← Chapters

အခန်း (၁၄၃-၁၄၄)

Vol. 12 Ch. 143-144

အခန်း (၁၄၃-၁၄၄)

Vol. 12 Ch. 143-144

အပိုင်း(၁၄၃)

ဓားကျင့်ကြံသူဆိုတာ တည်ငြိမ်နေရမယ်

လုလင်ကျွမ်း၏ တိတ်ဆိတ်သွားမှုကိုကြည့်ကာ လုလင်ကျွမ်း အခွင့်အရေးတစ်ခုခုကို ဖမ်းဆုပ်လိုက်နိုင်ပြီ ဖြစ်ကြောင်း ကုအန် ခံစားမိနေခဲ့သည်။

လုလင်ကျွမ်းသည် တစ်သားတည်းဖြစ်ခြင်းအဆင့် ၉ သို့ရောက်ရှိနေတာ ကြာလှပြီဖြစ်ပြီး သူ့စိတ်ဝိညဉ်စွမ်းအားမှာ ထိုအဆင့်တွင် ဆက်တိုးတက်နိုင်စရာ မရှိတော့ပေ။

ကုအန်သူမနှင့် အတူတောင်ကြားထဲသို့ လမ်းလျှောက်ပြန်လာရင်း မေးလိုက်၏။

“ဆန်းကြယ်နှလုံးသားအဆင့်က တကယ်ပဲ ဘာနဲ့တူလဲဆိုတာ ကျွန်တော့်ကိုပြောပါဦး အဲ့အဆင့်က အရမ်းစွမ်းအားကြီးတဲ့ပုံပဲ ဆန်းကြယ်နှလုံးသား ဆန်းကြယ်နှလုံးသား အဲ့ဒီအဆင့်မှာ နှလုံးသားက တစ်ခုခုပြောင်းလဲသွားတာ ဖြစ်နိုင်လောက်လား”

ထိုစကားကိုကြားသောအခါ လုလင်ကျွမ်း မျက်လုံးထဲတွင် တစ်ခုခုပြောင်းလဲသွားခဲ့သည်။

သူ့နှလုံးသားထဲသို့ အထူးစွမ်းအားအချို့ ၀င်ရောက်လာသောကြောင့် သူ့နှလုံးသားက အနည်းငယ်ပြောင်းလဲသွားခဲ့၏။

ထိုအထူးစွမ်းအားသည် ကုအန်၏ လင်းချီများဖြစ်ပြီး ကုအန် ဂရုတစိုက်အသုံးပြုလိုက်သောကြောင့် လုလင်ကျွမ်း ထိုအရာကို သတိမထားမိလိုက်ဘဲ သူမဖာသာ ပြောင်းလဲခြင်းအခြေအနေသို့ ၀င်ရောက်သွားသည်ဟူ၍သာ ထင်လိုက်မိသည်။

ထိုစွမ်းအားသည် လုလင်ကျွမ်း၏ နှလုံးသားထဲ ပတ်လမ်းတစ်ခုအဖြစ် လှည့်ပတ်သွားပြီး ပြန်ထွက်သွားသောအခါ လုလင်ကျွမ်းတစ်ခုခုကို ဆုံးရှုံးလိုက်ရသလို ခံစားလိုက်ရ၏။

ထိုအခိုက်တွင် တောင်ကြားမှ အခြားအစေခံတပည့်များလည်း ထွက်လာကြပြီး ခုနက မိစ္ဆာကျင့်ကြံသူအကြောင်း မေးမြန်းခဲ့ကြသည်။

သွေးများစွန်းပေနေသော ကုအန် သူတို့ကို ရှင်းပြလိုက်ပြီးမှ သူ့အိမ်ထဲသို့ သန့်ရှင်းရေးလုပ်ရန် ၀င်သွားခဲ့၏။

လုလင်ကျွမ်းမှာတော့ တိုက်ပွဲကိုသာ ဆက်လက်ကြည့်ရှုနေခဲ့သည်။

….

ထိုက်ချန်မင်းဆက် ၀မ်ကျိတောအုပ်

တောအုပ်ထောင့်စွန်းများမှ အလံများတစ်ခုပြီးတစ်ခုထွက်ပေါ်လာခဲ့ပြီး မိုင်ပေါင်းရာချီသော နေရာတစ်ခုကို စက်ဝိုင်းသဏ္ဍာန် ဝိုင်းပတ် ထားခဲ့ကြသည်။ ထိုစက်ဝိုင်းပုံ မြေနေရာလွတ်တွင် မြောင်းများဆွဲထားပြီး အပေါ်စည်းမှ ကြည့်ပါက ထိုမြောင်းများသည် ရှုပ်ထွေးသော သင်္ကေများနှင့် တူနေ၏။

ထိုမြောင်းများသည် တခဏဂိုဏ်း၏ မဟာအစီအရင်၀င်္ကပါဖြစ်သော မဟာယနလမ်းခြောက်သွယ်အစီအရင်မှလွဲ၍ အခြားမဟုတ်ပေ။

၀င်္ကပါ၏ အလယ်တွင် အနက်ရောင်၀တ် လူ၇ယောက်မှာ စက်ဝိုင်းပုံ ဝိုင်းပတ်၍ ထိုင်နေခဲ့ကြသည်။ သူတို့သည် ဆန်းကြယ်နှလုံးသားအဆင့် ၅ အထက် ကျင့်ကြံသူများဖြစ်ကြပြီး တခဏဂိုဏ်း၏ အရှင်များထဲမှ ထိပ်ဆုံးအရှင် ၇ ယောက်ဖြစ်ကြသည်။

ထို၇ယောက်ထဲမှ အဖွားကြီးတစ်ယောက် မျက်လုံးများ ပွင့်လာခဲ့ကာ ပြောလိုက်၏။

“ဆန်းကြယ်နှလုံးသားအဆင့် တိုက်ပွဲတစ်ခု အဓိပတိဂိုဏ်းဘက်မှာဖြစ်နေတာကို အာရုံခံမိတယ် ကြည့်ရတာ ဒုဂိုဏ်းချုပ်နဲ့ အရှင်ချီချင် လှုပ်ရှားနေပြီထင်တယ် ဆရာသခင်ဓားအရှင် လှုပ်ရှားမလားဆိုတာတော့ မသေချာဘူး”

သူ့စကားထွက်လာသည်နှင့် အခြားအရှင် ၆ယောက်လည်း မျက်လုံးများ ပွင့်လာခဲ့ကြသည်။

“အဓိပတိဂိုဏ်းက အန္တရာယ်ထဲရောက်နေပြီ ဆရာသခင်ဓားအရှင် လှုပ်ရှားမှာ သေချာတယ်”

“ပြောကြတာတော့ ဆရာသခင်ဓားအရှင်ရဲ့ ကျင့်ကြံခြင်းက အနည်းဆုံး ဆန်းကြယ်နှလုံးသားအဆင့်၈ ကိုရောက်နေပြီလို့ ပြောကြတယ် မှန်လားမှားလားတော့ မသေချာဘူး”

“ဘာပဲဖြစ်ဖြစ် ဒုဂိုဏ်းချုပ်လှုပ်ရှားပြီဆိုရင်တော့ အဓိပတိဂိုဏ်းက ဆရာသခင်ဓားအရှင်ပေါ်မှာပဲ မှီခိုရမှာပဲ”

“ငါတို့ ဒီဂိုဏ်းတွေကို အထင်သေးသွားမိတယ်လို့ ပြောရမယ် ဒီနေရာက နောက်ဖေးခြံလောက်ပဲ ရှိပုံပေမယ့် ဆန်းကြယ်နှလုံးသားကျင့်ကြံသူတွေ အများကြီးကို ပြန်ခေါ်လာနိုင်ခဲ့တယ်”

“နောက်ဆုံးတော့ သူတို့က နှစ်ပေါင်းထောင်ချီတည်တံ့ခဲ့တဲ့ ကုန်းမြေပဲလေ ဆန်းကြယ်နှလုံးသားအဆင့် ကျင့်ကြံသူတွေကတော့ ရှိမှာပေါ့”

ထိပ်ဆုံး အရှင် ၇ယောက်မှာ အဓိပတိဂိုဏ်းသည် ကျရှုံးသွားပြီးဖြစ်သလိုပင် သာမန်လေသံနှင့် ပြောဆိုနေခဲ့ကြသည်။

တစ်ချိန်တည်းတွင်

မိုင်ပေါင်းထောင်ချီဝေးသော တောင်တန်းဒေသတစ်ခု၌ အဓိပတိဂိုဏ်း စခန်းချနေခဲ့၏။

ယာယီဆောက်လုပ်ထားသော တဲခန်းမကြီးတစ်ခုတွင် လုပိုင်ထျန်း ဘိုးဘေးရွှမ်ကွမ်းနှင့် များစွာသော အဓိပတိဂိုဏ်း၏ ပုဂ္ဂိုလ်ကြီးများ စုဝေးနေခဲ့ကြသည်။

ထိုထဲတွင် အန်းဟောင်နှင့် ဝူကျဲလည်းပါပြီး အန်းဟောက်က လုပိုင်ထျန်းဘေးတွင်ရပ်ကာ ဝူကျဲက ဂုဏ်သိက္ခာခန်းမ၏ ကျိုးယူ နောက်တွင် ရပ်နေခဲ့သည်။

လုပိုင်ထျန်းမှာမူ ခပ်ရဲရဲပင် ခြေနှစ်ချောင်းကို ကား၍ ခုံပေါ်တွင်ထိုင်နေပြီး သူ့ပုံစံမှာ လမ်းမှန်းဂိုဏး်မှ ဂိုဏ်းချုပ်ထက် မိစ္ဆာကျင့်ကြံသူနှင့် ပိုတူနေခဲ့၏။

သူ့မျက်နှာမည်းမှောင်နေပြီး မေးလိုက်သည်။

“ဘာကိုဆိုလိုတာလဲ ခန်းထျန် ဂိုဏ်းက မဟာမိတ်ခေါင်းဆောင်ဖြစ်ချင်တယ်တဲ့လား”

ကျိမိသားစုမှ ကျိချန် အကူအညီမဲ့စွာ ပြောလိုက်၏။

“ဟုတ်ပါတယ် မင်းဆက်ကိုးခုမှာဂိုဏ်းကြီးပေါင်း ၄၀ကျော်ရှိပါတယ် ဂိုဏ်းတိုင်းတစ်ယောက်တစ်ပေါက်စီ တိုက်ခိုက်နေရင် ‌ခက်နေပါလိမ့်မယ် အဲ့တာကြောင့်သူတို့က မဟာမိတ်ဖွဲ့ပြီး မဟာမိတ်ခေါင်းဆောင်လက်အောက်မှာ တိုက်ခိုက်ဖို့ အကြံပေးပါတယ် နောက်ပြီး သူတို့မှာ တပည့်တစ်သန်းနဲ့ ဆန်းကြယ်နှလုံးသားအဆင့် ၄ယောက်ရှိလို့ သူတို့ဂိုဏ်းက

မဟာမိတ်ခေါင်းဆောင်လုပ်ဖို့

အသင့်တော်ဆုံးလို့ ပြောပါတယ်”

ဆန်းကြယ်နှလုံးသားအဆင့် ၄ ယောက်မှာ အမှန်တကယ်ပင် ကြောက်စရာကောင်းလှပေသည်။

တခဏဂိုဏ်းကျူးကျော်မှာ မဖြစ်ခင်က မင်းဆက်ကိုးခုတွင် တစ်သားတည်းဖြစ်ခြင်းအဆင့်က အမြင့်ဆုံးဖြစ်ပြီး ယခုအခါ ခန်းထျန်ဂိုဏ်းက ဆန်းကြယ်နှလုံးသားအဆင့် ၄ယောက် ရှိနေမည်ဟု မည်သူက ထင်ထားပါမည်နည်း။

သို့သော် အဓိပတိဂိုဏ်းကတော့ ဆန်းကြယ်နှလုံးသားအဆင့် ၂ယောက်ကိုသာ ပြန်ခေါ်နိုင်ခဲ့သည်။ ထိုမျှအင်အားနှင့် အဓိပတိဂိုဏ်းက ခန်းထျန်ဂိုဏ်းကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။

ကျိချန်၏ စကားများက ခန်းမတစ်ခုလုံးကို တိတ်ဆိတ်သွားစေခဲ့ပြီး အကြီးအကဲများ ငြင်းလိုသော်လည်း ငြင်းဆန်ရန် ခွန်အားရှိမနေတော့ပေ။

လုပိုင်ထျန်း အသက်ပြင်းပြင်းရှူကာ ကျိချန်ကိုကြည့်ရင်း မေးလိုက်၏။

“ဘယ်တော့ ကျိမိသားစုဘိုးဘေးက ရောက်မှာလဲ”

ကျိချန် ပြန်ဖြေလိုက်သည်။

“သူရက်အနည်းငယ်အတွင်း ရောက်သင့်ပြီ ဒါပေမယ့် သူက ကျွန်တော်တို့ရှာတွေ့ခဲ့တဲ့ တစ်ယောက်တည်းသော ဘိုးဘေးပဲ”

လုပိုင်ထျန်း ကျိုးယူကို ကြည့်ကာ မေးလိုက်ပြန်သည်။

ကျိုးယူ အမြန်ပြန်ဖြေလိုက်၏။

“ကျုပ်တို့ဂိုဏ်းရဲ့ စီနီယာအကြီးအကဲတွေက ထွက်မလာနိုင်ဘူး ဒါပေမယ့် မိသားစုခေါင်းဆောင်ကတော့ တတ်နိုင်သလောက်ကြိုးစားနေတယ် အဲ့တာကြောင့်တစ်လအတွင်း တစ်ယောက်တော့ ရမှာပါ”

လုပိုင်ထျန်းမျက်ခုံးများ တွန့်ကွေးသွားခဲ့ပြီး မကျေမနပ်ဖြစ်သွားခဲ့သည်။ ခန်းထျန်ဂိုဏ်း၏ ဆန်းကြယ်နှလုံးသားအဆင့်များတွင် ကျိုး မျိုးရိုးနှင့်လူတစ်ယောက် ပါနေသည် မဟုတ်ပါလား။

သူ့အကြည့်က ဂုဏ်သိက္ခာမျှော်စင်မှ ကုကျား ဆီရောက်သွားပြန်သည်။

ကုကျား ခပ်အေးအေးဖြေလိုက်၏။

“ပြောဖို့တော့ခက်တယ် ကျုပ်တို့ကလန်ရဲ့ အကြီးအကဲတွေစိတ်က ခန့်မှန်းရခက်တယ် ဘယ်လောက်ပြန်လာာမလဲ မပြောတတ်ဘူး ဒါပေမယ့် မင်းဆက်ကိုးခုရဲ့ အရေးအတွက် ကုမိသားစုက လှုပ်ရှားမှာ သေချာပါတယ်”

လုပိုင်ထျန်း ရယ်မောလိုက်လေသည်။

အန်းဟောင်ဘေးတွင်ရပ်ကြည့်နေရင်း ကြိတ်၍ အံ့အားသင့်နေမိသည်။ ဤအခါသည် မိသားစုကြီးသုံးခု မည်မျှလွှမ်းမိုးနိုင်မှန်း သူပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏။

သူတို့နှင့်ဆက်ဆံရာတွင် စွမ်းအားကြီးလှသော လုပိုင်ထျန်းပင် သတိထား၍ ဆက်ဆံနေခဲ့ရသည်။

လုပိုင်ထျန်းသည် လွှမ်းမိုးတတ်သော်လည်း သူ့ပစ်မှတ်ကိုတော့ ရွေးချယ်တတ်၏။ သူချူမိသားစုနှင့် ရင်ဆိုင်ရာတွင် ချူမိသားစုတစ်ခုလုံးကို ဖိနှိပ်ပစ်ရဲသော်လည်း မိသားစုကြီး သုံးခုနှင့် ရင်ဆိုင်ရာတွင်တော့ သူယဉ်ကျေးရပေမည်။

ငါဂိုဏ်းချုပ်ဖြစ်လာရင် ဒီမိသားစုတွေအကုန်လုံး ငါ့စကားကို နားထောင်ရမယ်!

အန်းဟောင်ကြိတ်၍ တွေးလိုက်မိသည်။

သူ့အမြင်တွင် လုပိုင်ထျန်းအခုလိုဖြစ်နေရခြင်းမှာ သူ့ခွန်အားသည် မလုံလောက်၍ ဖြစ်၏

အကယ်၍ သူ့တွင်သာ လုံလောက်သည့်ခွန်အားရှိနေပါက ဘယ်သူ့ကိုမှ ကြောက်စရာလိုနေမည် မဟုတ်ပေ။

ဝူကျဲမှာတော့ ခန်းမထဲရှိနေသော်လည်း ထိုအကြောင်း အများကြီး တွေးမနေခဲ့ပေ။

ထိုစဉ် အကြီးအကဲကြီးတစ်ယောက် လက်ထဲတွင် ကျောက်စိမ်းပြားကိုကိုင်ကာ ခန်းမထဲ အမြန်ပြေး၀င်လာခဲ့၏။ ထို့နောက် သူအမြန်ပြောလိုက်လေသည်။

“အဓိပတိဂိုဏ်းက ဆန်းကြယ်နှလုံးသားအဆင့်ကျင့်ကြံသူတစ်ယောက် တိုက်ခိုက်တာ ခံနေရပြီ!”

ခန်းမတွင် ဆူညံသံများ ထွက်ပေါ်လာခဲ့ပြီး အန်းဟောင်လည်း သူ့ညီမ အန်းရှင်း ကိုစိတ်ပူသွားခဲ့၏။

ဝူကျဲလည်း လက်သီးဆုပ်လိုက်ကာ ကုအန်အကြောင်း တွေးမိသွားခဲ့သည်။

လုပိုင်ထျန်းမေးလိုက်၏။ “ဆန်းကြယ်နှလုံးသားအဆင့် ဘယ်နှစ်ယောက်လဲ”

“တစ်ယောက်တည်းရယ်လား”

“အဲ့တာက ကျွန်တော်တို့ရသမျှ သတင်းအကုန်ပါပဲ”

“ကောင်းပြီ ဒါ‌ဆိုပြဿနာမရှိဘူး တကယ်လို့ အကြီးအကဲ ကူစုန့်မနိုင်ဘူးဆိုရင်တောင် ဆရာသခင်ဓားအရှင် ရှိနေတာပဲ” လုပိုင်ထျန်း ပြောလိုက်သည်နှင့် အခန်းထဲရှိ လေထုဖိအားလည်း လျော့ကျသွားခဲ့ရသည်။

အမျိုးသမီးကျင့်ကြံသူတစ်ယောက် ခပ်တိုးတိုးပြောလိုက်၏။

“ဆရာသခင်ဓားအရှင်က လှုပ်ရှားပါ့မလား”

ဆရာသခင်ဓားအရှင်သည် ဂိုဏ်းကို အကြိမ်များစွာ ကူညီခဲ့သော်လည်း သူ၏ ဆန်းကြယ်သော သရုပ်ကြောင့် သူသည် အဓိပတိဂိုဏ်း၏ အဖွဲ့၀င်လားဆိုတာ မသေချာခဲ့ကြပေ။

အထူးသဖြင့် အခုလို ဂိုဏ်းဒုက္ခရောက်နေသော အချိန်မျိုးတွင် ဖြစ်ပေသည်။

……

အဓိပတိဂိုဏ်း

တလိမ့်လိမ့်တက်နေသော မိုးကြိုးတိမ်တိုက်များကြားတွင် ဘိုးဘေးကူစုန့်နှင့် အရှင်ချီချင်း မှော်လက်နက်ကိုယ်စီကိုင်စွဲ၍ အပြင်းအထန်တိုက်ခိုက်နေခဲ့ကြသည်။ ကြမ်းတမ်းလှသော သူတို့တိုက်ပွဲကြောင့် မိုးကြိုးတိမ်တိုက်များပင် ပြိုကွဲကုန်ကြ၏။

ထိုအခိုက်တွင် အရှင်ချီချင်း စိတ်ရှုပ်ထွေးနေခဲ့သည်။

“ဘာလို့ဒုဂိုဏ်းချုပ် မလှုပ်ရှားရသေးတာလဲ”

သူ့ကျင့်ကြံခြင်းသည် ဘိုးဘေးကူစုန့်ထက် မြင့်သော်လည်း ဆန်းကြယ်နှလုံးသားအဆင့်တစ်ယောက်ကို ထိုမျှလွယ်လွယ် သတ်ဖြတ်ရန်မှာတော့ အတော်လေး ခက်ခဲလှ၏။ ထို့အပြင် သူသည် ဆရာသခင်ဓားအရှင်၀င်ပါလာမှာကိုလည်း စိုးရွံ့၍ သတိထားနေရသေးသည်။ ဤသို့ဖြင့် အချိန်များ ကုန်လွန်လာပြီး သူ့ယုံကြည်မှုကျဆင်းလာခဲ့ကာ မလွယ်ကူ ဘူးဟု ခံစားလာခဲ့ရသည်။

“မင်းဘာကို စောင့်နေတာလဲ”

အကြီအကဲ ကူစုန့် မြင်းမြှီးနှင်တံကို ဝေ့ယမ်းလိုက်ရာ အစိမ်းရောင် အလင်းတန်း‌ေထာင်ချီ စုဝေးလာခဲ့၏။ ထို့နောက် အလင်းတန်းများသည် အရှင်ချီချင်ဆီ တိုး၀င်သွားခဲ့ရာ ချီချင် ထိုအလင်းတန်းများကို ရှောင်ဖို့ နောက်သို့ မိုင်တစ်ရာခန့် ဆုတ်လိုက်ရသည်။

ကူစုန့်အတွက် ဆန်းကြယ်နှလုံးသားအဆင့် တစ်ယောက်နှင့် ပထမဆုံးအကြိမ်တိုက်ခိုက်ရသည်မှာ အစပိုင်းတွင် မလွယ်ခဲ့သော်လည်း သူ့ပြိုင်ဘက်က တစ်ခုခုကို သတိထားနေသောကြောင့် တိုက်ပွဲတွင် အာရုံမစိုက်နိုင်ဖြစ်နေသည်ကို သူသတိထားမိသွားခဲ့ဧ်။။

ဘိုးဘေးကူစုန့် ဆန်းကြယ်သော ဆရာသခင်ဓားအရှင်၏ ပုံရိပ်ကို ချက်ချင်း သတိရမိသွားခဲ့သည်။

အရှင်ချီချင် ပြန်မဖြေဘဲ ထိုအစား အနီးဆုံး အပြင်စည်းမြို့သို့သာ အမြန်ချဉ်းကပ်သွားခဲ့၏။

ဘိုးဘေးကူစုန့်လည်း သူ့နောက်မှ ထပ်ကြပ်မခွာ လိုက်လာခဲ့လေသည်။

တတိယတောင်ကြား၌

ကုအန် အ၀တ်အစားလဲလိုက်ပြီး လှေကားမှဆင်းလာခဲ့ကာ လုလင်ကျွမ်းရှိရာသို့ ရောက်ရှိလာခဲ့၏။

လုလင်ကျွမ်းသည် ညဏ်အလင်းပွင့်ခြင်းအခြေအနေသို့ ထပ်မံရောက်ရှိသွားပြန်ပြီဖြစ်ပြီး သူ့လက်တစ်ဖက်က ဆေးဉယျာဉ်ခြံစည်းရိုးကို ကိုင်ထားခဲ့‌သည်။ ကုအန် ထိုမြင်ကွင်းကိုမြင်ပြီး သူလည်း ခြံစည်းရိုးကို ကိုင်လိုက်၏။

နိဗာနအဆင့်တစ်ယောက်ပင်လျှင် လူတစ်ယောက်၏ ကံကြမ္မာကို ပြောင်းလဲမပေးနိုင်သော်လည်း ဆန်းကြယ်နှလုံးသားအဆင့်လမ်းတစ်၀က်သို့ရောက်နေပြီဖြစ်သော လုလင်ကျွမ်းကိုတော့ ကုအန် ကူညီပေးနိုင်ပေသည်။

သူ့လင်းချီ၏ လမ်းပြမှုအောက်တွင် လုလင်ကျွမ်း၏ စိတ်ဝိညဉ်စွမ်းအင်များ သူမနှလုံးသားထဲတွင် စုဝေးလာပြီး သဘာ၀စိတ်ဝိညဉ်စွမ်းအားများကိုလည်း သူမကိုယ်က စုပ်ယူနေခဲ့၏။

ထိုအခိုက်အတန့်တွင် ကုအန်တစ်ခုခုကို သတိထားလိုက်မိပြီး သူ့မျက်ခုံးများ တွန့်ကွေးသွားခဲ့သည်။

အရှင်ချီချင်သည် တတိယတောင်ကြားနားသို့ ကပ်လာနေပြီး ပိုပြီးတိတိကျကျပြောရပါက သူသည် အပြင်စည်းမြို့အနီးသို့ ကပ်လာခြင်း ဖြစ်၏။

“ဆရာသခင်ဓားအရှင်ဘယ်မှာလဲ မင်းအခုမလှုပ်ရှားဘူးဆိုရင် မင်းတပည့်တွေ မင်းဂိုဏ်းထဲမှာ သေကုန်ကြရလိမ့်မယ်” အရှင်ချီချင်၏ အသံသည် သတ်ဖြတ်ခြင်းဆန္ဒများနှင့်အတူ အဓိပတိဂိုဏ်း၏ တပည့်များ နားထဲသို့ ရောက်ရှိသွားခဲ့သည်။

ကောင်းကင်ပြုပြင်စင်မြင့်ထောင့်တွင် ရီလန်နှင့် ဥပဒေရေးရာခန်းမမှတပည့်များ ရပ်နေခဲ့ကြ၏။ သူမကောင်းကင်ကိုမော့ကြည့်ရင်း မိုးကြိုးတိမ်တိုက်များကြားထဲမှ ဖိအားကို ခံစားမိနေခဲ့သည်။

အရှင်ချီချင် ချဉ်းကပ်လာတာကိုလည်း သူမသတိထားမိနေပြီး သူ့ကြောက်စရာကောင်းသော အရှိန်အဝါ၏ ဖိအားက ပိုမိုအားကောင်းလာခဲ့သည်။

ရီလန် သူမဝိညဉ်ဖြူဓားလေးကို ဆုပ်ကိုင်ထားရုံမှလွဲ၍ ဘာမှမတတ်နိုင်ခဲ့ပေ။

ကောင်းကင်ပြုပြင်စင်မြင့်တွင်လူပေါင်းထောင်ချီရှိပါသော်လည်း ယခုအခါ လူအနည်းငယ်သာ ကျန်ရစ်ခဲ့၏။

အရူးဓားသမားဟန်မင်လည်း သူ့မင်းဆက်သို့ ပြန်သွားပြီ ဖြစ်သည်။ ကျိုးလင် သူ့အဖေ ကျိုးယိကျင်း ဘေးတွင် ရပ်နေရင်း ကြောက်လန့်စွာ မေးလိုက်၏။

“အဖေသားတို့ ထွက်မသွားသေးဘူးလား”

ကျိုးယိကျင်း နတ်ဘုရားတို့၏ရာထူးများ စာအုပ်ကို ကိုင်ထားရင်း ‌အေးအေးဆေးဆေးပြောလိုက်သည်။

“ငါတို့ဘယ်ကို သွားလို့ရလို့လဲ”

“ဒါပေမယ့်..”

“ဆရာသခင်ဓားအရှင်ကို ယုံထားစမ်းပါ”

သူ့အဖေစကားကြောင့် ကျိုးလင်ကြိတ်၍ ဆဲမိတော့မလိုပင် ဖြစ်သွားခဲ့၏။

အဖေတကယ်ယုံနေတာက နတ်ဘုရားတို့၏ရာထူးများကြီးလေ!

သူ သူ့အဖေလက်ထဲရှိ စာအုပ်ကို စုတ်ဖြဲပစ်ချင်စိတ်ပင် ပေါ်လာခဲ့သည်။

ကုအန် တတိယတောင်ကြားတွင်နေရင်း အပြင်စည်းမြို့တစ်ခုလုံးကို နတ်အာရုံသုံး၍ ကြည့်နေရင်း သူ့နတ်အာရုံက လူတစ်ယောက်အပေါ် ရောက်ရှိသွားခဲ့၏။

ငါမင်းကိုရွေးဖို့ ဆုံးဖြတ်လိုက်ပြီ!

ကျိုးယိကျင်း ကျိုးလင်၏ဒေါသကို ခံစားမိဟန်ဖြင့် သူ့စာအုပ်ကို နောက်တစ်ရွက်လှန်လိုက်ကာ ပြောလိုက်သည်။

“လင်အာ မလောပါနဲ့ ဓားကျင့်ကြံသူဆိုတာ တည်ငြိမ်…”

ထို့နောက် သူ့ရှေ့ရှိ ရတနာဓား စတင်ယမ်းခါလာသောကြောင့် ရုတ်ချည်း သူ့အကြည့်က ရတနာဓားဆီ ရောက်ရှိသွားခဲ့သည်။

ထိုစဉ် ဓားထဲမှ ဓားဆန္ဒတစ်ခု ထွက်ပေါ်လာသောကြောင့် ကျိုးယိကျင်း တုန်လှုပ်သွားခဲ့ရ၏။

“ဒါက….”

ကျိုးယိကျင်း စိတ်လှုပ်ရှားမှုကြောင့် တစ်ကိုယ်လုံးတုန်ခါနေပြီး သူ့သားကို ဆုံးမခဲ့သော စကားများကိုပင် မေ့လျော့သွားခဲ့လေသည်။

အပိုင်း(၁၄၄)

တောင်ကြားသခင်က နင့်လက်ကိုတောင် ကိုင်လို့မရဘူးလား

ကျိုးယိကျင်း တုန်ရီနေသည်ကို ကျိုးလင်ပါတွေ့သွားပြီး သူလည်း ဓားဆန္ဒကြောင့် တုန်ခါနေသော ဓားကို သတိထားမိသွား၏။ ကျိုးလင်အကြည့်အောက်တွင်ပင် ရတနာဓားမှာ ဓားအိမ်ထဲမှ ပျံထွက်တော့မတတ် တုန်ခါလာခဲ့သည်။

ကျိုးယိကျင်း ထိုင်နေရာမှ ရပ်လိုက်ကာ သူ့အမြင်မှားမမှား သေချာကြည့်ရှုစစ်ဆေးလိုက်၏။

ဒါက ဆရာသခင်ဓားအရှင်ရဲ့ ဓားဆန္ဒပဲ!

ကောင်းကင်ပြုပြင်စင်မြင့်ထက်ရှ်ိ လူများ တစ်ယောက်ပြီးတစ်ယောက် ဆရာသခင်ဓားအရှင်၏ ဓားဆန္ဒကို သတိထားမိသွားကြကာ ထိုထဲတွင် ရီလန်လည်း ပါပေသည်။

သူမ ကျိုးယိကျင်းကို လှည့်ကြည့်လိုက်ပြီး အံ့အား သင့်သွားမိ၏။

ဝုန်းးးး

ရုတ်တရက် အပြင်စည်းမြို့တော်ထက်ရှိ မိုးကြိုးတိမ်တိုက်များ ပြိုကွဲ သွားခဲ့လေသည်။ ကောင်းကင်ထက်မှ လေပြင်းတစ်ချက် ဆင်းသက်လာခဲ့ပြီး မြို့ထဲရှိ အဆောက်အဦးမှာပင် တုန်ခါသွားခဲ့၏။ အားနည်းသော တပည့်များမှာမူ မြေပေါ်သို့ မှောက်ကျသွားပြီး မော့ပင် မကြည့်နိုင်တော့ပေ။

မြို့ထဲမှ လူများကောင်းကင်ပေါ်ရှိ မိုးကြိုးတိမ်တိုက်များ ပြိုကွဲသွားသောနေရာတွင် မိုင်ဒါဇင်နှင့်ချီ၍ တိမ်များကြားအပေါက်ကြီးဖြစ်သွားသည်ကို တွေ့လိုက်ရသည်။

ထိုနေရာရှိ မိုးကြိုးတိမ်တိုက်များမှာ ပြန်စုစည်းမလာတော့ဘဲ ထိုနေရာတွင် ဘိုးဘေးကူစုန့်နှင့် အရှင်ချီချင်က အဆုံးအဖြတ်တိုက်ပွဲကို ဆက်လက်တိုက်ခိုက်နေခဲ့ကြသည်။ ထိုနှစ်ယောက်မှာ ကိုက်တစ်ရာခန့်အဝေးမှ မှော်သိုင်းမျိုးစုံသုံး၍ တိုက်ခိုက်နေခဲ့ကြပြီး ကောင်းကင်တွင် အလင်းရောင်ပေါင်းစုံ တောက်ပနေခဲ့၏။

ကြောက်စရာကောင်းသော မြို့ပေါ်မှ တိုက်ပွဲဖိအားကြီးက မြို့ကိုကာကွယ်ထားသော အကာအကွယ်အလွှာပေါ် ကျရောက်နေခဲ့ကာ အလင်းလွှာက အချိန်မရွေး ပြိုကွဲသွားတော့မလို ဖြစ်နေခဲ့သည်။

“အဖေ ….ဒါကဘာ…” ကျိုးလင် သူမြင်နေရသည်ကို မယုံနိုင်ဘဲ သူ့အသံမှာ တုန်ရီနေခဲ့သည်။

သူ့အဖေက ဆန်းကြယ်သော ဆရာသခင်ဓားအရှင် ဖြစ်နိုင်ပါသလော။

အခြားသူများလည်း ထိုအတွေးရှိနေခဲ့ကြ၏။ ဓားဆန္ဒမှာ အားကောင်းလွန်းလှသည်။

ကောင်းကင်ပေါ်ရှိ ချီချင်လည်း ဓားဆန္ဒကို ခံစားမိလိုက်ပြီး ကျိုးယိကျင်းကို မျက်မှောင်ကြုံ့၍ ကြည့်လိုက်၏။

ဤလူသည် ဆရာသခင်ဓားအရှင် ဖြစ်နိုင်ပါသလော။

ထိုစဉ်

ကျိုးယိကျင့် ဒူးထောက်ထိုင်ချလိုက်ပြီး သူ့ရှေ့ရှိ တုန်ခါနေသော ရတနာဓားကိုကြည့်ကာ အော်ပြောလိုက်လေသည်။ “ဆရာသခင်ဓားအရှင် ကျေးဇူးပြုပြီး ကျွန်တော်တို့ဂိုဏ်းကို ကယ်ပါဦး!”

ကလက်!

ဓား ဓားအိမ်ထဲမှ ထွက်ပေါ်လာသောအသံမှာ ကောင်းကင်နှင့်မြေပြင်ကြား ထွက‌်ပေါ်လာခဲ့၏။

အရှင်ချီချင် မိုးကြိုးတိမ်တိုက်များထက် ခုန်တက်လိုက်ပြီး ဘိုးဘေးကူစုန့်နှင့် သူ့ကြား အကွာအဝေးကို ခြားလိုက်လေသည်။ မြေပြင်ရှိ ကောင်းကင်ပြုပြင်စင်မြင့်ကို ကြည့်နေရင်း သူ့ပတ်ပတ်လည်ရှ်ိ ရွှေဓားပျံ ၁၈ စင်းမှာ ဓားရှည်ကြီးတစ်ချောင်းအဖြစ် ဖွဲ့တည်သွားခဲ့၏။ ထို့နောက် သူစိတ်ဓာတ်တက်ကြွနေသော အသံဖြင့် အော်ဟစ်လိုက်သည်။

“ဆရာသခင်ဓားအရှင် ခင်ဗျားအစွမ်းအစ ဘယ်လောက်ရှိလဲ ကျုပ်သိပါရစေ!”

သူ့အသံက မိုးမြေတစ်ခွင်ဟိန်းထွက်သွားခဲ့၏။

သူသည် ဆရာသခင်ဓားအရှင်ကို စော်ကားလိုရုံသာမကဘဲ ဒုဂိုဏ်းချုပ်ကိုလည်း အမြန်လာရန် အချက်ပြလိုက်ခြင်း ဖြစ်သည်။

သူ့ကျင့်ကြံခြင်း ဆန်းကြယ်နှလုံးသားအဆင့် ၅ နှင့် ဆရာသခင်ဓားအရှင်ကို အနိုင်မယူနိုင်လျှင်တောင် အချိန်ဆွဲထားဖို့က ခက်သည့်အရာ မဟုတ်ပေ။

သို့သော် သူပြန်ရလိုက်သည်မှာ ဓားလေထိုးခွဲသံ တစ်သံသာ ဖြစ်၏။

အရှင်ချီချင်၏ စကားဆုံးသည်နှင့် ကျိုးယိကျင်းရှေ့ရှိ ရတနာဓားမှာ ကောင်းကင်ပေါ် ထိုးတက်သွားခဲ့လေသည်။ ကြောက်စရာ ဓားဆန္ဒထွက်ပေါ်လာသောကြောင့် လူတိုင်း ကောင်းကင်ပေါ် မော့ကြည့်လိုက်ကြ၏။

မြို့ထဲရှ်ိလူတိုင်း ကောင်းကင်ပေါ်ထိုးတက်သွားသော အေးစက်စက်အလင်းတန်းတစ်တန်းကို တွေ့လိုက်ရလေသည်။

အရှင်ချီချင်လည်း ရုတ်တရက် တိုက်ခိုက်မှုကို ကာကွယ်ဖို့ ပြင်ဆင်လိုက်ရ၏။

အရမ်းမြန်လွန်းတယ်!

တုန့်ပြန်ဖို့အချိန်မရှိတော့သောကြောင့် သူ့ဓားကြီးကိုသာ မြှောက်၍ ကာလိုက်ရသည်။ သို့သော် သူ့အလျင်မှာ ဓားအလျင်ထက် အများကြီး နောက်ကျနေခဲ့၏။

ဝုန်းးးး!

သူ့လက်ထဲရှိ ဓားကြီးမှာ တစ်စစီကျိုးပဲ့သွားခဲ့ကာ ဓားဦးက သူ့မျက်နှာဆီဦးတည်လာခဲ့ပြီး ထိုက်ကန်နတ်မင်သက်ဓားသိုင်း၏ ဓားဆန္ဒက ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

ဓားအလင်းက သူ့ကိုဖြတ်သွားပြီးသည်နှင့် အရှင်ချီချင်လည်း ဘာမှမရှိတော့သလို ပျောက်ကွယ်သွားခဲ့သည်။

ဓားဖြတ်သန်းသွားသော လမ်းတစ်လျှောက်တွင် ထင်ရှားသော ဓားဆန္ဒလမ်းကြောင်းကြီးတစ်ခု ကျန်နေရစ်ခဲ့၏။

ဆန်းကြယ်နှလုံးသားအဆင့်ကျင့်ကြံသူသည် သူ့မူလဝိညဉ်ကို ထုတ်ချိန်ပင်မရလိုက်ရုံသာမက ဆန်းကြယ်နှလုံးသားနတ်စွမ်းအား ကိုပင်မထုတ်လိုက်ရပေ။

ကွာဟချက်က ကြီးမားလွန်းလှပေသည်။

အရှင်ချီချင် ပြန်တိုက်ခိုက်ရန် အခွင့်အရေးပင် မရလိုက်ပေ။

ကောင်းကင်ပေါ်ရှိ ဘိုးဘေးကူစုန့် ဓားဆန္ဒကိုကြည့်ကာ ကြောင်အ၍ ငေးမောနေမိသည်။

အရှင်ချီချင်နှင့် တိုက်ခိုက်ခဲ့သူဖြစ်သောကြောင့် ထိုမိစ္ဆာကျင့်ကြံသူ၏ ကြောက်စရာကောင်းမှုကို သူကောင်းကောင်းကြီး သိ၏။

ဤသို့သော တည်ရှိမှုတစ်ခုသည် တစ်ချက်တည်းနှင့် ဆရာသခင်ဓားအရှင်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။

ထို့အပြင် ထိုမျှစွမ်းအားကြီးသော ဆရာသခင်ဓားအရှင်ကလည်း တစ်ချိန်လုံး ဂိုဏ်းထဲ ပုန်းအောင်းနေခဲ့၏။

ဝှစ်!

လေတိုက်သံတစ်ချက်ထွက်ပေါ်လာခဲ့ပြီး ရတနာဓားက ကောင်းကင်ပေါ်မှ ဆင်းသက်လာခဲ့ကာ နောက်ဆုံးတွင် ကောင်းကင်ပြုပြင်စင်မြင့်ပေါ် ကျဆင်းသွားခဲ့လေသည်။

ကလက်!

ဓားဦးက ကောင်းကင်ပြုပြင်စင်မြင့်ကို ထိုးစိုက်သွားပြီး ဓားကိုယ်ထည်က တုန်ခါနေခဲ့သည်။

ကျိုးယိကျင်း သူ့ရတနာဓားကိုကြည့်နေရင်း ပါးစပ်ပြန်မပိတ်နိုင်အောင် ဖြစ်နေခဲ့၏။

မြို့မှာ တိတ်ဆိတ်သွားခဲ့သည်။

တတိယတောင်ကြားတွင် ကုအန်နှုတ်ခမ်းများ တွန့်ကွေးသွားခဲ့၏။ သူ့ရှေ့တွင် သက်တမ်းပေါ်လာသောကြောင့် အရှင်ချီချင်သေဆုံးသွားတာ သေချာသွားလေပြီ။

ကုအန် ပင်မမြို့တော်သို့ ကြည့်လိုက်ပြီး ထိုနေရာတွင် တိုက်ပွဲဖြစ်နေသေးသည်ကို အာရုံခံလိုက်မိသည်။ သို့သော် သူ၀င်ပါဖို့ ဆန္ဒမရှိပေ။

သူဒီနေ့တွင် နှစ်ကြိမ်၀င်ပါပြီးပြီဖြစ်ပြီ သုံးကြိမ်၀င်ပါ၍ မဖြစ်တော့ပေ။

အဓိပတိဂိုဏ်းကလည်း သူတို့ကပ်ဘေးကို ကိုယ်တိုင်ရင်ဆိုင်ဖို့ လိုနေသေးသည်။

မကြာခင်တွင် အပြင်စည်းမြို့မှ အောင်ပွဲခံသံများ ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး ဘာသံမှန်း မသိသောကြောင့် တတိယတောင်ကြားမှ အစေခံတပည့်များပင် ကြောက်လန့်သွားခဲ့ကြသည်။

ကုအန်မှာတော့ လုလင်ကျွမ်းဘေးတွင်ရပ်နေရင်း သူမညဏ်အလင်းပွင့်နေမှုကို ‌တပည့်များ နှောင့်ယှက်မိမှာကို စိုးရွံ့နေခဲ့၏။

…

အပြင်စည်းမြို့ထဲတွင် ကောင်းကင်ပြုပြင်စင်မြင့်ထက်သို့ လူများတစ်ယောက်ပြီးတစ်ယောက်တက်လာခဲ့ကြသည်။ အကြီးအကဲကူစုန့်လည်း လူအုပ်အလယ်တွင်ရှိနေပြီး ကျိုးယိကျင်းရှေ့တွင် ရပ်နေခဲ့၏။

ထိုအခိုက်တွင် ကျိုးယိကျင်း သူ့ရတနာဓားကို ဆုပ်ကိုင်ထားပြီး ဘယ်သူ့ကိုမှ မပေးချင်သောကြောင့် ဓားအိမ်ထဲမှပင် မထုတ်ခဲ့ပေ။

“ဂျူနီယာလေး ငါမင်းဓားကိုတစ်ချက်လောက်ကြည့်လို့ရမလား” အကြီးအကဲ ကူစုန့်ပြုံး၍ မေးလိုက်ပြီး သူ့အသံက အတော်လေး ငြင်သာနေခဲ့သည်။

ကျိုးယိကျင်း သူ့ဓားကိုသူခိုးလက်မှ ကာကွယ်လိုဟန်ဖြင့် ဆုပ်ကိုင်ထားပြီး သဘောမတူခဲ့ပေ။

“နေဦး ငါတို့အောက်က ဓားဆန္ဒတွေ လှုပ်ရှားနေတယ်”

အကြီးအကဲတစ်ယောက်အံ့အားတကြီးထုတ်ပြောလိုက်ရာ လူတိုင်း သူတို့အောက်ရှိ လမ်းမှန်းဂိုဏ်းဟူသော ဓားစာလုံးထဲတွင် ဓားဆန္ဒများ စီးဆင်းနေသည်ကို တွေ့လိုက်ရသည်။

ဓား ကောင်းကင်ပြုပြင်စင်မြင့်ပေါ် ကျခဲ့တုန်းက ကုအန် သူ့ဆရာသခင်ဓားအရှင်ဟူသော ဂုဏ်ထူးကို မြှင့်တင်ရန် ဓားစာလုံးထဲ သူ့ဓားဆန္ဒထပ်ထည့်ကာ အဆင့်မြှင့်ခဲ့ခြင်း ဖြစ်၏။

အကြီးအကဲ ကူစုန့် လမ်းမှန်ဂိုဏ်းဟူသော စာလုံးကို လှည့်ကြည့်လိုက်ပြီး စာလုံးထဲတွင် စီးဆင်းနေသော ဓားဆန္ဒကိုခံစားကာ သူ့မျက်လုံးများကို မှိတ်လိုက်လေသည်။

ကျိုးယိကျင်း နောက်သို့အနည်းငယ်ဆုတ်လိုက်ပြီး ကျိုးလင်ကို အသံပို့လွှတ်လိုက်၏။

“လင်အာ နတ်ဘုရားတို့၏ရာထူးများစာအုပ်ကို မင်းအဖေအတွက် သိမ်းထားပေးဦး”

ခပ်လှမ်းလှမ်းတွင်

ရီလန် ကောင်းကင်ပြုပြင်စင်မြင့်ထောင့်စွန်း၌ ရပ်နေခဲ့ပြီး သူ့ဘေးတွင် ဥပဒေရေးရာခန်းမမှ တပည့်များက ဆရာသခင်ဓားအရှင်၏ ခွန်အားအကြောင်း အံ့အားတကြီး ဆွေးနွေးနေခဲ့ကြသည်။ ရီလန်မှာတော့ ကုအန်အကြောင်းသာ တွေးနေမိ၏။

ဒီလို အားကောင်းတဲ့ နောက်ခံကြီးရှိနေတာ အစ်ကိုကြီးက အတော်လေးလုံခြုံနေမှာပဲ ဟုတ်တယ်မလား!

….

နေကွယ်၍ လထွက်ကာ လလည်းကွယ်သွားချိန်တွင် နေ့သစ်က ရောက်ရှိလာခဲ့သည်။

တစ်နေ့လုံး တိုက်ခိုက်ခဲ့ပြီးသည့်နောက် ပင်မမြို့ထဲရှိ တိုက်ပွဲမှာ ပြီးဆုံးလုနီးပါး ဖြစ်သွားခဲ့၏။

မနက်ခင်းချိန်တွင် အကြောလျှော့လေ့ကျင့်ခန်း လုပ်ပြီးသည့်နောက် ကုအန်နှင့် ရှောင်ချွမ်တို့ လုလင်ကျွမ်းဘေးတစ်ဖက်တစ်ချက်တွင် ရပ်နေခဲ့ကြသည်။

ရှောင်ချွမ် လုလင်ကျွမ်းနှင့် ငါးလှမ်းအကွာတွင် ခြံစည်းရိုးကိုမှီ၍ ရပ်နေရင်း မေးလိုက်၏။ “အစ်ကိုကြီး သူဘာလုပ်နေတာလဲ”

တပည့်အားလုံး လုလင်ကျွမ်း၏ ထူးဆန်းနေမှုကို သတိထားမိသွားပြီဖြစ်ပြီး ကုအန် တားထား၍သာ တစ်ညလုံး သူတို့မနှောင့်ယှက်ရဲကြခြင်း ဖြစ်သည်။

ကုအန် ပြောလိုက်၏။ “သာမန်မဟုတ်တဲ့ ကျင့်စဉ်တစ်ခုကို ကျင့်နေတာ ဖြစ်နိုင်တယ် သူမက ကြီးမြတ်တဲ့ကျင့်ကြံသူပဲလေ ငါတို့က သူ့အဆင့်ကို ဘယ်သိနိုင်ပါ့မလဲ”

“ဘယ်လိုကျင့်စဉ်က တစ်ညလုံး မလှုပ်မရှားကြီး နေရတာလဲ”

ရှောင်ချွမ်အတော်လေး စိတ်၀င်စားနေခဲ့သည်။

“အဲ့တာက ကျင့်စဉ်မဟုတ်ဘူး ညဏ်အလင်းပွင့်နေတာ” လုလင်ကျွမ်း ရုတ်တရက်ပြောလိုက်ရာ ရှောင်ချွမ်လန့်သွားပြီး နောက်သို့ပင် ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့၏။

လုလင်ကျွမ်း ရှောင်ချွမ့်ကိုမကြည့့်ဘဲ ရှောင်ချွမ့်နည်းတူ ထိတ်လန့်၍ နောက်ဆုတ်သွားသော ကုအန်ကိုသာ ကြည့်လိုက်လေသည်။

ကုအန် စိတ်၀င်တစားမေးလိုက်၏။ “နင်အဆင်ပြေရဲ့လား”

“ငါအဆင်ပြေပါတယ် တစ်ညလုံးငါ့နားမှာနေပေးလို့ ကျေးဇူးတင်ပါတယ်” လုလင်ကျွမ်း ခပ်အေးအေးပြန်ပြောလိုက်သည်။

ကုအန် စိတ်အေးသွားချင်ယောင်ဆောင်လိုက်ကာ ပြောလိုက်၏။ “နင်အခုသွားနားသင့်တယ် တစ်နေ့လုံးကြီး မတ်တပ်ရပ်နေရတာ ပင်ပန်းတယ် မဟုတ်လား”

“နင့်မနေ့က ပြန်လာတုန်းက ငါ့လက်ကို ကိုင်ခဲ့သေးလား ငါအဲ့လိုမှတ်မိနေတယ်” လုလင်ကျွမ်း ရှေ့သို့သွားနေရင်း မေးလိုက်လေသည်။

ထိုအချိန်တုန်းက သူမညဏ်အလင်းပွင့်ခြင်းအခြေအနေသို့ ရောက်ရှိနေသောကြောင့် ဘာမှ မလုပ်လိုက်ရခြင်း ဖြစ်၏။

ကုအန် ချောင်းတစ်ချက်ဟမ့်လိုက်ကာ ပြောလိုက်သည်။

“အဲ့ဒီတုန်းက ငါကြောက်သွားလို့ပါ ဘာစိတ်မှမရှိပါဘူး”

“ဘယ်ယောင်္ကျားမှ ငါ့လက်ကိုမကိုင်ခဲ့ဖူးဘူး” လုလင်ကျွမ်း ကုအန်ကို စိုက်ကြည့်၍ ပြောလိုက်ကာ သူ့အသံက အဓိပ္ပာယ်တစ်ခုကို ဆောင်နေခဲ့၏။

ဟမ့်!

ငါယုံမယ်လို့ ထင်နေတာလား!

နင်အသက် ၂၀၀၀လောက်နေလာခဲ့ပြီး အဲ့လိုပြောတာကို ငါကယုံစရာလား!

ကုအန် အမူအရာ တင်းမာသွားကာ ပြောလိုက်လေသည်။

“ဘာလဲ တောင်ကြားသခင်ကို‌ေတာင် နင့်လက်ကိုကိုင်ခွင့်မပြုဘူးလား”

သူသည် လုလင်ကျွမ်းကို နှစ်ပေါင်းတစ်ရာလောက် ကျင့်ကြံရတာ သက်သာရအောင် လုပ်ပေးခဲ့ခြင်းဖြစ်လေရာ လက်လေးတစ်ချက်လောက် ထိသည်ကိုတော့ သူမခွင့်လွှတ်ပေးသင့်၏။

လုလင်ကျွမ်း နှုတ်ခမ်းများတွန့်ကွေးသွားခဲ့ကာ တစ်ချက်ပြုံးလိုက်ပြီး ပြောလိုက်လေသည်။

“ဟုတ်ပြီလေ ဒါဆို အခုကစပြီး နင်ကငါ့လူပဲ”

ပြောပြီးသည်နှင့် ကုအန်တုန့်ပြန်မှုကိုပင် မစောင့်တော့ဘဲ သူမ လှည့်ထွက်သွားတော့လေသည်။

ကုအန် တခဏကြောင်အသွားပြီး လုလင်ကျွမ်းနောက် အမြန်လိုက်သွားကာပြောလိုက်၏။

“မိန်းကလေးလု ငါကစနောက်နေရုံပါ ကျေးဇူးပြုပြီး အတည်မယူလိုက်ပါနဲ့ ခဏနေရင် ငါဂိုဏ်းချုပ်နဲ့တွေ့တဲ့အခါကျ နင့်ကို နေရာပြောင်းပေးဖို့ ပြောပေးပါ့မယ်”

“အခုက အရမ်းနောက်ကျသွားပြီ”

လုလင်ကျွမ်း ကုအန်ကို တွန်းဖယ်လိုက်ကာ ရှေ့သို့ ဆက်သွားနေလိုက်သည်။

ကုအန် သူ့ကံဆိုးမှာကို ကြိတ်၍ ကျိန်ဆဲလိုက်မိ၏။

“စကားမစပ် ငါဆေးတောင်ကြားပေါ်မှာ ကပ်ဘေးကျော်ဖြတ်ဖို့ ပြင်ဆင်နေတယ် နင်ဘယ်လိုထင်လဲ” လုလင်ကျွမ်းလမ်းလျှောက်နေရင်း ရပ်တန့်လိုက်ကာ ကုအန်ဘက် လှည့်ပြောလိုက်သည်။

ကုအန်မျက်ခုံးများတွန့်ကွေးသွားကာ မေးလိုက်၏။

“ကပ်ဘေးကျော်ဖြတ်တာက အများကြီးပြင်ဆင်ဖို့လိုတယ်မလား နင်ဘာလို့ ဂိုဏ်းချုပ်ပြန်ရောက်တဲ့အထိ မစောင့်တာလဲ ဂိုဏ်းချုပ်ပြန်ရောက်ရင် ငါနင့်ကို ကပ်ဘေးနယ်မြေကို ခေါ်သွားခိုင်းလိုက်မယ်”

“ငါမစောင့်နိုင်တော့ဘူး နင့်အဆက်အသွယ်တွေနဲ့ဆိုရင် တကယ်လို့ တစ်ယောက်ယောက်က ငါကပ်ဘေးကျော်ဖြတ်နေတုန်းလာခဲ့ရင် ငါ့အတွက်ပြောပေး စိတ်မပူပါနဲ့ နင့်ဆေးပင်တွေကို မထိခိုက်စေရဘူး” ပြောပြီးသည်နှင့် သူမကောင်းကင်ပေါ် ပေ၁၀၀၀လောက်ထိ ခုန်တက်သွားခဲ့၏။ ထို့နောက် သူမအင်္ကျီလက်အိုးထဲမှအပြာရောင်ကြာပန်းတစ်ပွင့် ထွက်လာခဲ့ပြီး သူမက ထိုကြာပန်းထဲတွင် တရား၀င်ထိုင်လိုက်လေသည်။

ထိုအဖြစ်အပျက်က အစေခံတပည့်များကို အံ့အားသင့်သွားစေခဲ့ပြီး ရှောင်ချွမ်ပင် ကုအန်ဆီလာကာ သူမဘာလုပ်ချင်နေလဲ ဆိုတာ မေးမြန်းလိုက်၏။

ကုအန် ကောင်းကင်ပေါ်ရှိ လုလင်ကျွမ်းကို မော့ကြည့်ရင်း ဖြေလိုက်သည်။

“သူကပ်ဘေးကျော်ဖြတ်တော့မလို့တဲ့”

သူ့အကြည့်အောက်တွင် လုလင်ကျွမ်း သူမအင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ မှော်အသုံးအဆောင်တစ်ခု ထပ်မံထွက်ပေါ်လာခဲ့ပြီး သူမပတ်ပတ်လည်တွင် ၀င်္ကပါတစ်ခု ဖွဲ့တည်သွားခဲ့၏။

ဆန်းကြယ်နှလုံးသားအဆင့်၏ ကပ်ဘေးက ဘယ်လောက်ကြောက်စရာကောင်းမလဲဆိုတာ ကုအန် စိတ်၀င်စားနေမိခဲ့သည်။

“ကပ်ဘေးကျော်ဖြတ်ဖို့လား” ရှောင်ချွမ်လည်း တီးတိုးရေရွတ်လိုက်ပြီး ကောင်းကင်ပေါ်ရှိ လုလင်ကျွမ်းကို ကြည့်နေမိ၏။

….

၀မ်ကျိတောအုပ် မဟာယနလမ်းခြောက်သွယ်အစီအရင်ထဲတွင်

အရှင် ၇ပါး စက်ဝိုင်းပုံဝိုင်း၍ တရားထိုင်နေကြစဉ်တွင် သူတို့အလယ်၌ အနက်ရောင်မီးလုံးတစ်လုံးပေါ်ပေါက်လာခဲ့လေရာ လူတိုင်း မျက်လုံးများ ဖွင့်လိုက်ကြပြီး ဂါရ၀ပြုလိုက်ကြလေသည်။

“ဂိုဏ်းချုပ်ကို ဂါရ၀ပြုပါတယ်”

အရှင် ၇ပါး တစ်ညီတညွတ်တည်း အရိုအသေပေးလိုက်ကြသည်။

“ဒုဂိုဏ်းချုပ်ဘယ်မှာလဲ”

တခဏဂိုဏ်း၏ ဂိုဏ်းချုပ် သားသတ်အင်မော်တယ်ကျင်း၏အသံ မီးလုံးထဲမှ ထွက်ပေါ်လာခဲ့ပြီး သူ့အသံမှာ အတော်လေး ပင်ပန်းနေသည့်ပုံပင်။

မျက်နှာဖုံး၀တ်ထားသော အဖိုးကြီးတစ်ယောက် ပြောလိုက်၏။

“သူပြန်မလာသေးပါဘူး ဒါပေမယ့် အဓိပတိဂိုဏ်းကို တိုက်ခိုက်တဲ့ အစီအစဉ်ကတော့ ကျရှုံးသွားပါပြီ အဓိပတိဂိုဏ်းထဲက ကျွန်တော်တို့ သူလျှိုတွေ ၇၀ ရာခိုင်နှုန်းလောက်ကို ဆုံးရှုံးလိုက်ရပြီး ပြန်ပို့တဲ့သတင်းတွေအရ အရှင်ချီချင်ကို ဆရာသခင်ဓားအရှင်က ဓားချက်တစ်ချက်တည်းနဲ့ သတ်ဖြတ်လိုက်ပြီး ဒုဂိုဏ်းချုပ်ကတော့ ပေါ်မလာခဲ့ပါဘူး သူဘယ်မှာလဲဆိုတာလည်း မသိသေးပါဘူး”

ထိုစကားများကိုပြောနေရင်း သူ့အသံမှာ လေးလံနေခဲ့လေသည်။

All Chapters