← Chapters

ထွက်သွားရသည့် အကြောင်းအရင်း

Vol. 9 Ch. 89

ထွက်သွားရသည့် အကြောင်းအရင်း

Vol. 9 Ch. 89

"လှလိုက်တာ… နေပါဦးဟ…"

တန်ရော်ဝေက ခေါင်းရမ်းကာ သိက္ခာဆယ်လိုက်သည်။ ထို့နောက် ပိုင်ချူးရန်အား ကြည့်ကာ မေးမိသည်။

"ဆရာ ဂိုဏ်းခေါင်းတောင်စုက နတ်ဆိုးမျိုးနွယ်ကပဲလား…"

"ဟုတ်တယ်…"

ပိုင်ချူးရန်က စုရှန်းရွှယ်အား စိုက်ကြည့်ကာ အဖြေပေးသည်။ စုရှန်းရွှယ်ကလည်း ပုံမှန်သာ ခေါင်းညိမ့်ပြသည်။ ထို့ကြောင့် ပိုင်ချူးရန်မှ စကားဆက်ပြောသည်။

"သူ့ကိုယ်ထဲမှာ နဂါးသွေးတဝက် ပါတယ်… လက်ရှိ နတ်ဆိုး ဧကရာဇ်ကလည်း ခေါင်းကိုးလုံး နဂါးပေါ့…"

"ဆရာပြောတဲ့ နတ်ဆိုးမျိုးနွယ် နတ်ဆိုး ဧကရာဇ်နဲ့ နတ်ဆိုးလောကဆိုတာ ဘာတွေလဲ…"

တန်ရော်ဝေက ဇဝေဇဝါဖြင့် မေးလာသည်။

"နတ်ဆိုး မျိုးနွယ်ဆိုတာ လူသားမဟုတ်ဘဲ ဝိညာဉ်ပါနေတဲ့ သက်ရှိတွေပဲ… သစ်ပင် ကျောက်တုံး တိရစ္ဆာန် မွန်းစတားတွေက စိတ်ဝိညာဉ် နိုးထပြီးတော့ အသွင်ပြောင်းလာနိုင်ရင် နတ်ဆိုးလို့ အမည်ရတာ… နာမည်အတိုင်းပဲ နတ်ဆိုးဧကရာဇ်ဆိုတာ နတ်ဆိုးမျိုးနွယ်ရဲ့ ခေါင်းဆောင် နတ်ဆိုးကမ္ဘာကို အုပ်စိုးတဲ့သူပေါ့ ကြီးတော့ နတ်ဆိုးလောကဆိုတာ လွန်ခဲ့တဲ့ နှစ်မရေမတွက်နိုင်ခင်ကာလမှာ ပထမ နတ်ဆိုးဧကရာဇ် လေဟာနယ်ထဲ ဖန်တီးခဲ့တဲ့ လောကပဲ… ပြည်နယ်ကိုးခုနဲ့တော့ လေဟာနယ်လမ်းကြောင်းတခု ဆက်စပ်နေတယ်…

"

ပိုင်ချူးရန်က ရှင်းပြပေးသည်။

"အခုတွေ့ခဲ့တဲ့ မိနခးကလေးက နတ်ဆိုးမျိုးနွယ်ရဲ့ တမန်တော်… မြေခွေးဖြူဆိုတာကတော့ နတ်ဆိုးဘုရင် ဆယ်ပါးထဲက တယောက်…"

"ဪ…"

တန်ရော်ဝေက အဖြေသိသွား၏ ။

"ဒါဆိုရင် သူက ဆရာ့ကို ဘာလို့ မုန်းနေတာများလဲ… ဆရာ တခုခုလုပ်ထားလို့လား…"

တန်ရော်ဝေမှာ တော်ဝင်မင်းသမီး တပါး‌ဖြစ်သော်လည်း မိန်းမသားတဦးပင် မဟုတ်လော။ သို့ဖြစ်ရာ မိန်မသား သဘာဝအတိုင်း ဇာတ်ကြောင်းများ သိလိုစိတ်ရှိကာ အတင်းအဖျင်းများအား နှစ်သက်သည်။

"အို ဒါကတော့ ဆရာ သူ့အမေ့ကို သတ်ခဲ့တာကြောင့်ပေါ့…'

ပိုင်ချူးရန်က သာမန်ပင် ပြောပြပေးနေသည်။

"သူ့အတွက်က ငါ့ကို သေချာပေါက် မုန်းမှာပဲလေ…"

"ဘယ်လို…"

တန်ရော်ဝေနှင့် ကျိုးယန်ဖေးတို့က ပိုင်ချူးရန်အား ကြောင်ငေးကြည့်လာကြသည်။

"လွန်ခဲ့တဲ့ နှစ်နှစ်ထောင်ကာလမှာ လူသားနဲ့ မိစ္ဆာတွေ တိုက်ပွဲဖြစ်တော့ လူသားတွေ အားသာပြီး ပြည်နယ်ကိုးခုက မိစ္ဆာတွေကို မောင်းထုတ်ခဲ့တယ်… အဲ့အချိန်မှာ နတ်ဆိုးဧကရာဇ်က အခွင့်ကောင်းလို့ ယူဆတော့ တပ်ဖွဲ့ဖွဲ့ပြီး ပြည်နယ်ကိုးခုကို ကျူးကျော်ခဲ့တာ…"

စုရှန်းရွှယ်က သက်ပြင်းချ၍ ဝင်ပြောပေးသည်။

"အမှန်တရား မဟာမိတ်ဂိုဏ်းငါးခုရယ် မိစ္ဆာမဟာမိတ်အဖွဲ့ ားဆောင်ပြီးတော့ လူသားမျိုးနွယ်ရဲ့ ကျင့်ကြ့သူတွေ စုပြီးတော့ အချိန်တော်တော်ကြာ တိုက်ခိုက်တော့မှ နတ်ဆိုးတွေကို ခုခံနိုင်တယ်… တိုက်ပွဲပြီးတော့ နတ်ဆိုး အိမ်ရှေ့စံက စစ်တပ် ရိက္ခာဖို့ လင်ပြည်နယ်စုက လူသားတွေကို သတ်ဖြတ်ခဲ့တာ ဆယ်ရက် ဆယ်ညတောင် ကြာတယ်… သမိုင်းမှာတော့ လင်ပြည်ဆယ်ည သတ်ဖြတ်မှုလို့ နာမည်ကြီးတာပေါ့… နောက်ဆုံးကျတော့ နတ်ဆိုးမျိုးနွယ် အရေးနိမ့်သွားတာပဲ… နတ်ဆိုး ကမ္ဘာထဲ တပ်ဆုတ်တော့ လူတယောက်က သူတို့နောက်ကို လိုက်သွားပြီး အိမ်ရှေ့စံရယ် အကြံပေးကော စစ်သူကြီးတွေပါ သတ်ခဲ့တာ…"

"အဲ့လူက…"

တန်ရော်ဝေနှင့် ကျိုးယန်ဖေးတို့က ပိုင်ချူးရန်အား စိုက်ကြည့်မိကြသည်။

"အဟမ်း…"

ပိုင်ချူးရန်က ဝံ့ကြွားစွာပြုံး၍ လက်မထောင်လိုက်သည်။

"ဟုတ်တယ် ငါပဲလေ ပိုင်ချူးရန်ပေါ့…"

"ယုံဖို့တော့ ခက်တယ်…"

တန်ရော်ဝေက ပြောလာသည်။

"အဲ့အချိန်က နတ်ဆိုး အိမ်ရှေ့စံရဲ့ အကြံပေးက နွယ်ပင်ကနေ ဖြစ်လာတဲ့ နတ်ဆိုး… တော်တော်လေးကို သွေးဆာပြီး လူသားတွေကို ရက်ရက်စက်စက် သတ်တဲ့သူပေါ့‌… သူ့နာမည်က သွေ့မူ… စွေ့လော်ရဲ့ အမေလေ…"

စုရှန်းရွှယ်က ဝင်ပြောပေးသည်။

"အမေတယောက် အနေနဲ့တော့ စွေ့လော် အပေါ်ကောက်းတာပေါ့… မဟုတ်ရင် စွေ့လော်က ပိုင်ချူးရန်ကို မုန်းတီးနေမှာ မဟုတ်ဘူးလေ… နှစ်နှစ်ထောင် အမုန်းတရား…"

"ဒါဆို နတ်ဆိုး စွေ့လော်ကကော…"

တန်ရော်ဝေက မေးလာပြန်သည်။

"သူကတော့ အမေ မတူဘူး… သတ်ဖြတ်တာကို ဝါသနာမပါဘူးပေါ့… ဒါပေမယ့် တယောက်ယောက်က ရန်စရင်တော့…'

ပိုင်ချူးရန်က ဖြေပေးသည်။

"စန္ဒ ပူဇက ဂိုဏ်းခေါင်းဆောင်နဲ့ သူ့တပည့်တွေ ဘယ်လိုဖြစ်သွားလဲဆိုတာ မြင်တယ် မဟုတ်လား…"

"ဘယ်လို…"

တန်ရော်ဝေက မင်သေသွားကာ…

"ဒါဆို ဘာလို့ ဒီလိုနတ်ဆိုးမျိုးကို သက်ညှာပေးတာလဲ… မကောင်းမှုကို အမြစ်ပါမကျန် ရှင်းပစ်ရမယ်လို့ သင်ထားတာ မဟုတ်လား…"

"အာ… ဒါက ရှင်းပြဖို့ ခက်တယ်…"

ပိုင်ချူးရန်က ခေါင်းငုံ့၍ ခဏတွေးလိုက်သည်။ ထို့နောက် စကားဆိုလာ၏ ။

" ခဏနေပါဦး…"

ပိုင်ချူးရန်က လူသုံးဦး၏ ရှေ့မှ ရုတ်တရက် ပျောက်ကွယ်သွားသည်။ ခဏကြာပြီးချိန်၌ ပိုင်ချူးရန်က အလောတကြီးဖြင့် ပြန်ရောက်လာ၏ ။ ထိုအချိန်တွင် စိတ်ရှုပ်နေပုံရသည့် စွေ့လော်လည်း ပါလာသည်။

"ချီမင် ဓားခေါင်းဆောင်…'

ခဏကြာပြီးနောက်တွင် စွေ့လော်က စကားဆိုလိုက်သည်။

"နင်ဘာတွေ တွေးနေတာတုံး… ငါသိနေတယ်… လူသားတွေက ယုံကြည်လို့ မရဘူးကိုး…"

"ငါသင်ခန်းစာ ပို့ချနေတာမလို့ ပူးပေါင်းပေးပါဦး…"

ပိုင်ချူးရန်က စွေ့လော်၏ ပုခုံးအား ဖိကိုင်ထားကာ ဝှေ့လက်သီးဖြင့် စွေ့လော်အား ထိုးနှက်သည်။

ထို့နောက်တွင် ပြင်းထန်သည့် လက်သီးချက်များစွာက စွေ့လော်၏ မျက်နှာထက်သို့ ကျရောက်သွားပြန်သည်။ ခဏကြာပြီးနောက်တွင် ပိုင်ချူးရန်က အသက်စွမ်းအင် အသုံးပြု၍ နတ်ဆိုး၏ မျက်နှာထက်မှ အညိုအမည်းများအား ပြန်လည်ကုစားပေးသည်။

"ကြည့်ကြဦး…"

ပိုင်ချူးရန်က ရိုက်နှက်ခံထားရသည့် စွေ့လော်အား ညွှန်ပြကာ တန်ရော်ဝေအား ပြောနေခြင်း ဖြစ်၏ ။

"ဒါကြောင့် ငါသူ့ကို လွှတ်ပေးတာ…"

"တပည့် နားလည်ပါပြီ…"

တန်ရော်ဝေက ခေါင်းညိမ့်လိုက်သည်။

"နောက်ပြီး ဆရာ နှစ်သုံးထောင်တောင် တကိုယ်တည်း ဖြစ်နေရတဲ့ အကြောင်းအရင်းပါ သိလိုက်ပြီ…"

ခဏကြာပြီးချိန်၌ စွေ့လော်က စူးစူးဝါးဝါးအော်ဟစ်လာသည်။

"ဒီနေ့ ငါနင့်ကို သတ်မယ်…"

All Chapters