အခန်း (၁၄၇-၁၄၈)
Vol. 12 Ch. 147-148
အပိုင်း(၁၄၇)
ကမ္ဘာကြီးကိုကယ်တင်ဖို့ ယူသွားလိုက်
မူလတခဏပင်ကြီးသည် မြေကြီးထဲမှ တိုးထွက်လာခဲ့ကာ ကြီးမားလှသော သစ်ကိုင်းကြီးများနှင့် အရွက်ကြီးများက လျင်မြန်စွာ ပေါ်ပေါက်လာခဲ့ပြီး ၀မ်ကျိ တောအုပ်၏ မိုင်တစ်သောင်းပတ်လည်ကို ဖုံးအုပ်သွားခဲ့သည်။ သူ့ပင်စည်ကြီးမှာလည်း ဧရာမတောင်ကြီးတစ်လုံးလိုပင် အလွန် ကြီးမားလှ၏။
တစ္ဆေဆန်ကာ ကြောက်စရာကောင်းသော မျက်နှာကြီးတစ်ခုလည်း ပင်စည်ပေါ်တွင် ရှိနေပြီး ထိုမျက်နှာကြီးက ရက်စက်ကြမ်းကြုတ်စွာ ပြုံးလိုက်သောအခါ အောက်ရှိ လူများအားလုံးကို နှလုံးသားထဲထိ ကြောက်လန့်တုန်လှုပ်သွားစေခဲ့သည်။
ထိုအခိုက်တွင် မရေတွက်နိုင်သောလူများ ကြောက်လွန်း၍ တုန်သွားခဲ့ကြ၏။
ထို့နောက် အဆောင်စာရွက်များကိုသုံး၍ ကိုယ့်ကိုကိုယ်စကားမပြောနိုင်အောင် စည်းပိတ်လိုက်ကာ သူတို့အကြောက်တရား ပိုဆိုးမလာစေရန် လုပ်လိုက်ကြသည်။
မူလတခဏပင်ကြီးမှ မျက်နှာကြီးပေါ်လာသောအခါ မင်းဆက်ကိုးခုလုံးရှိ ဆန်းကြယ်နှလုံးသားအဆင့်များအားလုံး မလွယ်ကူဘူးဟု ခံစားလိုက်ကြရ၏။
“လူတိုင်းပဲ ငါတို့့မှာ ပြန်ဆုတ်စရာ နေရာမရှိဘူး မင်းတို့ မျိုးဆက်တွေ တပည့်တွေရဲ့ အနာဂတ်ကို တွေးကြည့်လိုက် ငါတို့ဒီနေ့ ဒီနေရာမှာ အရှုံးပေးခဲ့ရရင် နောက်ဆို လူသားမျိုးနွယ်အတွက် အနာဂတ်ဆိုတာ ရှိလာတော့မှာမဟုတ်ဘူး”
လွှမ်းမိုးနိုင်သော အသံကြီးတစ်သံသည် မိုးအောက်မြေပြင်တစ်ခွင်တွင် နားကန်းလုမတတ် ပေါ်ထွက်လာခဲ့လေသည်။
သူ့စကားဆုံးသွားသည်နှင့် မိုးကုတ်စက်ဝိုင်းမှ ရွှေရောင်အလင်းများ ထိုးတက်သွားခဲ့
၏။
ထိုစဉ် ဘယ်ကရောက်လာမှန်းမသိသော တခဏဂိုဏ်း၏ ဆန်းကြယ်နှလုံးသားအဆင့်လေးယောက်သည် မှော်သိုင်းကွက်များကို ဆက်တိုက်အသုံးပြုလိုက်ပြီး ထိုရွှေရောင်အလင်းတန်းများကို တားဆီးလိုက်ကြသည်။
သို့သော် မှော်စွမ်းအားနှစ်ခုထိပ်တိုက်တွေ့သွားသည်နှင့် ရွှေရောင်အလင်းတန်းများသည် ပြိုကွဲသွားကာ အလင်းတန်းထောင်ချီအဖြစ် ပြောင်းလဲသွားပြီး ရှေ့သို့ ဆက်၍ ပြေး၀င်သွားခဲ့ကြ၏။
အနောက်ဘက်မှလည်း ဆန်းကြယ်သောအပြာရောင်မြစ်တစ်စင်းပေါ်ထွက်လာခဲ့ပြီး ထိုမြစ်ပေါ်တွင် ကျိုင်းတံကိုကိုင်ဆောင်ထားသော အနက်ရောင်၀တ်စုံ၀တ်လူတစ်ယောက်ရှိနေခဲ့ကာ သူ့စိတ်ဝိညဉ်စွမ်းအားများက အလွန် ကျယ်ပြန့်လှပေသည်။
အခြားအရပ်မျက်နှာမျိူးစုံမှလည်း ကြီးမြတ်သော ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာခဲ့ကြ၏။
မင်းဆက်ကိုးခုလုံးမှ ဆန်းကြယ်နှလုံးသားအဆင့် ကျင့်ကြံသူများ အားကုန်သုံး၍ ရှေ့သို့ ပြေးတက်နေခဲ့ကြကာ မူလတခဏပင်ဆီသို့ ရောက်ရန် ကြိုးစားနေခဲ့ကြသည်။
လုပိုင်ထျန်း ညာလက်ရှ်ိ အလံကြီးကို မြှောက်လိုက်ရာ သူ့အောက်ရှိ အတွင်းစည်းဂိုဏ်းသားတစ်သိန်းသည် သူတို့မှော်လက်နက်များ ကိုယ်စီထုတ်၍ ၀င်္ကပါများ ခင်းကျင်းလိုက်ရာ ကောင်းကင်ပေါ်သို့ စိတ်ဝိညဉ်စွမ်းအင်နဂါးများ ပျံတက်သွားခဲ့ကြပြီး ထိုနဂါးများထဲတွင် မီးနဂါး ရေခဲနဂါးများအစုံပါနေကာ ထိုနဂါးများက ဟိန်းဟောက်နေလေရာ ကောင်းကင်တစ်ခွင် တုန်ခါနေခဲ့၏။
လုလင်ကျွမ်း စပါးအုံးးမြွေဖြူတစ်ကောင်ပေါ် တွင်ရပ်ကာ ကောင်းကင်တွင်ပျံသန်းနေရင်း လက်ထဲမှ သူ့ဓားကိုသိမ်း၍ လေးကြီးတစ်လက် ထုတ်လိုက်လေသည်။ ထို့နောက် လေးကြိုးကိုဆွဲတင်လိုက်ရာ စိတ်ဝိညဉ်မြှားတစ်စင်းက လေးကြိုးတွင် အလိုလိုဖွဲ့တည်လာခဲ့၏။
သဘာစိတ်ဝိညဉ်စွမ်းအားများသည် သူ့မြှားဆီသို့ ပြေး၀င်လာခဲ့ကြပြီး ပေါက်ကွဲထွက်လုမတတ် အရှိန်အဝါတစ်ခုဖြစ်တည်လာခဲ့ကာ သူ့လေးကြိုးကို လွှတ်လ်ုက်သောအခါတွင်မူ မြှားမှာ အလင်းတန်းတစ်ခုအဖြစ် ကောင်းကင်ဆီ ပျံသန်းသွားခဲ့သည်။
အခြားတစ်ဖက်တွင် တာအိုပညာရှင် ထျန်းရှုနှင့် ဒါဇင်ချီသော တာအိုပညာရှင်များမှာလည်း ၀မ်ကျိတောအုပ်ဆီသို့ လျင်မြန်စွာ ပျံသန်းလာနေခဲ့ကြသည်။
အရင်စစ်ပွဲများထက်ကြီးမားသော စစ်ပွဲကြီးတစ်ပွဲသည် အစပြုခဲ့ချေပြီ။
….
ဝုန်းးးး
ကုအန် တောင်ထိပ်တစ်ခုပေါ်တွင် ရပ်နေရင်း အဝေးမှ တဝုန်းဝုန်းအသံများကို ကြားနေခဲ့ရပြီး သူ့ဘေးရှိ ချူကျင့်ဖုန်းမှာမူ မတည်ငြိမ်နိုင်တော့ပေ။
“ဒီအဖြစ်အပျက်က …” ချူကျင့်ဖုန်း မျက်မှောင်ကြုံ့၍ ပြောလိုက်၏။ အသံသည် အလွန်ဝေးသော အရပ်မှလာသည်ကိုသူလည်းခံစားမိနေပြီး ထိုက်ချန်မင်းဆက်မှ ၀မ်ကျိတောအုပ်ကို ချူကျင့်ဖုန်း တွေ့လိုက်မိသည်။
၀မ်ကျိတောအုပ်မှ တိုက်ပွဲကြီးသည် မင်းဆက်ကိုးခုလုံးတွင် ပြန့်နှံ့နေပြီဖြစ်ကာ အပြင်စည်းမြို့ထဲ သွားသော အစေခံတပည့်များပင် ထိုအကြောင်းကို သိနေကြပြီဖြစ်၏။
ထိုတိုက်ပွဲကြီးသည် စတာမကြာသေးသော်လည်း ရုတ်တရက်ေကြာက်စရာပေါက်ကွဲသံများ ထွက်ပေါ်လာနေလေရာ ထိုတိုက်ပွဲမည်မျှပြင်းထန်မှန်း ခန့်မှန်း၍ ရပေသည်။
တိမ်မည်းများသည် ကောင်းကင်ပေါ်တွင် စတင်စုဝေးလာခဲ့ပြီး ကောင်းကင်ကြီးတစ်ခုလုံးကို ဖုံးအုပ်ထားတော့မလို ဖြစ်လာခဲ့သည်။
ကုအန် အဝေးကိုကြည့်နေကာ အသာအယာပြောလိုက်၏။ “မင်းဆက်ကိုးခုရဲ့ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးမယ့်အချိန်ရောက်လာပြီ ငါတို့လုပ်နိုင်တာ အများကြီးရှိမနေတာတော့ ၀မ်းနည်းစရာပဲ ကောင်းကင်က လမ်းမှန်ဂိုဏ်းတွေဘက်က ရပ်တည်နေဖို့ပဲ ဆုတောင်းနေနိုင်တယ်”
ချူကျင့်ဖုန်း အသက်ပြင်းပြင်းတစ်ချက်ရှုကာ မေးလိုက်သည်။
“လူတစ်ယောက်က သူ့အစွမ်းသက်သက်နဲ့ ကမ္ဘာကိုကယ်တင်ဖို့ ဘယ်အဆင့်လောက်ကို ရောက်နေရမှာလဲ”
ကုအန်သူ့ကိုတစ်ချက်ကြည့်လိုက်ကာ ပြုံး၍ မေးလိုက်၏။
“အဲ့တော့ အစ်ကို့မှာလည်း အဲ့လိုစိတ်ကူးမျိုးရှိနေတာလား”
“ဆရာသခင်ဓားအရှင်က သူ့အစွမ်းသက်သက်နဲ့ အဓိပတိဂိုဏ်းကို အကြိမ်ကြိမ် ကယ်တင်ခဲ့တယ် ဓားကျင့်ကြံသူတစ်ယောက်အနေနဲ့ ငါလည်းသူ့လိုမျိုး ဖြစ်ချင်တယ် ဒါပေမယ့် ငါလေ့ကျင့်လေလေ ငါ့နားလည်နိုင်စွမ်းက မလုံလောက်ဘူးလို့ ခံစားလာရလေလေပဲ” ချူကျင့်ဖုန်းပြောနေရင်း သူ့မျက်လုံးများက ဗလာဖြစ်နေခဲ့သည်။
ကုအန် ရယ်မောကာ ပြောလိုက်၏။
“အဲ့ဒီလိုဆိုရင်တော့ အစ်ကို ကျွန်တော်သင်ပေးထားတဲ့ တာအိုဖြန့်ကျက်ကျင့်စဉ်ကိုသာ ကြိုးကြိုးစားစားကျင့်ကြံပေတော့ အဲ့ဒီကျင့်စဉ်က ရွက်ဝါတစ်ထောင်မျှော်စင်ကလာတယ်ဆိုပေမယ့် ကျွန်တော်လည်း အဲ့တာကို မတတ်မြောက်သေးဘူး အစ်ကိုကတော့ တတ်မြောက်နိုင်မယ်လို့ ယုံကြည်တယ် အခုကစပြီး အစ်ကို ကျွန်တော့်ကိုယ်စား ဒီသေမျိုးကမ္ဘာကြီးကို နှစ်ပေါင်းတစ်ထောင်လောက် ကြည့်ရှုပေးဖို့ မျှော်လင့်ပါတယ်”
ချူကျင့်ဖုန်း ကုအန်ကိုကြည့်လိုက်ကာ မျက်မှောင်ကြုံ့၍ မေးလိုက်သည်။
“မင်းက ငါ့ကိုတော့အမြဲ လက်မလျှော့လိုက်ဖို့ မျှော်လင့်ချက်ပေးနေပြီး မင်းကိုယ်တိုင်တော့ ဘာဖြစ်လို့ အရှုံးပေးနေတာလဲ”
ကုအန် နောက်လှည့်လိုက်ကာ သူ့ပုခုံးကို ပုတ်လိုက်ပြီး ဘာမှမေပြာဘဲ တောင်အောက်သို့ ပြန်ဆင်းသွားခဲ့၏။
ချူကျင့်ဖုန်း သူ့နောက်မှလိုက်လာကာ မေးလိုက်သည်။
“မင်းဘယ်သွားမလို့လဲ”
“တကယ်လို့ မနက်ဖြန်က ကမ္ဘာကြီးရဲ့ အဆုံးသတ်ဆိုရင် ကျွန်တော်ကတော့ ကျွန်တော်ချစ်ရတဲ့ အပင်တွေနဲ့ပဲနေချင်တယ်” ပြောပြီးသည်နှင့် ကုအန် တောအုပ်ထဲ ပျောက်ကွယ်သွားခဲ့၏။
ချူကျင့်ဖုန်း တခဏကြာ ကြောင်အနေခဲ့ပြီးနောက်မှ အပြုံးတစ်ခုသူ့မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။
“သူနဲ့ယှဉ်ရင်ငါကတကယ်ပဲ ဘာမှမဟုတ်တာကို စိုးရိမ်ပူပန်နေတာပဲ..” ချူကျင့်ဖုန်း တိတ်တဆိတ်တွေးလိုက်ကာ မိုးကုတ်စက်ဝိုင်းကိုသာ ပြန်ကြည့်ရှုနေခဲ့၏။
ထို့နောက် လေပြင်းတစ်ချက် တိုက်ခတ်လာရာ သူ့မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။
လေသည်ပို၍ ကြမ်းလာလေပြီ။
….
ကုအန် ဆေးပင်များကို ကြည့်ရှုပြီးသောအခါ သူ့အခန်းထဲပြန်လာလိုက်ပြီး ၀မ်ကျိတောအုပ်ရှိ တိုက်ပွဲကို နတ်အာရုံသုံး၍ ကြည့်ရှုနေခဲ့၏။
ကုအန် မူလတခဏပင်ထဲတွင် မတည်မငြိမ်ဖြစ်နေသော စိတ်ဝိညဉ်စွမ်းအင်ရှိနေသည်ကို သတိထားလိုက်မိပြီး နတ်အာရုံသုံး၍ ကြည့်လိုက်ရာ အရှိန်အဝါတစ်ခုကို အာရုံခံလိုက်မိလေသည်။
မဟာယနအဆင့်!
ကုအန်သည် မဟာယနအဆင့်တွင် နှစ်ပေါင်းများစွာနေခဲ့သူဖြစ်သောကြောင့် ထိုအဆင့်၏ အရှိန်အဝါနှင့် ရင်းနှီးနေခဲ့၏။
ဤအချိန်သည် ရောက်ရှိလာခဲ့လေပြီ!
ထိုစဉ် ကုအန် သူ့ကိုတစ်ယောက်ယောက်ခေါ်နေသည်ကို ထပ်ကြားလိုက်မိလေသည်။
လာပြန်ပြီ ဒီသူတော်စင်ရွှမ်မြောင်ပဲ!
ဒီကောင် ငါသင်ခန်းစာပေးထားတာကို မမှတ်သေးဘူးလား!
မြောက်ပင်လယ်တောင်တန်းဒေသတွင် သူတော်စင်ရွှမ်မြောင် အရင်က တောင်နတ်ဘုရားနှင့် တွေ့ခဲ့သော နေရာတွင် ဒူးထောက်ထိုင်နေခဲ့ကာ အကြိမ်ကြိမ်း ဦးတိုက်၍ ရှိခိုးနေခဲ့၏။
အချိန်အတန်ကြာသောအခါ
ရွှမ်မြောင် သူရှိခိုးနေသည်မှာ အကြိမ်ရေမည်မျှရှိသည်ကိုပင် မမှတ်မိတော့ပေ။ ထိုစဉ် သူ့နားထဲတွင် အသံတစ်သံ ထွက်ပေါ်လာခဲ့ရာ ရွှမ်မြောင် တောင့်တင်းသွားခဲ့လေသည်။
“ဟေး ကောင်လေး ဘာလို့ငါ့ကိုထပ်နှောင့်ယှက်နေပြန်တာလဲ မင်းမှာငါ့ကိုပေးစရာ ရတနာတွေရှိနေလို့လား”
ရွှမ်မြောင်မော့ကြည့်လိုက်ရာ သစ်ကိုင်းပေါ်ထိုင်နေသော တောင်နတ်ဘုရားကို တွေ့လိုက်ရပြီး သူ့အမြန်ဦးညွှတ်အရိုအသေပေးလိုက်၏။
ထို့နောက် အမြန်ပြောလိုက်သည်။
“မင်းဆက်ကိုးခုက ကပ်ဘေးကြီးတစ်ခုကို ရင်ဆိုင်နေရပါတယ် တောင်နတ်ဘုရားကယ်ပါဦး တကယ်လို့ မင်းဆက်ကိုးခုက လူတွေအကုန်လုံးသာ မိစ္တာတွေသတ်လို့ သေသွားရင် တောင်နတ်ဘုရားကို ကိုးကွယ်မယ့်သူတွေ မရှ်ိဘဲ ဖြစ်ကုန်ပါလိမ့်မယ်”
“ငါ့ကို လူသားတွေပဲ ကိုးကွယ်လို့ရတယ်လို့မင်းဘယ်သူပြောလဲ နောက်ပြီး ငါကရော လူသားမျိုးနွယ်ကိုပဲ ကယ်တင်တယ်လို့ မင်းဘယ်သူပြောလဲကွ”
ထိုစကားကြားသောအခါ သူတော်စင်ရွှမ်မြောင် တခဏဆွံ့အသွားပြီး ဘာပြန်ပြောရမလဲ မသိတော့ပေ။
ကုအန် ဆက်ပြောလိုက်သည်။ “ငါလည်း ကူညီချင်ပါတယ် ဒါပေမယ့်…”
“ဒါပေမယ့် ဘာဖြစ်လဲ တောင်နတ်ဘုရား ဘာလိုချင်ပါသလဲ” သူတော်စင်ရွှမ်မြောင် သူ့ခံစားချက်များကို ဖိနှိပ်လိုက်ကာ အမြန်ပြောလိုက်၏။
ထိုစဉ် ကုအန် ၏အသံသည် ရုတ်ချည်းအေးစက်သွားပြီး ပြောလိုက်သည်။
“ငါမင်းကို ငါ့တာအိုကျောင်းဆောင်ကို စောင့်ရှောက်ဖို့ ထာ၀ရအစေခံတစ်ယောက် ဖြစ်လာစေချင်တယ် နောက်ပြီး မင်းလက်ကျန်ဘ၀တစ်ခုလုံးလည်း အဲ့နေရာကနေ လွတ်မြောက်မှာ မဟုတ်ဘူး”
ထိုစကားကို ကြားသောအခါ သူတော်စင်ရွှမ်မြောင်၏မျက်နှာ ရုတ်ချည်းပြောင်းလဲသွားပြီး တိတ်ဆိတ်သွားခဲ့သည်။
ကုအန် တခဏဂိုဏ်းမှ မဟာယနကျင့်ကြံသူကို တောင်နတ်ဘုရား သရုပ်သုံး၍ ရှင်းလင်းရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်၏။
သူအစက ဆရာသခင်ဓားအရှင်သရုပ်ကို အသုံးပြုချင်သော်လည်း ထိုအရာက အနာဂတ်တွင် အဓိပတိဂိုဏ်းကို အကျိုးသက်ရောက်မှုများ ဖြစ်လာမှာကိုလည်း ကြောက်ရွံ့နေခဲ့သည်။
နောက်ဆုံးတွင် အခြေအနေများမှာ ခြားနားကုန်ခဲ့၏။ ထိုမဟာယနအဆင့်ကျင့်ကြံသူ၏ ကျင့်ကြံခြင်းမှာ အဆင့် ၉ နီးနီးရှိနေပြီး ကုအန်ကြုံဖူးသော ဘယ်သူနဲ့မှ မတူပေ။
ထိုကဲ့သို့သော စွမ်းအားကြီး ဖြစ်တည်မှုတစ်ခုကို ရှင်းလင်းရန်မှာ ထင်ရှားသော အဖြစ်အပျက်ကြီးတစ်ခုကို ဖြစ်သွားစေလိမ့်မည် ဖြစ်၏။ ထို့ကြောင့် ဆရာသခင်ဓားအရှင်၏ သရုပ်နှင့် မကိုက်ညီလှပေ။
တောင်နတ်ဘုရား၏ သရုပ်မှာမူ ဆန်းကြယ်စွာ နားလည်ရခက်ပြီး တခဏဂိုဏ်းအနေနှင့်ပင် ထိုကဲ့သို့သော တည်ရှိမှုပါ၀င်လာပါက တိုက်ခိုက်ရန် နှစ်ခါစဉ်းစား သွားရပေလိမ့်မည်။
ဆရာသခင်ဓားအရှင်က အဓိပတိဂိုဏ်းကိုကာကွယ်ပြီး တောင်နတ်ဘုရားက မင်းဆက်ကိုးခုကို ကာကွယ်မယ်!
သူတော်စင်ရွှမ်မြောင်ကို အခုလို အကြပ်ကိုင်လိုက်ရခြင်းမှာမူ သူ့ကို အပြစ်ပေးချင်ရုံသာမကဘဲ ကုအန်သူ့ကို သူ့ဆေးဉယျာဉ်အသစ်တည်ဆောက်ရာ၌ အမှန်တကယ် ကူညီခိုင်းချင်၍ ဖြစ်သည်။
ရွှေစာရင်း၏ နံပါတ်နှစ် နေရာတွင် ရှိသူမှာ သူ့ဆေးဥယျာဉ်ကို ကာကွယ်ပေးဖို့ အမှန်တကယ်ပင် ထိုက်တန်၏။
တခဏကြာ စဉ်းစားပြီးသည့်နောက် ရွှမ်မြောင်အံကြိတ်ကာ ပြောလိုက်သည်။
“ကောင်းပါပြီ တောင်နတ်ဘုရားကသာ မင်းဆက်ကိုးခုကို ကယ်တင်ပေးမယ်ဆိုရင် ကျွန်တော်က တောင်နတ်ဘုရားရဲ့ အစေခံအဖြစ် အလုပ်အေကျွးပြုပါ့မယ်”
ကုအန် အင်္ကျီလက်အိုးကိုတစ်ချက်ယမ်းလိုက်ရာ သစ်သားရုပ်တုလေးတစ်ခု ရွှမ်မြောင့်ရှေ့ကျလာခဲ့၏။
ရုပ်တုလေးမှာ တောင်နတ်ဘုရား၏ပုံကို ထွင်းထုထားခြင်း ဖြစ်သည်။
သူတော်စင်ရွှမ်မြောင် သစ်သားရုပ်တုလေးကို ကောက်လိုက်ပြီး ကုအန်ကို ပြန် မော့ကြည့်လိုက်ရာတွင် ကုအန်ကို မတွေ့ရတော့ပေ။
“လူတွေကို ကယ်တင်ဖို့ အဲ့တာကိုယူသွား”
ကုအန်၏အသံ တောအုပ်ထဲတွင် ဟိန်းထွက်လာခဲ့ပြီး သူတော်စင်ရွှမ်မြောင်၏ ကျင့်ကြံခြင်းလည်း သူ့နဂိုအဆင့်သို့ ပြန်ရောက်သွားခဲ့၏။
မူလဝိညဉ်သို့ပြန်သွားခြင်း လမ်းစဉ် မှ လွတ်မြောက်သွားခဲ့လေပြီ!
သူတော်စင်ရွှမ်မြောက် ချက်ချင်းထရပ်ကာ နတ်အသွင်ပြောင်းခြင်းအဆင့်စွမ်းအားကိုသုံး၍ ၀မ်ကျိတောအုပ်ရှိရာသို့ သုတ်ချေတင်၍ ပြေးလေတော့သည်။
….
ဝုန်းးးဝုန်းးးဝုန်းးး
မဟာယနလမ်းခြောက်သွယ်အစီအရင်မှ အသံကြီးများ တဝုန်းဝုန်းမြည်ဟည်းနေစဉ်တွင် အရှင် ၇ပါး လုံးသည် မူလတခဏပင်ကြီးရှေ့ရှိ လေထဲတွင် အတန်းလုိက် ဒူးထောက်နေခဲ့သည်။
သူတို့အကြည့်မှာမူ တခဏပင်ကြီး၏ ပင်စည်ရှိ မျက်နှာကြီး၏ နှဖူးမှ အနက်ရောင်အက်ကွဲကြောင်းတစ်ခုပေါ်တွင် ရှိနေပြီး ထိုအက်ကွဲကြောင်းထဲတွင် အနက်ရောင်မီးတောက်တစ်ခု တောက်လောင်နေတာ အစွမ်းထက်သော အရာတစ်ခုခု ထွက်လာတော့ မလိုဖြစ်နေခဲ့သည်။
အပင်ကြီး၏ အောက်ခြေတွင်မူ အကျဉ်းသားများရှိနေပြီး သူတို့ကိုယ်မှ သွေးရောင်များ ဖြာထွက်နေပြီး အစီအရင်တွင် လှပသော သွေးအလင်းရောင်များ ထွက်ပေါ်လာခဲ့၏။
မဟာယနလမ်းခြောက်သွယ်အစီအရင်သည် အသက်၀င်ခဲ့လေပြီ!
ထိုအခိုက်တွင် မင်းဆက်ကိုးခုမှ ကျင့်ကြံသူများ တိုက်ပွဲထဲတွင် ဖိနှိပ်ခံနေခဲ့ရသည်။ လုလင်ကျွမ်းလည်း တိုက်ပွဲကြားတွင် ရောက်ရှိနေခဲ့ပြီး ဆန်းကြယ်နှလုံးသားကျင့်ကြံသူများကြားထဲတွင် ဖောက်မထွက်နိုင် ဖြစ်နေခဲ့၏။
ကောင်းကင်သည် ပို၍ မည်းမှောင်လာခဲ့ကာ မိုးကြိုးတိမ်တိုက်များက လိမ့်တက်လာခဲ့ပြီး မိုးကြိုးလျှပ်နွယ်များလည်း လက်လာခဲ့လေသည်။ ကောင်းကင်မှာ ၀မ်းနည်းနေပုံပင်။
ထိုစဉ် ရုတ်တရက် ကောင်းကင်မှ လက်သည်းကြီးတစ်ခု ဆင်းသက်လာခဲ့ပြီး တခဏပင်ကြီး၏ သစ်ကိုင်းကိုဆွဲကာ အပင်ကြီးကို အမြစ်မှဆွဲနှုတ်ဖို့ ကြံလိုက်၏။
“မင်းလုပ်ရဲသလား!”
တခဏဂိုဏ်း၏ အရှင် ၇ ပါး ပြိုင်တူအော်လိုက်ကြပြီး လှုပ်ရှားလိုက်ကြသည်။ သူတို့ နတ်သိုင်းများ ပြိုင်တူထွက်ပေါ်လာခဲ့ကြပြီး လက်သည်းကြီးလည်း နောက်ပြန်ဆုတ်သွားခဲ့ရ၏။
ထို့နောက် အနီရောင်မြွေကြီးတစ်ကောင် ကောင်းကင်ထက်မှ ဆင်းသက်လာခဲ့လေသည်။ ထိုမြွေကြီးတွင် လက်သည်းများလည်းရှိပြီး သူ့ခေါင်းမှာလည်း လူတစ်ယောက်၏ ဦးခေါင်းပုံ ဖြစ်၏။ သူ့မျက်နှာမှာ အမျိုးသမီးတစ်ယောက်ပုံဖြစ်ပြီး မပြင်မဆင်ထားထားသော ဆံနွယ်များကြောင့် သူ့ပုံစံမှာ အတော်လေး ကြောက်စရာကောင်းလှသည်။
မြွေကြီး၏ လုံးပတ်သည် ကျန်း ၁၀၀ခန့် တုတ်ပြီး အရှည်မှာ မိုင်ပေါင်းမည်မျှမသိလောက်အောင် ရှည်၏။
“အဲ့တာ ငါတို့ထိုက်ချန်မင်းဆက်ရဲ့ နတ်သားရဲ ချန်မြွေကွ!”
ကျင့်ကြံသူတစ်ယောက် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ရာ မင်းဆက်ကိုးခုလုံးမှလူများ စိတ်တက်ကြွသွားခဲ့ကြသည်။
ချန်မြွေကြီး၏ အရှိန်အဝါမှာရှေးဆန်ကာ ကျယ်ပြန့်လှပြီး ဆန်းကြယ်နှလုံးသားအဆင့်ကိုကျော်လွန်တာ သိသာလှပြီး သူ့အသွင်သဏ္ဍာန်ကြောင့် မင်းဆက်ကိုးခုမှလူများ မျှော်လင့်ချက်ရောင်ချည်ကို တွေ့လိုက်ကြရသည်။
ချန်မြွေကြီး သူ့ပါးစပ်ကြီးကိုဟ၍ ချော်ရည်ပူများ တခဏပင်ကြီးဆီသို့ ထွေးထုတ်လိုက်၏။
ထိုစဉ်
တခဏပင်ကြီး၏ ပင်စည်ရှိ နှဖူးပေါ်ရှိ အက်ကွဲကြောင်းထဲမှ သွေးရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ ချော်ရည်ပူများကို ဖြတ်၍ ချန်မြွေကြီး၏ လည်မြိုကို ဖောက်ထွင်းသွားခဲ့လေသည်။
ချန်မြွေကြီး လဲကျသွားခဲ့ကာ သူ၏ကြီးမားလှသော ကိုယ်လုံးကြီးကြောင့် ဖုန်လုံးကြီးများ လိမ့်တက်သွားခဲ့၏။
ကြောက်စရာကောင်းပြီး ဆန်းကြယ်နှလုံးသားအဆင့်ကိုကျော်လွန်နေသော အရှိန်အဝါကြီးသည် ထိုက်ချန်မင်းဆက်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
“ရှေးဟောင်းမျိုးစိတ်လေးတစ်ကောင်က ကိုယ့်ကိုကိုယ်နတ်သားရဲလို့ သမုတ်ရဲသလား”
သားသတ်အမတကျင်း၏ အသံထွက်ပေါ်လာခဲ့ပြီး သူ့အသံသည် မြေအောက်ကမ္ဘာလမ်းကိုးသွယ်မှ မိစ္ဆာဘုရင်တစ်ပါး၏ အသံနှင့်တူပြီး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေခဲ့ကာ လူတိုင်း၏ ကျောရိုးများ အေးစိမ့်သွားခဲ့ကြသည်။
တိုက်ပွဲထဲရှိ လုလင်ကျွမ်း အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ပြီး သူ့မျက်နှာရုတ်ချည်းပြောင်းလဲသွားခဲ့ကာ မယုံကြည်နိုင် ဖြစ်သွားခဲ့၏။
ထိုဖိအားကြီးကို ရင်ဆိုင်ပြီး သူ့အရှိန်အဝါပင် ဖိနှိပ်ခံလိုက်ရလေသည်။
တစ်ဖက်လူရဲ့ ကျင့်ကြံခြင်းအဆင့်က ဆန်းကြယ်နှလုံးသားအဆင့်ကို ကျော်လွန်နေတာ သေချာတယ်!
“တခဏဂိုဏ်းရဲ့ အမတဆင်းသက်လာပြီ မင်းတို့ဘာလို့ တခဏဂိုဏ်းရဲ့ မျက်နှာသာပေးမှု ခံရအောင် ဒူးမထောက်ကြသေးတာလဲ” တခဏဂိုဏ်းမှ ဆန်းကြယ်နှလုံးသားအဆင့်တစ်ယောက်၏ ရယ်သံကြီး ထွက်ပေါ်လာခဲ့၏။
မင်းဆက်ကိုးခုလုံးမှ ဆန်းကြယ်နှလုံးသားအဆင့်များမှာတော့ သူ့စော်ကားနေမှုကိုပင် ဂရုမစိုက်နိုင်တော့ဘဲ မူလတခဏပင်ကြီးကိုသာ ကြောက်လန့်တကြား ကြည့်နေခဲ့ကြလေသည်။
အပိုင်း(၁၄၈)
ကောင်းကင်က မျက်လုံးဖွင့်ကြည့်ခြင်း၊ ကောင်းကင်နှင့် မြေပြင်၏စွမ်းအား
“ဒါက ဘာအဆင့်လဲ…”
လုပိုင်ထျန်း မိုးကြိုးတိမ်တိုက်များအောက်တွင် မှော်အသုံးအဆောင်တစ်ခုပေါ်၌ ရပ်နေရင်း ခပ်တိုးတိုးရေရွတ်လိုက်၏။
သူ့လို တစ်သားတည်းဖြစ်ခြင်းအဆင့်တစ်ယောက်ပင် ဖိအားကို ထိုမျှ ခံစားနေရပါလျှင် သူ့ထက် ကျင့်ကြံခြင်းနိမ့်သောသူများသာ ဆိုပါလျှင် မည်သို့ ခံစားနေရပါမည်နည်း။
အဓိပတိဂိုဏ်းမှတပည့်များအားလုံး သူတို့ခေါင်းပေါ်သို့ ပေါင်ပေါင်းသောင်းနှင့်ချီသော အရာကြီးတစ်ခု ကျဆင်းလာနေသလို ခံစားနေကြရပြီး သူတို့၀င်္ကပါအစီအရင်မှာလည်း ပျက်ဆီးတော့မလို ဖြစ်နေခဲ့သည်။
“ငါတို့ဘာကြီးကိုရင်ဆိုင်နေရတာလဲ…”
“မဖြစ်နိုင်တာ….မဖြစ်နိုင်တာ…. တခဏဂိုဏ်းမှာ တကယ်ကြီး အမတတစ်ပါး ရှိနေတာလား”
“ဘာလုပ်ရတော့မှာလဲ ငါတို့မှ နိုင်ဖို့အခွင့်အရေးနည်းနည်းတောင် မရှိတော့ဘူးလား”
“ငါတို့မှာ ဆရာသခင်ဓားအရှင်ရှိသေးတယ် သူသာပေါ်လာရင် ငါတို့အတွက် မျှော်လင့်ချက် ရောင်ခြည်တန်းတစ်ခုရှိလာနိုင်တယ်”
အဓိပတိဂိုဏ်းရှိ ကျင့်ကြံသူများတွင် မျှော်လင့်ချက်အနည်းငယ် ရှိနေသေးသော်လည်း အခြားဂိုဏ်းများရှိ တပည့်များမှာတော့ လုံး၀ စိတ်ဓာတ်ကျနေခဲ့ကြသည်။
သုံးပါးတစ်ဆူတောင်မှ တာအိုပညာရှင် ထျန်းရှု သူ့လက်ချောင်းများကို သုံး၍ တွက်ချက်ကြည့်သော်လည်း မည်သည့်အပြောင်းအလဲကိုမှ မတွေ့ရသောကြောင့် သူ့မျက်နှာ ဖြူဖျော့သွားခဲ့၏။
“မလွတ်မြောက်နိုင်တဲ့ကပ်ဘေး….”
ထျန်းရှု ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။
သားသတ်အမတကျင်း၏ အရှိန်အဝါသည် ထိုက်ချန်မင်းဆက်တစ်ခုလုံးကို ဖုံးအုပ်ထားခဲ့ပြီး မင်းဆက်ကိုးခုလုံးရှိလူများ၏ စိတ်ဓာတ်များ ပျက်ဆီးသွားခဲ့ကြ၏။
အရှုံးပေးဖို့ ငြင်းဆန်နေသူအချို့တော့ ရှိနေသေးသည်။ ခန်းထျန်ဂိုဏ်းမှ ဆန်းကြယ်နှလုံးသားအဆင့်တစ်ယောက်သည် ကြမ်းကြမ်းတမ်းတမ်း ဆက်လက်၍ တိုက်ခိုက်နေသေးပြီး မဟာမိတ်ခေါင်းဆောင်ဂိုဏ်း၏ အရည်အသွေးကို ပြသနေခဲ့သည်။
အန်းဟောင်နှင့် ဝူကျဲတို့မှာ အမြန်လှုပ်ရှားနေခဲ့ကြ၏။ သူတို့၏ နိမ့်ပါးသော ကျင့်ကြံခြင်းကြောင့် ဘယ်သူမှ သူတို့ကို အချိန်တစ်ခုအထိ သတိမထားမိခဲ့ကြပေ။ ထို့ကြောင့် သူတို့ ၀မ်ကျိတောအုပ်ထဲရှိ အကျဉ်းသားများကို ကယ်တင်ရန် လှုပ်ရှားနေခဲ့ကြခြင်း ဖြစ်သည်။ သို့သော် သူတို့တောအုပ်ထဲ ခြေချလိုက်မိသည်နှင့် သွေးကြိုးမျှင်များက သူတို့ခြေထောက်ကို လျင်မြန်စွာ ရစ်ပတ်သွားခဲ့ကြသည်။
သူတို့ဘာမှမတုန့်ပြန်နိုင်ခင်မှာပင် သူတို့ခြေထောက်အောက်ရှိ သင်္ကေတများမှ သွေးရောင်အလင်းတန်းများ ထွက်ပေါ်လာခဲ့ပြီး ထိုအလင်းတန်းများက ထိုက်ချန်မင်းဆက်တစ်ခုလုံးသို့ မယုံနိုင်စရာကောင်းလောက်အောင် ပြန့်နှံ့သွားခဲ့၏။ ထိုသွေးအလင်းတန်းထိမိသည့် လူတိုင်းမှာတော့ ရပ်တည်သွားခဲ့ရသည်။
ဆန်းကြယ်နှလုံးသားအဆင့်ကျင့်ကြံသူများပင် လေထဲတွင် ရပ်တန့်ကုန်ကြပြီး သူတို့၏ အလျင်မှာ လုံး၀ နှေးတုံ့သွားပြီး လေထဲတွင် ပေါလောပေါ်နေသော သစ်ရွက်များကဲ့သို့ ဖြစ်ကုန်ကြ၏။
ကမ်းပါးတစ်ခုပေါ်တွင် လီရွှမ်တောက် လုရှန်နှင့် ယိလျူယွမ်တို့ အုပ်စုလည်း ရပ်တန့်သွားခဲ့ကြသည်။
“ဒါကဘာကြီးလဲ” သူ့ခြေထောက်ကို ရစ်ပတ်လာသော သွေးကြိုးမျှင်များကို ကြည့်ကာ ထိုကျင့်ကြံသူ ကြောက်လန့်တကြား အော်လိုက်မိ၏။
သူရုန်းထွက်ဖို့ ကြိုးစားသော်လည်း လုံး၀ မထွက်နိုင်ခဲ့ပေ။ ပိုဆိုးသည့် အချက်မှာ သူ့ခန္ဓာကိုယ်သည်လည်း သူ့ထိန်းချုပ်မှုအောက်မှ လွတ်ထွက်လာခြင်း ဖြစ်သည်။
လုရှန်လည်း သူ့ခြေထောက်ကို ငုံ့ကြည့်ကာ အံ့အားသင့်သွားမိသည်။
ခပ်လှမ်းလှမ်းရှိ လီရွှမ်တောက်မှာတော့ ဤကပ်ဘေးကို လုံး၀ မကြောက်သလိုပင်။
“ဒါက မဟာယနလမ်းခြောက်သွယ် အစီအရင်ပဲ အဲ့ဒီအစီအရင်ကို အသက်သွင်းဖို့ မဟာယနအဆင့်ကျင့်ကြံသူရဲ့ စွမ်းအားလိုအပ်တယ် မဟာယနအဆင့်ဆိုတာဘာလဲ မင်းတို့သိလား”
သားသတ်အမတကျင်း၏ အသံသည် မိုးအောက်မြေတစ်ခွင်ဟိန်း၍ ထွက်ပေါ်လာခဲ့၏။
ထိုစကားကိုကြားသောအခါ လီရွှမ်တောက် မျက်လုံးများ အလင်းတစ်ချက်လက်သွားခဲ့သည်။
တစ်နေရာတွင်
လုလင်ကျွမ်းလည်း သွေးကြိုးမျှင်များ၏ ချုပ်နှောင်မှုကို ခံထားရ၏။ သူမအောက်တွင်မူ စပါးအုံးမြွေတစ်ကောင်ရှိနေခဲ့သည်။
“ကျွန်မတို့တော့ ပြီးသွားပြီ!”
လုလင်ကျွမ်း မူလတခဏပင်ကို ကြည့်ရှုနေစဉ်တွင် ထိုအပင်ထဲမှ ပုံရိပ်တစ်ခုထွက်လာသည်ကို မြင်လိုက်ရ၏။
ထိုပုံရိပ်မှာ သားသတ်အမတကျင်းသာ ဖြစ်ပေသည်။
ဝုန်းးး
မြေပြင်သည်ယမ်းခါသွားကာ သွေးရောင်အလင်းလွှာတစ်ခု ၀မ်ကျိတောအုပ်တွင် ထွက်ပေါ်လာခဲ့ဧ။။်
တခဏဂိုဏ်းသားများအားလုံးမှာတော့ မြေပြင်ပေါ် ဒူးထောက်ကာ အမတကျင်းကို မော့ကြည့်နေခဲ့ကြသည်။
“ဆရာသခင်ဓားအရှင် ဘာလို့ထွက်မလာသေးတာလဲ”
“သုံးပါးတစ်ဆူတောင်က သက်ရှည်တာအိုပညာရှင် ခင်ဗျားရော ဘာတွေတွန့်ဆုတ်နေတာလဲ”
“ငါတို့ဂိုဏ်းကို အလွယ်တကူ ချေမှုန်းလို့ရမယ်ထင်နေတဲ့ ခန်းထျန်ဂိုဏ်းမှာရော တစ်ယောက်ယောက်ရှိသေးလား”
အမတကျင်း၏ အသံထွက်ပေါ်လာခဲ့ပြီး သူ့စကားတစ်ခွန်းစီတိုင်းက လူတိုင်း၏ နောက်ဆုံးမျှော်လင့်ချက်များကို စိန်ခေါ်နေသောကြောင့် လူတိုင်းပို၍ စိတ်ပျက်လာခဲ့ကြသည်။
အမတကျင်း၏မျက်လုံးများက သွေးရောက်လက်နေခဲ့ပြီး သူေမြေပါ်ဆင်းသက်လာသောအခါ ထိုက်ချန်မင်းဆက်ရှိ လူတိုင်း အသက်ဓာတ်များ လျော့နည်းသွားသလို ခံစားလိုက်ရသည်။
ဆန်းကြယ်တောင်ကြားရှိ ကုအန်လည်း သတိအနေအထား ဖြစ်သွားခဲ့၏။
ဒီကောင့်အရှိန်အဝါက သန်မာလိုက်တာ!
သူသည် မဟာယနအဆင့်၉ တစ်ယောက်နှင့် နှိုင်းယှဉ်၍ရအောင်ပင် သန်မာလှသည်။
ကုအန် နိဗာနအဆင့် ၉သို့ တိုးမြှင့်ထားခဲ့ခြင်းကြောင့် ကိုယ့်ကိုကိုယ် ကျေးဇူးတင်လိုက်မိသည်။
ထို့နောက် သူ့အာရုံသည် သူတော်စင်ရွှမ်မြောင်ဆီ ရောက်ရှိသွားခဲ့၏။
ရွှမ်မြောင်သ ည် ကုအန် ဖြည့်ပေးလိုက်သော လင်းချီများနှင့် အားကုန်သုံး၍ ပြေးနေပြီး ထိုက်ချန်မင်းဆက်နား ကပ်လာခဲ့သည်။
အမတကျင်း၏ အသံကိုကြားလိုက်သောအခါ ရွှမ်မြောင် သူ့အလျင်သည် မလုံလောက်သေးဘူးဟုပင် ခံစားလိုက်ရသည်။
“တောင်နတ်ဘုရား! နောက်ကျလွန်းသွားပြီဗျာ!”
သူတော်စင်ရွှမ်မြောင့်နှလုံးသားထဲ၌ အော်ဟစ်နေမိရင်း လက်ထဲရှိ သစ်သားရုပ်ကို တင်းနေအောင် ဆုပ်ထားမိ၏။
“နောက်ကျလွန်းသွားရင် ပစ်လိုက်လေ”
ကုအန် အသံ သူ့နားထဲ ရောက်လာခဲ့လေသည်။
ထိုစကားကိုကြားသောအခါ ရွှမ်မြောင်သစ်သားရုပ်ကို ချက်ချင်းရှေ့သို့ လွှင့်ပစ်လိုက်၏။
အရုပ်သည် သူ့လက်ထဲမှ လွတ်သွားသည်နှင့် ရုတ်ချည်း သက်တံ့ရောက်အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ ၀မ်ကျိတောအုပ်ဆီ ဝဲပျံသွားလေတော့သည်။
အမတကျင်း တစ်ခုခုကို သတိထားလိုက်မိပြီး မိုးကုတ်စက်ဝိုင်းသို့ လှည့်ကြည့်လိုက်၏။ ထိုအခါ သူ့ဆီ ပျံသန်းလာသော သက်တံ့ရောင်အလင်းတန်းတစ်ခုကို တွေ့လိုက်ရလေသည်။
သားသတ်အမတကျင်း သူ့ညာလက်ကိုမြှောက်ကာ သက်တံ့ရောင်အလင်းတန်းကို တားဆီးရန် ကြိုးစားလိုက်၏။
ထို့နောက် သူ့အမူအရာ အနည်းငယ်ပြောင်းလဲသွားကာ မေးလိုက်သည်။ “မဟာယနအဆင့် မင်းဘယ်သူလဲ”
သက်တံ့ရောင်အလင်းတန်းထဲမှ ရုပ်ထုလေးတစ်ခု ထွက်ပေါ်လာခဲ့၏။
ရုပ်ထုလေးသည် သူ့ညာလက်ကို မြှောက်ကာ အမတကျင်းဆီ ညွှန်ပြလိုက်လေသည်။
ဝုန်းး!
ကြောက်စရာကောင်းသော အလင်းတန်းတစ်ခု ရုပ်ထုလေးဆီမှ ထွက်ပေါ်လာပြီး အမတကျင်းဆီ ဦးတည်သွားခဲ့၏။
မြန်လွန်းတယ်!
မဟာယနထိပ်ဆုံးအဆင့်ရောက်နေသော အမတကျင်းပင် တုန့်ပြန်ရန် အချိနိမရခဲ့ပေ။
ဆန်းကြယ်သော ပင်မတခဏပင်ကြီး၏ ပင်စည်ကို အလင်းတန်းက ထိုးဖောက်သွားပြီး ပင်စည်သည်ပြာအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။ သူ့အပေါ်ရှိ မိုးကြိုးတိမ်တိုက်များလည်း ပျောက်ကွယ်သွားသောကြောင့် လူတိုင်း ကြည့်လိုက်မိကြသည်။
သစ်သားရုပ်ထုလေးနားရှ်ိ အလင်းတန်းသည်လည်း ပျောက်ကွယ်သွားချေပြီ။
လူတိုင်းတိတ်ဆိတ်သွားခဲ့ကြ၏။
မင်းဆက်ကိုးခုမှကျင့်ကြံသူများရော တခဏဂိုဏ်းမှကျင့်ကြံသူများပါ ကြောင်အနေကြပြီး တခဏပင်ကြီးပျောက်ကွယ်သွားပုံကို ကြည့်နေခဲ့ကြသည်။
သစ်သားရုပ်လေးမှာတော့ နောက်ပြန်ဆုတ်သွားခဲ့ကာ သူ့ကိုယ်က တုန်ခါနေခဲ့၏။
ရုတ်ချည်း နားကွဲလုမတတ်ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာခဲ့ပြန်သည်။
မြေပြင်သည်အက်ကွဲသွားကာ မရေတွက်နိုင်သော အပင်ကြီးများသည် တခဏဂိုဏ်းမှ ကျင့်ကြံသူများဆီ ပြေးဝင်လာခဲ့ကြ၏။ ဆန်းကြယ်နှလုံးသားအဆင့် ကျင့်ကြံသူများ လွတ်မြောက်ဖို့ ကြိုးစားခဲ့သော်လည်း ခဏအကြာတွင် သစ်ပင်များ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရလေသည်။
မဟာယနလမ်းခြောက်သွယ် အစီအရင်အပြင်ဘက်တွင် အဆုံးမဲ့သော အပင်ကြီးများထွက်ပေါ်လာပြီး အပင်နံရံကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
တခဏဂိုဏ်းမှ ကျင့်ကြံသူများ ခုန်၍ ထိုနံရံကြီးကို ကျော်ရန် ကြိုးစားသော်လည်း အပင်နံရံကြီး၏ အဆုံးသတ်ကို မမြင်ရဘဲ သူတို့မြေပေါ်ပြန်ကျသည်နှင့် အပင်ကြီးများ၏ ဖမ်းချုပ်ခြင်းကိုသာ ခံလိုက်ကြရ၏။
“မဟုတ်ဘူးးး”
“ဒါကြီးကဘာကြီးလဲ ဘယ်သူလဲ”
“ဂိုဏ်းချုပ် ကျွန်တော့်ကို ကယ်ပါဦး”
“အသက်ချမ်းသာပေးပါ အသက်ချမ်းသာပေးပါ”
မရေတွက်နိုင်သော အော်သံများထွက်ပေါ်လာခဲ့လေသည်။
မင်းဆက်ကိုးခုလုံးမှ ကျင့်ကြံသူများလည်း ထွက်ပြေးရန် ပြင်လိုက်သော်လည်း မကြာခင်တွင် ထိုအပင်များမှာ တခဏဂိုဏ်းသားများကိုသာ ဦးတည်နေမှန်း သိလိုက်ရသည်။
တာအိုပညာရှင်ထျန်းရှု ကောင်းကင်ပေါ်တွင်ရပ်နေရင်း အောက်ရှိ မြင်ကွင်းကို ကြည့်ရှုနေခဲ့၏။ မြေပြင်တွင် ဖုံပင်လယ်ကြီးတစ်ခုဖြစ်ပေါ်နေပြီး နဂါးများကဲ့သို့သော အပင်ကြီးများက တခဏဂိုဏ်း၏ ကြီးမြတ်သည့်ကျင့်ကြံသူများကို ဖမ်းချုပ်၍ သတ်ဖြတ်နေခဲ့သည်။
ထိုကဲ့သို့သော စွမ်းအားမျိုးကို သူစိတ်ပင် မကူးခဲ့ဖူးပေ။
ဤအရာသည် ကောင်းကင်နှင့်မြေပြင်က တခဏဂိုဏ်းကို အပြစ်ပေးနေခြင်းသာ ဖြစ်၏။
သူတင်မဟုတ်ဘဲ အခြားမင်းဆက်ကိုးခုမှ ဆန်းကြယ်နှလုံးသားအဆင့်များလည်း ထိုမြင်ကွင်းကြောင့် အံ့အားသင့်နေခဲ့ကြရသည်။ သူတို့ဘယ်လောက်မြင့်အောင် ပျံပျံ သစ်ပင်တံတိုင်းကြီး၏ အဆုံးကို မမြင်ရဘဲ နယ်မြေတစ်ခုလုံးကို ဖုန်မုန်တိုင်းကြီးက ဖုံးအုပ်ထားကာ မရေတွက်နိုင်သော သစ်ပင်ကြီးများက ဒေါသတကြီး ကြီးထွားနေခဲ့ကြ၏။
လုလင်ကျွမ်းလည်း သူ့မျက်စိရှေ့ရှိ မြင်ကွင်းကို မယုံနိုင် ဖြစ်နေခဲ့သည်။
“ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအား… ကောင်းကင်က မျက်လုံးဖွင့်ကြည့်လိုက်ပြီပဲ!” ဝိညဉ်ဖြူမိစ္ဆာဧကရီ စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်မိ၏။
ကုအန်မြောက်ပင်လယ်တောင်တန်းဒေသရှိ တောင်ကမ်းပါးတစ်ခုပေါ်တွင် ရပ်နေရင်း တိုက်ခတ်နေသော လေထုကို မျက်နှာချင်းဆုိင်ကာ အမတတစ်ပါး၏ ပုံရိပ်ကို ပြသနေခဲ့သည်။
သူတော်စင်ရွှမ်မြောင်ကို ပေးလိုက်သော သစ်သားရုပ်ထုလေးသည် တကယ်တော့ အမတကျင်းကို သူ့ဆီချဉ်းကပ်လာသည်မှာ မဟာယနအဆင့်တစ်ဦးသားဖြစ်သည်ဟု ထင်သွားစေရန် လမ်းလွှဲထာလိုက်ခြင်းဖြစ်သည်။ ကုအန် သစ်သားရုပ်မှတစ်ဆင့် လင်းချီသုံး၍ အမတကျင်းကို မှတ်သားထားလိုက်ပြီးမှ တစ်ချက်တည်းဖြင့် လျင်မြန်စွာ ပွဲသိမ်းလိုက်ခြင်း ဖြစ်၏။
ထို့နောက် စာကြောင်းများ ကုအန်ရှေ့တွင် တစ်ကြောင်းပြီးတစ်ကြောင်းပေါ်ထွက်လာခဲ့ပြီး ကုအန်လည်း သူ့ညာခြေကို တစ်ချက်ကြွကာ ထွက်ခွာသွားခဲ့လေသည်။
ကုအန် နောက်ပြန်လှည့်လိုက်ချိန်တွင် လေများက တိုက်ခတ်နေသောကြောင့် သူ့ဆံပင်များက လေထဲတွင် လွင့်နေခဲ့၏။ ထိုစဉ် သူတောအုပ်ထဲသို့ ၀င်ရောက်သွားခဲ့ပြီး ဤနေရာတွင် ဘယ်တုန်းကမှ မရှိခဲ့ဖူးသလို ပျောက်ကွယ်သွားခဲ့သည်။
တစ်နေရာတွင်
သူတော်စင်ရွှမ်မြောင် အားကုန်သုံး၍ ထိုက်ချန်မင်းဆက်ဆီသို့ ပြေးလွှားနေဆဲပင်။
သူထိုက်ချန်မင်းဆက် နယ်စပ်ဒေသသို့ရောက်သောအခါ သူ့အရှိန်လျော့သွားပြီး သူ့ရှေ့ရှိ သစ်ပင်တံတိုင်းကြီးကြောင့် အံ့အားသင့်သွားခဲ့ရ၏။
“ဒါက တောင်နတ်ဘုရားရဲ့စွမ်းအားများလား”
သူတော်စင်ရွှမ်မြောင်ကမ်းပါးတစ်ခုပေါ်ဆင်းသက်လိုက်ကာ သူ့ဆီတိုက်ခတ်နေသောလေများကို မျက်နှာမူ၍ ရပ်လိုက်ပြန်သည်။
ကုအန်နှင့်မတူသည်မှာ သူ့ပုံစံသည် အေးအေးဆေးဆေးဖြစ်မနေဘဲ အံ့အားသင့်နေခဲ့၏။
သူ့မျက်လုံးထဲတွင် ပျော်ရွှင်မှု လေးစားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
သူရုတ်တရက် နက်ရှိုင်းသော ကြောက်ရွံ့မှုကြီးတစ်ခုကိုလည်း ခံစားလိုက်ရသည်။
သူတောင်နတ်ဘုရားကို များစွာ အပြစ်ပြုမိသော်လည်း တောင်နတ်ဘုရားကို သူ့ကို ခွင့်လွှတ်ပေးခဲ့သေး၏။
သေးငယ်လှသော တောင်နတ်ဘုရားလေးနှင့် သူ၏ ဆန်းကြယ်လှသောစွမ်းအားအကြောင်းတွေးမိသောအခါ သူ့စိတ်ဝိညဉ်လည်း တက်ကြွလာခဲ့ရသည်။
သူဖြည်းဖြည်းချင်း ဒူးထောက်ချလိုက်ပြီး သူ့ဒူးက ချောက်ကမ်းပါးအစွန်းနှင့် ၅ စင်တီမီတာ ဝေးတော့၏။
“တစ်ဘ၀စာ အစေခံလုပ်ရတာက….ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ…”