← Chapters

အခန်း (၁၂၁-၁၂၂)

Vol. 10 Ch. 121-122

အခန်း (၁၂၁-၁၂၂)

Vol. 10 Ch. 121-122

အပိုင်း(၁၂၁)

အဝောာ်ဆုံးဓားသမားဘွဲ့ထူးအတွက် တိုက်ပွဲ

အန်းဟောင်၏ နတ်မင်သက်ဓားသိုင်းဓားဆန္ဒသည် ဂိုဏ်းတစ်ခုလုံးကို အုတ်အော်သောင်းနင်းဖြစ်သွားစေခဲ့ပြီး ဂိုဏ်းသားများကြား အဆုံးမဲ့သော ဆွေးနွေးမှုများထွက်ပေါ်လာခဲ့ကာ နာရီပေါင်းအနည်းငယ်ကြာမှသာ ဓားဆန္ဒကပျောက်ကွယ်သွားခဲ့သည်။

နောက်တစ်နေ့သို့ရောက်သောအခါ မှန်းဆချက်မျိုးစုံထွက်လာခဲ့ပြီး ထိုထဲမှ အသေချာဆုံး သတင်းမှာတော့ ထိုအရာသည် ဓားဆန္ဒဖြစ်သည်ဟူသော သတင်းပင်။ ထို့ကြောင့်လည်း ကောင်းကင်ပြုပြင်စင်မြင့်ပေါ်တွင် ဓားဆန္ဒကို‌လာရောက်လေ့လာကြသူများ ပို၍ပင် များပြားလာခဲ့ကြသည်။

ကုအန်၏ နေ့ရက်များမှာတော့ ပုံမှန်သာဖြစ်ပြီး တောင်ကြားသုံးခုကို လှည့်ပတ်သွားလာနေရင်း တစ်ချို့ညများတွင် ဆန်းကြယ်ကောင်းကင်ဂူဗိမာန်သို့ အလည်သွားလေ့ရှိ၏။

ထိုသို့ဖြင့် မျက်စိတစ်မှိတ်အတွင်း နှစ်၀က်ကုန်ဆုံးသွားခဲ့ပြန်သည်။

ကုအန်၏ အသက်မှာလည်း ၆၂နှစ်ပင် ပြည့်သွားခဲ့လေပြီ။

ယခုအချိန်ထိပင် ဆရာသခင်ဓားအရှင်က တခဏဂိုဏ်းက မိစ္ဆာသခင်ကို ရှင်းလင်းပစ်လိုက်သောသတင်းက အမတကျင့်ကြံခြင်းကမ္ဘာထဲတွင် ပျံ့နှံ့နေဆဲပင်။ ကုအန် အပြင်စည်းဂိုဏ်းသို့ အလည်သွားပါက ဂိုဏ်းသားများကြားဆွေးနွေးနေကြသော ဆရာသခင်ဓားအရှင် ထိုက်ကန်မင်းဆက်တွင် အကျော်ကြားဆုံးဓားသမား ဖြစ်လာသည့်သတင်းကို ကြားနေရဆဲ ဖြစ်သည်။

အချို့ကတော့ သူ့ကို ကမ္ဘာတစ်ခုလုံးတွင်ပင် အတော်ဆုံးဓားသမားဟု သမုတ်ကြ၏။

နေ့လည်ခင်းတစ်ခုတွင် ကုအန် ကောင်းကင်ပြုပြင်စင်မြင့်ပေါ်တွင်ရပ်ကာ သူ့ရှေ့ရှ်ိ ကျန်း၁၀၀ခန့် မြင့်မားသော ရုပ်ထုကြီးကို ကျေနပ်နေသော မျက်၀န်းများဖြင့် ကြည့်နေမိသည်။

ဤရုပ်ထုကြီးသည် ဆရာသခင်ဓားအရှင်၏ ရုပ်ထုကြီးဖြစ်ပြီး သူအစွန်းကိုးပါးယင်ယန်ခန္ဓာကို အသုံးပြုထားသည့်ပုံဖြစ်ပြီး မိစ္ဆာချီများက ၀န်းရံနေသည့်ပုံ ဖြစ်၏။ ရုပ်ထု၏ အမူအရာမှာမူ လက်တစ်ဖက်က လက်ညှိုးဖြင့် ခပ်စောင်းစောင်းထိုးပြီး အရပ်မျက်နှာတစ်ခုကို ညွှန်ပြနေဟန်ဖြင့် နောက်တစ်ဖက်က ဓားတစ်လက်ကို ကိုင်ဆွဲထားပုံဖြစ်ပြီး အတော်လေး လွှမ်းမိုးလှသည့် ဟန်ပင်။

ထိုအခိုက်တွင် ရုပ်ထုကို ကြည့်ရှုနေသူမှာ ကုအန်သာမဟုတ်ဘဲ ကောင်းကင်ပြုပြင်စင်မြင့်ရှိ လူအမြောက်အများလည်း ထိုရုပ်ထုကိုကြည့်ရှုနေကြပြီး အချင်းချင်း တီးတိုးဆွေးနွေးနေခဲ့ကြသည်။

ထိုလူများ၏ တီးတိုးချီးမွမ်းနေသံများကိုကြားပြီး ကုအန်ပို၍ပင် မြောက်တက်လာခဲ့သည်။

မည်သူက ကမ္ဘာတစ်ခုလုံးတွင် ကျော်ကြားခြင်းကို မကြိုက်မည်နည်း။

ကုအန်လည်း ထိုအရာကို ကြိုက်‌ေသာ်လည်း သူ့သက်တမ်းခိုးယူနိုင်သည့် စနစ်အကြောင်း အခြားသူများ ရိပ်မိသွားမှာကိုလည်း ကြောက်ရ၏။ သို့သော် ထိုအရာကိုဘယ်သူမှမသိဘဲ အခြားသရုပ်မှန်တစ်ခုဖြင့် ကျော်ကြားရခြင်းကတော့ ကုအန်ကို စိတ်ကျေနပ်သွားစေခဲ့သည်။

“ဆရာသခင်ဓားအရှင်က ထိုက်ကန်မင်းဆက်မှာ နံပါတ်၁ ဓားကျင့်ကြံသူအဖြစ်သတ်မှတ်နိုင်ပေမယ့် ကမ္ဘာတစ်ခုလုံးမှာတော့ နံပါတ်၁ ဓားကျင့်ကြံသူမဟုတ်ဘူး!”

အသံတစ်သံထွက်ပေါ်လာခဲ့ရာ ထိုအသံသည် ကုအန်ရော အခြားတပည့်များရော၏ အာရုံကိုပါ ဆွဲဆောင်သွားခဲ့၏။

ပြောလိုက်သူသည် အပြာရောင်၀တ်စုံ၀တ် လူတစ်ယောက်ဖြစ်ပြီး လက်ထဲတွင် ခေါက်ယပ်တောင်တစ်ချောင်းကိုကိုင်ထားကာ သူ့ပုံစံက အတော်လေး ရည်မွန်လှပြီး မျက်နှာအမူအရာကလည်း ချောမောခန့်ညားလှကာ ခုနကလို စော်ကားသည့်စကားမျိုးက သူ့ဆီကထွက်လာသည်ဟုပင် ထင်စရာမရှ်ိပေ။

ထိုစဉ် အရပ်မြင့်မြင့်အတွင်းစည်းဂိုဏ်းသားတစ်ယောက် အပြာရောင်၀တ်စုံ၀တ်လူအား ခပ်ဩဩအသံဖြင့် ပြောလိုက်၏။

“အို့ ဒါဆို ကမ္ဘာပေါ်မှာအတော်ဆုံးဓားသမားက ဘယ်သူလဲဆိုတာ ကြားချင်မိပါရဲ့”

ဆရာသခင်ဓားအရှင်သည် အဓိပတိဂိုဏ်းရှ်ိ ဂိုဏ်းသားတိုင်း၏ စံပြပုံရိပ်ဖြစ်ပြီး အခြားသူများ မေးခွန်းလာထုတ်ရမည့်အရာမဟုတ်ပေ။

အပြာ၀တ်လူဖြေလိုက်သည်။

“မြောက်ဘက်စွန်းကုန်းမြေက ထျန်းဝေမင်းဆက်မှာ တာအိုပညာရှင် ထျန်းကျန် လို့ခေါ်တဲ့ ဓားကျင့်ကြံသူတစ်ယောက်ရှိတယ် လွန်ခဲ့တဲ့နှစ် ၇၀၀ ကတည်းက သူက ထျန်းဝေမင်းဆက်ရဲ့ အတော်ဆုံးဓားသမားဖြစ်ခဲ့တာ အဲ့ဒီနောက်တော့ သူ့ဓားတာအိုကို အာရုံစိုက်နိုင်ဖို့ တောင်တစ်လုံးထဲ၀င်ပြီး တံခါးပိတ်ကျင့်ကြံခဲ့တယ် မကြာသေးခင်က ထျန်းဝေမင်းဆက်မှာ ဓားဆန္ဒတစ်ခုပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး သူမသေသေးဘူးဆိုတာ သက်သေပြခဲ့တယ်

တကယ်လို့ ဆရာသခင်ဓားအရှင်သာ အမြန်မလှုပ်ရှားခဲ့ဘူးဆိုရင် တခဏဂိုဏ်းကို ရှင်းလင်းပစ်မယ့်ပုဂ္ဂိုလ်က သူပဲ”

ထျန်းဝေမင်းဆက်သည် မြောက်ဘက်စွန်းအရပ်တွင်ရှိသော မင်းဆက်ဖြစ်ပြီး မကြာခဏ မိစ္ဆာကျူးကျော်မှုများ ခံရသည့် နေရာဖြစ်ပေသည်။ သူ့နယ်နိမိတ်မှာမူ ထိုက်ကန်မင်းဆက်ထက်ပင် ပိုကြီးပြီး ဤအရာကိုကြည့်ခြင်းဖြင့် သူ့တိုင်းပြည်၏ အာဏာကို မှန်းဆနိုင်ပေသည်။

ထိုလူသည် သူ့အစစ်အမှန်စွမ်းအားကိုဖုံးကွယ်ထားခြင်းဖြစ်မှန်း ကုအန် သတိထားမိ၏။ အပေါ်ယံတွင် ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်ဟု ပြသထားသော်လည်း အမှန်တကယ်တော့ သူ့အဆင့်သည် နတ်အသွင်ပြောင်းခြင်းအဆင့် ဖြစ်ပေသည်။

ကုအန် သက်တမ်းစစ်ဆေးခြင်းသုံး၍ စစ်ဆေးလိုက်၏။

[စီကျီ (နတ်အသွင်ပြောင်းခြင်းအဆင့် ၂): ၂၈၉/၈၀၀/၁၃၀၀]

သူ့ကျင့်ကြံခြင်းအစစ်အမှန်ကိုဖုံးကွယ်ထားပြီး ထျန်းဝေနိုင်ငံက ကျင့်ကြံသူအကြောင်းအမွှမ်းတင်နေပုံအရ ထိုကောင်သည် အဓိပတိဂိုဏ်းမှ တပည့်တစ်ယောက်တော့ မဖြစ်နိုင်ပေ။

ကုအန် ဆိတ်ဆိတ်နေ၍ အဓိပတိဂိုဏ်းက တပည့်များ စီကျီကို ဝိုင်း၀န်းပြောဆိုနေကြသည်ကိုသာ ကြည့်နေခဲ့သည်။

စီကျီ မျက်နှာမှာတော့ လူအုပ်ကြီးကို ကြောက်နေပုံမရဘဲ ခပ်တည်တည်ပင်။

“တာအိုပညာရှင် ထျန်းကျန်ကတကယ်ပဲစွမ်းအားကြီးပြီး တစ်ခါက ကမ္ဘာတစ်ခုလုံးကို ကိုင်လှုပ်နိုင်ခဲ့ပါတယ် ဒါပေမယ့် အဲ့တာက သမိုင်းထဲမှာ ကျန်ခဲ့ပြီ အခု မင်းလို မီးနတ်ဘုရားသွေးမျိုးဆက်ရှိတဲ့ ထျန်းဝေမင်းဆက် တော်၀င်မိသားစုက မင်းသားတစ်ယောက်က အဓိပတိဂိုဏ်းကို လာစော်ကားနေတာ မင်းကစစ်ပွဲကို ဖိတ်ခေါ်နေတာလား”

အသံတစ်သံထွက်ပေါ်လာ၍ လူတိုင်းလှည့်ကြည့်လိုက်ရာ သူတို့ဆီ လျှောက်လာနေသော မဟာယုမင်းဆက်မှ အရူးဓားသမား ဟန်မင်ကို ‌ေတွ့လိုက်ကြရသည်။

စီကျီ ဟန်မင်ကို လက်နှစ်ဖက်ယှက်၍ အရိုအသေပေးလိုက်ပြီး ပြောလိုက်၏။

“ဆိုတော့ ဒါက အရူးဓားသမားလို့ နာမည်ကျော်တဲ့ ဓာကျင့်ကြံသူပေါ့ အရူးဓားသမား ကအဓိပတိဂိုဏ်းမှာ ရောက်နေတာအတော်ကြာပြီလို့ ကြားထားတယ် မဟုတ်မှလွဲရော အဓိပတိဂိုဏ်းကို ၀င်ဖို့ စီစဉ်ထားတာလား”

စီကျီပြုံးလိုက်ကာ ခပ်အေးအေးပြောလိုက်သော်လည်း သူ့စကားလုံးများက အတော်လေး သက်တောင့်သက်သာမရှိလှပေ။

“ဟမ့် ကောင်လေး ငါသာမင်းအဖေကို မျက်နှာသာမပေးရင် မင်းအခုသေနေပြီ မင်းရဲ့နတ်အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံခြင်းလောက်လေးနဲ့ ငါ့ဓားကိုတားဆီးနိုင်မယ် ထင်လား” ဟန်မင် အေးစက်စက်ထေ့ငေါ့လိုက်၏။

နတ်အသွင်ပြောင်းခြင်းအဆင့်!

ထိုစကားကိုကြားသောအခါ စီကျီနားရှိ တပည့်များ အံ့အားသင့်သွားကြပြီး အလိုလိုနောက်ဆုတ်သွားမိကြသည်။

“အဲ့ဒီလိုဆိုမှတော့ ကျွန်တော် ဟန်ဆောင်မနေတော့ပါဘူး”

စီကျီ ပြုံးလိုက်ရာ ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်လိုက်ပြီး ချီစွမ်းအားသုံးကာ အော်ပြောလိုက်၏။

“ကျွန်တော်က တာအိုပညာရှင် ထျန်းကျန်ရဲ့တပည့်တစ်ယောက်ဖြစ်ပြီး ထျန်းဝေမင်းဆက် တော်၀င်မိသားစုရဲ့ မင်းသား စီကျီပါ အခုကျွန်တော်က ကျွန်တော့်ဆရာကိုယ်စား စိန်ခေါ်မှုတစ်ခုကမ်းလှမ်း လာခဲ့တာပါ သုံးလအတွင်း ကျွန်တော့်ဆရာက ကောင်းကင်ပြုပြင်စင်မြင့်ကိုလာပြီး ဆရာသခင်ဓားအရှင်ဆီက လမ်းညွှန်မှု ခံယူပါလိမ့်မယ်”

သူ့အသံသည် ကောင်းကင်နှင့် မြေပြင်တစ်ခွင် ဟိန်းထွက်လာခဲ့ပြီး မြို့ထဲရှိလူတိုင်း ထိုအသံကို ကြားလိုက်ကြရသည်။

တစ်ယောက်ယောက်က ဆရာသခင်ဓားအရှင်ကို လာစိန်ခေါ်ခြင်း!

ဟန်မယ် ရယ်မောလိုက်၏။ သူသည် ပထမဆုံး ဆရာသခင်ဓားအရှင်ကို လာရောက်စိန်ခေါ်ခဲ့သည့်သူ ဖြစ်ခဲ့ခြင်း ဖြစ်သည်။သူစီကျီအား သတိပေးလိုက်၏။

“တခဏဂိုဏ်းမှာက တစ်သားတည်းဖြစ်ခြင်းအဆင့်ကို ကျော်လွန်နေတဲ့ ကျင့်ကြံသူကြီးတွေ ရှိခဲ့တာ မင်းဆရာက အဲ့ဒီအဆင့်ကို ရောက်သေးလို့လား”

စီကျီ သူ့ခေါက်ယပ်တောင်ကို ပိတ်လိုက်ကာ ရယ်မော၍ ပြောလိုက်လေသည်။

“ဒါပေါ့ သူကကျော်လွန်နေပါပြီ ကျွန်တော့်အဖေကလည်း သူ့ကို တခဏဂိုဏ်းကို ရှင်းလင်းပစ်ဖို့ တောင်းဆိုတော့မလို့လေ သူက ခြေတစ်လှမ်း နောက်ကျသွားရုံပါပဲ”

သူ့လေသံမှာ သူ့ဆရာက ဆရာသခင်ဓားအရှင်ကို အမှန်တကယ်ပင်အနိုင်ယူနိုင်သလို မာနများဖြင့်ပြည့်နှက်နေသောကြောင့် အဓိပတိဂိုဏ်းတပည့်များ ပို၍ မကျေမနပ်ဖြစ်လာခဲ့ကြသည်။

ထိုစဉ် စီကျီဘေးရှိ လေထုထဲမှ အကြီးအကဲတစ်ယောက်ထွက်ပေါ်လာပြီး သူ့အား အသံပို့နည်းသုံး၍ တစ်ခုခုပြောလိုက်ရာ စီကျီအမူအရာအနည်းငယ်ပြောင်းလဲသွားပြီး ပြောလိုက်၏။

“ဒါဆို သွားကြတာပေါ့ သတင်းစကားကလည်းရောက်သွားပြီဆိုတော့ စိန်ခေါ်မှုကို လက်ခံမခံဆိုတာကတော့ ဆရာသခင်ဓားအရှင်ရဲ့ ဆန္ဒပါပဲ”

ပြောပြီးသည်နှင့် သူထိုအကြီးအကဲနှင့်အတူ ထွက်ခွာသွားလေတော့သည်။

ကုအန် ထွက်ခွာသွားသောသူ့ပုံရိပ်ကိုကြည့်ပြီး တွေးလိုက်မိသည်။

ယခုအခါတွင် တခဏဂိုဏ်းတစ်ခုလုံးကို ချေမှန်းပစ်လိုက်သောကြောင့် ဆရာသခင်ဓားအရှင်၏ ဂုဏ်သတင်းက အထွတ်အထိပ်သို့ ရောက်ရှိနေချိန်ဖြစ်ပြီး ထိုအချိန်မျိုးတွင် လာစိန်ခေါ်ရဲသည့်သူ့မှာ အတော်လေးသန်မာသည့်သူသာ ဖြစ်ရပေလိမ့်မည်။

ကုအန် ထိုအကြောင်းအများကြီးစဉ်းစားမနေတော့ဘဲ ကောင်းကင်ပြုပြင်စင်မြင့်မှ ထွက်ခွာသွားကာ ဝူကျဲဆီသို့ ဦးတည်သွားခဲ့သည်။

လွန်ခဲ့သော တစ်လက ဝူကျဲ၏ သက်တမ်းအကန့်အသတ် ထပ်မံတိုးတက်သွားခဲ့ပြီး ထိုအရာက ကုအန်ကို စိတ်၀င်စားသွားစေခဲ့၏။ ဝူကျဲ သက်တမ်းမည်မျှအထိ တိုးသွားနိုင်လိမ့်မလဲ ဆိုတာကို သူအတော်လေး စိတ်၀င်စားနေမိသည်။

…..

တတိယတောင်ကြားရှိ ကုအန် အိမ်ထဲတွင် လုပိုင်ထျန်းအထင်သေးဟန်ဖြင့် ပြောလိုက်၏။

“ထျန်းဝေမင်းဆက်က တကယ်ပဲရည်မှန်းချက်ကြီးမားတယ် သူတို့က မြေအောက်ကမ္ဘာလမ်းကိုးသွယ်ကို ထိန်းချုပ်ခွင့်ရဖို့ အဓိပတိဂိုဏ်းကိုဖိနှိပ်ချင်နေတာ ထျန်းကျန်က စွမ်းအားကြီးတယ်ဆိုပေမယ့် အဓိပတိဂိုဏ်းကိုလာရဲတာကတော့ သေချင်နေတာပဲ”

စီကျီ ကအမတကျင့်ကြံခြင်းကမ္ဘာတစ်ခုလံုးတွင် လိုက်ဖြန့်‌ေန‌ေသာ‌ေကြာင့် ထျန်းကျန်နှင့် ဆရာသခင်ဓားအရှင်တို့ တိုက်ခိုက်မည့်သတင်းသည် ကမ္ဘာတစ်ခုလုံးတွင် ပျံ့နှံ့နေပြီဖြစ်ကာ ကမ္ဘာအနှံ့မှလူများက ထိုတိုက်ပွဲကို ကြည့်ရှုရန် အဓိပတိဂိုဏ်းသို့ လာနေခဲ့ကြသည်။

လုပိုင်ထျန်းမှာလည်း သူ့ထုံးစံအတိုင်း ထိုအခွင့်အရေးကို အမိအရအသုံးချ၍ ရွှေစာရင်း ဟူသော စာရင်းတစ်ခုကို မြို့များအနှံ့ ဖြန့်ဝေလိုက်၏။

‌ရွှေစာရင်း ဟူသောအရာသည် အသက်၅၀၀ အောက်ပါရမီရှင်များအကြောင်း အဓိပတိဂိုဏ်းကပြုစုထားသော စာရင်းတစ်မျိုးဖြစ်ပြီး ထိုထဲတွင် မင်းဆက်ကိုးခုလုံးမှ ပါရမီရှင်များအားလုံး ပါ၀င်ပေသည်။ အဓိပတိဂိုဏ်းတွင် ကမ္ဘာအရပ်ရပ်မှလူများ စုဝေးနေချိန်ဖြစ်သောကြောင့် ထိုရွှေစာရင်းအကြောင်းက လူတိုင်းပါးစပ်ဖျားတွင် ပျံ့နှံ့သွားခဲ့သည်။

ကုအန် စိုးရိမ်စွာမေးလိုက်၏။

“မင်းဆက်ကိုးခုကတော့ အချင်းချင်းမတိုက်ခိုက်လောက်ကြဘူးမဟုတ်လား”

“မင်းစိတ်အေးအေးထားလို့ရပါတယ် မဟာမိစ္ဆာကပ်ဘေးကြီး ရှိနေသမျှ ဘယ်သူမှ အလောတကြီးလုပ်ရဲမှာမဟုတ်ဘူး နောက်ပြီး မြေအောက်ကမ္ဘာလမ်းကိုးသွယ်မှာ ပင်မတခဏဂိုဏ်းပေးမယ့် ဒုက္ခတွေကြောင့် မင်းဆက်ကိုးခုက ပေါင်းစည်းကိုပေါင်းစည်းကြရလိမ့်မယ် မဟုတ်ရင် ဘယ်မင်းဆက်ကမှ တစ်ခုတည်းနဲ့ ပင်မတခဏဂိုဏ်းကို အနိုင်ယူနိုင်မှာမဟုတ်ဘူး

အဲ့တာကြောင့်လည်း ထျန်းဝေမင်းဆက်က တာအိုပညာရှင်ထျန်းကျန်ကို ၀င်ပါဖို့ တောင်းဆိုခဲ့တာပဲ သူတို့က မိတ်ဖြစ်ဆွေဖြစ်တိုက်ပွဲတစ်ခုပဲလုပ်ပြီး ငါတို့ကို ဖိနှိပ်ပစ်လိုက်ချင်တာ” လုပိုင်ထျန်း လက်ကာပြ၍ ပြောလိုက်၏။

ကုအန် ထပ်မေးလိုက်သည်။ “တကယ်လို့ ဆရာသခင်‌ဓားအရှင်က တာအိုပညာရှင် ထျန်းကျန်ကို သတ်ပစ်လိုက်ရင်ရော စစ်ပွဲဖြစ်လာနိုင်လား”

အစက ဟန်မင်ဖြစ်ပြီး အခုနောက်တစ်ယောက် ထပ်လာပြန်လေပြီ။

ကုအန် သူတို့ကိုတကယ်ပဲ သည်းမခံနိုင်တော့ပေ။ ဒီတစ်ခါတော့ သူတစ်ခုခုလုပ်ပြ၍ ထိုအဆုံးမဲ့သော ပြဿနာများကို တစ်ခါတည်းရှင်းပစ်တော့မည်ဟု ဆုံးဖြတ်ထားခဲ့သည်။

“တကယ်တော့ ဖြစ်မှာမဟုတ်ဘူး တကယ်လို့ တာအိုပညာရှင် ထျန်းကျန်သာသေသွားရင် ထျန်းဝေက အဓိပတိဂိုဏ်းကို ပိုကြောက်သွားပြီး ဘာပြဿနာမှထပ်ရှာရဲမှာ မဟုတ်တော့ဘူး အဲ့တာကြောင့် ဆရာသခင်ဓားအရှင်က ထျန်းကျန်ကို သတ်ပစ်လိုက်ရင် အကောင်းဆုံးပဲ” လုပိုင်ထျန်းမျက်နှာတွင် ကြမ်းကြုတ်လိုဟန်များပေါ်လာပြီး ထေ့ငေါ့ပြောလိုက်သည်။

ထိုလူကြီးသည် အရင်က အကြီးအကဲခန်းမက အကြီးအကဲများက သူ့ကိုအလွန်ရမ်းကားလွန်း၍ ဆန့်ကျင်ခဲ့ကြကြောင်း ကုအန် ရုတ်တရက်မှတ်မိသွားခဲ့၏။

လုပိုင်ထျန်း လေသံပြောင်းသွားကာ ထပ်ပြောလိုက်သည်။

“အန်းဟောင်က ဆရာသခင်ဓားအရှင်ရဲ့ တပည့်တစ်ယောက်ပဲ ငါ့အရှေ့က သူရှိနေတာက ဆရာသခင်ဓားအရှင်ရဲ့ သတိပေးချက်တစ်ခုလို့ မင်းထင်လား”

“ဘာသတိပေးချက်လဲ”

“ငါ့ဂိုဏ်းချုပ်ရာထူးက မလုံခြုံဘူးဆိုတဲ့ သတိပေးချက်”

ထိုစကားများကိုပြောနေချိန်တွင် လုပိုင်ထျန်း၏ မျက်လုံးများမှာ နက်နဲနေပြီး သူ့အသံက ခန့်မှန်းရခက်နေခဲ့ကာ သူဘာတွေးနေသည်လဲဆိုတာကို တစ်ဖက်လူ လုံး၀ မသိနိုင်ခဲ့ပေ။

ကုအန် ရယ်ရခက်ငိုရခက်ဖြစ်သွားကာ အကူအညီမဲ့စွာ ပြောလိုက်၏။

“တကယ်လို့ အဲ့ကိစ္စသာဆို နေရာလုမယ့် ချူထျန်းချီကလည်း သေ‌သွားပြီ မဟုတ်လား”

လုပိုင်ထျန်း မေးလိုက်သည်။ “မင်းက အဲ့လိုမဟုတ်ဘူးလို့ ထင်တယ်လား”

“ဒါပေမယ့် အန်းဟောင်ရဲ့ ပါရမီက အရမ်းကောင်းတော့ သူ့ကို ဆရာသခင်ဓားအရှင်က နှစ်သက်မှာသေချာတယ် တကယ်လို့ဆရာသခင်ဓားအရှင်သာ ဂိုဏ်းချုပ်ကိုရန်သူလိုသဘောထားရင် ဘာလို့ သူ့ချစ်တပည့်လေးကို ဂိုဏ်းချုပ်ဆီပို့လိုက်မှာလဲ” ကုအန် ပြောလိုက်သည်။

“မင်းပြောတာလည်း အဓိပ္ပာယ်ရှိပါတယ်” လုပိုင်ထျန်း ရယ်မော၍ ပြောလိုက်၏။

သူ့အပြုံးကိုကြည့်နေရင်း ကုအန် စိုးရိမ်စိတ်တစ်ခုပင် ထွက်ပေါ်လာခဲ့ရသည်။

နေပါဦး!

သူကငါ့ကိုဘာလို့ အခုလိုကိစ္စမျိုးကို လာမေးနေတာလဲ!

လုပိုင်ထျန်းဆက်ပြောလိုက်၏။

“အန်းဟောင်ရဲ့ပါရမီက ကြောက်စရာကောင်းလွန်းတယ် သူကြီးပြင်းလာတဲ့အချိန်ကျရင် သူက စစ်မှန်တဲ့အမွေဆက်ဆံသူလိုပဲ အဓိပတိဂိုဏ်းတစ်ခုလုံးရဲ့ လေးစားမှုကို အလွယ်တကူပဲ ရလိမ့်မယ် ကောင်လေးမင်းဂိုဏ်းချုပ်နေရာကိုယူမထားရင် သူ့အတွက်ဖြစ်သွားလိမ့်မယ်နော်”

“အဲ့တာပိုမကောင်းဘူးလား ကျွန်တော်လည်း ဂိုဏ်းချုပ်နေရာကိုလိုချင်တာမှ မဟုတ်ဘဲ”

ကုအန် ခေါင်းယမ်းလိုက်လေရာ လုပိုင်ထျန်းသူ့ကိုပြုံးကြည့်နေရင်း ဘာမှဆက်မပြောတော့ပေ။

ထို့နောက်ကုအန် မြေအောက်ကမ္ဘာလမ်းကိုးသွယ်သို့၀င်မည့် ပထမအသုတ်တွင်ပါ၀င်မည့် ရီလန့်အကြောင်း မေးလိုက်၏။

“စိတ်မပူနဲ့ ငါကိုယ်တိုင် အဖွဲ့ခေါင်းဆောင်ကိုညွှန်ကြားပြီးသွားပြီ သူကသေချာဂရုစိုက်ပေးလိမ့်မယ်” လုပိုင်ထျန်းပြောလိုက်သည်။

သူ့ဆီတွင် ချင်းဟုန်ဓားရှိနေသမျှ သူရီလန့်ကို သိပ်တော့စိတ်မပူပေ။ သို့သော်သူသည် ရီလန်အန္တရာယ်များကြုံသည့်အချိန်တွင်သာ ၀င်ပါမည်ဖြစ်ပြီး သာမန်အချိန်များတွင် အနိုင်ကျင့်မခံရစေရန်ကတော့ လုပိုင်ထျန်းကို အားကိုးရမည် ဖြစ်သည်။

သူတို့နှစ်ယောက်အချိန်အတော်ကြာ စကားပြောပြီးမှသာ လုပိုင်ထျန်း ထွက်ခွာသွားခဲ့ပြီး သူမသွားခင် ကုအန်အတွက် စာအုပ်တစ်အုပ်လည်း ထားပေးသွားခဲ့၏။

သူထွက်သွားသောအခါ ကုအန် ထိုစာအုပ်ကို ယူဖတ်ကြည့်လိုက်သည်။

ကြမ္မာဖီဆန်နတ်သိုင်း!

….

ညနေစောင်းချိန်တွင်

လီယ မြောက်ပင်လယ်ဓားကြီးကိုလွယ်ကာ ကောင်းကင်ပြုပြင်စင်မြင့်ထက်တွင် ရပ်နေခဲ့ပြီး ရှေ့ရှ်ိ ရုပ်ထုကြီးကိုကြည့်ရှုနေခဲ့ကာ သူ့မျက်လုံးထဲတွင်လည်း စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေခဲ့သည်။

“ဘိုးဘေး မူလဘိုးဘေးကတကယ်ကြီး ဆရာသခင်ဓားအရှင်ပဲ!” လီယ၀မ်းသာအားရ ပြောလိုက်၏။

ဘိုးဘေးလည်း အံ့အားသင့်နေပုံရကာ ပြောလိုက်သည်။

“ငါထင်တာက သူက ….”

“ရွက်ဝါတစ်ထောင်မျှော်စင်က မိစ္ဆာလို့ထင်နေတာမလား”

“ဟုတ်တယ်”

“ဟားဟားဟား ကျွန်တော်သိနေခဲ့တယ် မူလဘိုးဘေးက မိစ္ဆာတစ်ကောင်မဖြစ်နိုင်ဘူးဆိုတာကို”

လီယလမ်းတွင် တာအိုပညာရှင်ထျန်းကျန်ဆီမှ စိန်ခေါ်မှုအကြောင်းလည်း ကြားခဲ့ရသည်။ သူဒီနေရာကို လာခြင်းမှာမူ သူတို့မူလဘိုးဘေးကို လာရောက် ဂါရ၀ပြုချင်၍ ဖြစ်သည်။ သူ့စိတ်ထဲတွင် ဆရာသခင်ဓားအရှင်မှာ လုံး၀ သူတို့ဘိုးဘေးဖြစ်ရမည်ဟု ယုံကြည်နေခဲ့၏။

ထို့ကြောင့်လည်း သူလာမည့်‌တိုက်ပွဲကြီးကို ‌စတင်စောင့်မျှော်နေခဲ့သည်။

“ဘာလို့ မင်းညီလေးကုဆီမသွားတာလဲ” ဘိုးဘေး စနောက်လိုက်၏။

လီယ ပြန်ပြောလိုက်သည်။ “ကျွန်တော်သူ့ကို မနှောင့်ယှက်တာကောင်းပါတယ် သူ့ကို မျက်နှာချင်းဆိုင်ဖို့ အဆင်သင့်မဖြစ်သေးဘူး ဒါပေမယ့် ကျွန်တော်ထိုက်ကန်နတ်မင်သက်ဓားသိုင်းကို တတ်မြောက်သွားရင်တော့ သွားမယ် အဓိပတိဂိုဏ်းက ရွှေစာရင်းကိုလည်း ကြေငြာလိုက်ပြီဆိုတော့ ရွှေစာရင်းညီလာခံမှာ ကျွန်တော်ကိုယ့်ကိုကိုယ်သက်သေပြရမယ်”

သူနှင့် ခြေခုနှစ်လှမ်းခန့်အဝေးတွင် အခြားပုံရိပ်တစ်ခုသည်လည်း ဆရာသခင်ဓားအရှင်၏ ရုပ်ထုကို ကြည့်ရှုနေခဲ့လေသည်။

ဝူကျဲ!

ရုပ်ထုကိုကြည့်နေရင်း သူ့မျက်လုံးထဲတွင် ၀မ်းနည်းမှုများဖြင့် ပြည့်နှက်နေခဲ့၏။

“ဆရာ ဆရာကဆရာ့ဘ၀ရဲ့ အချိန်အတော်များများမှာ ဆရာသခင်ဓားအရှင်ကိုလေးစားခဲ့တယ် နောက်လာမယ့် တိုက်ပွဲကြီးကို ဆရာမကြည့်နိုင်တော့တာတော့ နှမြောစရာပဲ” ဝူကျဲရပ်ကြည့်နေရင်း စိတ်ထဲတွင် တိတ်တိတ်ကလေး တွေးနေမိသည်။

ထို့နောက် တဖြည်းဖြည်း သူလမ်းစဉ်ညဏ်အလင်းပွင့်သည့် အခြေအနေသို့ ၀င်ရောက်သွားခဲ့၏။

လီယ ရုပ်ထုကိုကြည့်ရှုပြီးသည့်နောက် ထိုနေရာမှ ထွက်ခွာသွားခဲ့သည်။

“နေဦး!”

ထိုစဉ် ဘိုးဘေး၏အသံ သူ့စိတ်ထဲတွင်ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

အပိုင်း(၁၂၂)

စစ်မှန်သော ထိုက်ကန်နတ်မင်သက်ဓားသိုင်း

“ဘာဖြစ်လို့လဲ”

လီယ မေးလိုက်သည်။

ထိုအခါ ဘိုးဘေး၏အသံထပ်မံ ထွက်ပေါ်လာခဲ့၏။

“မင်းဘေးကလူကိုကြည့်လိုက် သူကလမ်းစဉ်ညဏ်အလင်းပွင့်နေတာပဲ”

သူ့လေသံမှာ အံ့အားသင့်နေဟန်ပင်။

လမ်းစဉ်ညဏ်အလင်းပွင့်တာလား!

လီယ သူ့ဘေးကို လှည့်ကြည့်လိုက်ရာ ဝူကျဲ ကိုမြင်လိုက်ရလေသည်။

ဝူကျဲပုံစံမှာ လုံး၀အသိစိတ်လွတ်နေပုံရပြီး သူ့ပုံစံမှာ ဘေးမှ အခြားဂိုဏ်းသားများနှင့် ကွဲပြားနေခဲ့၏။

သူက လမ်းစဉ်ညဏ်အလင်းပွင့်နေတာလား!

“လမ်းစဉ်ညဏ်အလင်းဆိုတာဘာလဲ ကျင့်စဉ်တစ်ခုခုအကြောင်း စဉ်းစားတာမျိုးလား” လီယ မေးလိုက်သည်။

ဘိုးဘေးပြန်ဖြေလိုက်၏။

“လမ်းစဉ် ညဏ်အလင်းပွင့်တယ်ဆိုတာ လုပ်ယူလို့မရတဲ့ အထူးအခြေအနေတစ်ရပ်ပဲ လမ်းစဉ်ညဏ်အလင်းပွင့်နေတဲ့ အချိန် ကောင်းကင်နဲ့မြေပြင်ရဲ့စစ်မှန်တဲ့အဓိပ္ပာယ်ကို ပိုမိုနားလည်လာပြီး နားလည်နိုင်စွမ်းရော ပါရမီပါတိုးတက်လာတယ် လူတစ်ယောက်က တစ်သက်မှာ တစ်ခါပဲ လမ်းစဉ်ညဏ်အလင်းပွင့်ခဲ့ရင်တောင် သူ့ကံကြမ္မာကို ဖီဆန်ပစ်လိုက်နိုင်တယ်

ငါတော့တစ်ခါမှမကြုံဖူးပေမယ့် ငါ့မိတ်ဆွေတစ်ယောက် လမ်းစဉ်ညဏ်အလင်းပွင့်နေတာမျိုးကိုတော့ မြင်ခဲ့ဖူးတယ် တကယ်လို့သူသာ အခုထိအသက်ရှိနေသေးမယ်ဆိုရင် ထိပ်တန်းကျင့်ကြံသူတွေထဲက တစ်ယောက် ဖြစ်နေလောက်ပြီ”

အဲ့လောက်စွမ်းအားကြီးတယ်လား!

လီယ ဝူကျဲကို သေချာအကဲခတ်ကြည့်ရှုလိုက်ပြန်သည်။ ထိုကောင်သည် လုံး၀ သာမန်သာဖြစ်ပြီး သူ့ညီလေးကုလောက်ပင် မထူးခြားပေ။

အနည်းဆုံးတော့ ညီလေးကုတွင် ချောမောသော မျက်နှာရှိပြီး လူချစ်လူခင်လည်းပေါလှသည်။

“အဓိပတိဂိုဏ်းက တကယ်ပဲ နဂါးတွေကျားတွေပုန်းအောင်းနေတဲ့နေရာပဲ လုရှန် ကျိရှောင်ယုနဲ့ အန်းဟောင်တို့ရဲ့ ကျင့်ကြံခြင်းက တကယ်ပဲ အံ့ဩစရာကောင်းလွန်းတယ် ငါအဲ့လိုပါရမီရှင်တွေကို ကြားတောင်မကြားခဲ့ဖူးဘူး အခုလည်းမင်းက လမ်းစဉ်ညဏ်အလင်းပွင့်နေတဲ့ တပည့်တစ်ယောက်နဲ့ တွေ့နေရပြန်ပြီ လမ်းစဉ်ညဏ်အလင်းပွင့်တဲ့အချိန်က အသက်ငယ်လေကောင်းလေပဲ အခုဒီကောင်လေး‌အသက်က မင်းနဲ့ရွယ်တူလောက်ပဲဆိုတော့ သူကအနာဂတ်မှာ ထင်ရှားလာဦးမယ့်လူတစ်ယောက်ပဲ”

ဘိုးဘေးအသံမှာ ခံစားချက်များနှင့် ပြည့်နှက်နေခဲ့သည်။

သူအတော်လေး ဖိအားများနေခဲ့ခြင်း ဖြစ်၏။

လီယကိုပေးခဲ့သော ကတိက သူ့ကိုဖိအားဖြစ်စေခဲ့ခြင်း ဖြစ်သည်။

သူလီယကို ကျင့်ကြံခြင်းကမ္ဘာကြီး၏ထိပ်ဆုံးသို့ရောက်ကာ အတော်ဆုံးလူဖြစ်ရေစေမည်ဟု ကတိပေးခဲ့ခြင်း ဖြစ်၏။

သို့သော် သူလုရှန် ကျိရှောင်ယုနှင့် အန်းဟောင်တို့၏ ဒဏ္ဍာရီများအကြောင်း ကြားပြီးချိန်တွင်တော့ ဖိအား၀င်လာခဲ့ရသည်။

“ဂိုဏ်းမှာ လူတော်တွေများလာတာကောင်းတာပေါ့ အဲ့တာမှ ကျွန်တော်ဖိအား၀င်ပြီး ပိုတိုးတက်လာနိုင်မှာ” လီယ ယုံကြည်မှုရှိစွာ ပြောလိုက်၏။

ထို့နောက် ဘိုးဘေးပြောလိုက်ပြန်သည်။

“သူနိုးလာတဲ့အချိန်ထိ အနီးနားမှာပဲစောင့်နေ သူနိုးလာရင် သူ့မှာဆရာရှိလားလို့မေး မရှိဘူးဆိုရင် ငါ့အတွက်ယူလာခဲ့”

“အာ ကျွန်တော်သူ့ကိုတပည့်အဖြစ်လက်ခံရမှာလား”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ငါ့တပည့်အဖြစ်လက်ခံမှာပေါ့”

“ဘာကိုဆိုလိုတာလဲ သူကသာ ဘိုးဘေးတပည့်ဖြစ်သွားရင် ကျွန်တော်က ဘိုးဘေးထက်အကြီး ဖြစ်မသွားဘူးလား”

“နှိမ့်နှိမ့်ချချနေစမ်းပါ ငါသာမကူညီရင် မင်းဒီအဆင့်တောင်ရောက်လာမှာမဟုတ်ဘူး”

ထို့နောက် သူတို့နှစ်ယောက် တစ်ညလုံး စောင့်ခဲ့ကြရ၏။

နောက်တစ်နေ့မနက်တွင် ဝူကျဲနိုးလာခဲ့သည်။

သူညဏ်အလင်းပွင့်ခြင်းကို အရင်ကလည်း ခံစားဖူးသောကြောင့် အဆန်းတကြယ်ဖြစ်မနေတော့ပေ။

သူလှည့်ပြန်ဖို့ လုပ်လိုက်ချိန်တွင် လီယ သူ့အားတားဆီးထားလိုက်၏။

“ညီကို မင်းမှာဆရာရှိလား” လီယ တိုက်ရိုက်ပင် မေးလိုက်သည်။

ထိုစကားကိုကြားသောအခါ ဝူကျဲမျက်လုံးထဲ အေးစက်စက်အလင်းတစ်ချက်လက်သွားပြီး လီယကိုကျော်ကာ စင်‌မြင့်အောက်သို့ ဆင်းသွားခဲ့၏။

လီယသူ့ကို ထပ်ပိတ်ထားလိုက်ရာ ဝူကျဲစိတ်တိုသွားပြီး လီယကို လက်ဖြင့်တွန်းလိုက်လေသည်။

လီယ၏ ခန္ဓာကိုယ်မှာ အလွန်သန်မာသောကြောင့် အခြေခံတည်ဆောက်ခြင်းအဆင့်တစ်ယောက်ကြောင့် မထိခိုက်နိုင်ပေ။

ဝူကျဲ၏ညာလက် လီယ ပုခုံးကိုထိသောအခါ တစ်ဖက်လူ၏ ခန္ဓာသန်မာမှုကို သတိထားမိသွားပြီး ရုတ်ချည်း လက်သီးပြောင်း၍ ထိုးလိုက်၏။

အံ့ဩစရာကောင်းစွာပင် လီယ နောက်သို့နှစ်လှမ်းဆုတ်သွားခဲ့ရသည်။

ထိုသူဘာမှမတုန့်ပြန်ရသေးခင်မှာပင် ဝူကျဲ စင်ပေါ်မှပြေးဆင်းသွားခဲ့၏။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဒီလိုခွန်အားမျိုး…”

ဘိုးဘေးသက်ပြင်းချလိုက်ကာ ပြောလိုက်သည်။

“ဆက်မလိုက်နဲ့တော့ သူ့ကိုလက်လွှတ်လိုက်ရတာ နှမြောစရာပဲ”

လီယမှာတော့ သူ့လို မူလနတ်နဂါးပုံရိပ်ကို ဝါးမြိုထားသော ဗဟိုအူတိုင်ဖွဲ့စည်းခြင်းအဆင့်တစ်ယောက်က နောက်သို့ နှစ်လှမ်းဆုတ်လိုက်ရ၍ ရှက်ရွံ့နေခဲ့သည်။

ငါကလုံလောက်အောင် မသန်မာသေးဘူးပဲ!

လီယ လက်သီးကိုတင်းတင်းဆုပ်ထားရင်း သူ့မာနများ အရည်ပျော်သွားပြန်၏။

…..

ဆောင်းဦးရာသီတွင် အပြင်စည်းဂိုဏ်းသည် ပို၍ အသက်၀င်နေခဲ့သည်။

ဝူကျဲနှင့်ကုအန်တို့ စားသောက်ဆိုင်တစ်ခုတွင် သောက်ရင်းစားရင်း စကားပြောနေခဲ့ကြသည်။

ဝူကျဲ သူမကြာခင်က တွေ့ခဲ့သော လီယအကြောင်းပြောပြနေပြီး ထိုအကြောင်း ပြောလိုက်တိုင်း သူစိတ်တိုနေခဲ့ကာ လီယက သူ့ကိုနှောင့်ယှက်သည်ဟု ထင်နေခဲ့၏။

ထိုစကားကိုကြားသောအခါ ကုအန် ခေါင်းညိတ်လိုက်ကာ ပြောလိုက်သည်။

“ဒါကအထင်လွဲတာနေမှာပါ သူကမင်းဆီလာပြီး ဒါလေ‌းမေးရုံပဲမလား သူ့အကြောင်းတွေးမနေနဲ့ သူကမင်းဘ၀မှာ ဖြတ်သွားဖြစ်လာတစ်ယောက်ပဲ တစ်နေ့မှာမင်းက စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာမှာ ဘာလို့ဒီလို ကိစ္စလေးတွေလောက်နဲ့ စိတ်ရှုပ်ခံနေရမလဲ”

ဝူကျဲပြောပြခဲ့သော တပည့်သည် တစ်ခုခုတော့ဖြစ်နေသည်မှာ မှန်သော်လည်း သူသည် သေသည်အထိတော့ မထိုက်တန်သေးပေ။

ဝူကျဲသည် အနာဂတ်တွင် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာမည်မှာ သေချာပေရာ ဝူကျဲကို ထိုကိစ္စလောက်ဖြင့် လူသတ်တတ်သည့် လူတစ်ယောက်လည်း သူဖြစ်မသွားလိုပေ။

ဝူကျဲခေါင်းညိတ်ကာ ပြောလိုက်၏။

“တကယ်တော့ ငါလည်း အငြှိုးအတေးမထားပါဘူး ဒီတိုင်းဒီကိစ္စကိုပြောပြရုံပဲ သိတယ်မလား မင်းကငါ့တစ်ယောက်တည်းသော သူငယ်ချင်းဆိုတော့”

ကုအန် မေးလိုက်သည်။

“မင်းဘယ်တော့ မင်းပါရမီကိုထုတ်ပြမှာလဲ”

ကုအန်စကားကိုကြားသောအခါ လီယခေါင်းယမ်းလိုက်ပြီး ပြောလိုက်သည်။

“ဒီပုံစံအတိုင်းက ပိုအဆင်ပြေပါတယ်”

သူဘယ်သူ့ကိုမှမယုံပေ။ အထူးသဖြင့် ဂိုဏ်းထဲတွင်အတွင်းရေးပြဿနာများ ရှိနေချိန်တွင်ဖြစ်သည်။ အရင်က ဂိုဏ်းချုပ်ဟောင်းက အပြင်စည်းမြို့တစ်ခုလုံးကိုပင် သုံး၍ ယဇ်ပူဇော်ဖို့စီစဉ်ခဲ့သေးသည် မဟုတ်ပါလား။

ကုအန် သူ့ခါးမှ သိုလှောင်အိတ်ကိုဖြုတ်ကာ ဝူကျဲကို ပေးလိုက်၏။

ဝူကျဲ သိုလှောင်အိတ်ကိုယူ၍ နတ်အာရုံသုံးကာ စစ်ဆေးလိုက်သောအခါ သူ့အမူအရာ ရုတ်ချညး်ပြောင်းလဲသွားခဲ့သည်။

“ညီကိုကု ဒါကတကယ်ကိုမဖြစ်သင့်ဘူးလေ မင်းမှာဘယ်လိုလုပ်အဲ့လောက်အများကြီး…”

သူသည် ကုအန်ကို သူ့လိုအောက်ခြေမှ သာမန်ပါရမီနှင့်တပည့်တစ်ဦးလို့သာ ထင်နေခြင်း ဖြစ်သည်။ ကုအန်ထိုသို့ ဆေး‌အမြောက်အများထုတ်ပေးနိုင်လိမ့်မည်ဟု သူလုံး၀ ထင်မထားခဲ့ပေ။

ကုအန်ပြံးကာ ပြောလိုက်၏။

“ငါက ဆေးတောင်ကြားတစ်ခုရဲ့ တောင်ကြားသခင်ပါ ဒါတွေက ငါသန့်စင်ထားတဲ့ဆေးတွေ ယူထားလိုက် ငါ့မှာသန်မာချင်တဲ့ ဆန္ဒသိပ်မရှိဘူး ငါကတိုက်ခိုက်ရတာကို အကြောက်ဆုံးပဲ ဆေးပင်တွေစိုက်ပျိုးရတာကသာ ငါ့အတွက်ပျော်ရွှင်မှုလေ

အဲ့တော့ ဒီဆေးတွေက မင်းနဲ့ပိုသင့်တော်တယ် အနာဂတ်မှာ မင်းသန်မာလာရင်သာ ငါ့ကိုကာကွယ်ပေးဖို့ မမေ့နဲ့”

“ဒါပေမယ့် ဒါကအရမ်းများ…”ဝူကျဲ တွန့်ဆုတ်နေခဲ့သည်။

“မင်းပဲ ငါကမင်းရဲ့တစ်ဦးတည်းသောသူငယ်ချင်းဆို ယူထားလိုက်ပါ မင်းတကယ်ရှက်စရာလို့ခံစားနေရရင်တော့ ငါ့ကို အစ်ကိုကြီးလို့ခေါ်လိုက် အစ်ကိုကြီးဆိုတာ ဆရာနဲ့အတူတူပဲ ညီငယ်လေးရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ တာဝန်ရှိတယ် ငါ့မှာအပေါဆုံးက ဆေးတွေပဲ”

ကုအန် စနောက်ဟန်ဖြင့်ပြောလိုက်ရာ ဝူကျဲလည်း ရယ်မောလိုက်ပြီး ပြန်ပြောလိုက်၏။

“ငါကမင်းထက် ၂နှစ်တောင်ကြီးတာ အစ်ကိုကြီးဖြစ်ရင်းဖြစ် ငါကဖြစ်ရမှာမဟုတ်လား”

“မေ့လိုက်တော့မင်းကငါ့လောက် မရင့်ကျက်ဘူး”

ထို့နောက် သူတို့နှစ်ယောက်ဆက်လက်ငြင်းဆိုနေခဲ့ကြပြီး ဝူကျဲမျက်နှာပေါ်တွင်လည်း အပြုံးတစ်ခုပေါ်ပေါက်လာခဲ့သည်။

သူသိုလှောင်အိတ်ကိုယူလိုက်ပြီး အနာဂတ်တွင် ကုအန်ကို ဘယ်သူမှ အနိုင်မကျင့်စေရဘူးဟု ဆုံးဖြတ်ထားလိုက်သည်။

သူတို့နှစ်ယောက် စကားပြောနေကြရင်း မိနစ်သုံးဆယ်ခန့်ကြာသောအခါ အပြင်စည်းမြို့ထဲအသံတစ်သံ ထွက်ပေါ်လာခဲ့၏။

“ငါက တာအိုပညာရှင်ထျန်းကျန်ပါ ဆရာသခင်ဓားအရှင်ရဲ့ လမ်းညွှန်မှုကို ခံယူဖို့ ရောက်လာခဲ့တာပါ”

ထိုစကားနှင့်အတူကျယ်ပြန့်သော ဓားဆန္ဒကြီးတစ်ခုသည် အပြင်စည်းမြို့တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

ထိုအသံကို ကြားသောအခါ ဝူကျဲ လှည့်ကြည့်လိုက်မိပြီး ကုအန်မှာတော့ သူ့တည်ရှိမှုကို အစကတည်းက အာရုံခံမိနေသောကြောင့် သိပ်အံ့ဩမသွားခဲ့ပေ။

ထိုလူသည် အမှန်တကယ်ပင် သန်မာလှကာ သူ့ကျင့်ကြံခြင်းက ဆန်းကြယ်နှလုံးသား အဆင့်၄ အဆင့်၅ ၀န်းကျင်လောက်ရှိနိုင်ပေသည်။ ဆန်းကြယ်နှလုံးသားအဆင့်သို့ ရောက်သောအခါ အဆင့်ငယ်လေးများကြားထဲတွင်ပင် ကွာဟမှုကြီးမားသောကြောင့် သူစိန်ခေါ်ရဲတာ အံ့ဩစရာတော့ မဟုတ်တော့ပေ။

ကုအန် ထရပ်လိုက်ကာပြောလိုက်၏။

“အခုမှသတိရတယ် ငါဆေးခန်းမမှာ လုပ်စရာလေးတွေရှ်ိသေးတယ် တာ၀န်တွေအမြန်လုပ်ထားမှ ပြီးရင် ဆရာသခင်ဓားအရှင်ရဲ့ တိုက်ပွဲကို အေးဆေးကြည့်နိုင်မှာ ခဏနေရင် မင်းကိုပြန်လာရှာလိုက်မယ်ညီကို”

ပြောပြီးသည်နှင့် သူအမြန်ထွက်ခွာသွားခဲ့သည်။

ဝူကျဲလည်း ဘာမှပြောမနေတော့ဘဲ ကုအန် အောက်ရောက်မှသာ ပြတင်းပေါက်မှတစ်ဆင့် အမြန်ပြန်လာဖို့ လှမ်းအော်လိုက်၏။

ကုအန် လှည့်မကြည့်ခဲ့ဘဲ လက်သာကာပြလိုက်ပြီး လမ်းပေါ်တွင် ပျောက်ကွယ်သွားခဲ့သည်။

တာအိုပညာရှင် ထျန်းကျန်မှာ ရောက်ရှိလာခဲ့ချေပြီ!

အပြင်စည်းမြို့တစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားခဲ့ပြီး သူ့ကိုကြည့်ရန် လာရောက်ကြသူများ ကောင်းကင်တွင် အပြည့်ဖြစ်သွားခဲ့သည်။

ထိုစဉ် ကောင်းကင်မှ မီတာသုံးဆယ်ခန့်မြင့်သော အဖြူရောင်ဓားရိပ်တစ်ခု တောင်ဘက်ဂိတ်တံခါးအထက်သို့ ကျဆင်းလာခဲ့ပြီး အဖြူရောင်၀တ်စုံ၀တ် အဖိုးကြီးတစ်ယောက်က ဓားရိုးပေါ်တွင် ရပ်နေခဲ့ကာ သူ့မျက်လုံးများကိုမှိတ်ထားပြီး လက်များကိုနောက်ပစ်၍ စောင့်ဆိုင်းနေခဲ့သည်။

ထိုသတင်းပျံ့နှံ့သွားသောကြောင့် လူတိုင်းက သူ့ကိုကြည့်ရန် အပြင်စည်းမြို့သို့ တဖွဲဖွဲရောက်ရှိလာခဲ့ကြ၏။

လုပိုင်ထျန်းကို အန်းဟောင်ကို ထိုတိုက်ပွဲကြည့်ရှုရန် ခေါိလာခဲ့ပြီး သူတို့နောက်တွင် ရွှမ်ကွမ်း ကုကျုံးစသည့် အထက်လူကြီးများ ပါလာခဲ့ကြသည်။

အန်းဟောင် ထျန်းကျန်အား စိတ်၀င်စားသည့် မျက်လုံးများဖြင့် ကြည့်နေခဲ့၏။

သူ့ဆရာက အဓိပတိဂိုဏ်းက ဆရာသခင်ဓားအရှင်ဆိုတာ သူသိပြီးဖြစ်သည်။ ထို့ကြောင့်လည်း သူလာကြည့်ခြင်း ဖြစ်ပြီး သူ့ဆရာသည် သူ့မျက်လုံးထဲတွင် ပြိုင်ဘက်ကင်းဖြစ်လေရာ သူလာကြည့်သည်မှာ ထျန်းကျန် ဘယ်လိုရှုံးသွားမလဲဆိုတာကိုသာ။

ရွှမ်းကွမ် မုတ်ဆိတ်သပ်နေရင်း ပြောလိုက်၏။

“ဒီလိုသန်မာတဲ့ ဓားဆန္ဒနဲ့ နက်နဲတဲ့ ကျင့်ကြံခြင်းမျိုး သူလာစိန်ခေါ်ရဲတာ အံ့ဩစရာတော့ မဟုတ်တော့ပါဘူး”

ကောင်းကင်ပြုပြင်စင်မြင့်‌ေပါ်တွင် လူအုပ်ကြီးဖြစ်လာခဲ့ကာ လူများကတဖြည်းဖြည်း ပိုများလာခဲ့ကြသည်။

လီယလည်း ရောက်လာခဲ့ပြီး ခေါင်မိုးပေါ်တွင်ရပ်ကာ ကြည့်ရှုနေခဲ့သည်။

ထျန်းကျန်၏ အရှိန်အဝါက အတော်လေးအားကောင်းလှပြီး ကျက်သရေကြိုးကြာခရီးသွားထက်ပင် အားကောင်းလှရာ လီယ ကြောက်ရွံ့သွားမိ၏။

“ဒီအဖိုးကြီးက မရိုးရှင်းဘူး” လီယ ကြိတ်၍ တွေးလိုက်မိသည်။

“တကယ်ပဲ တစ်သားတည်းဖြစ်ခြင်းအထက်မှာ ဆိုတာသေချာတယ် အဲ့ဒီလိုယုံကြည်မှုရှိနေပုံအရ သူ့ကျင့်ကြံခြင်းက ငါအသက်ရှိနေစဉ်ကထက် ပိုမြင့်တာပဲ” ဘိုးဘေး ပြောလိုက်သည်။

ဘယ်လိုလုပ် ဒီလူကလည်း ခင်ဗျားထက်ထပ်မြင့်နေပြန်တာလဲ!

လီယ ပြောလိုက်ချင်သော်လည်း မြိုသိပ်ထားလိုက်၏။

သို့သော် သူ့အတွေးများကို ဘိုးဘေးကကြားနေရလေရာ သူတို့ကြားရှိလေထုသည် အီလည်လည်ကြီးဖြစ်သွားပြီး ဆရာသခင်ဓားအရှင်လာမည့်အချိန်ကိုသာ စောင့်နေလိုက်ကြသည်။

ထိုစဉ် မင်းသာ စီကျီ ကောင်းကင်ပြုပြင်စင်မြင့်ပေါ်တွင် ပေါ်လာခဲ့ပြီး ရယ်မောလိုက်၏။

“လူတိုင်းဂရုစိုက်ကြည့်ကြပါ ထျန်းဝေမင်းဆက်ရဲ့ အတော်ဆုံးဓားသမားကို ကြည့်ပြီး လူသားကမ္ဘာက အမတတစ်ပါးက ဘယ်လိုလဲဆိုတာ သေချာကြည့်ကြပါ”

သူ့စကားကြောင့် အဓိပတိဂိုဏ်းတပည့်များ မကျေမနပ်ဖြစ်သွားသော်လည်း ထျန်းကျန် ရှိနေစဉ်တွင် သူတို့ဘာမှ လက်လွှတ်စပယ် မပြောရဲကြချေ။

ဤသို့ဖြင့် အချိန်များ ကုန်ဆုံးသွားခဲ့သည်။

ရှန်းကျန်လည်း ခေါင်မိုးတစ်ခုပေါ် ရောက်ရှိလာခဲ့ပြီး သူ့စာရွက်နှင့် စုတ်တံကိုထုတ်ကာ တာအိုပညာရှင်ထျန်းကျန်ကို စိတ်၀င်တစားကြည့်ရှုနေခဲ့၏။

တစ်နေရာတွင်

ကုအန် သစ်တောတစ်ခုထဲရှိ သစ်ပင်အောက်တွင်ထိုင်ကာ တာအိုပညာရှင်ထျန်းကျန်ကို မည်သို့အနိုင်ယူရမလဲဆိုတာ စဉ်းစားနေခဲ့သည်။

လူတိုင်း၏ အကြည့်အောက်တွင် သူတစ်ကွက်တည်းနှင့် အနိုင်ယူပြီး သူ့အစွမ်းကို ပြသရပေလိမ့်မည်။

ကုအန် သူ့လက်ထဲရှ်ိ သစ်ရွက်ကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် ‌မြေပေါ်ပစ်ချလိုက်ကာ တစ်ယောက်တည်းရေရွတ်လိုက်၏။

“မေ့လိုက်တော့ သူတို့အကုန်လုံးကို တကယ့်ထိုက်ကန်နတ်မင်သက်ဓားသိုင်းအစစ်ကို ပြလိုက်ရတာပေါ့!”

All Chapters