← Chapters

အခန်း (၁၃၁-၁၃၂)

Vol. 11 Ch. 131-132

အခန်း (၁၃၁-၁၃၂)

Vol. 11 Ch. 131-132

အပိုင်း(၁၃၁) မဟာယနအဆင့်စွမ်းအား

ကောင်းကင်နှင့် မြေပြင်တစ်ခွင်တွင် ဟိန်းသံကြီးတစ်ခု ထွက်ပေါ်လာပြီးသည့်နောက် ကြည်ပြာရောင် အလင်းတန်း ဂိတ်တံခါးထဲမှ ဧရာမလက်ကြီးတစ်ဖက် ထွက်ပေါ်လာကာ ထွက်ပြေးသွားသော ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူအား ဖမ်းဆုပ်ထားလိုက်၏။

ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူ သေလုမျောပါး ကြောက်ရွံ့သွားပြီး အားကုန်သုံး၍ ရုန်းသော်လည်း လက်ကြီးထဲမှ မရုန်းထွက်နိုင်ခဲ့ပေ။ သူ့မူလဝိညဉ်ကို ထုတ်၍ ထွက်ပြေးမည်ဟု စဉ်းစားလိုက်သော်လည်း ကံဆိုးစွာဖြင့် သူ့ကိုယ်မှ မူလဝိညဉ်ကို လုံး၀ ထုတ်၍ မရခဲ့ပေ။

“မင်းး မင်းးဘယ်သူလဲ”

ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့်ကျင့်ကြံသူ အော်ဟစ်၍ ပြောလိုက်ကာ သူ့အသံက ကြောက်ရွံ့ခြင်းများဖြင့် ပြည့်နှက်နေခဲ့၏။

ထိုစဉ် ဧရာမလက်ကြီး တစ်ချက်ညှစ်လိုက်ပြီး သူ့လက်ထဲရှ်ိ ကျင့်ကြံသူကို သွေးမြူများအဖြစ် ပြောင်းလဲပစ်လိုက်ကာ သူ့မူလဝိညဉ်ရော ရွှေအမြုတေပါ ဘာမှ မကျန်ရစ်ခဲ့ပေ။

အခြား နတ်အသွင်ပြောင်းလဲခြင်းအဆင့် ကျင့်ကြံသူများမှာတော့ ကြောက်ရွံ့ကုန်ကြကာ ခြေဦးတည့်ရာ ထွက်ပြေးသွားခဲ့ကြ၏။ ဧရာမလက်ကြီး ထိုလူများနောက်လိုက်မသွားဘဲ ကြည်ပြာရောင် ဂိတ်တံခါးထဲသို့သာ ဖြည်းဖြည်းချင်း ပြန်၀င်သွားခဲ့လေသည်။

ညဉ့်ကောင်းကင်တွင် လေပြင်းများမှာ တိုက်ခတ်နေဆဲပင်။

သူတော်စင် ရွှမ်မြောင် ပတ်၀န်းကျင်ရှိ ကြည်ပြာရောင်အလင်းများ ပျောက်ကွယ်သွားခဲ့ပြီး သူ့ခေါင်းပေါ်ရှိ ဂိတ်တံခါးလည်း ပျောက်ကွယ်သွားခဲ့သည်။

“ဖူးးး”

သူတော်စင်ရွှမ်မြောင် သွေးတစ်လုပ် အန်ထုတ်လိုက်ရပြီး သူ့အခြေအနေမှာ လျင်မြန်စွာပင် အလွန်ဆိုးဝါးသော အခြေအနေသို့ ရောက်ရှိသွားခဲ့၏။ ထို့နောက် သူအမြန်ပင် ကျင့်ကြံလိုက်ပြီး သူ့အသက်ရှူသံကို တည်ငြိမ်စေရန် အရင်ဆုံး ထိန်းထားလိုက်သည်။

ဆန်းကြယ်ကောင်းကင်ဂူဗိမာန်ထဲတွင် ကုအန် လက်ဖက်ရည်ခွက်ကို ကိုင်ထားရင်း သူ့မျက်နှာ၌ စိတ်၀င်စားနေသော အမူအရာတစ်ခု ပေါ်နေခဲ့၏။

ခုနက ထွက်လာသော ဆန်းကြယ်သည့် ဧရာမလက်ကြီးသည် ဆန်းကြယ်နှလုံးသားအဆင့်ဖြစ်ပြီး အနည်းဆုံး အဆင့် ၅ နှင့် အထက်က ဖြစ်ပေသည်။

သူတော်စင်ရွှမ်မြောင်သည် ရွှေစာရင်းညီလာခံကို တစ်ယောက်တည်း လာပြိုင်ရဲခြင်းမှာ အံ့ဩစရာမဟုတ်တော့ပေ။ သူ့တွင် ပြဿနာများကို ဖြေရှင်းရန် ကိုယ်ပိုင်နည်းလမ်းများ ရှိနေခဲ့၏။

ကုအန် ထိုနတ်သိုင်းကို အတော်လေးစိတ်၀င်စားနေခဲ့သည်။

ထိုနတ်သိုင်းမျိုးသည် အငယ်မျိုးဆက်များကို ကာကွယ်သည့်နေရာ၌ အတော်လေး သင့်တော်သော နတ်သိုင်းမျိုး ဖြစ်၏။ သူ ဆရာသခင်ဓားအရှင်ပင် ထိုနတ်သိုင်း၏ ဆွဲဆောင်မှုကို ခံလိုက်ရသည်။

တချိန်တည်းမှာပင် သူ သုံးပါးတစ်ဆူတောင်အပေါ် အတော်လေး စိတ်၀င်စားသွားခဲ့ရသည်။

ထို သုံးပါးတစ်ဆူတောင်သည် ဆန်းကြယ်နှလုံးသားအဆင့် ၅ အထက် ကျင့်ကြံသူတစ်ယောက်ကို ဖုံးကွယ်ထားခဲ့၏။ မဟာယနအဆင့်ကျင့်ကြံသူမဟုတ်သော်လည်း ထိုအရာက ကုအန်ကို အံ့အားသင့်သွားစေခဲ့သည်။

မင်းဆက်ကိုးခု နယ်မြေသည် အမှန်တကယ်ပင် နဂါးများကျားများ ပုန်းအောင်းနေသော နေရာသာ ဖြစ်၏။

အရင်က တခဏဂိုဏ်းသည် မင်းဆက်ကိုးခုလုံးကို တိုက်ရိုက်မတိုက်ခိုက်ရဲဘဲ ထိုက်ကန်မင်းဆက်ကိုသာ ကသောင်းကနင်းဖြစ်သွားအောင် လုပ်ခဲ့သည်မှာ အံ့ဩစရာတော့ မဟုတ်တော့ပေ။

အရင်က ရီလန်ပြောခဲ့ပုံအရ သုံးပါးတစ်ဆူတောင်သည် တပည့်အများကြီးမရှိဘဲ ၁ထောင်ကျော်ခန့်သာ ရှိပေသည်။ ထိုမျှပမာဏနှင့် ချန်းတန်မင်းဆက်တွင် ထိပ်ဆုံးဂိုဏ်းဖြစ်နေခဲ့ခြင်းမှာ သူတို့ဂိုဏ်းရှိ ကြီးမြတ်သည့် ကျင့်ကြံသူများ မည်မျှ စွမ်းအားကြီးသလဲဆိုတာကို ဖော်ပြနေခဲ့သည်။

ချန်းတန်မင်းဆက်မှာလည်း မရိုးရှင်းလှပေ။ အရင်က ထိုမင်းဆက်နာမည်သည် ချန်းတန်မဟုတ်ဘဲ ထျန်းတန်ဖြစ်ကာ မင်းဆက်ကိုးခုလုံးကို စုစည်းနိုင်လုနီးပါး အားကောင်းခဲ့၏။ သို့သော် ဧကရာဇ်က ကောင်းကင်ကိုဖီဆန်သည့် တစ်ခုခုကိုပြုလုပ်ခဲ့ကာ ကောင်းကင်၏ဒေါသကို ခံစားခဲ့ရပြီး မင်းဆက်တစ်ခုလုံးတွင် မိုးများအဆက်မပြတ်ရွာသွန်း၍ ရေကြီးခြင်းကို ခံခဲ့ရသည်။ ဤသို့ဖြင့် မင်းဆက်အတွင်းရှိ အင်အားစုများ ပြောင်းလဲသွားခဲ့ရ၏။

ချန်းတန်မင်းဆက်သည် အများအားဖြင့် ရေကန်များသာ ရှိသော မင်းဆက်ဖြစ်ပြီး အဓိကမြို့ကြီးများနှင့် ဂိုဏ်းကြီးများကို ကျွန်းများပေါ်တွင် တည်ခဲ့ကြသည်။ အဆက်မပြတ်ရွာသွန်းခဲ့သော မိုးသည် ရေကြီးခြင်းကို ဖြစ်စေခဲ့ရုံသာမကဘဲ စိတ်ဝိညဉ်စွမ်းအင်များကိုလည်း ပေါက်ကွဲသွားစေခဲ့သောကြောင့် ချန်းတန်မင်းဆက်သည် တစ်နှစ်ပတ်လုံး စိတ်ဝိညဉ်မြူများဖြင့် လွှမ်းနေတတ်သော ဒေသ ဖြစ်၏။

မင်းဆက်ကိုးခု၌ ချန်းတန်မင်းဆက်သည် အဆန်းကြယ်ဆုံးနှင့် ဒဏ္ဍာရီများ အများဆုံးရှိသော ဒေသ ဖြစ်ပေသည်။ ထိုကျွန်းများထဲတွင် အမတများ ပုန်းအောင်းနေကြသည်ဟူ၍ပင် လူအများအပြားက ယုံကြည်နေကြ၏။

ကုအန် သူ့အကြည့်ကို ထိုနေရာမှ ပြန်ရုတ်လိုက်လေသည်။ သူ ရွှမ်မြောင်၏ နတ်သိုင်းကို စိတ်၀င်စားသော်လည်း သူနှင့်မဆိုင်သော ကိစ္စများထဲ ၀င်ပါပြီး ပြဿနာရှာရန်မှာတော့ ပျင်းရိလွန်းလှ၏။

ထိုလူများထက် အဆင့်ကြီးတစ်ဆင့်လောက် သာနေရုံဖြင့် ကုအန် သူ့ကိုယ်သူ အထင်ကြီးနေ၍ မဖြစ်ပေ။

ပိုဂရုစိုက်ရမယ် မလောသင့်ဘူး!

အခုမှစ၍ နောက်နှစ်ပေါင်း ၁၀၀၀လောက် ကြာလျှင် သူသည် ဤမင်းဆက်ကိုးခုရှိလူများနှင့် ကျင့်ကြံခြင်းမည်မျှ ကွာခြားသွားနိုင်ပါမည်နည်း။

သူထိုအကြောင်းတွေးကာ အတော်လေး စိတ်လှုပ်ရှားသွားခဲ့သည်။

….

ကောင်းကင်တွင် တိမ်စိုင်များက ဖုံးလွှမ်းနေပြီး မြေပြင်၌ တောင်တန်းများက လှိုင်းတွန့်များနှယ် တည်ရှိနေ၏။ တောအုပ်ကြီးသည် မိစ္ဆာများ တစ္ဆေများ မှင်စာများနှင့် ပြည့်နှက်နေခဲ့ပြီး ထိုတောအုပ်ထဲရှိ တောင်နှစ်လုံးကြားတွင် မြေပြန့်နေရာကျယ်ကြီးတစ်ခုရှ်ိနေခဲ့ကာ ထိုနေရာတွင် သွေးနီရောင် တိုင်လုံးကြီးများနှင့် လိုဏ်ဂူများစွာရှ်ိပြီး မြင်ကွင်းမှာ အလွန်ကြောက်မယ်ဖွယ်ကောင်းလှပေသည်။

ခန်းမကြီးတစ်ခုထဲတွင် အနက်ရောင် ၀တ်စုံ၀တ်ပုံရိပ်များ မြေပြင်၌ ဒူးထောက်နေခဲ့ကြပြီး သူတို့အုပ်စုထဲတွင် လူသားများ မိစ္ဆာများနှင့် ဝိညဉ်ခန္ဓာများ မျိုးစုံ ပါ၀င်ကြ၏။

ရှေ့ဆုံးတွင် ဒူးထောက်နေသောသူသည် မျက်နှာဖုံးတစ်ခု၀တ်ကာ သူ့အသွင်အပြင်ကို ဖုံးကွယ်ထားခဲ့သည်။ သူပြောလိုက်၏။

“ဂိုဏ်းချုပ် မင်းဆက်ကိုးခုက မြေအောက်ကမ္ဘာလမ်းကိုးသွယ်ထဲ ၀င်လာခဲ့ကြပြီးတော့အဲ့တာက ကျွန်တော်တို့ မဟာအစီအစဉ်ကြီးကို အကျိုးသက်ရောက်မှုရှိသွားစေခဲ့တယ် ကျွန်တော်တို့ နောက်ဆုတ်ကြမလား ဒါမှမဟုတ် ဒီတိုင်းစောင့်နေကြမလား”

သူ့အသံမှာ အက်ကွဲနေခဲ့ပြီး သူ့အသံထွက်ပေါ်လာသောအခါ သူ့မျက်နှာဖုံးအောက်မှ အေးစက်စက် တစ္ဆေအရှိန်အဝါမျာ းထွက်ပေါ်လာခဲ့သည်။

လှေကားထိပ်တွင် အနက်ရောင်၀တ်စုံ၀တ် လူတစ်ယောက်သည် တစ်ဖက်ကိုလှည့်၍ ရပ်နေခဲ့၏။ သူ့၀တ်ရုံ နောက်ကျောဘက်တွင် သွေးနီရောင်နဂါးပုံတစ်ပုံရေးထိုးထားပြီး ထိုနဂါး၏ လက်သည်းများနှင့် အစွယ်များမှာ အလွန်အသက်၀င်လှကာ အချိန်မရွေး ထိုထဲမှ ထွက်လာတော့မည့်ပုံပင်။

သူ့အဖြူရောင်ဆံပင်များက လေတွင်လွင့်နေခဲ့ကာ သူ့ခေါင်းပေါ်တွင်မူ အရိုးသရဖူတစ်ခုကို ဆောင်းထားခဲ့ပြီး ထိုအရိုးသရဖူ ခပ်သွယ်သွယ် ချိုနှစ်ချောင်းက ရှေ့သို့ ထောင်ထွက်နေပြီး အလွန်ချွန်ထက်နေကာ အေးစက်နေသော အငွေ့အသက်ကို ပေးနေခဲ့သည်။

သူသည် ပင်မတခဏဂိုဏ်း ဂိုဏ်းချုပ်ဖြစ်ပြီး သားသတ်အင်‌ေမာ်တယ်ကျင်း ဟုလူသိများသောသူ ဖြစ်၏။

သားသတ်အင်မော်တယ်ကျင်း နောက်သို့ ဖြည်ညင်းစွာ လှည့်လာခဲ့လေရာ ဖြူလျော်နေသော သူ့မျက်နှာကို ‌တွေ့လိုက်ရလေသည်။ သူ့မျက်လုံးများသည် သွေးနီရောင်တောက်နေကာ နှဖူးပေါ်တွင်မူ တစ္ဆေနှစ်ကောင် အမှတ်အသားတစ်ခု ရှိနေခဲ့၏။ ထိုတစ္ဆေမ‌ျားသည် နှစ်ကောင် ရောထွေးနေပြီး သူတို့ကိုယ်ထည်များက မည်းနက်နေကာ ချွန်ထက်သောလက်သည်းများရှိကြပြီး သူတို့ပုံစံမှာ အလွန်ကြောက်စရာကောင်းလှသည်။

“ရိုင်းလိုက်တဲ့ မင်းဆက်ကိုးခု သူတို့က မြေအောက်ကမ္ဘာလမ်းကိုးသွယ်ကိုတောင် ၀င်လာရဲတယ်လား သေချင်နေကြတာပဲ”

သားသတ်အင်မော်တယ်ကျင်း အေးစက်စက်ပြောလိုက်ပြီး သူ့အသံထွက်ပေါ်လာသည်နှင့် ခန်းမတစ်ခုလုံးတွင် လေအေးများပင် တိုက်ခတ်သွားခဲ့ကာ နောက်လိုက်များ၏ ၀တ်ရုံများပင် လေတွင် တဖြတ်ဖြတ်လွင့်သွားခဲ့၏။

အဖြူရောင်ကျားခေါင်းနှင့် အနက်ရောင်၀တ်စုံ၀တ် လူတစ်ယောက် ပြောလိုက်သည်။ “မင်းဆက်ကိုးခုမှာ ဆန်းကြယ်နှလုံးသားအဆင့်ကျင့်ကြံသူတွေ ရှိနေပါတယ် နောက်ပြီး ဆရာသခင်ဓားအရှင်ရဲ့ ကျင့်ကြံခြင်းကလည်း ခန့်မှန်းလို့ မရပါဘူး မဟာမိစ္ဆာကပ်ဘေးမတိုင်ခင် မင်းဆက်ကိုးခုကို သိမ်းပိုက်ဖို့က မဖြစ်နိုင်လောက်တော့ပုံပါပဲ”

နောက်ထပ် အနက်ရောင်၀တ်စုံ၀တ် ဝိညဉ်ခန္ဓာတစ်ခု ထပ်ပြောလိုက်၏။ “ကျွန်တော်တို့ ရွှေဝိညဉ်အရှင်နဲ့ ညနတ်သမီး တို့နှစ်ယောက်လုံး ဆရာသခင်ဓားအရှင်လက်ထဲမှာ သေသွားကြရတာ အဲ့ဒီပုဂ္ဂိုလ်က ကျွန်တော်တို့ မင်းဆက်ကိုးခုကို သိမ်းပိုက်မယ့် နေရာမှာ အကြီးမားဆုံး အတားအဆီးပဲ သူ့ကျင့်ကြံခြင်းက အနည်းဆုံး ဆန်းကြယ်နှလုံးသားအဆင့် ၅ အထက်မှာရှိတယ် သူက ဆန်းကြယ်နှလုံးသား အဆင့် ၈ ကိုရောက်နေတာတောင် ဖြစ်နိုင်တယ်”

အပိုင်း ၁၃၂

ဆရာသခင်ဓားအရှင်က မဟာယနအဆင့်ရဲ့ စွမ်းအားကို ဆန့်ကျင်နိုင်မှာလား

ဝုန်းးး!

ခန်းမအပြင်ဘက်မှ သားရဲကြီးတစ်ယောက် ဟိန်းလိုက်သလို ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ဟမ့် ဆန်းကြယ်နှလုံးသား အဆင့် ၈ တဲ့လား ငါ့ကိုပြောစမ်းပါ ဆရာသခင်ဓားအရှင်က မဟာယနအဆင့် စွမ်းအားကို ဆန့်ကျင်နိုင်မှာတဲ့လား”

သားသတ်အင်မော်တယ်ကျင်း အထင်သေးဟန်ဖြင့် ပြောလိုက်ပြီး သူ့မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ်တစ်ချက် ဖြတ်ပြေးသွားခဲ့သည်။

မဟာယနအဆင့်စွမ်းအား!

သူ့ရှေ့မှ မျက်နှာဖုံး၀တ်လူ ပြောလိုက်၏။

“မင်းဆက်ကိုးခုမှာ မဟာယနကပ်ဘေး ပေါ်မလာခဲ့တာ နှစ်ပေါင်း ၁၀၀၀၀လောက် ရှိသွားပြီဆိုတော့ သူတို့မှာ မဟာယနအဆင့်ကျင့်ကြံသူရှိတာတော့ မဖြစ်နိုင်ပါဘူး အဲ့တာကြောင့် ပုံမှန်အားဖြင့်တော့ သူက ဂိုဏ်းချုပ်ပြိုင်ဘက်မဖြစ်နိုင်ဘူးး ဒါပေမယ့် ဂိုဏ်းချုပ်ကိုယ်တိုင်လှုပ်ရှားလိုက်ရင် ဂိုဏ်းချုပ်ရဲ့ ဒဏ်ရာကုသနေမှုကို သက်ရောက်မှုရှိသွားစေလောက်လား”

“အရူးတွေ မင်းတို့အားလုံး အရူးတွေ ဂိုဏ်းသားတွေကို စုဝေးထားလိုက် သူတို့ဆုံရင် ဒီဂိုဏ်းချုပ်နောက်ကိုလိုက်ပြီး မင်းဆက်ကိုးခုကို သိမ်းပိုက်လိုက်ကြရအောင် မူလတခဏပင်ကို ယူဖို့လည်း မမေ့နဲ့” သားသတ်အင်မော်တယ်ကျင်း အမူအရာမဲ့စွာ ပြောလိုက်၏။

သူ့စကားက ခန်းမကြီးတစ်ခုလုံးကို အုတ်အော်သောင်းနင်း ဖြစ်သွားစေခဲ့သည်။

“ဂိုဏ်းချုပ် ကိုယ်တိုင်သွားဖို့တော့ တွေးနေတာ မဟုတ်ဘူးမလား…..” မျက်နှာဖုံး၀တ်လူ သူ့ကြောက်ရွံ့နေစိတ်ကို အားတင်းထားလိုက်ပြီး မေးလိုက်၏။

“ငါဆုံးဖြတ်ပြီးပြီ မင်းတို့အားလုံးသွားလို့ရပြီ”

ထို့နောက် သားသတ်အင်မော်တယ်ကျင်း အင်္ကျီလက်အိုးကို ယမ်းလိုက်ကာ အမှောင်ထုထဲ ပျောက်ကွယ်သွားခဲ့လေသည်။

တခဏဂိုဏ်းမှ နောက်လိုက်များ ခန်းမထဲတွင် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြ၏။

….

ညတစ်ညတွင် ကုအန် ဆန်းကြယ်ကောင်းကင်ဗိမာန်သို့ ထပ်ရောက်လာခဲ့ပြန်သည်။ သူဤဂူထဲသို့ နောက်ဆုံးလာခဲ့သည်မှာ လွန်ခဲ့သော လ၀က်က ဖြစ်၏။

ထို့နောက် သူဆေးပင်များခူးကာ ပျိုးကျဲလိုက်သည်။ အလုပ်များအားလုံးပြီးသွားသောအခါ ကုအန် ထွက်မသွားခဲ့ပေ။ သူဂူထဲတွင် တစ်ညလုံး‌ေအး‌ေအးချမ်းချမ်း‌ေလး နေဖို့ စီစဉ်ထားခဲ့၏။

ကုအန် သစ်သားတဲလေးဘေးရှိ သစ်ပင်ပေါ်သို့ ခုန်တက်လိုက်ကာ သူလွန်ခဲ့တဲ့ လ၀က်လောက်က သစ်ပင်ပေါ်တွင် လုပ်ထားခဲ့သော ကြိုးပုခက်ပေါ်သို့ တက်၍ လှဲချလိုက်သည်။ သူ့ကိုယ်သည် ကြိုးပုခက်ထဲ မြုပ်သွားခဲ့ကာ သက်တောင့်သက်သာဖြစ်မှုကို ခံစားလိုက်ရ၏။

“ဇိမ်ရှိလိုက်တာ!

ကုအန် မျက်နှာတွင်အပြုံးတစ်ခုပေါ်ပေါက်လာပြီး ခရီးသွားမှတ်တမ်းတစ်အုပ်ကို ထုတ်ကာ စတင်ဖတ်ရှုတော့သည်။

လတ်တလော သူအတွင်းစည်းဂိုဏ်းထဲရောက်စဉ်က ခရီးသွားမှတ်တမ်း စာအုပ်များ အများကြီး၀ယ်လာခဲ့ခြင်းဖြစ်၏။ သူ့ပထမရည်ရွယ်ချက်မှာ ခရီးသွားမှတ်တမ်းများ ဖတ်ကာ အပျင်းဖြေရန်ဖြစ်ပြီး ဒုတိယရည်ရွယ်ချက်မှာတော့ သူအဆင့်ချိုးဖျက်ရန် မြောက်ပင်လယ်တောင်တန်းဒေသထက်ကောင်းသောနေရာကို ရှာဖွေရန် ဖြစ်သည်။

ဆန်းကြယ်ကောင်းကင်ဗိမာန်သည် အတော်လေး အေးချမ်းလှပြီး တစ်ချက် တစ်ချက် ကန်ထဲမှ ခုန်ထွက်လာသော ငါးပွက်သံလောက်ကိုသာ ကြားရလေ့ရှိပြီး ဂူထဲရှ်ိ လေထုမှာ တုနှိုင်းမဲ့လောက်အောင် ငြိမ်းချမ်းလှသည်။

ညဉ့်နက်ချိန်သို့ ရောက်သောအခါ ကုအန် ခရီးသွားမှတ်တမ်းစာအုပ်ကို ဘေးချလိုက်ကာ နတ်အာရုံကို မြောက်ပင်လယ်တောင်တန်းဒေသ တစ်ခုလုံးဆီ ဖြန့်ကျက်လိုက်၏။ ‌ဒီည မြောက်ပင်လယ်တောင်တန်းဒေသတွင် မည်သည့်အရာများ ဖြစ်နေသလဲဆိုတာကို သူစစ်ဆေးလို၍ ဖြစ်သည်။

သူဒီနေရာသို့လာတိုင်း ထိုသို့စစ်ဆေးတတ်သည့် အကျင့်လည်း ရလာခဲ့ပြီ ဖြစ်သည်။

မကြာခင်တွင် ကုအန်အာရုံသည် သူတော်စင်ရွှမ်မြောင်ဆီ ရောက်ရှိသွားခဲ့၏။

ဒီကောင် ဒီမှာရှိနေသေးတာပဲ!

သူတော်စင်ရွှမ်မြောင်သည် တောင်တန်းများကြားထဲတွင် တာအိုဘုရားကျောင်းတစ်ခု တည်ဆောက်နေသည်ကို ကုအန် တွေ့လိုက်ရသည်။ ထိုနေရာတွင် ရွှမ်မြောင်အပြင် နောက်ထပ် ကောင်လေးတစ်ယောက်လည်း ရှိနေခဲ့၏။

သူတို့ ဘာလုပ်နေကြတာလဲ!

ကုအန် ရွှမ်မြောင်ကို သေချာအနီးကပ်ကြည့်ရှုလိုက်လေသည်။ ရွှမ်မြောင်သည် ယခုအခါ ဒယ်စောက်အိုးကြီးတစ်လုံးရှေ့တွင် တရားထိုင်နေကာ သူ့ခေါင်းပေါ်မှ အပြာရောင်မီးခိုးများ ထွက်နေခဲ့၏။

အခြားကောင်လေးမှာမူ သူ့အနီးရှ်ိ သစ်သားတဲထဲတွင် သိုင်းကျင့်နေပြီး ထိုကောင်လေးသည် မြေခွေးအမြီးရှိသည့် မိစ္ဆာလေးတစ်ကောင်ဖြစ်နေခဲ့သည်။

အံ့ဩစရာပဲ!

ကုအန် တခဏကြာ ကြည့်နေပြီးမှသာ အကြည့်လွှဲခဲ့လိုက်၏။

အာရုံတက်ချိန်ရောက်မှသာ ကုအန် ဆန်းကြယ်တောင်ကြားသို့ ပြန်လာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း နှစ်၀က် ကုန်ဆုံးသွားခဲ့ပြန်၏။

နွေရာသီကုန်ချိန်တွင် မိုးကြီးတစ်ကြိမ် သည်းသည်းမည်းမည်းရွာသွန်းခဲ့ပြီး ဆန်းကြယ်တောင်ကြားတစ်ခုလုံး စိုစိစိဖြစ်နေခဲ့သည်။

မနက်ခင်းတစ်ခု၌ လီယ ကုအန်ဆီသို့ ရောက်ရှိလာခဲ့ပြီး သူ့ထုံးစံအတိုင်း ပြတင်းပေါက်မှ ခုန်၀င်လာခဲ့ခြင်း ဖြစ်သည်။ ကုအန်လည်း ထုံးစံအတိုင်း သူရောက်ရှိလာမှုကြောင့် အံ့ဩသွားချင်ယောင် ဆောင်လိုက်၏။

“မင်းကိုကြည့်ပါဦး ရွှေစာရင်းမှာ ထိပ်တန်းအဆင့်၅၀၀ထဲ ၀င်ထားတဲ့ ကျင့်ကြံသူဖြစ်နေတာတောင် အခုလိုကြောက်နေတုန်းပဲ” လီယ အခန်းထဲ ခပ်ဖြည်းဖြည်းကျလာခဲ့ကာ ပြောလိုက်သည်။

ကုအန် ထကာ သူ့ကိုနှုတ်ဆက်လိုက်ပြီး ပြောလိုက်၏။

“ကျွန်တော် အဆင့် ၅၀၀ထဲ၀င်တယ်ဆိုတာ ကံကောင်းခဲ့လို့ပါ အစ်ကိုကတော့ အန်းဟောင်နဲ့သာ အစောကြီးမတွေ့ခဲ့ဖူးဆိုရင် ထိပ်တန်း ၁၀ယောက်ထဲတောင် ၀င်လောက်တယ်”

ထိုစကားကြောင့် လီယ မျက်နှာ ရှုံ့မဲ့သွားခဲ့သည်။

ကုအန်သူ့ကို တမင်သက်သက် စော်ကားလိုက်သလားဟု သူသံသယဖြစ်မိသော်လည်း ကုအန်မျက်နှာရှိ စာနာနေသည့် အကြည့်ကို တွေ့သောအခါ သူ့သံသယများ ပျောက်ကွယ်သွားခဲ့၏။

သူမသိလိုက်သည်မှာတော့ ကုအန် အမှန်တကယ်ပင် သူ့ကို မကျေနပ်၍ သာသာနှင့် နာနာ နှပ်လိုက်သည် ဆိုတာကိုပင်။

ငါ့ပြတင်းပေါက်ကို ထပ်ကျော်လာပြန်ပြီ!

လီယ စားပွဲဆီလျှောက်လာလိုက်ကာ ခုံတစ်လုံးဆွဲယူ၍ ထိုင်လိုက်ပြီး ပြောလိုက်၏။

“ငါထွက်သွားတော့မယ်”

“ဘယ်ကိုလဲ ဘယ်လောက်ကြာမှာလဲ”

ကုအန် ပုံမှန်အတိုင်းမေးလိုက်ပြီး လက်ဖက်ရည်အိုး တည်သည့်နေရာသို့ သွားကာ ‌လက်ဖက်ရည်တစ်ခွက် ငှဲ့လိုက်လေသည်။

လီယ ဖြေလိုက်၏။ “ငါ့အဖေ ဧကရာဇ်က ငါ့ကို ချန်းတန်မင်းဆက်က သုံးပါးတစ်ဆူတောင်မှာ သွားကျင့်ကြံဖို့ အမိန့်ပေးခဲ့တယ် ဆယ်စုနှစ်တွေကြာတောင် ငါပြန်လာနိုင်မယ့်ပုံ မပေါ်ဘူး”

သုံးပါးတစ်ဆူတောင် ထပ်လာပြန်ပြီ!

လီရွှမ်တောက်နှင့် သုံးပါးတစ်ဆူတောင်ကြား ဆက်ဆံရေးက မည်မျှ နီးကပ်နေ၍ သူသည် ထိုတောင်ကို လူနှစ်ယောက်တောင် ပို့ခဲ့ရသနည်း။

ကုအန် ပြောလိုက်၏။ “ဒါကထိုက်တန်တဲ့ ခရီးတစ်ခုဖြစ်မှာပါ နောက်ဆုံးတော့ သုံးပါးတစ်ဆူတောင်က တပည့်က ရွှေစာရင်းမှာ နံပါတ်၂နေရာကိုတောင် ရယူနိုင်ခဲ့တာပဲမဟုတ်လား”

“သူတော်စင် ရွှမ်မြောင်က တကယ်ပဲကြောက်စရာကောင်းတယ် ငါလည်းသူနဲ့တိုက်ခိုက်ရရင် သူ့ပြိုင်ဘက်ဖြစ်လာမှာမဟုတ်ဘူး” လီယ သဘောတူလိုက်သည်။

ရွှေစာရင်း ညီလာခံတွင် အန်းဟောင်ကို မိနစ်သုံးဆယ်ခန့် ယှဉ်တိုက်နိုင်ခဲ့သူမှာ သူတော်စင်ရွှမ်မြောင်တစ်ယောက်တည်းသာ ရှိခဲ့၏။

ကုအန် ‌တည်ပြီးခါစ လက်ဖက်ရည်ကို လီယကိုငှဲ့ပေးလိုက်ပြီး ပြောလိုက်သည်။

“အစ်ကို သုံးပါးတစ်ဆူတောင်ရောက်ရင် ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်သင့်တယ် မလိုအပ်တဲ့နေရာတွေမှာ၀င်ပါပြီး ဒဏ်ရာရမလာနဲ့ဦး”

“အဟွတ် အဟွတ် အန်းဟောင်ကြောင့် ဒဏ်ရာရတာက လွဲရင် ငါဒီနှစ်တွေမှာ တစ်ခါမှ ဒဏ်ရာမရပါဘူးကွ”

“အဲ့လိုလား”

“ငါကမင်းကို လိမ်စရာလား”

ထို့နောက် သူတို့နှစ်ယောက် ရွှေစာရင်းရှိ အခြားပါရမီရှင်များအကြောင်း ဆက်လက်ပြောဆိုနေခဲ့ကြသည်။

မွန်းတည့်ချိန်ရောက်မှသာ လီယ မတ်တပ်ထရပ်လိုက်ပြီး ပြောလိုက်၏။ “ငါသွားသင့်ပြီး ဂျူနီယာညီလေးကု ငါပြန်လာတဲ့အခါ မင်းကျင့်ကြံခြင်းလည်း တိုးတက်နေဖို့ မျှော်လင့်ပါတယ် ထိပ်ဆုံးအယောက် ၅၀၀ထဲ ၀င်ဖို့ဆိုတာ ကံကြမ္မာသက်သက်နဲ့ ဖြစ်နိုင်တဲ့အရာမဟုတ်ဘူး မင်းလည်း မင်းကံကြမ္မာကို ရှာတွေ့ခဲ့ပြီလို့ ငါယုံတယ် ဒီနှစ်တွေကို ဖြုန်းတီးမပစ်နဲ့ မကြာခင် မင်းအစ်ကိုကြီးကို အမီလိုက်နိုင်ဖို့ ကြိုးစားထား”

ပြောပြီးသည်နှင့် လီယ ပြတင်းပေါက်ပေါ် ခုန်တက်ကာ ခြေရာတစ်ခုချန်လုိက်ပြီး အပြင်သို့ ပျံသန်းထွက်ခွာသွားတော့သည်။

ဒီကောင် တမင်လုပ်နေတာ သေချာတယ်!

ကုအန် အကူအညီမဲ့နေခဲ့၏။ လီယသည် အတော်လေး လေးနက်ဟန်ရှ်ိသော်လည်း အဘယ်ကြောင့် သူ့အပေါ်ဤကဲ့သို့ ကလေးလို စနောက်နေရသလဲဆိုတာ သူတကယ်မသိတော့ပေ။

ပြတင်းပေါက်အပြင်သို့ကြည့်နေရင်း ကုအန် အကြည့်များ လေးနက်လာခဲ့သည်။

အဘယ်ကြောင့် လီရွှမ်တောက်သည် ဤအချိန်မှ လီယကိုည အဝေးသို့ ပို့လိုက်ရပါသနည်း။ အခြားအကြောင်းပြချက်များ ရှိနိုင်ပါသလော။

ထို့အပြင် လီယကိုယ်ထဲရှိ ဝိညဉ်သည် အဘယ်ကြောင့် အလွန်အားနည်းနေရပါသနည်း။

သူ့ပုံစံမှာ အချိန်မရွေး ပျောက်ကွယ်သွားတော့မည့် ပုံပင်။

ကုအန် ခေါင်းခါလ်ုက်မိသည်။ သူအဖြေရှာမရသော ကိစ္စများကို သူအကြာကြီးစဉ်းစားနေမည် မဟုတ်ပေ။

ညအချိန် ရောက်ရှိလာခဲ့ပြန်သည်။

ကုအန် နောက်တစ်ကြိမ် ဆန်းကြယ်ကောင်းကင်ဂူဗိမာန်သို့ သွားခဲ့၏။ သူဆေးပင်များ ခူးနေစဉ်တွင် သူ့မျက်ခုံးများ တွန့်ကွေးသွားခဲ့သည်။

ဘာလို့ သူတော်စင်ရွှမ်မြောင် နီးလာရတာလဲ!

သူတော်စင်ရွှမ်မြောင်၏ တာအိုကျောင်းတော်နှင့် ဤနေရာသည် မိုင် ၈၀၀၀ ခန့်ပင် ဝေး၏။ သူသည် ဒီနေရာကို တိုက်ဆိုင်မှုသက်သက်ဖြင့် ရောက်လာတာတော့ မဖြစ်နိုင်ပေ။

တစ်ချိန်တည်းမှာပင်

ဂူနှင့် မိုင်ဒါဇင်အနည်းငယ်ဝေးသော တောအုပ်ထဲ၌ ရွှမ်မြောင် လက်ထဲတွင် သံလိုက်အိမ်မြောင်တစ်ခုကိုကိုင်ကာ ရှေ့သို့ဆက်သွားနေရင်း တီးတိုးရေရွတ်နေခဲ့၏။

“ဒီနေရာတစ်ဝိုက်မှာပဲ ရှိသင့်တာ ဘယ်လို ကံကောင်းခြင်းမျိုးလဲဆိုတာ ဘယ်သူသိမှာလဲ…”

All Chapters