← Chapters

အခန်း (၁၃၉-၁၄၀)

Vol. 12 Ch. 139-140

အခန်း (၁၃၉-၁၄၀)

Vol. 12 Ch. 139-140

အပိုင်း(၁၃၉)

အမတတွေက တကယ်ရှိသလား

တတိယတောင်ကြားတွင် ဆောင်းဉီးလေက တသွဲ့သွဲ့ တိုက်ခတ်နေခဲ့သည်။

ကုအန် တည်နေရာကူးပြောင်းခြင်းအစီအရင်မှ ထွက်လာခဲ့ကာ ဥယျာဉ်ဆီသို့ ဦးတည်လာခဲ့၏။

ယခုအခါ သူသည် အဆင့်ချိုးဖျက်ခဲ့ပြီးဖြစ်သော်လည်း သူ့ဆေးပင်ရိတ်သိမ်းသည့် အလုပ်ကို လစ်ဟင်း၍ မဖြစ်သေးပေ။

သူဉယျာဉ်နားသို့ ရောက်ချိန်တွင် လုလင်ကျွမ်း သူ့ဆီရောက်လာပြီး ပြောလိုက်သည်။ “တောင်ကြားသခင် ကျွန်မအဖော်ပြုပေးပါရစေ”

ကုအန် မငြင်းဘဲ ခေါင်းညိတ်ပြလိုက်၏။

ကုအန် ဆေးပင်များခူးနေချိန်တွင် လုလင်ကျွမ်း သူ့နောက်မှ ဝါးခြင်းတောင်းကို ကိုင်ကာ လိုက်လာခဲ့လေသည်။

“တောင်ကြားသခင် ကမ္ဘာကြီးက ဒီလောက်ဖရိုဖရဲဖြစ်နေတာ ကျွန်မကျင့်ကြံခြင်းအဆင့်နဲ့ဆို အပြင်လောကကိုထွက်ပြီး နာမည်တစ်လုံးရအောင် လုပ်သင့်တယ်မလား” လုလင်ကျွမ်း ရုတ်တရက်မေးလိုက်၏။

ကုအန် သာမန်အတိုင်း ပြန်ဖြေလိုက်သည်။ “ဒါဆို ဂိုဏ်းချုပ်ကိုသွားရှာပြီး အဲ့ဒီအတွက် စီစဉ်ခိုင်းလိုက်လေ”

“တကယ်လို့ သူသာအဲ့လိုလုပ်စေချင်တယ်ဆို အခုအချိန် ကျွန်မဆီ စာရောက်နေလောက်ရောပေါ့”

“အဲ့လိုဆိုရင်တော့လည်း ဒီမှာပဲနေလိုက်ပါ နောက်တစ်ချိန် ဆေးတောင်ကြားကို ရန်သူတွေ၀င်လာတဲ့အချိန်ကျ အကြီးအကဲကိုပဲ မှီခိုနေရမှာ မဟုတ်လား”

“ဒါပေမယ့်..”

“လင်ကျွမ်း ကြီးမြတ်တဲ့ကျင့်ကြံသူကြီးတစ်ယောက် ဖြစ်ရက်နဲ့ နင့်နှလုံးသားက ဘာလို့အဲ့လောက် မတည်ငြိမ်ရတာလဲ ဆေးပင်တွေကို ကာကွယ်တာကရော ကုသိုလ်အကျိုးရတာပဲ မဟုတ်လား ဆေးပင်တွေကိုကာကွယ်လို့ရရှိတဲ့ အကျိုးကျေးဇူးက ရန်သူတွေကို သတ်ဖြတ်လို့ရတဲ့ အကျိုးကျေးဇူးလောက် မများလို့လား”

ကုအန် ခပ်တည်တည်ပြောလိုက်ရင်း ဆေးပင်ဆက်ခူးနေခဲ့သည်။

လုလင်ကျွမ်း အကူအညီမဲ့သွားခဲ့ရ၏။

သို့သော် သူမ၏ ဂိုဏ်းချုပ်ဖြစ်လာလိုသော ရည်ရွယ်ချက်ကိုတော့ ကုအန်ကို ပြောလို့မဖြစ်သေးပေ။ အခုချိန်တွင် ကုအန် သည် ဂိုဏ်းချုပ်လုပိုင်ထျန်းနှင့် အလွန်ရင်းနှီးနေသောကြောင့် ဖြစ်ပေသည်။

သူမ အစီအစဉ်ကျရှုံးသွားသောအခါ လုလင်ကျွမ်း စကားလွှဲလိုက်၏။ “တောင်ကြားသခင် ဒီကမ္ဘာမှာ အမတတွေ တကယ်ရှိတယ်လို့ထင်လား ကောင်းကင်နဲ့မြေပြင်က အရမ်းကျယ်ပြန့်တာ အမတတွေရှိရင် ဘာလို့ ကျွန်မတို့ မမြင်ရတာလဲ”

“ဒါပေါ့ အမတတွေရှိတာပေါ့ မဟုတ်ရင် ငါတို့ကျင့်ကြံသူတွေဘာလို့ တည်ရှိနေတော့မှာလဲ” ကုအန် ဖြေလိုက်သည်။

ဒါပေါ့ ရှိတာပေါ့!

ငါကအဲ့ထဲက တစ်ယောက်ပဲလေ!

ဒါပေမယ့် နင့်ကိုပြောမပြနိုင်ပါဘူး!

ကုအန်ကြိတ်၍ တွေးနေမိသည်။

အကယ်၍ အမတများသာ ဤကမ္ဘာတွင် တကယ်ရှိပါက သူ့နတ်အာရုံဖြင့် စစ်ဆေးခဲ့စဉ်က အဘယ်ကြောင့် ဘာကိုမှ မတွေ့ခဲ့ရသနည်း။

ဒါမှမဟုတ် အမတများသည် ပင်လယ်တစ်ဖက်ခြမ်းတွင် နေထိုင်နေကြပြီး နောက်အဆင့်များအတွက် ပြိုင်ဆိုင်နေကြခြင်း ဖြစ်နိုင်ပါသလော။

နိဗာနအဆင့်သည် အမတလမ်းစဉ်၏ ပထမအဆင့်သာ ဖြစ်ပြီး အမတလမ်းစဉ်၏ ထိပ်ဆုံးသို့ရောက်ရှိရန် နောက်ထပ် အဆင့် ရှစ်ခု ကျန်နေသေး၏။

အမတလမ်းစဉ်အထက်တွင်မူ မည်သည့်အရာ တည်ရှိပါသနည်း။

ထိုအချိန်တွင် ကုအန် အတွေးလွန်နေခဲ့သော်လည်း ဆေးပင်ခူးခြင်းကိုတော့ မရပ်တန့်ခဲ့ပေ။

“ကျွန်မမွေးဖွားလာခဲ့တဲ့နေရာမှာ အမတတွေမရှိဘူး ထိပ်ဆုံးကို ရောက်သွားတဲ့ ကျင့်ကြံသူတွေက ဟင်းလင်းပြင်ကိုချိုးဖျက်ဖို့ပဲ ကြိုးစားကြရတာ ဒါပေမယ့် ဟင်းလင်းပြင်ကိုချိုးဖျက်လို့ ကမ္ဘာအသစ်ကို တက်လှမ်းနိုင်ခဲ့ရင် အမတတွေကို တွေ့ရလိမ့်မယ်လို့ ကျွန်မတို့ ယုံကြည်တယ်” လုလင်ကျွမ်းပြောနေရင်း သူ့မျက်နှာပေါ်တွင် ရှုပ်ထွေးသည့် အရိပ်အယောင်များ ရှိနေခဲ့သည်။

သူမတက်လှမ်းလာပြီးနောက် ဤကမ္ဘာသည် သူမတို့အရင်ကမ္ဘာနှင့် ဘာမှမကွာသလို ခံစားနေခဲ့ရသည်။ ဤလူသားကမ္ဘာသည် အလွန်ကျယ်၀န်းသော်လည်း အမတများနှင့်တော့ အလှမ်းဝေးနေဆဲ ဖြစ်၏။

ကုအန် သူမပြောသည်ကို နားထောင်နေရင်း တစ်ချက်တစ်ချက် ၀င်၍ ထောက်ခံပေးနေခဲ့သည်။

တစ်နာရီခန့်ကြာသောအခါ သူတို့နှစ်ယောက် အိမ်သို့ ပြန်လာခဲ့ကြ၏။

ကုအန် ဆန်းကြယ်သန့်စင်‌ပင်သို့ သွားလိုက်ချိန်တွင် ရှောင်ချွမ်သည် သစ်ပင်နားတွင် ထိုင်ကာ သစ်ပင်အောက်တွင် အိပ်နေသော ကြွက်ဖြူလေးကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ရှောင်ချွမ့်တွင် မွေးမြူထားသော သားရဲများစွာရှိသော်လည်း ကြွက်ဖြူလေးမှာတော့ သူ့အကြိုက်ဆုံးအကောင်ဖြစ်နေဆဲပင်။

ရုတ်တရက် ကုအန် ရှောင်ချွမ့်၏ အသက်ကြီးလာမှုကို ခံစားမိလိုက်ရသည်။

ရှောင်ချွမ်သည် သူ့ထက် သုံးနှစ်သာငယ်ပြီး ယခုအခါ အသက် ၇၀ရှိနေပြီ ဖြစ်သည်။ထို့အပြင် သူသည် အခုထိ အခြေခံတည်ဆောက်ခြင်းအဆင့်သို့ပင် မရောက်သေးလေရာ သူ့တွင် အသက်အရွယ်ကြီးမြင့်လာမှု အရိပ်အယောင်များ ရှိနေသည်မှာ သာမန်သာ ဖြစ်၏။

ကုအန် ရှောင်ချွမ့်အား နုပျိုဆေးပေးခဲ့ဖူးသော်လည်း ထိုဆေးက သူ့အသွင်အပြင်ကိုသာ နုပျိုနေစေမှာဖြစ်ပြီး သူ့အမူအရာနှင့် စိတ်ဓာတ်မှာတော့ စတင် ကြီးရင့်လာခဲ့ပြီ ဖြစ်သည်။

ထိုအရာက ကုအန်ကို စိတ်ပူသွားစေခဲ့၏။

နှစ်တစ်ရာအတွင်း သူရှောင်ချွမ့်ကို ခွဲခွာရပေတော့မည်။

ရှောင်ချွမ်သည် ကျင့်ကြံခြင်းကို မနှစ်သက်လေရာ ကုအန်လည်း သူ့ကို အတင်းအကြပ်လုပ်ခိုင်းနေ၍ မဖြစ်ပေ။ ကံကောင်းစွာဖြင့် သူ့လက်ရှိ အခြေအနေနှင့်ပင် ရှောင်ချွမ်သည် ပျော်ရွှင်နေခြင်း ဖြစ်သည်။ ကုအန်ကြောင့် သူ့ဘ၀တွင် နောင်တဆိုတာမျိုး ရှိမနေခဲ့ပေ။

ကုအန် ရှောင်ချွမ့်ဆီသို့ နောက်မှချဉ်းကပ်သွားပြီး မေးလိုက်သည်။ “ရှောင်ချွမ် ဘာတွေကြည့်နေတာလဲ မင်းချီလိုက်ရင် ကောက်ချီလိုက်ပါလား”

ရှောင်ချွမ်ကုအန်ကို မော့ကြည့်ကာ အကူအညီမဲ့စွာ ပြောလိုက်၏။ “သူကပိုကြီးလာတာအစ်ကိုကြီး ကျွန်တော်သူ့ကို ချီဖို့ကြိုးစားသေးတယ် ဒီကောင်က ပြန်ကုတ်တယ်လေ”

“အို မင်းဘာလို့အစ်ကိုကြီးကိုမပြောလဲ ဒီခွေးကောင်လေးကတော့”

‌ကုအန် သစ်ပင်အောက်သို့သွားကာ ကြွက်ဖြူလေးကို အမြှီးမှဆွဲ၍ မလိုက်လေသည်။

ကြွက်ဖြူလေး အံ့အားသင့်ကာ နိုးလာခဲ့ပြီး ကုအန်ကို မြင်လိုက်ချိန်တွင်တော့ ဘာမှ မပြောရဲတော့ပေ။

ကုအန် ကြွက်ဖြူလေးအား ရှောင်ချွမ် လက်မောင်းပေါ်တင်ပေးလိုက်ပြီး မခုခံရန် တစ်ချက်ကြည့်လိုက်ရာ ကြွက်ဖြူလေး ကုပ်နေရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။

နောက်ဆုံးတွင် ကြွက်ဖြူလေး သူ့‌လက်မောင်းပေါ်ရောက်လာသည်ကို တွေ့လိုက်ရသောအခါ ရှောင်ချွမ် မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသော အပြုံးတစ်ခု ပေါ်လာခဲ့၏။

ထိုအခိုက်တွင် ကုအန် အဝေးမှ တိုက်ပွဲတစ်ခုကို အာရုံခံလိုက်မိသည်။

ဆန်းကြယ်နှလုံးသားအဆင့် တိုက်ပွဲကြီးတစ်ခု!

တိုက်ပွဲထဲက အရှိန်အဝါတစ်ခုက အကြီးအကဲ ရွှမ်ကွမ်းအရှိန်အဝါပဲ!

ကုအန် ကြည့်ရုံသာ ကြည့်နေခဲ့ပြီး ၀င်မပါခဲ့ပေ။

တခဏဂိုဏ်းက မဟာယနအဆင့်ကျင့်ကြံသူ၀င်မပါမချင်း သူလည်း ၀င်ပါမည် မဟုတ်ပေ။ မင်းဆက်ကိုးခု၏ ကပ်ဘေးသည် သူတစ်ယောက်တည်းရင်ဆိုင်ရမည့်အရာမဟုတ်ဘဲ အဓိပတိဂိုဏ်းကိုလည်း ဆရာသခင်ဓားအရှင်ကိုသာ မှီခိုနေသည့် ဂိုဏ်းမျိုး ဖြစ်မသွားစေလိုပေ။

ရှောင်ချွမ်နှင့် နာရီ၀က်ခန့် စကားပြောပြီးမှ ကုအန် ထိုနေရာမှ ထွက်လာခဲ့၏။

ရှောင်ချွမ် ကြွက်ဖြူလေးကို မြေပေါ်ပြန်ချပေးလိုက်သောအခါ ထိုကောင်လေးသည် ဆန်းကြယ်သန့်စင်ပင်အောက် အမြန်ပြေးထွက်သွားခဲ့သည်။

ရှောင်ချွမ် ထွက်ခွာသွားသော ကုအန်ပုံရိပ်အားကြည့်နေရင်း ဘာကြောင့်မှန်းမသိဘဲ သူနှင့်အစ်ကိုကြီးသည် ပိုပိုဝေးကွာလာသည်ဟု ခံစားနေခဲ့ရ၏။

သူတို့သည် အတူတူရှိနေဆဲဖြစ်ပြီး သူကလည်း အဓိပတိဂိုဏ်းမှ ထွက်ခွာသွားဖို့ ဆန္ဒမရှိသော်လည်း ထိုသို့ခံစားနေရဆဲဖြစ်သည်။

ကံကောင်းစွာဖြင့် ထိုခံစားချက်က အမြန်ပျောက်သွားခဲ့သည်။

“ယန်လေး ဒီကိုလာဦး စိတ်ဝိညဉ်ကြက်တွေ ဥဥပြီးလား သွားကြည့်ရအောင် သူတို့ဒီအချိန်ဆို ဥသင့်နေပြီ”

ရှောင်ချွမ်အနားရှိ အစေခံတပည့်တစ်ယောက်ကို လက်ယပ်ခေါ်ကာ ပြောလိုက်ပြီး စိတ်ဝိညဉ်ကြက်များ ဥမဥတွေးနေရင်း သူ့မျက်နှာတွင် အပြုံးတစ်ပွင့် ပြန်ပွင့်လာခဲ့၏။

….

ကောင်းကင်ဖီးနစ်တောင်တွင်

မြေအောက်နေရာလွတ်တွင် ကုအန်ထိုင်၍ သူ့ရှေ့ရှ်ိ ကျောက်တိုင်ကိုကြည့်နေရင်း မေးကိုထောက်ကာ စဉ်းစားနေခဲ့သည်။

ထျန်းယောင်အာလည်း သူ့ဘေးတွင် ထိုင်နေပြီး ကုအန်ကိုကြည့်နေခဲ့၏။ တခဏကြာသည့် နောက်တွင်တော့ သူမမနေနိုင်တော့ဘဲ မေးလိုက်လေသည်။

“စီနီယာ ဘာတွေတွေးနေတာလဲ”

ကုအန်ဖြေလိုက်သည်။ “ငါဒီဂူကိုဘာနာမည်ပေးရမလဲစဉ်းစားနေတာ”

ရုတ်တရက် သူထျန်းယောင်အာကို ကြည့်လိုက်ကာ မေးလိုက်၏။ “နင်ဆိုရင်ရော ဘာနာမည်ပေးမလဲ”

ထိုစကားကိုကြားသောအခါ ထျန်းယောင်အာ တခဏစဉ်းစားလိုက်ပြီး ဖြေလိုက်သည်။ “မိစ္ဆာအသိုက် ဆိုရင်ရော ဘယ်လိုလဲ”

ကုအန် ထိုစကားဝိုင်းကိုဆက်လိုစိတ်မရှိတော့ပေ။ မျက်လုံးကိုသာ မှိတ်ထားလိုက်၏။

အမွှေးတိုင်တစ်တိုင်ထွန်းစာလောက် ကြာချိန်တွင်

ကုအန် ထရပ်လိုက်ရာ ထျန်းယောင်အာ အံ့အားသင့်သွားပြီး ကုအန်ကို ကြည့်နေမိသည်။

ကုအန် လက်ချောင်းများဖြင့် ကျောက်တိုင်ကိုထောက်ကာ စာလုံးများ ရေးထွင်းလိုက်၏။

ထျန်းယောင်အာ ကျောက်တိုင်ကို ကြည့်လိုက်ရာ ကျောက်တိုင်တွင် စာလုံးလေးလုံးပေါ်လာသည်ကို တွေ့လိုက်ရသည်။

နျန်းချူဂူ!

နျန်းချူဟူသည့် စကားလုံးသည် လူတစ်ယောက်က သူ့မူလရည်ရွယ်ချက်ကို မမေ့လျော့ရဘူးဟု အဓိပ္ပာယ်ရပြီး ကုအန် အနာဂတ်တွင် မာနကြီးသွားကာ အောက်ခြေလွတ်သွားမည်ကို စိုးရိမ်၍ ဤနာမည် ပေးခဲ့ခြင်း ဖြစ်သည်။

ယနေ့ သူရှောင်ချွမ်နှင့် စကားပြောခဲ့ရာတွင် သူ့၌ ဘ၀နှင့်ပတ်သက်သည့် အတွေးများပေါ်လာခဲ့ပြီး နျန်းချူဟူသည့် စကားလုံးသည် သူ့အမတလမ်းစဉ်တွင် ပထမဆုံးတွေ့ခဲ့ရသည့် လူတစ်စုကို မမေ့လျော့သွားစေရန် ရည်ရွယ်ချက်လည်း ပါ၏။

စာလုံးများ ရေးထွင်းပြီးသောအခါ ကုအန် ကျောက်တိုင်ကို သယ်သွားပြီး ဂူအ၀င်၀သို့သွားလိုက်လေသည်။

ထျန်းယောင်အာလည်း ကုအန် နောက်မှ လိုက်လာခဲ့၏။

ကျောက်တိုင်ကို ဂူအ၀င်၀တွင် စိုက်ပြီးသောအခါ ကုအန် ‌မှော်သိုင်းလက်ဟန်များ သုံးပြီး လက်ဝါးကို မြေပြင်ပေါ် ရိုက်ချလိုက်လေသည်။

တကယ်တော့ သူထိုမျှ ဒုက္ခခံ၍ လုပ်နေစရာမလိုပေ။ ဤအရာတွေအကုန်လုံးမှာ ထျန်းယောင်အာအတွက် လုပ်ပြနေခြင်းသာ ဖြစ်သည်။

သူ့လင်းချီများ မြေကြီးထဲ၀င်သွားသောအခါ ပြောင်သလင်းခါနေသော မြေပြင်တွင် မြက်ပြင်များ စတင်ပေါက်ရောက်လာခဲ့၏။ အသက်သုံးရှိုက်စာအတွင် နျန်းချူဂူ ပတ်ပတ်လည်နေရာတစ်ခုလုံးကို မြက်ပင်များက ဖုံးလွှမ်းသွားခဲ့ရာ ထျန်းယောင်အာ အံ့အားသင့်၍ မျက်လုံးပင် ပြူးသွားခဲ့ရသည်။

ထိုအရာသည် ကုအန်၏ ဆန်းကြယ်နှလုံးသားနတ်စွမ်းအားများထဲမှ တစ်ခုဖြစ်ပြီး သူကထိုစွမ်းအားကို နတ်ဘုရားရှေ့တော်မှောက်ရှိ အရာအားလုံး ဟု ခေါ်၏။

နတ်ဘုရားရှေ့တော်မှောက်ရှိအရာအားလုံးသည် ထိုမျှသာ လုပ်နိုင်ခြင်းမဟုတ်ဘဲ လင်းချီကို သုံး၍ သူ့နတ်အာရုံအတွင်းရှိ နေရာအားလုံးတွင် ပန်းပင်များကိုပင် ဖန်တီးနိုင်ပြီး ထိုအပင်များမှ တစ်ဆင့်သူကထိုနေရာရှိ မြင်ကွင်းများကို ကြည့်ရှုနိုင်ပေသည်။ ထိုအပင်များတွင် မရေတွက်နိုင်လောက်အောင် များပြားသော ဆန်းကြယ်မှုများရှိပြီး ထိုအပင်များကိုသုံး၍ သတ်ဖြတ်မှုမျိုးပင် လုပ်နိုင်၏။

လက်တစ်ချက်ဝေ့ယမ်းလိုက်ရုံနှင့် ကုအန် ပေတစ်သောင်းခန့်မြင့်သော တောအုပ်တစ်ခုကိုပင် ဖန်တီးနိုင်ပြီး သူ့အကန့်အသတ်က ဘယ်လောက်လဲဆိုတာကိုတော့ သူမသေချာသေးပေ။

ထို့အပြင် ထိုစွမ်းအား၌ အပင်များ၏ ကြီးထွားနှုန်းကို အရှိန်မြှင့်ပေးနိုင်သည့် စွမ်းအားမျိုးလည်း ရှိသေးသည်။

ယနေ့တွင် ကုအန် ထိုအရာအား စမ်းသပ်ဖို့ စီစဉ်ထားခဲ့၏။

ကုအန် အပင်များ၏ ကြီးထွားနှုန်းကိုအစွမ်းသုံး၍ မြှင့်တင်ကာ ထိုအပင်ကို ရိတ်သိမ်းဖို့ စဉ်းစားထားခဲ့သည်။

ကုအန် မျိုးစေ့တစ်စေ့ကို ထုတ်ကာ မြေကြီးထဲတွင် မြှုပ်လိုက်၏။

ထျန်းယောင်အာ သူ့ရှေ့ရှိ မြက်ခင်းစိမ်းပြင်ကြီးကိုကြည့်ကာ ကြောင်အနေခဲ့သည်။ ကုအန်စကားများကိုလည်း သူသံသယ၀င်လာမိ၏။ ကောင်းကင်ဖီးနစ်မိစ္ဆာမိခင်မျိုး ထိုနည်းလမ်းမျိုးသုံးခြင်းကို သူတစ်ခါမှ မမြင်ခဲ့ဖူးပေ။

နာရီ၀က်ခန့်ကြာသောအခါ

ကုအန် သူ့လက်ထဲတွင် အဆင့်၂ စိတ်ဝိညဉ်မြက်ပင်ကို ကိုင်ထားရင်း သက်ပြင်းချလိုက်မိသည်။

အပင်ကြီးထွားနှုန်းကို အရှိန်မြှင့်လိုက်ခြင်းက သူ့ရိတ်သိမ်းမှုကို ထူးခြားမသွားစေခဲ့ပေ။

သူသည်အဆင့်၂ စိတ်ဝိညဉ်မြက်ပင်ကို စွမ်းအားသုံး၍ ကြီးထွားလာစေရန် အရှိန်မြှင့်လိုက်ပြီး ရင့်မှည့်သွားသောအခါ ရိတ်သိမ်းလိုက်သော်လည်း သူဘာသက်တမ်းမှ ရမလာခဲ့ပေ။ သက်တမ်းစစ်ဆေးခြင်းသုံး၍ စစ်ဆေးလိုက်သောအခါ ထိုအပင်တွင် သက်တမ်းလပိုင်းသာ ကျန်တော့သည်ဟု ပြသနေခဲ့၏။

နောက်ဆုံးတွင်တော့ သူရိုးရိုးသားသား ရိတ်သိမ်းမှသာ အလုပ်ဖြစ်ပုံပေါ်ပေသည်။

ကုအန် လောဘကြီးလွန်းသည့် သူ့ကိုယ်သူ ကြိတ်၍ ကျိန်ဆဲလိုက်မိ၏။ သက်တမ်းရိတ်သိမ်း၍ ရသည့် သူ့စွမ်းရည်မှာပင် အံ့အားသင့်စရာကောင်းနေပြီဖြစ်သော်လည်း သူကရိတ်သိမ်းရသည့် အလျင်ကို ထပ်မြှင့်နေလိုသေးသည်။

ကုအန် ထရပ်လိုက်ကာ သူ့ဘေးရှိထျန်းယောင်အာကို ပြောလိုက်၏။

“မင်းမှာလုပ်စရာမရှိဘူးလား” ကုအန်မေးလိုက်သည်။

ထျန်းယောင်အာ မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ကာ မေးလိုက်၏။ “ဘာလုပ်ရမှာလဲ”

“နင်လက်စားချေချင်တယ်မဟုတ်လား ဘာလို့ကျင့်ကြံမနေတာလဲ”

“ကျွန်မဘယ်လိုကျင့်ကြံရမှာလဲ စီနီယာမှ ဘာကျင့်စဉ်မှမှ မသင်ပေးသေးတာ…” ထျန်းယောင်အာ သနားစရာကောင်းစွာ ပြန်ပြောလိုက်လေသည်။

သူမပုံစံကို ကြည့်၍ ဘယ်သူမှ မသနားဘဲ နေနိုင်မည် မဟုတ်ပေ။

ကုအန် ကြိတ်၍ မိစ္ဆာမ ဟု ကျိန်ဆဲလိုက်ကာ မေးလိုက်၏။

“ဒါဆို နင့်ကျင့်ကြံခြင်းက ဘယ်လိုတက်လာတာလဲ”

သူသည် ထျန်းယောင်အာ၏ အတိတ် ၁၀နှစ်ကိုသာ မြင်ထားခြင်းဖြစ်ပြီး ထိုအချိန်များတွင် ထျန်းယောင်အာကို မိစ္တာမိခင်က ဆေးများကျွေးသည်ကိုသာ တွေ့ခဲ့ရပြီး သူ့ကျင့်ကြံခြင်းကိုတော့ ငယ်စဉ်က သင်ပေးခဲ့သည်ဟူ၍သာ ကုအန် ထင်ခဲ့မိသည်။

“ကျွန်မမသိဘူး အဲ့တာက သူ့ဟာသူတက်လာတာ…” ထျန်းယောင်အာ ဖြေလိုက်၏။

ထိုစကားကိုကြားသောအခါ ကုအန်ထိုအရာသည် ကောင်းသည်ဟု ခံစားလိုက်ရသည်။ ကြည့်ရသည်မှာ ထိုကောင်မလေးသည် တစ်ခါမှ ကျင့်ကြံဖူးသည့်ပုံ မပေါ်ပေ။

ထို့နောက် ကုအန်သူမအား မူလမြေကမ္ဘာအမတကျင့်စဉ်အား ပေးလိုက်လေသည်။

ထျန်းယောင်အာသည် တစ်ခါမှ မကျင့်ကြံဖူးသောကြောင့် ကုအန် သူမကို အခြေခံကျင့်ကြံခြင်းဗဟုသုတများလည်း သင်ပြပေးလိုက်၏။

တစ်ညကုန်သွားသောအခါ ထျန်းယောင်အာ သည် သူမဖာသာစတင်ကျင့်ကြံသွားနိုင်ခဲ့ပြီး ကုအန်လည်း စိတ်အေးသွားခဲ့ရသည်။

ထိုဖြစ်စဉ်အတွင်း ထျန်းယောင်အာ စာမဖတ်တတ်တာကိုလည်း ကုအန် သိသွားခဲ့၏။

ကုအန် ခပ်လှမ်းလှမ်းရှိ ပြန့်ကျဲနေသော စာအုပ်များကို ကြည့်ကာ အဓိပတိလျှို့ဝှက်မှတ်တမ်းများ စာအုပ်ကို ထားခဲ့သင့်မသင့် စဉ်းစားနေမိသည်။ နောက်ဆုံးတွင် ထိုစာအုပ်၌ ရုပ်ပုံများ ပါသည် မဟုတ်ပါလား။

သို့သော် ချက်ချင်း ထိုအတွေးကို ဖျက်ပစ်လိုက်၏။

ဒါက အတော်လေး လက်လွှတ်စပယ်‌နိုင်တာပဲ!

မိစ္ဆာမတစ်ယောက်ကို သူထိုသို့သော စာအုပ်မျိုး ဖတ်ခိုင်းလိုက်၍ မဖြစ်ပေ။

အကယ်၍ ထျန်းယောင်အာသာ ထိုစာအုပ်ထဲရှိ မသင့်လျော်သော အတွေးများ၏ လွှမ်းမိုးခြင်းကို ခံလိုက်ရလျှင်မည်သို့ လုပ်မည်နည်း။

ထိုအရာများအားလုံးသည် ရှန်းကျန်၏ အမှားများသာ ဖြစ်ပေသည်။ ယခုအခါ သူ့စာအုပ်ထဲကဇာတ်ကောင်ကုအန်အတိုင်း ကုအန်၏ အတွေးများပင် အရင်လို သန့်စင်မနေတော့ပေ။

အချို့စာအုပ်များကို တားမြစ်ထားခြင်းမှာ အဓိပ္ပာယ်ရှိ၏။

အပိုင်း(၁၄၀)

တောင်နတ်ဘုရားဆင်းသက်လာခြင်း၊ အပြစ်ပေးခြင်း

ဆောင်းလေညှင်းက တောအုပ်ထဲတွင် တိုက်ခတ်နေခဲ့သည်။

သူတော်စင်ရွှမ်မြောင်ရှေ့ဆုံးမှ သွားနေ‌ေသာ်လည်း သူတို့နောက်တွင် သွေးလမ်းကြောင်းတစ်ခုပင်ကျန်ရစ်နေခဲ့သောကြောင့် လူတိုင်းက သူ့ကိုအတော်လေး စိတ်ပူနေခဲ့ကြ၏။ သို့သော်လည်း သူတို့သူ့ကို ဘာပြောပြော အလကားဖြစ်နေမှာကိုလည်း သူတို့ သိနေခဲ့ကြသည်။

သူတို့အကောင်းဆုံး လုပ်နိုင်သည်မှာ သူ့ကို မနှောင့်ယှက်ဖို့သာ ဖြစ်၏။

ဝုန်းးး…

နားကွဲလုမတတ်ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ကာ သူတို့နှင့်ခပ်လှမ်းလှမ်းရှိ တောအုပ်ကြီးတစ်ခုလုံး ပေါက်ကွဲထွက်သွားပြီး လူတိုင်း စိတ်ဝိညဉ်စွမ်းအားသုံး၍ ခုခံလိုက်ကြရသည်။

သူတော်စင်ရွှမ်မြောင် သူ့ဓားကိုသုံး၍ နတ်အသွင်ပြောင်းခြင်းအဆင့်စွမ်းအားကိုသုံးကာ ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော လှိုင်းအများစုကို ကာကွယ်လိုက်၏။

ထို့နောက် သူသွေးနောက်တစ်လုပ် ထပ်အန်လိုက်ရရာ ဥပဒေရေးရာခန်းမမှ လူများအားလုံး သူ့ကို ပို၍ စိုးရိမ်သွားခဲ့ရသည်။

တခဏကြာသောအခါ စွမ်းအင်လှိုင်းများ ငြိမ်သက်သွားခဲ့ပြီး သူတော်စင်ရွှမ်မြောင်လည်း ဒူးထောက်ကျတော့မတတ် ဖြစ်သွားခဲ့ကာ လဲကျမသွားစေရန် ဓားဖြင့်အားပြု၍ ထောက်ထားခဲ့လိုက်ရ၏။

သူတို့အနားရှိ တောအုပ်မှာမူ မြက်များနှင့် သစ်ပင်များက ပြန့်ကျဲလွင့်ထွက်ကုန်ကြပြီး ဖရိုဖရဲ ဖြစ်နေလေပြီ။

ကျန်းချင်တို့အားလုံး ရွှမ်မြောင့်လုံခြုံ‌ေရးကိုစိုးရိမ်သွားကြပြီး အလျင်အမြန်ပင် ရွှမ်မြောင့်နား ကပ်လာခဲ့ကြသည်။

သူတော်စင်ရွှမ်မြောင်သည် သူတို့ကို ကယ်တင်ထားခဲ့ခြင်းဖြစ်ပြီး နေ့ရက်တိုင်းနီးနီး ပြင်းထန်‌ေသာ တိုက်ပွဲများကြုံတွေ့ခဲ့ရ၍ သူ့တွင် ဒဏ်ရာပြန်ကုရန် အချိန်ပင် မရခဲ့ပေ။

သူတော်စင်ရွှမ်မြောင် ခေါင်းမော့လိုက်ပြီး ဖြူဖျော့နေသော သူ့မျက်နှာတွင်လည်း အားနာသည့် အရိပ်အယောင်တစ်ခုပေါ်နေပြီး အံကိုကြိတ်ကာ ပြောလိုက်၏။ “ရန်သူလာနေပြီ လူတိုင်း တရားထိုင်ကြ!”

ထိုစကားကိုကြားသောအခါ လူတိုင်းအမြန်တရားထိုင်လိုက်ကြလေသည်။ သူတို့သည် သူတော်စင်ရွှမ်မြောင်ကို အလွန်ယုံကြည်နေပြီး သူဘာပြောပြော လိုက်လုပ်ကြမည် ဖြစ်၏။ အကယ်၍ ရွှမ်မြောင်မကယ်ခဲ့လျှင်လည်း သူတို့ရှိလာနိုင်တော့မည် မဟုတ်ပေ။

သူဝောာ်စင်ရွှမ်မြောင် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ပြောလိုက်သည်။

“လူတိုင်း နှလုံးသားထဲမှာ တောင်နတ်ဘုရားက လာရောက်ကယ်တင်ဖို့ ဆုတောင်းကြ!”

သူ့စိတ်ဝိညဉ်စွမ်းအားမှာ မိုးထိဆန်းကြယ်ဂိတ်တံခါးကို သုံးဖို့ လုံလောက်မှုမရှိတော့လေရာ သူ့တွင် တောင်နတ်ဘုရားကို အားကိုးယုံမှလွဲ ရွေးချယ်စရာမရှိတော့ပေ။

သူတို့သည် တောင်နတ်ဘုရားနေသော နေရာနှင့် ဝေးနေပြီ ဖြစ်သော်လည်း သူတို့ဆုတောင်းကို တောင်နတ်ဘုရားက ကြားလိမ့်မည်ဟု သူယုံပေသည်။

တပည့်အားလုံး သူ့စကားကိုကြားသောအခါ အံ့ဩသွားကြပြီး အချို့မှာ စိတ်ညစ်သွားခဲ့ကြ၏။

“ဘာလို့ ထွက်မပြေးဘဲ တောင်နတ်ဘုရားဆီမှာ ဆုတောင်းမှာလဲ”

“ဟုတ်တယ် ကမ္ဘာကြီးတစ်ခုလုံးက ဖရိုဖရဲဖြစ်နေတာ ကျွန်တော်တို့ ဒီနေရာကနေ လွတ်ရင်လည်း လွတ်မှာပေါ့”

“ငါတို့မင်းကို သယ်သွားပြီး ဒီနေရာကထွက်သွားကြမယ် ငါတို့လမ်းတစ်လမ်းရှာတွေ့နိုင်မှာ သေချာတယ်”

“ဒီနေရာမှာထိုင်နေပြီး သေခြင်းတရားကိုထိုင်စောင့်မနေနိုင်ဘူး!”

“ဘာတောင်နတ်ဘုရားလဲ အဲ့လိုတည်ရှိမှုမျိုးသာရှိနေရင် ဘယ်လိုလုပ် တခဏဂိုဏ်းက ဒီလောက်ရမ်းကားရဲမှာလဲ”

ရန်သူနီးကပ်လာလေလေ တပည့်များမှာ ပို၍ ကြောက်ရွံ့လာကြလေလေပင်။

သူတော်စင်ရွှမ်မြောင်ပြောလိုက်သည်။ “ငါတို့ မလွတ်နိုင်တော့ဘူး သူတို့က ငါတို့ကို ချောင်ပိတ်ထားပြီးပြီ အမြန်ထိုင်ပြီး ငါပြောသလိုလုပ် ‌ငါတို့မှာ အခွင့်အရေးတစ်ခုရှိသေးတယ် မဟုတ်ရင် အဖမ်းခံရပြီး ငါတို့ဘယ်လိုမှ အသက်ရှင်နိုင်မှာမဟုတ်ဘူး”

ထိုစကားကြောင့် လူတိုင်းအံတင်းတင်းကြိတ်လိုက်ပြီး ထိုင်ချလိုက်ကြ၏။

ကျန်းချင်လည်း ‌ထိုင်ချလိုက်ပြီး မျက်လုံးမှိတ်လိုက်ကာ တောင်နတ်ဘုရားထံတွင် စတင်ဆုတောင်းလေတော့သည်။

သူမလည်းဤနေရာတွင် လုံး၀ မသေချင်ပေ။

တစ်ချိန်တည်းမှာပင် သူတို့အားလုံး ထိုင်ကာ တောင်နတ်ဘုရားထံတွင် စတင်ဆုတောင်းခဲ့ကြ၏။

…..

အတွင်းစည်းမြို့ထဲတွင်

ကုအန် ဆေးပင်မျိုးစေ့များ ရွေးနေရင်း သူ့အမူအရာမှာ ထူးဆန်းသွားခဲ့သည်။

တစ်ယောက်ယောက်က သူ့ကိုခေါ်နေသလိုမျိုး သူခံစားလိုက်ရ၏။

ထိုခံစားချက်က အတော်လေး မှော်ဆန်လှကာ သူတစ်ခါမှ မခံစားခဲ့ဖူးပေ။

သူ့နတ်အာရုံကို မင်းဆက်ကိုးခုလုံးအား ဖုံးလွှမ်းလိုက်သောအခါ မကြာခင်တွင် ကုအန် သူတော်စင်ရွှမ်မြောင်ကို တွေ့လိုက်ရသည်။

သူ့ကိုခေါ်နေသည်မှာ သူတော်စင်ရွှမ်မြောင်မှလွဲ၍ အခြားမဟုတ်ပေ။

ထိုနေရာတွင် တရားထိုင်နေသော သူများရှိနေသော်လည်း ကုအန် သူတော်စင်ရွှမ်မြောင်၏ ခေါ်နေသည်ကိုသာ ခံစားခဲ့ရသည်။ သူတော်စင်ရွှမ်မြောင်၏ စိတ်ကို ဖောက်မမြင်ရသော်လည်း ရွှမ်မြောင်က သူ့ကို အပြင်းအထန်တွေ့ချင်နေသည်ကိုတော့ သူခံစားနေခဲ့ရ၏။

ဤအရာသည် သူ၏ တောင်နတ်ဘုရားသရုပ်မှန်ကြောင့် ဖြစ်နိုင်ပါသလော။

ကုအန်စိတ်၀င်စားသွားခဲ့သည်။ ဤအရာသည် နိဗာနအဆင့်ကြောင့်လို့ သူသံသယရှိနေခဲ့၏။ သူတော်စင်ရွှမ်မြောင်ကို သူသိတာ အနည်းငယ်ကြာနေပြီဖြစ်ပါသော်လည်း ထိုခံစားချက်မျိုး သူမခံစားဖူးပေ။ ထိုခံစားချက်က သူအဆင့်ချိုးဖျက်ပြီးမှ ရလာခြင်း ဖြစ်သည်။

ကုအန် ကျန်းချင်၏ တည်ရှိမှုကိုလည်း သတိထားလိုက်မိပြီး သူတို့ဆီသို့ တခဏဂိုဏ်းမှ ကျင့်ကြံသူများ လာနေသည်ကိုလည်း တွေ့လိုက်ရ၏။

တခဏကြာ တွန့်ဆုတ်နေပြီးသောအခါ ကုအန် လက်ထဲမှ မျိုးစေ့များကိုချကာ တံခါးဆီသို့ လှည့်ထွက်လာခဲ့လေသည်။

….

မြောက်ပင်လယ်တောင်တန်းဒေသတွင်

ပြိုလဲနေသော သစ်ပင်များအလယ်တွင် သူတော်စင်ရွှမ်မြောင်တို့အုပ်စု မျက်လုံးစုံမှိတ်၍ တရားထိုင်နေခဲ့ကာ ကံကြမ္မာကို ရင်ဆိုင်နေခဲ့ကြ၏။

သူတို့ဆီသို့ အနက်ရောင်၀တ်စုံ၀တ်ထားသော ကျင့်ကြံသူတစ်စု ပျံသန်း၍ ဦးတည်လာနေခဲ့သည်။ ထိုလူစုကို ဦးဆောင်လာသည်မှာ သစ်သားတောင်ဝှေးတစ်လက်ကို ကိုင်ထားသော အဖိုးကြီးတစ်ယောက်ဖြစ်ပြီး ထိုအဖိုးကြီး၏ ဆံပင်များက ဖြူဖွေးနေပြီး ပုခုံးပေါ်တွင် စပါးကြီးမြွေတစ်ကောင်ကို ရစ်ပတ်ထားရာ သူ့ပုံစံက အတော်လေး မိစ္ဆာဆန်လှ၏။

သူရွှမ်မြောင့်ကို ငုံ့ကြည့်လိုက်ကာ ပြောလိုက်သည်။

“သူတော်စင်ရွှမ်မြောင် မင်းအရှုံးပေးပြီလား”

သူတော်စင်ရွှမ်မြောင်တွင် ကြီးမြတ်သောကျင့်ကြံသူတစ်ယောက်ကို ဆင့်ခေါ်နိုင်သော မှော်သိုင်းတစ်ခုရှိမှန်း သူသိသောကြောင့် သူချက်ချင်း မတိုက်ခိုက်ရဲပေ။ ထိုမှော်သိုင်‌းကြောင့် သူတို့ဂိုဏ်းက လူအတော်များများကိုလည်း ဆုံးရှုံးလိုက်ရပြီ ဖြစ်သည်။

သူတော်စင်ရွှမ်မြောင်သူ့ကို လစ်လျူရှုကာ ဆက်၍သာ တရားထိုင်နေခဲ့သည်။

အဖိုးကြီး သူတို့လူစုကို ကြည့်ကာ တွေဝေသွားခဲ့၏။

ဥပဒေရေးရာခန်းမမှတပည့်အားလုံး ကြောက်လန့်နေခဲ့ကာ ချွေးများပင် ပျံနေခဲ့ကြသည်။ သူတို့မျက်လုံးများကိုလည်း ဖွင့်မကြည့်ရဲဘဲ စိတ်ထဲတွင် တောင်နတ်ဘုရားထံသို့သာ ဆုတောင်းနေခဲ့ကြပြီး ဆန်းကြယ်သော ဖြစ်ရပ်တစ်ခုခု ဖြစ်ပေါ်လာစေဖို့ ဆုတောင်းနေခဲ့၏။

တခဏကြာသောအခါ တောင်ဝှေးနှင့် အဖိုးကြီး အေးစက်စက် ထေ့ငေါ့လိုက်လေသည်။ ထို့နောက် သူ့တောင်ဝှေးကို တစ်ချက် ဆောင့်ချလိုက်လေရာ တောင်ဝှေးမှ မိစ္ဆာချီများ လိမ့်တက်လာပြီး ကောင်းကင်ဆယ်မိုင်ပတ်လည်လုံးကို ဖုံးလွှမ်းသွားခဲ့၏။

ထူးဆန်းသလို ခံစားလိုက်ရ၍ ဥပဒေရေးရာခန်းမမှ တပည့်များ မျက်လုံးဖွင့်ကြည့်လိုက်မိရာ ရုတ်တရက် ညအချိန်ရောက်ရှိသွားသလို ခံစားလိုက်ရကာ အရာအားလုံးက မှောင်မည်းနေပြီး ကောငး်ကင်မှ မိစ္ဆာများ ဆင်းသက်လာနေသည်ကို ‌တွေ့လိုက်ရလေသည်။

လူတိုင်းတောင့်တင်းသွားကြပြီး သူတို့မျက်နှာတွင် ကြောက်ရွံ့မှုအရိပ်အယောင်များဖြင့် ပြည့်နှက်သွားခဲ့ကာ ထိုထဲတွင် ကျန်းချင်လည်း ပါ၏။

သူတော်စင်ရွှမ်မြောင် ကောင်းကင်ကိုမော့ကြည့်၍ သက်ပြင်းချလိုက်မိပြီး သူ့မျက်လုံးထဲတွင် စိတ်လျှော့လိုက်သည့် အရိပ်အယောင်များ ပေါ်လာခဲ့သည်။

“မင်းအရမ်းစိတ်ပျက်သွားလား”

အသံတစ်သံသူနားထဲ ထွက်ပေါ်လာ၍ ဘေးသို့လှည့်ကြည့်လိုက်ရာ ရွှမ်မြောင်မျက်လုံးများ ပြူးကျယ်သွားခဲ့၏။

“တောင်နတ်ဘုရား!”

ရွှမ်မြောင့်အသံကြောင့် အခြားသူများ သူ့ဆီလှည့်ကြည့်လိုက်ကြရာ လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ကြသည်။

ရွှမ်မြောင့်ပုခုံးပေါ်တွင် ပြဇာတ်မျက်နှာဖုံးတစ်ခုကိုတပ်ဆင်ထားကာ အဖြူရောင်၀တ်စုံ၀တ် လူအသေးလေးတစ်ယောက် ရပ်နေပြီး သူ့အရွယ်အစားမှာ ရွှမ်မြောင့်နားလောက်ပင် မကြီးပေ။

ကောင်းကင်ပေါ်ရှိ အဖိုးကြီးလည်း လူအသေးလေးကို မြင်သွားခဲ့၏။

ထိုစဉ် ကုအန် ရွှမ်မြောင့်ပုခုံးပေါ်မှ အနီးရှိ သစ်ပင်ကြီးတစ်ခုကိုင်းပေါ်သို့ ခုန်ကူးသွားခဲ့သည်။

သူဝောာ်စင်ရွှမ်မြောင် အမြန်ဒူးထောက်လိုက်ကာ ဆုတောင်းလိုက်၏။

“တောင်နတ်ဘုရား ကျေးဇူးပြုပြီး ကျွန်တော်တို့ကိုကယ်ပါဦး ဒီ‌တခဏဂိုဏ်းက ပြစ်မှုမျိုးစုံကို ကျူးလွန်ခဲ့ပြီး မင်းဆက်ကိုးခုကိုတောင် စတေးချင်တဲ့ ရည်ရွယ်ချက်က ကောင်းကင်ရဲ့ဆန္ဒကို စော်ကားလိုက်တာပါပဲ ကျေးဇူးပြုပြီး သာမန်လူတွေကို ကယ်တင်ပေးပါ”

ဥပဒေရေးရာခန်းမမှလူများလည်း ကုအန်ရှေ့ဒူးထောက်ကာ ဆုတောင်းလိုက်ကြသည်။

ကျန်းချင်လည်းဒူးထောက်လိုက်ပြီး သူ့စိတ်ထဲတွင် ထိုပုံရိပ်ကို ရင်းနှီးသလိုလို ခံစားနေခဲ့ရ၏။

“တောင်နတ်ဘုရားတဲ့လား လှည့်ကွက်တွေတော်လိုက်တော့ မင်းကို၀င်မရှုပ်ဖို့ အကြံပေးချင်တယ်”

တောင်ဝှေးနှင့်လူကုအန်ကိုကြည့်ကာ အေးစက်စက်ခြ‌ိမ်းခြောက်လိုက်လေသည်။

ကုအန် တစ်သားတည်းဖြစ်ခြင်းအဆင့်လူ၏ ခြိမ်းခြောက်မှုကို လစ်လျူရှုထားလိုက်၏။ ထို့နောက် သူရွှမ်မြောင်တို့ဘက်ကို လှည့်ကာပြောလိုက်သည်။

“တောင်နတ်ဘုရားက သာမန်လူတွေကို မကယ်တင်ဘူး သူ့နယ်မြေကိုပဲ ကယ်တင်ရတာ မင်းကဒီနေရာကမဟုတ်ဘူး မင်းကိုကယ်တင်လိုက်ရင် စည်းမျဉ်းကို ချိုးဖောက်ရာ ရောက်လိမ့်မယ်”

သူတော်စင်ရွှမ်မြောင်ပြန်ပြောလိုက်၏။

“တကယ်လို့ တောင်နတ်ဘုရားသူတို့ကိုအရေးယူခဲ့ရင် ကျွန်တော်တို့က တောင်နတ်ဘုရားကို ကိုးကွယ်ပါ့မယ်”

“ဟမ် ရိုးသားတဲ့ကောင်လေးပဲ!”

ကုအန် ကောင်းကင်ပေါ်ရှိ လူကိုမော့ကြည့်ကာ ပျင်းရိနေဟန်ဖြင့် လက်ဝါးတစ်ချက် ပင့်ရိုက်လိုက်လေသည်။

သူ့လက်ဝါးရိုက်ချက်ထွက်သွားသောအခါ ကမ္ဘာမြေကြီးတစ်ခုလုံး လှုပ်ယမ်းလာသောကြောင့် လူတိုင်းထိတ်လန့်သွားခဲ့ကြသည်။

ဝုန်းးး ဝုန်းးး ဝုန်းးး

သစ်မြစ်ကြီးများ မြေကြီးထဲမှ တိုးထွက်လာခဲ့ကာ စပါးကြီးမြွေကြီးများကဲ့သို့ ကောင်းကင်ပေါ် ထိုးတက်သွားခဲ့ပြီး ကောင်းကင်ပေါ်ရှိ မိစ္ဆာကျင့်ကြံသူများကို ထိုးဖောက်သွားခဲ့ကာ ကောင်းကင်ပေါ်တွင် သွေးများ ပြန့်ကျဲသွားခဲ့၏။

ကောင်းကင်ပေါ်ရှိ မိစ္တာချီများ ပျောက်ကွယ်သွားပြီး နေရောင်ပြန်ပေါ်လာခဲ့သော်ကြောင့် ကြောက်စရာကောင်းသော မြင်ကွင်းကို ကျန်းချင်တို့ သေချာမြင်နေခဲ့ကြရသည်။

ကောင်းကင်ပေါ်တွင် သစ်ပင်များက အတန်းလိုက် စီတန်းနေခဲ့ကာ သစ်ပင်တောင်ကြီးတစ်ခု ဖြစ်နေခဲ့ပြီး တောင်ကြီးမှာ ကြီးမားလွန်း၍ အဆုံးအစကိုပင် မမြင်နိုင်သောကြောင့် အားလုံး အံ့အားသင့်နေခဲ့ကြသည်။

တောင်ဝှေးနှင့်လူ နတ်သိုင်းများသုံး၍ ရှောင်ရှားနေသော်လည်း အသက်သုံးရှိုက်စာအတွင်း နွယ်များ၏ ဖမ်းချုပ်ခြင်းကို ခံလိုက်ရပြီး သူ့စိတ်ဝိညဉ်စွမ်းအားကိုပါ ထုတ်သုံး၍ မရတော့ပေ။

“ဘယ်လိုဖြစ်နိုင်မှာလဲ တကယ်ကြီး တောင်နတ်ဘုရားအစစ်လား …”

ထိုလူ၏ မျက်လုံးများပြူးကျယ်သွားခဲ့ကာ တဖြည်းဖြည်း သူ့တကိုယ်လုံးကို နွယ်များက ဖုံးအုပ်သွားခဲ့ပြီး နွယ်များကြား ပျောက်ကွယ်သွားခဲ့၏။

ကောင်းကင်ပေါ်တွင် မိုင်တစ်ရာပတ်လည်လုံးတွင် သစ်ပင်များနှင့်ပြည့်နှက်နေခဲ့ပြီး ထိုသစ်ပင်များမှာ သစ်ပင်တောင်ကြီးတစ်ခု ဖြစ်ပေါ်နေခဲ့သည်။

သူတော်စင်ရွှမ်မြောင်၏ ထက်ရှသော အာရုံနှင့်တောင် ထိုသစ်ပင်ကြီး၏ အမြင့်ကို မမြင်နိုင်ခဲ့ပေ။

ထိုစဉ် စာတမ်းများ ကုအန်ရှေ့ ပေါ်လာခဲ့၏။

ရိတ်သိမ်းမှုအသေးစားလေးတစ်ခုပဲ!

အကုန်လုံးကို သတ်လိုက်တာတောင် သက်တမ်း ၅၀၀၀ ‌မကျော်ပါလားဟ!

ကုအန် သူ့လက်ကို ပြန်ရုတ်လိုက်ရာ ကောင်းကင်ပေါ်ရှိ သစ်ပင်များအားလုံး ပျောက်ကွယ်သွားခဲ့ကာ ကောင်းကင်ပေါ်တွင် အစိမ်းရောင်အလင်းတန်းများသာ ကျန်ရစ်ခဲ့လေသည်။

ဥပဒေရေးရာခန်းမမှ တပည့်များအားလုံး ကုအန်ကို လေးစားခြင်း မယုံကြည်နိုင်မှုများဖြင့် ကြည့်ရှုနေခဲ့ကြ၏။

ထိုမျှသေးငယ်သော ပုံရိပ်များက နတ်ဘုရားများသာ လုပ်နိုင်သော ကိစ္စရပ်များကို လုပ်နိုင်နေခဲ့သည်။

ထို့အပြင် ဒဏ္ဍာရီများထဲရှ် တောင်နတ်ဘုရားများထက်ပင် သန်မာနေသေး၏။

ကုအန် သူတော်စင်ရွှမ်မြောင်ကိုကြည့်ကာ မေးထောက်၍ စဉ်းစားနေရင်း ပြောလိုက်သည်။

“မင်းကို ငါ့တည်ရှိမှုကို ထုတ်မပြောနဲ့လို့ပြောထားတယ်လေ မင်းကပြောခဲ့တယ်ဆိုတော့ နည်းနည်းတော့ အပြစ်ပေးရမယ်”

ထိုစကားကိုကြားသောအခါ သူဝောာ်စင်ရွှမ်မြောင် သစ်သားသေတ္တာကိုထုတ်ကာ ပြောလိုက်သည်။

“အပြစ်ပေးမှုကို ခံယူပါ့မယ် ‌ဒါကတော့ ကယ်တင်ပေးခဲ့လို့ ကျေးဇူးတင်တဲ့အနေနဲ့ တောင်နတ်ဘုရားကို ဆက်သတာပါ”

ကုအန် လက်ဟန်တစ်ခုပြ၍ သစ်သားသေတ္တာကို ယူလိုက်ပြီး သိုလှောင်အိတ်ထဲ ထည့်လိုက်၏။ ကျန်းချင် သတိမပြုမိစေရန် သူ သိုလှောင်အိတ် နောက်တစ်မျိုးကိုပင် ယူလာခဲ့သေးသည်။

ထို့နောက် သူရွှမ်မြောင့်ရှေ့ ခုန်သွားလိုက်ပြီး သူ့နှဖူးအား အသာအယာပုတ်လိုက်၏။ “အပြစ်ပေးတဲ့အနေနဲ့ မင်းကျင့်ကြံခြင်းကို တစ်နှစ်တိတိ လျှော့ချထားမယ်”

ချက်ချင်းဆိုသလို ရွှမ်မြောင်၏ အမူအရာပြောင်းလဲသွားကာ သူ့ကျင့်ကြံခြင်းက အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ကျဆင်းသွားခဲ့လေသည်။

ထိုအရာသည် ကုအန်၏ နတ်သိုင်း မူလဝိညဉ်ပြန်သွားခြင်းလမ်းစဉ် သာ ဖြစ်၏။

ထိုနတ်သိုင်းသည် မူလပြန်လည်မွေးဖွားခြင်းကျင့်စဉ်မှ နိုးထလာခဲ့ခြင်း ဖြစ်သည်။

ကျန်းချင်နှင့် အခြားလူများလည်း ရွှမ်မြောင်၏ အရှိန်အဝါကျဆင်းသွားသည်ကို အာရုံခံမိသောအခါ ဖြူဖျော့သွားခဲ့ကြ၏။

ထိုစ‌ဥ် ကုအန် သူတို့ကိုကြည့်လိုက်သောအခါ လက်ဆောင်များ ကုအန်ကို ထုတ်ပေးလိုက်ကြ‌သည်။ ကုအန် လက်ဆောင်များကို ယူကာ သူ့တည်ရှ်ိမှုကို ထုတ်မပြောဖို့ ကတိတောင်းလိုက်၏။

ထို့နောက် သူ့အင်္ကျီလက်အိုးကို တစ်ချက်ယမ်းလိုက်ရာ လေပြင်းတစ်ချက်တိုက်သွားပြီး ရွှမ်မြောင်တို့ အုပ်စု မိုးကုတ်စက်ဝိုင်းဆီ လ္ငင့်ထွက်သွားခဲ့ကြလေသည်။

“သေမျိုးနဲ့ မသေမျိုးတွေကြားထဲမှာ ခြားနားချက်တစ်ခုရှိတယ် မင်းတို့ကတိကို ချိုးဖျက်ခဲ့ရင် မိုးဆုံးမြေဆုံး ပုန်းနေမယ်ဆိုရင်တောင် ငါမင်းတို့ကို ရှာဖွေနိုင်တယ်”

ကုအန်အသံမှာ ဥပဒေရေးရာ ခန်းမမှတပည့်အားလုံး နားထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။

All Chapters