← Chapters

‌ချီမင်ဓားခေါင်းဆောင်(၁)

Vol. 9 Ch. 86

‌ချီမင်ဓားခေါင်းဆောင်(၁)

Vol. 9 Ch. 86

တင်ကျန်း တောင်တန်း တခုလုံး ယိမ်းထိုး လှုပ်ရှားကာ မြေကြီးသည်လည်း လှိုင်းများကဲ့သို့ အသက်ဝင်နေပုံရသည်။ မြေအောက်ရှိ နွယ်များစွာက တိုးဝင်လာနေပြီး ပိုက်ကွန်သဖွယ် ယှက်နွယ်ကာ ကျိုးယန်ဖေးနှင့် တန်ရော်ဝေတို့ ရှိရာသို့ ဦးတည်လာနေသည်။

နွယ်ပိုက်ကွန်ဖြင့် ရင်ဆိုင်ရာ၌ ကျိုးယန်ဖေး၏ လှံနှင့် တန်ရော်ဝေ၏ ဓားချက်တို့မှာ အရာထင်ကျန်စေရန်ပင် မစွမ်း‌နိုင်ကြချေ။ တိုက်ခိုက်ရန် အသုံးမဝင်နေကြပေ။

နွယ်ကွန်ယက်မှ လူလေးဦးအား လွှမ်းခြုံတော့မည့် အချိန်၌ ဓားအလင်းတခု ပေါ်လာ၏ ။ လူလေးဦး၏ မျက်စိအောက်၌ နွယ်ကွန်ယက်မှာ အပိုင်းပိုင်း ပြတ်တောက်ကာ မြေခသွားရရှာသည်။

ပြတ်တောက်သွားသည့် နွယ်အပိုင်းအစများမှာ နာကျင်ခံစားရသည့်နှယ် လူးလွန့်နေကာ မိန်းမသံတခုအား ကြားလိုက်ရသည်။

"ချီမင်ဓားခေါင်းဆောင်…"

'ငါ့‌ေတာ့ ဒီနာမည်ကြီး သဘောမကျဘူး… ပြောရရင် ငါက ချီသန့်စင်ခြင်း အဆင့် ကျင့်ကြံသူလေးပဲလေ…"

လူလေးဦး၏ မျက်စိရှေ့၌ အဖြူရောင် ပုံရိပ်တခု ပေါ်လာသည်။ ထိုသူမှာ ဆံပင်ဖြူများနှင့် မျက်ခုံးမွှေးဖြူများ ရှိသူ ဖြစ်သည်။

"ဘာပါလိမ့်…"

ကျိုးယန်ဖေးက ပါးစပ်အဟောင်းသား ဖြစ်သွား၏ ။

"မောင်လေး ပိုင်ချူးရန်…"

"တကယ်တော့ သူက ငါ့ဆရာပဲ…"

တန်ရော်ဝေက ကျိုးယန်ဖေး၏ လက်အား ဆုပ်ကိုင်ကာ ပြောလေသည်။

"လာ အစ်မကျိုး ဒီနေရာကနေ သွားကြစို့… ဆရာပဲ ဆက်ဖြေရှင်းလိမ့်မယ်…"

ကျိုးယန်ဖေးက ပိုင်ချူးရန်အား ခဏတာ ကြောင်ကြည့်မိသည်။ သို့သော်လည်း ရုတ်ချည်းပင် နားလည်သွား၏ ။ ထို့ကြောင့် တန်ရော်ဝေ ဦးဆောင်ရာသို့ လိုက်သွားသည်။ ပေရှန်နှင့် ပေတောက်တို့ကလည်း တယောက်ကို တယောက်ကြည့်ကာ မိန်းကလေး နှစ်ဦးသွားရာသို့ လိုက်သွားသည်။

တပည့်ဖြစ်သူ၏ အစီအစဉ်အား မြင်ရချိန်၌ ပိုင်ချူးရန်က ကျေနပ်စွာ ‌ခေါင်းညိမ့်မိသည်။ ထို့နောက် နွယ်များအား စကားစလိုက်တော့သည်။

"စွေ့လော် မတွေ့ရတာ ကြာပြီပဲ…"

"ဟုတ်တယ် တော်တော်ကြာနေပြီကိုး…"

မိန်းကလေးအသံမှ နာကျဉ်းသည့် လေသံဖြင့် ပြောလေသည်။

"ငါနင့်ရဲ့ သူတော်ကောင်းမျက်နှာကို စုတ်ဖြဲပစ်ဖို့ တချိန်လုံး တွေးနေတာ နှစ်နှစ်ထောင်တောင် ကြာနေပြီ…"

"ဟုတ်ပြီလေ…"

ပိုင်ချူးရန်က လက်ပိုက်၍ မေးစေ့အား လက်တဖက်ဖြင့် ထိလိုက်ကာ…

"ဒါဆိုလည်း အခု ကြိုးစားကြည့်ပေါ့… အမှန်ပြောရရင် အခုတလော အဆင့်တက်တာကို ဖိနှိပ်ထားတာမို့ ငါ့စွမ်းအား တစ်ဆယ်ပုံ တစ်ပုံပဲ သုံးနိုင်နေတာ… မင်းအတွက်တော့ အခွင့်အရေးကြီးပေါ့…"

"အဟမ်း…"

မိန်းကလေးအသံမှ သရော်လာသည်။

"ငါနင့်ကို ယုံမယ်ထင်တာလား… အရင်နှစ်နှစ်ထောင်တုန်းက ချီမင်ဓားခေါင်းဆောင်ရဲ့လှည့်ကွက်ထဲ ကျရှုံးခဲ့တဲ့ နတ်ဆိုးတွေ ဘယ်လောက်တောင်များလဲ…"

"အာ…"

ပိုင်ချူးရန်က လက်ကာပြလိုက်ကာ…

"ဒီပိုင်ချူးရန်က လူတိုင်းကို ရိုးရိုးသားသား သဘောထားတယ် ဒါပေမယ့် နတ်ဆိုးတွေက ငါ့ကို မယုံချင်ကြဘူး… သူတို့ မရဏလမ်းကို ဦးတည်ကြတာပဲလေ… ငါက ဘယ်လို တားနိုင်ပါ့မလဲ…"

ပိုင်ချူးရန်က စကားခဏရပ်သွား၏ ။

"ဒါပေမယ့်လည်း ဒီတခေါက်က ငါမလိမ်နေဘူး… အခြေတည်အဆင့် တက်နိုင်မလားလို့ အဆင့်တက်တာကို ဖိနှိပ်ထားတာ… အဲ့တာကြောင့်မို့ လက်ရှိ စွမ်းအားက အရင် ဆယ်ပုံတပုံပဲ ရှိတယ်…"

ပိုင်ချူးရန်က တဖက်သူအား စိန်ခေါ်သည့် လေသံဖြင့် ပြောပြန်သည်။

"ကဲ ကြိုးစားကြည့်ချင်သေးလား…"

"အာ…"

အမျိုးသမီး အသံမှ အားပါးတရ ရယ်လိုက်ကာ…

"ငါမလုပ်ရဲဘူး ထင်တာလား…"

သူမ၏ စကားအဆုံး၌ တောင်တန်းနှင့် နွယ်ပင်များ ရုန်းကြွလာကြသည်။ အနီးမှ တောင်ကုန်းများသည်လည်း ပေါက်ကွဲသွား၏ ။ ထိုသို့ ပေါက်ကွဲရာမှ အဆုံးမဲ့သည့် နွယ်များအား မြင်‌လာရသည်။ ပတ်ဝန်းကျင် မြေလွှာများအား နတ်ဆိုးမှ ဝါးမြိုထားပြီးဖြစ်ကာ အနည်းငယ်သာ ကျန်တော့သည်။ များပြားလှသည့် နွယ်များ ပေါင်းစုသွားကာ ကြီးမားသည့် လူပုံသဏ္ဍာန် ဖြစ်လာပြန်သည်။ မာန်ဖီသံနှင့်အတူ နွယ်လူသန်ကြီးက ပိုင်ချူးရန်အား လက်သီးဖြင့် ထိုးနှက်သည်။

နွယ်လူသန်၏ မာန်ဖီမှုကြောင့် ပြင်းထန်သည့် လေပြင်းတခု ဖြစ်ပေါ်လာ၏ ။ ထို့နောက် မြေပြင်အား တုန်ခါသွားစေသည့်အပြင် မြေပြင်ထက်မှ အရာများကိုလည်း အဝေးလွင့်သွားစေသည်။ သို့ဖြစ်ရာ အဝေးတွင် ပုန်းနေသည့် တန်ရော်ဝေတို့သည်လည်း လေနှင်ရာသို့ လွင့်ထွက်သွားတော့သည်။

အားကောင်းသည့် လက်သီးချက် ရောက်လာနေသော်လည်း ပိုင်ချူးရန်က ရယ်နေဆဲဖြစ်၏ ။

"သနားစရာပါလား…"

ပိုင်ချူးရန်က လက်မြောက်၍ လက်ဝါးဖြန့်လိုက်သည်။ နွယ်လူသန်ကြီးအား ဖွဲ့စည်းထားသော နွယ်များ‌တွင် အစိမ်းရောင်များ လင်းလက်သွား၏ ။ ထို့နောက် အဆုံးမဲ့သည့် အစိမ်းရောင် အလင်းများအား လက်ဝါးအတွင်းသို့ စုပ်ယူလိုက်သည်။ တောင်တန်းကိုပင် ဖိချေပစ်လိုက်နိုင်သော လက်သီးချက်မှာ ပိုင်ချူးရန်၏ ရှေ့၌ အဖြူရောင်ဖြစ်ကာ အားပျော့ပျက်ပြယ်သွားရသည်။

အစိမ်းရောင် အလင်းများ ပျောက်ဆုံးသွားချိန်တွင် နွယ်လူသန်ကြီးသည်လည်း မြေပြင်သို့ လဲကျသွားသည်။ နွယ်လူသန်ကြီး၏ ကိုယ်၌ အစိမ်းရောင် ဝတ်စုံဖြင့် မိန်းကလေးတဦး ပေါ်လာသည်။ ထိုမိန်းကလေးက ဖြူဖျော့သော မျက်နှာထားဖြင့် ပိုင်ချူးရန်အား စိုက်ကြည့်နေသည်။

All Chapters