← Chapters

အခန်း (၃၂၈-၃၃၀)

Vol. 22 Ch. 328-330

အခန်း (၃၂၈-၃၃၀)

Vol. 22 Ch. 328-330

အပိုင်း (၃၂၈) လေမုန်တိုင်းအစ

လုမင်ယွိသည် နန်းတော်သို့ ပြန်ရောက်ရောက်ခြင်း အိမ်ရှေ့စံနန်းဆောင် တံခါးဝသို့ပင် မဝင်ရသေးခင် ချောင်မိဖုရားကိုယ်တိုင် ရောက်ရှိလာခဲ့လေသည်။

လုမင်ယွိက အလျင်အမြန်ပင် ပြုံးကာနှုတ်ဆက်လိုက်၏။ "အာရှီ မူဟုပ်ကို ဂါရဝပြုဖို့ ကျောင်းဖန်နန်းဆောင်ကို လာမလို့ပါပဲ။ မူဟုပ်က ဘာလို့ ကိုယ်တိုင်ကြွလာရတာလဲ"

ချောင်မိဖုရားခေါင်က ပြုံးကာ ပြောလိုက်လေသည်။ "နန်းတွင်းရေးရာကိစ္စတွေ ဖြေရှင်းပြီးသွားလို့ ပန်ကုံး အားနေတာနဲ့ လမ်းလျှောက်ထွက်လာတာပါ။ အရှေ့နန်းဆောင်ဘက်ကို ရောက်လာတာနဲ့ အတော်ပဲလေ။ မင်း အရင်သွားပြီး နေရာချထားလိုက်အုံး။ ပန်ကုံး ကလေးတွေကို ကြည့်လိုက်အုံးမယ်"

တကယ်တမ်းတွင်တော့ ကလေးတွေကို လာကြည့်ချင်လွန်းလို့ တခဏလေးတောင် မစောင့်နိုင်တာ မဟုတ်ပါလား။

လုမင်ယွိသည် ထိုအကြံကို သိနေသဖြင့် သဘောကျစွာ ပြုံးလိုက်သော်လည်း ထုတ်ဖော်မပြောတော့ဘဲ ခေါင်းညိမ့်လိုက်လေသည်။ "ဒါဆို မူဟုပ်ကိုပဲ ဒုက္ခပေးရတော့မှာလဲ"

ချောင်မိဖုရားခေါင်ကတော့ ဒုက္ခရောက်သည်ဟု နည်းနည်းလေးမှ မခံစားရချေ။

လုမင်ယွိသည် နေရာထိုင်ခင်းများ စီစဥ်ရန် ထွက်သွားလေ၏။ ချောင်မိဖုရားခေါင်က မြေးတော်နှစ်ယောက်ကို ပွေ့ဖက်လိုက်ပြီး လက်ထဲတွင်လည်း အလေးချိန်ကို ချိန်ဆကြည့်လိုက်၏။ ထို့နောက် ပိုပြီးဖြူဖွေးဝဖြိုးလာသော ရွှီအာနှင့်ရွှမ်းအာတို့၏ မျက်နှာလေးကို ကြည့်ကာ စိတ်နှင့် ဆန့်ကျင်သည့်တခြားစကားကို ပြောလိုက်လေသည်။ ပန်ကုံး ကြည့်ရတာ ရွှီအာနှင့်ရွှမ်းအာတို့ နည်းနည်းပိန်သွားသလိုပဲ"

ချိုင်လန်သည်လဲ ဘာမှမသိဘဲ ဝင်ထောက်ခံလိုက်လေသည်။ "ကျွန်တော်မျိုးမလဲ ပိန်သွားတယ်လို့ ထင်မိပါတယ်။ လုအိမ်တော်မှာ နေရတာက နန်းတော်မှာလို ဘယ်ပြည့်စုံပါမလဲ"

ချောင်မိဖုရားခေါင်ကလဲ တလေးတနက် ခေါင်းညိမ့်လိုက်လေသည်။ "မဟုတ်လို့လား။ ကလေးတွေက ငယ်သေးတော့ နေရာပြောင်းလိုက်ရင် မနေတတ်မထိုင်တတ် ဖြစ်တတ်တယ်လေ"

ထိုစကားများက ဘေးနားတွင် ခစားနေသည့် နန်းတွင်းအပျိုတော်များ၏ နားထဲသို့ရောက်သွားပြီး မကြာမှီတွင် လုမင်ယွိထံသို့ သတင်းရောက်လာခဲ့လေသည်။

ချီယွင်သည် မနေနိုင်ဘဲ လေသံတိုးတိုးဖြင့် ညည်းညူလိုက်မိ၏။ "လုအိမ်တော်မှာက ပေါ့ပါးပြီး လွတ်လပ်ပါတယ်။ ရွှီအာနဲ့ရွှမ်းအာတို့ဆိုရင် တစ်ပတ်လောက်လည်တာတောင် ဝလာကြတာကို ဘယ်နေရာမှာ မနေတတ်မထိုင်တတ် ဖြစ်လို့လဲ"

လုမင်ယွိကတော့ စိတ်ထဲမထားဘဲ ပေါ့ပေါ့ပါးပါး ပြောလိုက်တော့သည်။ "မူဟုပ်က လုအိမ်တော်ကို နှိမ့်ချချင်လို့ ပြောတာမဟုတ်ပါဘူး။ မြေးတွေကို မခွဲနိုင်မခွာရက်ဖြစ်ပြီး ချစ်လွန်းလို့ ပြောတာပါ။ ဒီလိုအတင်းစကားတွေကို စိတ်ထဲထားမနေပါနဲ့"

တစ်ဖက်နှင့်တစ်ဖက် ဆန့်ကျင်ဘက် အနေအထားမျိုးသည် ဖြစ်သွားရန်မလိုပေ။ ဒါသည် ယောက္ခမတစ်ယောက်အနေဖြင့် မြေးများကို မိခင်ဘက်က အမျိုးများနှင့် အလွန်ရင်းနှီးသွားမည်ကို မလိုလားဘဲ မိမိနှင့်သာ အရင်းနှီးဆုံးဖြစ်စေချင်သည့် အတ္တစိတ်ကလေး.သက်သက်ပင်။

လူတိုင်းတွင် အတ္တကိုယ်စီ ရှိကြသည်ပင်။ မည်သူက. ကင်းလွတ်နိုင်ပါမည်နည်း။ ကလေးများကို စေတနာအမှန်နှင့် ချစ်ခင်ကြင်နာနေသမျှ ကာလပတ်လုံး ကျန်သည့်အရာများကို မသိချင်ယောင် ဆောင်နေလိုက်လျှင်လည်း ပြီးသည်ပင်။

ချီယွင်သည်လဲ စိတ်အေားသွားပြီး စဥ်းစားကာ ရယ်မောလိုက်လေသည်။ "ဟွမ်ဟုပ်ညန်ညန်က ကလေးတွေကို တကယ်ချစ်ရှာပါတယ်။ အတွေးကလဲ များပါ့" ချောင်မိဖုရားခေါင်က နှလုံးသားထဲတွင် အငြိုးအတေးထားတတ်သူမဟုတ်ဘဲ ပါးစပ်ကသာ ပြောတတ်သူဖြစ်ကြောင်းလည်း သိသာလှလေသည်။ သိုမဟုတ်ပါက ဒီလိုစကားမျိုးကို အိမ်ရှေ့စံနန်းဆောင်တွင် ပြောထွက််မည်မဟုတ်ပေ။

လုမင်ယွိကလဲ ပြုံးကာသာ အင်းဟုပြန်ဖြေလိုက်သည်။ အချိန်၁နာရီလောက် အေးအေးဆေးဆေး အနားယူလိုက်လေသည်။

ချောင်မိဖုရားခေါင်သည် ကလေးများကို ပွေ့ဖက်ထားရုံသက်သက်ဖြင့် လက်မောင်းများ ကိုက်ခဲလာပြီး ဆက်ပြီးမချီနိုင်တော့မှသာ လုမင်ယွိက ရောက်လာခဲ့လေသည်။ "မူဟုပ် ပင်ပန်းနေပါပြီ။ ကျွန်မ ပွေ့လိုက်ပါ့မယ်"

ချောင်မိဖုရားခေါင်သည် နှမြောတသစွာဖြင့် ကလေးများကို လုမင်ယွိထံသို့ လွှဲပေးလိုက်ရတော့သည်။

လုမင်ယွိသည် ချောင်မိဖုရားခေါင်၏ ပုံစံကြောင့် ရယ်မောမိတော့၏။ "မူဟုပ်က ကလေးတွေကို ဒီလောက်မခွဲနိုင်မခွာရက် ဖြစ်နေမှတော့ နောက်ဆိုရင် ကျွန်မတစ်ယောက်ပဲ အိမ်ပြန်လိုက်ပါ့မယ်။ ကလေးတွေကို ခေါ်မသွားတော့ပါဘူး"

ချောင်မိဖုရားခေါင်သည် မိမိ၏ အတွေးကို ဖော်ထုတ်ခံလိုက်ရသဖြင့် ရှက်ရွံ့စွာဖြင့် ချောင်းတစ်ချက် ဟန့်လိုက်ကာ "ပန်ကုံးက ဘယ်မှာ ဒီလောက်သဘောထား သေးသိမ်ရမှာလဲ။ နောက်ဆိုရင် မင်းလုအိမ်တော်ကို ပြန်ချင်ရင် ပန်ကုံးကို ပြောလိုက်ရုံပါပဲ"

ထိုသို့ပြောလိုက်ပြီးမှ လုမင်ယွိက အခွင့်အရေး ယူသွားမည်ကို စိုးရိမ်သဖြင့် ထပ်ပြီး ဖြည့်စွက်ပြောကြားလိုက်ပြန်သည်။ "ရက်အနည်းငယ်လောက်နေတာက ပြဿနာမရှိပေမဲ့ မကြာခဏ နန်းတော်ကနေ အပြင်ထွက်မပါနဲ့ သူများတွေ အတင်းပြောစရာဖြစ်မှာ စိုးလို့ပါ"

သူမသည် မိဖုရားခေါင်ဖြစ်သော်လည်း နန်းတော်တံခါးဝမှ အပြင်သို့ တစ်ခါမှ မထွက်ခဲ့ဘူးချေ။ မင်းသားကြင်ရာတော်က မကြာခဏဆိုသလို မိဘအိမ်သို့ ပြန်နေလျှင် အမှန်ပင် အတင်းပြောစရာ ခေါင်းစဥ်တစ်ခု ဖြစ်လာနိုင်လေသည်။

လုမင်ယွိကလဲ ပြုံးကာခေါင်းညိမ့်လိုက်၏။ "မူဟုပ်ပြောတာ မှန်ပါတယ်" ထို့နောက်တွင်တော့ ခဏလောက် တိတ်ဆိတ်သွားပြီးမှ လေသံတိုးတိုးဖြင့် မေးလိုက်လေသည်။ "ဒီရက်ပိုင်း အနောက်နန်းဆောင်မှာ ဘာကိစ္စမှ မရှိဘူးမလား"

ချောင်မိဖုရားခေါင်၏ မျက်ဝန်းထဲတွင် အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားပြီး တည်ငြိမ်စွာ ပြောလေသည်။ "မုန့်ကွေ့ဖေးနဲ့ စူးဖေးတို့ကတော့ အကျယ်ချုပ်ချခံထားရတုန်းပဲ။ ချင်ဖေးကတော့ နေ့တိုင်း ရှို့နဥ်နန်းဆောင်ကိုသွားပြီး မယ်တော်ကြီးကျောက်ကို ပြုစုနေတယ်။ ဝမ်မေရန်ကတော့ နန်းဆောင်ထဲမှာ ကိုယ်ဝန်ကို ဂရုစိုက်နေတယ်။ အနောက်နန်းဆောင်တစ်ခုလုံး အေးဆေးငြိမ်သက်ပါတယ်"

ယုံးကျားဧကရာဇ် မရှိခိုက်တွင် ငယ်ရွယ်သော ကိုယ်လုပ်တော်များသည်လဲ ငြိမ်ကုပ်နေကြလေသည်။

သို့သော်ငြား နန်းတွင်းရေးရာများကတော့ ထိုမျှလောက် စိတ်အေးစရာ မကောင်းလှပေ။

ချောင်မိဖုရားခေါင်သည် သက်ပြင်းတစ်ချက်ချကာ လေသံတိုးတိုးဖြင့် ပြောလေ၏။ "စတုတ္ထမင်းသားက နေ့တိုင်း ကျောင်းဖန်နန်းဆောင်ကို ရောက်လာတယ်။ သူ ပြောပြတာကတော့ နန်းတွင်းမှာ မကြာသေးခင်က အငြင်းပွားစရာ ကိစ္စတစ်ချို့ ရှိနေတယ်တဲ့။ အရှင်မင်းကြီး ဦးဆောင်တဲ့တပ်က ချူနိုင်ငံနယ်စပ်ကိုရောက်ဖို့ ၇ရက် ၈ရက်လောက် လိုသေးတယ်။ ရှင်းယန်တပ်နဲ့ ဖူယန်တပ်တွေကလဲ ချီတက်တာပိုမြန်လို့ ယန်နိုင်ငံနယ်စပ်ကို ရောက်လုနီးပါး ဖြစ်နေပြီ။ ဖြစ်နိုင်တာကတော့ အခုချိန် တိုက်ပွဲစနေလောက်ပြီ။ သတင်းပို့ဆောင်တာ ကြန့်ကြာနေလို့သာ နန်းတွင်းကို ရောက်မလာသေးတာ"

"သာ့ဝေတိုင်းပြည် နယ်နိမိတ်ထဲမှာ ပြည်တွင်းသူပုန်တွေ ထကြွနေကြပြန်ပြီ။ သူပုန်တွေကို နှိမ်နှင်းဖို့ စစ်သည်တွေကို စေလွှတ်ရအုံးမယ်"

"ဒါပေမဲ့ တပ်မကြီးကို အရှင်မင်းကြီးနဲ့ ထိုက်စီတို့က ခေါ်ဆောင်သွားကြပြီလေ။ အခု မြို့တော်မှာက တော်ဝင်ကိုယ်ရံတော် တပ်သားသုံးသောင်းနဲ့ မြို့စောင့်တပ်နှစ်သောင်းခွဲ စုးစုပေါင်း ငါးသောင်းဝန်းကျင်ပဲ ကျန်တော့တာ။ ဒီလူအင်းအားက မြို့တော်ကို လုံခြုံရေးအတွက် တာဝန်ယူထားရတာ။ တကယ်လို့ သူပုန်တွေ နှိမ်နှင်းဖို့ စစ်သည်တွေကို နှုတ်ပြီးစေလွှတ်လိုက်ရင် မြို့တော်မှာ အင်အားနည်းသွားပြီးတော့ အန္တရာယ်များလွန်းတယ်"

-

လုမင်ယွိသည်လဲ မျက်မှောင်ကြုတ်လိုက်မိ၏။

ယခင်မင်းဆက်တွင် စစ်ရေးစနစ်က ရှုပ်ထွေးပြီး ကွဲပြားနေခဲ့သည်။ မြို့တော်ကျသွားချိန်အထိ နယ်စပ်ဘက်က ကယ်တင်မည့်စစ်ကူများ ရောက်မလာခဲ့ချေ။ ယုံကျားဧကရာဇ်သည် ထိုသင်ခန်းစာကို ယူကာ သာ့ဝေတိုင်းပြည်ကို တည်ထောင်ပြီးနောက် စစ်အင်အားနှင့် စစ်အာဏာအများစုကို ဧကရာဇ်၏ လက်ထဲတွင်သာ စုစည်းထားခဲ့လေသည်။

ထိုအချက်က ဒေသအလိုက် စစ်အင်းအားနည်းပါးမှုကို ဖြစ်ပေါ်စေခဲ့သည်။ နယ်မြေဒေသတစ်ခုလုံးတွင် စစ်သည်အင်အား တစ်သောင်းပင်မပြည့်ဘဲ တစ်ချို့သော ဝေးလံခေါင်ဖျားသည့် ဒေသများတွင် တပ်စွဲထားသည့် စစ်သည်အင်အားမှာ တစ်ထောင်နှစ်ထောင်ခန့်သာ ရှိလေသည်။ သူပုန်ထကြွမှု ဖြစ်ပေါ်လာပါက ခုခံနိုင်စွမ်းမရှိဘဲ မြို့တော်မှ စစ်ကူလွှတ်ကာ နှိမ်နှင်းပေးရန် လိုအပ်လာသည်။

ယခင်အချိန်များတွင်တော့ စစ်သူကြီးများသည် ဒီလိုအခြေအနေမျိုးကို နှစ်သက်ကြသည်။ မြို့တော်မှထွက်ခွာကာ သူပုန်တွေကို နှိမ်နှင်းခြင်းက စစ်မှုထမ်းအကျိုးဆောင်မှု ရယူရန် အကောင်းဆုံး အခွင့်အရေးပင်။

သို့သော် ယခုအချိန်တွင် မြို့တော်ရှိ စစ်သူကြီးအများစုမှာ ယန်နှင့်ချူနယ်မြေများသို့ စစ်ချီထွက်သွားခဲ့ကြသည်။ မြို့တော်တွင် ကျန်ရစ်ခဲ့သော စစ်သူကြီးများမှာ အသက်အရွယ်ကြီးရင့်ပြီး စိတ်ဓာတ်ကျနေသူများ သို့မဟုတ်လည်း ဒဏ်ရာပြင်းထန်စွာ ရရှိထားဖူးသဖြင့် စစ်တိုက်ရန်သင့်တော်သူများသာ ဖြစ်ကြသည်။

စစ်သူကြီးလျန်သည် ကျန်ရစ်သူဖြစ်သော်လည်း မြို့တော်လုံခြုံရေးကို တာဝန်ယူထားရသဖြင့် မြို့တော်မှ ထွက်ခွာ၍ မရပေ။

နန်းတွင်းညီလာခံတွင် သူပုန်နှိမ်နှင်းရေးကိစ္စနှင့် ပတ်သတ်ပြီး အငြင်းပွားမှုများ ဖြစ်ပွားနေတော့သည်။

ချောင်ကောလောင်က ဒေသတွင်းတပ်စွဲထားသည့် စစ်သည်များကို အဓိကထားပြီး စစ်ကူအနည်းငယ် ပို့ဆောင်ပေးရန် အကြံပြုထားလေသည်။ ဝန်ကြီးများခန့်အပ်ရေးဌာနဝန်ကြီးနှင့် အခမ်းအနားရေးရာဝန်ကြီးတို့က ချောင်ကောလောင်၏ အကြံပြုချက်ကို ထောက်ခံကြသည်။

သို့သော်ငြား ထိုအကြုံပြုချက်ကို စစ်ဘက်ရေးရာဝန်ကြီးက ပယ်ချလိုက်သည်။ "ချောင်ကောလောင်က စစ်ရေးစစ်ရာ မကျွမ်းကျင်တော့ ဒီထဲကသဘောတရားကို နားမလည်ပါဘူး။ ချန်ကျိုးမှာ သူပုန်ထကြွတယ်ဆိုကတည်းက ဒေသခံတပ်တွေက သူပုန်တွေနဲ့ တိုက်ခိုက်ပြီးလောက်ပါပြီ။ မခုခံနိုင်ဘဲ စစ်ရှုံးလို့သာ နန်းတွင်းကို အရေးပေါ် သတင်းပို့လာတာပါ။ ဒီလိုအချိန်မျိုးမှာ ရဲရင့်ပြီး စွမ်းရည်ထက်မြက်တဲ့ စစ်သူကြီးတွေကို စေလွှတ်ပြီး သူပုန်တွေကို တခါတည်း အပြတ်ရှင်းမှရပါမယ်"

"ပြတ်ပြတ်သားသား မဆုံးဖြတ်ရင် ပြန်ပြီးဒုက္ခရောက်တတ်တယ်။ သာ့ဝေတစ်တိုင်းပြည်လုံးက ယန်နဲ့ချူကို စစ်တိုက်ထွက်နေကြတာ ပြည်တွင်းမှာ ပုန်ကန်မှုဖြစ်လို့ လုံးဝမရဘူး။ ဘဏ္ဍာရေးဌာနကလဲ စစ်မြေပြင်သုံးခုကို တပြိုင်တည်း ထောက်ပံ့နိုင်မှာမဟုတ်ဘူး"

စစ်ဘက်ရေးရာဝန်ကြီးယောင်သည် စစ်သူကြီးဘဝမှ လာသူဖြစ်ပြီး ယုံးကျားဧကရာဇ်နှင့်အတူ စစ်တိုက်ဖူးသူ ဖြစ်လေသည်။ စစ်မြေပြင်တွင် ဒဏ်ရာရရှိခဲ့ဖူးသဖြင့် ကိုယ်တိုင်စစ်ချီရန် မဖြစ်နိုင်တော့ရာ ယုံးကျားဧကရာဇ်က သူ့ကို စစ်ဘက်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

အမတ်ကြီးယောင်က ပြောသည့်စကားများမှာ ကျိုးကြောင်းခိုင်လုံလေသည်။

ဘဏ္ဍာရေးဝန်ကြီးကောင်းကလဲ ထောက်ခံလေသည်။ ယောင်ရှန့်ရှူး (ဝန်ကြီးယောင်)ပြောတာ အဓိပ္ပါယ် ရှိပါတယ်။ ဘဏ္ဍာရေးဌာနမှာ စုဆောင်းထားတဲ့ ရိက္ခာတွေက တပ်မကြီးနှစ်ခုအတွက် နှစ်နှစ်စာလုံလောက်ပါတယ်။ ဒါကလဲ သာ့ဝေတိုင်းပြည်အတွင်းမှာ ရာသီဥတုမှန်ကန်ပြီး သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးတွေမရှိမှသာ ဖြစ်နိုင်မှာပါ။ တကယ်လို့ ပြည်တွင်းသူပုန်တွေကိစ္စ အချိန်ကြာမြင့်သွားမယ်ဆိုရင် စစ်တိုက်ဖို့ ရိက္ခာတွေ ကုန်ကျစရိတ်အပြင် စစ်ပြေးကာလ ပြည်သူတွေကို ထောက်ပံ့ကူညီပေးဖို့ ငွေကြေးအများကြီး လိုအပ်အုံးမယ်။ ဘဏ္ဍာရေးဌာနအနေနဲ့လည်း တကယ်ပဲ ဝန်ပိလွန်းပါတယ်"

အမတ်များက နှစ်ဖက်ကွဲကာ ရက်အနည်းငယ်ကြာသည့်တိုင် အဖြေမထွက်ခဲ့ကြချေ။

စတုတ္ထမင်းသားသည် အမတ်မင်းများကို မထိန်းသိမ်းနိုင်သဖြင့် ဒီကိစ္စကို ချောင်မိဖုရားခေါင်ထံ အသေးစိတ် လာရောက်တင်ပြပြီး ဆုံးဖြတ်ချက် တောင်းခံရတော့သည်။

ချောင်မိဖုရားခေါင်သည်လဲ မိမိကိုယ်ကို ယုံကြည်မှုသိပ်မရှိလှချေ။

သူမသည် စစ်ရေးစစ်ရာ နားမလည်သဖြင့် ဆုံးဖြတ်ချက်ချရန် ခက်ခဲနေလေသည်။ လုမင်ယွိကို နန်းတော်သို့ အမြန်ပြန်လာရန် တိုက်တွန်းရခြင်းမှာလည်း မြေးများကို လွမ်းဆွတ်ခြင်းအပြင် လုမင်ယွိနှင့် ဒီကိစ္စကို တိုင်ပင်ဆွေးနွေးလိုခြင်းလည်း ပါဝင်လေသည်။

လုမင်ယွိက ခဏလောက် စဥ်းစားလိုက်ပြီး လေးနက်သောလေသံဖြင့် ပြောလိုက်၏။ "မူဟုပ် ပြည်တွင်းသူပုန်တွေကို အမြန်ဆုံး နှိမ်နှင်းရပါမယ်။ ပြည်ပရန်ကို ကာကွယ်ဖို့ဆိုရင် အရင်ဆုံး ပြည်တွင်းအေးချမ်းအောင် အရင်လုပ်ရမှာပါ။ ဖုဟွမ်က စစ်တိုက်ထွက်နေတာဆိုတော့ သာ့ဝေတိုင်းပြည် နယ်နိမိတ်ထဲမှာ နောက်ထပ်ပြဿနာ အဖြစ်ခံလို့ မဖြစ်ပါဘူး"

ချောင်မိဖုရားခေါင်က မျက်မှောင်ကြုတ်လိုက်၏။ "ဒီသဘောတရားကို ပန်ကုံးလဲ သိပါတယ်။ ဒါပေမဲ့ ချောင်ကောလောင် ပြောတာကလဲ အဓိပ္ပါယ် ရှိနေတယ်။ တကယ်လို့ အမာခံတပ်တွေကို သူပုန်နှိမ်နှင်းဖို့ လွှတ်လိုက်ရင် မြို့တော်မှာ အင်အားနည်းသွားပြီး အန္တရာယ်များလွန်းတယ် မဟုတ်လား"

လုမင်ယွိ၏ မျက်ဝန်းများက တောက်ပသွားပြီး တည်ငြိမ်စွာ ပြောလိုက်လေတော့သည်။ "ပြီးပြည့်စုံတဲ့ ရွေးချယ်မှုဆိုတာ မရှိပါဘူး။ ဆိုးကျိုးနှစ်ခု ယှဥ်လိုက်ရင် သက်သာတဲ့အရာကိုပဲ ရွေးချယ်ရမှာပါ"

...

အပိုင်း (၃၂၉) ဓားသွားထက်ထက် (၁)

အဆိုးနှစ်ခုယှဥ်လာလျှင် သက်သာသည့်အရာကို ရွေးချယ်ရမည်။

ချောင်မိဖုရားခေါင်သည် စိတ်ထဲတွင် ခဏလောက်စဥ်းစားလိုက်ပြီး နောက်ဆုံးတော့ ဆုံးဖြတ်ချက်ချလိုက်လေသည်။ "မင်းပြောတာ အဓိပ်ပါယျ ရှိတယ်။ ပန်ကုံး အခုပဲ ချောင်ကောလောင်တို့ကိုခေါ်ပြီး ဆွေးနွေးလိုက်မယ်"

ထို့နောက် ခဏလောက်ရပ်တန့်လိုက်ကာ ထပ်ပြောလိုက်လေသည်။ "မင်းလဲ ပန်ကုံးနဲ့အတူ ဝမ်ဟွားနန်းဆောင်ကို လိုက်ခဲ့"

ချွေးမတော်က ဘေးနားတွင်ရှိနေလျှင် ပိုပြီးအားရှိသည်ဟု ခံစားရသောကြောင့်ပင်။

လုမင်ယွိသည်လဲ စဥ်းစားမနေဘဲ ချက်ချင်းလက်ခံလိုက်လေသည်။

ချောင်မိဖုရားခေါင်သည်လဲ တွေဝေတတ်သူ မဟုတ်ပေ။ ဆုံးဖြတ်ချက်ချပြီးသည်နှင့် ချောင်ကောလောင်နှင့် ဝန်ကြီးချုပ်၆ဦးကို ဝမ်ဟွားနန်းဆောင်သို့ လာရောက်ရန် အမိန့်တော်ချမှတ်လိုက်သည်။ စတုတ္ထမင်းသားသည်လဲ အမိန့်တော်ရရှိပြီး ဝမ်ဟွားနန်းဆောင်သို့ အလျင်အမြန် ရောက်လာခဲ့၏။

တိုက်ဆိုင်စွာပင် နန်းတော်အပြင်ဘက်တွင် ချောင်မိဖုရားခေါင်နှင့် လုမင်ယွိတို့ကို တွေ့လိုက်ရလေသည်။

ရုတ်တရက် တွေ့လိုက်ရသဖြင့် စတုတ္ထမင်းသားသည် အံ့သြသွားပြီး ပါးစပ်မှ လွှတ်ခနဲ ထွက်သွားတော့သည်။ "အာ့စောင် ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ"

လုမင်ယွိက စတုတ္ထမင်းသားကို တစ်ချက်စွေကြည့်လိုက်ကာ "ဘာလဲ လာလို့မရဘူးလား"

စတုတ္ထမင်းသားသည် ဉာဏ်ကောင်းသူပီပီ အံ့သြနေသည့်အမူအယာကို ချက်ချင်းပြင်ဆင်လိုက်ပြီး ပြုံးဖြဲကာ ပြောလိုက်တော့သည်။ "ကျွန်တော် စကားပြောမှားသွားပါတယ်။ အာ့စောင် စိတ်ထဲမထားပါနဲ့။ အခု ဖုဟွမ်နဲ့အာ့ကောတို့ စစ်ထွက်နေကြတော့ နန်းတော်ထဲမှာ ဦးစီးနိုင်တာဆိုလို့ မူဟုပ်နဲ့ အာ့စောင်ပဲရှိတာလေ။ အာ့စောင်က မူဟုပ်နဲ့အတူလိုက်လာတာ သင့်တော်ပါတယ်"

အရှင်မင်းကြီးမရှိလျှင် မိဖုရားခေါင်က အရှင်မင်းကြီးကိုယ်စား ဆောင်ရွက်နိုင်ပေသည်။ ထိုနည်းတူစွာ အိမ်ရှေ့စံမရှိလျှင် အိမ်ရှေ့စံမိဖုရားက ကိုယ်စားဆောင်ရွက်သည်မှာ သဘာဝကျသည်ပင်။

ချောင်မိဖုရားခေါင်သည် နိုင်ငံရေးကိစ္စများကို ပထမဦးဆုံးအကြိမ် တရားဝင် ဝင်ရောက်စွက်ဖက်ခြင်း ဖြစ်သဖြင့် စိတ်လှုပ်ရှားနေသော်ငြားလည်း စတုတ္ထမင်းသား၏ မြှောက်ပင့်နေသော မျက်နှာဘေးကို မြင်လိုက်ရသည့်အခါ ရယ်မောလိုက်ပြီး အနည်းငယ် စိတ်သက်သာရာ ရသွားတော့သည်။ "ကဲပါလေ။ စကားများမနေနဲ့တော့ အရင်ဝင်ကြမယ်"

ပုံမှန်အချိန်များတွင် ချောင်မိဖုရားခေါင်သည် စတုတ္ထမင်းသားကို သိပ်မကြည့်ချင်သော်ငြားလည်း ယခုလို အချိန်မျိုးတွင်တော့ မိသားစုဝင်အချင်းချင်း စည်းလုံးရမည်ဟု တွေးမိလေသည်။

စတုတ္ထမင်းသားသည်လဲ အလိုက်တသိဖြင့် လုမင်ယွိကို ဦးစားပေးကာ လမ်းဖယ်ပေးလိုက်၏။

လုမင်ယွိကလဲ အားနာမနေတော့ဘဲ ချောင်မိဖုရားခေါင်ကို တွဲကူကာ ဝမ်ဟွားနန်းဆောင်ထဲသို့ ဝင်ရောက်သွားလေတော့သည်။

...

အုပ်ချုပ်ရေးအဖွဲ့ဝင် ဝန်ကြီး၇ဦးသည် နေ့စဥ်၂ဦး ကိစီ အလှည့်ကျဖြင့် နန်းတော်ထဲတွင် တာဝန်ထမ်းဆောင်ကြရသည်။ အရေးကြီးကိစ္စများ ပေါ်ပေါက်လာပါက ချက်ချင်း ကိုင်တွယ်ဖြေရှင်းနိုင်ရန်ဖြစ်၏။ ယနေ့တာဝန်ကျသူများမှာ ချောင်ကောလောင်နှင့် လော်အမတ်ကြီးတို့ ဖြစ်ကြသည်။

ချောင်မိဖုရားခေါင်၏ အမိန့်တော်ရောက်ရှိလာပြီး မကြာခင်တွင် ချောင်ကောလောင်နှင့် အမတ်ကြီးလော်တို့ ရောက်ရှိလာကြလေသည်။

ချောင်ကောလောင်သည် အသက်အရွယ် ကြီးရင့်နေပြီဖြစ်သော်လည်း လမ်းလျှောက်နှုန်းကတော့ မနှေးကွေးပေ။ အမတ်ကြီးလော်က လမ်းလျှောက်ရင်း ချောင်ကောလောင်ကို တီးတိုးပြောလိုက်၏။ "သူပုန်နှိမ်နှင်းဖို့ကိစ္စ ထပ်ပြီး အချိန်ဆွဲလို့မရတော့ဘူး။ အခုဆိုရင် ဟွမ်ဟုန်ညန်ညန်တောင် သိသွားပြီ။ ဒီနေ့ အဖြေတစ်ခု ထွက်အောင်လုပ်မှရမယ်"

ချောင်ကောလောင်က လေးနက်သောအသံဖြင့် ပြောလိုက်၏။ "ဘာပဲဖြစ်ဖြစ် မြို့တော်လုံခြုံရေးက အဓိကပဲ"

အမတ်ကြီးလော်ကလဲ ခေါင်းညိမ့်လိုက်လေသည်။

သူနှင့် ချောင်ကောလောင်သည် ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသလို နိုင်ငံရေးအမြင်လဲ တူညီကြ၏။ ဒီကိစ္စတွင်လည်း သူသည် တိုင်းပြည်တစ်ခုလုံးအတွက် စဥ်းစားချင့်ချိန်ခြင်းသာဖြစ်ပြီး ကိုယ်ကျိုးအတ္တ မပါဝင်ပေ။

သူတို့နှစ်ဦး ဝမ်ဟွားနန်းဆောင်ထဲသို့ ဝင်လိုက်သည်နှင့် ချောင်မိဖုရားခေါင်၏ ဘေးတွင် တည်ငြိမ်စွာရပ်နေသော အိမ်ရှေ့စံမိဖုရား လုမင်ယွိကို တွေ့လိုက်ရသဖြင့် အနည်းငယ် မျက်နှာပျက်သွားကြတော့သည်။

အနောက်နန်းဆောင်သည် နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်ခွင့် မရှိချေ။

အခြေအနေက အလွန်အရေးကြီးနေပြီး ဝန်ကြီးများအကြား အငြင်းပွားမှု မပြီးပြတ်နိုင်သေးသဖြင့် ချောင်မိဖုရားခေါင်ကို အသိပေးခဲ့ရခြင်းပင်။ လုမင်ယွိက ဘာလာလုပ်ပါသနည်း။

ချောင်ကောလောင်သည် ဝန်ကြီးချုပ်လဲဖြစ် ချောင်မိဖုရားခေါင်၏ ဖခင်အရင်းလဲ ဖြစ်သဖြင့် ခါးကိုမတ်မတ်ထားကာ အားနာခြင်းမရှိဘဲ ပြောလိုက်တော့၏။ "ဒီနေ့ စစ်ရေးကိစ္စ ဆွေးနွေးမှာမလို့ ဟွမ်ဟုပ်ညန်ညန်ကို အသိပေးရတာတောင် မဖြစ်သင့်ပါဘူး။ ထိုက်ဇီဖေးအနေနဲ့ ရှောင်ပေးပါ"

ချောင်မိဖုရားခေါင်သည် ဖခင်ဖြစ်သူကို ပြန်မပြောချင်သဖြင့် လုမင်ယွိကို အကူအညီတောင်းသည့် အကြည့်ဖြင့် ကြည့်လိုက်လေသည်။

လုမင်ယွိ၏ မျက်နှာအမူအယာကတော့ ပြောင်းလဲခြင်းမရှိဘဲ တည်ငြိမ်စွာ.ပြန်ပြောလိုက်၏။ "မူဟုပ်က စာပေပညာရှင်မျိုးရိုးက ဆင်းသက်လာသလို သိုင်းပညာလဲ မသင်ဖူးဘူး။ စစ်သူကြီးကျမ်းတွေကိုလဲ မဖတ်ဖူးပါဘူး။ စစ်တိုက်တဲ့ကိစ္စကို နားမလည်ပါဘူး။ ကျွန်မ ဒီနေ့လိုက်လာတာက မူဟုပ်ရဲ့ နားတစ်စုံအနေနဲ့ လာတာပါ။ တစ်ယောက်ယောက်က မူဟုပ်ကို လှည့်စားမှာစိုးလို့လေ"

"ချောင်ကောလောင်က ပါးစပ်ဟတာနဲ့ ကျွန်မကို ရှောင်ခိုင်းနေတော့ ကျွန်မလဲ သံသယဝင်မိတယ်။ မဟုတ်မှလွဲရော တစ်ခုခုမှားယွင်းနေတာကို ကျွန်မ ကြားသွားမှာ စိုးရိမ်လို့များလား"

ချောင်ကောလောင်သည် မြေးချွေးမ၏ စကားကြောင့် အသက်ရှူကြပ်သွားကာ မျက်နှာထားဖြင့် တင်းမာသွားတော့သည်။ "ဒီအမတ်ကြီးရဲ့ သစ္စာတရားက တကယ်အစစ်အမှန်ပါ။ စဥ်းစားသမျှ အရာအားလုံးကလဲ သာ့ဝေတိုင်းပြည်အတွက် သက်သက်ပါပဲ"

"ဒါဆိုရင် ချောင်ကောလောင်အနေနဲ့ ကျွန်မ မူဟုပ်နားမှာရှိနေတာကို ဘာလို့ သဘောမကျ ဖြစ်နေရတာလဲ" လုမင်ယွိ၏ လေသံသည် တည်ငြိမ်သော်လည်း စကားလုံးများကတော့ ထက်ရှလေသည်။ "ပြီးတော့ အမတ်လောင်းချောင်က နိုင်ငံရေး မစွက်ဖက်ရဘူးဆိုတာ ယခင်မင်းဆက်က စည်းကမ်းပါ။ ယခင်မင်းဆက်လဲ ပျက်သုန်းသွားပါပြီ။ သာ့ဝေတိုင်းပြည်ရဲ့ ဥပဒေထဲမှာ ဒီအချက်မပါပါဘူး"

ချောင်ကောလောင် "..."

အမတ်ကြီးလော်သည်လဲ စိတ်ထဲတွင် အံ့သြမိသွားလေသည်။

အိမ်ရှေ့စံမိဖုရား၏ ထက်မြက်ပုံကို ကြားဖူးသော်ငြားလည်း ယနေ့ မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ရတော့မှ ကောလာဟလထက်ပင် သာလွန်ကြောင်း သိလိုက်ရ၏။ မိဖုရားခေါင်၏ ဖခင်အရင်းကိုပင် ပြန်ပြောရဲလေသည်။

ချောင်မိဖုရားခေါင်သည် ဖခင်ဖြစ်သူ မျက်နှာပျက်နေသည်ကို မြင်သောအခါ ချောင်းတစ်ချက်ဟန့်လိုက်ပြီး လုမင်ယွိကို ကြည့်လိုက်၏။ "လုရှီ ... အမတ်ချုပ်ကြီးကို ရိုင်းရိုင်းစိုင်းစိုင်း မပြောရဘူး"

သူသည် ဝန်ကြီးချုပ်သာမက မိဖုရားခေါင်၏ ဖခင်အရင်း အိမ်ရှေ့စံ၏ အဘိုးအရင်းလဲ ဖြစ်လေသည်။

လုမင်ယွိကလဲ ချောင်မိဖုရားခေါင်ကို ပြုံးပြလိုက်ကာ "မူဟုပ် အတွေးလွန်နေပါပြီ။ ချောင်ကောလောင်က လက်ရှိဝန်ကြီးချုပ်လေ သဘောထားကြီးတဲ့သူပဲ။ မိန်းကလေးတစ်ယောက်နဲ့ ဘယ်မှာ ဖက်ပြိုင်ပြီး စကားများနေပါ့မလဲ"

ဒီစကားက ... တကယ်လို့ သူသာ စိတ်ဆိုးလိုက်ရင် သဘောထားသေးသိမ်ရာ ရောက်သွားတော့မှာပေါ့။

ချောင်ကောလောင်သည် စကားဖြင့် ပြန်ပိတ်ခံလိုက်ရသဖြင့် အနေရခက်သော်ငြား ပါးစပ်ပိတ်မနေမိချေ။ "ထိုက်ဇီဖေးက နေချင်တယ်ဆိုမှတော့ ဒီအမတ်ကြီးကလဲ ဘာမှမပြောလိုတော့ပါဘူး။ ဒါပေမဲ့ ဒီကိစ္စက အရေးကြီးပါတယ်။ ထိုက်ဇီဖေးက စစ်သူကြီးမျိုးရိုးကမလို့ ငယ်ငယ်ကတည်းက သိုင်းပညာသင်ဖူးပြီး စစ်သူကြီးကျမ်းတွေလည်း ဖတ်ဖူးပေမဲ့ တကယ်တမ်း စစ်တိုက်တာကိုတော့ မဦးစီးဖူးပါဘူး။ စစ်ရေးကိစ္စတွေကို တပိုင်းတစ်စလောက်ပဲ နားလည်တာပါ။ ခဏနေ ဆွေးနွေးတဲ့အခါ ထိုက်ဇီဖေးအနေနဲ့ နားထောင်ရုံပဲနားထောင်ပြီး ဝင်မပြောစေချင်ပါဘူး"

နားမလည်ရင် ဝင်မရှုပ်နဲ့ဟု တည့်တည့်ပြောလိုက်သကဲ့သို့ပင်။

လုမင်ယွိ၏ မျက်ဝန်းများက ပိုမိုတောက်ပလာပြီး ချောင်ကောလောင်ကို စူးစိုက်ကာ ကြည့်လိုက်လေသည်။ "ဝန်ကြီးယောင်တို့ ရောက်မလာသေးခင် ကျွန်မအားနေတုန်း ချောင်ကောလောင်ကို မေးခွန်းနည်းနည်းလောက် မေးချင်ပါတယ်"

ချောင်ကောလောင်သည် ဒေါသကို အောင့်အီးထားပြီး ပြန်ဖြေလိုက်ရတော့သည်။ "ထိုက်ဇီဖေး မေးချင်တာရှိရင် မေးပါ။ ဒီအမတ်ကြီး သိသလောက် ဖြေပါ့မယ်"

"ကျွန်မ မေးမဲ့မေးခွန်းတွေကို ချောင်ကောလောင်အနေနဲ့ အကန့်အသတ်လောက်ပဲ သိမယ်ထင်တယ်"

လုမင်ယွိသည် အားနာခြင်းမရှိဘဲ ချောင်ကောလောင်ကို ထပ်မံထိုးနှက်လိုက်ပြန်သည်။ "စတုတ္ထမင်းသားက ပြည်တွင်းသူပုန်ကိစ္စကို ကျွန်မကို ပြောပြပြီးပါပြီ။ သူပုန်နှိမ်နှင်းဖို့ကိစ္စက အရမ်းအရေးကြီးပါတယ်။ နန်းတွင်းကနေ အမာခံတပ်တွေကို လွှတ်ပြီး အမြန်ဆုံး မနှိမ်နှင်းတာ ဘာသဘောလဲ"

ချောင်ကောလောင်သည် မျက်မှောင်ကြုတ်လိုက်ပြီး စတုတ္ထမင်းသားကို တစ်ချက်လှမ်းကြည့်လိုက်၏။

စတုတ္ထမင်းသားကလဲ ဘာမှမသိသလို ဟန်ဆောင်ကာ ငြိမ်နေလိုက်လေသည်။

ချောကောလောင်သည် သူ၏ စိတ်ထဲတွင် မကျေမနပ်ဖြစ်သွားသော်လည်း စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြလိုက်ရတော့သည်။ "တပ်မကြီး စစ်ချီသွားတော့ မြို့တော်မှာ မြို့စောင့်တပ်နှစ်သောင်းနဲ့ တော်ဝင်ကိုယ်ရံတော်တပ် သုံးသောင်းပဲ ကျန်ပါတယ်။ တကယ်လို့ အမာခံတပ်တွေကို စေလွှတ်လိုက်ရင် တော်ဝင်ကိုယ်ရံတော်တပ်ထဲက လွှတ်ရလိမ့်မယ်။ အဲဒီ့အခါကျရင် မြို့တော်မှာ အင်အားနည်းသွားပြီး အန္တရာယ်များပါတယ်"

"တစ်ခုခုဖြစ်လာရင် မြို့တော်ကျသွားနိုင်တယ်။ ယခင်မင်းဆက် သင်ခန်းစာကို ယူရပါမယ်"

ချောင်ကောလောင် ပြောသည့်စကားကလဲ အဓိပ္ပါယ် မရှိသည်တော့ မဟုတ်ပေ။ လေသံကတော့ အလွန်မာကြောနေလေသည်။

အမတ်ကြီးလော်က ချောင်းတစ်ချက်ဟန့်လိုက်ပြီး ဝင်ပြောလိုက်လေသည်။ "ချောကောလောင်ပြောတာ အဓိပ္ပါယ် ရှိပါတယ်။ မြို့တော် လုံးဝအထိခိုက်မခံနိုင်ပါဘူး။ စစ်ကူအနေနဲ့ စစ်သည်ငါးထောင်လောက်လွှတ်ပြီး သူပုန်ငြိမ်းသွားမှပဲ ပြန်ခေါ်ရင်ရပါတယ်"

လုမင်ယွိက အပြုံးရိပ်ကင်းစင်သွားပြီး အေးစက်စက်လေသံဖြင့် ပြောလိုက်လေသည်။ "ဒေသခံတပ်တွေက စစ်ရှုံးပြီး စိတ်ဓာတ်ကျနေကြပြီ။ အဲဒီ့အချိန်မှာ စစ်သည်ငါးထောင်လောက် ထပ်လွှတ်လိုက်တာက စစ်ကူပို့တာမဟုတ်ဘဲ အသေခံခိုင်းတာနဲ့ အတူတူပဲ"

ဝန်ကြီးလော် "..."

ဝန်ကြီးလော်သည် ခေါင်းကို ပွတ်သပ်ချင်စိတ်ကို ထိန်းချုပ်ထားလိုက်ကာ ဆက်လက်ချေပလေသည်။ "ထိုက်ဇီဖေးပြောတာ နည်းနည်းစိုးရိမ်လွန်နေသလိုပဲ။ စစ်သတင်းအရ သူပုန်အင်အားက တစ်သောင်းလောက်ပဲ ရှိပါတယ်။ ဒေသခံတပ်က ငါးထောင်ကျန်သေးတယ်ဆိုတော့ နောက်ထပ်ငါးထောင်လောက် ထပ်လွှတ်လိုက်ရင် လုံလောက်ပါတယ် ..."

စကားမဆုံးခင် လုမင်ယွိက ဖြတ်ပြောလိုက်၏။ "စစ်သတင်းဆိုတာ လွန်ခဲ့တဲ့ရက်အနည်းငယ်က အခြေအနေပါ။ နန်းတွင်းမှာ ဒီကိစ္စကို ငြင်းခုန်နေကြတာနဲ့တင် အချိန်ကုန်နေပြီ။ အခု စစ်သည် ထပ်လွှတ်မယ်ဆိုရင်တောင် လမ်းခရီးမှာ ရက်အနည်းငယ် ထပ်ကြာအုံးမယ်။ တွက်ကြည့်လိုက်ရင် လဝက်လောက်ကြာသွားပြီ။ အဲဒီ့အချိန်ကျရင် ဒေသခံတပ် အင်အားငါးထောင် ကျန်ပါအုံးမလား။ သူပုန်အင်အားကရော တစ်သောင်းပဲရှိနေမယ်လို့ ဘယ်သူက အာမခံနိုင်မှာလဲ"

...

အပိုင်း (၃၃၀) ဓားသွားထက်ထက် (၂)

လုမင်ယွိ၏ စကားသည် ဝန်ကြီးလော်၏ ရင်ထဲတွင် စိုးရွံသွားစေလေသည်။

ဝန်ကြီးလော်၏ မျက်နှာအမူအယာသည်လဲ လေးနက်သွား၏။ သူသည် ကိုယ်ကျိုးအတ္တမရှိဘဲ မြို့တော်သည် အလွန်အရေးကြီးမားသောကြောင့် အမာခံတပ်များကို စေလွှတ်ရန် မထောက်ခံခဲ့ခြင်းသာပင်။

သို့သော် လုမင်ယွိပြောသည်မှာလည်း အလွန် အဓိပ္ပါယ် ရှိလေသည်။

တကယ်လို့ သူပုန်ထကြွမှာက နှင်းလုံးလှိမ့်သလို ကြီးထွားလာပြီး အင်းအားသုံးသောင်းလေးသောင်လောက် ဖြစ်လာရင် နန်းတွင်းက နှေးကွေးပြီး စစ်သည်တစ်သောင်း စေလွှတ်လိုက်တာက ဘာထူးခြားအုံးမှာလဲ။

"သူပုန်ရန်ကို ဝန်ကြီးလော်နဲ့ ချောင်ကောလောင်က တခြားသူတွေထက် ပိုသိမှာပါ" လုမင်ယွိ၏အသံသည် တစ်ဖန် ပေါ်ထွက်လာခဲ့၏။ "သူပုန်တွေကို အမြန်ဆုံး နှိမ်းနှင်းပြီး ပြည်သူတွေကို နှစ်သိမ့်ပေးတာက အရေးကြီးဆုံးပါပဲ"

"အချိန်မီ မနှိမ်နှင်းနိုင်ဘဲ သူပုန်တွေ အင်အားကြီးလာပြီး မြို့တော်အထိ ချီတက်လာမှာကို အကြောက်ဆုံးပါပဲ။ အဲဒီ့အချိန်ကျမှ နောင်တရနေရင် နောက်ကျသွားပြီ"

လုမင်ယွိ ပုံဖော်ပြလိုက်သည့် အခြေအနေမှာ အလွန်ကြောက်စရာကောင်းလှလေသည်။

စတုတ္ထမင်းသား၏ မျက်နှာသည်လဲ ပြောင်းလဲသွားပြီး မနေနိုင်ဘဲ ဝင်ပြောမိလိုက်တော့၏။ "အာ့စောင်ပြောတာ မှန်ပါတယ်။ ကျွန်တော်လဲ စောစောစီးစီး စစ်သည်လွှတ်ပြီး နှိမ်နှင်းသင့်တယ်လို့ ထင်ပါတယ်"

အမှန်တကယ်တွင်တော့ စတုတ္ထမင်းသားသည် အမာခံတပ်စေလွှတ်ရန် အမြဲတမ်း ထောက်ခံခဲ့သူဖြစ်သည်။ သို့သော်ငြား သူစကားက အလေးချိန်မရှိဘဲ ချောင်ကောလောင်နှင့် ဝန်ကြီးလော်တို့က ခေါင်းမာနေသဖြင့် အငြင်းပွားမှု မပြီးပြတ်နိုင်ခဲ့ခြင်းပင်။

ချောင်မိဖုရားခေါင်သည် တောက်လျှောက်နှုတ်ဆိတ်နေခဲ့ရာမှ ယခုအခါမှ စကားစပြောလာတော့သည်။ "ပန်ကုံးက စစ်ရေးစစ်ရာကို နားမလည်ပါဘူး။ ဒါပေမဲ့ အခု အရှင်မင်းကြီးနဲ့ ထိုက်ဇီတို့က ပြည်မကို စစ်တိုက်ထွက်နေကြတာ သာဝေ့တိုင်းပြည်မှာ သူပုန်ထကြွလို့ မဖြစ်ပါဘူး။ ပန်းကုံးလဲ စောစောစီးစီး စစ်ပွဲပြီးအောင်လုပ်တာ ကောင်းမယ်လို့ ထင်ပါတယ်"

ဝန်ကြီးလော်သည် နောက်ဆုံးတွင်တော့ စိတ်ပြောင်းသွားပြီး ချောင်ကောလောင်ကို လှမ်းကြည့်လိုက်လေသည်။

ချောင်ကောလောင်၏ မျက်နှာအမူအယာသည် ပြောင်းလဲသွားပြီး အတော်ကြာမှ ပြောလာခဲ့၏။ "အမာခံတပ်တွေကို အကုန်လုံး လွှတ်လိုက်လို့တော့ မြို့တော်မှာ တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ"

လုမင်ယွိ၏ မျက်ခုံးများက တောက်ပသွားပြီး ပြန်မေးလိုက်၏။ "မြို့တော်ရဲ့ မြို့ရိုးတွေက အမြင့်ဆုံးနဲ့အထူဆုံးပါ။ မြို့စောင့်တပ်က နှစ်သောင်းရှိတယ်။ လက်နက်ရိက္ခာတွေလဲ အပြည့်အစုံရှိတယ်။ ရိက္ခာတွေက မြို့တော်က ပြည်သူတွေကို တနှစ်စာကျွေးနိုင်တယ်။ လိုအပ်လာရင် အရာရှိအိမ်တော်တွေက ကိုယ်ရံတော်တွေ ဒါမှမဟုတ် သန်စွမ်းနဲ့ယောက်ျားတွေကို စုဆောင်းလိုက်ရင် လူအင်အား သောင်းချီထပ်ရနိုင်တယ်။ မသမာသူတွေ အခွင့်ကောင်းယူပြီး ပုန်ကန်ရင်တောင် မြို့တော်ကို မကာကွယ်နိုင်ဘူးလား"

ချောင်ကောလောင်သည် ပြန်ပြောစရာ စကားမရှိ ဖြစ်သွားတော့၏။

လုမင်ယွိက ဆက်ပြောလာ၏။ "ဒီလောကကြီးမှာ ၁၀၀% သေချာတဲ့အရာဆိုတာ မရှိပါဘူး။ ကိစ္စတိုင်းမှာ မတော်တဆဆိုတာ ရှိစမြဲပါပဲ။ အကျိုးအမြတ်ကို ချိန်ဆပြီး ရွေးချယ်ရုံပါပဲ။ ဒီကိစ္စကို ထပ်ပြီး အချိန်ဆွဲလို့ မရတော့ဘူး။ ဒီနေ့ အပြီးသတ်ဆုံးဖြတ်ပြီး ၂ရက်အတွင်း စစ်ထွက်ရမယ်"

စတုတ္ထမင်းသားက ထောက်ခံလိုက်လေသည်။ "အာ့စောင်ပြောတာ မှန်ပါတယ်"

ချောင်မိဖုရားခေါင်ကလဲ သဘောတူလေသည်။ "ဒါဆိုရင် အမြန်ဆုံး စစ်ထွက်လိုက်ပါ"

ချောင်ကောလောင်သည် နောက်ဆုံးတော့ အရှုံးပေးလိုက်ရပြီး မကျေမနပ်ဖြင့် လက်ခံလိုက်လေတော့၏။ "ဟွမ်ဟုပ်ညန်ညန်နဲ့ စတုတ္ထမင်းသားတို့ သဘောတူမှတော့ ဒီအမတ်ကြီးအနေနဲ့ ဘာမှပြောစရာ မရှိတော့ပါဘူး။ ဒါပေမဲ့ အမာခံတပ်လွှတ်မယ်ဆိုရင် ဘယ်လောက်လွှတ်မှာလဲ။ ပြီးတော့ ဘယ်သူ့ကို စစ်သူကြီးအဖြစ် ခန့်မှာလဲ"

လုမင်ယွိကလဲ တည်ငြိမ်စွာဖြင့် ပြောလိုက်၏။ "အသေးစိတ်ကိုတော့ စစ်ဘက်ရေးရာဝန်ကြီးယောင် ရောက်လာမှပဲ ဆွေးနွေးကြတာပေါ့"

ဝန်ကြီးလော်သည် စိတ်ထဲတွင် သက်ပြင်းချလိုက်မိ၏။

ထိုက်ဇီဖေးက အာဏာသိမ်းချင်တဲ့ပုံစံ မရှိဖူးဘဲ ဟုတ်သားပဲလေ - ဘယ်သူ့ကို စစ်သူကြီးခန့်မယ်ဆိုတာ စစ်ဘက်ရေးရာဝန်ကြီးရဲ့ အလုပ်လေ။ ဝနိကြီးယောင်ကလဲ ကြိုပြီးစဥ်းစားထားပြီးသား ဖြစ်မှာပါ။

လူအားလုံးက စကားမပြောကြတော့ဘဲ ဝမ်ဟွားနန်းဆောင်ထဲတွင် တိတ်ဆိတ်သွားလေသည်။

လေထုက အနည်းငယ် တင်းမာလို့နေ၏။

ချောင်မိဖုရားခေါင်က စိတ်ကို ငြိမ်သက်အောင်ထားလိုက်ပြီး ချောင်ကောလောင်ကို နူးညံ့စွာ နှစ်သိမ့်လိုက်လေသည်။ "ချောင်ကောလောင်ရဲ့ သစ္စတရားနဲ့ သာ့ဝေတိုင်းပြည်အတွက် စဥ်းစားပေးတာကို ပန်ကုံး နားလည်ပါတယ်။ ဒါပေမဲ့ သူပုန်နှိမ်နှင်းဖို့ကိစ္စ နှောက်နှေးလို့မရဘူး။ စောစောစီးစီး စစ်သည်လွှတ်ရမယ်။ လုရှီကလဲ ချောင်ကောလောင်ကို တမင်သက်သက် ရန်ရှာတာ မဟုတ်ပါဘူး။ ချောင်ကောလောင် စိတ်ထဲမှာ မထားပါနဲ့"

ချောင်မိဖုရားခေါင်က ကိုယ်တိုင်ဖျန်ဖြေပေးသဖြင့် ချောင်ကောလောင်သည် မနေသာတော့ဘဲ လေသံပျော့သွားတော့သည်။ "ဟွမ်ဟုပ်ညန်ညန် စိတ်ချပါ။ ဒီအမတ်ကြီးက ဒီလောက် သဘောထားမကြီးရင် ဝန်ကြီးချုပ်ဖြစ်လာမှာ မဟုတ်ပါဘူး"

လုမင်ယွိကလဲ ရယ်မောလိုက်၏။ "ဟုတ်တာပေါ့။ မူဟုပ် စိတ်မပူပါနဲ့။ မလာခင်တုန်းကတည်းက ကျွန်မ မူဟုပ်ကို ပြောသားပဲ။ ချောင်ကောလောင်က အတ္တမရှိတဲ့သူမလို့ ဒီကိစ္စကို စိတ်ထဲမှာထားမှာ မဟုတ်ဘူးလို့"

ထို့နောက် ပြုံးပျော်စွာဖြင့် လူကြီးသူမကို အရိုအသေ ပြုလိုက်လေသည်။ "ကျွန်မက စိတ်မြန်လက်မြန်ရှိပြီး စကားပြောတာ ဒဲ့တိုးဆန်တယ်။ ကွေ့ဝိုက်မပြောတတ်ဘူး။ ခုနက ရိုင်းပျမိတာရှိရင် ချောင်ကောလောင် စိတ်ထဲမထားပါနဲ့"

မျက်နှာပြောင်းလဲပုံ မြန်ဆန်လွန်ခြင်းက စတုတ္ထမင်းသားကို မျက်စိပွင့်နားပွင့် ဖြစ်ရလေစေတော့သည်။ အရင်တုန်းက အာ့စောင်ကို အာဏာပြင်းပြီး ထက်မြက်တယ်လို့ ထင်ခဲ့ပေမဲ့ အခုမှ သိလိုက်ရတာက အာ့စောင်က အချိန်မရွေး မျက်နှာပြောင်းနိုင်တဲ့ အရည်အချင်းပါ ရှိတာပဲ။

ဝန်ကြီးလော်သည် မုတ်ဆိတ်မွှေးကို သပ်လိုက်ပြီး စိတ်ထဲတွင် တွေးလိုက်မိလေသည်။ ချောင်ကောလောင် ဒီနေ့ရှုံးတာက မတရားဘူးလို့ မဆိုနိုင်ဘူးပဲ။

ချောင်ကောလောင်သည် ရှုပ်ထွေးနေသည့် မျက်နှာအမူအယာဖြင့် အရိုအသေပြုခြင်းကို အနည်းငယ်ရှောင်တိမ်းလိုက်၏။ "ထိုက်ဇီဖေး ဒီလိုပြောတာ ဒီအမတ်ကြီးကို သက်သက်မဲ့ အားနာအောင် လုပ်နေတာပါပဲ"

ဒီလိုနှင့် လေထုသည် အတော်အတန် ပြေလျော့သွားလေသည်။

ထိုအချိန်တွင် အတွင်းဆောင်မှ မာကုန်းကုန်း ဝင်ရောက်လာပြီး လျှောက်တင်လိုက်၏။ "ဝန်ကြီးယောင်နဲ့ ဝန်ကြီး၅ပါး ရောက်လာပါပြီ"

ကျန်ရှိသော ဝန်ကြီး၅ပါးသည်လဲ နန်းတော်ထဲသို့ အတူတကွ ရောက်ရှိလာကြပြီဖြစ်သည်။ ချောင်မိဖုရားခေါင်သည် လုမင်ယွိနှင့် အကြည့်ချင်းဖလှယ်လိုက်ပြီး ပြောလိုက်လေသည်။ "သူတို့ကို ဝင်ခွင့်ပြုလိုက်"

-

ဝန်ကြီးယောင်သည် ဝန်ကြီးများသည် အလျင်အမြန် နန်းတော်ထဲသို့ ဝင်ရောက်လာကြလေသည်။ နွေဦးရာသီ ဖြစ်သော်ငြားလည်း နဖူးပေါ်တွင် ချွေးစများသီးနေလေ၏။ ချွေးမသုတ်နိုင်ဘဲ ဝမ်ဟွားနန်းဆောင်ထဲသို့ ဝင်ရောက်လာကြခြင်းပင်။

ထို့နောက်တွင်တော့ ဝန်ကြီးများသည် လုမင်ယွိကို တွေ့လိုက်ရသဖြင့် အံ့သြသွားကြရတော့သည်။

အရှင်မင်းကြီးမရှိခိုက် နန်းတွင်းရေးရာ အငြင်းပွားနေသဖြင့် မိဖုရားခေါင်ကို ဝေင်ရောက်ဖြေရှင်းသည်ကို လက်ခံနိုင်သော်ငြားလည်း ထိုက်ဇီဖေးက ဘာကြောင့်များ လိုက်ပါလာခဲ့ပါသနည်း။

လုမင်ယွိသည် ခုနက ထက်မြက်သည့်ပုံစံကို ဖျောက်ပစ်လိုက်ပြီး လေသံနူးညံ့စွာဖြင့် ပြောလေသည်။ "ကျွန်မက မူဟုပ်ကို ပြုစုဖို့ လိုက်လာတာပါ။ ဝင်ပြီးစကားပြောမှာ မဟုတ်ပါဘူး။ ဝန်ကြီးတို့ ဆွေးနွေးစရာရှိတာ ဆွေးနွေးကြပါ။ ကျွန်မ ရှိနေတာကို ထည့်တွက်စရာ မလိုပါဘူး"

ဝန်ကြီးယောင်နှင့် ဝန်ကြီးများသည် စိတ်ကိုတည်ငြိမ်အောင် ထားလိုက်ကြပြီး ချောင်မိဖုရားခေါင်ကို အရင်ဆုံး ဂါရဝပြုလိုက်ကြ၏။

ချောင်မိဖုရားခေါင်သည် ဆုံးဖြတ်ချက်ချပြီးပြီဖြစ်သဖြင့် မတုန်လှုပ်တော့ပေ။ "ထကြပါ။ ပြည်တွင်းသူပုန်ကိစ္စနဲ့ ပတ်သက်ပြီး နန်းတွင်းမှာ အငြင်းပွားနေကြလို့ စတုတ္ထမင်းသားက စိုးရိမ်ပြီး ပန်ကုံးကို လာတင်ပြတယ်။ ပန်ကုံး ဒီနေ့ ဝန်ကြီးတို့ကို ခေါ်လိုက်တာက သူပုန်တွေကို အမြန်ဆုံးနှိမ်နှင်းဖို့ ဆုံးဖြတ်ချက် ချချင်လို့ပါ"

ထိုစကားကို ကြားလိုက်သည်နှင့် ဝန်ကြီးယောင်သည် စိတ်ထဲတွင် ကြိတ်ပြီး ဝမ်းသာသွားတော့၏။

စကားသံကို နားထောင်ကြည့်ရုံဖြင့် ချောင်မိဖုရားခေါင်သည် ချောင်ကောလောင်နှင့် ဝန်ကြီးလော်ကို နားချပြီးကြောင်း သိသွားလေသည်။

ထင်ထားသည့်အတိုင်းပင် ချောင်ကောလောင်ကပါ ပါးစပ်ဟလာသည့်အခါ လေယူလေသိမ်း ပြောင်းသွားလေသည်။ "ဟွမ်ဟုပ်ညန်ညန် ပြောတာ မှန်ပါတယ်။ ဝန်ကြီးယောင် အမြန်ဆုံး သူပုန်နှိမ်နှင်းဖို့အတွက် အမာခံတပ် ဘယ်လောက်လွှတ်ရင် သင့်တော်မလဲ။ ပြီးတော့ ဘယ်သူ့ကို စစ်သူကြီးခန့်ရင် သင့်တော်မလဲ"

ဝန်ကြီးယောင်သည် ကြိုတင်စဥ်းစားထားပြီးဖြစ်သဖြင့် ချက်ချင်းပြောလိုက်လေသည်။ "မြန်မြန်ဆန်ဆန် ပြီးပြတ်အောင် တိုက်ရမှာမလို့ တော်ဝင်ကိုယ်ရံတော်တပ် နှစ်သောင်းနဲ့ မြို့စောင့်တပ်တစ်သောင်းကို ထုတ်နှုတ်ပြီး စစ်သူကြီးစွန်းကို ဦးဆောင်ခိုင်းပြီး ချက်ချင်းစစ်ထွက်သင့်ပါတယ်"

စစ်သူကြီးစွန်းသည် ဝါရင့်စစ်သူကြီးတစ်ဦး ဖြစ်လေသည်။ ယုံးကျားဧကရာဇ် သူပုန်ထစဥ်က စစ်သူကြီးစွန်းသည် ယုံးကျားဧကရာဇ်၏ လက်အောက်မှ ရဲရင့်သော စစ်သူကြီးတစ်ဦးဖြစ်ခဲ့ပြီး စစ်မှုထမ်း အကျိုးဆောင်မှုများစွာ ရယူခဲ့ဖူးသည်။ နောက်ပိုင်း အသက်ကြီးလာသဖြင့် စစ်တိုက်ခဲသော်လည်း စစ်ရေးအတွေ့အကြုံအရ သူ့ကို ယှဥ်နိုင်သူမရှိပေ။

ထိုသို့ဆိုလျှင် မြို့တော်၌ တော်ဝင်ကိုယ်ရံတော်တပ် တစ်သောင်းနှင့် မြို့စောင့်တပ်တစ်သောင်းသာ ကျန်တော့မည်။

ချောင်ကောလောင်သည် မျက်မှောင်မကြုတ်နိုင်သေးခင်မှာပင် တရားစီရင်ရေးဝန်ကြီးယန်က ဝင်ပြောလိုက်လေသည်။ "ဒီနေ့ကစပြီး မြို့တော်မှာ ညမထွက်ရအမိန့် ထုတ်ပြန်မယ်။ ကင်းလှည့်သားတွေကို ပိုတိုးမြှင့်မယ်။ ပြီးတော့ မြို့တံခါးလဲ လေးပေါက်ထဲက နှစ်ပေါက်ကို ပိတ်ထားပြီး နှစ်ပေါက်ပဲ ဖွင့်ထားမယ်။ ဒါဆိုရင် မြို့စောင့်တပ် နည်းနေရင်တောင် အဆင်ပြေနိုင်ပါတယ်"

ဝန်ကြီးယောင်က စတုတ္ထမင်းသားကို တစ်ချက်လှမ်းကြည့်လိုက်၏။

စတုတ္ထမင်းသားသည် ချက်ချင်းသဘောပေါက်သွားပြီး မိမိဆန္ဒအလျောက် တာဝန်ယူလိုက်လေသည်။ "ကျွန်တော် စစ်တပ်ကို ကြပ်မတ်ဖို့အတွက် လိုက်ပါသွားပါမယ်"

နောက်ဆုံးတော့ တာဝန်ယူတတ်လာပြီပဲ။

ဒီလိုအချိန်မျိုးမှာ မင်းသားတစ်ပါးအနေဖြင့် ရှေ့ထွက်လာသင့်သည်။ သို့မှသာ ပြည်သူလူထု၏စိတ်ကို အမြန်ဆုံး တည်ငြိမ်စေနိုင်ပေမည်။

ဝန်ကြီးယောင်သည် ကျေနပ်သွားပြီး ဘဏ္ဍာရေးဝန်ကြီးကို မေးလိုက်၏။ "ဘဏ္ဍာရေးဌာနက ၂ရက်အတွင်း ရိက္ခာတွေ အဆင်သင့်ဖြစ်ပါ့မလား"

ထိပ်ပြောင်လုနီးပါးဖြစ်နေသော ဝန်ကြီးကောင်းက ပြတ်သားစွာ ဖြေလိုက်၏။ "ဖြစ်ပါတယ်"

လူအားလုံး သဘောတူညီမှု ရရှိသွားသဖြင့် ဆက်ပြီးပြောဆိုစရာ မလိုတော့ပေ။

ချောင်မိဖုရားခေါင်သည်လဲ ယခုမှသာ သက်ပြင်းချနိုင်တော့သည်။ "ကောင်းပြီ ဒီကိစ္စကို ဒီလိုပဲ ဆုံးဖြတ်လိုက်ကြတာပေါ့"

...

All Chapters