← Chapters

အခန်း (၁၃၅-၁၃၆)

Vol. 11 Ch. 135-136

အခန်း (၁၃၅-၁၃၆)

Vol. 11 Ch. 135-136

အပိုင်း(၁၃၅)

မြေအောက်ကမ္ဘာနယ်မြေကိုးခု၊ ကောင်းကင်အောက်က မဟာဖရိုဖရဲဖြစ်မှု (၁)

ဆန်းကြယ်ကောင်းကင်ဂူဗိမာန်သို့ ပြန်ရောက်လာသောအခါ လေ့ကျင့်လက်စ အစီအရင် ၀င်္ကပါများလေ့ကျင့်နေခြင်းအပေါ် အာရုံမရှိတော့ဘဲ သူ့အာရုံက သူတော်စင်ရွှမ်မြောင်နှင့် မြေခွေးမိစ္ဆာတို့ကြားထဲရှိ ပြဇာတ် ဇာတ်လမ်းလေးဆီ ရောက်ရှိနေခဲ့သည်။

မျှော်လင့်ထားသလိုပင် သူတော်စင်ရွှမ်မြောင် တာအိုကျောင်း သို့ပြန်ရောက်သောအခါ ရွှမ်မြောင်နှင့် မြေခွေးမိစ္ဆာတို့ကြား အငြင်းပွားမှု တစ်ခု စတင်ပေါ်ပေါက်လာခဲ့၏။

ညဉ့်အမှောင်ထုအောက်တွင် မိုးကသည်းထန်စွာ ရွာသွန်းနေသောကြောင့် မိုးသံမှလွဲ၍ ပတ်၀န်းကျင်ရှိ အခြားအသံများသည် ထွက်ပေါ်မလာနိုင်ခဲ့ပေ။

မိုးသည်းည၌ သူတော်စင်ရွှမ်မြောင် လက်ထဲတွင် ရတနာဓားကို ကိုင်ကာ မြေအောက်ကမ္ဘာမြေခွေးမိစ္ဆာကို သူ့ မူလသရုပ်မှန်အကြောင်း မေးခွန်းထုတ်နေခဲ့သည်။

မြေအောက်ကမ္ဘာမြေခွေးမိစ္ဆာမှာတော့ ကြောက်ရွံ့နေဟန်ဖြင့် သူ့ဒဏ်ရာအပြင်းအထန်ရခဲ့၍ သူ့မူလသရုပ်မှန်ကို မေ့သွားပြီး သူတော်စင်ရွှမ်မြောင်ကသာ သူ့ကို မကယ်တင်ခဲ့ပါက သူသည် အခြားမိစ္ဆာတစ်ကောင်ကောင်လက်ထဲတွင် သေရမှာ ဖြစ်ကြောင်း ရှင်းပြနေခဲ့သည်။

ဆရာနှင့်တပည့်သည် မိုးသည်းည‌ေအာက်တွင် အချေအတင်ပြောဆိုနေခဲ့ကြ၏။ တခဏကြာ ငြင်းခုန်ပြီးသောအခါ သူတော်စင်ရွှမ်မြောင် သူ့ကပ်ဘေးကျော်ဖြတ်ခြင်း အကြောင်းကိုတွေးမိပြီး သည်းမခံနိုင်တော့ပုံဖြင့် မြေခွေးမိစ္ဆာကို ခုတ်ပိုင်းရန် ရတနာဓားကို ညာလက်ဖြင့် မြှောက်လိုက်လေသည်။

မြေခွေးမိစ္ဆာလည်း ကြောက်လန့်တကြား ထွက်ပြေးသွားကာ တောင်းပန်နေခဲ့သော်လည်း ရွှမ်မြောင့် မျက်လုံးထဲတွင် သနားကြင်နာစိတ် တစ်ပိုင်းတစ်စပင် ပေါ်မလာခဲ့ပေ။

ကုအန် သူတော်စင်ရွှမ်မြောင့်ကိုယ်ထဲတွင် မိစ္ဆာချီ တစ်ပိုင်းတစ်စကို အာရုံခံလိုက်မိသည်။ ဤမိစ္ဆာချီသည် ရွှမ်မြောင်၏ ယခုအချိန်တွင် မိစ္ဆာလမ်းစဉ်အပေါ် ယိမ်းယိုင်နေမှုကြောင့် ထွက်ပေါ်လာသော မိစ္ဆာချီလော အစွန်းကိုးပါးယင်ယန်ခန္ဓာကို လေ့ကျင့်၍ ထွက်လာသော မိစ္ဆာချီလားဆိုတာကိုတော့ ကုအန် သေချာမသိပေ။

နောက်ဆုံးတွင်တော့ မြေအောက်ကမ္ဘာမြေခွေးမိစ္ဆာ ဆက်ဟန်ဆောင်မနေနိုင်တော့ဘဲ သူ့ကိုယ်မှ အားကောင်းသော မိစ္ဆာစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာကာ မိစ္ဆာစွမ်းအင်များကိုသုံး၍ မိစ္ဆာအရိပ် တစ်ခုကို ဖန်တီးလိုက်လေသည်။ ကြည့်ရသည်မှာ ဆင့်ခေါ်‌မှော်သိုင်းကွက် တစ်ခုနှင့် တူနေ၏။

ထိုမိစ္ဆာအရိပ်သည် ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် ၉ တွင်ရှိလေရာ မြေအောက်ကမ္ဘာမြေခွေးမိစ္ဆာသည် မြေအောက်ကမ္ဘာမိစ္ဆာသခင်သာ ဖြစ်မှန်း ကုအန် ခန့်မှန်းလိုက်မိသည်။

နတ်အသွင် ပြောင်းလဲခြင်းအဆင့်သာ ရှိသေးသော သူတော်စင်ရွှမ်မြောင်အနေနှင့် ရိုးရှင်းစွာပင် ဟင်းလင်းပြင်ဖြတ်ကျော်ခြင်းအဆင့် မိစ္ဆာကို အနိုင်မယူနိုင်ပေ။ ထိုအခြေအနေတွင် သူတော်စင်ရွှမ်မြောင် မိုးထိဆန်းကြယ်ဂိတ်တံခါးကို ထပ်မံအသုံးပြုလိုက်ကာ ဆန်းကြယ်နှလုံးသားအဆင့် ကျင့်ကြံသူကြီးကို ဆင့်ခေါ်လိုက်‌၏။

ဆန်းကြယ်နှလုံးသားအဆင့် ကျင့်ကြံသူ တစ်ချက် လှုပ်ရှားလိုက်သည်နှင့် မိစ္ဆာအရိပ်ပြိုကွဲသွားခဲ့ရကာ ထိုအခွင့်အရေးကိုယူပြီး မြေခွေးမိစ္ဆာ ဖနှောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် ထွက်ပြေးလေတော့သည်။

ထိုအခိုက်တွင် ရုတ်တရက် ရွှမ်မြောင့်စိတ်ထဲ၌ သနားကြင်နာစိတ်လေးတစ်ခု၀င်လာမိပြီး သူ့နှလုံးသား ပြန်လည်ပျော့ပြောင်းသွားခဲ့ကာ ဆင့်ခေါ်ထားသော ဆန်းကြယ်နှလုံးသားအဆင့် ကျင့်ကြံသူကြီးကို ‌မြေခွေးမိစ္ဆာအသက်ကို ချမ်းသာပေးဖို့ ပြောလိုက်၏။

မိုးထိဆန်းကြယ်ဂိတ်တံခါး ပျောက်ကွယ်သွားသောအခါ သူတော်စင်ရွှမ်မြောင် သွေးချောင်းများ အဆက်မပြတ် ဆိုးလိုက်ရသည်။

ကြည့်ရသည်မှာ မိုးထိဆန်းကြယ်ဂိတ်တံခါး ကိုသုံးဖို့ ပေးဆပ်ရသည့်တန်ဖိုးမှာ မသေးသည့်ပုံပင်။

တကယ့် စိတ်လှုပ်ရှားစရာ အချေအတင်ဖြစ်မှုပါလား!

ကုအန် ၀တ္ထုတစ်အုပ်ကို ဖတ်နေရသလို ခံစားနေခဲ့ရသည်။

[မြေအောက်ကမ္ဘာမြေခွေးမိစ္ဆာသည် သင့်အား အရိုးစွဲအောင် မုန်းတီးသွားပါသည် သက်တမ်းစစ်ဆေးခြင်းကို အသုံးပြုလိုပါသလား]

ရောက်လာပြီ!

အလုပ်လုပ်ဖို့ အချိန်ပဲ!

ကုအန် ထရပ်လိုက်ကာ အပျင်းကြောတစ်ချက် ဆန့်လိုက်လေသည်။

……

တောအုပ်ထဲတွင် မြေခွေးမိစ္ဆာ အမြန်ပြေးနေခဲ့၏။ ရွာသွန်းနေသော မိုးစက်များအောက်တွင် သူ့ပုံစံမှာ အတော်လေး စုတ်ပြတ်နေခဲ့သည်။

သူပြေးလာသည်မှာ အချိန်ဘယ်လောက်ကြာသွားသည်မှန်းပင် သူမသိတော့ဘဲ သစ်ပင်ကြီးတစ်ပင်အောက်သို့ ရောက်သောအခါမှ ရပ်လိုက်မိပြီး သူ့ခါးရှိ ဒဏ်ရာကို လက်ဖြင့် အုပ်ကိုင်လိုက်ကာ သူ့မျက်နှာသည် ကြမ်းကြုတ်လိုဟန် ပြောင်းလဲသွားခဲ့၏။

“တောင်နတ်ဘုရား….သေစမ်းကွာ ငါအောင်မြင်ခါနီးမှ…”

‌မြေအောက်ကမ္ဘာမြေခွေးမိစ္ဆာ ခပ်တိုးတိုးရေရွတ်လိုက်ကာ သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ဆန္ဒများ ပြည့်နှက်သွားခဲ့သည်။

သူတောင်နတ်ဘုရားဆိုတာမျိုးကို လုံး၀ အယုံအကြည်မရှိပေ။ ထိုလူအသေးလေးသည် သူ့ကိစ္စကို နှောင့်ယှက်လိုသော တစ်ယောက်ယောက်က ပုံစံပြောင်းထားခြင်းဟူ၍သာ သူထင်၏။ ဘယ်လိုပင် ဖြစ်စေ သူ့သုံးပါးတစ်ဆူတောင်ကို ဝင်ခွင့်ရဖို့ အခွင့်အရေးကို ဖျက်ဆီးရဲခဲ့သူဖြစ်လေရာ သူကလဲ့စားချေကို ချေရမည်ဟု ဆုံးဖြတ်ထားခဲ့သည်။

“ငါ့အကြောင်းပြောနေတာလား” ရုတ်တရက် အသံတစ်သံ သူ့နားနားတွင်ကပ်၍ ပေါ်ထွက်လာသောကြောင့် မြေခွေးမိစ္ဆာ လှည့်ကြည့်လိုက်မိရာ သူ့ပုခုံးပေါ်တွင်ရပ်နေသော ပြဇာတ်မျက်နှာဖံုးတစ်ခုကို ၀တ်ဆင်ထားသည့် အဖြူရောင် ပုံရိပ်လေးတစ်ခုကို တွေ့လိုက်ရ၏။

သူမတုန့်ပြန်နိုင်လိုက်ခင်မှာပင် နတ်အာရုံတစ်ခုက သူ့ကိုယ်ထဲ ထိုးဖောက်၀င်ရောက်လာခဲ့သည်။

ဟမ့်!

ဒီတော့ မင်းကဒီမှာပေါ့!

ကုအန် နတ်အာရုံ မြေအောက်ကမ္ဘာမြေခွေးမိစ္ဆာကိုယ်ထဲဖောက်၀င်သွားသောအခါ သူ့ကိုယ်ထဲရှိ စိတ်ဝိညဉ်ထဲတွင် ပုန်းအောင်းနေသော နောက်ထပ် မူလဝိညဉ်တစ်ခုကို တွေ့လိုက်ရ၏။

မြေအောက်ကမ္ဘာ မိစ္ဆာဧကရာဇ်!

ထိုကောင်သည် မဟာယနကျင့်ကြံသူတစ်ယောက်ကိုပင် သတိမထားမိနိုင်လောက်အောင် ပုန်းအောင်းနေနိုင်လေရာ အတော်လေး ကြောက်စရာကောင်းလှသည်။

ကံဆိုးစွာဖြင့် သူသည် ကုအန်အပေါ် သတ်ဖြတ်လိုစိတ် ဖြစ်ပေါ်သွားမိခဲ့၏။

ထို့နောက် ကုအန် ဝိညဉ်ချုပ်သိုင်းကိုသုံးကာ မြေအောက်ကမ္ဘာမိစ္ဆာဧကရာဇ်၏ ဝိညဉ်ကို စတင်ရှာဖွေတော့သည်။

မြေအောက်ကမ္ဘာမိစ္ဆာဧကရာဇ်၏ မှတ်ညဏ်များမှာ အလွန်ကျယ်ပြန့်လှသောကြောင့် ကုအန် အကုန်လုံးကိုမကြည့်တော့ဘဲ လွန်ခဲ့သော နှစ်ရာဂဏန်းလောက်ကိုသာ ကြည့်ရှုခဲ့၏။ ရှာဖွေကြည့်ရှုပြီးသောအခါ နောက်ဆုံးတွင် ကုအန် မြေအောက်ကမ္ဘာမိစ္ဆာဧကရာဇ်၏ သရုပ်မှန်ကို နားလည်သွားခဲ့သည်။

မြေအောက်ကမ္ဘာမိစ္ဆာဧကရာဇ်သည် မြေအောက်ကမ္ဘာလမ်းကိုးသွယ်မှ လာခဲ့သူဖြစ်ရာ မြေအောက်နယ်မြေကိုးခု တွင် တခဏဂိုဏ်း၏ ညှင်းပန်းနှိပ်စက်မှုများကို အချိန်အတော်ကြာ ခံခဲ့ရသူ ဖြစ်၏။ လွန်ခဲ့သော နှစ်နှစ်ရာကမှ တခဏဂိုဏ်း၏ မြေအောက်ကမ္ဘာလမ်းကိုးသွယ်ကို ဖွင့်လှစ်လိုက်မှုကိုအခွင့်ကောင်းယူကာ မင်းဆက်ကိုးခုသို့ ထွက်ပြေးလာခဲ့သူ ဖြစ်သည်။

ထို့နောက် နှစ်ပေါင်းနှစ်ရာကျော် သူမင်းဆက်ကိုးခုလုံး၏ ဂိုဏ်းများကို လှည့်ပတ်ကြည့်ရှုနေခဲ့၏။ နောက်ဆုံးတွင် ထိုဂိုဏ်းများအားလုံးထဲတွင် သုံးပါးတစ်ဆူတောင်က စွမ်းအားအကြီးဆုံးလို့ သူသတ်မှတ်လိုက်လေသည်။ နှစ်ပေါင်း တစ်သောင်းကျော်ကြာတည်ဆောက်ထားခဲ့သော သုံးပါးတစ်ဆူတောင်၏ အခြေခံအုတ်မြစ်သည် အတော်လေး ခိုင်မာလှကာ မင်းဆက်ကိုးခုလုံးတွင် ရှေးအကျဆုံးဂိုဏ်းလည်း ဖြစ်၏။

သူထိုဂိုဏ်းထဲသို့ စိမ့်၀င်ဖို့ ကြိုးစားခဲ့သော်လည်း ဂိုဏ်းဂိတ်တံခါး၀တွင်ပင် သူ့သရုပ်မှန်ပေါ်သွားခဲ့ကာ သူသေလုမြောပါး ထွက်ပြေးလာခဲ့ရသည်။ ထို့ကြောင့် နောက်ပိုင်းနှစ်များတွင် သုံးပါးတစ်ဆူတောင်ကို သူ့စိတ်ထဲတွင်သာ ထားခဲ့ရ၏။

မြေအောက်ကမ္ဘာမြေခွေးမိစ္ဆာမှာမူ သူသိမ်းပိုက်ထားသော မြေခွေးလေးတစ်ကောင်သာဖြစ်ပြီး မြေခွေးလေး၏မူလဝိညဉ်မှာ ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။ ထိုဝိညဉ်ကိုဖျက်ဆီးပြီးသည့်နောက် သူ အထူးပူးကပ်ခြင်းနည်းလမ်းကိုသုံးကာ အခြားသူများ ဘယ်လိုမှ သတိမထားမိအောင် ကြိုးစားထားခြင်း ဖြစ်၏။

သူရွှမ်မြောင်ကို တခဏဂိုဏ်းက မြောက်ပင်လယ်တွင် လာရောက်တိုက်ခိုက်သည့် မြင်ကွင်းကို ပြလိုက်ခြင်းမှာမူ ရွှမ်မြောင့်ကို သုံးပါးတစ်ဆူတောင်သို့ အမြန်ပြန်စေလို၍ ဖြစ်‌ေပသည်။ သို့သော် ရွှမ်မြောင်က သုံးပါးတစ်ဆူတောင်သို့ မပြန်ဘဲ တောင်နတ်ဘုရားကိုသာ သွားရှာခဲ့၏။

ထိုအရာကြောင့် မြေအောက်ကမ္ဘာမိစ္ဆာဧကရာဇ်ကုအန်အပေါ် ရန်ပြုလိုစိတ် ဖြစ်သွားခြင်း ဖြစ်သည်။ သူနှင့် ရွှမ်မြောင်တို့ တိုက်ပွဲကြီးတစ်ခုဖြစ်ကာ အကွဲအပြဲ ဖြစ်သွားပြီးချိန်မှာတော့ သူ၏ ကုအန်အပေါ် ရန်ပြုလိုစိတ်သည် သတ်ဖြတ်လိုစိတ်အဖြစ် ပြောင်းလဲသွားခဲ့၏။

ကိစ္စရပ်ကြီးတစ်ခုလုံးသည် တိုက်ဆိုင်မှုများကြောင့်သာဖြစ်သွားခြင်းဖြစ်သော်လည်း သူ့အပေါ်သတ်ဖြတ်လိုစိတ်ရှိနေပြီဖြစ်သော မြေအောက်ကမ္ဘာမိစ္ဆာဧကရာဇ်ကို ကုအန် အလွတ်ပေး၍ မရတော့ပေ။

တစ်နာရီခန့်ကြာသောအခါ

ကုအန် သူ့နတ်အာရုံကိုပြန်ရုတ်သိမ်းလိုက်ပြီး ထိုက်ချင်အစစ်အမှန်မီးတောက်ဖြင့် မြေအောက်ကမ္ဘာမိစ္ဆာဧကရာဇ်၏ အလောင်းကို မီးရှို့ပြာချပစ်လိုက်သည်။ မြေအောက်ကမ္ဘာမိစ္ဆာဧကရာဇ်အား သတ်ဖြတ်ခြင်းမှ သက်တမ်း ၉၃နှစ်ပင် ရရှိလိုက်သေးသည်။

ထို့နောက် ကုအန် အဓိပတိဂိုဏ်းသို့ ပြန်လာခဲ့၏။

ဆန်းကြယ်တောင်ကြားသို့ ပြန်ရောက်သောအခါ ကုအန် သူ့စားပွဲတွင်ထိုင်ကာ စာရွက်နှင့်စုတ်တံကိုထုတ်လိုက်ပြီး စာလုံးကြီးသုံးလုံး ချရေးခဲ့လိုက်သည်။

မြေအောက်နယ်မြေကိုးခု!

မြေအောက်ကမ္ဘာမိစ္ဆာဧကရာဇ်၏ မှတ်ညဏ်များထဲမှ မြေအောက်ကမ္ဘာလမ်းကိုးသွယ်သည် မြေအောက်နယ်မြေကိုးခု ဟုခေါ်သော အမှီအခိုကင်းသည့်လွတ်လပ်သော ကမ္ဘာတစ်ခုဖြစ်မှန်း ကုအန် သိရှိပြီး ဖြစ်သည်။ ထိုကမ္ဘာတွင် မိစ္ဆာမျိုးနွယ်စုများ ဝိညဉ်ဆိုးများ ကျက်စားကြပြီး သူတို့သည် မကြာခဏဆိုသလို တခဏဂိုဏ်း၏ ဖိနှိပ်ခြင်းကို ခံကြရသည်။

ကုအန် ထိုမြေအောက်နယ်မြေကိုးခု အကြောင်းကို စွယ်စုံကျမ်းတစ်ခုအဖြစ်ရေးရန် ကြံရွယ်ထားခြင်းဖြစ်ပြီး ရေးပြီးလျှင် ထိုစာအုပ်ကို အခြားပုံစံတစ်မျိုးဖြင့် အဓိပတိဂိုဏ်းတွင်ဖြန့်ကာ ဂိုဏ်းမှလူများ မြေအောက်နယ်မြေကိုးခုထဲ၀င်ရောက်သောအခါ ပိုမိုလွယ်ကူလာစေရန် ကူညီပေးဖို့ ဖြစ်၏။

အပိုင်း ၁၃၆

မြေအောက်ကမ္ဘာနယ်မြေကိုးခု၊ ကောင်းကင်အောက်က မဟာဖရိုဖရဲဖြစ်မှု (၂)

ဆောင်းဦးရာသီ၏ သစ်ရွက်ကြွေများက ဆန်းကြယ်တောင်ကြားကို ဖုံးလွှမ်းထားခဲ့သည်။ တပည့် ၂၀ကျော်ခန့်က ထိုသစ်ရွက်ကြွေများကို ရှင်းလင်းရခြင်းဖြင့် အလုပ်ရှုပ်နေခဲ့ကြ၏။

Moster Team🐯:

ထိုစဉ် ကုအန် လှေကားပေါ်မှဆင်းလာခဲ့ပြီး အဓိပတိဂိုဏ်းမှ တပည့်များ အလျင်အမြန် သူတို့တောင်ကြားပေါ်မှ ဖြတ်ပျံသွားနေကြသည်ကို တွေ့လိုက်ရသည်။

ကုအန် တစ်ချက်သာ ကြည့်လိုက်ပြီး တတိယတောင်ကြားသို့ သွားရန် ပြင်လိုက်၏။

အစီအရင်ဆီကို မရောက်ခင်တွင် ကုအန် တစ်ခုခုကို အာရုံခံလိုက်မိသည်။ ထို့ကြောင့်သူနောက်ပြန်လှည့်လာပြီး အလုပ်လုပ်နေသော တပည့်များကို ကြည့်နေလိုက်သည်။

နာရီ၀က်ခန့်ကြာသောအခါ ရီလန် ဆန်းကြယ်တောင်ကြားကို ရောက်ရှိလာခဲ့ပြီး ကုအန်ကို ‌အပေါ်ထပ်သို့ ပြန်ဆွဲခေါ်သွားခဲ့၏။

တံခါးကိုပိတ်ပြီးသောအခါ ရီလန် လေးနက်နေသောအသံဖြင့် ပြောလိုက်သည်။

“မြေအောက်ကမ္ဘာလမ်းကိုးသွယ်မှာ အရေးပေါ် ပြဿနာဖြစ်နေပြီ တခဏဂိုဏ်းက ရောက်လာပြီလေ အဲ့ဒီနေရာမှာ တိုက်ပွဲကြီးတစ်ခုဖြစ်တော့မလို ဖြစ်နေပြီ နောက်ပြီး တခဏဂိုဏ်းက အဲ့နေရာမှာတင်ပေါ်လာတာမဟုတ်ဘူး သူတို့က နေရာပေါင်းစုံမှာ ပေါ်လာနေကြတာ ဒီအခြေအနေက အရင်ကအခြေအနေနဲ့ လုံး၀မတူဘူး ဥပဒေရေးရာခန်းမက သာမန်လူတွေကို ကာကွယ်ပေးဖို့ သွားရတော့မယ်”

“ညီမလေးဒီနေ့ပဲ ဂိုဏ်းက ထွက်သွားရမယ်”

အဲ့လောက်တောင် အရေးပေါ်ဖြစ်နေတာလား!

ကုအန် ရုတ်တရက် ကုသရေးဆေးလုံးတစ်သုတ်ထုတ်ကာ ရီလန့် လက်ထဲထည့်ပေးလိုက်သည်။

ရီလန် မငြင်းဘဲယူလိုက်ကာ သတိပေးလိုက်၏။

“ဒီကာလထဲ အစ်ကိုကြီးဂရုစိုက်ရမယ်နော် ညီမလေးတို့ စုံစမ်းချက်တွေအရ ဂိုဏ်းထဲမှာ တခဏဂိုဏ်းသူလျှိုတွေ ရှ်ိနေတုန်းပဲ ဒီတစ်ကြိမ်ညီမလေးတို့က ပင်မတခဏဂိုဏ်းကို ရင်ဆိုင်နေရတာ နောက်ပြီး သူတို့က ဒီတစ်ခါ အားကုန်ထုတ်ပြီး ထွက်လာကြတာ ဒါကြီးက နှစ်တစ်ထောင်မှာ တစ်ကြိမ်ပဲကြုံရတဲ့ တကယ့် ကပ်ဘေးကြီးပဲလေ”

“အစ်ကိုကြီးနားလည်ပါတယ် ညီမလေးရော ဂရုစိုက် ဝိညဉ်ဖြူဓားကိုပျောက်မသွားစေနဲ့” ကုအန် ခေါင်းညိတ်ပြလိုက်၏။

ထိုစကားကိုကြားသောအခါ ရီလန် သူ့လက်ထဲရှိ ဝိညဉ်ဖြူဓားကို မပြလိုက်ပြီး ပြုံးပြလိုက်သည်။

“ကောင်းပါပြီ”

ထို့နောက် သူအရေးကြီးသတင်းအချို့ပြောပြီးသည့်နောက် အမြန် ထွက်ခွာသွားခဲ့၏။

ကုအန် အိမ်ရှေ့တွင်ရပ်နေရင်း ထွက်ခွာသွားသော ရီလန့် ပုံရိပ်ကို ကြည့်နေမိသည်။ သူနတ်အာရုံဖြင့် သူနှင့် အလွန်‌ေ၀း‌ေသာတစ်‌ေနရာတွင် တိုက်ပွဲကြီးတစ်ခု ဖြစ်နေသည်ကို သတိထားမိပြီးဖြစ်ပြီး တိုက်ပွဲမှာ တစ်နေရာတည်းလည်း မဟုတ်ပေ။

ဤတစ်ကြိမ်တွင် တခဏဂိုဏ်း၏ တိုက်ခိုက်မှုမှာ အရင်ထက် အများကြီး အားကောင်းနေခဲ့သည်။ အရင်ကသူတို့တိုက်ခိုက်မှုသည် ခုခံမှုမျှသာ ဖြစ်ပြီး အခုကတော့ ကျူးကျော်မှု ဖြစ်၏။

ကုအန် ချက်ချင်း ၀င်ပါလိုက်ဖို့ အစီအစဉ်မရှိပေ။ ထိုကိစ္စများကို မင်းဆက်ကိုးခုကိုသာ ဖြေရှင်းခိုင်းမည်ဖြစ်ပြီး သူ့အဓိက ပစ်မှတ်မှာ မဟာယနအဆင့်ကျင့်ကြံသူ ဖြစ်ပေသည်။

ထိုမတိုင်ခင် ကုအန် အဆင့်ချိုးဖျက်ဖို့ စီစဉ်ထားခဲ့၏။

မဟာယနအဆင့်ချင်း တိုက်ပွဲတွင် သူယုံကြည်မှုမရှိပေ။

ကုအန်၏ တိုက်ပွဲအတွေ့အကြုံမှာ အကန့်အသတ်ရှိပြီး သူရင်ဆိုင်ရမှာကတော့ နှစ်ပေါင်းထောင်ချီ အသက်ရှင်ပြီးသော မကောင်းဆိုးဝါးအိုကြီးတစ်ကောင် ဖြစ်ပေသည်။

ထို့အပြင် သူသည် သေခြင်းရှင်ခြင်းတိုက်ပွဲများတွင်လည်း အရမ်းကြမ်းနေခြင်းမျိုးမရှိပေ။

သူသင့်တော်သော နေရာတစ်ခု ရှာဖွေရန် လို‌အပ်နေခဲ့၏။

မြောက်ပင်လယ်တောင်တန်းဒေသတွင်တော့ သူအဆင့်ချိုးဖျက်၍ မဖြစ်တော့ပေ။ ထိုနေရာတွင် သူ့ဆေးပင်များစိုက်ထားသော ဆန်းကြယ်ကောင်းကင်ဂူဗိမာန်လည်း ရှိနေသောကြောင့် ထိုနေရာ၏ ဂေဟစနစ်ကို ပျက်ဆီးစေ၍ မဖြစ်တော့ပေ။

ထိုအတွေးကြောင့် ကုအန် တတိယတောင်ကြားသို့ ထွက်လာခဲ့ကာ အတွင်းစည်းဂိုဏ်းထဲသွားဖို့ ပြင်လိုက်လေသည်။

တတိယတောင်ကြားသခင်တံဆိပ်ပြားနှင့် ကုအန် အတွင်းစည်းဂိုဏ်းထဲသို့ အလွယ်တကူပဲ ၀င်ခွင့်ရခဲ့၏။

နာရီ၀က်ခန့်ကြာသောအခါ

ကုအန် အတွင်းစည်းမြို့ထဲ ရောက်ရှိလာခဲ့သည်။ သူရောက်လာချိန်တွင် အတွင်းစည်းမြို့ထဲတွင် လေထုမှာ တင်းကြပ်နေခဲ့ပြီး တပည့်များက တခဏဂိုဏ်းကျူးကျော်မှုအကြောင်း ပြောဆိုနေခဲ့ကြ၏။ လတ်တလောတွင် ထိုသတင်းမှာ အတွင်းစည်းမြို့ လေးခုလုံးတွင် ပြန့်နှံ့နေပြီ ဖြစ်သည်။

တပည့်များ၏ ဆွေးနွေးနေမှုများကို နားထောင်နေမှုများအရ ထိုကျူးကျော်မှုသည် ထိုက်ကန်မင်းဆက်တွင်သာ ဖြစ်နေခြင်းမဟုတ်ဘဲ မင်းဆက်ကိုးခုလုံး ရင်ဆိုင်နေရခြင်း ဖြစ်၏။

ပြောကြသည်မှာ မြေ‌အောက်ကမ္ဘာလမ်းကိုးသွယ်ထဲ ပို့လိုက်သော တပည့်ဒုတိယအသုတ်တွင် တစ်၀က်ကျော် သေဆုံးသွားခဲ့ရပြီး အကြီးအကဲတစ်ယောက်ပင် သေဆုံးသွားခဲ့ရသည်ဟု ဆိုသည်။

ကိစ္စများသည် အရေးပေါ်ဖြစ်နေပုံရကာ သူတို့စကားများက ကုအန်ကိုပင် သက်ရောက်မှု ရှိသွားခဲ့၏။

ထို့ကြောင့် ကုအန် အတွင်းစည်းဂိုဏ်း စာအုပ်ခန်းမသို့သွားကာ တတိယထပ်သို့ တက်လာခဲ့လိုက်သည်။ ဤအထပ်သည် အမျိုးမျိုးသော မြေပုံများနှင့် မတူညီသော နယ်မြေများ၏ မှတ်တမ်းများကို သိမ်းဆည်းထားသော နေရာ ဖြစ်၏။

တခဏဂိုဏ်း၏ တိုက်ခိုက်မှုကြောင့် စာအုပ်ခန်းမတွင် လူအနည်းငယ်သာ ရှိနေခဲ့ပြီး တတိယထပ်တွင် ဆိုလျှင် ကုအန်နှင့် ဤအထပ်ကို ကြီးကြပ်သော အကြီးအကဲတစ်ယောက်သာ ရှိနေခဲ့သည်။

တခဏကြာသောအခါ

ကုအန် စာအုပ်စင်တွင် ရှာဖွေနေရင်း အကြီးအကဲအသံ ထွက်ပေါ်လာခဲ့၏။ “မိတ်ဆွေလေး ဘာရှာနေတာလဲ”

ကုအန် လှည့်ကြည့်လိုက်ရာ သူ့ဆီလျှောက်လာသော အကြီးအကဲ ရှုလူ ကိုတွေ့လိုက်ရသည်။

သူနောက်ပြန်လှည့်ကာ အရိုအသေပေးလိုက်ပြီး ပြောလိုက်၏။ “တပည့်က ဒီကမ္ဘာကြီး ဘယ်လောက်ကျယ်လဲ သိချင်လို့ပါ”

အကြီးအကဲရှူလူသည် အိုမင်းကာ အားနည်းနေပုံပေါ်သော်လည်း အမှန်တကယ်တွင် အတွင်းစည်းဂိုဏ်းအကြီးအကဲတစ်ယောက်ပိုင်ဆိုင်ရသော စိတ်ဝိညဉ်အခြေတည်အဆင့် ရှိသူတစ်ယောက် ဖြစ်ပေသည်။

“မင်းက မြေပုံကြီးလိုချင်တာလား အဲ့တာကဒီမှာမရှိဘူး

ငါနဲ့လိုက်ခဲ့” ပြောပြီးသည့်နောက် ခေါင်းဆတ်၍ သူ့နောက်လိုက်ခဲ့ဖို့ အချက်ပြကာ လှည့်ထွက်သွားခဲ့၏။

ကုအန်မှာတော့ တစ်ဖက်လူဘာကြောင့် အခုလိုလုပ်နေသလဲဆိုတာ ပဟေဠိဖြစ်သွားမိသည်။

သို့သော် သူလိုက်သွားလိုက်ပြီး ဘာဆက်ဖြစ်မလဲဆိုတာ သိချင်နေခဲ့၏။

“အရင်က မင်းဒီကနေ အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်း စာအုပ်၀ယ်သွားသေးတယ် မဟုတ်လား” ရှူလူ ခပ်အေးအေးပင် ပြောလိုက်သည်။

ကုအန် ပြန်ပြောလိုက်၏။ “ဟုတ်ပါတယ် အကြီးအကဲအဲ့တာနဲ့ပတ်သက်ပြီး အကြံညဏ်ပေးစရာ တစ်ခုခု ရှိလို့လား”

အဲ့တော့ ဒါက အစိမ်းရောင်သူရဲကောင်းခရီးသွားမှတ်တမ်းကြောင့်ကိုး!

ရှူလူ ပျင်းရိစွာ ပြန်ပြောလိုက်သည်။ “ဈေးကွက်ထဲ အဓိပတိလျှို့ဝှက်မှတ်တမ်းများ ဆိုတဲ့ စာအုပ်ထွက်လာပြီးကတည်းက လူတိုင်းက အဲ့တာပဲ ၀ယ်ဖတ်နေကြတာ အစိမ်းရောင်သူရဲကောင်းကို ဘယ်သူမှ မဖတ်တော့ဘူး အဲ့တာက ငါ့မိတ်ဆွေကို ၀မ်းနည်းသွားစေခဲ့တယ် မင်းကတော့ အခုထိ အစိမ်းရောင်သူရဲကောင်းစာအုပ်ကို ဖတ်နေသေးတယ်ဆိုတော့ ငါကမင်းကို ကုန်းမြေတစ်ခွင် လှည့်လည်သွားလာနေတဲ့ ငါ့မိတ်ဆွေဆွဲထားတဲ့ မြေပုံကြီးတစ်ခု ချီးမြင့်ပေးလိုက်မယ်”

ထိုစကားကြောင့် ကုအန်စိတ်၀င်စားသွားပြီး မေးလိုက်၏။

“အကြီးအကဲ အစိမ်းရောင်သူရဲကောင်းက ယောင်္ကျားလား မိန်းမလား”

“ယောင်္ကျားပေါ့ ဘယ်မိန်းမက အဲ့လိုစာအုပ်မျိုး ရေးမှာလဲ”

“ဒါဆို အစိမ်းရောင်သူရဲကောင်းကရော ဂိုဏ်းမှာ ရှိနေတုန်းလား”

“တကယ်တော့မရှိဘူး ဒါပေမယ့် သူ့စာအုပ်ထွက်တိုင်း သူ့စာအုပ်ကို တစ်ယောက်ယောက်က ဂိုဏ်းကို ပြန်လာပို့ပေးတယ်”

သူတို့နှစ်ယောက် တံခါးတစ်ခုဆီသွားနေရင်း စကားပြောနေခဲ့ကြ၏။ တံခါးဆီ ရောက်သောအခါ ရှူလူ ကုအန်ကို တံခါးရှေ့တွင် စောင့်ခိုင်းပြီး အထဲ၀င်သွားခဲ့သည်။

မကြာခင်တွင်ရှုလူ အခန်းထဲမှ စာလိပ်ကြီးတစ်ခုနှင့် စာအုပ်တစ်အုပ်ကိုယူကာ ပြန်ထွက်လာခဲ့၏။ သူထိုပစ္စည်းနှစ်ခုကို ကုအန်ကို ပေးလိုက်ပြီး ပြောလိုက်သည်။

“ယူသွားပြီး ကူးထား မင်းနောက်တစ်ခါပြန်လာရင် ပြန်ပေးဖို့ မမေ့နဲ့”

ကုအန် စာလိပ်နှင့်စာအုပ်ကို သိုလှောင်အိတ်ထဲ ထည့်လိုက်ပြီး ရှုလူကို ကျေးဇူးတင်ကြောင်းပြောလိုက်၏။

ရှုလူ သတိပေးလိုက်သည်။ “မင်းကျင့်ကြံခြင်းနဲ့ဆို မင်းဆက်ကိုးခုမှာပဲ ခရီးသွား အခြေတည်ဝိညဉ်မဖွဲ့စည်းနိုင်သေးသရွေ့ မိစ္ဆာနယ်မြေတွေဆီ မသွားနဲ့ အထူးသဖြင့် တောင်ဘက် ပင်ဘယ်ဒေသဆီ မသွားနဲ့”

“ဂျူနီယာနားလည်ပါပြီ” ကုအန်ပြန်ပြောလိုက်၏။

ထို့နောက် ရှုလူ လက်ယမ်းပြကာ ကုအန်ကို ထွက်သွားဖို့ အချက်ပြလိုက်သည်။

ကုအန် ချက်ချင်းထွက်သွားလိုက်ပြီး သူလှေကားဆီရောက်သောအခါ အားကောင်းသော နတ်အာရုံတစ်ခု သူ့ကို ဖြတ်သန်းသွားသည်ကို သတိထားလိုက်မိ၏။

ဒီအဆောက်အဦးထဲမှာ ဆန်းကြယ်နှလုံးသားအဆင့် ကျင့်ကြံသူတစ်ယောက်ရှိနေတာပဲ!

အဓိပတိအကြီးအကဲတွေထဲက တစ်ယောက် ဒီကိုရောက်နေတာ ဖြစ်နိုင်လောက်လား!

အဓိပတိဂိုဏ်းတွင် ယခုအခါ သူတော်စင်ရွှမ်ကွမ်း အပါအ၀င် ဆန်းကြယ်နှလုံးသားအဆင့် ကျင့်ကြံသူနှစ်ယောက် ရှိနေပြီ ဖြစ်သည်။

ထိုအချက်က ကုအန်၏ အဆင့်ချိုးဖျက်လိုစိတ်ကို ပို၍ အားပေးနေခဲ့၏။

အကုန်လုံးက တခဏဂိုဏ်းကြောင့်ပဲ ဒီဂိုဏ်းကြောင့်သာ မကောင်းဆိုးဝါးအိုကြီးတွေ အများကြီး ပြန်လာကြတာ!

All Chapters