← Chapters

အခန်း (၁၃၇-၁၃၈)

Vol. 12 Ch. 137-138

အခန်း (၁၃၇-၁၃၈)

Vol. 12 Ch. 137-138

အပိုင်း(၁၃၇)

နိဗာနအဆင့်၉ သို့ချိုးဖျက်ခြင်း

ကုအန် စာအုပ်ခန်းမရှိ သူ့ကိုနတ်အာရုံဖြင့် စစ်ဆေးသွားသော ကျင့်ကြံသူကို နတ်အာရုံသုံး၍ ပြန်မကြည့်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် နတ်အာရုံဖြင့် ကြည်နိုင်ရုံဖြင့် သက်တမ်းစစ်ဆေးခြင်းသုံးမရဘဲ အကယ်၍ တစ်ဖက်လူက သူ့ထက်အဆင့်မြင့်သော သူများ၏ နတ်အာရုံကိုပါ အာရုံခံနိုင်သည့် အထူးနည်းလမ်းမျိုး တတ်မြောက်ထားပါက မလိုလားအပ်သော ပြဿနာများ ဖြစ်လာနိုင်ခြင်းကြောင့် ဖြစ်သည်။

ဆန်းကြယ်တောင်ကြားသို့ ပြန်ရောက်သောအခါ ကုအန် ရှုလူပေးလိုက်သော စာလိပ်နှင့်စာအုပ်ကို ဖွင့်လိုက်၏။

စာအုပ်၏ အမည်မှာ ကမ္ဘာ့မှတ်တမ်းဖြစ်ပြီး နေရာဒေသအမျိုးမျိုး၏ ယေဘုယျအခြေအနေများကို မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ ထိုစာအုပ်ထဲတွင် စာလိပ်ထဲရှိ မှတ်သားထားသော နေရာအတော်များများ၏ အကြောင်းများ ပါ၀င်‌၏။

ကုအန် စာအုပ်ကို သေချာဖတ်ကာ ဘယ်နေရာတွင် အဆင့်ချိုးဖျက်ရန် သင့်တော်မလဲဟု ရှာဖွေနေခဲ့သည်။

မြေပုံအရ မင်းဆက်ကိုးခုသည် ဤတိုက်ကြီး၏ နယ်မြေ ဆယ်ပုံတစ်ပုံခန့်ကိုသာ ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး ကျန်နယ်မြေများမှာ မိစ္ဆာနယ်‌ေမြများ တောင်တန်းဒေသများ မြစ်ချောင်းများနှင့် ပြည့်နှက်နေခဲ့၏။

သေချာတွေးတောပြီးသည့်နောက်တွင် ကုအန် သူ့အဆင့်ချိုးဖျက်မှုကို မိစ္ဆာနယ်မြေတွင် လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။

မိစ္ဆာနယ်မြေများတွင် စိတ်ဝိညဉ်စွမ်းအင်မှာလည်း ကြွယ်၀၏။

ထို့အပြင် ရှေးခေတ်ကတည်းက ထိုနေရာတွင် ကပ်ဘေးကြီးကြီးမားမားကြုံရသည့်ဟူသည့် မှတ်တမ်းမျိုးလည်း မရှိပေ။

ဤမြေပုံမှာ ထိုအချက်အတွက်သက်သေဖြစ်ပြီး နောက်ဆုံးတွင် အဓိပတိအကြီးအကဲသည် ကုန်းမြေတစ်ခုလုံးလှည့်ပတ်သွားလာနေသူဖြစ်ကာ သူ့အဆိုအရ မိစ္ဆာနယ်မြေတွင် ကပ်ဘေးကြီးကြီးမားမား မဖြစ်ခဲ့ဖူးပေ။

ညဉ့်အချိန်‌သို့ရောက်သောအခါ ကုအန် အရှေ့တောင်အရပ်သို့ ထွက်ခွာရန် ပြင်ဆင်ခဲ့သည်။

ထို့နောက် ကုအန်လက်ထဲတွင် မြေပုံစာလိပ်ကိုကိုင်ကာ အကန့်အသတ်မဲ့လွတ်လပ်ခြင်းခြေလှမ်းကိုသုံးပြီး လျင်မြန်စွာပင် မင်းဆက်ကိုးခုမှ ထွက်ခွာသွားခဲ့၏။

ခြေလှမ်း ၂၀မပြည့်ခင်မှာပင် ကုအန်မင်းဆက်ကိုးခုမှ ထွက်လာနိုင်ခဲ့ကာ မိစ္ဆာနယ်မြေထဲ ၀င်ရောက်လာခဲ့သည်။

သူမိစ္ဆာစွမ်းအင်များ မိစ္ဆာချီများနှင့် တစ္တေချီများကို ခံစားမိလိုက်ပြီး သူ့နတ်အာရုံရောက်သည့်နေရာတိုင်းတွင်လည်း မကောင်းဆိုးဝါး ဝိညဉ်များနှင့် ပြည့်နှက်နေခဲ့၏။

ကုအန် ဤနေရာတွင် သက်ရှိအရိပ်အယောင်များကို သတိထားမိပြီး အများစုမှာတော့ မိစ္ဆာများသာ ဖြစ်ကြသည်။

တစ်ခါတစ်ရံ ကျင့်ကြံသူများ ပေါ်ထွက်လာသည်ကို သူအာရုံခံမိတော့လည်း ထိုကျင့်ကြံသူများမှာ အစီအရင်၀င်္ကပါများသုံး၍ တတ်နိုင်သလောက် ဘယ်သူမှ မမြင်အောင် ပုန်းအောင်းနေကြသူများသာ ဖြသ်ကြသည်။

နာရီ၀က်ခန့်ကြာသောအခါ

ကုအန် ကောင်းကင်ဖီးနစ်တောင်ဆီသို့ ရောက်ရှိလာခဲ့၏။ ထိုတောင်ကြီးသည် ပေ ၁၀၀၀၀ ခန့်မြင့်မားကာ ပေ၁၀၀၀၀ခန့် ကျယ်ပြောသော ဧရာမတောင်ကြီးတစ်လုံး ဖြစ်ပေသည်။ ကမ္ဘာ့မှတ်တမ်းထဲတွင် ရေးမှတ်ထားပုံအရ ရှေးဟောင်းခေတ်က ဤတောင်ကြီးပေါ်သို့ ဖီးနစ်တစ်ကောင် ဆင်းသက်လာခဲ့ကာ သူ့မျိုးဆက်များကို မွေးဖွားခဲ့သည်ဟု အဆိုရှိပြီး ထို့ကြောင့်လည်း ကောင်းကင်ဖီးနစ်တောင်ဟု ခေါ်ကြခြင်း ဖြစ်၏။

လက်ရှိအချိန်တွင် ကောင်းကင်ဖီးနစ်တောင်တွင် မိစ္ဆာများနှင့် ပြည့်နှက်နေပြီး ကမ္ဘာ့မှတ်တမ်းရေးသားသူ ထိုတောင်နားမှ ဖြတ်သွားစဉ်ကပင် တစ်သားတည်းဖြစ်ခြင်းအဆင့် အစွမ်းထက် မိစ္ဆာတစ်ကောင်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသေးသည်။

ဤ ကောင်းကင်ဖီးနစ်တောင်သည် စိတ်ဝိညဉ်စွမ်းအင် အကြွယ်၀ဆုံးနေရာမဟုတ်သော်လည်း အနည်းဆုံးတော့ အများကြီးစွန့်စွားရမည့် နေရာမျိုးလည်း ဟုတ်မနေပေ။

ကုအန် နတ်အာရုံဖြင့် ကောင်းကင်ဖီးနစ်တောင်ကိုစစ်ဆေးလိုက်ရာ တစ်သားတည်းဖြစ်ခြင်းအဆင့် မိစ္ဆာကျင့်ကြံသူ ၃ယောက်ကို သတိထားလိုက်မိပြီး ကျန်မိစ္ဆာများမှာ တစ်သန်းကျော်ရှိပြီး မိစ္ဆာမဖြစ်သေးခင် ဝိညဉ်မပေါက်ဖွားနိုင်သေးသူ မိစ္ဆာသားရဲလေးများမှာတော့ မရေတွက်နိုင်လောက်အောင် များပြားလှသည်။

ထိုမျှများပြားသော မိစ္ဆာပမာဏနှင့်ဆိုပါ၍ မင်းဆက်ကိုးခုတွင် မဟာမိစ္ဆာကပ်ဘေးကို ရင်ဆိုင်ရမည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။

ကုအန် တောင်အလယ်နားရှိ တောအုပ်ထဲတွင် သစ်ပင်တစ်ပင်ကိုရှာ၍ ထိုအပင်အောက်၌ ထိုင်လိုက်ပြီး သက်တမ်းအလွှာကို ဖွင့်လိုက်၏။

ထို့နောက်ကုအန် စနစ်ကိုဖွင့်ကာ သူ့သက်တမ်းများကိုကြည့်လိုက်ပြီး နှလုံးသားထဲ နာကျင်သွားမိသည်။

သူ့သက်တမ်းမှာ ၂၃၈၀၀၀၀ ဖြစ်၏။

ဤတစ်ခါ အဆင့်ချိုးဖျက်ခြင်းသည် သက်တမ်းမည်မျှ လိုမည်မှန်း ဘယ်သူသိမည်နည်း။

သို့သော် သူလိုသမျှသက်တမ်းကို သုံးရမည်ဖြစ်ပြီး နောက်ဆုံးတွင် အသက်ရှင်နေဖို့ထက် ဘာကမှ အရေးမကြီးပေ။

သက်တမ်း တစ်သိန်းနဲ့ ဖြည်းဖြည်းချင်း စလိုက်တာပေါ့!

တွေးပြီးသည်နှင့် ကုအန် သက်တမ်းတစ်သိန်း ကျင့်ကြံခြင်းထဲ ထည့်လိုက်လေသည်။

[သင်သည် ကျင့်ကြံခြင်းထဲသို့ သက်တမ်း ၁သိန်းပေါင်းထည့်ပြီးပါပြီ]

[သင်သည်စွမ်းအင်စုပ်ယူခြင်းကို နှစ်ပေါင်း ၄၀၀၀ကြာ ကျင့်ကြံခဲ့ပြီး မူလမြေကမ္ဘာအမတကျင့်စဉ်တွင် အောင်မြင်မှုများ ရရှိခဲ့ကာ နိဗာနအဆင့်သို့ ချိုးဖျက်ရန် ကပ်ဘေးကို ဆင့်ခေါ်နိုင်ခဲ့သော်လည်း မူလဒြပ်ငါးပါးနတ်ဘုရားမိုးကြိုးကပ်ဘေးကို တောင့်မခံနိုင်ခဲ့ဘဲ ကပ်ဘေးဖြတ်ကျော်ခြင်း ကျရှုံးခဲ့သည်]

[သင်သည်စွမ်းအင်စုပ်ယူခြင်းကို နှစ်ပေါင်း ၈၀၀၀ကြာ ကျင့်ကြံခဲ့ပြီး မူလမြေကမ္ဘာအမတကျင့်စဉ်တွင် အောင်မြင်မှုများ ရရှိခဲ့ကာ နိဗာနအဆင့်သို့ ချိုးဖျက်ရန် ကပ်ဘေးကို ဆင့်ခေါ်နိုင်ခဲ့သော်လည်း မူလဒြပ်ငါးပါးနတ်ဘုရားမိုးကြိုးကပ်ဘေးကို တောင့်မခံနိုင်ခဲ့ဘဲ ကပ်ဘေးဖြတ်ကျော်ခြင်း ကျရှုံးခဲ့သည်]

…..

ကပ်ဘေးတစ်ခါဆင့်ခေါ်ဖို့ သက်တမ်း ၄၀၀၀တဲ့လား!

နိဗာနအဆင့်က အမတကပ်ဘေး ၉ဆင့်မှာ ပထမဆုံးအဆင့်ဖြစ်နေတာ အံ့ဩစရာမရှိတော့ပါဘူး!

စာကြောင်းများတစ်ကြောင်းပြီးတစ်ကြောင်းပေါ်လာခဲ့သော်လည်း ကုအန်မျက်နှာမှာ ပြောင်းလဲမှု ရှိမသွားခဲ့ပေ။

ဤသို့ဖြင့် သက်တမ်း ၁သိန်းမှာ သဲထဲရေသွန်လိုက်သလို ကုန်ဆုံးသွားခဲ့သည်။

နောက်ထပ် ၁သိန်း ထပ်သုံးကြတာပေါ့!

နောက်ထပ် ကပ်ဘေးချိုးဖျက်ခြင်းများ ဖြစ်ပေါ်လာခဲ့ပြန်၏။

ထိုအခါ ကုအန် မျက်ခုံးအနည်းငယ် တွန့်ကွေးသွားခဲ့သည်။

အကုန်ကျရှုံးပြန်ပြီလား!

နောက်ထပ် သက်တမ်း၁သိန်းဆက်ထည့်မယ်ကွာ!

ကုအန် ကျိန်စာဆိုတာမျိုးကို အယုံအကြည်မရှိသော်လည်း သက်တမ်း သုံးသိန်းကုန်သွားသောအခါ သူ့အမူအရာတဖြည်းဖြည်း ပျက်လာခဲ့၏။

ထပ်ကျရှုံးပြန်ပြီ!

ကုအန် အမူအရာမည်းမှောင်သွားခဲ့ကာ နောက်ထပ် သက်တမ်း ၄သိန်း‌ေမြာက်သို့ ထပ်သွားလိုက်လေသည်။

ကံကောင်းစွာဖြင့် ဤတစ်ကြိမ်တွင် ကုအန်အောင်မြင်သွားခဲ့၏။ သူ့ရှေ့တွင် အောင်မြင်သည်ဟူသောစာတမ်းပေါ်လာသောအခါ ကုအန် ၏မကြည်နေမှုများ လွင့်ပျောက်သွားခဲ့ရသည်။

[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ်ပေါင်း ၇၄၀၀၀ကြာကျင့်ကြံခဲ့ပြီး မူလမြေကမ္ဘာအမတကျင့်စဉ်တွင် အောင်မြင်မှုများရရှိခဲ့ကာ မူလဒြပ်ငါးပါးနတ်ဘုရားကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့ပြီး နိဗာနအဆင့်ကို ချိုးဖျက်နိုင်ခဲ့သည်။]

[သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ်ပေါင်း ၇၇၀၀၀ကြာကျင့်ကြံခဲ့ပြီး သင့်ကျင့်ကြံခြင်းက နိဗာနအဆင့် ၂သို့ ရောက်ရှိသွားခဲ့သည်]

သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ်ပေါင်း ၈၀၀၀၀ကြာကျင့်ကြံခဲ့ပြီး သင့်ကျင့်ကြံခြင်းက နိဗာနအဆင့် ၃သို့ ရောက်ရှိသွားခဲ့သည်]

သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ်ပေါင်း ၈၃၀၀၀ကြာကျင့်ကြံခဲ့ပြီး သင့်ကျင့်ကြံခြင်းက နိဗာနအဆင့် ၄သို့ ရောက်ရှိသွားခဲ့သည်]

…..

သင်သည် စွမ်းအင်စုပ်ယူခြင်းကို နှစ်ပေါင်း ၉၈၀၀၀ကြာကျင့်ကြံခဲ့ပြီး သင့်ကျင့်ကြံခြင်းက နိဗာနအဆင့် ၈သို့ ရောက်ရှိသွားခဲ့သည်]

နိဗာန အဆင့်၈!

အဆင့် ၇မှ ၈သို့ တက်ရန် သက်တမ်း ၅၀၀၀ လိုခဲ့လေရာ ကုအန် အဆင့်၉သို့ရောက်စေရန် စနစ်သို့ နောက်ထပ်သက်တမ်း ၄၀၀၀ ထပ်ပေါင်းပေးလိုက်သည်။

….

ယခုအခါ ကုအန်သည် အဆင့်ငယ်လေးများတွင် ၉ ဂဏန်းအောက် ဘယ်ဂဏန်းကိုမှ မမြင်လိုတော့ပေ။

နိဗာနအဆင့်၉ သို့ရောက်ပြီးနောက်တွင်တော့ သူနောက်တစ်ဖန် အေးအေးချမ်းချမ်း သက်‌တမ်းစုဆောင်း၍ ရတေတော့မည်။

ဝုန်းး!

ထိုစဉ် မြေပြီးစိတ်ဝိညဉ်စွမ်းအင်များ မြေကြီးထဲမှ ထိုးတက်လာကာ ကုအန် ကိုယ်ထဲတရဟော ၀င်ရောက်လာသောကြောင့် သူ့၀တ်စုံပင် ဖောင်းကားသွားခဲ့သည်။ ကုအန် မျက်ခုံးများ အနည်းငယ်တွန့်ကွေးသွားပြီး ခန္ဓာအားကိုသုံး၍ တောင့်ခံထားလိုက်သည်။

အရင်အကြိမ်များနှင့် မတူသည်မှာ ဤတစ်ကြိမ်အဆင့်ချိုးဖျက်ရာတွင် ကုအန် နာကျင်မှုကို ခံစားလိုက်ရခြင်း ဖြစ်၏။

နိဗာနအဆင့်သည် ခန္ဓာရော ဝိညဉ်ကိုပါ ပြောင်းလဲသည့်အဆင့်ဖြစ်လေရာ ထိုမျှလောက်နာကျင်ရခြင်းမျိုးက လက်ခံနိုင်ဖွယ် ရှိပေသည်။

တစ်ချိန်တည်းမှာပင် နိဗာနအဆင့်၏ မှတ်ညဏ်များ ကုအန်စိတ်ထဲ ပြေး၀င်လာခဲ့ကြ၏။

ကုအန် သဘာ၀စိတ်ဝိညဉ်စွမ်းအားများကို စတင်စုပ်ယူလိုက်သည်နှင့် ကောင်းကင်ဖီးနစ်တောင်တွင် စိတ်ဝိညဉ်စွမ်းအင်များ လွင့်ပါး‌လာခဲ့ကာ မိစ္ဆာများ အံ့အားသင့်သွားခဲ့ကြရသည်။

ထို့နောက်တွင်တော့ ညဉ့်အချိန်တွင် လေပြင်းများက တိုက်ခတ်နေပြီး တောင်ပေါ်တွင် ဟိန်းဟောက်အော်ဟစ်သံများ ထွက်ပေါ်လာလေရာ မြင်ကွင်းမှာ အတော်လေး ကြောက်စရာကောင်းသွားခဲ့၏။

…..

မြောက်ပင်လယ်တောင်တန်းဒေသရှိ ညဉ့်နက်ချိန်တွင်

တောအုပ်ထဲ၌ အဓိပတိဂိုဏ်းမှ ဂိုဏ်းသားတစ်ဒါဇင်သည် မီးပုံကြီးတစ်ခုဘေးတွင် ထိုင်နေခဲ့ကြသည်။ ကျန်းချင် သူတို့နောက်ရှိ သစ်ပင်တစ်ပင်အောက်တွင် တရားထိုင်နေသော သူတော်စင်ရွှမ်မြောင်ကို တစ်ချက်ကြည့်လိုက်ပြီး သူ့ဆီ လျှောက်သွားခဲ့လိုက်၏။

“စီနီယာကျွန်မတို့ ၀င်္ကပါတစ်ခုတည်ဆောက်ဖို့မလိုတာ သေချာရဲ့လား” ကျန်းချင် ဂရုတစိုက်မေးလိုက်သည်။

သူတို့သည် ဥပဒေရေးရာခန်းမမှ တပည့်များဖြစ်ကြပြီး ထိုက်ကန်မင်းဆက်နယ်စပ်ဒေသတွင် လုံခြုံရေးယူနေစဉ် တခဏဂိုဏ်း၏ တိုက်ခိုက်ခြင်းကိုခံခဲ့ရပြီး ထိုမိစ္ဆာကျင့်ကြံသူက မှော်အသုံးအဆောင်တစ်ခုကိုသုံး၍ သူတို့ကို မြောက်ပင်လယ်တောင်တန်းဒေသဆီ ခေါ်လာခဲ့ခြင်းဖြစ်၏။ တိုက်ဆိုင်စွာဖြင့်သူတော်စင်ရွှမ်မြောင်က ထိုမိစ္ဆာကိုတိုက်ခိုက်ကာ သူတို့ကို ကယ်တင်နိုင်ခဲ့သည်။

ရွှမ်မြောင်မျက်လုံးမှိတ်ထားရင်း တည်တည်ငြိမ်ငြိမ်ပြောလိုက်၏။ “အဆင်ပြေပါတယ် မိစ္ဆာတွေလာရင် ငါသူတို့ကို အကုန်သတ်ပစ်မယ်”

မြေအောက်ကမ္ဘာမြေခွေးမိစ္ဆာ၏ ကိစ္စဖြစ်ပြီးကတည်းက သူတခဏဂိုဏ်းအပေါ် အတော်လေးပို၍ မုန်းတီးသွားခဲ့သည်။

မြေအောက်ကမ္ဘာမြေခွေးမိစ္ဆာသည် တခဏဂိုဏ်းမှဖြစ်ပုံပေါ်ပြီး ထိုကောင် တခဏအဆိပ်ကိုမိလာပုံအရ ကြည့်ရသည်မှာ ထိုဂိုဏ်းက သူ့ကိုတိုက်ခိုက်ဖို့ ကြိုတင်အကွက်ချထားခဲ့ပုံ ရ၏။

ထိုစကားကိုကြားသောအခါ ကျန်းချင်တစ်ခုခုပြောလိုက်ချင်သော်လည်း ပါးစပ်သာ ပိတ်ထားလိုက်ရသည်။

ဒါက သူတို့ကို ငါးစာလုပ်ထာခြင်း ဖြစ်နိုင်ပါသလော။

သူသံသယရှိမိသော်လည်း ထုတ်မပြောရဲခဲ့ပေ။

သူတို့အခြေခံတည်ဆောက်ခြင်းအဆင့်ကျင့်ကြံခြင်းနှင့် ဆိုပါက မြောက်ပင်လယ်တောင်တန်းဒေသတွင် ရှင်သန်ရန် ခက်ခဲပေလိမ့်မည်။ ထို့ကြောင့် သူတို့သည် သူတော်စင်ရွှမ်မြောင်ကိုသာ မှီခိုရမည်ဖြစ်ပြီး ရွှမ်မြောင်ကလည်း အဓိပတိဂိုဏ်းသား မဟုတ်လေရာ သူတို့ကို ကာကွယ်ပေးဖို့ တာ၀န်ရှိမနေပေ။ ဤအချိန်တွင် သူတို့အဖို့ ရွှမ်မြောင့်ကို အပြစ်တင်နေ၍လည်း မရနိုင်ပေ။

ထို့ကြောင့် ကျန်းချင် သူ့နေရာသို့သာပြန်၍ ထိုင်နေခဲ့လိုက်သည်။

“စိတ်မပူပါနဲ့ ဒီနယ်မြေက တောင်နတ်ဘုရားရဲ့ အကာအကွယ်အောက်မှာ ရှိနေတာပါ ဘာမှဖြစ်မှာမဟုတ်ဘူး ဂငါ့ဒဏ်ရာတွေကုသပြီးရင် မင်းတို့ကို ထိုက်ကန်မင်းဆက်ကို ပြန်ပို့ပေးမယ်”

ရွှမ်မြောင့်စကားကြောင့် အမျိုးသားတပည့်တစ်ယောက် ထမေးလိုက်၏။ “တောင်နတ်ဘုရားလား တောင်နတ်ဘုရားဆိုတာဘာလဲ”

ရွှမ်မြောင်ဖြေလိုက်သည်။ “တောင်နတ်ဘုရားဆိုတာ တောင်တစ်လုံးရဲ့ အမတနတ်ဘုရားလိုမျိုးပေါ့ သူ့တည်နေရာကိုတော့ ငါမင်းတို့ကို ပြောပြလို့မရဘူး”

သူတို့အဖွဲ့တစ်ယောက်နဲ့တစ်ယောက်ကြည့်လိုက်ကြပြီး ရွှမ်မြောင် ပေါက်ကရတွေပြောနေသည်ဟု ခံစားလိုက်ကြရသည်။

ကျန်းချင်ပင် ရွှမ်မြောင့်စိတ်သည်တစ်ခုခုမှားနေသည်ဟု ခံစားလိုက်ရ၏။

တခဏကြာသောအခါ တောအုပ်သည် ပြန်လည်တိတ်ဆိတ်သွားခဲ့ပြန်သည်။

….

ကောင်းကင်ဖီးနစ်တောင်တွင် တောအုပ်တစ်ခုလုံး ယမ်းခါနေခဲ့ကာ မြေပြင်သည်လည်း လှုပ်ခါနေခဲ့ပြီး တောင်တစ်ခုလုံး ၀ရုန်းသုန်းကား ဖြစ်နေခဲ့သည်။

အပေါ်ပိုင်းကိုယ်တုံးလုံးဖြစ်နေသော ကုအန် သစ်ပင်တစ်ပင်အောက်တွင်ထိုင်ကာ တစ်နာရီခန့်ကြာစွမ်းအင်စုပ်ယူနေရင်း နောက်ဆုံးတွင် နိဗာနအဆင့်သို့ ချိုးဖျက်နိုင်သွားခဲ့သည်။

နိဗာနအဆင့်သို့ ရောက်ရှိသွားသောအခါ သူ့စိတ်ဝိညဉ်စွမ်းအားများက လင်းချီများအဖြစ် ပြောင်းလဲသွားခဲ့ကာ မူလဝိညဉ်က ‌သ‌ေန္ဓသားမှ သားလောင်းပေါက်သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့၏။

ကုအန် ဆန်းကြယ်နှလုံးသားသည် သင်္ကေတအက္ခရာများဖြင့် ပြည့်နှက်နေပြီး ကုအန်၏ ကိုယ်ပိုင်နတ်သိုင်းကို ဖန်တီးရန် အသင့်ဖြစ်နေခဲ့သည်။

ကုအန်စိတ်ထဲတွင် ဘယ်လိုနတ်သိုင်းမျိုး ဖန်တီးမလဲဆိုတာပင် စဉ်းစာားထားပြီး ဖြစ်၏။

ကုအန်၏ သဘာ၀စိတ်ဝိညဉ်စွမ်းအင်များကို စုပ်ယူနေသောအရှိန်မှာ လျော့ကျမသွားခဲ့ပေ။ သူသည် နိဗာနအဆင့် ၉အထိ စုပ်ယူရန် လိုအပ်နေသေးသည်။

ထိုစဉ် ကုအန်မျက်လုံးများပွင့်လာခဲ့ကာ မျက်မှောင်ကြုံ့လိုက်မိသည်။

မိစ္ဆာကျင့်ကြံသူတစ်ယောက်သည် သူရှိသည့် တောအုပ်ဆီသို့ ပျံသန်းနေခြင်းဖြစ်ပြီး လက်ရှိတွင် အကွာအဝေးမှာ မိုင်၁၀၀ခန့်သာဝေးတော့ပြီး သူသာ ထိုအတိုင်းဆက်လာနေပါက သူ့အလင်းလွှာနှင့် တိုက်မိသွားပေလိမ့်မည်။

“မင်းကို ကောင်းကင်ကောင်းချီးပေးပါစေ မင်းငါ့သက်တမ်းအလွှာကို လာတိုက်မိရင်တော့ မင်းနဲ့ငါရန်ငြှိုးမရှိရင်တောင် မင်းကိုသတ်ပစ်ရမှာပဲ”

ကုအန် တိတ်တဆိတ်တွေးလိုက်ကာ မျက်လုံးပြန်မှိတ်သွားခဲ့သည်။

ဤသို့ဖြင့် နောက်ထပ်တစ်နာရီ ကုန်ဆုံးသွားခဲ့ပြန်၏။

ကုအန်၏ ကျင့်ကြံခြင်းမှာ နိဗာနအဆင့် ၆သို့ ရောက်ရှိနေပြီဖြစ်ပြီး အပြင်ဘက်တွင်လည်း လပြေင်းများတိုက်ခတ်နေမှုက လျော့ကျလာပြီ ဖြစ်သည်။ ဤသည်မှာ ကုအန်၏ စွမ်းအင်စုပ်ယူနေမှု လျော့ကျလာ၍ မဟုတ်ဘဲ ကောင်းကင်ဖီးနစ်တောင်တွင် စိတ်ဝိညဉ်စွမ်းအင်များ ခမ်းလာခြင်းကြောင့် ဖြစ်၏။

မိုင်အနည်းငယ်အကွာတွင်

တောင်‌‌ေစာင်းတစ်ခုပေါ်တွင် ပုံရိပ်တစ်ခုမှာ ရှေ့သို့ ပြေးလွှားနေခဲ့သည်။

လရောင်‌သည် အနီရောင်၀တ်စုံ၀တ် အမျိုးသမီးတစ်ယောက် ပြေးလွှားနေခြင်းကို ရှင်းရှင်းလင်းလင်း မြင်နေခဲ့ရ၏။ ရှေ့သို့ ဆက်နေရင်း သူမ၏ ဆံပင်များမှာ ရှုပ်ပွနေကာ ခြေဗလာနှင့်ပြေးနေသော သူမသည် အချိန်မရွေး တောင်‌ကမ်းပါးအောက်သို့ ‌ပြုတ်ကျသွားတော့မည့် ပုံပင်။

သူမ၏ ဆံပင်ရှည်များမှာ ရှုပ်ပွနေပြီး ဆံစအချို့က မျက်နှာတွင် သွေးများဖြင့် ကပ်နေခဲ့ကြသည်။

သူမ၏ အကြည့်မှာလည်း အောက်သို့ စိုက်ကျနေပြီး သူမပုံစံမှာ အတော်လေး အားနည်းနေခဲ့၏။

“ငါကျသွားလို့မဖြစ်ဘူး…ငါရှေ့က တောအုပ်ထဲမှာ နားလို့ရတယ်…”

အနီရောင်၀တ်စုံ၀တ် အမျိုးသမီး သူမကိုသူမတီးတိုးအားပေးနေခဲ့ကာ သူမအမြင်များက ဝေဝါးစ ပြုလာခဲ့သည်။

ထိုမျှဆိုးဝါးသော အခြေအနေနှင့်ပင် သူမသည် နာရီ၀က်ကြာ မိုင်အနည်းငယ် ရှေ့ဆက်သွားနိုင်ခဲ့၏။ တောအုပ်ထဲရောက်သောအခါ သူမသည် ခြုံပုတ်တစ်ခုထဲ လဲကျသွားခဲ့ပြီး ပြန်မထနိုင်ခဲ့တော့ပေ။

သူမလဲကျသွားသော ခြုံပုတ်မှာ ကုအန်၏ သက်တမ်းအလွှာနှင့် ကိုက်၁၀၀ ပင်မဝေးတော့သော နေရာ ဖြစ်နေခဲ့လေသည်။

အပိုင်း(၁၃၈)

အမတလမ်းစဉ်၏ ပထမခြေလှမ်း၊ ငါက သေမျိုးလောကရဲ့ စစ်မှန်တဲ့ အမတတစ်ပါးပဲ

ကုအန် မျက်လုံးဖွင့်ကာ သူ့ရှေ့နားရှိ မိစ္ဆာအမျိုးသမီးကို ကြည့်လိုက်သည်။

အပြည့်အ၀ ပုံသဏ္ဍာန်ပြောင်းလဲနိုင်သော မိစ္ဆာမျိုးသည် မဟာမိစ္ဆာတစ်ကောင်သာ ဖြစ်ရမည်ဖြစ်သော်လည်း သူ့ရှေ့ရှိ အမျိုးသမီးမှာ အခြေခံတည်ဆောက်ခြင်းအဆင့် ၉ အရှိန်အဝါသာ ရှိနေသေးရာ အဖြစ်အပျက်မှာ ထူးဆန်းနေခဲ့သည်။

ကုအန် သက်တမ်းစစ်ဆေးခြင်းသုံးလိုက်၏။

[ထျန်းယောင်အာ(အခြေခံတည်ဆောက်ခြင်းအဆင့် ၉): ၁၇/၉၉၉/၁၈၀၀၀]

ဟမ်!

သူ့သက်တမ်းအကန့်အသတ်သည် မြေအောက်ကမ္ဘာမိစ္ဆာဧကရာဇ်ထက်ပင် များနေပြီး ကုအန် တွေ့ဖူးသမျှ မိစ္ဆာများထဲတွင် သက်တမ်း အမြင့်ဆုံး ဖြစ်ပေသည်။

စိတ်ဝိညဉ်ပင်များမှာ လွဲလျှင် သူမြင်ဖူးသမျှထဲတွင် သက်တမ်းအမြင့်ဆုံးမှာ တစ္ဆေမိခင်ဖြစ်ပြီး သူမသက်တမ်းအကန့်အသတ်သည် ၅၄၀၀၀ ဖြစ်၏။ သို့သော် တစ္ဆေမိခင်သည် တစ္ဆေတစ်ကောင်ဖြစ်လေရာ လူသားများ မိစ္ဆာများနှင့် နှိုင်းယှဉ်၍ မရပေ။

ကုအန် သက်တမ်းများအကြောင်းတွေးကာ ပင့်သက်ရှိုက်လိုက်မိသည်။ လူသားများသည် သူတို့ အမတလမ်းစဉ်အတွက် သက်တမ်း ၁၀၀၀၀ အောက်တွင်သာ အကန့်အသတ်ထား၍ ပြိုင်ဆိုင်ကြရ၏။

ဒါပေါ့ လူသားများ၏ ကျင့်ကြံခြင်းအမြန်နှုန်းကိုတော့ မိစ္ဆာတွေ ‌တစ္ဆေတွေ ယှဉ်ပြိုင်၍ မရကြပေ။ လီရွှမ်တောက် ကျင့်ကြံခြင်း အလျင်မြန်သော မိစ္ဆာ တစ္ဆေမျိုးကို ကုအန် တစ်ခါမှ မတွေ့ခဲ့ဖူးပေ။

ကုအန် တွေးနေရင်း အဆင့်ချိုးဖျက်ခြင်း ပြီးဆုံးဖို့ စောင့်ဆိုင်းနေခဲ့သည်။

ကုအန်၏ စိတ်ဝိညဉ်စွမ်းအင်များ လင်းချီများအဖြစ် ပြောင်းလဲသွားပြီးနောက် သူ့ခွန်အားမှာ အရင်နှင့် မိုးနှင့်မြေပမာ ကွာခြားသွားခဲ့၏။ လက်ရှိသူသည် အရင်က အဆင့်မချိုးဖျက်ခင်ကသူကို အလွယ်တကူပင် ချေမွှပစ်နိုင်ပေသည်။

ဤအရာသည် အမတလမ်းစဉ်၏ ပထမခြေလှမ်းပေလော!

သူသည် အမတလမ်းစဉ်ကိုးဆင့်၏ ပထမအဆင့်သို့ ၀င်ရောက်သွားပြီဖြစ်ပြီး သေမျိုးတစ်ယောက် မဟုတ်တော့ပေ။

ကံဆိုးစွာဖြင့် အခြားကျင့်ကြံသူများနှင့် မတူသည်မှာ အဆင့်ချိုးဖျက်ခဲ့သော်လည်း သူ့သက်တမ်းက တိုးတက်မသွားခဲ့ပေ။ ဖြစ်နိုင်သည်မှာ သူသည် ကျင့်ကြံခြင်းလမ်းစဉ်ကို ခိုးဆော့နေ၍ ဖြစ်နိုင်ပြီး တစ်ခါမှ အစစ်အမှန်ကပ်ဘေးကို မကျော်ဖြတ်ခဲ့ဖူး၍လည်း ဖြစ်နိုင်သည်။

သို့သော် ကိစ္စတော့မရှိပေ။ သူ့ကျင့်ကြံခြင်းအလျင်ကို ကုအန် ကျေနပ်နေဆဲ ဖြစ်၏။

သက်တမ်းအလွှာသည် ကောင်းကင်ဖီးနစ်တောင်၏ စိတ်ဝိညဉ်စွမ်းအင်များကို ထပ်မံ စုပ်ယူတော့ခြင်းမရှိတော့သောအခါ တောင်ကြီးတစ်ခုလုံးသည် တိတ်ဆိတ်သွားခဲ့ကာ တောင်ပေါ်တွင် ဖိအားကြီးတစ်ခု ဖြစ်သွားခဲ့သည်။

ကောင်းကင်ဖီးနစ်တောင်တွင် ကပ်ဘေးကြီးတစ်ခု ဖြစ်တော့မည့်ဟန်ပေါ်နေသောကြောင့် တောင်ပေါ်ရှိ အဓိကမိစ္ဆာကြီးများမှာ ထွက်ပြေးကုန်ကြပြီ ဖြစ်သည်။

အချိန်များ ကုန်ဆုံးသွားခဲ့၏။

ကုအန်၏ကျင့်ကြံခြင်းသည် နိဗာနအဆင့် ၉ သို့ရောက်ရှိသွားချိန်မှာပင် သူ့စိတ်သည် ဆန်းကြယ်သော အခြေအနေတွင် ရှိနေဆဲ ဖြစ်သည်။

ကုအန် သူ့မျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်လိုက်ပြီး သက်တမ်းအလွှာကုန်ကျမှုကို စစ်ဆေးလိုက်ရာ သက်တမ်း ၅သောင်းနီးနီးကုန်ခဲ့သည်ကို တွေ့လိုက်ရသည်။

ဆိုလိုသည်မှာ သူနိဗာန အဆင့် ၉ သို့ရောက်ရှိရန် သက်တမ်း ၄၅၀၀၀၀နီးနီး အသုံးပြုခဲ့ရသည်ဟု ဆိုလိုနေ၏။

သူ့တွင်သက်တမ်း ၁၉၂၇၀၀၀ခန့်ကျန်နေသေးရာ သိပ်တော့ မဆိုးလှပေ။

မဆိုးဘူး!

ကုအန် ထရပ်လိုက်ကာ အနက်ရောင်၀တ်စုံတစ်စုံကိုထုတ်၀တ်လိုက်ပြီး ထျန်းယောင်အာကို ကြည့်လိုက်သည်။

ယခုအခါ သူသည် သာမန်လူများကိုယ်ပေါ်ရှိ ခပ်ဝါးဝါးမီးခိုးရောင်မြူများကို မြင်နိုင်နေပြီ ဖြစ်၏။ သူ့နတ်အာရုံက ထိုမီးခိုးရောင်အရှိန်အဝါထဲ ၀င်သွားသောအခါ ကုအန် ထျန်းယောင်အာ၏ အတိတ်ပုံရိပ်များကို တွေ့လိုက်ရသည်။

ဤအရာသည် ဒဏ္ဍာရီလာ ကမ္မစွမ်းအား ဖြစ်နိုင်ပါသလော။

ကုအန် ထျန်းယောင်အာ၏ အတိတ်ကိုကြည့်ရှုနေသောကြောင့် သက်တမ်းအလွှာကို ချက်ချင်း ပြန်မရုတ်ခဲ့ပေ။

အဆင့်ချိုးဖျက်မှုပြီးကတည်းက သက်တမ်းအလွှာကုန်ကျမှုမှာလည်း အများကြီး လျော့နည်းသွားပြီ ဖြစ်သည်။

ကုအန် အ၀တ်အစားများအားလုံး သေချာ၀တ်ဆင်ပြီးသောအခါမှသာ သက်တမ်းအလွှာထဲမှ ထွက်လာလိုက်ပြီး ထျန်းယောင်အာဆီ သွားလိုက်၏။

သူ့ကမ္မစွမ်းအားကို အသုံးပြုနိုင်စွမး်သည် သိပ်သန်မာသေးခြင်းမရှိဘဲ ထျန်းယောင်အာ၏ အတိတ် ဆယ်နှစ်ကိုသာ ကြည့်ရှုနိုင်ပြီး သူ့အနာဂတ်ကိုလည်း မခန့်မှန်းနိုင်သေးပေ။

သို့သော် အတိတ်၁၀နှစ်ကို ကြည့်ရှုနိုင်ခြင်းမှာပင် လုံလောက်နေချေပြီ။

ကုအန် ထျန်းယောင်အာနားသို့ ကပ်သွားကာ သတိလစ်နေသော သူမကို ဆွဲချီလိုက်ပြီး တောအုပ်ထဲမှ ထွက်ခွာသွားခဲ့လေသည်။

လရောင်သည် သူတို့နှစ်ယောက်လုံးပေါ် ကျရောက်နေပြီး သူတို့အရိပ်များက မြေပြင်ပေါ် ထင်ဟပ်နေခဲ့၏။

….

ထျန်းယောင်အာအိပ်မက်ဆိုးတစ်ခုမက်နေပြီး အိပ်မက်ထဲတွင် မိစ္ဆာများက သူမကိုတစ်စစီဆုတ်ဖြဲဖြစ်နေပြီး မိစ္ဆာမိခင်အတွက် စွပ်ပြုတ်လုပ်ရန် ပြင်ဆင်နေခဲ့ကြသည်။

ထိုစဉ် သူမရုတ်တရက် နိုးလာခဲ့ပြီး ရုတ်ချည်း ထထိုင်မိသွားခဲ့သည်။

မသိစိတ်က သူမပတ်၀န်းကျင်ကို တစ်ချက်ကြည့်လိုက်မိရာ သူမသည် ဂူတစ်လုံးထဲရောက်နေသည်ကို သတိထားလိုက်မိပြီး ဂူထဲရှ်ိ မီးပုံဘေးတွင် တရားထိုင်နေသော ပုံရိပ်တစ်ခုကို တွေ့လိုက်မိရာ သူမရုတ်တရက်ကြောက်လန့်သွားခဲ့ပြီး နံရံနားဆီသို့ ဆုတ်လိုက်မိ၏။

“ရှင်….” ထျန်းယောင်အာ ကြောင်အနေသောကြောင့် ဘာပြောရမှန်းမသိ ဖြစ်နေခဲ့သည်။

သူမသေချာကြည့်လိုက်ရာ ထိုလူသည် အနက်ရောင်၀တ်စုံကို၀တ်ဆင်ထားပြီး မျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားခြင်းကြောင့် သူ့ပုံစံမှာ ဆန်းကြယ်နေသည်ကို တွေ့လိုက်ရ၏။

ထိုပုံရိပ်မှာ ကုအန်မှလွဲ၍ အခြားမဟုတ်ပေ။

ထိုအတိုက်တွင် ကုအန် နိဗာနအဆင့်၏ စွမ်းအားများထဲ နစ်မြုပ်နေခြင်းဖြစ်ပြီး သူ့နတ်အာရုံက ကောင်းကင်ဖီးနစ်တောင်မှ မင်းဆက်ကိုးဆက်တစ်ခုလုံးကိုပင် မြင်နေခဲ့ရသည်။ ထိုခံစားချက်က သူ့ကို အံ့အားသင့်သွားစေခဲ့၏။

ဤအရာသည် အမတတစ်ယောက်၏ ခံစားချက် ဖြစ်နိုင်ပါသလော။

သူသည် ဤသေမျိုးလောကကြီးကိုပိုင်စိုးသော အမတတစ်ပါးဟု ခံစားနေခဲ့ရသည်။

ထိုစဉ် ထျန်းယောင်အာအကြည့်များ မြေပြင်ပေါ်ရှိ ဆေးပုလင်းများပေါ် ရောက်ရှိသွားခဲ့၏။ သူမတခဏတုံ့ဆိုင်းနေပြီးနောက် ဆေးပုလင်းများကို အနံ့ခံကာ သူမမျက်လုံးများ ‌အရောင်တောက်သွားခဲ့သည်။ သူမချက်ချင်း ဆေးများကို ပါးစပ်ထဲလောင်းထည့်ပစ်လိုက်၏။

ဆေးအားလုံးကုန်သောအခါ သူမ ခွန်အားများ ပြန်ပြည့်လာခဲ့ပြီး အံ့ဩစရာကောင်းသော ခံစားချက်တစ်ခုကိုလည်း ခံစားလိုက်ရသည်။

လန်းဆန်းကြည်လင်နေခြင်း!

သူမခန္ဓာကိုယ်ရှိဒဏ်ရာများ သိသိသာသာပြန်ကောင်းသွားတာကိုလည်း သူမခံစားမိခဲ့၏။

စိတ်တည်ငြိမ်သွားသောအခါ သူမကို ကယ်တင်ခဲ့သူသည် သူ့အရှေ့မှ လူဖြစ်မှန်း ထျန်းယောင်အာ သိရှိသွားခဲ့သည်။

ထို့ကြောင့် ကုအန်ကို စိတ်၀င်တစားကြည့်ရှုမိလိုက်ပြီး သူ့ပုံစံမှာ အတော်လေးမရင်းနှီးဘူးဟု ခံစားလိုက်ရ၏။

သူ့ဥမှပေါက်လာပြီးကတည်းက ဤလူသားသည် သူမရင်ဆိုင်ဖူးသည့် တစ်ဦးတည်းသော လူသား ဖြစ်ပေသည်။

သူမကို ငယ်စဉ်ကတည်းက မိစ္ဆာမိခင်က ပျိုးထောင်လာခဲ့ခြင်းဖြစ်ပြီး သူမ၀တ်ဆင်ထားသော အနီရောင်၀တ်စုံမှာလည်း မိစ္ဆာမိခင်က ပေးခဲ့ခြင်း ဖြစ်၏။

တခဏအကြာတွင်

ကုအန် သူ့အာရုံကို ပြန်ရုတ်လိုက်ပြီး ဖြည်းဖြည်းချင်း မျက်လုံးပွင့်လာခဲ့သောကြောင့် ထျန်းယောင်အာ ထိတ်လန့်သွားခဲ့လေသည်။

“ကျွန်မကို ကယ်တင်ခဲ့ပေးလို့ ကျေးဇူးတင်ပါတယ် စီနီယာ”

ထျန်းယောင်အာကြောင်ပေါက်လေးတစ်ကောင်လို ခပ်တိုးတိုးပြောလိုက်၏။

ကုအန်ပြောလိုက်သည်။

“မင်းနောက်ဘာလုပ်ဖို့ စီစဉ်ထားလဲ”

သူ့ကြည့်ရှုပြီးမှုအရ ထျန်းယောင်အာသည် တစ်သားတည်းဖြစ်ခြင်းအဆင့် မိစ္ဆာဘုရင်‌တစ်ကောင်မွေးထားသော မိစ္ဆာသတ္တဝါမှန်း သိရှိပြီးဖြစ်၏။ ထိုဂူထဲတွင် သူ့လို အခြားမိစ္ဆာလေးများလည်း ရှိကြပေသည်။

စိတ်ဝိညဉ်စွမ်းအင်ရုတ်တရက် ကျဆင်းလာမှုကြောင့် မိစ္ဆာဘုရင်သည် ကောင်းကောင်ဖီးနစ်တောင်တွင် ကပ်ဘေးကျရောက်တော့မည်အထင်နှင့် အသိုက်ပြောင်းဖို့ လုပ်ခဲ့ကြပြီး လမ်းတွင် အခြားမဟာမိစ္ဆာတစ်ကောင်နှင့်တွေ့ကာ တိုက်ပွဲဖြစ်ခဲ့ရ၏။ ထိုအခါ မိစ္ဆာဘုရင်အောက်မှ မိစ္ဆာများအားလုံး ဖရိုဖရဲဖြစ်ကုန်ခဲ့ရပြီး ထျန်းယောင်အာက ထိုအချိန်တွင် ထွက်ပြေးလာခဲ့ခြင်း ဖြစ်ပေသည်။

ထို့နောက်တွင် သူမသည် ကုအန်ရှိရာသို့ ရောက်ရှိလာခဲ့သည်။

သူတို့နှစ်ယောက်လုံးသည် မိဘမဲ့များ ဖြစ်ကြသောကြောင့် ကုအန် စာနာစိတ်၀င်ကာ သူမကို ကယ်တင်ခဲ့ခြင်း ဖြစ်၏။

ထျန်းယောင်အာ တုံ့ဆိုင်းနေကာ ဘာပြန်ဖြေရမည်ကို မသေချာဖြစ်နေခဲ့သည်။

“အခုမင်းမှာ ရွေးချယ်စရာနှစ်ခုရှိတယ် ပထမတစ်ခုက ငါမင်းကို ကောင်းကင်ဖီးနစ်တောင်ကနေ ခေါ်ထုတ်သွားပေးမယ် မင်းအဝေးတစ်နေရာမှာ အသက်ရှင်နေနိုင်အောင်ကြိုးစားလို့ရတယ် ဒုတိယတစ်ခုက ငါ့ကိုသစ္စာခံ ငါ့အတွက်အလုပ်လုပ်ပေး ငါကမင်း လုံခြုံရေးကို တာ၀န်ယူပေးမယ်”

ကုအန် ပြောလိုက်၏။

ကုအန်စကားကိုကြားသောအခါ ထျန်းယောင်အာမျက်လုံးထဲတွင် စိတ်ရှုပ်ထွေးသွားသော အရိပ်အယောင်ပေါ်လာခဲ့သည်။

သူမနှုတ်ခမ်းကိုကိုက်လိုက်ပြီး မေးလိုက်၏။

“စီနီယာကျွန်မအတွက် လက်စားချေပေးနိုင်မလား မိစ္ဆာမိခင်က ကျွန်မမိဘတွေကိုသတ်သွားတယ် တကယ်လို့ သူမကို လက်စားချေပေးနိုင်ရင် စီနီယာခိုင်းသမျှကို လုပ်ပါ့မယ်”

“ကောင်းကင်ဖီးနစ်မိစ္ဆာမိခင်က စွမ်းအားကြီးလွန်းတယ် ငါကသူ့ပြိုင်ဘက်မဟုတ်ဘူး ဒါပေမယ့် အနာဂတ်မှာ မင်းသူ့ကိုနိုင်နိုင်မယ့် ကျင့်စဉ်တစ်ခုတော့ သင်ပေးနိုင်တယ်” ကုအန်ပြောလိုက်သည်။

မိစ္ဆမိခင်သည် တစ်သားတည်းဖြစ်ခြင်းအဆင့်တွင်ရှိသောကြောင့် သူမသည် အမှန်တကယ်ပင် ကုအန် ပြိုင်ဘက်မဟုတ်ပေ။ ကုအန် သူ့ခွန်အားအစစ်အမှန်ကို မထုတ်ဖော်လိုခဲ့ပေ။

သူမကို သူတည်ဆောက်ထားသော ဂူဗိမာန်အသစ်အား စီမံစေလိုသော်လည်း သူ့ခွန်အားအစစ်အမှန်ကိုတော့ မပြလိုပေ။

လူတစ်ယောက်တွင် လျှို့ဝှက်ချက်များ ရှိကိုရှိရပေမည်။

သူသည် အမတလမ်းစဉ်၏ ပထမအဆင့်တွင်သာ ရှိနေသေးခြင်းဖြစ်ပြီး ပြိုင်ဘက်ကင်းရန် အဝေးကြီးလိုနေသေးသည်။ အကယ်၍ အနာဂတ်ကတစ်ယောက်ယောက်က သူ့ကို အချိန်နှင့်အာကာသကို ဖြတ်၍ လာသတ်လျှင် မည်သို့လုပ်မည်နည်း။

ထျန်းယောင်အာ မျက်လုံးထဲတွင် စိတ်ပျက်သွားသည့် အရိပ်အယောင်များပေါ်သွားခဲ့သော်လည်း ထိုအရာက အကျိုးအကြောင်းသင့်ပေသည်။ သူမတစ်ဘ၀လုံး မိစ္ဆာမိခင်ထက် အင်အားကြီးသော သူကိုမတွေ့ခဲ့ဖူးပေ။

သူမသတိထား၍ မေးလိုက်၏။ “ကျွန်မ စီနီယာ့နောက်ကိုလိုက်ပြီးကျင့်ကြံရင် ကလဲ့စားချေဖို့ အခွင့်အရေးရှိလာမှာလား”

“အနည်းဆုံးတော့ အပိုအခွင့်အရေး ရှ်ိလာမည်မဟုတ်လား” ကုအန်ဖြေလိုက်သည်။

“ကောင်းပြီလေ ဒါဆိုကျွန်မ စီနီယာ့နောက်ကို လိုက်ပါ့မယ်!”

ထိုစဉ် ကုအန် အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ သူမနောက်ရှိ မြေကြီးအက်ကွဲသွားပြီး အောက်ခြေမှ ရေများထွက်လာကာ ရေကန်တစ်ကန် ဖြစ်ပေါ်လာခဲ့၏။

“သန့်ရှင်းလေးသွားလုပ်လိုက်” ကုအန်ပြောလိုက်ကာ ထရပ်လိုက်ပြီး ဂူပေါက်၀ဆီ ထွက်သွားခဲ့သည်။

ထျန်းယောင်အာ အမြန် မေးလိုက်၏။

“စီနီယာ ဘယ်သွားမလို့လဲ”

“ငါအပြင်ကို တစ်ချက်သွားကြည့်မလို့ မင်းသန့်ရှင်းရေးလုပ်ပြီးရင် ပြန်လာခဲ့မယ်”

ကုအန် ဂူအပြင်သို့ လမ်းလျှောက်နေရင်း ပြောလိုက်သည်။

ထျန်းယောင်အာ ကုအန်၏ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်နေရင်း တစ်ခုခုပြောချင်သော်လည်း တွန့်ဆုတ်နေခဲ့မိသည်။

အကြောင်းပြချက်အချို့ကြောင့် ကုအန်အပြုအမူများက သူ့မကို သဘောကျနေစေခဲ့သည်။

သူ့နောက်သို့လိုက်ခြင်းက သူမကိုပိုကောင်းသော ဘ၀အသစ်ကို ပေးကောင်းပေးနိုင်ပေလိမ့်မည်။

ထျန်းယောင်အာ ကုအန်လုပ်ပေးခဲ့သော ရေကန်နားသွားလိုက်ပြီး ရေများကိုကြည့်ကာ တွေးလိုက်မိသည်။

“သူကအတော်လေး အစွမ်းထက်တဲ့ပုံပါ တကယ်ကြီးမိစ္ဆာမိခင်ကို မနိုင်ဘူးလား”

တစ်နေရာတွင်

ကုအန် ဂူထဲမှ ထွက်လာခဲ့ပြီး နေရောင်များက သူ့ပေါ် ဖြာကျနေခဲ့၏။

သူတောင်အလယ်တစ်နေရာတွင်ရပ်နေရင်း ပန်းပင်များ အလယ်တွင် ရပ်နေခဲ့သည်။ သို့သော် ထိုမြင်ကွင်းက သူ့ကိုမဆွဲဆောင်နိုင်ခဲ့ပေ။

ကုအန် နတ်အာရုံကိုဖြန့်ကျက်ထားပြီး သူအသစ်ဆောက်မည့် မြေအောက် ဂူဗိမာန်အတွက် သင့်တော်သော နေရာကို ရှာဖွေနေခဲ့သည်။

ထျန်းယောင်အား ထိုနေရာတွင် နေရာချခဲ့ပြီးနောက် သူသူ့အလုပ်နေရာသို့ ပြန်သွားရန် လိုနေသေး၏။

ကံကောင်းစွာဖြင့် ဂူဗိမာန်အသစ်အတွက် လိုအပ်သည့် ဖုံးကွယ်ရေး၀င်္ကပါများကို သူကြိုတင်ပြင်ဆင်ထားပြီးဖြစ်ပြီး ထို၀င်္ကပါများက သူ့ဂူဗိမာန်အသစ်ကို ဘယ်သူမှ မမြင်စေရန် ဖုံးကွယ်ထားဖို့ လုံလောက်ပေသည်။

မကြာခင်တွင် ကုအန် စိတ်ဝိညဉ်သွေးကြောတစ်ခုကို အာရုံခံလိုက်မိပြီး သူ့ဂူဗိမာန်ကို ထိုနေရာဘေးတွင် ဆောက်ဖို့ ဆုံးဖြတ်လိုက်၏။

ကုအန် ယင်ယန်ကိုယ်ပွားတစ်ခုထုတ်လိုက်ပြီးသည့်နောက် သူ့မူလခန္ဓာက ထိုနေရာမှ ပျောက်ကွယ်သွားခဲ့လေသည်။

မိနစ်သုံးဆယ်ကြာပြီးနောက်

ထျန်းယောင်အာ မီးပုံဘေးတွင် လက်ပိုက်၍ ထိုင်နေပြီး သူ့အ၀တ်အစားများကို အခြောက်ခံနေခဲ့ကာ မီးတောက်များကို စိုက်ကြည့်နေရင်း အတွေးနွံနစ်နေခဲ့၏။

‌ဂူအ၀င်၀မှ ခြေသံများ ကြားလိုက်ရမှသာ သူမအသိပြန်၀င်လာခဲ့သည်။

မကြာခင်တွင် ကုအန် ဂူထဲရောက်ရှိလာပြီး သန့်ရှင်းရေးလုပ်ထားသော ထျန်းယောင်အာကို တွေ့လိုက်ရသောအခါ သူကျေနပ်သွားခဲ့သည်။

သူမသည် အတော်လေးဆွဲဆောင်မှုရှိပြီး သူမကို သူ့ဂူဗိမာန်အသစ်ကို စီမံခိုင်းခြင်းက မျက်စိပသာဒ ဖြစ်စေနိုင်ပေလိမ့်မည်။

ကုအန် အင်္ကျီလက်ကောက်၀တ်ကို တစ်ချက်ယမ်းလိုက်ရာ လေပြင်းတစ်ချက်တိုက်သွားပြီး ထျန်းယောင်အာ၏ အ၀တ်အစားများအားလုံး ခြောက်သွေ့သွားခဲ့၏။

ထို့နောက်ကုအန် လက်တစ်ချက်ယမ်း၍ သူမကို သူ့အနားဆွဲခေါ်လိုက်ပြီး သူမပုခုံးကိုကိုင်ကာ လေထဲပျောက်ကွယ်သွားခဲ့သည်။

ထျန်းယောင်အာ မူးဝေကာ နေရထိုင်ရခက်နေသောကြောင့် မျက်လုံးပင်မဖွင့်နိုင်ခဲ့ဘဲ မသိစိတ်က ကုအန် ခါးပတ်ကိုသာ ဆုပ်ကိုင်ထားခဲ့မိ၏။

မကြာခင်တွင် မြေပြင်နှင့်ခြေထောက်ထိသွားသော ခံစားချက်ကို ရမှသာ သူမစိတ်သက်သာရာ ရသွားခဲ့သည်။

သူမမျက်လုံးများ ပွင့်လာခဲ့ပြီးသည့်နောက် အတော်လေးအံ့ဩသွားခဲ့မိ၏။

သူတို့သည် မြေအောက်နေရာလွတ်ကြီးတစ်ခုသို့ ရောက်ရှိနေခြင်းဖြစ်ပြီး ထိုနေရာက ‌ဆန်းကြယ်ကောင်းကင်ဂူဗိမာန်နီးနီးကြီးမားကာ နံရံများတွင် စိတ်ဝိညဉ်ကျောက်တုံးမျိုးစုံကို မြှုပ်ထည့်ထားပြီး အထဲတွင် စိတ်ဝိညဉ်စွမ်းအင်များက ကြွယ်၀လွန်းပေရာ ထျန်းယောင်အာ အံ့ဩသွားခဲ့မိသည်။

ထိုဂူဗိမာန်သည် ကုအန် တည်ဆောက်ထားခြင်းဖြစ်ပေသည်။ တစ်ချက်လောက်ကြည့်ပါက သဘာ၀ဂူတစ်လုံးဟု ထင်နိုင်သော်လည်း တကယ်တော့ အထူးကောင်းမွန်သော လက်မှုပညာဖြင့် တည်ဆောက်ထားသည့် ဂူတစ်လုံးဖြစ်၏။

“အခုကစပြီး မင်းဒီမှာနေရမယ် အရင်ဆုံးမင်းဒဏ်ရာကို ကုသလိုက် ဒီနေရာက ကောင်းကင်ဖီးနစ်တောင်ထဲမှာပဲ ရှိသေးတယ်မင်းပျင်းရင် စာအုပ်တွေဖတ်လို့ရတယ်” ပြောပြီးသည်နှင့် ကုအန် နတ်ဘုရားတို့၏ ရာထူးများ ကြည်ညိုဖွယ်အဓိပတိအမတနှင့် အခြားစာအုပ်များစွာကို ထုတ်ကာ မြေပြင်ပေါ် ချပေးလိုက်လေသည်။

ပြောပြီးသည်နှင့် သူလေထဲတွင် ပျောက်ကွယ်သွားခဲ့၏။

ထျန်းယောင်အာ ထိုင်လိုက်ကာ နတ်ဘုရားတို့၏ရာထူးများစာအုပ်ကို ကောက်ကိုင်လိုက်ပြီး ဟိုလှန်ဒီလှန် လှန်ကြည့်ရင်း သူမမျက်နှာတွင် စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက်သွားခဲ့သည်။

သူမ စာမဖတ်တတ်ပေ။

All Chapters