သက်ညှာရသည့် အကြောင်းအရင်း
Vol. 9 Ch. 88
စကားသံအဆုံး၌ အဖြူရောင် ပုံရပ်တခု လှပစွာ ပေါ်လာသည်။ ထိုသူ၏ မျက်နှာ၌ ဇာပုဝါဖြူ ကာဆီးထားနေသည်။ သို့ဖြစ်ရာ မျက်ဝန်းကိုသာ မြင်နေရ၏ ။ ရိုးရှင်း ရှည်လျားသည့် ဝတ်စုံသည်လည်း ဝတ်ဆင်ထားသူ၏ အရှိန်အဝါများကြောင့် ထူးခြားသည့် နှစ်လိုဖွယ်ဖြစ်မှု ပေးစွမ်းနေသေးသည်။
ထိုအလှတရားရှင်က ကျောက်စိမ်းကုချင်းတလက်အား ပွေ့ပိုက်ထားကာ စွေ့လော်နှင့် ပိုင်ချူးရန်ကြား၌ ဝင်ရပ်နေသည်။
သူမက ပတ်ဝန်းကျင်၌ ရှိနေသူများအား တချက်ဝေ့ကြည့်သေးသည်။ သို့ဖြစ်ရာ တန်ရော်ဝေအား ပထဆုံးကြည့်၍ ပိုင်ချူးရန်နှင့် စွေ့လော်တို့အား ပြန်လည် အာရုံစိုက်သွားသည်။ သူမ၏ အကြည့်များကြောင့် တန်ရော်ဝေနှင့် ကျိုးယန်ဖေးတို့ပင် ရှက်သွေးဖြာမိသွားကြ၏ ။ ပေရှန်နှင့် ပေတောက်တို့မှာ ဆိုဖွယ် မရှိကြချေ။ နှစ်ဦးသားက နွေဦးစမ်းရေအလား သွားရေ တများများ ကျနေကြသည်။
"စွေ့လော်…"
စုရှန်ရွှယ်က ညင်သာစွာ ပြောလာသည်။
"မင်းသမီး ပိုင်လင်နဲ့ သူ့အစေခံတွေကို ငါခေါ်ထားပြီးပြီ သူတို့ကို ခေါ်သွားပေးတော့… နင်ပြန်ရောက်ရင် မြေခွေးဘုရင်ကို ပြောလိုက်ဦး လောကကြီးက ရက်စက်တယ် ကိုယ့်သမီးကိုယ် သေချာဆုံးမထားလို့… သူသာ ပြည်နယ်ကိုးခုဆီ ထပ်ရောက်လာရင်တော့ ငါတို့ လူသားတွေက သူ့သမီးကို ရှာဖို့ ကူညီရမယ့် တာဝန်မရှိနေဘူး…'
"အရှင့်သမီး…"
စွေ့လော်က တုံ့ဆိုင်းစွာဖြင့် ပြောလေသည်။
"ချီမင်ဓားခေါင်းဆောင် ပြောတာ အမှန်ပဲလား…"
"အမှန်ပဲ…"
စုရှန်းရွှယ်က တွန့်ဆုတ်မှု မရှိဘဲ ခေါင်းညိမ့်လိုက်သည်။
"လူသားနဲ့ နတ်ဆိုး စစ်ဖြစ်ရင် ငါက မစ္စတာပိုင် ဘက်ကပဲ ရပ်တည်ရလိမ့်မယ်… နင်လည်း ပြန်တော့ နတ်ဆိုး ဧကရာဇ်က ငါ့စိတ်ဘယ်လိုဆိုတာ မသိနေဘူး ထင်လား…"
သူမက စွေ့လော်အား စိုက်ကြည့်ကာ ထပ်ပြောသေးသည်။
"စွေ့လော် နင် နားဝင်မှာ မဟုတ်ပေမယ့် ထပ်ပြောရားမယ်… အမုန်းတရားကို ဖြေဖျောက်ပစ်တာပဲ ကောင်းမယ်…"
"အရှင့်သမီးကလည်း စည်းမျဉ်းတွေ ပြောမှာပဲလား…"
စွေ့လော်က စိတ်လှုပ်ရှားနေသည်။
"ငါလည်း နတ်ဆိုးလမ်းစဉ် ကျင့်ကြံသူပါပဲ… အမုန်းတရားကို ရှေ့တန်းတင်ရမှာကို သိတယ် ဒါပေမယ့် နင့်ရဲ့ ဒီအမုန်းတရားကတော့ ရှေ့တန်းတင်လို့ မဖြစ်ဘူး…"
စုရှန်းရွှယ်က ပိုင်ချူးရန်အား တချက်ကြည့်ကာ…
"နောက်ပြီး ငါကိုယ်တိုင် နတ်ဆိုးနဲ့ လူသားစစ်ပွဲကိုာမကြုံရပေမယ့် ကြားထားရသေလာက် နင့်အမေက သေသင့်ပါတယ်… စွေ့လော် ကောင်းကောင်းရှင်သန်… ကိုယ့်ကိုယ်ကိုယ်အတွက်ပဲ အသက်ရှင်နေပါ… နင့်အမေအတွက် ရှင်သန်မနေနဲ့တော့…"
"စွေ့လော် အသက်ရှင်နေတာက လက်စားချေဖို့ပဲ…"
စွေ့လော်က ခေါင်းမာနေဆဲ ဖြစ်၏ ။
"အာ ဒါဆိုလည်း သွားတော့…"
စုရှန်းရွှယ်က သက်ပြင်းချလိုက်၏ ။
"မင်းသမီး ပိုင်လင်ကလည်း အပြန်လမ်းပေါ် ရောက်နေပြီပဲ… နှုတ်ဆက်ပါတယ်…"
စွေ့လော်က စုရှန်းရွှယ်အား စိတ်ရှုပ်စွာဖြင့် ကြည့်လိုက်သည်။
"စွေ့လော် သွားပါတော့မယ်… အရှင့်သမီးလည်း ဂရုစိုက်ပါ…"
"ငါသိတယ်…"
စွေ့လော်က လှည့်ထွက်သွားချိန်တွင် ပိုင်ချူးရန်မှ သတိပေးစကား ဆိုလိုက်သည်။
"နောက်တခေါက်ဆိုတာ မရှိဘူး…"
စွေ့လော်က အံ့ကြိတ်ကာ ပိုင်ချူးရန်အား လည်ပြန်ကြည့်လာသည်။ ထို့နောက် နွယ်အဖြစ်သို့ ပြောင်းလဲသွားကာ မြေဆီအတွင်းသို့ တိုးဝင် ပျောက်ကွယ်သွားသည်။
………
ပေရှန်နှင့် ပေတောက်တို့အား ရွှေအမြုတေ အဆင့် လူအိုကြီးထံသို့ လက်လွှဲပြီးနောက်တွင် ပိုင်ချူးရန်က ကိုယ်တိုင်လာမည်ဟု သတိပေးခဲ့သည်။ လက်လွှဲပြီးနောက်တွင် တန်ရော်ဝေနှင့် ကျိုးယန်ဖေးတို့အား ခေါ်ဆောင်ကာ စုရှန်းရွှယ်ထံသို့ သွားခဲ့သည်။
"မိတ်ဆက်ပေးရဦးမယ်… သူက စုရှန်းရွှယ် လက်ရှိ ကာမသုတြာဂိုဏ်းခေါင်းဆောင်ပဲ… မိစ္ဆာ မဟာမိတ်အဖွဲ့ရဲ့ အခရာသုံးပါးက တပါးပေါ့…"
ပိုင်ချူးရန်က ပြောပြောဆိုဆို့ဖြင့် နုနယ်လှသည့် စုရှန်းရွှယ်၏ ပုခုံးအား သွေးသောက် ရောင်ရင်းအလား ရိုက်ပုတ်လိုက်သည်။
"သူ့ကို တွေ့တာနဲ့ ရှောင်ဖို့ သတိရကြတော့…"
တန်ရော်ဝေနှင့် ကျိူယန်ဖေးတို့က တယောက်ကို တယောက် ကြည့်မိကြသည်။ သို့သော်လည်း စုရှန်းရွှယ်မှာ ရန်လိုမည့် အမူအရာ မပြသည့်အတွက် ရိုသေစွာ ဦးညွတ်ကြ၏ ။
"တွေ့ရတာ ဝမ်းသာပါတယ် ဂိုဏ်းခေါင်းဆောင်စု…"
"တကယ်တော့ နှုတ်ဆက်တဲ့ ထုံးတမ်းစဉ်လာတွေ လုပ်စရာ မလိုပါဘူး… သူကိုယ်တိုင်က ပြုပြင်ပြောင်းလဲရေး သမားလေ… သူအုပ်ချုပ်မှုအောက်မှာ ကာမသုတြာဂိုဏ်းက လူမသတ်တော့ဘူး… အခုတော့ သာယာမှုနယ်မြေဆိုင်ကို ပြည်နယ်တော်တော်များများမှာ ဖွင့်ထားပြီ ပြီးတော့ ဝင်ငွေကောင်းနေတာပေါ့…"
ပိုင်ချူးရန်က စကားဆက်နေသည်။
"သူ့ကိုယ်လည်း အထင်သေးလို့တော့ မရဘူး… သူ့ကျင့်ကြံတဲ့ ပုံရိပ်မာယာအတတ်က နတ်ဆိုးမျိုးနွယ်ရဲ့ တော်ဝင်နည်းလမ်းနဲ့ပါ ပေါင်းစပ်ထားသေးတာ… ငါရဲ့ အဆင့်မြင့်မှုပါ ပါသေးတော့ သူက ကောင်းကင်ကိုပါ စေစားနိုင်တဲ့ အဆင့်ရောက်နေပြီ… မိုးရွာတာကော နှင်းကျတာကောပဲ… သူက စိတ်ဝိညာဉ်အဆင့် အောက် ကျင့်ကြံသူတိုင်းကို အထွန်အထိပ် ခံစားမှုရအောင် စေစားနိုင်သေးတယ်… အဲ့တာကြောင့် မင်းတို့သာ ရဲတယ်ဆိုရင် သူ့ကို သာယူမှုလှိုင်း ဘုရင်မလို့ ခေါ်နိုင်သေး…"
စုရှန်းရွှယ်က ပိုင်ချူးရန်အား စိုက်ကြည့်၍ လက်ဖြင့် ပါးစပ်အား ဖုံးပိတ်လိုက်သည်။ ထို့နောက်တွင် တန်ရော်ဝေတိုအား ပြုံးပြကာ…
"သူလျှောက်ပြောတာ နားထောင်မနေနဲ့… မိန်းကလေးနှစ်ယောက် အနာဂတ်မှာ တခုခုကြုံရရင် သာယာမှုနယ်မြေဆီ အကူအညီလာတောင်းနိုင်တယ်… ငါ့နာမည် ပြောလိုက်ရုံပဲ…"