အခန်း (၁၃၃-၁၃၄)
Vol. 11 Ch. 133-134
အပိုင်း(၁၃၃)
တောင်နတ်ဘုရား
ကုအန် ရွှမ်မြောင်တစ်ယောက်တည်း ရေရွတ်နေသံကို ကြားလိုက်ရသည်။
“ငါ့အိမ်ကို ကံကောင်းခြင်းလာရှာတာလား”
ကုအန် ရွှမ်မြောင်လက်ထဲရှိ ကြွက်ဖြူလေးထက်ပင် များစွာစွမ်းအားကြီးနေသော သံလိုက်အိမ်မြောင်သည် ဘယ်လိုစိတ်ဝိညဉ်ရတနာအမျိုးအစားလဲဆိုတာ စိတ်၀င်စားသွားမိ၏။
သူ့စိတ်ဝိညဉ်ကြွက်ဖြူေလးမှာေတာ့ ဆန်းကြယ်သန့်စင်ပင်ပေါ်လာပြီးကတည်းက ထိုအပင်အောက်တွင်သာ အိပ်နေလေ့ရှိပြီး ဘာမှကို အသုံးမ၀င်တော့ပေ။
ညဉ့်အချိန်၌ တောအုပ်သည် တိတ်ဆိတ်ငြိမ်သက်နေခဲ့ကာ မြူခိုးများက သစ်ပင်များ၀န်းကျင်တွင် ရစ်ဆိုင်းနေခဲ့သည်။ သူတော်စင်ရွမ်မြောင် သူ့အနီးမှဖြတ်သွားသော တစ္ဆေများကိုပင် မြင်ခဲ့ရသော်လည်း သူ့အမူအရာမှာတော့ ပြောင်းလဲမသွားခဲ့ပေ။
ဝှစ်….
ထိုစဉ် လေပြင်းတစ်ချက်တိုက်ခိုက်၍ ရွှမ်မြောင်၏ အ၀တ်အစားများ လွင့်သွားခဲ့လေရာ သူ့မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့၏။
“ဒါက တောင်နတ်ဘုရားနယ်မြေပဲ လူသားတွေမ၀င်ဖို့ တားမြစ်ထားတယ်”
နူးညံ့သိမ်မွေ့သော အသံတစ်သံထွက်ပေါ်လာခဲ့ရာ သူတော်စင်ရွှမ်မြောင်၏ ခြေလှမ်းများ ရပ်တန့်သွားခဲ့ကာ မော့ကြည့်၍ အသံရှင်ကို လိုက်ရှာလိုက်လေသည်။ သူ့နတ်အာရုံကိုသုံး၍ လိုက်ရှာခဲ့သော်လည်း အသံရှင်၏ အရိပ်အယောင်ကိုပင် မတွေ့ခဲ့ရပေ။
အသံကြားလိုက်သည်မှာတော့ သေချာသောကြောင့် ရွှမ်မြောင် လက်သီးဆုပ်ကာ အရိုအသေပြုပြီး ပြောလိုက်၏။
“ကျွန်တော်က ချန်းတန်မင်းဆက် သုံးပါးတစ်ဆူတောင်က ထိုက်ချင်မျိုးဆက်တပည့် လီရွှမ်မြောင်ပါ”
မျိုးရိုးနာမည်လီ!
လီရွှမ်တောက်နှင့် လီရွှမ်မြောင်! သူတို့နှစ်ယောက်ကြား ဘာဆက်သွယ်မှုမှ မရှိပါဘူးဟု သူ့ကိုသေအောင်ရိုက်သတ်၍ ပြောလျှင်တောင် ကုအန် ယုံတော့မည် မဟုတ်ပေ။
သုံးပါးတစ်ဆူတောင်အကြောင်း ရွှမ်မြောင် ထုတ်ပြောလိုက်ခြင်းကလည်း ကုအန်ကို တရုတ်တာအိုဒဏ္ဍာရီထဲမှ သုံးပါးတစ်ဆူကို သွား၍ တွေးမိစေခဲ့သည်။ ဤကမ္ဘာတွင် သူ့အရင်ကမ္ဘာမှ ဒဏ္ဍာရီများ အမှန်တကယ်ရှိနေခြင်း ဖြစ်နိုင်ပါသလော။
သို့သော် ထိုအရာမှာ မဖြစ်နိုင်ပေ။ အကယ်၍သာ ထိုအရာမျိုးတကယ်ရှိနေခဲ့ပါက ကုအန် နတ်ဘုရားတို့၏ ရာထူးများ စာအုပ်ကိုရေးကတည်းက သူဒုက္ခရောက်နေလောက်ပြီ ဖြစ်သည်။
ကုအန် အတွေးလွန်နေ၍ ပြန်မပြောမိခင်တွင် ရွှမ်မြောင်ဆက်ပြောလိုက်၏။
“ကျွန်တော်က ကံကောင်းခြင်းရှာဖို့ ဒီနေရာကိုရောက်လာခဲ့တာပါ ကျွန်တော် တောင်နတ်ဘုရားနဲ့ တွေ့ခွင့်ရနိုင်မလား”
သူ့စကားကို မေးခွန်းပြန်မထုတ်ဘဲ ယုံကြည်နေသောကြောင့် ကုအန် အံ့ဩသွားမိသည်။
ရွှမ်မြောင်၏ သာမန်ဖြစ်နေသော အမူအရာအရ ဤကမ္ညာကြီးတွင် တောင်နတ်ဘုရား အမှန်တကယ်ရှိနေခြင်း ဖြစ်နိုင်ပါသလော။
ထို့ကြောင့် ကုအန် ဤကမ္ဘာကြီးအကြောင်း ပိုသိလာစေရန် ရွှမ်မြောင်နှင့် ပိုရင်းနှီးလာအောင် လုပ်ရမည်ဟု ဆုံးဖြတ်လိုက်သည်။
“မင်းကဘာလို့ တောင်နတ်ဘုရားကို ရှာနေတာလဲ”
ကုအန်၏ နူးညံ့လှသော အသံ ထပ်မံထွက်ပေါ်လာခဲ့ပြန်သည်။
ရွှမ်မြောင်ပြောလိုက်၏။ “သေမျိုးကမ္ဘာရဲ့ ဍာ အမတတစ်ပါးကို တွေ့ခွင့်ရဖို့ဆိုတာ တကယ့်ကံကောင်းခြင်းကြီးတစ်ခုပါပဲ ဒါပေါ့ ကျွန်တော့်မှာ ဆုတောင်းလေးတစ်ခုတော့ ရှိနေပါတယ်”
တောင်နတ်ဘုရားနှင့် တွေ့ဆုံရခြင်းက သူ့ကို ရတနာပစ္စည်းများ တွေ့ရခြင်းထက်ပင် ပို၍ စိတ်လှုပ်ရှားသွားစေခဲ့သည်။
သူ့နတ်အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံခြင်းနှင့်ပင် တစ်ဖက်လူ၏ အရိပ်အယောင်ကိုပင် မတွေ့ရလေရာ ထိုလူ၏ ကျင့်ကြံခြင်းသည် သူ့ထက် အလွန်မြင့်မှန်း သိသာနေခဲ့၏။ တစ်ဖက်လူသည် တောင်နတ်ဘုရားမဟုတ်လျှင်တောင် ကြီးမြတ်သည့်ကျင့်ကြံသူတစ်ယောက် ဖြစ်မှာ သေချာလှသည်။
သူ့ကိုမတိုက်ခိုက်သည့် အချက်ကလည်း တစ်ဖက်က မိစ္ဆာမဟုတ်မှန်း ညွှန်ပြနေခဲ့၏။ ထို့ကြောင့် တောင်နတ်ဘုရားမဟုတ်လျှင်တောင် သူ့အတွက် အကျိုးရှိမည် ဖြစ်သည်။
ဝှစ်….
ထိုစဉ် လေပြင်းတစ်ချက် တိုက်ခိုက်လာလေရာ ရွှမ်မင် သစ်ရွက်ခြောက်များ သူ့မျက်နှာဆီ လွင့်လာ၍ မျက်နှာကို လက်ဖြင့် ကာလိုက်ရ၏။
လေပြင်းရပ်တန့်သွား၍ ရွှမ်မြောင် ခေါင်းမော့ကြည့်လိုက်ရာ သူ့မျက်လုံးများ မှေးကျဉ်းသွားခဲ့ကာ အံ့အားသင့်သွားခဲ့သည်။
သူ့အကြည့်က သူ့ရှေ့ရှိ အပင်ကြီးတစ်ပင်ပေါ်တွင်ရပ်နေသော အဖြူရောင် ပုံရိပ်လေးတစ်ခုပေါ်တွင် ရောက်ရှိနေခဲ့၏။
လူအသေးလေး!
လူအသေးလေးမှာ လက်တစ်ဖက်နှင့်ပင် ဆုပ်ကိုင်ထား၍ရလောက်ကာ သုံးလက်မလက်သာ မြင့်လေသည်။
ထိုလူအသေးလေးက အဖြူရောင်၀တ်စုံကို ၀တ်ဆင်ထား၍ မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားခဲ့ရာ မြင်ကွင်းမှာ အတော်လေး ဆန်းကြယ်နေခဲ့၏။
ထိုလူအသေးလေးမှာ အကြီးအသေးေပြာင်းလဲခြင်းရူယီနတ်စွမ်းအားကိုအသုံးပြုထားသည့် ကုအန်မှ လွဲ၍ အခြားမဟုတ်ပေ။
အကြီးအသေးရူယီနတ်စွမ်းအားသည် ကုအန် မူလရူယီကျင့်စဉ်ကို ရရှိခဲ့စဉ်က နိုးထလာခဲ့သော နတ်စွမ်းအား တစ်ခု ဖြစ်ပေသည်။
သူတော်စင်ရွှမ်မြောင် ချက်ချင်းဒူးတစ်ဖက်ထောက်ချလိုက်ကာ လက်နှစ်ဖက်ကိုယှက်၍ အရိုအသေပေးလိုက်ရင်း ပြောလိုက်၏။
“လီရွှမ်မြောင်က တောင်နတ်ဘုရားကို ဂါရ၀ပြုပါတယ်”
ဤအရာသည် ပုံရိပ်ယောင်တစ်ခုမဟုတ်မှန်းသူသိပြီး ထိုကဲ့သို့ သေးငယ်သောလူမျိုးကို သူပထမဆုံးအကြိမ်တွေ့ဖူးခြင်း ဖြစ်သည်။ ထို့ကြောင့် ဤအရာသည် တောင်နတ်ဘုရားအစစ်ဖြစ်ရမည်ဟု သူယုံကြည်သွားခဲ့၏။
သူမြင်ဖူးသည်မှာ လူကို နေရာလွတ်အသေးလေးထဲ ထည့်ပိတ်ထားနိုင်သည့် မှော်သိုင်းမျိုးကိုသာ မြင်ဖူးခြင်းဖြစ်ပြီး လူကို အသေးအကြီးပြောင်းနိုင်သည့် ပညာမျိုးကို သူတစ်ခါမှ မမြင်ဖူးပေ။ ထိုပညာမျိုးရှိသည်ဟု ကြားလည်း မကြားဖူးပေ။ ထို့ကြောင့်ပင် သူယုံကြည်သွားမိခြင်း ဖြစ်သည်။
ကုအန် သစ်ကိုင်းပေါ်မှ ခုန်ထွက်လာပြီး ရွှမ်မြောင်ရှေ့နားရှိ သစ်ကိုင်းတစ်ခုထိပ်ပေါ်သို့ ရောက်ရှိလာခဲ့ကာ မေးလိုက်၏။
“မင်းလက်ထဲမှာကိုင်ထားတာ ဘာရတနာလဲ”
သူသက်တမ်းစစ်ဆေးခြင်း သုံးလိုက်သည်။
[သူတော်စင်ရွှမ်မြောင်(နတ်အသွင်ပြောင်းခြင်းအဆင့် ၅): ၁၉၈/၉၀၀/၄၅၀၀]
သက်တမ်းအကန့်အသတ် ၄၅၀၀ တဲ့လား!
ဒါက သူ့စွမ်းဆောင်ရည်နဲ့ယှဉ်ရင် သိပ်တော့ မများဘူးပဲ!
သုံးပါးတစ်ဆူတောင်ရဲ့ အမွေအနှစ်တွေက တကယ်ကို အားကောင်းတာပါလား!
ရွှမ်မြောင် ပြန်ဖြေလိုက်သည်။ “ဒါက ကျွန်တော့်သုံးပါးတစ်ဆူတောင်ရဲ့ မျိုးရိုးအစဉ်အဆက်တစ်လျှောက် လက်ဆင့်ကမ်းလာခဲ့တဲ့ ရတနာပါ သူက ကံကောင်းခြင်းတွေနဲ့ နီးလာရင် ကျွန်တော့်ကို အချက်ပြပြီး အဲ့ဒီနေရာကို ခေါ်လာပေးတယ်”
ပြောပြီးသည်နှင့် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာခဲ့သည်။
ကံကောင်းခြင်းက သူ့ကို တောင်နတ်ဘုရားနှင့် ဆုံစည်းစေခဲ့၏။
ကုအန်မှာတော့ ဆန်းကြယ်ကောင်းကင်ဗိမာန်ဂူက သူတော်စင်ရွှမ်မြောင်နှင့်ဆိုင်သော နေရာလားဟု တွေးနေမိသည်။
ထိုအရာက အမှန်တကယ်ဖြစ်နိုင်ပေသည်။ အကယ်၍ သူသာ စနစ်ကိုပိုင်ဆိုင်မထားပါက ဤနေရာသို့ ရောက်လာနိုင်မည်မဟုတ်ဘဲ ဂူဗိမာန်ကို သူတော်စင်ရွှမ်မြောင်ကသာ တွေ့သွားမည် ဖြစ်၏။
ကြည့်ရသည်မှာ ကုအန်က ရွှမ်မြောင်၏ အခွင့်အရေးကြီးတစ်ခုကို ကြားဖြတ်၍ ရိတ်သိမ်းလိုက်သည့် ပုံပင်။
ထို့နောက် သူတော်စင်ရွှမ်မြောင် ပြောလိုက်သည်။
“စီနီယာတောင်နတ်ဘုရား ကျွန်တော့်မှာ တပည့်တစ်ယောက်ရှိပါတယ် အခုသူက အဆိပ်မိနေပြီး ကျွန်တော်ကလည်း သူ့အဆိပ်ကို ဖြေမပေးနိုင်ပါဘူး စီနိယာတစ်ချက်လောက် ကြည့်ပေးလို့ရမလား”
သူသည် ကံကောင်းခြင်းကိုသာ လာရှာခဲ့ခြင်းဖြစ်ပြီး တောင်နတ်ဘုရားနှင့် တွေ့ရလိမ့်မည်လို့တော့ မျှော်လင့်မထားခဲ့ပေ။ အခုတော့ တွေ့နေပြီဖြစ်ရာ သူတောင်းသည့်အကူအညီကို ရကောင်းရနိုင်နေခဲ့သည်။
ကုအန် တိတ်ဆိတ်နေကာ မေးထောက်၍ သူတော်စင်ရွှမ်မြောင်ကို အကဲခတ်သည့်ပုံဖြင့် ကြည့်ရှုနေလိုက်၏။
သူတော်စင်ရွှမ်မြောင်လည်း တစ်ခုခုကို နားလည်သွားပုံဖြင့် သိုလှောင်အိတ်ထဲမှ လင်ဇီးမှိုတစ်ခုကို ထုတ်လိုက်လေသည်။
ထို့နောက်ပြောလိုက်၏။
“ဒါက အဆင့်၆ မြေကမ္ဘာဆန်းကြယ်လင်ဇီး ပါ တောင်နတ်ဘုရားကြိုက်မယ်လို့ မျှော်လင့်ပါတယ်”
ကုအန် လင်ဇီးမှိုအား ဆွဲယူလိုက်လေသည်။ လင်ဇီးမှိုကြီးမှာ သုံးလက်မသာ မြင့်သော သူ့ကိုယ်ထက် အများကြီးကြီးနေပြီး သူ့ပုံမှာ ရယ်စရာကောင်းနေခဲ့၏။
သူတော်စင်ရွှမ်မြောင်မှာတော့ ထိုအရာကို ရယ်စရာကောင်းသည်ဟု မခံစားရဘဲ ဆန်းကြယ်သည်ဟူ၍ပင် ခံစားနေရသေးသည်။
အမတများ၏ အပြုအမူများမှာ သေမျိုးများ ခန့်မှန်း၍ ရနိုင်သည့် အရာ မဟုတ်ပေ။
“ဒီနေရာကို မင်းတပည့်ကိုခေါ်ပြီး မနက်ဖြန်ညဒီလိုအချိန် ပြန်လာခဲ့” ကုအန် ပြောလိုက်၏။
ရွှမ်မြောင် ချက်ချင်း ကျေးဇူးတင်လိုက်ပြီး ကုအန်ကို မော့ကြည့်လိုက်သောအခါ ကုအန်မှာ ပျောက်ကွယ်သွားခဲ့လေသည်။
ထိုအခါ သူပြုံးလိုက်ကာ ထရပ်လိုက်ပြီး ထိုနေရာမှထွက်ခွာသွားခဲ့၏။
ကြည့်ရသည်မှာ ရွှမ်မြောင်သည် နက်နက်နဲနဲ တွေးတတ်သည့်လူမျိုး မဟုတ်သည့်ပုံပင်။
ကုအန် အစကတည်းက ရွှမ်မြောင်တပည့် မိစ္ဆာလေးကိုယ်ထဲတွင် အဆိပ်များရှိနေသည်ကို နတ်အာရုံဖြင့် စစ်ဆေးခဲ့ပြီးဖြစ်ပြီး အဆိပ်မှာလည်း သူကုသနိုင်သည့် အဆိပ်မျိုး ဖြစ်နေခဲ့သည်။
သူတော်စင်ရွှမ်မြောင် ထွက်သွားသောအခါ ကုအန် သဘာ၀ဂူရှစ်လုံးသို့ ပြန်ကာ ဆေးတာအိုသုံး၍ ဆေးစတင်ဖော်စပ်တော့၏။
ကုအန် သိမ်းထားသော တခဏပင်တစ်ပင်ကိုထုတ်ကာ ဆေးပေါင်းအိုးထဲ ထည့်လိုက်သည်။ ထို့နောက် ထိုက်ချင်အစစ်အမှန်မီးတောက်ဖြင့် ဆေးပေါင်းအိုးအောက်ခြေမှ အပူပေးလိုက်၏။
ဆေးဖော်နေရင်း ကုအန်စိတ်ထဲ အတွေးတစ်ခုလည်း ရှိနေခဲ့သည်။
သူသည် ထိုက်ချင်အစစ်အမှန်မီးတောက်ကို ဖွဲ့တည်နိုင်နေလေရာ သူတို့ ဆန်းကြယ်တောင်ကြား၏ ဆေးတာအိုသည် သုံးပါးတစ်ဆူတောင်မှ ဆင်းသက်လာခြင်းဖြစ်နိုင်သည်ဟု သူတွေးမိနေခဲ့သည်။
ဤအရာမှာ အမှန်တကယ် ဖြစ်နိုင်၏။
….
ဒုတိယညတွင် သူတော်စင်ရွှမ်မြောင် သူ့တပည့်ကို ခေါ်၍ ယခင်နေရာသို့ ရောက်ရှိလာခဲ့သည်။
မြေခွေးမိစ္ဆာလေးမှာတော့ ပတ်၀န်းကျင်ရှိ မကောင်းဆိုးဝါးဝိညဉ်များကို ကြည့်ကာ အလွန် ကြောက်လန့်နေခဲ့၏။
ထိုစဉ် သူတော်စင်ရွှမ်မြောင် ဒူးထောက်ချလိုက်ပြီး သူ့တပည့်ကိုလည်း ဒူးထောက်ဖို့ အမိန့်ပေးလိုက်သည်။
တခဏကြာသောအခါ လေပြင်းတစ်ချက် တိုက်ခတ်သွားခဲ့၏။
လက်သန်းအရွယ် ဆေးတောင့်လေးတစ်ခုသည် ဒူးထောက်နေသော သူတော်စင်ရွှမ်မြောငိ၏ ဒူးနားသို့ ကျလာလေရာ ရွှမ်မြောက် ကောက်ယူကြည့်လိုက်လေသည်။
“မင်းတပည့်ကိုတိုက်လိုက်” ကုအန်အသံထွက်ပေါ်လာခဲ့လေရာ ရွှမ်မြောင်သူ့တပည့်ကို ချက်ချင်း မြိုချခိုင်းလိုက်၏။
ဆေးသည် မြေခွေးမိစ္ဆာလေးပါးစပ်ထဲတွင် ပျော်၀င်သွားသောအခါ ရွှမ်မြောင် သူ့တပည့်လက်ကောက်၀တ်ကို စမ်းကာ အခြေအနေပြောင်းမပြောင်းစမ်းသပ်ကြည့်လိုက်သည်။ မကြာခင်တွင် သူ့တပည့်ကိုယ်ထဲ အဆိပ်များမရှိတော့သည်ကို တွေ့လိုက်သောအခါ ရွှမ်မြောင့်မျက်နှာ ပျော်ရွှင်မှုကြောင့် ၀င်းပသွားခဲ့၏။
သူမော့ကြည့်ကာ မေးလိုက်သည်။ “ကျွန်တော့်တပည့်မိနေတဲ့အဆိပ်က ဘာအဆိပ်လဲဆိုတာ သိခွင့်ရှိမလား တောင်နတ်ဘုရား”
“အဲ့တာက တခဏအဆိပ် မင်းတပည့်က တခဏပင်တွေရှိတဲ့နေရာကို သွားပြီးတခဏပန်းကို မှားစားလိုက်မိပုံပဲ” ကုအန် သစ်ကိုင်းထိပ်တွင် ထိုင်နေရင်း ပြောလိုက်၏။
ကုအန် ပုံစံကြောင့် မြေခွေးမိစ္ဆာလေး မျက်လုံးပြူးသွားခဲ့ရသည်။
ရွှမ်မြောင့်အမူ့အရာ မည်းမှောင်သွားခဲ့ကာ အံတင်းတင်းကြိတ်ပြီး ပြောလိုက်၏။
“တခဏဂိုဏ်းက အပြစ်တွေကျူးလွန်နေခဲ့တာ နှစ်တစ်ထောင်လောက်ရှိပြီ သူတို့အပြစ်ကြွေးတွေက ခွင့်မလွှတ်နိုင်စရာပဲ”
ကုအန် ပြောလိုက်သည်။ “မင်းတပည့်ကိုကယ်ပြီးပြီ မင်းသွားလို့ရပြီ မှတ်ထားနော် ငါ့တည်ရှိမှုကို အပြင်မှာထုတ်ပြောလို့မရဘူး မဟုတ်ရင် မင်းကိုငါ အလွတ်ပေးမှာ မဟုတ်ဘူး”
ရွှမ်မြောင်မော့ကြည့်လိုက်ကာ “တောင်နတ်ဘုရား ကျွန်တော့်ကို ဒီကမ္ဘာမှာ ထိပ်ဆုံးရောက်သွားစေမယ့် လျို့ဝှက်သိုင်းမျိုး သင်ပေးလို့မရဘူးလား အဲ့တာအတွက် ကျွန်တော့်မှာ ရှိသမျှအရာအားလုံးနဲ့ လဲလှယ်ဖို့ ဆန္ဒရှိပါတယ်”
အန်းဟောင်အား ရှုံးနိမ့်ခဲ့ခြင်းသည် သူတော်ရွှမ်မြောင့်ကို စွဲလန်းမှုကြီးတစ်ခု ဖြစ်သွားစေခဲ့သည်။ ထိုစွဲလန်းမှုမှာ ဤကမ္ဘာပေါ်၌ အမြင့်ဆုံး ပါရမီရှင် ဖြစ်လိုစိတ်ပင်။
ထို့ကြောင့်လည်း သူ့တောင်ကိုပြန်မသွားရဲသေးခြင်းဖြစ်သည်။ ရှုံးနိမ့်မှုေကြာင့် သူ့ညီနောင်များကို မျက်နှာပြရန် ရွှမ်မြောင် ရှက်ရွံ့နေခဲ့၏။
“ကမ္ဘာပေါ်မှာ ထိပ်ဆုံးပုဂ္ဂိုလ်တဲ့လား တကယ်လို့မင်းသာ ထိပ်ဆုံးကိုရောက်သွားခဲ့ရင် ငါ့ကိုလာမရှာနဲ့ တကယ်လို့ မင်းမရောက်ရင်တော့ မင်းကမထိုက်တန်လို့ပဲ” ကုအန် ပုံမှန်အတိုင်း ပြောလိုက်သည်။
ရွှမ်မြောင်မျက်လုံးထဲ၌ အလင်းတစ်ချက်ဖြတ်ပြေးသွားကာ သူ့မျက်နှာ ရွှန်းပသွားခဲ့၏။
တောင်နတ်ဘုရားက ငါ့ကိုမငြင်းလိုက်ဘူး!
သူဒီတိုင်းရမရ စမ်းမေးလိုက်ခြင်းသာ ဖြစ်သော်လည်း တောင်နတ်ဘုရားက သူ့ကိုမငြင်းခဲ့ပေ။
နောက်ဆုံးတွင် သုံးပါးတစ်ဆူတောင်မှ ဘယ်တပည့်မှာ အခုလိုေတာင်နတ်ဘုရားမျိုးကို မတွေ့ဖူးဘဲ ထိုကဲ့သို့အဆင့်မြင့်တည်ရှိမှုကို တွေ့ရန်ကလည်း အတော်လေး ခက်ခဲလှသည်။
ရွှမ်မြောင်ပြောလိုက်၏။ “ကျေးဇူးပြုပြီး ကျွန်တော့်ကို ညဏ်အလင်းဖွင့်ပေးပါ တောင်နတ်ဘုရား ကျွန်တော် သုံးပါးတစ်ဆူတောင်ရဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက်တာက လွဲရင် တောင်နတ်ဘုရားအတွက် အားလုံးလုပ်ပေးနိုင်ပါတယ်”
ကုအန် တွေးနေချင်ယောင်ဆောင်ကာ လက်ပိုက်ထားလိုက်ရင်း ပြောလိုက်သည်။ “ငါ့မှာမင်းကို ထိပ်ဆုံးရောက်အောင်ပို့ပေးနိုင်တဲ့ နတ်သိုင်းမျိုးရှိပါတယ် အလဲအလှယ်အနေနဲ့ မင်းက ဆန်းကြယ်နှလုံးသားအဆင့်ကျင့်ကြံသူတစ်ယောက်ကို ဆင့်ခေါ်နိုင်တဲ့ နတ်သိုင်းကို ပေးရမယ်”
ရွှမ်မြောင့်အမူအရာ ရုတ်ချည်းပြောင်းလဲသွားခဲ့၏။
တောင်နတ်ဘုရားအပေါ် သူ့လေးစားမှုလည်း ပိုတိုးသွားခဲ့သည်။
တောင်နတ်ဘုရားသည် သူ၏ တိုက်ပွဲအကြောင်း သိနေခဲ့ပုံပေါ်ပြီး သူတိုက်ပွဲဖြစ်ခဲ့သည့်နေရာမှာလည်း ဤနေရာနှင့် အတော်ဝေးသော နေရာတွင် ဖြစ်၏။
ရွှမ်မြောင်ပြောလိုက်သည်။ “ဒီသိုင်းနာမည်က မိုးထိဆန်းကျယ်ဂိတ်တံခါး လို့ခေါ်ပါတယ် အဲ့တာက အခြားသူတွေကို ဆင့်ခေါ်နိုင်ပြီး ကာကွယ်ခုိငိးလို့ ရရုံပါ ဒီတိုင်းသာမန်လူတွေကိုတော့ ထိခိုက်အောင်လုပ်လို့မရပါဘူး အဲ့ဒီသိုင်းကို အလဲအလှယ်အနေနဲ့ ပေးပါ့မယ်”
ပြောနေရင်း ရွှမ်မြောင် စာလိပ်တစ်ခုကိုထုတ်ကာ ပေးလိုက်၏။
ကုအန် လက်ဟန်တစ်ခုလုပ်ကာ စာလိပ်ကိုဆွဲယူလိုက်ပြီး နတ်အာရုံသုံး၍ စစ်ဆေးလိုက်သည်။
ထို့နောက် ရွှမ်မြောင့်ဆီသို့ စာအုပ်တစ်အုပ်ပစ်ပေးလိုက်၏။
အစွန်းကိုးပါး ယင်ယန်ခန္ဓာ!
စာလုံးငါးလုံးကို မြင်လိုက်ပြီး ရွှမ်မြောင့်မျက်လုံးများ လင်းလက်သွားခဲ့သည်။
မကြာခင်တွင် ကုအန် ထိုသိုင်းကို အဆင့်မြှင့်ဖို့ စီစဉ်ထားသောကြောင့် ထိုသိုင်း သူ့ကိုပေးလိုက်ခြင်းမှာ ကိစ္စသိပ်မရှိပေ။ ထို့အပြင် ထိုသိုင်းမှာလည်း မူရင်းက ရွက်ဝါတစ်ထောင်မျှော်စင်မှ လာခြင်း ဖြစ်၏။
ထိုသိုင်းကို တတ်မြောက်ရန် ရွှမ်မြောင် အချိန်ဘယ်လောက်ယူရမလဲဆိုတာ ကုအန် စိတ်၀င်စားနေခဲ့မိသည်။
ရွှမ်မြောင် စာအုပ်ကိုယူကာ လှန်ကြည့်နေခဲ့၏။ ကုအန်လည်း မလောဘဲ မိုးထိဆန်းကြယ်ဂိတ်တံခါး စာလိပ်ကို သိုလှောင်အိတ်ထဲ ထည့်သိမ်းထားလိုက်လေသည်။
တခဏကြာသောအခါ ရွှမ်မြောင့်လက်များ တုန်ခါလာခဲ့၏။
သူရုတ်တရက် စာအုပ်ကို ရင်ဘတ်ထဲထည့်လိုက်ကာ သိုလှောင်အိတ်ထဲမှ သစ်သားသေတ္တာ ၇ လုံး ထုတ်လိုက်လေသည်။
ထို့နောက် ပြောလိုက်၏။ “တောင်နတ်ဘုရားရဲ့ နတ်သိုင်းက ကျွန်တော့်နတ်သိုင်းထက် အများကြီး ပိုအစွမ်းထက်ပါတယ် ကျွန်တော် တောင်နတ်ဘုရားအပေါ် အခွင့်အရေးမယူနိုင်ပါဘူး အဲ့တာကြောင့် ဒီပစ္စည်းတွေကို ယူလိုက်ပါ ဒါတွေက ကောင်းကင်နဲ့မြေပြင်အောက်က အဆင့် ၇ ရတနာပစ္စည်းတွေပါ ဒါတွေနဲ့ ကျွန်တော့်ဂူကို အဆင့်မြှင့်ဖို့ စဉ်းစားထားပေမယ့် အခုတော့ တောင်နတ်ဘုရားကို ပေးပါ့မယ်”
ဟမ်!
ကုအန် ရွှမ်မြောင့်အပေါ်ပို၍ အမြင်ကောင်း ရှိသွားခဲ့ရသည်။
ထို့နောက်သူအနီးရှိ သစ်ပင်တစ်ပင်ကို ညွှန်ပြလိုက်ကာ ပြောလိုက်သည်။
“အဲ့နေရာမှာ ထားခဲ့လို့ရတယ်”
ရွှမ်မြောင်နှင့် မိစ္ဆာမြေခွေးတို့နှစ်ယောက်လုံး ကုအန်ကို အရိုအသေပေးလိုက်ကာ သစ်ပင်အောက်တွင် သေတ္တာများကို ထားခဲ့ပြီး ထွက်ခွာသွားလေတော့သည်။
ကုအန် ထွက်ခွာသွားသော သူတို့နှစ်ယောက်ပုံရိပ်ကို ကြည့်နေရင်း တွေးနေမိ၏။ “တကယ်ပဲ ကံကြမ္မာရေစက်တွေပါလား!”
ထိုစကားသည် သူနှင့် သူတော်စင်ရွှမ်မြောင်ကြား ရေစက်ကို ပြောနေခြင်းမဟုတ်ပေ။ သူတော်စင်ရွှမ်မြောင်နှင့် မြေခွေးမိစ္ဆာလေးကြားရှ်ိ ရေစက်ကို ပြောနေခြင်း ဖြစ်သည်။
ကုအန် မြေခွေးလေး၏ သက်တမ်းကို စစ်ဆေးခဲ့စဉ်က အခြေအနေကို မတွေးဘဲ မနေနိုင်ခဲ့ပေ။
[မြေအောက်ကမ္ဘာ မြေခွေးမိစ္ဆာ(စွမ်းအင်စုပ်ယူခြင်း အဆင့် ၄) :၁၄/၉၉၉/၁၄၀၀၀]
ဤသက်တမ်းအကန့်အသတ်သည် မြေအောက်ကမ္ဘာမိစ္ဆာဧကရာဇ်နှင့် တစ်ထပ်တည်းကျနေပြီး နှစ်ယောက်လုံးနာမည်တွင်လည်း မြေအောက်ကမ္ဘာဟူသော စာလုံး ပါနေလေရာ သူတို့နှစ်ယောက်သည် ဆက်စပ်မှုတစ်ခုခုရှိနေတာ သေချာပေသည်။
ထိုမြေခွေးမိစ္ဆာလေးသည် မြေအောက်ကမ္ဘာဧကရာဇ်ကိုယ်တိုင်ဖြစ်သည်ဟုပင် ကုအန် သံသယရှိမိ၏။
အပိုင်း(၁၃၄)
အဓိပတိဂိုဏ်းရဲ့ဂိုဏ်းချုပ်ဖြစ်လာရမယ်!
ကောင်းကင်သည် တိမ်ကင်းစင်နေခဲ့ကာ လေညင်းများက တိုက်ခတ်နေခဲ့ပြီး ရာသီဥတုအခြေအနေသည် စိတ်ကျေနပ်စရာ ဖြစ်နေခဲ့သည်။
တတိယတောင်ကြားတွင်
ကုအန် ဆေးပင်များခူးနေစဉ် လုလင်ကျွမ်း ကုအန်မသယ်နိုင်တော့သော ဆေးပင်များကို ကူသယ်ပေးရန် ဝါးခြင်းတစ်လုံးကို လွယ်၍ လိုက်လာခဲ့ရ၏။
“နင်က သာမန်နေ့တွေမှာ ဘာမှထူးခြားတာလည်း လုပ်တာမဟုတ်ဘဲ ငါကဘာလို့နင့်ကို ကာကွယ်ပေးနေရတာလဲ” လုလင်ကျွမ်း မကျေနပ်ဟန်ဖြင့် ပြောလိုက်သည်။
အတွင်းစည်းဂိုဏ်း အကြီးအကဲက အပြင်စည်းဂိုဏ်းတပည့်ကို ကာကွယ်ပေးနေရခြင်း!
ဤအကြောင်းသာ အပြင်သို့ပေါက်ကြားသွားပါက အပြင်စည်းအကြီးအကဲများ၏ ဂုဏ်သိက္ခာမြောင်းထဲရောက်သွားပေလိမ့်မည်။
“ကျွန်တော်အကြီးအကဲကို သာမန်နေ့တွေဆို ဘာဒုက္ခမှ မပေးဘူးမဟုတ်လား နောက်ပြီးအကြီးအကဲက အတွင်းစည်းအကြီးအကဲတစ်ယောက်ရတဲ့ အခွင့်အရေးတွေလည်း ရနေသေးတဲ့အပြင် ဆန်းကြယ်သန့်စင်ပင်အောက်မှာလည်း ကျင့်ကြံနိုင်သေးတယ် ဘယ်လောက်ကောင်းလိုက်လဲ အခြားအကြီးအကဲတွေအများကြီးက အကြီးအကဲကို အားကျနေလိမ့်မယ်” ကုအန် ပြုံးနေရင်း ပြောလိုက်၏။
ယခုအခါ သူသည် အဆင့် ၆ အပင်များကို ရိတ်သိမ်းနေခြင်းဖြစ်ပြီး တစ်ပင်ချင်းစီက သူ့ကို သက်တမ်း ၆၀ မှ ၁၀၀ကြား ရရှိစေခဲ့သည်။
စိုက်ပျိုးရခြင်းမှာ တကယ်ပင် ကျေနပ်စရာပင်။
တစ်သားတည်းဖြစ်ခြင်းအဆင့်တစ်ယောက်ကိုသတ်လျှင်ပင် သက်တမ်းမှာ ထိုမျှသာရလေရာ မည်သူက ရန်ငြှိုးအဖြစ်ခံပြီး သူတို့ကို သွားသတ်တော့မည်နည်း။
ကုအန်စကားကိုကြားသောအခါ လုလင်ကျွမ်း အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရ၏။ သို့သော်လည်း သူ့တာ၀န်က သူ့ရာထူးနှင့် မထိုက်တန်ဘူးဟု ခံစားနေရဆဲပင်။ အနည်းဆုံးတော့ လုပိုင်ထျန်းက သူ့ကိုလုံး၀ မလေးစားခဲ့ပေ။
လုလင်ကျွမ်းစိတ်ထဲ၌ ရည်မှန်းချက်အသစ်တစ်ခုကို ထားခဲ့လိုက်သည်။
ထိုရည်မှန်းချက်မှာ အဓိပတိဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်လာစေရန် ဖြစ်၏။
လုပိုင်ထျန်းကသူ့ကို ကုအန်နှင့် ချည်နှောင်ခဲ့သည်ဆိုမှတော့ သူလည်း ကုအန်နှင့် ပိုကောင်းသော ဆက်ဆံရေးတစ်ခု တည်ဆောက်ရမည် ဖြစ်သည်။
ကုအန်သည် ဂိုဏ်းထဲတွင် အတော်လေး ထင်ရှားနေသောသူဖြစ်ပြီး အထူးသဖြင့် သူ့အဆင့်မြင့်ဆေးပင်များရှိသော ဆေးဥယျာဉ်များကြောင့် သူ့ပုံရိပ်က လွှမ်းမိုးမှု ရှိနေခြင်းဖြစ်၏။
အနာဂတ်တွင် သူမသည် ကုအန်ကိုကာကွယ်ကာ ကုအန်၏ဆေးပင်များကို သုံး၍ လူပေါင်းများစွာကိုသူ့ဘက်ပါအောင် ဆွဲဆောင်ပြီး အင်အားစုတစ်ခုကို တည်ဆောက်ရမည် ဖြစ်သည်။
ထိုအကြောင်းတွေးနေရင်း လုလင်ကျွမ်းမျက်နှာပေါ်၌ ပန်းတစ်ပွင့်ပွင့်လန်းလာသလို အပြုံးပန်းတစ်ပွင့် ပေါ်လာလေရာ ကုအန် ကြက်သီးပင် ထသွားခဲ့ရ၏။
“ဒါက ဘာအပြုအမူလဲ ကျွန်တော့်ကို တိုက်ခိုက်ဖို့ စီစဉ်နေတာတော့ မဟုတ်ဘူးမလား” ကုအန် သတိထားနေဟန်ဖြင့် မေးလိုက်သည်။
လုလင်ကျွမ်းပြုံးကာ ပြန်ဖြေလိုက်၏။ “ဘယ်လိုလုပ်ငါက နင့်ကို တိုက်ခိုက်ဖို့စီစဉ်ရမှာလဲ နင့်ရဲ့အဆက်အသွယ်တွေသာမရှိရင် ဒီနေ့ငါဆိုတာ ဘယ်ရှိလာနိုင်ပါ့မလဲ”
“အဟမ်း အဟမ်း အခုဆို ကျွန်တော်အကြီးအကဲကို ဆန်းကြယ်သန့်စင်ပင်အောက်မှာ အချိန်မရွေးကျင့်ကြံခွင့်ပေးထားတယ်နော် အခုအခြေအနေက ပိုကောင်းလာတယ်မဟုတ်လား နောက်ဆုံးတော့ အဓိပတိဂိုဏ်းမှာတောင် အဆင့် ၇ အပင်ဆိုတာ ရှားပါးတဲ့အရာပဲလေ” ကုအန် လုပ်ချောင်းတစ်ချက်ဟမ့်လိုက်ပြီး ပြောလိုက်ကာ ဆေးပင်ဆက်ခူးနေခဲ့သည်။
“ဟုတ်ပါတယ် ဟုတ်ပါတယ် နင်မှန်ပါတယ် ငါနင့်အပေါ် အကြွေးတင်နေပါတယ် ငါအနာဂတ်မှာ ပြန်ဆပ်မယ်”
“ဒီလိုမှပေါ့”
ထို့နောက် လုလင်ကျွမ်း ကုအန် အလုပ်လုပ်နေခြင်းကို မနှောင့်ယှက်တော့ပေ။
မိနစ်သုံးဆယ်ခန့်ကြာသောအခါ သူတို့ ပြန်လာခဲ့ကြ၏။
လမ်းတွင် လုလင်ကျွမ်း မေးလိုက်သည်။ “တောင်ကြားသခင် ကျင့်ကြံခြင်းကို မမြှင့်ချင်ဘူးလား ရွှေစာရင်းမှာ ထိပ်ဆုံး ၅၀၀ထဲ၀င်ပုံအရ တောင်ကြားသခင်ရဲ့ ပါရမီကလည်း ဆိုးနေပုံ မပေါ်ပါဘူး တောင်ကြားသခင်က ကျင့်ကြံရတာကို မကြိုက်ရုံပါ”
ကုအန်၏ ကျင့်ကြံခြင်းမြင့်လာလေလေ သူ၏ အနာဂတ်မဟာအစီအစဉ်ကြီးအတွက် အကျိုးရှိလာလေပင်။
“မဆိုးဘူးဆိုပေမယ့်လည်း ပါရမီရှင်မဟုတ်တာတော့ သေချာပါတယ် ကျွန်တော် ထိပ်ဆုံး ၅၀၀ထဲ၀င်ခဲ့တယ်ဆိုတာကလည်း မှော်အသုံးအဆောင်ကို အားကိုးခဲ့လို့ပါ ကျွန်တော့်ကို မဖျောင်းဖျပါနဲ့တော့ ကျွန်တော် အသက် ၈၀၀ ၉၀၀ လောက် နေခဲ့ရမယ်ဆိုရင်တောင် ကျွန်တော့်ဘ၀ရဲ့ သက်တမ်းအတော်များများကို ကျင့်ကြံမှသာ အဲ့လောက်ထိရနိုင်လိမ့်မယ် အဲ့လိုဆိုရင် ကျွန်တော်က ဘ၀ကို ဒီတိုင်းလေးပဲ ပျော်အောင်နေလိုက်တာ ပိုမကောင်းဘူးလား ကျွန်တော့်ပါရမီက အကြီးအကဲလို အံ့အားသင့်စရာ မကောင်းနေမှတော့ မကျင့်ကြံတာ အကောင်းဆုံးပါပဲ” ကုအန် ပြောလိုက်ရာ လုလင်ကျွမ်းပင် အနည်းငယ် တွေဝေသွားခဲ့သည်။
တက်လှမ်းသူတစ်ယောက်အနေနှင့် သူမသည် လူပေါင်းများစွာကို မြင်ဖူးပြီးဖြစ်ပြီး ထိုလူများထဲတွင် တစ်သက်လုံးကြိုးစား၍ ကျင့်ကြံသော်လည်း ကံကြမ္မာမှ မလွတ်မြောက်သူများလည်း ပါ၀င်ကြ၏။
မရေတွက်နိုင်သော လူများသည် တစ်ဘ၀လုံးကြိုးစား၍ ကျင့်ကြံကြသော်လည်း နောက်ဆုံးတွင် ကံကြမ္မာကို မရှောင်လွှဲနိုင်ဘဲ ကပ်ဘေးကျဆုံးခြင်း ကလဲ့စားခြေခံရခြင်း အတွင်းမိစ္ဆာထခြင်းကဲ့သို့သော ပုံစံအမျိုးမျိုးဖြင့် သေဆုံးနေရဆဲ ဖြစ်သည်။
သူမကိုယ်သူမ ပြန်စဉ်းစားကြည့်လျှင်ပင် သူမဘ၀တွင် ဤလူကဲ့သို့ ပျော်ရွှင်ရသည့် အခိုက်အတန့်မျိုး ဘယ်လောက်များ ရှိခဲ့ပါသနည်း။
ထိုအခိုက်တွင် လုလင်ကျွမ်း စိတ်ထဲတွင် ကုအန်ပုံရိပ်မှာ စတင်ပြောင်းလဲလာခဲ့၏။
ကုအန်၏ ကျင့်ကြံခြင်းမှာ နိမ့်ကျသော်လည်း သူ့တွင် ညဏ်အလင်းတစ်မျိုးရှိနေပြီး လောကကြီးအပေါ်သူ့အမြင်က အခြားသူများယှဉ်နိုင်ဖို့ ခက်ခဲသော အရာ ဖြစ်ပေသည်။
လုလင်ကျွမ်း ကုအန်အနား အနည်းငယ်ပိုကပ်လိုက်ပြီး မေးလိုက်၏။
“တောင်ကြားသခင်ဒါဆို ငါရော နင့်ဆီက သင်ယူသင့်လား”
“ကျွန်တော့်ဆီက သင်ဖို့လား မဟုတ်တာ အကြီးအကဲရဲ့ ကျင့်ကြံခြင်းအဆင့်က အကြီးအကဲကြိုးစားကျင့်ကြံသင့်ကြောင်း ပြနေတာပဲလေ တကယ်တော့ ဘ၀ဆိုတာ ကြိုးစားနေခြင်းပါပဲ ကျွန်တော်က ပါရမီမရှိလို့ စိတ်ချမ်းချမ်းသာသာနေရဖို့ ကြိုးစားတယ် ပါရမီရှိတဲ့လူတွေကတော့ စိတ်ချမ်းသာအောင် ကြိုးစားကြရမှာပေါ့” ကုအန် လက်တန်းပြောလိုက်လေသည်။ ကုအန် ဘယ်သူ့ကိုမှ သူ့ကိုအားကျပြီး သူ့လိုနေခွင့် မပြုနိုင်ပေ။ သူသည် စနစ်ရှိနေပြီး သက်တမ်းများ ရိတ်သိမ်း၍ ရ၍ အခုလို နေနေနိုင်ခြင်းဖြစ်ပြီး အခြားသူများကတော့ သူ့လို နေလို့ရမည် မဟုတ်ပေ။
သူ့ငြင်းဆိုနေမှုမှာ သူ့လျှို့ဝှက်ချက်ကို ဖုံးကွယ်နိုင်ရန်သာဖြစ်ပြီး အခြားသူများကို လမ်းညွှန်ပြသနေခဲ့ခြင်း မဟုတ်ပေ။
ထိုစကားကိုကြားသောအခါ လုလင်ကျွမ်း ကုအန်ကို ပို၍ပင် လေးစားသွားခဲ့၏။
ဤသို့ဖြင့် သူတို့နှစ်ယောက်စကားတပြောပြောဖြင့် ပြန်လာခဲ့ကြသည်။
ညနေမတိုင်ခင်တွင် ကုအန် ဆန်းကြယ်ကောင်းကင်ဂူဗိမာန်သို့ ထပ်ရောက်လာခဲ့ပြန်၏။
ကုအန် ရွှမ်မြောင်အား နတ်သိုင်းတစ်ခုပေးလိုက်သည့် ညသည် တစ်ရက်ကျော်သွားခဲ့ပြီ ဖြစ်သည်။
ဤညတွင် ကုအန် ဂူဗိမာန်ထဲ၌ ရွှမ်မြောင်ပေးခဲ့သော အဆင့် ၇ ဆေးပင်များကို စိုက်ပျိုးနေခဲ့သည်။
ဤမျိုးစေ့များသည် အဆင့်မြင့်အပင်များဖြစ်သောကြောင့် ကြီးပြင်းလာရာတွင် အမှားတစ်ခုခုဖြစ်မသွားစေရန် ကုအန် ဂူထဲသို့ နေ့တိုင်းလာရန် လိုအပ်၏။
စစ်ဆေးပြီး ဘာမှမှားမနေတာ သေချာမှသာ ကုအန် မျက်နှာပေါ် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
ဤဂူထဲသို့ နေ့တိုင်းလာ၍ စစ်ဆေးရမည်ဖြစ်သော်လည်း ပင်ပန်းရမည့်အစား ကုအန်မျက်နှာတွင် စိတ်အားထက်သန်နေသော အမူအရာတစ်ခုသာ ရှိနေခဲ့၏။
သူနောက်တစ်ကြိမ် အဆင့်ချိုးဖျက်ပြီးလျှင် တစ်နေရာရှိ ဂူအသစ်တစ်ခုထဲတွင် ဆေးပင်များစိုက်ပြီး ထိုဆေးပင်များကို ကြီးကြပ်ရန် တပည့်များလည်း ခန့်ထားမည် ဖြစ်သည်။
သို့သော် ထိုအရာမှာ သူအဆင့်ချိုးဖျက်ပြီးမှ ဖြစ်မည့်ကိစ္စဖြစ်၏။
ကောင်းကင်ဂူဗိမာန်နှင့် မိုင်ပေါင်းများစွာဝေးသော တောအုပ်တစ်ခုထဲရှိ တာအိုကျောင်းထဲတွင်
သူတော်စင်ရွှမ်မြောင် ဆေးမီးဖိုတစ်ခုရှေ့တွင် ထိုင်ကာ အစွန်းကိုးပါးယင်ယန်ခန္ဓာကို ကျင့်ကြံနေခဲ့ပြီး သူ့ကိုယ်ထက်၌ အစိမ်းရောင် မိစ္ဆာချီများ ရစ်သိုင်းနေခဲ့သည်။
ဒေါက် ဒေါက်…
ထိုစဉ် တံခါးခေါက်သံထွက်ပေါ်လာရာ သူတော်စင်ရွှမ်မင် မျက်လုံးမဖွင့်ဘဲ ပြောလိုက်၏။
“၀င်ခဲ့”
သူ့စကားဆုံးသည်နှင့် မြေခွေးမိစ္ဆာတံခါးကို တွန်းဖွင့်၍ ၀င်လာခဲ့သည်။
ထို့နောက် ရွှမ်မြောင့်ရှေ့တွင် ဒူးထောက်ကာ ပြောလိုက်၏။
“ဆရာ ကျွန်တော်အိပ်မက်ဆိုးတစ်ခု မက်ခဲ့တယ်”
“ဘာအိပ်မက်ဆိုးလဲ”
“ကျွန်တော်ကောင်းကင်ကြီး စုတ်ပြဲပြီး အထဲက မရေတွက်နိုင်လောက်တဲ့ မိစ္ဆာတွေ ကျင့်ကြံသူတွေထွက်လာပြီး မြေပြင်ပေါ်က သက်ရှိမှန်သမျှကို သတ်ဖြတ်သွားတာကို မက်ခဲ့တာ နောက်ပြီး လူမျက်နှာပုံပါတဲ့ သစ်ပင်ကြီးတစ်ပင်ကိုလည်း မြင်ခဲ့သေးတယ်…”
မြေခွေးမိစ္ဆာပြောနေရင်း ကြောက်ရွံ့မှုကြောင့် သူ့အသံ တုန်ရီနေခဲ့သည်။
ရွှမ်မြောင်မျက်လုံးပွင့်လာရာ သူ့ကိုယ်ပေါ်ရှိ မိစ္ဆာချီများ ပျောက်ဆုံးသွားခဲ့၏။ ထို့နောက် သံလိုက်အိမ်မြောင်ကိုထုတ်ကာ မှော်သိုင်းများ သုံးလိုက်လေသည်။
မြေခွေးမိစ္ဆာရွှမ်မြောင့် လှုပ်ရှားမှုများကို သေချာကြည့်ရှုနေခဲ့၏။
ထိုစဉ် သံလိုက်အိမ်မြောင် အလင်းတန်းများတောက်ပလာခဲ့ပြီး ကြယ်အသေးလေးများ သံလိုက်အိမ်မြောင်ပေါ်သို့ တက်လာခဲ့ကြသည်။ ရွှမ်မြောင် မြေခွေးမိစ္ဆာ နှဖူးအား ထောက်၍ အထဲမှ အလင်းမျှင်လေးတစ်စကို ဆွဲထုတ်လိုက်၏။ ထို့နောက် ထိုအလင်းမျှင်ကို သံလိုက်အိမ်မြောင်ပေါ် တင်လိုက်လေသည်။
ဝုန်းးးး
သံလိုက်အိမ်မြောင်ပေါ်ရှိ ကြယ်အသေးလေးများ ပေါက်ကွဲထွက်ကုန်ကာ သံလိုက်အိမ်မြောင်ပေါ်တွင် မြေခွေးမိစ္ဆာမြင်ခဲ့သော အိပ်မက်ထဲမှ ပုံရိပ်များ ပြန်လည်ထွက်ပေါ်လာခဲ့၏။
ပုံရိပ်ယောင်ထဲတွင် ကောင်းကင်ကစုတ်ပြဲနေကာ တောင်တန်းများ သစ်တောများပေါ်တွင် အနက်ရောင်အက်ကွဲကြောင်းကြီးများ ရှိနေခဲ့သည်။ မိစ္ဆာများ ကျင့်ကြံသူများက ထိုအက်ကွဲကြောင်းများထဲမှ ထွက်ပေါ်လာနေခဲ့ကြပြီး မြေပြင်ပေါ်ရှိ အရာမှန်သမျှကို သတ်ဖြတ်သွားကာ သူတို့ဖြတ်သွားသမျှနေရာတိုင်းတွင် သက်ရှိများမှာ အရိုးများသာ ကျန်ရစ်ခဲ့၏။
ထိုကြောက်စရာမြင်ကွင်းက သူတော်စင်ရွှမ်မြောင်၏ မျက်ခုံးများကို တွန့်ကွေးသွားစေခဲ့သည်။
တခဏကြည့်ပြီးသောအခါ ပုံရိပ်ယောင်ထဲတွင် မြောက်ပင်လယ်ကို တွေ့လိုက်ရ၍ သူ့အမူအရာ ရုတ်ချည်းပြောင်းလဲ သွားခဲ့၏။
အချိန်အတန်ကြာသောအခါ
ရွှမ်မြောင် တာအိုကျောင်းဆောင်အပြင်ဘက်ရှိ ခြံ၀န်းထဲထွက်လာကာ အဝါရောင်စာရွက်အပိုင်းအစတစ်ခုကိုထုတ်လိုက်ပြီး ထိုပေါ်တွင် များစွာသော မျဉ်းကြောင်းများဆွဲလိုက်ပြီး စာရွက်ကို သူ့စိတ်ဝိညဉ်စွမ်းအားသုံး၍ မီးရပစ်လိုက်သည်။
အဝါရောင်စာရွက် ပြာအဖြစ်ပြောင်းလဲသွားခဲ့ကာ အလင်းတစ်ချက်တောက်သွားပြီး ပျောက်ကွယ်သွားခဲ့၏။
သူ့နောက်မှ မြေခွေးမိစ္ဆာမေးလိုက်သည်။
“ဆရာ ကျွန်တော်တို့ ဘာလုပ်ကြမှာလဲ”
“ငါဂိုဏ်းကို စာပို့ပြီးသွားပြီ”
“အဲ့တာ ဆရာခဏခဏပြောနေတဲ့ သုံးပါးတစ်ဆူတောင်လား”
“မှန်တယ်”
“ဆရာ ကျွန်တော့်ကိုဘယ်တော့ သုံးပါးတစ်ဆူတောင်ကို ခေါ်သွားမှာလဲ”
“ကြိုးကြိုးစားစား ကျင့်ကြံ သုံးပါးတစ်ဆူတောင်မှာ အပြင်စည်းဂိုဏ်းကျင့်ကြံသူဖြစ်ချင်ရင်တောင် စမ်းသပ်မှုတွေ အများကြီး ကျော်ဖြတ်ရတာ မင်းကျင့်ကြံခြင်းက မလုံလောက်သေးဘူး”
သူတော်စင်ရွှမ်မြောင် မြေခွေးမိစ္ဆာကို ပြောပြီးသည်နှင့် တာအိုကျောင်းထဲမှ ထွက်ခွာသွားခဲ့၏။
လရောင်သည် သစ်ရွက်များကိုဖြတ်၍ မြေခွေးမိစ္ဆာ၏ မျက်နှာပေါ် ကျရောက်နေခဲ့သည်။ သူ ရွှမ်မြောင်ထွက်ခွာသွားရာ အရပ်ကိုကြည့်နေရင်း အပြစ်ကင်းလှသော သူ့မျက်နှာသည် တည်တံ့သွားခဲ့ကာ သူ့မျက်လုံးထဲတွင် အေးစက်စက်အလင်းတစ်ချက် လက်သွားခဲ့၏။
“တောင်နတ်ဘုရား ဟမ့်…”
…..
ဆန်းကြယ်ကောင်းကင်ဂူဗိမာန်ထဲတွင် ကုအန်လက်ထဲတွင် အဆောင်စာရွက်တစ်ရွက်ကို ကိုင်ထားရင်း သူ့ရုပ်တည်သွားခဲ့သည်။
[မြေအောက်ကမ္ဘာမြေခွေးမိစ္ဆာသည် သင့်ကို သင်၏ ခွန်အားကို သတိထားမိသွား၍ ရန်ပြုလိုစိတ်ရှိနေပါသည် သက်တမ်းစစ်ဆေးခြင်း အသုံးပြုလိုပါသလား]
သတိထားမိသွားတာ!
သူ့ရန်ပြုလိုစိတ်က ဘယ်လောက်များလဲ!
ငါသူ့ကို သတ်လိုက်သင့်လား!
မြေအောက်ကမ္ဘာမြေခွေးမိစ္ဆာ၏ သက်တမ်း ၁၄၀၀၀ ကိုတွေးမိပြီး ကုအန် စိတ်မသက်မသာ ဖြစ်သွားခဲ့ရသည်။
မိစ္တာများသည် ပုံမှန်အားဖြင့် လူသားများထက် သက်တမ်းအများကြီးပိုများသော်လည်း သက်တမ်း ၁၀၀၀၀ပြည့်လျှင်ပင် မဟာမိစ္ဆာဟု သတ်မှတ်၍ ရနေပြီ ဖြစ်သည်။ သက်တမ်း ၁၄၀၀၀ မှာ အတော်လေးများသော ပမာဏ ဖြစ်၏။
ကုအန် တွေးနေရင်း သူတော်စင်ရွှမ်မြောင်သူ့ဆီ လာနေသည်ကို အာရုံခံလိုက်မိသည်။
ထို့ကြောင့် သူ သူတော်စင်ရွှမ်မြောင်နှင့် တွေ့ပြီးမှ ဆုံးဖြတ်တော့မည်ဟု စဉ်းစူးထားလိုက်သည်။
မိနစ်သုံးဆယ်ခန့်ကြာသောအခါ
သူတော်စင်ရွှမ်မြောင် တောထဲရောက်လာပြီး ဒူးထောက်ချလိုက်ကာ အော်ပြောလိုက်၏။
“ကျွန်တော့်မှာ တောင်နတ်ဘုရား၀င်ပါဖို့လိုတဲ့ ကိစ္စတစ်ခုရှိနေပါတယ်”
သူပြောပြီးသည်နှင့် တောင်နတ်ဘုရားက သူ့အနီးရှိ သစ်ကိုင်းတစ်ခုပေါ်တွင် ပေါ်လာခဲ့ရာ ရွှမ်မြောင် တောင်နတ်ဘုရား၏ နတ်အာရုံကို အထင်ကြီးမိသွားသည်။
ကုအန် ဘာမှမပြောခင်တွင် ရွှမ်မြောင် သံလိုက်အိမ်မြောင်ကိုထုတ်ကာ သူ့တပည့်မက်ခဲ့သော အိပ်မက်ကို ပြန်ပြလိုက်၏။
အိပ်မက်ကို ပြန်ပြပြီးသောအခါ ရွှမ်မြောင်ပြောလိုက်သည်။
“အိပ်မက်ထဲမှာ မြောက်ပင်လယ်ပါနေပါတယ် အဲ့တာကြောင့် ဒီကပ်ဘေးက မြောက်ပင်လယ်တောင်တန်းဒေသကနေ အစပြုခဲ့တာ ဖြစ်နိုင်ပါတယ်”
ကုအန် ကြိတ်၍ကျိန်ဆဲလိုက်မိသည်။
လာပြန်ပြီ ဒီတခဏဂိုဏ်း!
အိပ်မက်ထဲတွင် ကုအန် တခဏပင်ကို မြင်ခဲ့ရ၏။ ကြည့်ရသည်မှာ ပင်မတခဏဂိုဏ်းက မင်းဆက်ကိုးခုကို တိုက်ခိုက်ဖို့ ပြင်ဆင်နေပုံပင်။
တခဏပင်က ဘယ်နှစ်ပင်တောင် ရှိနေတာလဲ!
သူ့လယ်သမားဘ၀လေးကို မနှောင့်ယှက်နိုင်ဖို့ ကုအန် တခဏဂိုဏ်းတစ်ခုလုံးကို အမြစ်ပြတ်သုတ်သင်ပစ်ဖို့ပင် တွေးမိသွားခဲ့သည်။
သို့သော် ထိုမတိုင်ခင် ကုအန် မြေအောက်ကမ္ဘာမြေခွေးမိစ္ဆာကို သင်ခန်းစာတစ်ခုပေးဖို့ ပြင်လိုက်၏။
“မင်းတပည့်က သာမန်လူမဟုတ်ဘူး သူက ကျိန်စာလား ကောင်းချီးလားဆိုတာတော့ ပြောရခက်တယ်” ကုအန် ပျင်းရိနေဟန်ဖြင့် ပြောလိုက်သည်။
ထိုစကားကိုကြားသောအခါ ရွှမ်မြောင့်မျက်နှာ ဖြူဖျော့သွားခဲ့၏။
သူတစ်ခုခုကို သတိရသွားဟန်ဖြင့် နှဖူးတွင်ပင် ချွေးအေးများ ထွက်လာခဲ့သည်။
ကုအန်လည်း ထူးဆန်းသွားမိသည်။
သူ့စကားက ထိုမျှ သက်ရောက်မှု ရှိသွားခြင်းပေလော။
သူတော်စင်ရွှမ်မြောင်တစ်ခါက သူ့ဆရာပြောဖူးသည်ကို ပြန်သတိရသွားမိ၏။
“ရွှမ်မြောင် မင်းဘ၀မှာ ကပ်ဘေးကိုးခုကိုကြုံရမယ် ကပ်ဘေးတိုင်းက သေခြင်းရှင်ခြင်းကိုဆုံးဖြတ်ပေးရလောက်အောင် အရေးကြီးပြီး ကပ်ဘေးတွေက မင်းရဲ့ ဆက်ဆံရေးတွေကနေပဲ ဖြစ်လာလိမ့်မယ် ကပ်ဘေးတွေကို ရှောင်ပြေးလို့လည်းမရဘူး ဖယ်ရှားလို့လည်းမရဘူး အားလုံးကိုချိုးဖြတ်နိုင်မှသာ မင်းနိဗာနကို ရောက်နိုင်လိမ့်မယ်”
သူကုအန်ကိုမော့ကြည့်လိုက်ကာ သူ့အကြည့်က လေးစားမှုများဖြင့် ပြည့်နေခဲ့သည်။
တကယ့် တောင်နတ်ဘုရားအစစ်ပဲ ကံကြမ္မာကိုတောင် မြင်နိုင်တယ်!
ထို့နောက် သူအသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ဖြည်းဖြည်းချင်းထရပ်လိုက်ပြီး ကုအန်ကိုအရိုအသေပေးရင်း ပြောလိုက်သည်။
“လမ်းညွှန်ပေးလို့ ကျေးဇူးတင်ပါတယ် တောင်နတ်ဘုရား ကျွန်တော်ဂရုစိုက်လိုက်ပါ့မယ်”
ပြောပြီးသည်နှင့် သူလှည့်ထွက်သွားခဲ့၏။
ကုအန် ခေါင်းစောင်းသွားခဲ့ကာ မျက်နှာဖုံးအောက်ရှိ သူ့မျက်နှာတွင် ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်သွားခဲ့သည်။