← Chapters

အခန်း (၁၁၇-၁၁၈)

Vol. 10 Ch. 117-118

အခန်း (၁၁၇-၁၁၈)

Vol. 10 Ch. 117-118

အပိုင်း(၁၁၇)

သူ့ကိုသတ်ဖို့ ဓားတစ်လက်လိုမတဲ့လား

ကုအန်နှင့် ဝူကျဲတို့ လမ်းစဉ်ညဏ်အလင်းပွင့်သည့် အတွေ့အကြုံများကို နောက်တစ်နေ့မနက်ထိပင် ပြောနေခဲ့ကြပြီး နှစ်ယောက်လုံးလည်း အတော်လေး အကျိုးအမြတ်များ ရရှ်ိသွားခဲ့ကြသည်။

ကုအန် ထွက်မသွားခင်တွင် ဝူကျဲသူ့အား ထိုအကြောင်းများကို ဘယ်သူ့ကိုမှပြောမပြဖို့ နောက်တစ်ခါ ထပ်မှာနေသေး၏။

တစ်ဖက်လူ မည်မျှဂရုစိုက်နေသည်ကို တွေ့ကာ ကုအန်လည်း ပြုံးပြလိုက်ပြီး စိတ်အေးအေးထားဖို့သာ နှစ်သိမ့်ပေးလိုက်သည်။

ဝူကျဲ ထွက်ခွာသွားသော ကုအန်ပုံရိပ်ကိုကြည့်နေရင်း သူ့မျက်နှာပေါ်တွင် အပြုံးတစ်စ ပေါ်ပေါက်လာခဲ့သည်။

အဓိပတိဂိုဏ်းတွင် နှစ်ပေါင်းများစွာနေခဲ့သော်လည်း ကုအန်မှာ သူပထမဆုံးအကြိမ် ဖွဲ့နိုင်ခဲ့သော စစ်မှန်သည့် မိတ်ဆွေတစ်ယောက် ဖြစ်၏။ အရင်က သူသည် အခြားသူများနှင့် ထိုမျှအဆက်အဆံလုပ်လေ့မရှိဘဲ သူနှင့်နီးကပ်သည့် သူမှာ သူ့ဆရာတစ်ယောက်သာ ရှိပေသည်။ ထို့ကြောင့်လည်း သူ့ဆရာသေဆုံးမှုက သူကအကြီးအကျယ် ‌ထိတ်လန့်တုန်လှုပ်သွားစေခဲ့ခြင်း ဖြစ်၏။

ထို့နောက် ဝူကျဲ အခန်းထဲတွင်ပင် ကျင့်ကြံနေလိုက်ပြီး နောက်တစ်ကြိမ်ကုအန်နှင့် ယခုလို အတွေ့အကြုံများ ဖလှယ်ရဖို့ မျှော်လင့်နေခဲ့မိသည်။

ကုအန် မြို့ထဲတွင် တစ်နာရီခန့် နေပြီးသောအခါ တတိယတောင်ကြားသို့ ပြန်လာပြီး ဆေးပင်များအား စစ်ဆေးပြီးသည့်နောက် အမြန်ပင် ပြန်ထွက်သွားခဲ့၏။

အရင်ဆုံး ဆန်းကြယ်တောင်ကြားတွင် နောက်ထပ် နာရီ၀က်ခန့်နေပြီးသည့်နောက်တွင်တော့ ကုအန် ဆန်းကြယ်ကောင်းကင်ဂူဗိမာန် ဆီသို့ ဦးတည်လာခဲ့လေသည်။

ဆန်းကြယ်ကောင်းကင်ဂူဗိမာန်ထဲတွင် ဆေးပင်အမြောက်အများရှိသော်လည်း ထိုဆေးပင်များမှာ ဂူအပြည့်ရှိနေခြင်းမျိုး မဟုတ်ပေ။

ထို့ကြောင့် ကုအန် ဤနေရာတွင် အဆင့် ၅ နှင့် အဆင့်၅ အထက် သူ့ကိုယ်ပိုင်ဆေးပင်များကို စိုက်ပျိုးမည်ဟု စီစဉ်ထားခဲ့ဧ။။် ဤနေရာသည် သူတစ်ယောက်တည်းသာသိသော သူ၏ ကိုယ်ပိုင်နေရာ ဖြစ်ပေသည်။

သဘာ၀ဂူ ၈ လုံးကိုပင် ကျန်းချောင်နှင့် ကောင်းကင်နဂါးတို့ သိကြပါသော်လည်း ဤဂူကိုတော့ သူကလွဲ၍ ဘယ်သူမှ မသိကြပေ။

ဆေးပင်များစိုက်ပျိုးနေရင်း ကုအန် တောင်အရပ်မှ တိုက်ပွဲအငွေ့အသက်များကို ခံစား‌မိနေခဲ့၏။

မြေအောက်ကမ္ဘာလမ်းကိုးသွယ်၏ အရှိန်အဝါထွက်ပေါ်လာပြီးကတည်းက မင်းဆက်ကိုးခုလုံးသည် ထိုနေရာသို့ အစွမ်းထက်ကျင့်ကြံသူများ လွှတ်၍ တိုက်ခိုက်နေခဲ့ကြပြီး တခဏဂိုဏ်းကြောင့် မင်းဆက်ကိုးခုလုံးသည် ကမောက်ကမဖြစ်နေခဲ့ရသည်။

ဤအရာသည် သာမန်သာဖြစ်ပြီး လက်ရှိအချိန်တွင် တခဏဂိုဏ်းကလည်း မင်းဆက်ကိုးခုလုံး မတိုက်ခိုက်ရဲလောက်အောင် အားကောင်းနေခြင်းမျိုး ဟုတ်မနေပေ။ ထိုမျှသာ အားကောင်းနေပါက တခဏဂိုဏ်းသည် မင်းဆက်ကိုးခုလုံးကို အလွယ်တကူပင် သိမ်းပိုက်ပြီး ဖြစ်လိမ့်မည်။

ကုအန် အဝေးမှ တိုက်ပွဲကို အာရုံစိုက်မနေတော့ဘဲ အပင်စိုက်ခြင်း၌သာ အာရုံစိုက်နေခဲ့လိုက်၏။

ဒီညတော့ သူဆန်းကြယ်ကောင်းကင်ဂူဗိမာန်တွင်သာ နေတော့မည်ဖြစ်ပြီး ဤရက်သည် လကုန်ရက်ဖြစ်သောကြောင့် လီယ သူ့ကိုဆက်သွယ်ခဲ့ပါက သူလွတ်သွားခြင်းမျိုး မဖြစ်လိုခဲ့ပေ။

တခဏဂိုဏ်း၏ မြေအောက်ကမ္ဘာလမ်းကိုးသွယ် ပေါ်ပေါက်လာသည့်အချိန်ကစ လီယ အရှိန်အဝါကို သူမခံစားမိတော့ပေ။ ဖြစ်နိုင်သည်မှာ လီယ သည် သူ့ထိန်းချုပ်နိုင်စွမ်းအလွန်ကို ရောက်နေ၍ ဖြစ်နိုင်ပေသည်။ သို့သော် ကုအန် သိပ်တော့ စိတ်မပူခဲ့ပေ။ သူလကုန်ရက်တိုင်း ဆန်းကြယ်ကောင်းကင်ဂူဗိမာန်ကိုလာ၍ မြောက်အရပ်တွင် လီယ၏ အရှိန်အဝါကို ရှာဖွေလေ့ရှိ၏။

ဤသို့ဖြင့် ဆေးပင်များစိုက်ပျိုးပြီး ညအချိန်ရောက်သောအခါ ကုအန် အစွန်းကိုးပါးယင်ယန်ခန္ဓာကိုသုံး၍ ကိုယ်ပေါ်တွင် မိစ္ဆာချီများဖြင့် လွှမ်းခြုံလိုက်ကာ မြောက်အရပ်ဆီ ပျံသန်း ထွက်ခွာလာခဲ့လေသည်။

….

ညဉ့်ကောင်းကင်အောက်တွင် လီယ ကျော၌ မြောက်ပင်လယ်ဓားကြီးကိုလွယ်ထားရင်း တောင်ထိပ်တစ်ခုပေါ်တွင်ရပ်ကာ သူ့ရှေ့ရှိ အဆုံးမဲ့သော တောင်တန်းများကို ကြည့်ရှုနေခဲ့၏။ ညဉ့်ကောင်းကင်သည်လည်း တိမ်များ၏ ဖုံးအုပ်ခြင်းကို ခံထားရလေသည်။

“ဒီကနေ မြောက်ပင်လယ်တောင်တန်းဒေသက ဘယ်လောက်ဝေးလောက်လဲ ဒီအကွာအဝေးကနေ မူလဘိုးဘေးက ငါ့ကိုရှာတွေ့နိုင်ရင်တော့ တကယ်အံ့ဩစရာပဲ” လီယ တစ်ယောက်တည်း တွေးနေရင်း စိတ်သောကရောက်နေခဲ့၏။

ထိုစဉ် သူ့စိတ်ထဲတွင် ဘိုးဘေး၏အသံ ထွက်ပေါ်လာခဲ့လေသည်။ “မင်းဆက်ကိုးခုလုံးက အစွမ်းထက်ကျင့်ကြံသူတွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာခဲ့ပေမယ့် အဲ့ဒီအမျိုးသမီးကျင့်ကြံသူကို မကျော်နိုင်သေးဘူး တကယ်လို့ ပင်မတခဏဂိုဏ်းက အဓိကကျင့်ကြံသူသာ ဆင်းသက်လာရင် အခြေအနေတွေက ပိုပြီး အန္တရာယ်ရှိလာလိမ့်မယ် တကယ်လို့ မူလဘိုးဘေးရောက်လာရင်တောင် အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်မှာမဟုတ်ဘူး”

သူကုအန်ကို လီမိသားစု မူလဘိုးဘေးဟု ယုံကြည်နေခဲ့သော်လည်း သူ့အပေါ် အကြွင်းမဲ့ ယုံကြည်မှုမျိုးတော့ ရှိမနေတော့ပေ။

မူလဘိုးဘေး၏ ကျင့်ကြံခြင်းသည် သူအသက်ရှင်နေစဉ်ကထက်ပင် မြင့်ပါသော်လည်း တခဏဂိုဏ်းတွင်လည်း ထိုသို့အစွမ်းထက်ကျင့်ကြံသူမျိုး ရှ်ိနေပြီး အရေအတွက်မှာလည်း တစ်ယောက်ပင်မကပေ။

ထိုစကားကိုကြားသောအခါ လီယလည်း တိတ်ဆိတ်သွားခဲ့၏။

ထို့နောက် လီယ ဘေးဘီကိုလှည့်ပတ်ကြည့်လိုက်ကာ သူ့နောက်သို့ တခဏဂိုဏ်းက တစ်ယောက်ယောက် လိုက်လာမလာ စစ်ဆေးလိုက်သည်။

ဘယ်သူမှလိုက်မလာတာ သေချာမှသာ တောင်ထိပ်တွင်ထိုင်ကာ မြောက်ပင်လယ်ဓားကြီးကို သူ့ပေါင်ပေါ်တင်ထားရင်း တရားထိုင်ကာ စတင်ကျင့်ကြံခဲ့၏။

သူသည် ထိုက်ကန်နတ်မင်သက်ဓားသိုင်း၏ ဓားဆန္ဒတစ်စိတ်တစ်ပိုင်းကို တတ်မြောက်နေပြီ ဖြစ်ပြီး သူဆက်ပြီးလေ့လာလေလေ ထိုဓားသိုင်း၏ နက်ရှိုင်းမှုကို သိလာရလေလေပင်။ အကယ်၍သူသာ အခုလိုဆက်သွားပြီး သူ့ဓားတာအိုတွင် အောင်မြင်မှုရရှိလာခဲ့ပါက သူ့တိုက်ခိုက်နိုင်စွမ်းသည် ခုန်ပေါက်၍ တိုးတက်လာပေလိမ့်မည်။

လေအေးများ တိုက်ခတ်နေပြီး အအေးဓာတ်မှာ အရိုးများခိုက်ခိုက်တုန်အောင် အေးနေခဲ့၏။

အချိန်မည်မျှ ကြာသွားသည် မသိပေ။

တစ်ယောက်ယောက်သည် လီယနောက်တွင် ပေါ်လာခဲ့ကာ ကျင့်ကြံနေသော သူ့အား ကြည့်ရှုနေခဲ့သည်။

ထိုသူသည် ကုအန်ဖြစ်ပြီး အစွန်းကိုးပါးယင်ယန်ခန္ဓာကိုသုံးကာ ပုန်းနေပြီး လီယ ဓားပညာအတိမ်အနက်ကို စစ်ဆေးနေခြင်း ဖြစ်၏။

မဆိုးဘူး ငါချန်ထားပေးခဲ့တဲ့ ဓားပညာက အလဟသတော့ ဖြစ်မသွားဘူးပဲ!

“သူရောက်နေပြီ….”

ဘိုးဘေး၏ အသံလီယစိတ်ထဲတွင် ထွက်ပေါ်လာခဲ့ပြီး သူ့အသံမှာ ရှုပ်ထွေးနေသလိုပင်။

ထိုအခိုက်တွင် လီယလည်း မျက်လုံးပွင့်လာခဲ့ပြီး နောက်လှည့်ကြည့်လိုက်ရာ ကုအန်ကိုတွေ့သည်နှင့် ဓားကိုဆွဲ၍ ဦးညွတ်အရိုအသေပြုလိုက်လေသည်။

ယခုအခါ သူသည် မြောက်ပင်လယ်ဓားကြီးကို လက်တစ်ဖက်တည်းနှင့်ပင် မနိုင်နေလေပြီ။

“မူလဘိုးဘေးကို ဂါရ၀ပြုပါတယ်!”

ကုအန် သူ့သရုပ်မှန်အား လီယကိုရှင်းပြရန် အတော်လေးပျင်းနေခဲ့၏။ ထို့ကြောင့်ဘာမှပြန်ပြောမနေတော့ပေ။ သူ့သရုပ်မှန်ပေါ်မသွားသေးသ၍ ဘယ်လိုထင်ထင် အဆင်ပြေသည်ဟူ၍သာ တွေးထားလိုက်သည်။

“ငါ့ကို တခဏဂိုဏ်းရဲ့အခြေအနေတွေပြောပြ” ကုအန် ပုံမှန်လေသံနှင့်ပင် ပြောလိုက်၏။

လီယလည်း အခြေအနေများအား စတင်အစီအရင်ခံလေတော့သည်။

ဤနေရာတွင် တခဏဂိုဏ်းအားကိုးကွယ်သူ ဂိုဏ်းသားများ အားလုံးစုဝေးနေကြပြီဖြစ်ပြီး အရေအတွက်မှာ တစ်သန်းကျော်၏။ သူတို့ထဲမှ ဤနေရာက ထွက်ပြေးလိုသောသူများကို ကာကွယ်ရန် တစ်ယောက်ချင်းစီကိုလည်း တခဏစည်းတံဆိပ်များ ခပ်နှိပ်ထားသေးသည်။

နေ့စဉ် ဤနေရာသို့ လာရောက်တိုက်ခိုက်ပြီး ရှုံးနိမ့်သွားခဲ့သော ကျင့်ကြံသူများကို အာဟာရအဖြစ် ခြောက်ကပ်သွားသည်အထိ စားသုံးပစ်သော တခဏပင်ကြီးအကြောင်းကိုလည်း လီယ ပြောပြခဲ့၏။

ထိုအပင်ကြီးအကြောင်းပြောချိန်တွင် ပုံမှန်အားဖြင့် သွေးမကြောင်တတ်သော လီယ မျက်နှာတွင်ပင် ကြောက်ရွံ့သည့် အရိပ်အယောင်များ ပေါ်လာခဲ့သည်။

ကုအန် ထိုကိစ္စများကို စိတ်မဝင်စားပေ။ သူစိတ်၀င်စားသည်မှာ တခဏဂိုဏ်း ပင်မဂိုဏ်းမှ ရောက်ရှိလာမည့် ကျင့်ကြံသူများ၏ ခွန်အားဖြစ်ပြီး လီယမှာ ထိုအကြောင်းကို သေချာမသိခဲ့ပေ။

“မင်းဘာလို့ လျှို့ဝှက်ပြီးထွက်လာရတာလဲ ကြည့်ရတာ မင်းကသတင်းပေးချင်ပေမယ့် မင်းနောက်ကွယ်က လူက မင်းပေးတဲ့သတင်းတွေကို သိပေမယ့် ဘာမှမလုပ်နိုင်မှာကို စိုးရိမ်နေပုံပဲ”ခပ်ထေ့ထေ့ လှောင်ရယ်လိုက်သောအသံတစ်သံထွက်ပေါ်လာလေရာ လီယ အမူအရာရုတ်ချည်းပြောင်းလဲသွားပြီး ကုအန်ကိုကျော်၍ နောက်သို့ ကြည့်လိုက်၏။

ထိုစဉ် ကျောင်းတော်သားပုံစံ၀တ်စားထားသော ကျက်သရေကြိုးကြာခရီးသွားသည် ကုအန်နောက်ရှိ တောအုပ်ထဲမှ ထွက်လာခဲ့လေသည်။

“မိစ္ဆာအရိပ်နတ်သိုင်း မိတ်ဆွေက ရွက်ဝါတစ်ထောင်မျှော်စင်က ဘယ်ပုဂ္ဂိုလ်လဲဆိုတာ မေးလို့ရမလား” ကြိုးကြာခရီးသွားပြုံး၍ မေးလိုက်၏။ ထို့နောက် သူ့နောက်ကျောမှ စာအုပ်သေတ္တာကိုယူ၍ ရှေ့သို့ချကာ အထဲမှပစ္စည်းများကို လှန်လှောရှာဖွေနေခဲ့သည်။

ကုအန် ပြန်မဖြေရသေးခင်တွင် လီယ အလောတကြီး၀င်ပြောလိုက်၏။

“မူလဘိုးဘေး သူကကျက်သရေကြိုးကြာခရီးသွားပဲ ကျွန်တော့်ဘိုးဘေးရဲ့ဝိညဉ်ကို ဖမ်းသွားတာသူပေါ့ သူကအရမ်းသန်မာတယ် မူလဘိုးဘေး သူ့ကိုပေါ့ပေါ့လေးသဘောထားလို့မရဘူး”

လီယပြောပြီးသည်နှင့် ကုအန် နောက်သို့ ဖြည်းဖြည်းချင်းလှည့်ကာ သူ့နောက်မှလူကို ကြည့်လိုက်လေသည်။

တစ်သားတည်းဖြစ်ခြင်းအဆင့်၉ ပဲ သူဒီလိုလေသံနဲ့ပြောရဲနေတာ အံ့ဩစရာမဟုတ်တော့ပါဘူး!

ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို ထိုက်ကန်မင်းဆက်တွင်ဆိုလျှင် အသန်မာဆုံး ပုဂ္ဂိုလ်ဟူ၍ပင် သတ်မှတ်နိုင်ပေသည်။

ကုအန်နောက်လှည့်ကာ ကျက်သရေကြိုးကြာခရီးသွား၏ ရှာဖွေနေမှုကို ကြည့်ရုံသာ ကြည့်နေလိုက်ပြီး ဘာမှ အလောတကြီးမလုပ်ခဲ့ပေ။

တစ်သားတည်းဖြစ်ခြင်းအဆင့်၉ တစ်ယောက်က ပစ္စည်းတစ်ခုခုကို ထိုကဲ့သို့ လက်ဖြင့် လှန်လှောရှာဖွေနေစရာ လိုပါမည်လော။

ထိုကောင်သည် ကုအန်ကို သူ့ခြံထဲမှ ကြက်ဟု သဘောထားနေခြင်းဖြစ်ပြီး သူအခုလိုလုပ်နေရခြင်းမှာ ကုအန်နှင့် လီယ၏စိတ်အခြေအနေကို တမင်ဆွနေခြင်းဖြစ်မှန်း သိသာလှသည်။

“မူလဘိုးဘေးတဲ့လား ကြည့်ရတာမင်းတို့ကမိသားစုတွေထင်တယ် ဒါဆိုရင်လည်း မင်းကို သူ့ရှေ့မှာ သေတဲ့ထိနှိပ်စက်ပြပြီး နောက်တစ်ခါသူ့မှာ မရှိသင့်တဲ့အတွေးတွေ ရှိမလာတော့အောင် လုပ်လိုက်ကြတာပေါ့” ကျက်သရေကြိုးကြာခရီးသွား လှောင်ပြောင်ဟန်ဖြင့် ပြောလိုက်၏။

ထိုစကားကိုကြားသောအခါ လီယ ကုအန်ဘေးသွားလိုက်ပြီး မြောက်ပင်လယ်ဓားကြီးကို ပေးလိုက်လေသည်။

“သူ့ကိုသတ်ဖို့ ဓားတစ်လက်လိုမတဲ့လား!”

ကုအန်၏ အေးစက်စက်အသံထွက်ပေါ်လာခဲ့လေရာ ပစ္စည်းတစ်ခုခုကိုရှာဖွေနေရော ကျက်သရေကြိုးကြားခရီးသွားရပ်တန့်သွားခဲ့ပြီး ကုအန်ကို မော့ကြည့်လိုက်၏။

သူကုအန်၏ မျက်နှာအစစ်ကို မမြင်ရသော်လည်း အကြောင်းပြချက်အချို့ကြောင့် ထိုလူသည် မလွယ်ကူဘူးဟု ခံစားလိုက်ရသည်။

ရုတ်တရက် သူ့စာအုပ်သေတ္တာထဲမှ စာလိပ်တစ်လိပ်ကိုဆွဲထုတ်လိုက်ပြီး စာလိပ်ဖြန့်လိုက်လေရာ စာလိပ်ထဲမှ ချော်ရည်များ ကောင်းကင်ပေါ်တွင် ပေါက်ကွဲထွက်ပေါ်လာပြီး မြင်ကွင်းမှာ ကြောက်စရာကောင်းနေခဲ့၏။

ပေါက်ကွဲထွက်ပေါ်လာမှုမှာ အလွန်လျင်မြန်သောကြောင့် လီယ တုန့်ပြန်ချိန်ပင်မရလိုက်ပေ။

ကုအန်မှာတော့ သူ့ညာလက်ကိုအလွန်မြန်သော အလျင်ဖြင့် မြှောက်လိုက်ပြီး ရှေ့သို့ ထိုးချလိုက်ရာ အလင်းတန်းတစ်ခုသူ့လက်ချောင်းမှ ထွက်ပေါ်လာခဲ့ပြီး ချော်ရည်ပူများကို ဖောက်ထွင်းကာ အလင်းတန်းသည် ကျက်သရေကြိုးကြာခရီးသွား၏ လည်ပင်းကိုပင် ဖောက်ထွက်သွားခဲ့ပြီး သူ့ဇက်ပိုးမှ သွေးများ ဖြာထွက်လာခဲ့လေသည်။

ကျက်သရေကြိုးကြာခရီးသွား၏ မျက်လုံးများ မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်သွားခဲ့၏။

ကြောက်ရွံ့မှု‌ေကြာင့် သူ့ကိုယ်ကို နောက်သို့ ဆုတ်ရန်ပြင်လိုက်စဉ်တွင် သူ့ကျောပေါ်သို့ ခြေဖဝါးတစ်‌ဖက် ကျရောက်လာခဲ့သည်။

ဝုန်းးးး!

တောင်များတုန်ခါသွားခဲ့ပြီး လီယ အကြည့်အောက်တွင် အရင်က သူတို့ကိုအနိုင်ကျင့်ခဲ့ပြီး အလွန်တစ်ရာအစွမ်းထက်လှသော ကျက်သရေကြိုးကြာခရီးသွားမှာ ယခုအခါ မူလဘိုးဘေးခြေထောက်အောက်တွင် ရောက်နေသည်ကို မြင်နေခဲ့ရ၏။

“အွတ်…”

ကျက်သရေကြိုးကြာခရီးသွား၏ ပါးစပ်ထဲမှ ‌သွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။ ယခုအခါ သူ့ကိုယ်ထဲမှ စိတ်ဝိညဉ်စွမ်းအားများအားလုံး လုံး၀ဖိနှိပ်ခံထားရပြီး သူလုံး၀ လှုပ်မရတော့ပေ။

ထိုကဲ့သို့ ဖိအားမျိုးကို သူတစ်ခါမှ မခံစားဖူးခဲ့ပေ။

ဆန်းကြယ်နှလုံးသားအဆင့် ကြီးမြတ်သောကျင့်ကြံသူများပင် သူ့ကိုဤကဲ့သို့အားကောင်းသော ဖိအားမျိုး မပေးခဲ့နိုင်ပေ။

ဖြစ်နိုင်သည်မှာ ဤလူသည် ဆန်းကြယ်နှလုံးသားအဆင့်၅ အထက်မှလူ ဖြစ်နေနိုင်သည်လော။

ဤအရာသည် အဓိပ္ပာယ်မရှိဘူးဟု ကျက်သရေကြိုးကြာခရီးသွား ခံစားနေခဲ့ရ၏။

ဝုန်းး!ဝုန်းးး!ဝုန်းးး….

ကုအန် ကျက်သရေကြိုးကြာခရီးသွား‌ေကျာပေါ်တွင် တင်ထားသော ခြေထောက်ကို တစ်ချက်ချင်းစီ ဆောင့်နင်းနေခြင်းဖြစ်ပြီး သူတစ်ချက်နင်းလိုက်တိုင်း ကျက်သရေကြိုးကြာခရီးသွား၏ အောက်ရှိ သွေးအိုင်ကြီးသည် ပိုမိုကြီးမားလာခဲ့ပြီး သူ့အောက်ရှိ တောင်ပင် ကွဲအက်လာခဲ့ရသည်။

ခရမ်းရောင်မိစ္ဆာချီများဖြင့် ဖုံးအုပ်ထားသော ကုအန်၏ အသွင်အပြင်မှာ မိစ္ဆာနတ်ဘုရားတစ်ပါးနှင့်ပင် တူနေပြီး ထိုအခိုက်တွင် လီယပင် ကြောက်ရွံ့စိတ် ပေါ်လာခဲ့ရ၏။

သူ့ကိုယ်ထဲရှိ ဘိုးဘေးဝိညဉ်လည်း တိတ်ဆိတ်သွားခဲ့သည်။

ခြေ‌ချက် ကိုးချက်ဆောင့်နင်းပြီးသည့် နောက်တွင်တော့ ကျက်သရေကြိုးကြာခရီးသွား တောင့်ခံနိုင်စွမး် မရှိတော့ပေ။

ထိုအခါ ကုအန် ညာခြေတွင် ထိုက်ချင်အစစ်အမှန်မီးတောက်များပေါ်ထွက်လာခဲ့ပြီး ကျက်သရေကြိုးကြာခရီးသွား ခန္ဓာကိုယ်ကို မီးရှို့လိုက်ပြီး ဘယ်လက်ဖြင့် သူ့မူလဝိညဉ်ကိုဖမ်းချုပ်လိုက်ကာ ညာလက်ဖြင့် စာအုပ်သေတ္တာကို သိမ်းလိုက်၏။

ကျက်သရေကြိုးကြာခရီးသွား၏ ခန္ဓာကိုယ်သည် ပြာများအဖြစ်ပြောင်းလဲသွားခဲ့ပြီး ကုအန်လည်းပြောင်းလဲသွားခဲ့ကာ သူ့စကားသံများသာ ဤနေရာတွင် ကျန်ရစ်ခဲ့လေသည်။

“အခုကစပြီး အသက်ရှင်နိုင်ဖို့အကောင်းဆုံးကြိုးစား ငါ့ကိုထပ်လာရှာဖို့ မလိုတော့ဘူး”

လီယတောင်ပေါ်တွင် ရပ်နေရင်း ပြာမှုန်များအဖြစ် ပျောက်ကွယ်သွားနေသော ကျက်သရေကြိုးကြာခရီးသွား၏ အလောင်းကို ကြည့်ရှုနေခဲ့မိ၏။

တစ်ခဏခန့်ကြာသောအခါ သူမနေနိုင်တော့ဘဲ သူ့ကိုယ်ထဲရှိ ဘိုးဘေးဝိညဉ်အား မေးလိုက်မိသည်။

“ဘိုးဘေးတကယ်ပဲ မူလဘိုးဘေးက ပင်မတခဏဂိုဏ်းကို မရင်ဆိုင်နိုင်ဘူးလို့ ထင်နေသေးတာလား”

ဘိုးဘေးအိုကြီး ဘာမှ ပြန်မတုန့်ပြန်ခဲ့ပေ။

….

ဆန်းကြယ်ကောင်းကင်ဂူဗိမာန်ထဲတွင် ကုအန် ကျောက်စားပွဲတစ်လုံးရှေ့တွင် ထိုင်နေရင်း ကျက်သရေကြိုးကြာခရီးသွား၏ မူလဝိညဉ်ကို ဝိညဉ်ချုပ်ပညာသုံး၍ ရှာဖွေလိုက်၏။

ကျက်သရေကြိုးကြာခရီးသွားသည် မင်းဆက်ကိုးခုမှလူမဟုတ်ဘဲ ပင်မတခဏဂိုဏ်းမှ ဤနေရာသို့ အစောကြီးစော၍ ရောက်နေသူသာ ဖြစ်ပေသည်။

လွန်ခဲ့သော နှစ်ပေါင်းသုံးရာက ပင်မတခဏဂိုဏ်းမှလူများ မင်းဆက်ကိုးခုသို့ ရောက်လာခဲ့ကြ၏။ သူသည် ထိုလူများထဲတွင် ပါလာခြင်းဖြစ်ပြီး အခြားသူများ၏ ဂိုဏ်း၏ အစီအစဉ်များကိုအကောင်အထည်ဖော်ရန်လုပ်နေချိန်တွင် သူက တစ်ယောက်တည်း အမတကံကြမ္မာကိုရှာဖွေရန် ထွက်လာခဲ့ခြင်း ဖြစ်သည်။

သူသည် ပင်မဂိုဏ်းထဲတွင် ကြီးမားသောနောက်ခံရှိသူဖြစ်သောကြောင့် လုပ်ချင်တာ လုပ်ခွင့်ရ‌နေခဲ့၏။

လွန်ခဲ့သောနှစ်နှစ်ရာက လုပိုင်ထျန်းသည် အလွန်သန်မာနေသောကြောင့် သူသည်လုပိုင်ထျန်း၏ ပြိုင်ဘက်မဖြစ်နိုင်ဘူးဟု‌ေတွးမိပြီး ထိပ်တိုက်ရင်မဆိုင်ရဲဘဲ ပုန်းအောင်းနေခဲ့ခြင်း ဖြစ်သည်။

ပင်မတခဏဂိုဏ်း မင်းဆက်ကိုးခုသို့ရောက်လာရသည့် အကြောင်းအရင်းမှာ မိစ္ဆာကပ်ဘေးအကြောင်းသိနေ၍ ဖြစ်၏။ သူတို့မျက်လုံးထဲတွင် မင်းဆက်ကိုးခုမှာ အနှေးနှင့်အမြန် ဝါးမျိုခံရတော့မယ့်နေရာဖြစ်သောကြောင့် သူတို့ကို တခဏပင်ကြီးဆီ ကျွေးပစ်လို၍ ဖြစ်သည်။

တခဏပင်အကြိုက်ဆုံးအစားအစာမှာ စိတ်ဝိညဉ်စွမ်းအင်များနှင့် ကျင့်ကြံသူများ၏ အသားဖြစ်၏။ အကယ်၍ သူသာ မင်းဆက်ကိုးခုလုံးရှိ လူများကိုဝါးမျိုနိုင်ခဲ့လျှင် ကောင်းကင်ကံကြမ္မာကို ချိုးဖျက်နိုင်သွားကာ ဒဏ္ဍာရီလာ အဆင့်၉ သို့ရောက်ရှိသွားနိုင်ပေသည်။

ထိုအခါ တခဏပင်သည် မြေအောက်ကမ္ဘာလမ်းကိုးသွယ်ကို စိတ်ရှိသလို ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး ထိုနေရာမှတစ်ဆင့် ပင်မတခဏဂိုဏ်းက သူတို့သွားလိုရာကို သွားလာနိုင်ပေလိမ့်မည်။

ကျက်သရေကြိုးကြာခရီးသွား၏ မှတ်ညဏ်များမှတစ်ဆင့် ကုအန် ပင်မတခဏဂိုဏ်းထဲရှိ ဝါစဉ်ကိုလည်း သိလာခဲ့ရသည်။ သူသတ်ခဲ့သော ရွှေဝိညဉ်အရှင်မှာ အရှင် ၁၀၀ထဲမှ တစ်ပါးသာဖြစ်ပြီး အရှင် အဆင့်တိုင်းသည် ဆန်းကြယ်နှလုံးသားအဆင့်များ ဖြစ်ကြ၏။

ထို့အပြင် ပင်မတခဏဂိုဏ်း၏ ဂိုဏ်းချုပ်မှာ လွန်ခဲ့သော နှစ်ပေါင်း၅၀၀က ဒဏ္ဍာရီလာ မဟာယနအဆင့်ကို ဖြတ်ကျော်သွားနိုင်ခဲ့သူ ဖြစ်ပေသည်။

ဤအရာက တခဏဂိုဏ်းတွင် မဟာယနကျင့်ကြံသူ တစ်ယောက်သာ ရှိသည်ဟု ဆိုလိုနေ၏။

နှစ်ပေါင်း ၅၀၀တည်းဖြင့် ထိုပုဂ္ဂိုလ်က မဟာယနအဆင့် ၉ သို့ရောက်နိုင်ပါမည်လော!

ကုအန် တိတ်တဆိတ်တွေးတောနေမိသည်။

နာရီအနည်းငယ်ကြာသောအခါ ကုအန် သူ့နတ်အာရုံကိုပြန်သိမ်းလိုက်ပြီး ကျက်သရေကြိုးကြာခရီးသွားကို အဆုံးသတ်ပေးလိုက်၏။ သူသက်တမ်း ၂၀၉ နှစ် ရရှ်ိခဲ့သည်။

ကုအန်စားပွဲတွင် ထိုင်နေရင်း ညာလက်ကို စာအုပ်သေတ္တာပေါ်တင်တာ တစ်တောက်တောက်ခေါက်နေရင်း သူ့မျက်လုံးထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားခဲ့လေသည်။

ထပ်မစောင့်တော့ဘူး!

မနက်ဖြန်တွင် သူမြေအောက်ကမ္ဘာလမ်းကိုးသွယ်အောက်ရှိ တခဏပင်ကြီးကို ဖြေရှင်းတော့မည် ဖြစ်၏။ နောက်ဆုံးတွင် ယခုသူမလုပ်လျှင်ပင် ပင်မတခဏဂိုဏ်းက ငြိမ်နေတော့မည် မဟုတ်ပေ။

အပိုင်း(၁၁၈)

ဆရာသခင်ဓားအရှင် စတင်လှုပ်ရှားခြင်း

ဖုန်မဲ့ ဖုန်းဆိုးမြေ

အာရုံတက်ချိန်တွင်

‌ကောင်းကင်ပေါ်တွင် တိမ်မည်းများဖုံးလွှမ်းနေသောကြောင့် ဖုန်မဲ့ဖုန်းဆိုးမြေပေါ်သို့ နေရောင်ရော လရောင်ပါ မကျရောက်နိုင်ခဲ့ပေ။

မြို့ရိုးပျက်ကြီးတစ်ခုပေါ်၌ ကျင့်ကြံသူဒါဇင်နှင့်ချီ၍ စုဝေးနေကြပြီး သူတို့ကြားထဲတွင် အဓိပတိဂိုဏ်းလက်ထောက်ဂိုဏ်းချုပ် ကျိဟန်ထျန်းလည်း ပါပေသည်။ သူတို့အားလုံးသည် အဝေးသို့ကြည့်ကာ မျက်မှောင်များ ကြုံ့နေခဲ့ကြ၏။

“ဒီမိစ္ဆာတွေက တကယ်ပဲစွမ်းအားကြီးလွန်းတယ် ဆန်းကြယ်နှလုံးသားအဆင့် ကျင့်ကြံသူမရှိဘဲနဲ့တော့ ငါတို့လူဘယ်လောက်ပဲစုစု ဘယ်လိုမှ နိုင်မှာမဟုတ်ဘူး”

“ငါတို့မင်းဆက်မှာ ဆန်းကြယ်နှလုံးသား ကျင့်ကြံသူမရှိဘူး”

“ငါတို့ဆီမှာတော့ တစ်ယောက်ရှိတယ် ဒါပေမယ့် သူထွက်သွားတာ နှစ်ပေါင်း ၈၀၀လောက်ရှိပြီ အခုချိန်ဘယ်ကိုရောက်နေမလဲ ခြေရာခံဖို့ မဖြစ်နိုင်ဘူး”

“တခဏဂိုဏ်းနောက်ကွယ်မှာ ဆန်းကြယ်နှလုံးသား ကျင့်ကြံသူဘယ်နှစ်ယောက်ရှိလောက်လဲ”

“ငါတို့မှာ ရွေးချယ်စရာမရှိဘူး ပြန်လှည့်လို့မရဘူး”

သူတို့သည် မင်းဆက်ကိုးခုလုံးမှ အုပ်ချုပ်သူ ကြီးမြတ်သောကျင့်ကြံသူကြီးများဖြစ်ကြပြီး အခုလို တခဏဂိုဏ်း၏ ပြဿနာသာရှိမလာပါက ကျင့်ကြံခြင်းကမ္ဘာကြီး၏ ဒဏ္ဍာရီလာပုဂ္ဂိုလ်များ ဖြစ်ကြပေသည်။ သို့သော် အခုတော့ သူတို့ဤနေရာတွင် နေ့ပေါင်းများစွာ စောင့်ဆိုင်းရင်း ဆွေးနွေးနေကြရင်း ဘာအဖြေမှ ထွက်မလာခဲ့ပေ။ တခဏဂိုဏ်း၏ အင်အားကိုမသိသေးဘဲ သူတို့အလောတကြီးလည်း မလုပ်ရဲကြပေ။

ယခုအချိန်တွင် တခဏပင်ကြီးအောက်၌ တစ်သားတည်းဖြစ်ခြင်းအဆင့် ကျင့်ကြံသူအများအပြား သေဆုံးသွားခဲ့ရပြီး ဖြစ်၏။ အချို့က တစ်ယောက်တည်းသွားတိုက်ခိုက်သူများ ရှိသလို အချို့က အုပ်စုဖွဲ့၍ တိုက်ခိုက်ကြသူများလည်း ရှိကြသည်။ သို့သော် နောက်ဆုံးတွင်တော့ အားလုံးအရှုံးနှင့်သာ ရင်ဆိုင်လိုက်ရသောကြောင့် ဆန်းကြယ်နှလုံးသားအဆင့်၏ စွမ်းအားမှာ သူတို့ကို ကြောက်လန့်‌သွားစေခဲ့သည်။

ထိုစဉ် ကျိဟန်ထျန်း ညာလက်ကိုရုတ်တရက်မြှောက်လိုက်ပြီး သူ့လက်စွပ်ထဲမှ အလင်းရောင်များ ‌ထွက်ပေါ်လာခဲ့ကာ အလင်းများက သူ့မျက်ခုံးနှခုကြားထဲသို့ ၀င်ရောက်သွားခဲ့၏။

သူ့မျက်နှာတွင် အံ့အားသင့်သွားသော အမူအရာတစ်ခုပေါ်ပေါက်လာခဲ့ပြီး သူ့လက်ကိုပြန်ချလိုက်ကာ ပြောလိုက်လေသည်။

“လူကြီးမင်းတို့ ကျုပ်တို့ဂိုဏ်းရဲ့ ဘိုးဘေးရွှမ်ကွမ်းက ပြန်လာခဲ့ပြီ အခုဆိုသူက ဒီကိုလာတဲ့လမ်းမှာရောက်နေပြီ သူက ဆန်းကြယ်နှလုံးသားအဆင့်ပဲ ကျုပ်တို့သူနဲ့အတူ ယှဉ်တွဲပြီး တိုက်ပွဲ၀င်ကြမယ်!”

ထိုစကားကြောင့် ကျင့်ကြံသူတိုင်း၏ အကြည့်များသူ့ဆီရောက်သွားကြပြီး အားလုံးလည်း အံ့အားသင့်သွားကြ၏။

ထို့နောက် အားလုံးက အဓိပတိဂိုဏ်းကိုဝိုင်း၀န်းချီးကျူးလိုက်ကြရာ ကျိဟန်ထျန်း ရင်ပင်ပိုကော့လာခဲ့ရသည်။

အဓိပတိဂိုဏ်းသည် ထိုက်ကန်မင်းဆက်တွင် အသန်မာဆုံးဂိုဏ်းဖြစ်သော်လည်း မင်းဆက်ကိုးခုလုံးနှင့်ယှဉ်ရင်တော့ အသန်မာဆုံးဂိုဏ်းမဟုတ်ပေ။ သို့သော် အခုလို တခဏဂိုဏ်း ကပ်ဘေးအတွင်း အကျိုးဆောင်မှု ကုသိုလ်များ ပြုလိုက်လျှင်တော့ သူတို့ဂုဏ်သတင်းက အနာဂတ်တွင် မိသားစုကြီးများနှင့် ကျင့်ကြံသူများကို ဆွဲဆောင်သွားနိုင်စေလိမ့်မည်။

မြို့ရိုးပျက်ကြီးပေါ်ရှိ လေထုမှာ ပြန်လည်ကောင်းမွန်လာပြီး တခဏဂိုဏ်းကိုပြန်လည်အနိုင်ယူနိုင်မည့် မျှော်လင့်ချက်များဖြင့် ပြည့်နှက်လာခဲ့၏။

မိုင်ထောင်ချီအဝေး တစ်နေရာတွင်

တခဏပင်ကြီး ပေပေါင်းထောင်နှင့်ချီ၍ ကြီးမားကာ ဧရာမဘီလူးကြီးတစ်ကောင်လိုပင် သူ့အကိုင်းအခက်များက ဘီလူးကြီး၏ လက်သည်းများလို တိမ်များကိုပင် ထိနေခဲ့သည်။

သစ်ကိုင်းများမှ နွယ်များတွဲလောင်းကျနေကြပြီး နွယ်များ၏ အစွန်းတွင်လည်း အလောင်းများစွာကို ချည်နှောင်ထားခဲ့၏။ အချို့အလောင်းများမှာ တကိုယ်လုံးခြောက်ကပ်နေသည်အထိ စုပ်ယူခံထားရပြီး အချို့မှာ မျက်လုံးထဲမှ သွေးများစီးကျနေပြီး အချို့မှာ လည်ပင်းကို နွယ်များဖြင့် တုပ်နှောင်ခံထားရပြီး မြင်ကွင်းမှာ သွေးပျက်စရာပင်။

လူပင်လယ်ထဲရှိ ကျန်းချောင် ထိုမြင်ကွင်းကို ကြည့်နေရင်း မျက်ခုံးများ တွန့်ကွေးနေခဲ့သည်။

သူ့လက်ကောက်၀တ်ရှိ သွေးနီရောင်တခဏစည်းတံဆိပ်ကြောင့် သူ့နှလုံးသားထဲတွင် သောကများဖြင့် ပြည့်နှက်နေခဲ့၏။

ကိစ္စများသာ ဤအတိုင်းဆက်ဖြစ်နေလျှင် သူသည် မင်းဆက်ကိုးခုမှ ကျင့်ကြံသူများ၏ သုတ်သင်ခြင်းကို ခံရလျှင်ခံရ မဟုတ်လျှင် တခဏပင်ကြီး၏ ဝါးမျိုခြင်းကို ခံရတော့မည်ဟု သူခံစားနေခဲ့ရသည်။ ဤနေရာတွင် ထိုင်၍ ထိုသို့သောသေခြင်းမျိုးကို စောင့်ဆိုင်းနေသည်မှာ ရွေးချယ်စရာတစ်ခုတော့ မဟုတ်ခဲ့ပေ။

သို့သော် သူဘာလုပ်နိုင်မည်နည်း။

တခဏစည်းတံဆိပ်က သူမ၏ လွတ်လပ်မှုကို ကန့်သတ်ထားခဲ့၏။

ကျန်းချောင်သူ့ဘေးရှိ သက်လတ်ပိုင်းရွယ် လူကြီးကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ချင်းဆက်သွယ်၍ မေးလိုက်သည်။

“အဖေ တခဏဂိုဏ်းကို ယုံနေတုန်းလား”

သူ့ဘေးတွင်ထိုင်နေသော လူကြီးမှာ ရွက်ဝါတစ်ထောင်မျှော်စင်၏ မျှော်စင်သခင်များထဲမှ တစ်ယောက်ဖြစ်သော ကျန်းလန် ဖြစ်ကာ သူ့အဖေလည်းဖြစ်၏။ ကျန်းလန်သည် တခဏဂိုဏ်းထဲသို့ သူ့သမီးကျန်‌းထချောင်ကိုသာ မကဘဲ ရွက်ဝါတစ်ထောင်မျှော်စင်မှ တပည့်အများအပြားကိုလည်း ခေါ်သွင်းလာခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ကျန်းလန်၏ အမူအရာမည်းမှောင်နေပြီး ဘာမှ မတုံ့ပြန်ခဲ့ပေ။

သူလည်းသူလှည့်စားခံလိုက်ရတာကို သတိထားမိနေသော်လည်း အခုမှတော့ သူဘာတတ်နိုင်တော့မည်နည်း။

တခဏပင်ကိုပင် တစ်သားတည်းဖြစ်ခြင်းအဆင့်များ ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်များနှင့် အလှဆင်ထားခြင်းဖြစ်လေရာ သူက ဘာများတတ်နိုင်ပါတော့မည်နည်း။

သူဘေးဘီသို့ လှည့်ကြည့်လိုက်သောအခါတွင်လည်း လူပင်လယ်ကြီး၏ အစွန်များတွင် တရားထိုင်နေသော ကျင့်ကြံသူလေးယောက်ကိုတွေ့လိုက်ရသောကြောင့် သူဘာမှ အလောတကြီး မပြုမူရဲခဲ့ပေ။

…

ထိုအခိုက်တွင် ဤနေရာမှ ထွက်သွားနိုင်သူများမှာ တခဏဂိုဏ်းအထက်လူကြီးများနှင့် ရင်းနှီးသူများနှင့် ဂိုဏ်းရဲ့သစ္စာခံ ယုံကြည်ရသူများသာ ဖြစ်ကြ၏။

ကျန်းလန်သည် ထိုနှမျိုးလုံးထဲတွင် ပါမနေပေ။

သူသည်အရင်က လက်ထောက်ဂိုဏ်းချုပ် ကျုံးလျန်၏လူဖြစ်ခဲ့ပြီး ဂိုဏ်းထဲတွင် အကျိုးခံစားခွင့်များ ရရှိခဲ့သည်။ သို့သော် ကျုံးလျန်သေဆုံးသွားသောအခါ သူ့နောက်လိုက်များမှာ တစ်စဆီကွဲထွက်သွားခဲ့ပြီး ဂိုဏ်းကသူတို့ကို လက်ခံထားသေးသော်လည်း ယုံကြည်မှုတော့ မရှိတော့ပေ။

ကျန်းချောင်သူ့အဖေ၏ အမူအရာကိုကြည့်ပြီး ဤနေရာတွင် သူ့ကိုယ်သူသာ အားကိုးရတော့မည် ဖြစ်မှန်း သဘောပေါက်သွားခဲ့၏။

နောက်ဆုံးတွင် သူအရင်ကတည်းကလည်း ကိုယ့်ကိုကိုယ်သာ အားကိုးခဲ့ရတာ မဟုတ်ပါလား။

ကျန်းချောင် တခဏပင်ကိုနောက်တစ်ကြိမ်ထပ်ကြည့်လိုက်ပြီး သူ့အကြည့်များ ပြတ်သားလာခဲ့လေသည်။

သူဒီနေရာတွင် လုံး၀ကျရှုံး၍ မဖြစ်ပေ!

သူထိုသို့တွေးနေရင်း ရုတ်တရက် သူ့မျက်နှာပေါ် အလင်းတန်းများကျရောက်လာသောကြောင့် သူ့မျက်လုံးများ ပြူးကျယ်သွားခဲ့လေသည်။

သူတင်မဟုတ်ဘဲ တခဏဂိုဏ်းသားများအားလုံး အံ့အားသင့်သွားရခြင်း ဖြစ်၏။

အပေါ်သို့မော့ကြည့်လိုက်ကြရာ ကောင်းကင်ပေါ်ရှိ တိမ်မည်းများကြားထဲတွင် အချင်းမိုင် ၁၀၀၀ ခန့်ရှိသော ‌စက်ဝိုင်းပုံနေရာလွတ်ကြီးတစ်ခုပေါ်လာခြင်းဖြစ်ပြီး ထိုစက်ဝိုင်းထဲမှ နေရောင်များ ထိုးကျလာခဲ့ခြင်း ဖြစ်ပေသည်။

၀တ်စုံနက်၀တ်မိန်းမလည်း အစီအရင်စင်မြင့်ထက်တွင် ထိုင်နေရင်း မျက်နှာဖုံးနောက်ရှိ သူ့မျက်နှာအမူအရာမှာ ရက်စက်လိုဟန်ဖြင့် ကြမ်းကြုတ်သွားခဲ့၏။

သူတင်မဟုတ်ဘဲ ထိုနေရာရှိ ထောင့်စွန်းများတွင် စောင့်ဆိုင်းနေသော ကျင့်ကြံသူလေးယောက်လည်း သူ့လိုဖြစ်သွားခဲ့ကြသည်။

တခဏပင်ကြီးမှာတော့ နေ‌ေရာင်ကို မကြိုက်ဟန်ဖြင့် နေရောင်အောက်တွင် တုန်ခါနေခဲ့၏။

“ဘယ်သူလဲ ဘာလို့ လူလုံးထွက်မပြတာလဲ”

၀တ်စုံနက်၀တ်မိန်းမထရပ်လိုက်ကာ အေးစက်စက်ပြောလိုက်ရာ သူ့အသံက ကုန်းမြေတစ်ခုလုံးတွင် ဟိန်းထွက်လာခဲ့သည်။

ထိုအခါ တခဏပင်အထက်ရှိ ကောင်းကင်ပေါ်တွင် ပုံရိပ်တစ်ခုပေါ်ပေါက်လာခဲ့ပြီး ထိုပုံရိပ်မှာ အစွန်းကိုးပါးယင်ယန်ခန္ဓာကို အသုံးပြုထားသော ကုအန်မှ လွဲ၍ အခြားသူမဟုတ်ပေ။

ကုအန် သူ့အောက်ရှိလူများကို တစ်ချက်ကြည့်လိုက်ပြီး ထိုလူများကြားထဲမှ ကျန်းချောင်ကိုလည်း သတိထားမိသွားခဲ့၏။

အပေါ်စီးမှ ကြည့်နေသောကြောင့် ကုအန် အောက်ရှိ လူပေါင်းတစ်သန်းကျော်လုံးကို မြင်နေခဲ့ရသည်။ ထိုလူများထဲမှ လူအချို့သာ မတ်တပ်ရပ်နေနိုင်ပြီး အများစုမှာ ထိုင်နေကြရခြင်း ဖြစ်၏။ မတ်တပ်ရပ်နေသောသူများသည် ထိုင်နေသောသူများအား ထွက်မပြေးသွားအောင် စောင့်နေကြသူများ ဖြစ်မှန်း သိသာလှ‌ေပသည်။

တခဏဂိုဏ်းကိုယုံကြည်ပြီး နောက်ဆုံးတွင် အကျဉ်းသားများအဖြစ်အဆုံးသတ်သွားရခြင်းမှာ အတော်လေး စိတ်မကောင်းစရာပင်။

ကုအန် အမြန်သက်တမ်းစစ်ဆေးခြင်းသုံး၍ စစ်ဆေးလိုက်၏။

ဆန်းကြယ်နှလုံးသားအဆင့်၂ တစ်ယောက်၊ တစ်သားတည်းဖြစ်ခြင်းအဆင့်၉ ၄ယောက်!

တခဏပင်ကြီးမှာမူ ကုအန်အရင်ကတွေ့ခဲ့သော တခဏပင်ကြီးနှင့် သက်တမ်းအကန့်အသတ်အတူတူသာဖြစ်ပြီး သူ့လက်ရှိသက်တမ်းမှာမူ ၅၀၀ ကျော်သာ ရှိသေးသည်။

ထိုမျှမြန်မြန်ကြီးထွားလာစေရန် ထိုအပင်ကြီးသည် အသက်ပေါင်းမည်မျှကို စားသုံးခဲ့ပါသနည်း။

ထိုစဉ် ကုအန် သူ့ညာလက်ကိုမြှောက်လိုက်ရာ သူ့လက်ဖဝါးထဲတွင် အစိမ်းရောင်ဓားပုံရိပ်တစ်ခု ဖွဲ့တည်လာခဲ့၏။

ရိုင်းလိုက်လေ!

၀တ်စုံနက်၀တ်မိန်းမ ဒေါသတကြီးအော်ပြောလိုက်ကာ ခြေတစ်လှမ်းတည်းဖြင့် ကုအန်ဘေးသို့ ရောက်ရှိလာပြီး သူ့လက်ထဲတွင်လည်း သွေးနီရောင်ဓားတစ်လက်ပေါ်လာကာ ကုအန်ဆီသို့ ပိုင်းလိုက်လေတော့သည်။

ဓားချက်သည် အထဲတွင် မကောင်းဆိုးဝါးတစ္ဆေတစ်သောင်းကိန်းအောင်းနေသလိုပင် သွေးနီရောင်အလင်းတန်းကြီးအဖြစ် ကုအန် ဆီသို့ တိုး၀င်လာခဲ့၏။

သို့သော် ထိုအခိုက်အတန့်မှာ တခဏသာဖြစ်လေသည်။

ဝုန်းးးး!

အနက်ရောင်၀တ်မိန်းမနောက်သို့ လွင့်ထွက်သွားပြီး အောက်သို့ပြန်ကျချိန်တွင်ပင် မြေကြီးပေါ်တွင် လျှောတိုက်သွားသေးကာ သူ့ကံကြမ္မာကို မသိနိုင်တော့ပေ။

ထိုမြင်ကွင်းကြောင့် လူတိုင်းကြက်သေသေသွားကြ၏။

ဤကိစ္စသည် မည်သို့ဖြစ်နိုင်မည်နည်း!

လူတိုင်းကြိတ်၍ အံ့အားသင့်ကုန်ကြလေသည်။

ဤကာလအတွင်း အနက်ရောင်၀တ်မိန်းမသည် သူတို့ဆီလာရောက်တိုက်ခိုက်သူမှန်သမျှကို အလွယ်တကူပင် ဖိနှိပ်ပစ်နိုင်ခဲ့‌၏။

ထိုမျအစွမ်းထွက်သော တည်ရှိမှုသည် အဘယ်ကြောင့် ဤပုဂ္ဂိုလ်ရှေ့တွင် တစ်ချက်တောင် မခံနိုင်လိုက်ရသနည်း။

ကုအန် ဘယ်လက်ကို မြှောက်လိုက်ကာ လက်ချောင်းဖြင့် အနက်ရောင်၀တ်မိန်းမဆီသို့ ညွှန်လိုက်လေရာ အလင်းတန်းတစ်ခုသည် ဖုန်ထုကိုဖြတ်သန်း၍ထိုမိန်းမဆီ တိုး၀င်သွားခဲ့ပြီး ကုအန်ဆီတွင်လည်း စာတစ်ကြောင်းပေါ်ပေါက်လာခဲ့သည်။

[သင်သည် ညနတ်သမီး(ဆန်းကြယ်နှလုံးသားအဆင့်၂)အား သုတ်သင်လိုက်ပြီး သက်တမ်း ၄၇နှစ် ရရှိခဲ့ပါသည်]

မဆိုးဘူးပဲ!

ထို့နောက်ကုအန် နောက်လက်တစ်ဖက်ဖြင့် ညနတ်သမီး၏ ဆန်းကြယ်နှလုံးသားကိုဆွဲယူလိုက်ပြီး ဆန်းကြယ်နှလုံးသား သူ့လက်ထဲရောက်သောအခါ သိုလှောင်အိတ်ထဲ ပစ်ထည့်လိုက်၏။

ညနတ်သမီး၏ ကံကြမ္မာကိုတွေ့လိုက်ရသောအခါ တစ်သားတည်းဖြစ်ခြင်းအဆင့် ၉ လေးယောက်လည်း အရပ်မျက်နှာလေးခုခွဲ၍ ထွက်ပြေးကုန်ကြလေသည်။

ကုအန် သူ့လက်ကိုမြှောက်လိုက်ပြီး လေးချက် ညွှန်လိုက်၏။

လမ်းစဉ်ချိုးဖျက်နတ်အလင်း!

အလင်းတန်းလေးခုသည် အရပ်မျက်နှာလေးခုဆီ ပျံထွက်သွားပြီး တစ်သားတည်းဖြစ်ခြင်းအဆင့် ၉ လေးယောက်ကို ချက်ချင်း ရှင်းလင်းပစ်လိုက်သည်။

ထိုအခိုက်တွင် ကမ္ဘာတစ်ခုလုံး တိတ်ဆိတ်သွားခဲ့၏။

“ရွက်ဝါတစ်ထောင်မျှော်စင်မှာ ဒီလိုပုဂ္ဂိုလ်မျိုးရှိနေတာလား…” ကျန်းလန် တုန်လှုပ်နေပြီး တစ်ကိုယ်တည်း ရေရွတ်လိုက်လေသည်။

ကျန်းချောင်လည်း ကြောက်ရွံ့နေခဲ့ပြီး သူ့အရင်က ရွက်ဝါတစ်ထောင်မျှော်စင်ထဲတွင် ပြဿနာမရှာခဲ့မိသည့်အတွက်ပင် သူ့ကိုယ်သူကျေးဇူးတင်နေမိသည်။

စာကြောင်းများတစ်ကြောင်းပြီးတစ်ကြောင်းပေါ်လာပြီးသောအခါ ကုအန် လက်မြှောက်၍ သူ့လက်ထဲမှ အစိမ်းရောင်ဓားပုံရိပ်ကို တခဏပင်ဆီသို့ ထိုးချိန်လိုက်၏။

အဖြစ်အပျက်များကို ခံစားမိနေသောကြောင့် တခဏပင်မှာ အပြင်းအထန်တုန်ရီနေကာ သူ့နွယ်များရှိ အလောင်းများကိုပင် လွှတ်ပေးလိုက်ပြီး နွယ်များသည် အပေါ်သို့ လိပ်တက်သွားခဲ့သည်။

ထို့နောက် ကျင့်ကြံသူသန်းချီ၏ မျက်စိရှေ့တွင်ပင် တခဏပင်ပင်စည်တွင် မျက်နှာကြီးတစ်ခု ထွက်ပေါ်လာလေတော့သည်။

“အဲ့တာဘာကြီးလဲ”

“မိစ္ဆာသစ်ပင် အဲ့တာတကယ်ကြီး မိစ္ဆာသစ်ပင်ကြီးပဲ!”

“အဲ့ဒီမျက်နှာ…”

“ငါတို့လှည့်စားခံလိုက်ရပြီ!”

“မဟုတ်ဘူး မဖြစ်နိုင်တာ…”

လူအုပ်ကြီးထဲတွင် အော်ဟစ်သံများ ဆူညံစွာထွက်ပေါ်လာခဲ့၏။ လူတိုင်းသည် ကျန်းချောင်လိုမဟုတ်ဘဲ အခုမှသာ သူတို့လှည့်စားခံလိုက်ရမှန်း သိလိုက်ကြရသူများလည်း ရှိနေခဲ့သည်။

ဂျိန်းးး ဂျလိန်းး

ထိုစဉ် မြေအောက်ထဲမှ ဧရာမနွယ်ကြီးများ ထွက်ပေါ်လာပြီး ကုအန်ဆီသို့ တိုး၀င်လာခဲ့၏။ မြေပြင်ရှိ ကျင့်ကြံသူများလည်း ထိုအခွင့်အရေးကိုအသုံးချကာ ထွက်ပြေးခဲ့ကြလေသည်။

အချို့မှာမှာ မြေအောက်ကမ္ဘာလမ်းကိုးသွယ် ၀င်ပေါက်သို့ ပြေး၀င်သွားခဲ့ကြပြီး ထိုထဲတွင် ကျန်းချောင်လည်း ပါပေသည်။

ကုအန်၏ လက်ထဲရှ်ိ အစိမ်းရောင်ဓားအရိပ်ထဲမှ ကြောက်စရာကောင်းသော ဓားဆန္ဒတစ်ခုထွက်ပေါ်လာကာ ဓားဆန္ဒသည် ကောင်းကင်ပေါ်မှ နတ်လက်နက်တစ်ခုဆင်းသက်လာသလိုပင် တခဏပင်ကြီးဆီသို့ ကျရောက်သွားခဲ့၏။

“ဒီဓားဆန္ဒ…ဆရာသခင်ဓားအရှင်…”

ကျန်းချောင် ပျံသန်းနေရင်း နောက်လှည့်ကြည့်လိုက်မိကာ ကြောက်ရွံ့သွားခဲ့သည်။

အဲ့တော့ ဆရာသခင်ဓားအရှင်က အဲ့လောက်တောင် စွမ်းအားကြီးတယ်ပေါ့!

ထိုက်ကန်နတ်မင်သက်ဓားသိုင်း၏ ဓားဆန္ဒကို သယ်ဆောင်လာသော ဓားအရိပ်ကြီးသည် တခဏပင်ကြီး၏ သရဖူပေါ်သို့ ကျရောက်သွားလေတော့သည်။

ထိုအခိုက်တွင် ဓားဆန္ဒမှာ အလွန်အားကောင်းလှသောကြောင့် တစ်ချက်တည်းနှင့်ပင် တခဏပင်ကြီးတစ်ပင်လုံး ပြာအဖြစ်သို့ ပြောင်းလဲသွားခဲ့ရ၏။

ဓားဆန္ဒသည် မြေကြီးပေါ်ကျရောက်သွားသောအခါတွင်မူ မြေပြင်အက်ကွဲသွားကာ ဧရာမပင့်ကူအိမ်ကြီးတစ်ခုကဲ့သို့ အက်ကွဲကြောင်းများသည် မြေပြင်ပေါ်တွင် အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲသွားခဲ့သည်။

ကုအန် မြေအောက်ကမ္ဘာလမ်းကိုးသွယ်ဆီ ပြေး၀င်သွားသော ကျန်းချောင်ကို မတားခဲ့ပေ။

ဒီနေ့ပြီးသည့်နောက် ကျန်းချောင် ဤကမ္ဘာတွင် ဆက်နေနေလျှင်တောင် သူ့အတွက် အားကိုးစရာ နောက်ခံရှိတော့မည် မဟုတ်ပေ။

ကုအန် ဤနေရာသို့ တစ်သားတည်းဖြစ်ခြင်းအဆင့် ဒါဇင်နှင့်ချီ၍ ချဉ်းကပ်လာသည်ကို အာရုံခံလိုက်မိသောကြောင့် လေထဲတွင် ပျောက်ကွယ်သွားခဲ့၏။

သန်းချီသော နောက်လိုက်ကျင့်ကြံသူများအတွက်မူ ကုအန် အစက အကုန်လုံးကို သတ်ပစ်ချင်ခဲ့သော်လည်း ထိုလူများထဲတွင် ယန်နီနှင့် လီယကဲ့သို့ အကြောင်းအမျိုးမျိုးကြောင့် ဂိုဏ်းထဲရောက်လာသူများ ပါနေမည်ကို ကြောက်နေခဲ့သည်။ ပုံမှန်အားဖြင့် သူဘယ်သူ့ကိုမှ မှားယွင်း၍ မသတ်ဖြတ်လိုပေ။

တွေ့ကရာအကုန်သတ်နေပါက သူလည်း တခဏဂိုဏ်းနှင့် ဘာထူးတော့မည်နည်း။

အနာဂတ်တွင် သူမိစ္ဆာကြီးတစ်ကောင်အဖြစ် သတ်မှတ်ခံရပြီး တစ်ကမ္ဘာလုံးက လိုက်သတ်မည့်အဖြစ်မျိုးကို မလိုချင်ပေ။

သို့သော် သူ့ဓားဆန္ဒကြောင့် သေဆုံးသွားရသော ကျင့်ကြံသူများတော့ ရှိနေဆဲပင်။

ထိုအရာကိုတော့ ကုအန် ဂရုမစိုက်ပေ။ လူတိုင်းတွင် ကိုယ့်ရွေးချယ်မှုအတွက် ကိုယ်တာ၀န်ခံရန်တော့ လိုနေသေးသည်။ သူအကုန်လုံးကို မသတ်လိုက်သည်မှာပင် အလွန်စိတ်သဘောထားကောင်းသည်ဟု သတ်မှတ်ရမည် ဖြစ်၏။

ကမ္ဘာမြေကြီးသည် ဆက်လက်အက်ကွဲနေပြီး ဖုန်လုံးကြီးများက ပို၍ ကျယ်ပြန့်လာနေခဲ့သည်။

ကျိဟန်ထျန်းနှင့် အခြားသူများ အဝေးမှ အမြန်ပြေးလာခဲ့ကြပြီး ထိုနေရာသို့ရောက်သောအခါ ဖုန်လုံးကြီးများကိုသာ တွေ့လိုက်ကြရ၏။ သို့သော် သူတို့နတ်အာရုံဖြင့် တခဏပင်ကြီးဖျက်ဆီးခံလိုက်ရသည်ကို ‌မြင်နေခဲ့ရသည်။

“ဟားဟားဟား ကျုပ်တို့အဓိပတိဂိုဏ်းက ဆရာသခင်ဓားအရှင်က လှုပ်ရှားလိုက်ပြီကွ!”

ကျဟန်ထျန်း စိတ်ပါလက်ပါ ရယ်မောလိုက်ပြီး ဆရာသခင်ဓားအရှင်၏ ခွန်အားအကြောင်း ချီးမွမ်းခန်းဖွင့်နေခဲ့၏။

နောက်ထပ် အဓိပတိဂိုဏ်းက ကျင့်ကြံသူတစ်ယောက်လား!

အခြားဂိုဏ်းများမှ ဂိုဏ်းချုပ်များ အတော်လေးစိတ်လှုပ်ရှားသွားကြပြီး ကျန်ရစ်ခဲ့သော ဓားဆန္ဒအကြွင်းအကျန်ကြောင့် အတော်လည်း ကြောက်ရွံ့သွားခဲ့ကြသည်။ ထိုသို့သော ကျင့်ကြံခြင်းအဆင့်အတန်းမျိုးကို သူတို့တစ်သက်လုံး ကြိုးစား၍ ကျင့်ကြံလျှင်ပင် ရောက်တော့မည် မဟုတ်ပေ။

တခဏဂိုဏ်းကို ဖျက်ဆီးပြီးပါက သူတို့ အဓိပတိဂိုဏ်း၏ အုတ်မြစ်ကို သေချာပြန်လည် သုံးသပ်ရပေတော့မည်။

All Chapters