← Chapters

လောကကြီးတခွင်လုံး တုန်လှုပ်ချောက်ချားသွားခြင်

Vol. 25 Ch. 243

လောကကြီးတခွင်လုံး တုန်လှုပ်ချောက်ချားသွားခြင်

Vol. 25 Ch. 243

ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်း အတွင်းတွင် အသံတစ်သံမျှ ထွက်ပေါ်မလာတော့ချေ။

ယွဲ့ကျီ ပြောဆိုလိုက်သော စကားများသည် အလွန်အမင်း အံ့အားသင့်ဖွယ် ကောင်းလှသည်။

လူများအားလုံးသည် သူမ ပေးလိုက်သော သတင်းအချက်အလက်များကို ချေဖျက်ရန် ကြိုးစားနေကြ၏။

မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ အစစ်အမှန်နတ်ဆိုး အမွေအနှစ်ပင်။

ထိုအရာကို ရရှိပြီးသည်နှင့် အနာဂတ်တွင် အစစ်အမှန်နတ်ဆိုးတစ်ပါး၏အမြင့်သို့ မရောက်ရှိနိုင်လျှင်ပင် လူတစ်ယောက်အား လောကကြီးတွင် သာလွန်ထူးကဲသော တည်ရှိမှုတစ်ခု ဖြစ်လာစေရန် ခွင့်ပြုပေးနိုင်ပေမည်။

သို့သော် ထိုကဲ့သို့ အရာမျိုးသည် ငါးစာအဖြစ် လွှတ်ပေးထားခြင်းမျှသာ ဖြစ်သည်ဟု သူမက ပြောဆိုခဲ့သည်။

ဤသည်မှာ အမှန်တကယ်ကို ယုံကြည်နိုင်စရာ မရှိလောက်အောင် ဖြစ်နေပေ၏။

အချိန်တခဏကြာသည်အထိ လူများအားလုံးသည် အရှုံးနှင့်အမြတ်ကို ချိန်ဆကာ တွေးတောနေကြသည်။

ဤအစစ်အမှန်နတ်ဆိုးအမွေအနှစ်သည် လောကကြီးအတွက် သေစေနိုင်လောက်သော ဆွဲဆောင်မှုတစ်ခုကို ပိုင်ဆိုင်ထားကြောင်း ငြင်းဆို၍ မရနိုင်ပေ။

သို့သော် အရာတစ်ခုသည် မည်မျှထိ တန်ဖိုးရှိပါစေ... အကယ်၍ လူတစ်ယောက်သည် သူ့၏အသက်ကို ဆုံးရှုံးလိုက်ရပါက ထိုအရာကို ပိုင်ဆိုင်ထားခြင်းသည် ဘာအသုံးဝင်တော့မည်နည်း။

အမှန်အားဖြင့် လူများအားလုံးသည် ယွဲ့ကျီ ၏စကားများကို ယုံကြည်ကြသည်တော့ မဟုတ်ချေ။

ဆံပင်ဖြူပြီး မျက်နှာနုပျိုသော အကြီးအကဲတစ်ဦးက တည်ကြည်လေးနက်သော အသံဖြင့် မေးမြန်းသည်။

"မဟာအကြီးအကဲ... အစစ်အမှန်နတ်ဆိုး အမွေအနှစ်က လူတွေကို မျှားခေါ်ဖို့အတွက် အသုံးပြုထားတဲ့ ငါးစာလို့ သခင်မက ပြောခဲ့တယ်နော်... ဒါပေမဲ့ ကျွန်တော် သိချင်တာက အဲ့ဒါကို သက်သေပြဖို့ သခင်မမှာ ဘယ်လို အထောက်အထား ရှိလို့လဲ..."

ဤလူ၏အမည်မှာ ဟောက်ချန် ဖြစ်ပြီး နတ်ဘုရားဓားတောင်မျိုးနွယ်စု၏ ခေါင်းဆောင်ပင်။

ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်း၏အာဏာဖွဲ့စည်းပုံသည် မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူနှင့် ဆင်တူလေ၏။

ဤဂိုဏ်းတွင် စုစုပေါင်း မျိုးနွယ်စုရှစ်ခု ရှိသည်။

နတ်ဘုရားဓားတောင်မျိုးနွယ်စုသည် ထိုအရာများအနက်မှတစ်ခုပင်။

မျိုးနွယ်စုရှစ်ခုအနက် ယွဲ့ကျီ နေထိုင်သော ပျံသန်းခြင်းအင်မော်တယ်တောင် မျိုးနွယ်စုသည် အလေးစားခံရဆုံးဟု သတ်မှတ်ခံထားရသည်။

သို့သော် အချိန်ကြာမြင့်စွာ တည်ရှိနေသော မည်သည့်ဂိုဏ်းမဆို အာဏာလွန်ဆွဲပွဲများ ပေါ်ပေါက်လာခြင်းကို ရှောင်လွှဲ၍ မရနိုင်ချေ။

ဤနတ်ဘုရားဓားတောင် မျိုးနွယ်စုသည် ပျံသန်းခြင်းအင်မော်တယ်တောင် မျိုးနွယ်စု၏နေရာ၌ အစားထိုးရန် အမြဲတစေ ဆန္ဒရှိခဲ့သည်။

မျိုးနွယ်စုနှစ်စုကြားမှ ဆက်ဆံရေးသည် သဟဇာတ ဖြစ်သည်ဟု မဆိုနိုင်ချေ။

ထိုကြောင့် ဟောက်ချန်၏စကားများတွင် မဖော်ရွေသော လေသံများ ပါဝင်နေခြင်း ဖြစ်သည်။

ထိုမေးခွန်းထုတ်မှုကို ရင်ဆိုင်ရချိန်တွင် ယွဲ့ကျီက အရေးမစိုက်သော ပုံစံဖြင့်သာ ပြောဆိုလိုက်၏။

"တောင်သခင် ဟောက်ချန်က ငါ့ကို မယုံဘူးလား..."

ဟောက်ချန်၏မျက်နှာပေါ်တွင် ဝေခွဲရခက်သော အပြုံးတစ်ခု ထင်ဟပ်သည်။

"လူတစ်ယောက်ရဲ့နှလုံးသားကို ဝမ်းဗိုက်ကန့်လန့်ကာနဲ့ ပိုင်းခြားထားတယ်လို့ ဆိုကြတယ်..."

"မဟာအကြီးအကဲရဲ့ စကားသက်သက်နဲ့ကတော့ လူတွေကို ယုံကြည်စေဖို့ တကယ့်ကို ခက်ခဲလွန်းတယ်..."

"ဘာပဲဖြစ်ဖြစ် ဒါက တစ်ယောက်ယောက်က လုပ်ကြံဖန်တီးထားတဲ့ လိမ်ညာမှုတစ်ခု မဟုတ်ဘူးဆိုတာ ဘယ်သူ သိနိုင်မှာလဲ..."

"ရည်ရွယ်ချက်က တခြားသူတွေကို ခြိမ်းခြောက်ပြီးတော့ ကံကောင်းခြင်းတွေကို သူတစ်ယောက်တည်း ခံစားချင်လို့လည်း ဖြစ်နိုင်တယ်..."

ဤစကားများ ထွက်ပေါ်လာသည်နှင့် မျိုးနွယ်စု ရှစ်ခုမှ လူများ၏စိတ်အခြေအနေများ ကွဲပြားသွားကြ၏။

သူတို့သည် ယွဲ့ကျီ၏အကျင့်စရိုက်ကို ကောင်းစွာသိရှိထားကြသော်လည်း ဤအချိန်တွင် သူမ၏ ရည်ရွယ်ချက်များကို သံသယမဝင်ဘဲ မနေနိုင်ကြတော့ချေ။

မည်သို့ပင်ဆိုစေကာမူ ထိုကဲ့သို့ အထွတ်အထိပ် ရတနာမျိုး၏ရှေ့မှောက်တွင် မည်သူမျှ တည်ငြိမ်စွာ မနေနိုင်ကြချေ။

ပျံသန်းခြင်းအင်မော်တယ်မျိုးနွယ်စုမှ လူများသာလျှင် အလွန်အမင်း ဒေါသထွက်နေကြသည်။

"ဟောက်ချန်... အိုမင်းနေတဲ့ လူယုတ်မာကြီး... တခြားလူတွေရဲ့ နှလုံးသားကို မင်းလိုပဲ ညစ်ပတ်တယ်လို့ မထင်နဲ့..."

"မဟာအကြီးအကဲက ဘယ်လို အဆင့်အတန်းမျိုးလဲ... သူက မင်း မေးခွန်းထုတ်လို့ရတဲ့ လူစားမျိုးလား..."

"ဟုတ်တယ်..."

"ငါတို့ ပျံသန်းခြင်းအင်မော်တယ် မျိုးနွယ်စုက ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်တယ်... ငါတို့ရဲ့ လုပ်ရပ်တွေက ပွင့်လင်းမြင်သာပြီးတော့ ရိုးသားတယ်... ငါတို့ရဲ့စိတ်နှလုံးသားထဲမှာ နောင်တရစရာ ဘာမှမရှိဘူး..."

"မင်း မယုံရင် မင်းဘာသာ သွားသေလိုက်... မင်းရဲ့ ဂိုဏ်းတူညီအစ်ကိုတွေကို ဆွဲမထည့်နဲ့... ပြီးတော့ မင်းရဲ့ မိုက်မဲမှုအတွက် သူတို့ရဲ့ အသက်တွေနဲ့ မပေးဆပ်ခိုင်းနဲ့..."

မကြာမီမှာပင် မူလက သဟဇာတဖြစ်နေသော အစည်းအဝေးတစ်ခုသည် တဖြည်းဖြည်းနှင့် မျိုးနွယ်စုနှစ်ခုကြားမှ နှုတ်ရေးစစ်ပွဲတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပေ၏။

"မင်းတို့က ဘာတွေ လျှောက်ပြောနေတာလဲ..."

"တောင်သခင်ပြောတာက ဖြောင့်မတ်မှန်ကန်တဲ့ စကားတစ်ခွန်းပဲ..."

"တောင်သခင်က မင်းတို့ရဲ့အနာကို ထိမိသွားလို့ မင်းတို့အားလုံးက တခြားလူတွေကို ကိုက်ချင်နေကြတာလား..."

မကြာမီမှာပင် နှုတ်ရေးစစ်ပွဲသည် အရှိန်မြင့်တက်လာပြီး ဂိုဏ်းဝင်များ အပြန်အလှန် အငြင်းပွားသည့်အဆင့်သို့ ရောက်ရှိသွားသည်။

အဆင့်မြင့်ကျင့်ကြံသူများအားလုံးသည် သာလွန်ထူးကဲသော ပုဂ္ဂိုလ်များ မဟုတ်ကြောင်း သိသာရှင်းလင်းစွာ မြင်တွေ့နိုင်ပေ၏။

သူတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများနှင့် ပတ်သက်လာလျှင် သူတို့သည် အသက်ရှည်ရှည် နေထိုင်ခဲ့ရသောကြောင့် သူတို့၏ ငြင်းခုံခြင်းများသည် သာမန်လူများထက် အဆင့်တစ်ဆင့် ပိုမြင့်နေတတ်သည်။

နှစ်ဖက်ကြားမှ အငြင်းပွားမှု ပြင်းထန်လာသည်ကို မြင်လိုက်ရသဖြင့်...

ပလ္လင်ပေါ်တွင် ထိုင်နေသော ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်ယွဲ့နန်ထျန်းက တည်ကြည်လေးနက်သော အသံဖြင့် အော်ငေါက်လိုက်၏။

"တော်ကြတော့..."

"မင်းတို့အားလုံးက ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းရဲ့ အဆင့်မြင့်အဖွဲ့ဝင်တွေပဲ... ဒီလောက်ထိ ဆူညံပွက်လောရိုက်နေကြတာ ဘယ်လို ကျင့်ဝတ်မျိုးလဲ..."

ဂိုဏ်းချုပ် ဒေါသထွက်လာသည်နှင့် ယခင်က အလွန်ပြင်းထန်ခဲ့သော နှုတ်ရေးစစ်ပွဲ ချက်ချင်းရပ်တန့်သွားသည်။

ဂိုဏ်းချုပ်ယွဲ့နန်ထျန်း၏အဆင့်အတန်းသည် ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းအတွင်း၌ အလွန်အားကောင်းနေဆဲဖြစ်ကြောင်း သိသာထင်ရှားသည်။

နှုတ်ရေးစစ်ပွဲ ရပ်တန့်သွားသည်ကို မြင်လိုက်ရသဖြင့်...

ယွဲ့နန်ထျန်း၏ အကြည့်သည် ခန်းမဆောင်တစ်ခုလုံးကို ဖြတ်ကျော်သွားပြီး နောက်ဆုံးတွင် ဟောက်ချန်အပေါ်၌ ရပ်တန့်သွားသည်။

"ဟောက်ချန်... ပျံသန်းခြင်းအင်မော်တယ် မျိုးနွယ်စုနဲ့ နတ်ဘုရားဓားတောင်မျိုးနွယ်စုကြားမှာ ပဋိပက္ခတွေ ရှိနေတာ ငြင်းလို့မရဘူး..."

"ဒါပေမဲ့ မျိုးနွယ်စုနှစ်ခုလုံးက ဇစ်မြစ်တစ်ခုတည်းက လာတာပဲ..."

"အခုက စိတ်လိုက်မာန်ပါ လုပ်ဆောင်ရမယ့်အချိန် မဟုတ်ဘူး..."

"ကိစ္စတော်တော်များများမှာ... ပြဿနာ မရှိဘူးလို့ ယုံကြည်တာထက် ရှိတယ်လို့ ယုံကြည်ထားတာက ပိုကောင်းတယ်..."

"ဒီကိစ္စကို ဒီမှာပဲ ရပ်လိုက်ကြရင် ဘယ်လိုလဲ..."

ဟောက်ချန်က မထီမဲ့မြင် ပြုလိုက်သည်။

"ဂိုဏ်းချုပ်... ခင်ဗျားက စကားအနေနဲ့တော့ ပြောဖို့ လွယ်တာပေါ့...ဒါပေမဲ့ ကျွန်တော်အတွက်ကတော့ အစစ်အမှန်နတ်ဆိုး အမွေအနှစ်ကို လက်လွှတ်လိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး..."

"ဒီလောကမှာ တကယ်ပဲ သီးသန့်နေထိုင်တဲ့ ထိပ်သီးကျင့်ကြံသူတချို့ ရှိနေတာတော့ အမှန်ပဲ..."

"ဒါပေမဲ့ အဲ့ဒီလူတွေအားလုံးက နဂါးခေါင်းကို မြင်ရပြီးတော့ အမြှီးကို မမြင်ရတဲ့ အထွတ်အထိပ်ပုဂ္ဂိုလ်တွေချည်းပဲ..."

"မဟာအကြီးအကဲက တကယ့်ကို ကံကောင်းလွန်းတာလား... သူက အဲ့ဒီလို အရှင်သခင်တစ်ယောက်နဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံခဲ့တယ်..."

"ပြီးတော့ အဲဒီလို တည်ရှိမှုမျိုးရဲ့ လုပ်ရပ်တွေ နောက်ကွယ်က အကြောင်းအရင်းနဲ့ အကျိုးဆက်ကိုတောင် သူက ပိုင်းခြားသိမြင်နိုင်တာလား..."

သူသည် ထိုစကားများကို ပြောဆိုရင်း ယွဲ့ကျီကို လှောင်ပြောင်သကဲ့သို့ ကြည့်လိုက်၏။

ယွဲ့ကျီ ပြောသော စကားများသည် အမှန်တရား ဖြစ်ကြောင်း သူ၏စိတ်နှလုံးသားထဲမှ မယုံကြည်သည်မှာ သိသာထင်ရှားသည်။

ဤသရော်တော်တော်လေသံကို ကြားလိုက်ရသဖြင့် ယွဲ့ကျီသည် စိတ်သဘောထား ကောင်းမွန်သူ ဖြစ်သည့်တိုင် သူမ၏မျက်နှာထားသည် အေးစက်မသွားဘဲ မနေနိုင်တော့ချေ။

"ဟောက်ချန်... နင် မယုံရင် သွားလို့ရတယ်...ဒီနေရာမှာ သွယ်ဝိုက်ပြီး ပြောနေစရာ မလိုပါဘူး..."

"ဒါပေမဲ့ ငါ နင့်ကို သတိပေးလိုက်မယ်... ဒီခရီးစဉ်က နင် သေသွားဖို့ သေချာသလောက်ရှိတယ်... နင် သေသွားရင် ဘယ်သူမှ နင့်ရဲ့ အလောင်းကို လာကောက်မှာ မဟုတ်ဘူး... ဒါကြောင့် တခြားသူတွေကို အပြစ်မတင်နဲ့..."

ဤစကားများသည် ဟောက်ချန်ကို အဆက်မပြတ် ရယ်မောစေခဲ့သည်။

သူ၏အမြင်အရ ယွဲ့ကျီ၏တုံ့ပြန်မှုသည် သူမ စိုးရိမ်ပူပန်နေကြောင်း ရှင်းရှင်းလင်းလင်း ပြသနေခြင်းပင်။

ဤအရာက မျှားခေါ်ရန် ပြင်ဆင်ထားသည်ဆိုသည့် အချက်မှာ လှည့်စားသော စကားလုံးများသာ ဖြစ်ကြောင်း သူ့ကို ပို၍ယုံကြည်သွားစေသည်။

ဤသို့ တွေးတောမိပြီးနောက် သူသည် ပို၍စိတ်သက်သာရာ ရသွားပြီး အပြုံးနှင့် ပြောဆိုလိုက်၏။

"စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မဟာအကြီးအကဲ..."

"ဒါပေမဲ့ စိတ်မပူပါနဲ့... ကျွန်တော်က တာအိုကို ကျင့်ကြံတဲ့ အချိန်ကစပြီးတော့ မရေမတွက်နိုင်တဲ့ မုန်တိုင်းကြီးတွေ လှိုင်းလုံးကြီးတွေကို ကြုံတွေ့ခဲ့ပြီးပါပြီ..."

"ဒီလောကမှာ ဒီလူအိုကြီးကို သတ်နိုင်တဲ့လူ မမွေးသေးပါဘူး..."

သူသည် ထိုစကားကိုပြောဆိုရင်း သူ၏အကြည့်သည် ဂိုဏ်းချုပ်ယွဲ့နန်ထျန်းထံသို့ ရွေ့လျားသွားပေ၏။

"ဂိုဏ်းချုပ်... အစစ်အမှန်နတ်ဆိုး အမွေအနှစ် ထွက်ပေါ်လာတာနဲ့အမျှ နှောင့်နှေးနေတဲ့ အချိန်အခိုက်အတန့်တိုင်းက တခြားသူတွေ လက်ဦးအောင် ယူသွားမယ့် အန္တရာယ် ရှိနေတယ်..."

"တကယ်လို့ ပျံသန်းခြင်းအင်မော်တယ် မျိုးနွယ်စုက ဒီအစစ်အမှန်နတ်ဆိုး အမွေအနှစ် တိုက်ပွဲမှာ မပါဝင်ချင်ဘူးဆိုရင်... ကျွန်တော်တို့ နတ်ဘုရားဓားတောင် မျိုးနွယ်စုက အရင်သွားနှင့်ပါ့မယ်..."

သူသည် ထိုသို့ပြောဆိုရင်း ယွဲ့နန်ထျန်း၏ သဘောတူညီချက်ကို မစောင့်ဘဲ ပင်မခန်းမဆောင်ထဲမှ ဦးဆောင်၍ ထွက်ခွာသွားခဲ့လေပြီ။

သူသည် လူစုပြီး အစစ်အမှန်နတ်ဆိုး အမွေအနှစ်အတွက် ယှဉ်ပြိုင်ရန် ရည်ရွယ်ကြောင်း သိသာထင်ရှားသည်။

ဟောက်ချန် ထွက်ခွာသွားသည်နှင့် ကျန်ရှိနေသော တခြားမျိုးနွယ်စုများမှ တောင်သခင်များထံတွင်လည်း သူတို့၏ကိုယ်ပိုင်အတွေးများ ရှိလာကြသည်။

သို့သော် ပျံသန်းခြင်းအင်မော်တယ် မျိုးနွယ်စုနှင့် သူတို့အကြားရှိ ဆက်ဆံရေးသည် လက်ခံနိုင်သော အခြေအနေတွင် ရှိသေးပြီး နတ်ဘုရားဓားတောင်မျိုးနွယ်စုနှင့် ဖြစ်ပွားနေသကဲ့သို့ တင်းမာခြင်း မရှိပေ။

ထို့ကြောင့် ယွဲ့ကျီ ပြောသော စကားများနှင့် ပတ်သက်ပြီး သူတို့တွင် သံသယတချို့ ရှိနေသော်လည်း ငါးဆယ်ရာခိုင်နှုန်းခန့် ယုံကြည်နေကြလေပြီ။

မည်သို့ပင်ဆိုစေကာမူ ယွဲ့ကျီအနေဖြင့် လူများအားလုံးကို လိမ်ညာရန် မလိုအပ်ချေ။

တောင်သခင်တစ်ဦးက ထပ်မံ၍ အတည်ပြုမေးမြန်းလိုက်သည်။

"မဟာအကြီးအကဲ... ခင်ဗျား ကျွန်တော်တို့ကိုလှည့်စားနေတာတော့ မဟုတ်ပါဘူးနော်..."

ယွဲ့ကျီက တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။

"နင်တို့အားလုံး မယုံရင် ငါ မိုးကောင်းကင်တာအို ကျမ်းသစ္စာကို ကျိန်ဆိုဖို့ ဆန္ဒရှိတယ်..."

"ဒီနေ့ ငါ ပြောခဲ့တဲ့ စကားတွေထဲမှာ အလိမ်အညာ တစ်ဝက်လောက် ပါခဲ့ရင်... ငါ့ရဲ့ ခန္ဓာကိုယ် ပျက်စီးပြီး စိတ်ဝိညာဉ် ချေမှုန်းခံရတဲ့ ပြစ်ဒဏ်ကို ခံယူပါ့မယ်..."

"ရှီး..."

ဤမိုးကောင်းကင်တာအို ကျမ်းသစ္စာကို ကျိန်ဆိုလိုက်သည်နှင့် လူများအားလုံး တပြိုင်နည်တည်း အသက်ရှူမှားသွားကြသည်။

မိုးကောင်းကင်တာအို သစ္စာဆိုခြင်း ဆိုသည်မှာ လူတစ်ယောက်၏ကျင့်ကြံခြင်း မြင့်မားလေလေ ထိုအရာ၏သက်ရောက်မှုစွမ်းအား ပို၍ထိရောက်လေလေပင်။

သူမသည် သူမ၏အသက်ကို ရင်းပြီး ကျိန်ဆိုလိုက်သဖြင့် လူများအားလုံးသည် ယခင်က သူတို့၏စိတ်နှလုံးသားထဲတွင် မယုံချင်ကြလျှင်ပင် ယခုချိန်၌ ယုံကြည်လိုက်ရတော့သည်။

မည်သို့ပင်ဆိုစေကာမူ မည်သူတစ်ဦးတစ်ယောက်ကမျှ ကိုယ့်အသက်နှင့်ရင်းပြီး နောက်ပြောင်မည် မဟုတ်ချေ။

တစ်ချိန်တည်းမှာပင် ဟောက်ချန်သည် နတ်ဘုရားဓားတောင်မျိုးနွယ်စု၏ အဆင့်မြင့်အဖွဲ့ဝင်များနှင့်အတူ မိုးကောင်းကင်သို့ ပျံသန်းသွားခဲ့လေပြီ။

သူတို့သည် စုဝေးပြီးသား ဖြစ်နေပြီး အစွမ်းကုန် ကြိုးစားရန် အမိန့်တစ်ခုကိုသာ စောင့်မျှော်နေကြကြောင်း သိသာထင်ရှားလှ၏။

မည်သို့ပင်ဆိုစေကာမူ သူတို့သည် ဂိုဏ်းတူညီအစ်ကိုများပင်။ ဂိုဏ်းချုပ်ယွဲ့နန်ထျန်းသည် ခန်းမဆောင်တံခါးမှတဆင့် သူတို့ လျှင်မြန်စွာ ထွက်ခွာသွားသည်ကို ကြည့်လိုက်ပြီး မိုင်ပေါင်းတစ်ထောင်ကျော် အကွာအဝေးသို့ သတင်းစကားပေးပို့ကာ အကြံပေးလိုက်သည်။

"ဟောက်ချန်... ယွဲ့ကျီက မိုးကောင်းကင်တာအိုနဲ့တောင် ကျိန်ဆိုလိုက်ပြီ... သူ ပြောတာ မမှားနိုင်ဘူး...ဒီခရီးစဉ်မှာ အခက်အခဲတွေ အများကြီး ကြုံတွေ့ရနိုင်တယ်..."

"အစစ်အမှန်နတ်ဆိုး အမွေအနှစ်အတွက် တိုက်ခိုက်မယ့်ကိစ္စကို ဘာလို့ မင်း သေချာပြန်မစဉ်းစားရတာလဲ..."

သို့သော် သူ့ကို ပြန်လည်၍ တုံ့ပြန်လိုက်သည်မှာ လွှမ်းမိုးလိုစိတ် ပြင်းထန်ပြီး မောက်မာသော ရယ်မောသံသာဖြစ်သည်။

"ဂိုဏ်းချုပ်... ဘာမှထပ်ပြောစရာ မလိုတော့ပါဘူး...တစ်ခုခု မှားယွင်းသွားရင် ကျွန်တော် တစ်ယောက်တည်း တာဝန်ယူပါ့မယ်...ကျွန်တော်တို့ သေသွားရင်တောင် ဒါက ကျွန်တော်တို့ရဲ့ အမှားပဲ... ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရပါဘူး..."

ကြွယ်ဝချမ်းသာမှုသည် နှလုံးသားကို ဆွဲဆောင်နိုင်ပြီး ရတနာများသည် စိတ်ဝိညာဉ်ကို လှုပ်ရှားစေနိုင်သည်ဟု ဆိုကြ၏။

ဤအချိန်တွင် သူ၏စိတ်ထဲ၌ အစစ်အမှန်နတ်ဆိုး အမွေအနှစ်ဖြင့်သာ ပြည့်နှက်နေသည်ဖြစ်ရာ မည်သည့် အကြံဉာဏ်ကို သူ နားထောင်မည်နည်း။

တုံ့ပြန်မှုအနေဖြင့် သူသည် နတ်ဘုရားဓားတောင်မျိုးနွယ်စု၏ အဆင့်မြင့်အဖွဲ့ဝင်များကို ဦးဆောင်ပြီး သူတို့၏အင်အားကုန် အသုံးပြုကာ အရှိန်မြှင့်လိုက်သည်။

အချိန်တခဏအတွင်း၌ သူတို့သည် မိုးကုတ်စက်ဝိုင်းထဲသို့ တိုးဝင်ပျောက်ကွယ်သွားကြ၏။

သူတို့သည် ဂိုဏ်းကို ပြန်လှည့်ကြည့်ခဲ့ခြင်းပင် မရှိကြပေ။

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရချိန်၌ တောင်သခင်တစ်ဦးက မျက်မှောင်ကြုတ်ပြီး ပြောဆိုလိုက်သည်။

"ဂိုဏ်းချုပ်...မဟာအကြီးအကဲ ပြောတဲ့အတိုင်းဆိုရင် အဲ့ဒီ အစစ်အမှန်နတ်ဆိုး အမွေအနှစ်ရဲ့ တည်နေရာက အခုချိန်မှာ နဂါးကန်နဲ့ ကျားသိုက် ဖြစ်နေပြီ..."

"ကျွန်တော်တို့က နတ်ဘုရားဓားတောင် မျိုးနွယ်စုက လူတွေ ထွက်ခွာသွားတာကို ဒီတိုင်း ကြည့်နေကြတော့မှာလား..."

"ကျွန်တော်တို့က သူတို့ကို တားဆီးသင့်သလား..."

ယွဲ့နန်ထျန်းက စားပွဲခုံကို သူ၏လက်ချောင်းများဖြင့် ဆက်လက်၍ ခေါက်နေလေ၏။ အချိန်တခဏမျှ စဉ်းစားပြီးနောက် သူက လက်ဝှေ့ယမ်းပြီး ပြောဆိုသည်။

"ထားလိုက်တော့...ယွဲ့ကျီ ပြောတာ မမှားပေမယ့်... တချို့ကိစ္စတွေက သူ့ရဲ့ ခန့်မှန်းချက်တွေပဲ..."

"အစစ်အမှန်နတ်ဆိုး အမွေအနှစ်ကို လူသားတွေ ဝင်ရောက်စွက်ဖက်ပြီးတော့ ရွှေ့ပြောင်းတာ မဟုတ်လောက်ပါဘူး... ဖြစ်ကောင်းဖြစ်နိုင်တာက သူ မြင်ခဲ့ရတဲ့ လူက အထောက်အကူပြုတဲ့ အခန်းကဏ္ဍကနေပဲ ပါဝင်ခဲ့တာ ဖြစ်မှာပါ..."

"တကယ်တမ်းကျ အန္တရာယ် ရှိချင်မှ ရှိမှာပါ..."

ထိုတောင်သခင်က ထပ်မံ၍ ပြောဆိုသည်။

"ဒါပေမဲ့... တကယ်လို့ အမှန် ဖြစ်နေရင်ရော...နတ်ဘုရားဓားတောင် မျိုးနွယ်စုက မျိုးနွယ်စု ရှစ်ခုထဲက တစ်ခုလေ... တကယ်လို့ သူတို့မှာ ဆုံးရှုံးမှုတွေ ကြုံတွေ့ရရင် ကျွန်တော်တို့ ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းအတွက် အရိုးခိုက်အောင် နာကျင်ရမယ့်ကိစ္စမျိုး ဖြစ်သွားလိမ့်မယ်..."

ယွဲ့နန်ထျန်းက ပြောဆိုလိုက်၏။

"ဟောက်ချန်ရဲ့စွမ်းအားနဲ့ဆိုရင် သူက မြောက်ပိုင်းဒေသတစ်ခုလုံးမှာတောင် ထိပ်တန်းအဆင့်ပဲ...သူတောင်မှ ပြဿနာတွေ ကြုံတွေ့ရမယ်ဆိုရင် မြောက်ပိုင်းဒေသက တကယ့်ကို ပြင်းထန်တဲ့ အပြောင်းအလဲနဲ့ ကြုံတွေ့ရတော့မယ်...တခြား ဂိုဏ်းတွေလည်း အမြစ်ပြတ် သုတ်သင်ခံရဖို့ သိပ်ဝေးတော့မှာ မဟုတ်ဘူး...ဒါကြောင့် ဒီလိုအခြေအနေမျိုး ဖြစ်လာမှာ မဟုတ်ဘူး... သိပ်ပြီး စိုးရိမ်မနေပါနဲ့..."

ဤစကားများ ထွက်ပေါ်လာသည်နှင့် အကြီးအကဲတစ်ဦးက ဇဝေဇဝါဖြင့် ချက်ချင်း မေးမြန်းလိုက်သည်။

"ဂိုဏ်းချုပ်... အကြီးအကဲယွဲ့ကျီ ပြောတာ မှားတယ်လို့ ဂိုဏ်းချုပ် ထင်မှတော့... ဘာလို့ ကျွန်တော်တို့က မူလအစီအစဉ်အတိုင်း ဆက်မသွားတာလဲ... လူတွေ ပိုလွှတ်လိုက်ရင် အစစ်အမှန်နတ်ဆိုး အမွေအနှစ်ကို ယှဉ်ပြိုင်ဖို့ ကျွန်တော်တို့ဘက်မှာ ပိုပြီးယုံကြည်မှု ရှိလာမှာ မဟုတ်ဘူးလား..."

ယွဲ့နန်ထျန်းက တည်ငြိမ်စွာ ပြုံးလိုက်သည်။

"ယွဲ့ကျီက ဒီလောက်ထိ အလေးအနက်ထားတာ ရှားပါးတယ်...ငါတို့က ဘယ်လိုလုပ်ပြီးတော့ လျစ်လျူရှုထားလို့ ရမလဲ..."

"ဒါ့ပြင် ငါတို့ ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းမှာ ရှေးဟောင်းအင်မော်တယ်တွေ ဆီကနေ လက်ဆင့်ကမ်းလာတဲ့ နက်နဲသိမ်မွေ့တဲ့ နည်းလမ်းတွေ ရှိပြီးသားလေ... အစစ်အမှန်နတ်ဆိုး အမွေအနှစ်က ဂုဏ်သတင်းကြီးပေမယ့် ငါတို့ ပျံသန်းခြင်းအင်မော်တယ်ဂိုဏ်းအပေါ် သက်ရောက်မှုက ထင်သလောက် မကြီးမားဘူး..."

သူသည် ထိုစကားကို ပြောဆိုရင်း သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ်လိုက်တော့... ထပ်ပြီးဆွေးနွေးစရာ မလိုတော့ဘူး...တခြားကိစ္စ မရှိတော့ရင် မင်းတို့အားလုံး လူစုခွဲလို့ ရပြီ..."

အစည်းအဝေးတစ်ခုသည် ထိုသို့ဖြင့် ပြီးဆုံးသွားခဲ့လေ၏။

လူများအားလုံး သူတို့၏ကိုယ်ပိုင်အတွေးများဖြင့် ထွက်ခွာသွားကြသည်။

သို့သော် အစစ်အမှန်နတ်ဆိုး အမွေအနှစ်အပေါ် သူတို့၏စွဲလမ်းမှုသည် ယခင်ကလောက် မပြင်းထန်တော့ချေ။

ယွဲ့ကျီ တစ်ယောက်တည်းသာ အနည်းငယ် မပျော်မရွှင် ဖြစ်နေသည်။ သူမသည် မိုးကောင်းကင်တာအို ကျမ်းသစ္စာပင် ကျိန်ဆိုခဲ့သော်လည်း ဂိုဏ်းသားများက သူမ၏ ကောက်ချက်ချမှုကို သိပ်ယုံကြည်ပုံ မရပေ။

အမှန်အားဖြင့် သူမထံတွင် ငြင်းခုံရန် ရည်ရွယ်ချက် မရှိချေ။

အချိန်သည် အရာအားလုံးကို သက်သေပြသွားပေလိမ့်မည်။

ယခုတစ်ကြိမ်၌ အစစ်အမှန်နတ်ဆိုး အမွေအနှစ် ထွက်ပေါ်လာခြင်းသည် မြောက်ပိုင်းဒေသတစ်ခုလုံးကို သေချာပေါက် ပြောင်းပြန်လှန်ပစ်လိမ့်မည်ဟု သူမ ကြိုတင်၍ ခံစားမိနေပေ၏။

All Chapters