← Chapters

တွန်းအားပေးလာခြင်း(၁)

Vol. 9 Ch. 82

တွန်းအားပေးလာခြင်း(၁)

Vol. 9 Ch. 82

တင်ကျန်း တောင်တန်း၏ တောနက်အတွင်းတွင် ဖြစ်သည်။ ကောင်းကင် စစ်တပ်၏ နည်းလမ်းများအား အသုံးပြုကာ ပြေစလွှားနေသည့် ကျိုးယန်ဖေးက တောတွင်း ကျွမ်းကျင်မှုအား အသုံးပြု၍ ပေရှန်နှင့် ပေတောက်တို့အား တရစပ် တိုက်ခိုက်နေသည်။

ကျိုးယန်ဖေး၏ တိုက်ခိုက်မှုကြောင့် ဒေါသဖြစ်နေသည့် ပေရှန်နှင့် ပေတောက်တို့က ကျိုးယန်ဖေးမှာ အသုံးပြုနေသည့် နည်းစနစ်များနှင့် တောတွင်း ကျွမ်းကျင်မှုများကြောင့် အလွယ်တကူ လွတ်မြောက်နိုင်စွမ်း ရှိခြင်းကို သတိမပြုမိနေပေ။

ကျိုးယန်ဖေး ပြေးနေသည်ကို မြင်ရချိန်၌ ပေရှန်နှင့် ပေတောက်တို့က တုံ့ဆိုင်းမနေဘဲ အမီလိုက်ကြသည်။ သို့သော်လည်း လမ်းတဝက်၌ ကျိုးယန်ဖေးက ရပ်တန့်သွားသည်။

"ဟားဟား ဆက်မပြေးတော့ဘူးလား… မူလချီ ကုန်သွားပြီ မဟုတ်လား…"

ပေတောက်က သရော်စကားဆိုကာ လက်သီးဆုပ်လိုက်သည်။

"လက်လျော့လိုက် ငါတို့ အန္တရာယ် မပြုဘူး… ညီလေး ပိုင်ချင်းပြောထားတော့ မင်းတို့တွေ တော်ဝောာ်ကြာ ပြဿနာရှာနေတာ သိထားပေမယ့်လည်း မင်းတို့ကို နစ်နာအောင် မလုပ်ပါဘူး…"

"မိန်းကလေး အသားနာတာကို ခံနိုင်တဲ့ သူတွေမှ အနာဂတ် အာမခံချက်ရှိတာ… အလယ်အလတ် အခြေတည်အဆင့် ကျင့်ကြံသူတယောက်က အဆင့်တူနဲ့ ထိပ်သီး အခြေတည်အဆင့်ကို ရင်ဆိုင်မယ်ဆိုရင် နှစ်ယောက်မှာက အားသာတာပေါ့… မင်းက ကောင်းကင် စစ်တပ်ရဲ့ တပည့်ဆိုပေမယ့်လည်း ငါတို့ကို အနိုင်တိုက်ဖို့ မဖြစ်နိုင်ဘူး…"

ပေရှန်က အကြံပြုလာသည်။

"စိတ်ချ ငါတို့ သေအောင် သတ်မှာလည်း မဟုတ်သလို ဖျက်ဆီးဖို့လည်း စိတ်ကူး မရှိဘူး…"

"အို နင်တို့တွေ ကောင်းကင် စစ်တပ်အကြောင်း ကောင်းကောင်း မသိသေးဘူးကိုး…"

ကျိုးယန်ဆျးက ခြေဆောင့်လိုက်ကာ လှံတို နှစ်ချောင်းအား ဆက်လိုက်သည်။

"ဉပမာ ပြရရင် ငါတို့ ကောင်းကောင် စစ်တပ်ရဲ့ တပည့်တွေက ဒြပ်စင် အားနည်းတာကို မူစရာ မလိုဘူး… ကျင့်ကြံမှု မြင့်တဲ့ရန်သူနဲ့လည်း နှစ်ယောက်တယောက် တိုက်ခိုက်နိုင်တယ်…"

ကျိုးယန်ဖေးက ပြောပြောဆိုဆိုဖြင့် မူလချီအား အသုံးပြု၍ ကောင်းကင် စစ်တပ်၏ လျှို့ဝှက် နည်းလမ်းအား ထုတ်သုံးသည်။

ကောဂ်းကင် စစ်တပ်မှာ စစ်သည်များ လေ့ကျင်ရန်ဟူသည့် လမ်းစဉ်ရှိသော ဂိုဏ်းဖြစ်သည်။ သို့ဖြစ်ရာ လက်နက် အမျိုးမျိုးအား အသုံးပြုနိုင်ရန်နှင့် တိုက်ခိုက်ခြင်း ဗျူဟာများအား အလေးပေးရုံသာမက ပြင်းထန်သည့် တိုက်ပွဲများ၌ သန်မာစေမည့် နည်းစနစ်များကိုလည်း အထူးလေ့ကျင့်ပေးသည်။ စစ်မြေပြင်ပ၌ စစ်သည်တယောက် အနေဖြင့် များပြားသည့် ရန်သူများ သို့မဟုတ် အားကောင်းသည့် ရန်သူဖြင့် ရင်ဆိုင်ရမည်က မလွဲဧကန်ပင်။ သို့သော်လည်း အရည်အချင်း ပြည့်ဝသည့် စစ်သည်များမှာ ရန်သူကိုပါ မရဏလမ်းသို့ တွဲခေါ်သွားလေ့ရှိသည်။

ထိုသဘောတရားအား အခြေပြုခြင်းဖြင့် ကောင်းကင်စစ်တပ်မှ ထူးခြားသည့် နည်းလမ်းတခု တီထွင်ထားသည်။ ထိုနည်းလမ်းအား အသုံးပြုပါက စစ်သည်အနေဖြင့် ကောင်းကင် စစ်တပ်၏ နည်းလမ်းများ၌ အင်အားတိုး၍ သုံးနိုင်မည် ဖြစ်၏ ။ ဒဏ်ရာ ပြင်းထန်လေလေ စွမ်းအားကြီးလေဖြစ်သည်။ ထို့အပြင် ဒဏ်ရာမှာ အခြေအနေ တခုသို့ ရောက်ချိန်၌ မူလချီမှ ခန္ဓာကိုယ်အား အလိုအလျောက် ပြုပြင်မည်ဖြစ်ပြီး စစ်သည်အနေဖြင့် အချိန်အတော်ကြာ တိုက်ခိုက်နိုင်ပေလိမ့်မည်။ ပြောရပါက စစ်သည်၏ သွေးနှင့် အတွင်းသက်လုံအား ပေါင်းစပ်ခြင်းတည်း။

ကောင်းကင် စစ်တပ်၏ အဆင့်မြင့် စစ်သည်များမှာ စစ်ပွဲများတွင် သတ်ဖြတ်ရေး စက်များဟုပင် တင်စားခေါ်ရလောက်သည်။ စစ်သည်တဦးမှ ရန်သူတရားအား သတ်ဖြတ်နိုင်စွမ်း ရှိ၏ ။ ထိုသို့ ဖြစ်ရခြင်းမှာ ကြောက်မက်ဖွယ်ကောင်းသည့် နည်းလမ်းကြောင့် ဖြစ်သည်။ ထိုနည်းလမ်း၏ အမည်မှာ နောက်ဆုံးတိုက်ကွက်ပင်။

"နောက်ဆုံး တိုက်ကွက်…"

ကျိုးယန်ဖေးက မာန်ပါပါဖြင့် အော်လိုက်ကာ မြင်းတကောင်အလား ပြေးဝင်လာသည်။ သူမအနေဖြင့် သွေးများ ဆူပွက်နေပြီ ဖြစ်၏ ။

"နင်တို့ ခန့်မှန်းတာ မှားတယ်… ငါဒီကို မျှားခေါ်လာတာက အားကုန်လို့ မဟုတ်ဘူး အညံ့ခံဖို့ဆို ဝေးသေးတယ်… ဘာလို့လဲ ဆိုတော့က…"

ကျိုးယန်ဖေးက သူမ၏ လက်ထဲရှိ လှံတံအား ဆော့ကစားကာ တိုက်ကွက်ပြင်လိုက်သည်။ လှံတံမှာ ငွေနဂါးတကောင်အလား လှုပ်ရှားနေပြီး အစွန်းတဖက်၌ ပေရှန်နှင့် ပေတောက်တို့အား ချိန်ရွယ်လျက် ဖြစ်သွားသည်။

"ဘာလို့လဲ ဆိုတော့ ဒီနေရာမှာ နင်တို့ကို အနိုင်ယူမို့ပဲ… ပြီးတော့ တိုက်ပွဲအခြေအနေကို ပြောင်းပြန်လှန်ပစ်မို့လေ…"

………

တန်ရော်ဝေက မြေပထဝီ အတွင်း၌ ရွေ့လျားနေသည်။

သူမက အနောက်တွင် ဒေါသတကြီး လိုက်ပါနေသည့် ကျင့်ကြံသူ ရှိသည်ကို ခံစားနေမိသည်။

…ငါသတိပေးထားတာပဲလေ တိုက်ခိုက်ရင် သေမယ်လို့… မယုံဘဲနဲ့ တိုက်ခိုက်လာမှတော့ သေတာကို အပြစ်မတင်နဲ့တော့…

မိန်းကလေးငယ်က အပြစ်ရှိသည်ဟု ခံစားနေရသော်လည်း ရပ်တန့်မသွားဘဲ ဆက်လက်၍ ပြေးနေသေးသည်။

တကယ်တမ်း၌ ဆရာဖြစ်သူ သင်ပေးထားသော မြေကမ္ဘာ လွတ်မြောက်ခြင်း နည်းလမ်းဖြင့် ရွှေအမြုတေ တပိုင်းအဆင့် ကျင့်ကြံသူ၏ လက်မှ အလွယ်တကူ လွတ်မြောက်နိုင်သည်။ သို့သော်လည်း တန်ရော်ဝေ၏ စိတ်၌ အကြံများပေါ်နေ၏ ။ ထို့ကြောင့် သိသိသာသာ အရှိန်လျော့ထားကာ ပေချင်းအား အမီလိုက်ခွင့် ပြုထားသည်။

All Chapters