်လယ်ပဲရှိတာ ကျုပ်တို့သာသူတို့ကို ပြန်မတိုက်ခိုက်နိုင်ရင် လွတ်မြောက်နိုင်ပါဦးမလား ကျုပ်တို့က ခင်ဗျားတို့ရဲ့ မြေအောက်ကမ္ဘာလမ်းကိုးသွယ်ပေါ်မှာပဲ မှီခိုနေရမှာလား”

“ရှေးဟောင်းခေတ်ကတည်းက တောင်ဘက်ကိုထွက်ခွာသွားတဲ့ ကျင့်ကြံသူဘယ်နှစ်ယောက် ပြန်လာနိုင်ခဲ့လို့လဲ ပင်လယ်မိစ္ဆာ‌ေတွကပိုတောင်ကြောက်စရာကောင်းသေးတယ်”

“မင်းဆက်ကိုးခုလုံးက ကျင့်ကြံသူတွေစည်းလုံးနေမှသာ ဒီမဟာမိစ္ဆာကပ်ဘေးကို တွန်းလှန်နိုင်လိမ့်မယ်”

“မင်းဆက်ကိုးခုရဲ့အပြင်မှာ တစ်သားတည်းဖြစ်ခြင်းအဆင့်ကို ကျော်လွန်နေတဲ့ မိစ္ဆာတွေ မွေးဖွားလာခဲ့ပြီးပြီ မင်းတစ်သားတည်းဖြစ်ခြင်းအဆင့်ဆိုတာကိုရောသိလား အဲ့တာက ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်အထက်က အဆင့်ပဲ သူတို့စွမ်းအားသက်သက်နဲ့တောင် ဒီမင်းဆက်တစ်ခုလုံးကို ရှင်းလင်းပစ်နိုင်တယ် နောက်ပြီးသူတို့မှာက တစ်ယောက်တည်းမဟုတ်ဘူး အဆုံးမဲ့တဲ့မိစ္ဆာစစ်တပ်ကြီးလည်း ရှိနေသေးတယ်”

ကြိုးကြာခရီးသွား၏အသံမှာ အေးစက်နေပြီး မင်းဆက်ကိုးခုကကျင့်ကြံသူများ၏ ဖြစ်လာမည့် ကံကြမ္မာကို ပြောပြနေခဲ့၏။

လီယလည်း တိတ်ဆိတ်သွားခဲ့သည်။

တစ်သားတည်းဖြစ်ခြင်းအဆင့်အထက်အဆင့်….

သူလီမိသားစုက မူလဘိုးဘေးကိုမတွေးဘဲ မနေနိုင်ခဲ့ပေ။ ဘိုးဘေးပင် တစ်သားတည်းဖြစ်ခြင်းအဆင့်ကို ကျော်ပါ့မလား သူသေချာမသိပေ။

ကြိုးကြာခရီးသွား ထပ်ပြောလိုက်ပြန်သည်။ “ငါမင်းကိုပြောဖို့မေ့သွားတယ် ငါတို့တခဏဂိုဏ်းမှာလည်း တစ်သားတည်းဖြစ်ခြင်းအဆင့်ကိုကျော်လွန်နေတဲ့ ကျင့်ကြံသူရှိတယ် သူရောက်လာတဲ့နေ့က အဓိပတိဂိုဏ်းဖျက်ဆီးခံရမယ့် နေ့ပဲ”

All Chapters