အခန်း (၁၁၃-၁၁၄)
Vol. 10 Ch. 113-114
အပိုင်း(၁၁၃)
မင်းကဘိုးဘေးရွှမ်ထျန်းမဟုတ်ဘူး မင်းကဘယ်သူလဲ
ခရမ်းရောင်၀တ်လူခြိမ်းခြောက်လိုက်သော်လည်း ကျိမိသားစုမှ ကျင့်ကြံသူသုံးယောက်သည် တုန်လှုပ်သွားခြင်းမျိုးမရှိဘဲ သူတို့လိုပင် အခြားတစ်သားတည်းဖြစ်ခြင်းအဆင့် ကျင့်ကြံသူများမှာလည်း ရန်သူကိုသုတ်သင်ပစ်ရန် အသင့်ပြင်ထားခဲ့ကြ၏။
“ဟမ့်!”
အေးစက်စက်ထေ့လိုက်ပြီး ခရမ်းရောင်၀တ်လူ သူ့လှံရှည်ကို ရှေ့သို့ တစ်ချက်ဝေ့ယမ်းလိုက်လေသည်။ ရုတ်ချည်းပင် သူ့လှံထိပ်တွင် မိစ္ဆာချီများ စုဝေးလာပြီး ပုံဆွဲစာရွက်ပေါ်တွင် မှင်နှင့်ရေးလိုက်သလိုပင် ကောင်းကင်တွင် လှံချက်ထွက်ပေါ်လာပြီး ကျိမိသားစုမှ ကျင့်ကြံသူသုံးယောက်လုံး နောက်သို့ လွင့်ထွက်သွားကာ သူတို့ကောင်းကင်နဂါးမိစ္ဆာဖိနှိပ်ပုံစံလည်း လုံး၀ပျောက်ကွယ်သွားခဲ့၏။
သူတို့သည် တောင်တစ်လုံးနှင့် တိုက်မိမှသာ ရပ်တန့်သွားခဲ့ပြီး တောင်နံရံထဲ ၀င်သွားကာ သွေးများလည်း အန်လိုက်ကြရသည်။
ထိုစဉ် အရပ်ရှစ်မျက်နှာလုံးမှ တစ်သားတည်းဖြစ်ခြင်းအဆင့်ကျင့်ကြံသူ ၈ယောက် အော်ဟစ်လိုက်ကြ၏။ သူတို့နောက်တွင် ရှေးဟောင်းကြေးခေါင်းလောင်းပုံရိပ်ကြီးရှိနေပြီး စိတ်ဝိညဉ်စွမ်းအင်များသည် ထိုကြေးခေါင်းလောင်းပုံရိပ်ကြီးထဲတွင် တရိပ်ရိပ်ထိုးတက်လာပြီး ခေါင်းလောင်းကြီးသည် သူတို့နောက်တွင် မိုင်၁၀၀၀လောက်ပင် ကြီးမားလာခဲ့လေသည်။
ကြေးခေါင်းလောင်းကြီး ၈ ခုမှ ကြောက်စရာကောင်းသော ဖိအားတစ်ခုထွက်ပေါ်နေပြီး ထိုပုံရိပ်ကြီးများမှာ စိတ်ဝိညဉ်စွမ်းအင်မျာားမှာ လှိုင်းများလို တလိမ့်လိမ့် ဖြာထွက်နေခဲ့၏။
ခရမ်းရောင်၀တ်လူ သူ့လှံကိုမြှောက်၍ ကာကွယ်သည့်ပုံလုပ်လိုက်ရာ သူ့ကိုယ်မှ စိတ်ဝိညဉ်စွမ်းအင်များ ထိုးတက်လာသလိုဖြစ်သွားပြီး မုန်းတိုင်းတစ်ခုထွက်ပေါ်လာရာ စိတ်ဝိညဉ်လှိုင်းများကို ကာကွယ်လိုက်နိုင်ခဲ့သည်။
ဝှစ်….
ထိုစဉ် လေထုဖြိုခွဲသွားသော အသံတစ်သံထွက်ပေါ်လာလေရာ ခရမ်းရောင်၀တ်လူ မျက်လုံးများကျဉ်းမြောင်းသွားပြီး ခေါင်းကိုယမ်း၍ ရှောင်လိုက်ရ၏။
ထိုအရာသည် ဓားပျံတစ်ချောင်းဖြစ်ကာ သူ့အလျင်မှာ လျှပ်စီးပြက်သလို မြန်လွန်းလှသည်။ ထိုဓားပျံအား ပစ်လွှတ်လိုက်သူသည် အနီရောင်၀တ်စုံ၀တ် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူ့ဆံပင်သည် လေထဲတွင်လွင့်နေကာ မြင့်မြတ်ကာလှပေသော ပုံရိပ်ကလေး၏ မျက်လုံးထဲတွင်မူ သတ်ဖြတ်ခြင်းဆန္ဒများဖြင့် ပြည့်နှက်နေခဲ့၏။
ခရမ်းရောင်၀တ်လူ၏ နောက်တွင်ရှိသော ရွှေရောင်ကွင်းသည် ပေပေါင်း၁၀၀၀လောက်ရှိသော ရွှေရောင်အလင်းများကို ထုတ်လွှတ်လိုက်ပြီး ခေါင်းလောင်းကြီးများမှ ထွက်ပေါ်လာသော ဖိအားကို တိုက်ထုတ်လိုက်ရာ သူ့ပတ်၀န်းကျင် မိုင်၁၀၀အတွင်းရှိ တောင်များပင် ဝုန်းဒိုင်းကြဲသွားကာ ကမ္ဘာမြေကြီးတုန်ခါသွားခဲ့ရသည်။
ပတ်၀န်းကျင်တစ်ခုလုံးဖုန်မှုန့်များ လွှမ်းနေစဉ်တွင် မီးလှိုင်းများ ဖုန်မှုန့်များမှ ထိုးတက်လာပြီး လေထဲတွင် မီးနဂါးများအဖြစ်ပြောင်းလဲသွားကာ အထင်သေးဟန်ဖြင့် ကြည့်နေသော ခရမ်းရောင်၀တ်လူဆီ တိုး၀င်လာကြပြန်သည်။
ရုတ်တရက် ခရမ်းရောင်၀တ်လူနောက်ပြန်လှည့်လိုက်ကာ သူ့လှံဖြင့် ထိုးချလိုက်၏။
ကလက်!
သူ့လှံသည် သုံးကိုက်ခန့်မြင့်မားသော ကြေးဒယ်စောက်အိုးကြီးတစ်လုံးကို ထိုးမိသွားခြင်းဖြစ်ပေသည်။ ထိုဒယ်စောက်အိုးကြီးပေါ်တွင် ဆန်းကြယ်သောသားရဲပုံများ ရေးထွင်းထားပြီး သူ့အရှိန်အဝါမှာလည်း ကျယ်ပြန့်လှ၏။ လုပိုင်ထျန်းသည် ထိုကြေးဒယ်စောက်အိုးကြီးပေါ်တွင် ရှိနေပြီး အပေါ်မှ စိတ်ဝိညဉ်စွမ်းအင်စုစည်းကာ လက်ဝါးတစ်ချက် ရိုက်ချလိုက်လေသည်။
သူ့နောက်မှ ဆန်းကြယ်သောလိပ်ပုံရိပ်ကြီးတစ်ခုပေါ်ပေါက်လာပြီး လက်ဝါးချက်သည် ခရမ်းရောင်၀တ်လူဆီသို့ တိုး၀င်သွားခဲ့၏။
ဆန်းကြယ်လိပ်ရေလှိုင်းလက်ဝါး!
လက်ဝါးချက်သည် ကောင်းကင်ပေါ်မှ ကျဆင်းလာခဲ့ပြီး မြေပြင်ပင် တုန်ခါသွားခဲ့ရပြီး ကမ္ဘာမြေပြင်ကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်တော့မလိုပင်။
ထိုစဉ် ဝုန်းကနဲအသံနှင့်အတူ လုပိုင်ထျန်းနှင့် ဒယ်စောက်အိုး နောက်သို့လွင့်ထွက်သွားခဲ့ပြီး သူ့ကိုယ်ကို သေးငယ်လှသော စိတ်ဝိညဉ်စွမ်းအားအပ်မျှင်လေးများက ဖောက်ထွက်သွားလေရာ လုပိုင်ထျန်း အမူအရာ ရုတ်ချည်းပြောင်းလဲသွားခဲ့ရ၏။
စွမ်းအင်လှိုင်းများအလယ်တွင်မူ ခရမ်းရောင်၀တ်ကျင့်ကြံသူမှာ ကောင်းကင်ပေါ်မှ အရာအားလုံးကိုအထင်သေးနေသော နတ်ဘုရားတစ်ပါးလို ဆင်းသက်လာခဲ့လေသည်။
ထို့နောက် သူလုပိုင်ထျန်းကိုကြည့်ကာ လှောင်ပြုံးပြုံးရင်ပြောလိုက်၏။ “တစ်သားတည်းဖြစ်ခြင်းအဆင့်၉ သတ်ပစ်ရမှာ နှမြောစရာပဲ မင်းငါ့ဆီမှာအမှုထမ်းရင်….”
သူ့စကားမဆုံးခင်မှာပင် သူနောက်သို့ချက်ချင်းလှည့်ကြည့်လိုက်မိလေသည်။
သူတင်မဟုတ်ဘဲ အဓိပတိဂိုဏ်းမှကျင့်ကြံသူအားလုံးလည်း နောက်သို့ လှည့်ကြည့်လိုက်မိကြ၏။
မိုင်ထောင်ချီဝေးသော တောင်ထိပ်တစ်ခုတွင်မူ စုဟန် ရပ်နေရင်း တိုက်ပွဲသံများ ရပ်တန့်သွားသောကြောင့် တိုက်ပွဲပြီးဆုံးသွားပြီလားဟု တွေးနေမိသည်။
“အဓိပတိဂိုဏ်းရှုံးသွားတာ ဖြစ်လောက်လား!”
စုဟန်မျက်ခုံးများ တွန့်ကွေးသွားကာ သူ့ခံစားချက်များ ရှုပ်ထွေးသွားခဲ့ရ၏။
တကယ်တော့သူလည်း ထိုလူကိုခေါ်မလာလိုခဲ့ပေ။ သို့သော် အကြီးအကဲချိဟန်ကို သူ့ကိုတာ၀န်ပေးလေရာ သူလည်းမတတ်နိုင်ခဲ့ပေ။ သူမလုပ်လျှင်တောင် ထိုတာ၀န်ကို အခြားသူကယူသွားပေလိမ့်မည်။
သူအဓိပတိဂိုဏ်းအပေါ်လည်း မကျေနပ်ချက် အနည်းငယ်ရှိနေသေးသည်။
သူဂိုဏ်းတွင် အပြင်စည်းဂိုဏ်းသားတစ်ယောက်ဖြစ်ခဲ့စဉ်က မဟာယုမင်းဆက်က သူ့ကိုအမဲလိုက်လိုသောအခါ ဂိုဏ်းကသူ့ကိုကာကွယ်ပေးရမည့်အစား ထိုသူများလက်ထဲသို့ ထည့်ပေးဖို့လုပ်ခဲ့ခြင်းကြောင့် သူမကျေမနပ်ဖြစ်ခဲ့ရခြင်း ဖြစ်၏။
သို့သော် သူ့မကျေနပ်မှုမှာ အသေးအဖွဲသာဖြစ်ပြီး သူ၏ ပထမဆုံး၀င်ခဲ့သော ဂိုဏ်းဖြစ်သည် ့အဓိပတိဂိုဏ်းပြိုကွဲသွားတာကိုတော့ သူမမြင်လိုခဲ့ပေ။
စုဟန် အတွေးလွန်နေစဉ်တွင် သူ့အပေါ်မှ ပုံရိပ်တစ်ခု ဖြတ်သန်းသွားခဲ့သည်။
မြန်လိုက်တာ!
ကုအန် သေချာမမြင်လိုက်ရသော်လည်း ခရမ်းရောင်ပုံရိပ်တစ်ခုကိုတော့ ဖြတ်ကနဲမြင်လိုက်ရ၏။
ထိုပုံရိပ်သည် ကုအန်မှလွဲ၍ အခြားသူမဟုတ်ပေ။
စုဟန်သည် သူ့ကျင့်ကြံခြင်းဖြင့် အဘယ်သို့ ကုအန်ပုံရိပ်ကို မြင်နိုင်မည်နည်း။
ကုအန် ထိုကောင်လေးကို တိုက်ပွဲမှေ၀းရာသို့ ခြောက်လွှတ်လိုက်ချင်၍တမင်ပြသလိုက်ခြင်း ဖြစ်ပေသည်။
ထိုအရာသည် ဆရာတစ်ယောက်၏ နောက်ဆုံးဂရုစိုက်မှုပင်။
ထို့နောက် ကုအန် ခရမ်းရောင်၀တ်လူနှင့် မီတာ ၁၀၀ခန့်ကွာဝေးသော အထက်တစ်နေရာတွင် ရပ်တန့်လိုက်လေသည်။
[ရွှေဝိညဉ်ရှင်(ဆန်းကြယ်နှလုံးသားအဆင့်၂) : ၁၈၄၀/၄၅၀၀/၄၆၀၀]
သက်တမ်း ၂၀၀ ၃၀၀တော့ ရနိုင်တာပဲ မဆိုးဘူး!
ကုအန် ချက်ချင်းမလှုပ်ရှားပဲ ခရမ်းရောင်၀တ်စုံ၀တ်လူနှင့် အဓိပတိဂိုဏ်းမှလူများ သူ့ကို အကြည့်ခံလိုက်၏။
“ကောင်းကင်ပိုင်းဖြတ်ပုဆိန် မင်းကဘယ်သူလဲ” ရွှေဝိညဉ်ရှင် မျက်ခုံးများ တွန့်ကွေးသွားကာ ကုအန်ကိုစိုက်ကြည့်၍ မေးလိုက်သည်။
အဓိပတိဂိုဏ်းမှကျင့်ကြံသူများလည်း ကောင်းကင်ပိုင်းဖြတ်ပုဆိန်ဟူသော စကားကြောင့် အံ့အားသင့်သွားကြပြီး မျက်လံုးထဲတွင် သွေးရောင်လွှမ်းနေသော ကျိဟန်ထျန်းပင် အလန့်တကြား ထအော်လိုက်မိသည်။
“ဘိုးဘေးရွှမ်ထျန်းလား!”
ဘိုးဘေးရွှမ်ထျန်း!
အဓိပတိဂိုဏ်းမှ ကျင့်ကြံသူများအားလုံး အံ့အားသင့်သွားကြပြီး လုပိုင်ထျန်းပင် ဒယ်စောက်ကြီးပေါ်မှ ထရပ်လိုက်လေသည်။
ဘိုးဘေးရွှမ်ထျန်း အသက်ရှင်နေသေးတာလား!
“မဖြစ်နိုင်တာ မင်းကဘိုးဘေးရွှမ်ထျန်းမဟုတ်ဘူး မင်းကဘယ်သူလဲ” ရွှေဝိညဉ်ရှင်ကုအန်ကိုစိုက်ကြည့်ကာမေးလိုက်ပြီး ကုအန်ကိုဖောက်မမြင်နိုင်၍ သူမလွယ်ကူဘူးဟု ခံစားနေခဲ့ရ၏။
“လွန်ခဲ့တဲ့ နှစ်တစ်ထောင်က ကျင့်ကြံခြင်းဖောက်ပြန်နေတဲ့ ဘိုးဘေးရွှမ်ထျန်းကို ငါတို့ဂိုဏ်းက ကျင့်ကြံသူတစ်ယောက်က သတ်ဖြတ်ခဲ့ပြီးပြီ အခုထိ သူ့ခေါင်းကိုတောင် မြေအောက်ကမ္ဘာလမ်းကိုးသွယ်မှာ ချိတ်ဆွဲထားတုန်းပဲ မင်းကဘယ်သူလဲ ဘိုးဘေးရွှမ်ထျန်း ကောင်းကင်ပိုင်းဖြတ်နတ်ပုဆိန်ရဲ့ဆက်ဆံသူလား”
ရွှေဝိညဉ်ရှင် ပြောပြီးသည်နှင့် သူ့လှံရှည်ကို ဖိကိုင်လိုက်ကာ လှံရှည်တွင် ရွှေရောင်စိတ်ဝိညဉ်မျှင်တန်းများ စုဝေးလာခဲ့လေသည်။
ဘိုးဘေးရွှမ်ထျန်း၏ ကံကြမ္မာကို ကြားလိုက်ရသောကြောင့် အဓိပတိဂိုဏ်းမှကျင့်ကြံသူများ စိတ်တိုသွားကြကာ တခဏဂိုဏ်းကို ကြိတ်၍ ကျိန်ဆဲလိုက်မိကြသည်။
ရွှေဝိညဉ်ရှင်မှာတော့ တိတ်ဆိတ်နေကာ ကုအန်ကိုသာ စိုက်ကြည့်နေခဲ့၏။
ဟမ်!
ဘိုးဘေးရွှမ်ထျန်းလို ဟန်ဆောင်လို့မရတော့ဘူးလား!
ရုတ်တရက်!
ရွှေဝိညဉ်ရှင် သူ့လှံရှည်ကို ရှေ့သို့ ဆောင့်ထိုးလိုက်လေရာ ကမ္ဘာတစ်ခုလုံး အရောင်အဆင်းမဲ့သွားသလို ရွှေရောင်များဖြင့် ပြည့်နှက်သွားခဲ့သည်။ ကြောက်စရာကောင်းသော ဖိအားကြောင့် အဓိပတိဂိုဏ်းမှကျင့်ကြံသူများလည်း နောက်ဆုတ်လိုက်ကြရ၏။
ရွှေရောင်အလင်းသည် သူတို့ကိုလာဟက်ချိန်တွင် အရေပြားများ ဆွေးမြေ့ပျက်ဆီးကုန်ကြသောကြောင့် အမြန်ပင် စိတ်ဝိညဉ်စွမ်းအင်ထုတ်၍ ကျင့်ကြံလိုက်ကြရသည်။
ကံကောင်းစွာဖြင့် ရွှေရောင်အလင်းသည် တခဏအတွင်းပျောက်ကွယ်သွားခဲ့၏။ ရွှေရောင်အလင်းပျောက်ကွယ်သွားချိန်တွင် အားလုံးအကြည့်သည် ရွှေဝိညဉ်ရှင်ပေါ်ရောက်သွားပြီး မျက်လုံးများ ပြူးကျယ်သွားခဲ့ကြသည်။
ရွှေဝိညဉ်ရှင်သည် လှံကိုထိုးစိုက်နေသည့် ပုံစံနှင့်ပင်ရပ်နေဆဲဖြစ်ပြီး ဆန်းကြယ်သည့်ပုံရိပ်မှာ သူ့ဘေးတွင်ရပ်နေပြီး ပုဆိန်သည် သူ့လည်ပင်းပေါ်သို့ ရောက်ရှိနေခဲ့၏။
ရွှေဝိညဉ်ရှင်၏ခန္ဓာကိုယ်တောင့်တင်းသွားကာ မယုံနိုင်မှုများဖြင့် ပြည့်နှက်သွားခဲ့လေသည်။
ဘယ်လိုဖြစ်နိုင်မှာလဲ…
မြန်လိုက်တာ!
သူသည် ဆန်းကြယ်နှလုံးသားအဆင့်ဖြစ်သော်လည်း တစ်ဖက်လူ၏ အလျင်ကို လုံး၀လိုက်မမှီခဲ့ပေ။ ပို၍ အရေးကြီးသည်မှာ ဖိအားတစ်ခုက သူ့ကိုယ်ကိုဖုံးအုပ်ထားပြီး သူ့ခန္ဓာကိုယ်မှ မည်သည့်စိတ်ဝိညဉ်စွမ်းအင်မှ ထုတ်မရအောင် တားဆီးထားခဲ့ခြင်း ဖြစ်သည်။
ဤအရာသည် ကုအန်၏နတ်သိုင်း ဆန်းကြယ်အဝါရောင်နဂါးခွန်အားသိုင်းစွမး်ဖြစ်၏။
ဆန်းကြယ်အဝါရောင်နဂါးခွန်အားသိုင်းသည် သူ ဆန်းကြယ်အဝါရောင်နဂါးစွမ်းအင်ကျင့်စဉ်ကို အဆင့်မြှင့်စဉ်က ရရှိခဲ့သော နတ်သိုင်းဖြစ်ပြီး ထိုသိုင်းကို မဟာယနအဆင့်၉ ဖိအားနှင့်ပေါငး်လိုက်သောအခါ ရွှေဝိညဉ်ရှင် လုံး၀ မခုခံနိုင်တော့ပေ။
အဓိပတိဂိုဏ်းမှကျင့်ကြံသူများအားလုံးလည်း ကုအန်၏ဖိနှိပ်ခြင်းကိုခံထားရပြီး အကြောက်တရားများဖြင့် ပြည့်နှက်နေခဲ့ကြသည်။
ကုအန်သုံးနေသောပညာသည် မိစ္ဆာအရိပ်နတ်သိုင်းဟု ထင်မိကြသောကြောင့် ရွက်ဝါတစ်ထောင်မျှော်စင်တွင် ထိုမျှစွမ်းအားကြီးသော ကျင့်ကြံသူရှိနေသလားဆိုပြီး အားလုံး ကြောက်ရွံ့သွားခဲ့ကြသည်။
ကုအန် ဘာလက်ကပုဆိန်ကိုကိုင်ကာ ရွှေဝိညဉ်လည်ပင်းပေါ်တွင် တင်ထားစဉ်တွင် ဘယ်လက်ဖြင့် သူ့ခေါင်းပေါ်ရှိ ကျောက်စိမ်းသရဖူကို တွန်းဖယ်လိုက်ကာ လှံရှည်ကို ဆွဲယူလိုက်၏။
ယခုအခါ ရွှေဝိညဉ်အရှင်၏ ပုံစံမှာ အရင်လိုမဟုတ်တော့ဘဲ အတော်လေးပင် စုတ်ပြတ်နေခဲ့သည်။
“မင်း…ပင်မတခဏဂိုဏ်းက မကြာခင်ရောက်လာတော့မှာ မင်းတကယ်ပဲ…” ရွှေဝိညဉ်ရှင်၏အသံမှာ တုန်ခါနေခဲ့၏။
သို့သော် သူ့စကားမဆုံးခင်ပင် ဝှစ်ကနဲအသံနှင့်အတူ ကုအန် သူ့ခေါင်းအား ပိုင်းဖြတ်ပစ်လိုက်လေသည်။
သွေးများပန်းထွက်လာပြီး ရွှေဝိညဉ်ရှင်၏မျက်လုံး ပြူးကျယ်သွားခဲ့၏။
ထို့နောက် ရွှေဝိညဉ်ရှင်၏ လည်ပင်းမှစ၍ အပြာရောင်မီးတောက်များတောက်လောင်သွားပြီး သူ့တစ်ကိုယ်လုံးကို လောင်ကျွမ်းသွားခဲ့သည်။
ရွှေဝိညဉ်ရှင်၏ မူလဝိညဉ်သူ့ကိုယ်ထဲမှ ခုန်ထွက်ဖို့ကြိုးစားခဲ့သော်လည်း မထွက်နိုင်ခဲ့ပေ။
ကုအန် တစ်ဖက်လူ၏ သိုလှောင်လက်ကောက်ကိုယူကာ ထိုက်ချင်အစစ်အမှန်မီးတောက်ဖြင့် လောင်ကျွမ်းခံနေရသော ရွှေဝိညဉ်အရှင်ကို ကြည့်ရှုနေခဲ့၏။
အသက်ရှူကြိမ် ငါးကြိမ်စာအတွင်း ရွှေဝိညဉ်အရှင်၏ ခန္ဓာကိုယ်ပြာကျသွားခဲ့ကာ ခုန်နေဆဲဖြစ်သော သူ့နှလုံးသာ ကျန်ရစ်ခဲ့လေသည်။
ဆန်းကြယ်နှလုံးသား!
ကုအန် ဆန်းကြယ်နှလုံးသားကိုယူကာ သိုလှောင်အိတ်ထဲ ပစ်ထည့်လိုက်၏။
ထို့နောက် သူလှည့်ထွက်သွားရန် ပြင်လိုက်လေသည်။
“နေပါဦး ဆရာကြီးကဘယ်သူများလဲ ကျွန်တော်တို့ကိုကူညီချင်တာလား ဒါမှမဟုတ် တခဏဂိုဏ်းနဲ့ရန်ညှိုးရှိလို့လား အဲ့ဒီလိုဆို ဘာလို့ကျွန်တော်တို့ နဲ့မပူးပေါင်းတာလဲ မြေအောက်ကမ္ဘာလမ်းကိုးသွယ်က ဖွင့်လှစ်ပြိီးသွားပြီး မိစ္ဆာကပ်ဘေးအစစ်ကြီးကလည်းလာတော့မှာ ကျွန်တော်တို့ စည်းလုံးကြဖို့လိုတယ်” ကျိဟန်ထျန်အော်ပြောလိုက်ရာ အခြားသူများ၏မျက်လုံးထဲတွင်လည်း မျှော်လင့်ချက်များနှင့် ပြည့်နှက်လာခဲ့သည်။
ကုအန် တစ်ခုခုပြောရမည့်အစား သူ့ဓားဆန္ဒကိုသာ ထုတ်ပြလိုက်၏။
ဓားဆန္ဒထွက်ပေါ်လာသည်နှင့် ကမ္ဘာကြီးပင် အရောင်ပြောင်းလဲသွားခဲ့ပြန်သည်။
“ဆရာ…သခင်” အကြီးအကဲတစ်ယောက်၏ တုန်ရီနေသောအသံထွက်ပေါ်လာပြီး သူ့မျက်နှာပေါ်တွင် အံ့ဩမှု ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားခဲ့၏။
သူဆုံးအောင်မပြောရသေးခင်မှာပင် ကုအန် လေထဲတွင် ပျောက်ကွယ်သွားလေတော့သည်။
ကျိဟန်ထျန်းမှာတော့ ကြောင်၍သာကြည့်နေမိ၏။
ဆရာသခင်ဓားအရှင်သည် ရွှေဝိညဉ်ရှင်ကိုတောင် အလွယ်တကူသတ်ဖြတ်နိုင်ပြီး သူကဆရာသခင်ဓားသခင်နောက်သို့ အဆင်အခြင်မဲ့လိုက်ခဲ့ဖူးလေသည်။
သူ့စိတ်ထဲတွင် ရှက်ရွံ့မှု ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားခဲ့၏။
ကံကောင်းစွာဖြင့် ဆရာသခင်ဓားအရှင်သည် သူတို့ဂိုဏ်းမှလူဖြစ်၍သာတော်သေးသည်။ မဟုတ်ပါက ထိုကတည်းက သူအသက်ရှိတော့မည် မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် သူတို့အားလုံးစိတ်ထဲ၌ စိတ်၀င်စားမှုများ မြင့်တက်လာခဲ့ကြ၏။
ဆရာသခင်ဓားအရှင်က တကယ်ပဲဘယ်သူလဲ!
အဓိပတိဂိုဏ်းထဲတွင် သူ့ရာထူးက ဘာဖြစ်မလဲ!
….
အပြင်စည်းမြို့ထဲတွင်
ကုအန်ထွက်သွားတာ သိပ်မကြာသေးသောကြောင့် ရှန်းကျန် စားသောက်ဆိုင်ထဲတွင် သောက်နေဆဲပင်။
ရုတ်တရက် စွမ်းအားကြီးသောအရှ်ိန်အဝါများ အပြင်စည်းမြို့ထဲတွင် ဆက်တိုက်ထွက်ပေါ်လာပြီး မြို့တစ်ခုလုံး လှုပ်ခါသွားခဲ့လေသည်။ တိုက်ပွဲကြီးတစ်ခု စတင်ဖြစ်ပေါ်လာပြီး ဆိုင်ထဲရှိလူများအားလုံး အပြင်သို့ ထပြေးကုန်ကြ၏။
ရှန်းကျန်ပြတင်းပေါက်မှတစ်ဆင့်ကြည့်လိုက်ရာ ကောင်းကင်ပြုပြင်စင်မြင့်ထက်တွင် ကျင့်ကြံသူနှစ်ယောက်တိုက်ခိုက်နေခြင်းကို တွေ့လိုက်ရလေသည်။ ထို့နောက် အဓိပတိဂိုဏ်းတပည့်များ တစ်ယောက်ပြီးတစ်ယာက် ခေါင်းမိုးတွေပေါ် ရောက်လာကြပြီး မြို့ထဲရှ်ိ အဆောက်အအုံများ မပျက်ဆီးစေရန် ၀င်္ကပါများကို ဖွင့်လိုက်ကြ၏။
“ဂယက်ကစပြီ စိတ်ဝင်စားစရာပဲ!”
အပြင်စည်းဂိုဏ်းသားများသည် လုံး၀ကြောက်ရွံ့နေကြခြင်းမျိုးမရှိဘဲ တိုက်ပွဲကိုသာ စိတ်ဝင်တစားကြည့်ရှုနေကြကြောင်း ရှန်းကျန် တွေ့လိုက်ရသည်။
တခဏကြာသောအခါ ကုအန် သူမဆီအသည်းအသန်ပြေးလာပြီး ပြောလိုက်၏။
“တိုက်ပွဲဖြစ်နေပြီ နင်ဘာလို့ပုန်းမနေတာလဲ-
အဓိပတိဂိုဏ်းမှ တခဏဂိုဏ်းသူလျှိုများသည် ရွှေဝိညဉ်အရှင် တိုက်ပွဲကိုအဆုံးသတ်လိုက်ပြီထင်၍ မြို့ထဲတွင် ဆူပူထကြွကုန်ကြခြင်း ဖြစ်ပေသည်။ ရွှေဝိညဉ်အရှင်သေသွားမှန်းတော့ သူတို့မသိကြပေ။
ထိုကိစ္စများကိုတော့ ဂိုဏ်းကိုသာကိုင်တွယ်ဖို့ လွှဲပေးထားလိုက်ပြီး ကုအန် ကြောက်ချင်ယောင်သာ ဆောင်နေခဲ့လိုက်၏။
ရှန်းကျန် စုတ်တံ မှင်နှင့် စာရွက်ကိုထုတ်လိုက်ကာ ရယ်မော၍ ပြောလိုက်လေသည်။ “အတူတူဆွဲပြီး ဘယ်သူကပိုကောင်းလဲပြိုင်ကြမယ် တကယ်လို့ နင့်ပုံကငါ့ကိုစိတ်ကျေနပ်စေခဲ့ရင် နင်လိုချင်တဲ့ဆေးပင်တွေရစေရမယ်”
အပိုင်း(၁၁၄)
တခဏဂိုဏ်းစုဝေးခြင်း၊ လမ်းစဉ်ညဏ်အလင်းပွင့်ခြင်း
ရှန်းကျန်၏ စကားလုံးများမှာ ကုအန်ကိုစိတ်ယိုင်သွားအောင် မလုပ်နိုင်ခဲ့ပေ။ တစ်ယောက်ယောက်တိုက်ခိုက်နေခြင်းအား ပုံဆွဲခြင်းဟူသည် အတော်လေးစွန့်စားရသောအလုပ်မျိုးဖြစ်သည့်အပြင် ကုအန်လည်း ယခုအခါတွင် ဆေးပင်ထိုမျှလိုမနေပေ။ ရှန်းကျန် အဆင့်၇ ဆေးပင်မထုတ်နိုင်သေးသ၍ သူစိတ်၀င်စားမည် မဟုတ်ပေ။
ကုအန် ပြောလိုက်သည်။ “တစ်မြို့လုံးက ဖရိုဖရဲဖြစ်နေတာ ငါ့မှာဘယ်လိုလုပ် ပုံဆွဲချင်စိတ်ရှိမှာလဲ မိန်းကလေးရှန်း တစ်နေရာရာရှာပြီးပဲပုန်း….”
သူ့စကားမဆုံးသေးခင်မှာပင် အသံကျယ်ကြီးတစ်သံထွက်ပေါ်လာခဲ့ပြီး စားသောက်ဆိုင်ပင် ယမ်းခါသွားခဲ့ကာ ပြတင်းပေါက်မှဖုန်မှုန့်များသည် သူတို့နှစ်ဦးအား ဖုံးလွှမ်းသွားလေတော့သည်။
ရှန်းကျန် ကုအန်ခါးကိုကိုင်ကာ အမြန်ပင် စားသောက်ဆိုင်၏ နောက်ဘက်ခြံ၀န်းထဲသို့ ဆွဲခေါ်သွားခဲ့ဧ။။်
ကုအန် သူ့လက်ထဲမှ လွတ်ဖို့ကြိုးစားသော်လည်း ရှန်းကျန်သူ့ကိုခပ်တင်းတင်းသာ ဆုပ်ကိုင်ထားခဲ့လေသည်။ သူ့အကြည့်များသည် တည်ကြည်နေပြီး စားသောက်ဆိုင်နောက်ဘက်ခြံ၀န်းထဲသို့ ကြည့်နေကာ ခပ်တိုးတိုးပြောလိုက်၏။
“မလှုပ်နဲ့!”
ကုအန် ရွေးစရာမရှိခဲ့ပေ။
နင်ကတကယ်ကြီး အဆင့်၉ မဟာယနကျင့်ကြံသူကို ကာကွယ်နိုင်မယ် ထင်နေတာလားဟ!
ရှန်းကျန် မျက်ခုံးများ တွန့်ကွေးသွားကာ သိုလှောင်အိတ်ထဲမှ ပုလွေရှည်တစ်လက်ကို ထုတ်ယူလိုက်လေသည်။ ထိုစဉ် သူစိုက်ကြည့်နေသာ စားသောက်ဆိုင်နောက်ဘက်ခြံ၀န်း ဖုန်တောထဲမှ ပုံရိပ်တစ်ခု ပျံထွက်လာခဲ့၏။
ကုအန် ထိုပုံရိပ်ကို သိပေသည်။ သူသည် ကောင်းကင်ပြုပြင်စင်မြင့်၌ ဓားဆန္ဒကို လာရောက်လေ့လာတတ်သည့် အတွင်းစည်းဂိုဏ်းသား ကျိုးဟုန် ဖြစ်၏။ ကုအန် သူ့ကိုကောင်းကင်ပြုပြင်စင်မြင့်၌ မကြာခဏတွေ့ဖူးသော်လည်း သူလျှိုတစ်ယောက်ဖြစ်နေလိမ့်မည်လို့တော့ မထင်ထားခဲ့ပေ။
ကျန်းဟုန်သည် တ်ိုက်ပွဲတွင် ဒဏ်ရာရလာဟန်ရပြီး နှုတ်ခမ်းထောင့်မှ သွေးများကိုသုတ်လိုက်ကာ ကုအန်တို့နှစ်ယောက်ကို မြင်သည်နှင့် ချက်ချင်းဓားဖြင့် ပိုင်းခုတ်ချလိုက်လေတော့သည်။
ဓားချီမှာ အလွန်လျင်မြန်လွန်းလှကာ ရှန်းကျန် ပုလွေဖြင့် ခုခံရုံမှလွဲ၍ ဘာမှမတတ်နိုင်ခဲ့ပေ။
ဝုန်းးးး!
ဓားချီသည်ပေါက်ကွဲထွက်သွားပြီး စားသောက်ဆိုင်ကြီးတစ်ခုလုံးပင် ပြိုကျသွားခဲ့ကာ ကောင်းကင်တွင် ဖုန်မှုန့်များနှင့် ပြည့်နှက်သွားခဲ့၏။
ထို့နောက် ကျန်းဟုန်သူ့နောက်မှ ကျင့်ကြံသူများလိုက်လာသောကြောင့် လေထဲသို့ ခုန်ထွက်ကာ ထွက်ပြေးသွားလေတော့သည်။
ဓားချီများ ပျောက်ကွယ်သွားသောအခါမှ ရှန်းကျန်ကုအန်အား ဆွဲထူလိုက်ပြီး သူတို့နှစ်ယောက်လုံးမှာ အတော်လေးသနားစရာကောင်းသော အခြေအနေတွင် ရှိနေကြဧ။။်
“မိန်းကလေးရှန်း အဆင်ပြေရဲ့လား” ကုအန် ရှန်းကျန်၏ဒဏ်ရာများမှာ အသက်အန္တရာယ်မရှိမှန်းသိသော်လည်း မေးလိုက်သည်။
ကျန်းဟုန်သည် စိတ်ဝိညဉ်အခြေတည်အဆင့်၁ ကျင့်ကြံသူဖြစ်သောကြောင့် ရှန်းကျန်သူ့ဓားချီကိုကာကွယ်လိုက်နိုင်သော်လည်း အတွင်းဒဏ်ရာရသွားခဲ့ခြင်း ဖြစ်ဧ။။်
စိတ်ဝိညဉ်အခြေတည်အဆင့်၏ဓားချီကို ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်ဖြင့် ကာကွယ်နိုင်လိုက်ခြင်းဖြစ်ရာ ရှန်းကျန်တွင် ကျွမ်းကျင်မှုအနည်းငယ်တော့ ရှိပုံပင်။
သူမမျက်နှာကိုကာထားသော ပုဝါစအောက်တွင် နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေပါသော်လည်း ရှန်းကျန် ဘာမှမဖြစ်ချင်ယောင်ဆောင်ကာ ပြောလိုက်သည်။
“ငါ့လို တာအိုဂိုဏ်းရဲ့မြင့်မြတ်သမီးတော်တစ်ယောက်က ဘယ်လိုလုပ် ဘယ်ကမှန်းမသိတဲ့လူတစ်ယောက်ကြောင့် ထိခိုက်ဒဏ်ရာရမှာလဲ အရင်ဆုံးပုန်းဖို့တစ်နေရာရာ ရှာကြရအောင်”
ထို့နောက် တစ်မြို့လုံးတွင်တိုက်ပွဲများဖြစ်နေသောကြောင့် သူတို့ပျံသန်း၍မရဘဲ လမ်းများတွင်သာ ပြေးလွှား၍ သွားနေကြရသည်။
ကံကောင်းစွာဖြင့် လမ်းတွင် သူတို့အား မြေအောက်ခန်းပုန်းခိုရာနေရာတစ်ခုသို့ ခေါ်သွားသည့် ဥပဒေခန်းမမှ တပည့်များနှင့် တွေ့ခဲ့ရဧ။။် ထိုမြေအောက်ခန်းသည် အလွန်ကျယ်၀န်းပြီး တပည့်အများအပြားထိုထဲတွင် ပုန်းအောင်းနေကြပြီး အများစုမှာ အစေခံတပည့်များ ဖြစ်ကြသည်။
ရှန်းကျန် မြေအောက်ခန်းတစ်နေရာတွင် ခြေချိတ်၍ ထိုင်ချလိုက်ဧ။။် ထို့နောက် သူ့သိုလှောင်အိတ်ထဲမှ ဆေးတစ်ပုလင်းထုတ်ကာ သောက်လိုက်ပြီး ဒဏ်ရာများကုန်ရန် စတင်ကျင့်ကြံတော့သည်။
ကုအန်လည်းသူမကိုမနှောင့်ယှက်တော့ဘဲ မြေအောက်ခန်းထဲတွင် ပုံမမှန်သောလူများရှိမရှိ စစ်ဆေးပြီးမှသာ ဂိုဏ်းထဲရှိတိုက်ပွဲကို နတ်အာရုံသုံး၍ ကြည့်ရှုလိုက်၏။
တိုက်ပွဲသည် ဤအပြင်စည်းမြို့တစ်မြို့တွင်သာမဟုတ်ဘဲ အဓိပတိဂိုဏ်းတစ်ခုလုံးတွင် ဖြစ်ပွားနေခြင်း ဖြစ်ပေသည်။
လုပိုင်ထျန်းနှင့်အခြားတစ်သားတည်းအဆင့်ကျင့်ကြံသူများသည်လည်း ဂိုဏ်းထဲရှိတိုက်ပွဲကို သတိထားမိသွားသောကြောင့် အမြန်ပြန်လာခဲ့ကြ၏။
ရွှေဝိညဉ်အရှင်၏ အထောက်အပံ့မပါပါက အဓိပတိဂိုဏ်းသည် ကျန်သည့် တခဏဂိုဏ်းသားလောက်ကို အလွယ်တကူရှင်းပစ်နိုင်ပေသည်။ သို့သော် ထိုတိုက်ပွဲအတွင်း ဆုံးရှုံးနစ်နာမှုအချို့ကိုတော့ မလွဲမသွေကြုံတွေ့ရမည်သာ။
ကုအန်မှာတော့ အဓိကအားဖြင့် တတိယဆေးတောင်ကြားနှင့် ဆန်းကြယ်တောင်ကြားကိုသာ စိတ်ပူ၏။
ဆန်းကြယ်တောင်ကြားသည် အပြင်စည်းမြို့အပြင်ဘက်တွင်ရှိသောကြောင့် ဘာခြိမ်းခြောက်မှုမှ ကြုံရမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းတွင်းရှိ ဖရိုဖရဲဖြစ်နေမှုများကို ဂိုဏ်းထဲရှိ သူလျှိုများကသာ ဖန်တီးနေခြင်းကြောင့် ဖြစ်ပေသည်။
တတိယတောင်ကြားတွင်မူ ကာကွယ်သူများရှိနေကြပြီး ကုယူကဦးဆောင်၍ ကာကွယ်နေကာ ထိုနေရာတွင် တိုက်ပွဲတစ်ခု ဖြစ်နေခဲ့၏။
သူ့ဆေးပင်များ မထိခိုက်သေးသ၍ ကုအန်ဤကိစ္စတွင်၀င်ပါမည် မဟုတ်ပေ။ အဓိပတိဂိုဏ်းသည် ထိုကိစ္စလောက်ကိုတော့ သူတို့ကိုယ်တိုင်သာ ဖြေရှင်းသင့်ပေသည်။
ဤသို့ဖြင့် အချိန်များ ကုန်ဆုံးသွားခဲ့သည်။
ဂိုဏ်းမှ တစ်သားတည်းဖြစ်ခြင်းအဆင့်များ ပြန်လာသည်နှင့် ဂိုဏ်းထဲရှိ ဖရိုဖရဲဖြစ်မှုများမှာ အလျင်အမြန်ပင် ပြီးဆုံးသွားခဲ့၏။
မိနစ်၃၀မတိုင်ခင်တွင် ကုအန်ရှိနေသော အပြင်စည်းမြို့တွင် တိုက်ပွဲသံများ တိတ်ဆိတ်သွားခဲ့ပြီး တိုက်ပွဲပြီးဆုံးသွားခဲ့သည်။
ထိုစဉ် မြေအောက်ခန်းထဲသို့ လူတစ်ယောက်ပြေး၀င်လာပြီး အံ့ဩ၀မ်းသာဖြစ်နေဟန်ဖြင့် အော်ပြောလိုက်၏။ “တိုက်ပွဲပြီးသွားပြီ အားလုံးအပြင်ထွက်လို့ရပြီဟေ့!”
ထိုစကားကိုကြားသောအခါ တပည့်များမျက်နှာပေါ်တွင် အပြုံးပန်းများ ပွင့်လန်းလာပြီး တစ်ယောက်ကိုတစ်ယောက် ကူညီကာ အပေါ်သို့ ပြန်တက်သွားခဲ့ကြသည်။
ရှန်းကျန်လည်း မတ်တပ်ထရပ်လိုက်ကာ ကုအန်ကိုကြည့်ပြီး ပြောလိုက်၏။ “နင်ဘာလို့ ငါ့ကိုမထူတာလဲ သူများကိုကြည့်စမ်း အချင်းချင်းကူညီနေကြတာ”
ကုအန် ရယ်မောလိုက်သည်။ “နင့်ဒဏ်ရာတွေက အရမ်းမဆိုးဘူးထင်လို့ပါ တောင်ကြားကိုရောက်ရင် ဒဏ်ရာတွေကုဖို့ မင်းကြိုက်တဲ့ဆေးပင်တစ်သုတ်ယူသွားလိုက်”
ရှန်းကျန်ပြုံးလိုက်သော်လည်း ဘာမှပြန်မပြောတော့ဘဲ ကုအန်နှင့်အတူ လူအုပ်ထဲသို့သာ ရော၀င်သွားခဲ့ဧ။။်
မြေအောက်ဂူထဲမှ ထွက်လာပြီးသည့်နောက် ကုအန် လမ်းပေါ်သို့ ထွက်လာခဲ့လိုက်သည်။ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သောအခါ တိမ်မည်းများဖုံးနေသည်ကို မြင်လိုက်ရပြီး စိတ်ဝိညဉ်စွမ်းအင်နဂါးများက ပြေးလွှားနေကြပြီး ထိပ်တန်းတည်ရှိမှုကြီးများက မြို့ကို ကာကွယ်ပေးထားသလိုပင်။
ကုအန် ကောင်းကင်ထက် ပေထောင်ချီအထက်တွင် တစ်သားတည်းဖြစ်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် တွေ့လိုက်ရ၏။ ထိုလူသည် ရွှေဝိညဉ်အရှင်နှင့်တိုက်ခိုက်ခဲ့တုန်းက သနားစရာအခြေအနေထိရောက်ခဲ့ရပါသော်လည်း အခုတော့ ပြိုင်ဘက်ကင်းစွမ်းအားရှင်တစ်ယောက်လိုပင်။
ရှန်းကျန်လည်း ကုအန်အကြည့်နောက်သို့လိုက်၍ ဖရိုဖရဲဖြစ်နေသော တိုက်ပွဲကို ကြည့်နေရင်း ပြောလိုက်သည်။ “ငါပြန်ဖို့လိုနေပြီ နင်လည်းမကြာခင် ပြန်သင့်တယ်”
ပြောပြီးသည်နှင့် သူလှည့်ထွက်သွားလေတော့သည်။
ရှန်းကျန်၏ ဒဏ်ရာများသည် ပြန်ကောင်းရန် လပေါင်းများစွာယူ၍ ကုသရပေတော့မည်။
ကုအန် မြို့ထဲသို့ လှည့်ပတ်ကြည့်ရှုနေရင်း ပျက်ဆီးနေသော အဆောက်အဦးများစွာနှင့် ဒဏ်ရာရနေသော တပည့်များစွာကို တွေ့ခဲ့ရ၏။
ကုအန် ကျန်းချင်နှင့် ရီလန်တို့ကိုလည်း အာရုံခံမိခဲ့သည်။ သို့သော် သူတို့အန္တရာယ်ရှိမနေသောကြောင့် သူတို့ဆီသွားမနေတော့ပေ။
သူလွန်ခဲ့သည့်ရက်အနည်းငယ်က အာရုံခံမိခဲ့သော ဆန်းကြယ်သည့်အရှိန်အဝါမှာလည်း ရှိနေဆဲဖြစ်ပြီး ထိုက်ကန်မင်းဆက်နှင့်အလွန်ဝေးသောကြောင့် ကုအန် ဘာလဲဆိုတာကိုတော့ သေချာမသိခဲ့ပေ။
ထိုအရာသည် မြေအောက်ကမ္ဘာလမ်းကိုးသွယ်နှင့် ဆက်စပ်နေရမည်လို့တော့ သူသံသယရှိ၏။
ရွှေဝိညဉ်အရှင်မသေခင်ပြောခဲ့ပုံအရ ဤတိုက်ပွဲသည် တကယ့်စစ်ပွဲကြီး၏ အစသာဖြစ်ပြီး နောက်ထပ် ဆန်းကြယ်နှလုံးသားအဆင့်များ ထပ်ရောက်လာဦးမည့်ပုံပင်။
တကယ့်ပြဿနာများတဲ့ကာလပဲ!
ကုအန် အတွေးလွန်နေရင်း သူ့အကြည့်ကလမ်းပေါ်ရှိတစ်နေရာကို ရောက်သွားခဲ့လေသည်။
ထိုနေရာရှိ လူအုပ်ထဲတွင် လမ်းလျှောက်နေသော သာမန်ပုံစံဖြင့်တပည့်တစ်ယောက်ရှိနေခဲ့၏။ သူ့အရှိန်အဝါသည် သာမန်သာဖြစ်ပြီး သူ့ကျင့်ကြံခြင်းမှာလည်း သာမန်သာဖြစ်လေရာ လူအုပ်ထဲရှိ သူ့ကို မည်သူမှသတိမပြုမိကြပေ။
ကုအန် သူ့အားသတိထားလိုက်မိသည်မှာ သူ့ကိုယ်မှထွက်နေသောဖော်ပြ၍မရဘဲ ရင်းနှီးသလိုခံစားရသော အရှိန်အဝါကြောင့်ဖြစ်ပေသည်။
သက်တမ်းစစ်ဆေးလိုက်တာပေါ့!
[ဝူကျဲ(အခြေခံတည်ဆောက်ခြင်းအဆင့်၂) : ၆၃/၂၈၀/၃၁၀]
ဒီလိုသက်တမ်းက အပြင်စည်းဂိုဏ်းမှာ ပါရမီရှင်တော့မဟုတ်ဘူးပဲ!
ကုအန် ဝူကျဲအား သေချာကြည့်နေရင်း နောက်ဆုံးတွင် ထိုအရှိန်အဝါအား သူဘာလို့ရင်းနှီးနေရသလဲဆိုတာ သိရှိသွားခဲ့၏။
လမ်းစဉ်ညဏ်အလင်းပွင့်ခြင်း!
ထိုလူသည် တကယ်တော့ လမ်းစဉ်ညဏ်အလင်းပွင့်နေခြင်းဖြစ်ပြီး လူအုပ်ထဲတွင် ကြောင်အအဖြင့် လမ်းလျှောက်နေသည်မှာ အံ့ဩစရာတော့ မဟုတ်တော့ပေ။
ကုအန် စိတ်ဝင်စားမှုများ ပိုတိုးလာပြီး လမ်းစဉ်ညဏ်အလင်းပွင့်မှုကို အပြင်လူတစ်ယောက်အနေဖြင့် လေ့လာနေခဲ့သည်။
သူလည်း ညဏ်အလင်းပွင့်ဖူးသော်လည်း ညဏ်အလင်းပွင့်ပြီး သူ့ကိုယ်ထဲတွင်ဘာပြောင်းလဲသွားသလဲ ဆိုတာကို ကုအန်မသိခဲ့ပေ။ သူသည် သက်တမ်းသုံး၍ သူ့ကိုယ်သူ မြှင့်တင်နေသောကြောင့် သူ့ခန္ဓာကိုယ်ထဲရှိ အပြောင်းအလဲများမှာ သက်တမ်းကြောင့်လား လမ်းစဉ်ညဏ်အလင်းပွင့်ခြင်းကြောင့်လားဆိုတာ မသဲကွဲခဲ့ပေ။
ကုအန် ဝူကျဲနောက်မှ ကိုက်အနည်းငယ်ခွာ၍ လိုက်လာခဲ့၏။
လမ်းပေါင်းများစွာကိုဖြတ်၍ လျှောက်လာပြီးသည့်နောက် ကုအန် ဝူကျဲကိုယ်ထဲမှ တစ်ခုခုပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။ ထိုအရာသည် ကျင့်ကြံခြင်းပြောင်းလဲသွားတာမျိုးမဟုတ်ဘဲ နက်နဲသောတစ်ခုခုပြောင်းလဲသွားသလိုပင်။
ကုအန် ဝူကျဲကိုနောက်တစ်ခါ သက်တမ်းစစ်ဆေးခြင်းသုံး၍ စစ်ဆေးလိုက်ပြန်သည်။
[ဝူကျဲ(အခြေခံတည်ဆောက်ခြင်းအဆင့်၂): ၆၃/၂၈၀/၃၄၀]
ဟမ်!
သက်တမ်းအကန့်အသတ်က နှစ်၃၀တိုးတက်သွားပါလား!
ဤအကြိမ်သည် ကုအန်တစ်ယောက်ယောက်၏ သက်တမ်းအကန့်အသတ် တိုးတက်သွားသည်ကို ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်း ဖြစ်၏။
ဤအရာသည် လမ်းစဉ်ညဏ်အလင်းပွင့်ခြင်းကြောင့် ဖြစ်နိုင်ပါသည်လော။
ဟန်မင်သည် သူလမ်းစဉ်ညဏ်အလင်းပွင့်တုန်းက သူ့ဓားတာအိုတိုးတက်လာသည်ဟု ပြောသည်မှာ အံ့ဩစရာမဟုတ်တော့ပေ။ လမ်းစဉ်ညဏ်အလင်းပွင့်ခြင်းသည် သက်တမ်းအကန့်အသတ်ကိုတိုးချဲ့ပေးကာ လူတစ်ယောက်၏ ပါရမီနှင့်နားလည်နိုင်စွမ်းကို တိုးမြှင့်ပေးသောကြောင့် ဖြစ်ပေသည်။
ကုအန် အံအားသင့်သွားကာ ဝူကျဲအပေါ်ပို၍ပင် စိတ်၀င်စားမှု တိုးလာခဲ့၏။
….
ဖုန်းဆိုးမြေပြန့်လွင်ပြင်တစ်ခုတွင် တခဏဂိုဏ်းသားထောင်နှင့်ချီ စုဝေးနေကြပြီး အစီအရင်စင်မြင့်ထက်ရှိ ဟင်းလင်းပြင်အက်ကွဲကြောင်းကို ကြည့်ကာ တီးတိုးပြောဆိုနေခဲ့ကြသည်။
အနက်ရောင်ချီများပျောက်ဆုံးသွားပြီဖြစ်သော်လည်း အစီအရင်စင်မြင့်ထက်တွင် ဟင်းလင်းပြင်အက်ကွဲကြောင်းတစ်ခုရှိနေပြီး ထိုဟင်းလင်းပြင်အက်ကွဲကြောင်းထဲတွင် နီညိုရောင်ကောင်းကင်ကြီးတစ်ခုကိုမြင်နေရကာ ထိုအက်ကွဲကြောင်းသည် ကမ္ဘာခြားတစ်ခု၏ ၀င်ပေါက်လိုပင်။
အကြီးအကဲချိဟန် ရှေ့ဆုံးတွင် တရားထိုင်နေရင်း သူ့မျက်ခုံးများ အနည်းငယ်တွန့်ကွေးသွားခဲ့၏။
အကြောင်းပြချက်တချို့ကြောင့် သူမလွယ်ကူဘူးဟု ခံစားနေခဲ့ရသည်။
သို့သော်လည်း ခံစားချက်များကိုကြိုးစား၍ ထိန်းချုပ်လိုက်ကာ ကျင့်ကြံရန် မျက်လုံးကိုသာ ပြန်မှိတ်ထားလိုက်၏။
နေကွယ်၍ လထွက်ကာ ညအချိန်ကုန်ဆုံးသွားခဲ့ပြန်သည်။
နောက်တစ်ရက် မနက်ခင်းအချိန်တွင် အစီအရင်စင်မြင့်ပေါ်မှ ခြေသံများထွက်ပေါ်လာသောကြောင့် ချိဟန် မျက်လုံးဖွင့်၍ ကြည့်လိုက်မိ၏။ သူတင်မက အစီအရင်ရှေ့မှ ကျင့်ကြံသူများအားလုံး စင်မြင့်ပေါ်သို့ ကြည့်လိုက်မိကြသည်။
“ရွှေဝိညဉ်အရှင်သေသွားပြီ တခဏဂိုဏ်းသားတွေအကုန်လုံးကိုဒီမှာစုလိုက်တော့”
အေးစက်စက်အသံကြီးကို လူတိုင်းကြားလိုက်ကြရ၏။ ပြောလိုက်သူမှာ အနက်ရောင်၀တ်မိန်းမတစ်ယောက်ဖြစ်ပြီး မျက်နှာတွင်လည်း တခဏပန်းပုံပါသော မျက်နှာဖုံးကို ၀တ်ဆင်ထားခဲ့သည်။
ထိုစကားသံထွက်ပေါ်လာသောအခါ တခဏဂိုဏ်းသားများအားလုံး ဆူပူကုန်ကြ၏။
ရွှေဝိညဉ်အရှင်ဆိုသည်မှာ လွန်ခဲ့သည့်ရက်အနည်းငယ်က ပေါ်လာခဲ့သော ကြောက်စရာကောင်းသည့်အရှိန်အဝါနှင့် ခရမ်းရောင်၀တ်လူမှန်း သူတို့သိပေသည်။ လွန်ခဲ့သောရက်အနည်းငယ်မှ ထွက်လာခဲ့သော အစွမ်းထက်ပုဂ္ဂိုလ်သည် ယခုသေလေပြီ။
အဓိပတိဂိုဏ်းသည် ထိုမျှပင် စွမ်းအားကြီးနေသည်လော။
လူအုပ်ထဲမှ ကျန်းချောင်လည်း မျက်ခုံးများတွန့်ကွေးသွားပြီး အဓိပတိဂိုဏ်း၏ အုတ်မြစ်အပေါ် ဖြုံသွားမိသည်။
အကြီးအကဲချိဟန်၏ အမူအရာလည်းရုတ်ချည်းပြောင်းလဲသွားသော်လည်း သူဒီတိုင်းကြောင်အအလုပ်နေ၍ မဖြစ်ပေ။ ထရပ်လိုက်ကာ တခဏဂိုဏ်းသားများအား စုဝေးရန် အမိန့်ပေးလိုက်လေတော့သည်။
တစ်နေရာတွင်
အဓိပတိဂိုဏ်းရှိ လုလင်ကျွမ်းလည်း အံ့အားသင့်သွားခဲ့ရ၏။
ဆရာသခင်ဓားအရှင်က တခဏဂိုဏ်းက မိစ္ဆာကိုသတ်လိုက်သည့်သတင်းမှာ ဂိုဏ်းထဲတွင် ပျံ့နှံ့နေပြီဖြစ်ကာ လူတိုင်းသည် ထိုအကြောင်းဆွေးနွေးပြောဆိုနေကြသည်။ အချို့အတွင်းစည်းဂိုဏ်းသားများသည် တတိယတောင်ကြားသို့လာ၍ပင် ထိုအကြောင်း ပြောပြသွားကြလေရာ တောင်ကြားထဲရှိတပည့်များကြားထဲတွင် ထိုသတင်းက ပျံ့နှံ့နေကာ လူတိုင်းသည် ဆရာသခင်ဓားအရှင်၏စွမ်းအားအကြောင်း အံ့ဩဘနန်းဖြစ်နေခဲ့ကြရ၏။
ကုအန်လည်း ထိုအခြေအနေကိုအခွင့်ကောင်းယူကာ အပြင်စည်းဂိုဏ်းသို့ ပြန်ထွက်လာခဲ့ပြန်သည်။
မြို့ထဲသို့ရောက်သည်နှင့်လမ်းများကိုအမြန်ဖြတ်ပြီး လမ်းမကြီးတစ်ခုသို့ရောက်ရှိသွားခဲ့၏။
လမ်းစဉ်ညဏ်အလင်းပွင့်ခဲ့သော တပည့်ဝူကျဲသည် ယခုအခါတွင် သစ်ပင်အိုကြီးတစ်ပင်အောက်တွင်ရပ်ကာ ပင်စည်ကိုကြည့်နေရင်း အတွေးနွံထဲနစ်နေခဲ့သည်။
ထိုတပည့်သည် လမ်းစဉ်ညဏ်အလင်းပွင့်ရာမှ နိုးထလာပြီဖြစ်ပြီး ယခုအခါ သူ့ညဏ်အလင်းကို ပြန်သုံးသပ်နေခြင်းဖြစ်မှန်း ကုအန် သတိထားမိ၏။
[ဝူကျဲ(အခြေခံတည်ဆောက်ခြင်းအဆင့်၂: ၆၃/၂၈၀/၅၄၀]
သူ့သက်တမ်းအကန့်အသတ်သည် ၃၁၀မှ ၅၄၀သို့ ခုန်တက်သွားခဲ့လေသည်။ နှစ်ဆနီးပါးပင်။
ကုအန် ထိုတပည့်ဘာကိုနားလည်သဘောပေါက်သွားခဲ့လဲဆိုတာ အတော်လေးစိတ်၀င်စားသွားမိသည်။
ထိုသို့တွေးမိရင်း ကုအန် သူ့နောက်မှဖြတ်လျှောက်သွားသလို ဟန်ဆောင်လိုက်ကာ စိတ်၀င်တစားမေးလိုက်၏။
“ညီကို အဆင်ပြေရဲ့လား”
ကုအန်စကားကိုကြားသောအခါ ဝူကျဲနောက်ပြန်လှည့်လာပြီး ကသုတ်သရက်ပင် အမြန်ပြန်ဖြေလိုက်လေသည်။
“ဘာမှမဖြစ်ပါဘူး ကျွန်တော်ကျင့်စဉ်တစ်ခုကို ပြန်သုံးသပ်နေရင်း အာရုံလွင့်နေရုံပါ”
ပြောပြီးသည်နှင့် သူ့မျက်နှာတွင် တစ်မျိုးကြီးဖြစ်နေသောအပြုံးတစ်ပွင့်ပေါ်လာခဲ့ပြီး ကုအန်ကို လက်သီးဆုပ်နှုတ်ဆက်ကာ လမ်းလျှောက်ထွက်သွားခဲ့၏။
ကုအန် သူ၏ထွက်ခွာသွားသောပုံရိပ်ကို ကြည့်ရှုနေခဲ့သည်။ သူနောက်လိုက်မသွားပါသော်လည်း အနာဂတ်တွင် ဤလူကို သေချာဂရုစိုက်လေ့လာရမည်ဟု ဆုံးဖြတ်လိုက်၏။
သက်တမ်းအကန့်အသတ် ၅၄၀သည် အပြင်စည်းဂိုဏ်းတွင် ပါရမီရှင်တစ်ယောက်အဖြစ်သတ်မှတ်ရန်တော့ မလုံလောက်သေးပေ။ ကုအန် ထိုလူလမ်းစဉ်ညဏ်အလင်းပွင့်ခြင်း လမ်းကိုဆက်လျှောက်နိုင်ဦးမလာဆိုတာ သိချင်နေခဲ့သည်။