← Chapters

ချီမင်ဓားဘိုးဘေး

Vol. 9 Ch. 85

ချီမင်ဓားဘိုးဘေး

Vol. 9 Ch. 85

ကျိုးယန်ဖေးက ‌တန်ရော်ဝေ၏ ရေရွတ်မှုအား မကြားမိဘဲ ရှိနေသည်။ စစ်သည် မိန်းကဘေး တဖြစ်လဲ ကျိုးယန်ဖေးက ပြုံးပြကာ စကားစသည်။

"အချိန်သိပ် မရတော့ဘူး… သူတို့ကို အရင်ချုပ်ထားကြတာပေါ့… သတိထားတော့…"

ကျိုးယန်ဖေးက ရုတ်တရက် အော်ပြောကာ တန်ရော်ဝေအား အဝေးသို့ တွန်းပစ်သည်။ ထို့နောက် ပေရှန်နှင့် ပေတောက်တို့ကိုလည်း အတေးသို့ ကန်ကာ နေရာမှ ခုန်ထွက်သွား၏ ။

ခဏကြာပြီးချိန်၌ မူလ ရပ်နေရာတွင် ပေါက်ကွဲမှု တခုပေါ်လာသည်။

ကျိုးယန်ဖေး၏ တွန်းအားကြောင့် အဝေးလွင့်သွားရသည့် တန်ရော်ဝေက လေဟုန်စီးကာ မြေပြင်သို့ ဖြေးညှင်းစွာ ဆင်းသက်သည်။ မြေပေါ်သို့ ဆင်းသက်ပြီးချိန်၌ မူလနေရာအား ပြန်ကြည့်မိ၏ ။

မြေကြီး အတွင်းမှ အစိမ်းရောင် နွယ်များစွာ ထွက်ပေါ်လာသည်။ ထိုနွယ်များက ရှည့်လျားဆန့်ထွက်လာကာ လုံးထွေးရစ်ပတ်နေသည်။ ထိုနွယ်များ၏ နောက်တွင်လည်း ဆက်လက်တိုးတွက်လာနေသည့် နွယ်များစွာ ရှိနေသည်။ နွယ်များမှာ တောင်တန်း တခုလုံးကိုပင် ရစ်ပတ်မည့်ပုံရ၏ ။

………

တင်နိုင်ငံ ဧကရာဇ်ဟောင်း၏ ရုပ်ထုအောက်၌ ရှိနေသည့် ရွှေအမြုတေ အဆင့် ကျင့်ကြံသူထံသို့ ပိုင်ချူးရန်က လျှောက်သွားနေသည်။ ထိုသူက မေ့လျော့ခြင်း ကမ်းပါး၌ သောင်တင်နေဆဲ ဖြစ်၏ ။

"ဟေး သတိရလာပြီလား…"

လူအိုကြီးက ဇဝေဇဝါဖြင့် မျက်လုံးဖွင့်လာသည်။ မျက်စိရှေ့မှ ပိုင်ချူးရန်အား မြင်ရချိန်၌ ကြောက်လန့်ကာ ရုတ်တရက် လက်ဖြင့်ကာတော့သည်။

"စီနီယာ အသက်ချမ်းသာပေးပါ…"

"ငါသာ မညှာထားရင် မင်းသေနေပြီးပြီ…'

ပိုင်ချူးရန်က ထိုသူ၏ ဝတ်ရုံစအား ဆွဲကာ ပြောနေသည်။

"ငါမေးပါဦးမယ် မင်းတို့ အဖွဲ့ကလူတွေ လာ‌ဦးမှာလား…"

"ဟုတ် ဟုတ်ပါတယ် ဟုတ်ပါတယ်…"

လူအိုကြီးက သက်ညှာပေးရန် တောင်းပန်လာသည်။

"စီနီယာ စိတ်အေးပေးထားပါ ကျွန်တော် သူတို့ကို ထွက်သွားဖို့ နားချပါ့မယ်… နတ်ဆိုးတွေကိုလည်း ဖမ်းဖို့ မလုပ်တော့ပါဘူး စီနီယာ့လက်ထဲပဲ အပ်ပါ့မယ်…"

"နေပါဦး…'

ပိုင်ချူးရန်က စကားဆက်နေသည်။

"မင်းတို့ ဂိုဏ်းက ဘယ်ဘက်ကနေ လာမှာလဲ…"

"ကျွန်တော်က တပည့်တွေနဲ့ အရှေ့ဘက်ကနေလာတာ ဂိုဏ်းခေါင်းဆောင်ကတော့ မြောက်ဘက်ကနေလာလိမ့်မယ် ပြီးတော့ ဂျူနီယာ ညီလေးက အနောက်ဘက်ကနေ လာလိမ့်မယ်…"

လူအိုကြီးက ရှင်းပြနေသည်။

"အလယ်မှာဆုံကြမှာမို့ မြောက်ဘက်ကနေ လာမှာပါ…"

ပိုင်ချူးရန်က ဆွဲထားသည့် ဝတ်ရုံစအား လက်လွှတ်ပေးကာ…

"မင့်ဂိုဏ်းက တပည့်တယောက် ဆက်သွယ်ရေး အဆောင်အားလုံးကို အသက်သွင်းလိုက်တာ… မင်းလည်း သတင်းရမှာပါပဲ… မင်းတောင် ဒီရောက်တာ ကြာနေပြီ သူတို့မလာကြသေးဘူးကော…"

"ကျွန်တော် မသိပါဘူး…"

လူအိုကြီးက တီတိုးပြောလာသည်။

ပိုင်ချူးရန်က ထိုသူအား အရေးမစိုက်တော့ပေ။ ထို့အစား စိတ်ဝိညာဉ်ဖြင့် တင်ကျန်းတောင်တန်းတခုလုံးအား စစ်ဆေးလိုက်သည်။ သို့ဖြစ်ရာ တောင်တန်းထက်မှ အစိမ်းရောင် နွယ်များအား မြင်မိသွားသည်။

"ဒုက္ခရောက်ပြီ…"

ချူးရန်က မျက်လုံးများ ဖွင့်လိုက်၏ ။

"ဒီနတ်ဆိုးတော့ ရူးသွားပုံပဲ…"

ပိုင်ချူးရန်က လူအိုကြီးအား ကြည့်လိုက်ကာ…

"ဟေး…"

"ကျွန်တော် ရှိပါတယ်…"

လူအိုကြီးက လျင်မြန်စွာ ဖြေပေးသည်။

"ဒီမှာနေပြီး မင်းတပည့်တွေကို စောင့်ကြည့်ထား နတ်ဆိုးတွေကို မထိနဲ့ နားလည်တယ်မလား…"

စကားဆိုနေစဉ်၌ ပိုင်ချူးရန်က သိုလှောင်အိတ် အတွင်းမှ သံဓားတချောင်း ထုတ်လိုက်သည်။

"နားလည်ပါတယ်…"

လူအိုကြီးက ခေါင်းညိမ့်သွားတော့သည်။

"ငါခဏ သွားဦးမယ်…"

ပိုင်ချူးရန်က ဓားအား ပစ်ထုတ်ကာ အရှိန်ယူ၍ ခုန်ထွက်ကာ ပျောက်ကွယ်သွားသည်။ ခဏအတွင်းတွင် လူအိုကြီး၏ မြင်ကွင်း၌ ပိုင်ချူးရန် ပျောက်ကွယ်သွားတော့သည်။

………

တင်ကျန်းတောင်တန်း တနေရာတွင် ဖြစ်သည်။ တန်ရော်ဝေ၊ ကျိုးယန်ဖေးနှင့် စန္ဒ ပူဇကဂိုဏ်းမှ တပည့်နှစ်ယောက်တို့က အစိမ်းရောင် နွယ်များအား ထိတ်လန့်တကြား ကြည့်နေမိကြသည်။

"ဒါက ဘယ်လိုအဆင့် နတ်ဆိုးပါလိမ့်…"

ကျိုးယန်ဖေးက သက်ပြင်းချနေမိ၏ ။

"ငါလည်း မသိဘူး ကြည့်ရတာတော့ မြေခွေးတွေ နောက်ကွယ်မှာ ရှိနေတဲ့သူ ဖြစ်မယ်…"

တန်ရော်ဝေက ပေတောက်နှင့် ပေရှန်အား စိုက်ကြည့်မိသည်။

"နင်တို့တွေ နတ်ဆိုးပေါက်ကို ထိတာက နတ်ဆိုးကြီးကို အနှောင့်အယှက် ပေးမိပုံပဲ… နင်တို့ မထင်ထားကြဘူး မဟုတ်လား…"

တောင်တန်း တခုလုံး၌ နွယ်ပင်များက တွန့်လိမ်သွားနေသည်။ ရုတ်တရက်တွင် ထိုနွယ်ပင်များကြားမှ ဖောက်ထွက်လာသည့် အရာကို မြင်လိုက်ရသည်။

တန်ရော်ဝေတို့ လေဦးက ထိုအရာအား အာရုံစိုက်ကြည့်ရာ ပြတ်ထွက်နေသည့် လက်တခု ဖြစ်သည်ကို မြင်လိုက်ရသည်။ လက်ထဲ၌ ရွှေရောင် အလံအား ကိုင်ဆောင်ထားသည်။

"ဒါ… ဒါက ဂိုဏ်းခေါင်းဆောင်ရဲ့ အဆောင်…'

ပေရှန်၏ မျက်နှာတွင် သွေးဆုတ်သွား၏ ။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာတုံး…"

"နင်တို့မှာ ဂိုဏ်းခေါင်းဆောင်ကို စိုးရိမ်ဖို့ အချိန် ရှိနေသေးတာလား…"

ကျိုးယန်ဖေးက မဲ့ပြုံးပြုံးမိနေသည်။

"အခု ငါတို့ နည်းလမ်းမတွေ့ရင် နင်တို့ ဂိုဏ်းခေါင်းဆောင်နောက် လိုက်ရလိမ့်မယ်… ရော်ဝေက မြေကမ္ဘာ လွတ်မြောက်ရေး နည်းလမ်း သုံးနိုင်သေးလား…'

တန်ရော်ဝေက ကြိုးစားကြည့်ကာ အဖြေပေးသည်။

"မရတော့ဘူး နတ်ဆိုးက မြေဆီကိုပါ ပိတ်ထားတယ်… အာ…"

"ဘာလဲ…'

"မဟုတ်ဘူး ငါသူတို့ စီနီယာကို မြေမြှုပ်ခဲ့တာ သတိရလို့…"

တန်ရော်ဝေက ပေရှန်နှင့် ပေတောက်အား ကြည့်ကာ ပြောပြသည်။

"အခု…"

ပေရှန်နှင့် ပေတောက်တို့က မျက်နှာပျက်သွားကြ၏ ။

"ပူစရာ မရှိပါဘူး…"

ကျိုးယန်ဖေးက မှတ်ချက်ပေးသည်။

"အာရုံစိုက်ထားကြ ငါတို့ဆီ လာနေပြီ…"

All Chapters