← Chapters

ပြည့်စုံသူများမှာ ဆာလောင်သူ၏ ခံစားမှုအား မသိနိုင်

Vol. 9 Ch. 83

ပြည့်စုံသူများမှာ ဆာလောင်သူ၏ ခံစားမှုအား မသိနိုင်

Vol. 9 Ch. 83

တန်ရော်‌ဝေ၏ စိတ်၌ တွေးမိနေပေသည်။

…ငါက ဘာလို့ နင့်ခံစားချက်ကို မူတည်ပြီး တိုက်ခိုက်ရမှာလဲ… ငါကိုယ်တိုင်လည်း စိတ်အခြေအနေ ကောင်းမနေဘူး… ငါ့ဂိုဏ်းက အဝေးမှာမို့ ငါနဲ့ အစ်မကျိုးကို အနိုင်ကျင့်လို့ လွယ်မယ်ထင်ထားတာလား…

တန်ရော်ဝေက စိတ်အတွင်း၌ တနုံ့နုံ့တွေးမိကာ ဒေါသမီးတောက်လောင်လာတော့၏ ။ ထို့ကြောင့် တန်ရော်ဝေက လွတ်မြောက်ရေး နည်းလမ်း အသုံးပြုမှုအား ရုတ်တရက် ရပ်တန့်လိုက်သည်။ ထို့နောက် မြေပေါ်သို့ တက်ကာ ရန်သူအား စောင့်နေတော့သည်။

ပေချင်းသည်လည်း အလျင်အမြန် ရောက်လာသည်။ သို့သော်လည်း တန်ရော်ဝေ ရပ်နေသည်ကို မြင်ရချိန်၌ သရော်စကား ဆိုလေသည်။

"အဟမ်း ဆက်မပြေးနိုင်တော့ဘူးလား…"

"ငါတွေးကြည့်လိုက်တော့ ဘာလို့ ထွက်ပြေးနေရမလဲ…"

တန်ရော်ဝေက ရန်သူအား မျက်နှာချင်းဆိုင်ကာ ပြောပြန်သည်။

'နောက်ခံအရဆို ငါက ချီမင်ဓားဂိုဏ်းမှာ စွမ်းအားအကောင်းဆုံးသူရဲ့ တပည့်ပဲ… လက်နက်ဆိုလည်း ဆရာက အဆင့်မြင့် လက်နက် သန့်စင်ပေးထားသေးတာ… ကျင့်စဉ်ဆိုလည်း ငါ့နည်းလမ်းက ပိုတောင် အဆင့်မြင့်သေးတာ… တိုက်ကွက်ဆိုလည်း စွမ်းအားကောင်းပြီးသားလေ… အရည်အချင်း ပြောမယ်ဆိုရင်လည်း ငါ့မှာ ရှိတာက ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်… ငါက နင်တို့ အကြံအစည်တွေကနေ အပြစ်မဲ့တဲ့သူတွေကို ကာကွယ်နေတဲ့သူ… နင်တို့တွေသာ ငါအကြံပေးတာကို နားမထောင်ဘဲ လာတိုက်ခိုက်ကြတာ… အဲ့တာမို့ ငါက ဘာလို့ ပြေးနေရမလဲ… နင်တို့ပဲ ပြေးသင့်တာလေ…"

"အို…"

တန်ရော်ဝေ၏ စကားများကြောင့် ပေချင်းက အံ့အားသင့်သွားတော့သည်။

"ဒီစကားက တော်တော် ထိရောက်တာပါလား… ငါတောင် စိတ်ပြောင်းသွားပြီ… မိန်းကလေးရေ မင်းက ပေရှန်ကော ပေယွမ်ပါ သတ်ထားတာ မင်းကို တန်ပြန်ပေးဆပ်မှု မလုပ်ခိုင်းရင် ငါက သေတဲ့သူတွေရဲ့ ညီအစ်ကိုကောင်းလို့ မဆိုထိုက်တော့ဘူး…"

"ဒါဆိုလည်း…"

တန်ရော်ဝေက နှုတ်ခမ်းကိုက်ကာ ပြောတော့၏ ။

"ငါ့ဓားချက်နဲ့ပဲ တွေ့လိုက်တော့…"

တန်ရော်ဝေက နှုတ်ခမ်းဖွင့်ဟက ဓားအလင်းတခု အန်ထုတ်လိုက်သည်။ ထိုဓားအလင်းမှာ မြန်ဆန်ကာ အားကောင်းလွန်းသည့်အတွက် ရွှေအမြုတေ တပိုင်းအဆင့် ကျင့်ကြံသူပင် တုံ့ပြန်မှု မရနိုင်လောက်ပေ။ ထို့ကြောင့် မျက်စိတမှိတ်အတွင်း၌ ပေချင်းအား ဓားချက်ထိမှန်သွားသည်။

သို့သော်လည်း ပေးချင်းက ကြိုတင်ပြင်ထား၏ ။ သူ၏ ကိုယ်၌ အစိမ်းရောင် အရံအတားတခု ပေါ်လာကာ ဓားအလင်းအား တားဆီးသည်။ ထို့ကြောင့် ဓားအလင်းက တန်ရော်ဝေထံသို့ ပြန်သွားကာ ခွန်လင်ဓားအဖြစ်သို့ ပြောင်းသွားသည်။

"ဒီအကွက်က အလုပ်ဖြစ်ဦးမယ် ထင်သေးတာလား…"

ပေချင်းက သရော်စကားဆိုလေသည်။

"ဟုတ်လား…"

တန်ရော်ဝေက ရှေ့တက်လိုက်ကာ မြေဆွဲအား ပါဝင်သည့် လက်ဝါးချက်တခု ပို့လွှတ်ပြန်သည်။ တဖက်သူကလည်း လက်ဝါးချက်ဖြင့် ပြန်လည်ခုခံသည်။ လက်ဝါးချက် နှစ်ခု ထိမိချိန်၌ အစိမ်းရောင်နှင့် အနက်ရောင် မူလချီများ ပေါက်ကွဲသွား၏ ။ သို့ဖြစ်ရာ ပတ်ဝန်းကျင်ရှိ မြေထုပင် တပေခန့်အထိ မြောက်ကြွသွားသည်။

"အဟမ်း…"

ပေချင်းက ခြေနှစ်လှမ်းခန့် နောက်ဆုတ်သွားရကာ သွေးဆန်တက်မှုကြောင့် မျက်နှာ နီရဲသွားရသည်။

"ထူးခြားတာ မရှိဘူး… တခြား ဘာတတ်သေးလဲ…"

တန်ရော်ဝေက တဖက်သူ၏ စကားအား လျစ်လျူရှု၌ ခွန်လင်ဓားအား တိုက်ကွက်ပြင်နေသည်။

အနက်ရောင် ဓားအလင်း ထွက်ပေါ်လာကာ ပေချင်းအား တိုက်ခိုက်ပြန်သည်။ သို့သော်လည်း အစိမ်းရောင် အရံအတားမှ တားဆီးထားနေဆဲ ဖြစ်၏ ။ သို့ဖြစ်ရာ ခွန်လင်ဓားချက်မှာ တိုးဖောက်နိုင်စွမ်း ရှိမနေပေ။

"ဒီအကွက်က အလုပ်မဖြစ်ဘူးဆိုတာ ပြောထားပြီးသားပဲ…"

ပေချင်းက အေးစက်စွာ ပြောနေသည်။

"အကွက်ကုန်…"

ထိုသူ၏ စကားမဆုံးမီတွင် တန်ရော်ဝေက ရှေ့တက်၍ လက်ဝါးချက်ထုတ်၏ ။ ထို့နောက် ခွန်လင်ဓားလက်ကိုင်အား ပြင်းထန်စွာ ရိုက်ပစ်သည်။

တိုက်ကွက် တခု၏ စွမ်းအားဖြင့် အကာအကွယ်အား ချိုးဖောက်မှု မပြုနိုင်သည်လော။ သို့ဖြစ်ရာ အလွယ်ဆုံးသော နည်းလမ်းမှာ တိုက်ကွက် နှစ်ခု တစပ်တည်း သုံးရန် ဖြစ်သည်။

တန်ရော်ဝေ၏ လက်ဝါးချက်က ဓားအား ရှေ့သို့ ရောက်သွားစေသည်။ ခွန်လင်ဓားထိပ်က ပေချင်း၏ အကာအကွယ်အား ထိုးဖောက်သွားကာ ရင်ဘတ်သို့ သွားစိုက်၍ အတွင်းအင်္ဂါများအား ဖျက်ဆီးပစ်သည်။

ပေချင်းအနေဖြင့် သွေးအန်ကာ မြေပြင်သို့ အရုပ်ကြိုးပြတ် လဲကျသွား၏ ။ သို့သော်လည်း ထွက်သက်တိုင်ခြင်း မရှိသေးပေ။

"အာ နင်မသေနိုင်သေးဘူးလား… ရွှေအမြုတေ တပိုင်းအဆင့်တော့ ပီသပါပေ့တယ်…"

တန်ရော်ဝေက အားကျစွာဖြင့် မှတ်ချက်ပြုသည်။

"အံ့ဩစရာပဲ…"

ပေချင်းက တန်ရော်ဝေအား ထိတ်လန့်တကြား ကြည့်မိသည်။ သို့သော်လည်း တိုက်ကွက်ထုတ်ရန် အားအင် မရှိတော့ပေ။

"ငါနင့်ကို မကယ်နိုင်ဘူး…"

တန်ရော်ဝေက ခေါင်းခါပြမိသည်။

"နောက်ပြီး ငါ့ကို တိုက်ခိုက်ရင် ဘာဖြစ်မယ်ဆိုတာ သတိပေးထားပြီးသားပဲ… နာကျင်မှု မရှိဘဲ သေနိုင်အောင်တော့ လုပ်ပေးနိုင်တယ်…"

ပြောပြောဆိုဆိုဖြင့် တန်ရော်ဝေက လက်ချောင်းများ လှုပ်ရှားကာ ဓားအား ထိန်းချုပ်၍ ပေချင်းအား လည်ပင်းဖြတ်လိုက်သည်။

ပေချင်း၏ မျက်ဝန်း၌ အရှုံးပေးခြင်းနှင့် အေးချမ်းခြင်း အရိပ်အယောင်များ ပေါ်နေသည်။ တန်ရော်ဝေ၏ တိုက်ကွက်ပြီးဆုံးချိန်၌ ပေချင်း၏ ကိုယ်၌ ရုန်းကန်မှုလည်း ရှိမနေဘဲ အသက်ရှူ ရပ်တန့်သွားတော့သည်။

All Chapters