← Chapters

လက်ထပ်လိုသော်လည်း မိတ်ဆွေအဖြစ် ပိတ်မိနေခြင်း

Vol. 9 Ch. 90

လက်ထပ်လိုသော်လည်း မိတ်ဆွေအဖြစ် ပိတ်မိနေခြင်း

Vol. 9 Ch. 90

ဒေါသဖြစ်နေသည့် စွေ့လော်အား စုရှန်းရွှယ်မှ အလျင်အမြန်န်တားမြစ်သည်။

"နင်လက်စားခေချင်ရင်တောင် မင်းသမီး ပိုင်လင်ကို နတ်ဆိုးလောကဆီ အရင်ပို့ဦး…"

"ဒါပဲလေ…"

ပိုင်ချူးရန်က ဂရုမထားသည့် အမူအရာဖြင့် လက်ရမ်းလိုက်ကာ…

"ဒီပိုင်ချူးရန်က စကားတည်တယ် ဒီတခေါက် ညှာပေးမယ်ဆိုရင် အသက်ရှင်ခွင့်ရတယ်မှတ်… မြန်မြန်သွားတော့…"

စုရှန်းရွှယ် စွေ့လော်အား အချိန်အတော်ကြာ နားချလိုက်ရသည်။ သို့မှသာ စွေ့လော်က မြေခွေးများနှင့်အတူ ပြန်သွား၏ ။

"နင်က တကယ့်ကို ပြဿနာရှာတာပဲ…"

"ဟေး ငါက မင်းရှိနေလို့ လုပ်ပေးတာလေ…"

ပိုင်ချူးရန်က ထပ်ပြောသေးသည်။

"နောက်ကျ လူချောလေးတယောက်တွေ့ပြီး ယန်စွမ်းအင် ရဖို့ ခက်နေရင် ငါ့ကိုသာပြော ငါကူညီပေးမယ်…"

………

ပိုင်ချူးရန်က လူသုံးဦးနှင့်အတူ အနီးရှိ မြို့သို့ သွားလိုက်သည်။ လမ်းတလျှောက်၌ စုရှန်းရွှယ်အား ဒေါသမီးတောက်လောင်စေရန် နှိုးဆွပြန်သေး၏ ။ ထိုအချိန်၌ ကာမသုတြာဂိုဏ်းခေါင်းဆောင် ဖြစ်သည့် စုရှန်းရွှယ်က ယဉ်ကျေးမနေတော့ဘဲ ကျောက်စိမ်းကုချင်းဖြင့် ရိုက်နှက်သည်။

မြိုသို့ ရောက်ချိန်တွင် ကျိုးယန်ဖေးနှင့် တန်ရော်ဝေတို့က စုရှန်းရွှယ်၏ သာယာမှုနယ်မြေတွင် ကျန်ခဲ့သည်။ ပိုင်ချူးရန်ကား စန္ဒ ပူဇကဂိုဏ်းရှိရာ တောင်သို့ ဦးတည်ထွက်ခွာသွားသည်။

ကာမသုတြာဂိုဏ်း၏ လုပ်ငန်းများမှာ မိန်းကလေး နှစ်ဦးအား စိတ်မသက်မသာ ဖြစ်စေသည်။ ထို့ကြောင့် စုရှန်းရွှယ် အနေဖြင့် ဧည့်သည်တော် နှစ်ဦးအား နောက်ဖေးခြံသို့ ခေါ်သွားရသည်။ ထိုခြံဝန်းမှာ သီခြားခြံဝန်းဖြစ်ပြီး သူမ၏ ယာယီ နေထိုင်ရာလည်း ဖြစ်သည်။ ထို့အပြင် အကြီးအကဲများ စုဝေးတိုင်ပင်သည့် နေရာဟုလည်း ဆိုနိုင်သည်။

"သူက စွေ့လော်ကို လွယ်လွယ် လွှတ်ပေးတယ်လို့ မထင်နဲ့… သူက မြေခွေးအိုကြီးလေ… လူတွေက အသက်ကြီးလာရင် ကလေးဆန်သွားတတ်တယ်…"

ပိုင်ချူးရန် ထွက်သွားချိန်၌ စုရှန်းရွှယ်က သံစဉ် တီးခတ်ကာ စကားစလိုက်သည်။

"စွေ့လေည်က နတ်ဆိုးလောကရဲ့ တမန်တော်လေးပါးထဲက တယောက်ပဲ… သူ့အဆင့်အတန်းက ထူးခြားတယ်… လူသားလောကထဲ သူသေသွားရင် စစ်ဖြစ်မှာ သေချာတာပေါ့…"

"ဆရာက ဒီလောက် စိတ်ရှုပ်စရာ ကောင်းတာတောင် ဂိုဏ်းသခင်စုက သူ့ကို ပြောပေးနေတာပါလား…"

တန်ရော်ဝေက စုရှန်းရွှယ်အား စိုက်ကြည့်၍ ရုတ်တရက် မေးလိုက်သည်။

"မဟုတ်မှ လွဲရော ဂိုဏ်းသခင်စုက ဆရာ့ကို ကြိုက်နေတာများလား…"

"အဟမ်း…"

စုရှန်းရွှယ်၏ သံစဉ်က ပရမ်းပတာဖြစ်သွားသည်။ သို့သော်လည်း သူမက အချိန်မီပြန်ထိန်းလိုက်ကာ ချောင်းဟန့်လိုက်၏ ။

"မိန်းကလေးတန်က ဘာလို့ ဒီလိုပြောတာပါလိမ့်ကွယ်…"

"မိန်းကလေးတယောက်က ကိုယ်မနှစ်သက်တဲ့ ယောက်ျားတယောက်ကို အာရုံစိုက်တယ်ဆိုတာ တော်တော်ရှားတယ် မဟုတ်လား…"

တန်ရော်ဝေက ပြောလေသည်။

"ကျွန်မလည်း မိန်းမသားပါပဲ… အဲ့တာကြောင့်မို့ မိန်းမသားတွေရဲ့ အတွေးက အတွင်းစွဲဖြစ်တယ်ဆိုတာ သိတယ် နောက်ပြီး ဂိုဏ်းသခင်စုက နတ်ဆိုး ကျင့်ကြံသူလေ ဒါတောင် အမှန်တရား လမ်းစဉ်ဘက်က ဆရာ့လိုလူအတွက် ရပ်တည်ပေးနေသေးတာ… ဖိအား မရဖူးဘူးလား… ဒါတော့ မယုံချင်စရာပါပဲ…"

ထိုစကားကြားရချိန်၌ ယုံကြည်မှု ကျဆင်းနေသည့် ကျိုးယန်ဖေးက ခေါင်းငုံ့ကာ ပြောလာသည်။

"ယောက်ျားလေးတွေက ငါ့ကို သူတို့ထက် ရဲတင်းတယ်လို့ ပြောတာ ဘာကြောင့်များပါလိမ့်…"

စုရှန်းရွှယ်နှင့် တန်ရ်ေုဝေတို့က သူမ၏ စကားအား လျစ်လျူရှုထားနေသည်။ စုရှန်းရွှယ်က တန်ရော်ဝေ၏ အမေးအား ပြန်ဖြေပေးသည်။

"မစ္စတာပိုင်က ငါ့အတွက် ကျေးဇူးရှင်ပါပဲ အဲ့တာကြောင့်မို့ ကျေးဇူးဆပ်ရမှာပဲလေ… သူသာ မရှိရင် ငါကလည်း ယောက်ျားတွေရဲ့ ပျော်တော်ဆက် ဖြစ်နေပြီ ဆရာ့ရဲ့ အသုံးချခံလေးပေါ့… အခုလို ကာမသုတြာဂိုဏ်းရဲ့ ‌ဂိုဏ်းခေါင်းဆောင် ဖြစ်လာတာကလည်း ပိုင်ချူးရန်ရဲ့ အကူအညီတွေကြောင့်ပါပဲ… ဒီလိုကျေးဇူးကြီးတွေ ရှိတာမို့ စုရှန်းရွှယ်က အကောင်းဆုံး ပြန်ဆပ်ရမှာလေ…"

"နတ်ဆိုးကျင့်ကြံသူက ကျေးဇူးဆပ်တယ်ဆိုတာကို တခါမှတော့ မကြားဖူးနေဘူး…"

တန်ရော်ဝေက ခေါင်းရမ်းမိလေသည်။

"နောက်ပြီး ကျေးဇူးဆပ်တယ်ဆိုရင်တောင် ဂိုဏ်းသခင်က တော်တော့်ကို လုပ်ပေးပြီးနေပြီ… သူ့ကို စိတ်ကြိုက် လုပ်ခွင့်ပေးနေသလိုပါပဲ…"

"အလိုလေး မိန်းကလေး ရော်ဝေက ကိုယ့်ဆရာရဲ့ ကိုယ်ရေးကိုယ်တာ ဘဝကို ဂရုစိုက်လွန်းနေတာပါလား…"

စုရှန်းရွှယ်က တိုက်ရိုက် အဖြေမပေးပေ။

"ကျွန်မက‌ သူ့တပည့်ဆိုတော့ ဂရုစိုက်ရမှာပဲ‌လေ…"

တန်ရော်ဝေက မေးထောာက်၍ အဖြေပေးသည်။

"နောက်ကျရင် ဆရာက တယောက်ယောက်ကို ဘက်ထပ်တယ်ဆိုပါစို့ အဲ့တယောက်ကို ဆရာကတော် ခေါ်ရမှာမဟုတ်လား… အဲ့တာကြောင့် ဂရုစိုက်မှ ဖြစ်မှာပါ…"

စုရှန်းရွှယ်နှင့် တန်ရော်ဝေတို့က တဦးကိုတဦး အချိန်အတော်ကြာစိုက်ကြည့်၍ ရယ်လိုက်ကြတော့သည်။ သို့ဖြစ်ရာ ကျိုးယန်ဖေးပင် မင်သက်မိသွားတော့သည်။

"ဂျူနီယာ တယောက်ကြောင့် စကားကုန်ရမယ့်ရောက်လာမယ်လို့ ထင်မထားမိဘူး…"

စုရှန်းရွှယ်က ရယ်မောကာ ပြောလာသည်။

"ငါသူ့ကို သဘောကျပါတယ် ဒါပေယမ့် အရေးမပါပါဘူး… ငါတို့မှာ ဖိအားအောက် အတူတူနေမယ်ဆိုရင်တောင် အချစ်ဆိုတာ လိုသေးတယ်လေ… နောက်ပြီး ရော်ဝေက ငါ့ကို ဆရာကတော် ခေါ်ချင်တာလား…"

All Chapters