← Chapters

ပြည့်စုံသူများမှာ ဆာလောင်သူ၏ ခံစားမှုအား မသိနိုင်(၁)

Vol. 9 Ch. 84

ပြည့်စုံသူများမှာ ဆာလောင်သူ၏ ခံစားမှုအား မသိနိုင်(၁)

Vol. 9 Ch. 84

တန်ရော်ဝေက ခွန်လင်ဓားအား ပြန်သိမ်းကာ စကားဆိုလိုက်သည်။

"နောက်ဘဝကျရင် မကောင်းမှု မလုပ်ဖို့ သတိရပေါ့… "

တန်ရော်ဝေက ဓား၌ စွန်းထင်နေသည့် သွေးအား သန့်ရှင်းလိုက်သေးသည်။ သန့်ရှင်းပြီးချိန်တွင် တန်ရော်ဝေက မြေပြင်အား လက်ဖြင့် ပုတ်ခတ်လိုက်သည်။

နှစ်မီတာခန့် အလျားရှိကာ တစ်မီတာခန့် အနက်ရှိသည့် မြေကျင်းတခု ပေါ်လာသည်။ တန်ရော်ဝေက ပေချင်း၏ အလောင်းအယ

မယူကာ ကျင်းအတွင်းသို့ ပစ်ထည့်လိုက်သည်။ ထို့နောက်တံင် မဟာမြေဆွဲအား အတတ်ဖြင့် မြေဆီလွှာများအား ထိန်းချုပ်၍ မြေပြင်အား ပြန်ဖုံးလိုက်သည်။ နောက်ဆုံးတွင် အလောင်းရှိရာ နေရာ၌ ကျောက်တုံးတခုသာ ကျန်ရှိသည်။

လုပ်ငန်းစဉ်များ ပြီးဆုံးသွားချိန်တွင် တန်ရော်ဝေကာ လက်ဖဝါးများအား ဖုန်ခါကာ မတ်တပ်ထရပ်သည်။

"နတ်ဆိုးတွေကိုတော့ ပူစရာ မရှိဘူး… သူစောင့်ရှောက်နေတာပဲ… ဒီလောကထဲ ဘယ်သူကမှ လာတိုက်ခိုက်နိုင်မှာ မဟုတ်ဘူး…"

မိန်းကလေးင်ူက တကိုယ်တည်း ရေရွတ်မိနေသည်။

"အစ်မကျိုးကို အရင်ရှာမှ ဖြစ်မယ်… သူ့ကို နှစ်ယောက်တောင် လိုက်ပြီး တိုက်ခိုက်နေသေးတာ … ပြီးတော့ သူတို့က ဒြပ်စင်အားသာချက် ရှိနေပုံပဲ… သူတိုက်ခိုက်ရတာလည်း ငါ့‌လောက်တော့ ခက်ခဲနေမှာ သေချာတယ်…"

တန်ရော်ဝေက မြေကမ္ဘလွတ်မြောက်ရေး နည်းလမ်း အသုံးပြုကာ ကျိုးယန်ဖေး ထွက်ပြေးရာသို့ ဦးတည်သည်။ လမ်းတလျှောက်၌ ကြိမ်ဖန်များစွာ ရပ်တန့်၍ စိတ်ဝိညာဉ် စစ်ဆေးမှုနှင့် ကျိုးယန်ဖေး စင်ကြားပေးထားသည့် ခြေရာခံ နည်းလမ်းများအား အသုံးပြု၍ ကျိုးယန်ဖေး၏ တည်နေရာကို ရှာဖွေသည်။

ကျိုးယန်ဖေးနှင့် ပေတောက်၊ ပေရှန်တို့၏ တိုက်ပွဲဖြစ်ပွားရာ တောင်ကြားသို့ ရောက်ချိန်တွင် ပုံရိပ်နှစ်ခု လွင့်ထွက်လာသည်။ ထိုပုံရိပ်များမှာ ပေတောက်နှင့် ပေရှန်တို့တည်း။

စန္ဒ ပူဇကဂိုဏ်းမှ တပည့်နှစ်ဦးမှ မြေပြင်သို့လဲကျနေကာ သွေးအန်နေရသည်။ ကျိုးယန်ဖေးမှာ လှံကိုင်ဆောင်၍ တောင်ကြားမှ ထွက်လာသည်ကို မြင်နေရ၏ ။ သူမ၏ ချပ်ဝတ်၌ ပေါက်ပြဲနေမှုများ ရှိနေပြီး ‌ဖြူဖွေးသည့် အသားအရေအား မြင်နေရသည်။ သို့‌ရာတွင် မျက်လုံးများ ရဲရဲနီနေပြီး ကိုယ်တွင်လည်း အပြာရောင်ချီများ ဝန်းရံနေသည်။

ထိုမြင်ကွင်းကြောင့် တန်ရော်ဝေပင် တံတွေးမြိုချမိလိုက်သည်။ ကျိုးယန်ဖေး၏ အသွင်အပြင်မှာ ကျက်သရေရှိလွန်းလှ၏ ။ ချပ်ဝတ်ဖုံးအုပ်နေစဉ်၌ မမြင်ခဲ့ရေသော ဖွံ့ထွားသည့် ရင်ဆိုင်များမှာ တန်ရော်ဝေ၏ အားကျစိတ်အား နိုးထသွားစေသည်။

"လာလေ…"

ကျိုးယန်ဖေးက ပေတောက်နှင့် ပေရှန်တို့အား လက်ယက်ခေါ်နေသည်။

"တိုက်ကြမယ်လေ…"

"ဒီမိန်းမက ဘယ်လို မွန်းစတားပါလိမ့်…"

ပေတောက်က မင်သက်စွာဖြင့် ပြောလာသည်။

"ဒါက အမှန်တရား မဟာမိတ်အဖွဲ့ရဲ့ ပင်မဂိုဏ်း ငါးခုမှာရှိတဲ့စွမ်းအားလား… ဒါတောင် ကောင်းကင်စစ်တပ်ပဲ ရှိသေးတာ… တယောက်ချင်း တိုက်ခိုက်ရင် ပြိုင်ဘက်ကင်းဆိုတဲ့ ချီမင်ဓားဂိုဏ်

ဆို ဘယ်လိုနေမှာပါလိမ့်…"

"ဟေး အခြေအနေ ဘယ်လိုလဲ…"

တန်ရော်ဝေက နှုတ်ဆက်စကား ဆိုလိုက်သည်။

ထိုအသံကြောင့် စန္ဒ ပူဇက ဂိုဏ်းသားနှစ်ဦးမှာ မင်သက်သွားကြတော့သည်။ ပေတောက်က ထိတ်လန့်တကြားဖြင့် မေးမိသည်။

"ဘယ်လိုလုပ် ဒီရောက်လာတာတုံး… စီနီယာ အစ်ကို ပေချင်းကော…"

"အို…"

တန်ရော်ဝေက စဉ်းစားသယောင်ပြုကာ အနောက်သို့ ညွှန်ပြသည်။

"သူ့ကို တောင်ကုန်းပေါ် မြှုပ်ထားပြီးပြီလေ…"

"တကယ်ပဲ ချီမင်ဓားဂိုဏ်းရဲ့ တပည့် ပီသပါပေတယ်…"

ကျိုးယန်ဖေးက ပြုံးကာ ချီးကျူးစကားဆိုလေသည်။ ထို့နောက်တွင် သူမက တိုက်ခိုက်နေသူ နှစ်ဦးအား ဆက်လက် ဖိအားပေး၏ ။

"နင်တို့ ဆက်တိုက်ခိုက်ချင်သေးလား…"

ပေတောက်နှင့် ပေရှန်တို့က တယောက်ကိုတယောက် စိုက်ကြည့်မိသည်။ ထို့နောက် ပေရှန်က လက်မြောက်၍ ပြောလာ၏ ။

"သူရဲကောင်း နှစ်ယောက် ကျွန်တော်တို့ လက်လျော့ပါတယ်…"

"အမ် လက်နက်တွေ ပေးကြ…"

တန်ရော်ဝေက ထိုနှစ်ယောက်အား ကြည့်ကာ ပြောလိုက်သည်။

"နင်တို့တွေ နင့်တို့ဆရာနဲ့ ဂိုဏ်းတူညီအစ်ကိုတွေ လာကယ်မယ် ထင်နေသေးရင် စိတ်လျော့ထားတော့… အမှန်ပြောရမယ်ဆိုရင် ဒီနားမှာ ငါ့ဆရာရောက်နေပြီ… သူက ရွှေအမြုတေအဆင့် နှစ်‌ယောက်လောက်တောင် ယှဉ်တိုက်နိုင်တယ်…"

ပေရှန်က အောင့်သက်သက်ပြုံးကာ ဓားပျံနှင့် အဆောင်များအား ထုတ်ပေး၍ မြေပြင်၌ ထိုင်ချသွားသည်။

ပေတောက်က မကျေမနပ် ဖြစ်နေသော်လည်း ပေရှန်မှ နားချလာသည်။

"ညီအစ်ကို လက်လျော့တော့ ဆယ့်ငါးမိနစ်အတွင်း ဘာတိုက်ခိုက်မှုမှ မရှိတော့ဘူး…"

ပေတောက်ကလည်း ကူရာမဲ့စွာဖြင့် လက်နက်များ ပေးအပ်ရတော့သည်။

နှစ်ယောက်သားက မြေပြင်၌ ဒူးတုပ်ထိုင်နေကြချိန်တွင် တန်ရော်ဝေက ကျိုးယန်ဖေး၏ ရင်သားအား ကြည့်၍ အားကျစွာ ပြောသည်။

"အစ်မကျိုးက ခန္ဓာကိုယ် လှတာပါလား…"

"အို…"

ကျိုးယန်ဖေးက အောက်သို့ တချက် ငုံ့ကြည့်၍ ပြုံးလိုက်သည်။

"ဒီဟာတွေက အပိုတွေပါပဲ… ဒါတွေ ရှိနေလို့ ချပ်ဝတ်ဝတိရတာလည်း အဆင်မပြေဘူး တိုက်ခိုက်တာတွေကို ရှောင်မယ်ဆိုရင် ချပ်ဝတ်နဲ့တောင် ပွတ်တိုက်မိနေသေးတာ… အားသာချက်ကတော့ ပုခုံးနဲ့ ခါးအတွက် အလေးမ လေ့ကျင့်ခန်းလုပ်ရင် သက်တောင့်သက်သာ ဖြစ်တာပဲ…"

စကားအဆုံး၌ တန်ရော်ဝေက မျက်နှာပျက်ကာ ရေရွတ်မိလေသည်။

"ပစ္စည်းရှိ လူတန်းစားက မရှိတဲ့သူကို နားမလည်နိုင်ဘူးကိုး…"

All Chapters