← Chapters

ကြောင်နဲ့ခွေးလို အကောင်တွေကိုများ နတ်ဆိုးလို့ ခေါ်နိုင်သေးတာလား

Vol. 25 Ch. 246

ကြောင်နဲ့ခွေးလို အကောင်တွေကိုများ နတ်ဆိုးလို့ ခေါ်နိုင်သေးတာလား

Vol. 25 Ch. 246

ဝေးလံခေါင်သီသော တောအုပ်တစ်ခုရှိ အထက်ကောင်းကင်ယံ၌ နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး ရှေ့သို့ တိုးဝင်လာကြသည်။

တဟားဟားရယ်မောသံများနှင့်အတူ သူတို့၏ မျက်လုံးများတွင် ဖုံးကွယ်မထားသော စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေပေ၏။

သူတို့၏မျက်လုံးထဲတွင် နွားနှင့်မြင်းသည် အရသာရှိသော စားသောက်ပွဲကြီးတစ်ခု ဖြစ်နေသည်။

တခြားတစ်ဖက်တွင် နွားနှင့်မြင်းသည်လည်း အလားတူ စိတ်လှုပ်ရှားနေကြ၏။

အသိဉာဏ်ရရှိသည်မှာ မကြာသေးသော စိတ်ဝိညာဉ်နတ်ဆိုးအနည်းငယ်က သူတို့ကို ပစ်မှတ်ထားရဲကြသည်။

ဤကောင်စုတ်များသည် သေလမ်းရှာနေကြခြင်းပင်။

ထိုကြောင့် သူတို့ကို ဘဝ၏ 'ချစ်ခြင်းမေတ္တာ အပြည့်အဝ'အား ခံစားရစေရန် အခွင့်အရေးကောင်းတစ်ခုပင်။

လောကကြီးထဲ၌ လှည့်လည်သွားလာနေစဥ်တွင် အင်အားနှင့်အဆက်အသွယ်သည် အရေးကြီးပြီး တချို့လူတွေကို လုံးဝသွားမထိသင့်ချေ။

နှစ်ဖက်လုံးသည် သူတို့၏ကိုယ်ပိုင် အကြံအစည်များကို သိုဝှက်ထားကြသည်။

တစ်ဖက်က အခြားတစ်ဖက်ကို အရသာရှိသော အစားအစာအဖြစ် သတ်မှတ်ထားပြီး တခြားတစ်ဖက်ကမူ ဤစိတ်ဝိညာဉ်နတ်ဆိုးလေးများကို မမေ့နိုင်သော သင်ခန်းစာတစ်ခု ပေးရန် ဆုံးဖြတ်ထားကြသည်။

"ဝုန်း..."

အချိန်ကုန်ဆုံးလာသည်နှင့်အမျှ တိုက်ပွဲသည် ချက်ချင်းပွင့်အံ့ထွက်လာခဲ့ပေ၏။

သို့သော် ဤသည်ကို တိုက်ပွဲဟု ခေါ်ဆို၍ မရနိုင်ဘဲ တစ်ဖက်သတ် ချေမှုန်းခံရခြင်းနှင့် ပို၍တူညီနေသည်။

မြေကမ္ဘာနွားနတ်ဆိုးနှင့် မိုးပြာနဂါးမြင်းတို့၏ မျက်နှာပေါ်ရှိ ကောက်ကျစ်သော အပြုံးများအောက်တွင် ကြက်ပေါက်စခုနစ်ကောင်က ပထမဆုံး လှုပ်ရှားလိုက်ကြသည်။

ကြက်ပေါက်စတစ်ကောင်က နွားနှင့်မြင်းတို့၏ပေါင်ကြားကို ကန်ချက်တစ်ချက် ထုတ်လွှတ်လိုက်ပြီးနောက် သူတို့၏မျက်နှာပေါ်မှ အပြုံးများသည် ချက်ချင်းဆိုသလိုပင် ရှုံမဲ့မှုအဖြစ်သို့ ပြောင်းလဲသွားကြ၏။

သူတို့၏ မယုံကြည်နိုင်သော မျက်လုံးများထဲတွင် သူတို့၏ပုံရိပ်များသည် အမြှောက်ဆန်များအလား လွင့်ထွက်သွားကြသည်။

ဤသည်က ရှေးဟောင်းနတ်ဘုရားတောင် ခုနစ်လုံး၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရသကဲ့သို့ပင်။

"ဘယ်လို... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

မြေကမ္ဘာနွားနတ်ဆိုးနှင့် မိုးပြာနဂါးမြင်းတို့သည် ကြောင်အမ်းသွားကြ၏။

သူတို့သည် မည်ကဲ့သို့ တည်ရှိမှုမျိုး ဖြစ်သနည်း...

သူတို့သည် ယန်သုံးပါးနယ်ပယ် ဒုတိယအဆင့် ထိပ်သီးကျင့်ကြံသူများပင်။

လောကကြီးတခွင်လုံးကို ကြည့်လိုက်လျှင် သူတို့သည် ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်ကြသည်။

သူတို့သည် ထိပ်သီးအင်အားစုကြီးလေးခုမှ ဂိုဏ်းချုပ်များနှင့် မျိုးနွယ်စုခေါင်းဆောင်များထက် အနည်းငယ်သာ အားနည်းကြသည်။

သူတို့သည် တောင်များကို ထမ်းပိုးနိုင်ပြီး မြစ်များနှင့်ပင်လယ်များကို ပြောင်းပြန်လှန်ပစ်နိုင်သော ပုဂ္ဂိုလ်များပင်။

သို့သော် ယခု၌မူ သူတို့သည် အားနွဲ့သော ကြက်ပေါက်စတချို့၏ ကန်ကျောက်ခြင်းကြောင့် လွင့်ထွက်သွားခဲ့ရသည်။

သူတို့သည် အသက်ရှည်ရှည် နေထိုင်ခဲ့ကြကာ ယနေ့တွင် ဤအဆင့်ကို မည်သို့ရောက်လာခဲ့သနည်း..

သူတို့ထံတွင် အခြေအနေ အချိန်အခါနှင့် လိုက်လျောညီထွေ နေတတ်ပြီး စူးရှသော ပိုင်းခြားသိမြင်မှု ရှိသောကြောင့် မဟုတ်လော...

သူတို့၏မျက်လုံးထဲတွင် ဤမွေးမြူရေး တိရစ္ဆာန်များသည် အသိဉာဏ်နိုးထလာသည်မှာ မကြာသေးသော စိတ်ဝိညာဉ်နတ်ဆိုးငယ်လေးများဖြစ်ကြောင်း သိသာရှင်းလင်းနေသည်။

သူတို့သည် ပျံသန်းနိုင်စွမ်း ရရှိရန် ကောင်းကင်ဘုံကို အာခံသော အခွင့်အရေး တစ်ခုခုနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်ပေမည်။

ယေဘုယျအားဖြင့် ပြောဆိုရလျှင် ဤကဲ့သို့ စိတ်ဝိညာဉ်နတ်ဆိုးငယ်လေးများ အသိဉာဏ် စတင်ရရှိချိန်၌ အလွန်မောက်မာပြီး ဘဝင်မြင့်တတ်ကြကာ သူတို့ကိုယ်သူတို့ မိုးကောင်းကင်အောက်ရှိ ဒုတိယဆရာကြီးများဟု ထင်မှတ်တတ်ကြသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့၏ လက်ရှိစွမ်းအားနှင့်ဆိုလျှင် ထိုကဲ့သို့ စိတ်ဝိညာဉ်နတ်ဆိုးငယ်တစ်စုကို လက်ညှိုးတစ်ချောင်းတည်းဖြင့် ချေမှုန်းပစ်နိုင်သည်။

သို့သော် အန္တရာယ်မရှိဟု ထင်ရသော ဤသတ္တဝါများက သူတို့ကို ကန်ထုတ်ခဲ့သည်။

ကြက်ပေါက်စအနည်းငယ်မှ တိုက်ခိုက်မှုများသည် အမြည်းသဘောမျှသာ ရှိသေးပေ၏။

နောက်ထပ်အချိန်တခဏတွင် ဘဲနှစ်ကောင် ဝက်သုံးကောင်နှင့် နွားနှစ်ကောင်ထံမှ တိုက်ခိုက်မှုများ တစ်ခုပြီးတစ်ခု လိုက်ပါလာခဲ့သည်။

မြေကမ္ဘာနွားနတ်ဆိုးနှင့် မိုးပြာနဂါးမြင်းတို့သည် ရိုက်နှက်ခံရပြီး သေဆုံးလျှင်ပင် တစ်နေ့တွင် မွေးမြူရေးတိရစ္ဆာန်တစ်အုပ်၏ ဖိနှိပ်ခြင်းကို ခံရလိမ့်မည်ဟု မည်သည့်အချိန်ကမျှ စိတ်ကူးမယဉ်ဖူးခဲ့ကြချေ။

မဟုတ်ဘူး...

ဒါတွေက သာမန် မွေးမြူရေးတိရစ္ဆာန်တွေ မဟုတ်ဘူး....

ဒါက ကျားကိုစားဖို့ ဝက်ယောင်ဆောင်နေပြီးတော့ သိုင်းပညာကျင့်ဝတ်တွေကို လျစ်လျူရှုထားပြီး ယုတ်မာကောက်ကျစ် အရှက်မဲ့တဲ့ လူလည်အိုကြီးတစ်စုပဲ....

ပြိုင်ဘက်များသည် ကြည့်ရသည်မှာ အားနည်းပုံရသော်လည်း သူတို့၏လှုပ်ရှားမှုတိုင်းတွင် ခြေရာလက်ရာ မကျန်ခဲ့ချေ။

တိုက်ခိုက်မှုတစ်ခုစီတိုင်းသည် သူတို့အပေါ် ပြင်းထန်သော ဒဏ်ရာများ ရရှိစေနိုင်ပြီး ကောင်းမွန်သောခုခံမှု အနည်းငယ်မျှပင် မပြုလုပ်နိုင်အောင် တားဆီးထားသည်။

ဆိုလိုသည်မှာ ထိုသတ္တဝါတစ်ကောင်စီတိုင်းတွင် သူတို့ထက် ပို၍မြင့်မားသော ကျင့်ကြံဆင့်နယ်ပယ် ရှိနေကြခြင်းပင်။

ဤအခြေအနေကို သဘောပေါက်လိုက်ချိန်၌ မိုးပြာနဂါးမြင်းနှင့် မြေကမ္ဘာနွားနတ်ဆိုးတို့၏ မျက်နှာများ စိမ်းဖန့်သွားကြ၏။

ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါများသည် မည်သည့်နေရာမှ တွားသွား၍ ထွက်လာကြသနည်း...

မြောက်ပိုင်းဒေသသည် ကျယ်ပြန့်သော်လည်း ဤမျှထိ အစွမ်းထက်သော ပုဂ္ဂိုလ်များ အကြောင်းကို သူတို့ တစ်ကြိမ်တစ်ခါမျှ မကြားဖူးခဲ့ကြချေ။

သူတို့အတွက် ပို၍လက်မခံနိုင်စရာ ကောင်းသည်မှာ တစ်ဖက်လူတစ်ယောက်စီတွင် ပို၍မြင့်မားသော ကျင့်ကြံဆင့်နယ်ပယ် ရှိနေကြသော်လည်း...

ကျားကိုစားရန် ဝက်အဖြစ် ဟန်ဆောင်ခြင်းအား ဘေးဖယ်ထားလျှင်ပင် သူတို့က ချုံခိုတိုက်ခိုက်ခြင်းကိုလည်း အသုံးပြုခဲ့ကြသည်။

သူတို့မှာ အစွမ်းထက်ကျင့်ကြံသူတွေအနေနဲ့ ဂုဏ်သိက္ခာနည်းနည်းလေးတောင် ကျန်သေးရဲ့လား...

သူတို့မှာ မျက်နှာ ရှိကြသေးရဲ့လား...

နွားနှင့်မြင်းတို့သည် သူတို့၏ဘဝကို မေးခွန်းထုတ်နေချိန်တွင် မော့ရီက ရိုင်းပျစွာ အော်ဟစ်ရယ်မောလိုက်သည်။

သူ၏အပြုအမူသည် လူဆိုးတစ်ယောက် ဝင်ရောက်လာသည့် ပုံစံအတိုင်း အတိအကျ ဖြစ်နေပေ၏။

"ငါ သွေးအစားအစာကို အမဲလိုက်လာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ... တစ်ယောက်ယောက်က ငါ့ကို အပြုံးနဲ့ နှုတ်ဆက်တာ ဒါ ပထမဆုံးအကြိမ်ပဲ..."

"မင်းတို့ သဘောပေါက် နားလည်လွယ်တာကို ထောက်ထားပြီး... ငါ မင်းတို့ကို နည်းနည်းလောက်ပဲ နာကျင်ခိုင်းပါ့မယ်..."

ဤစကားကိုကြားချိန်၌ မြေကမ္ဘာနွားနတ်ဆိုးနှင့် မိုးပြာနဂါးမြင်းတို့၏ မျက်နှာများ နီမြန်းသွားကြသည်။ ဤသည်မှာ သူတို့ အလွန်အမင်းရှက်ရွံ့သွားခြင်းကြောင့်ပင်။

ဤသည်က 'မုဆိုးက သားကောင် ဖြစ်သွားခြင်း' ၏ ပြင်းထန်သော ခံစားချက်နှင့် အလွန်တူညီနေသည်။

သို့သော် မော့ရီ၏လေသံ ပြောင်းလဲသွားပေ၏။

"သူတို့ကို အကြိမ်ပေါင်း သောင်းနဲ့ချီ ရိုက်နှက်ပြီးတော့ သတ်လိုက်ရုံပဲ...ဒီလို ရိုက်နှက် သတ်ဖြတ်ထားတဲ့ အသားက ပိုပြီးဝါးလို့ကောင်းတယ်..."

သူ၏အသံ အဆုံးသတ်သွားသည်နှင့် မြေကမ္ဘာနွားနတ်ဆိုးနှင့် မိုးပြာနဂါးမြင်းတို့၏ မျက်နှာများ ချက်ချင်းစိမ်းဖန့်သွားကြသည်။

သက်ရှိသားရဲနှစ်ကောင်ကို သေသည်အထိ ရိုက်နှက်သည်အား နည်းနည်းလောက်သာ နာကျင်စေသည်ဟု ခေါ်သလော...

တိုက်ခိုက်မှုမုန်တိုင်းများကြားတွင် မြေကမ္ဘာနွားနတ်ဆိုးက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"မင်းတို့က ငါနဲ့ မြင်းအိုကြီးကို တကယ်ပဲ ချောင်ပိတ်မိအောင် လုပ်နိုင်ပြီလို့ ထင်နေတာလား...ဒီနေ့ ငါနဲ့ မြင်းအိုကြီးကို ရန်စရင် ဘာဖြစ်မလဲဆိုတာ ငါ မင်းတို့ကို ပြမယ်..."

ဤစကားများ ထွက်ပေါ်လာသည်နှင့် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးသည် လှောင်ပြောင် ရယ်မောလိုက်ကြ၏။

ယန်သုံးပါးနယ်ပယ် ကျင့်ကြံသူနှစ်ယောက်သည် သူတို့၏ရှေ့တွင် ဤမျှထိ ကြွားဝါရဲသလော...

သူတို့သည် ရုပ်ခန္ဓာကိုယ်များကို မကြာသေးမီကမှ ရရှိခဲ့ပြီး သူတို့၏စိတ်ဝိညာဉ်နှင့် ရုပ်ခန္ဓာကိုယ်အား အပြည့်အဝ ပေါင်းစပ်နိုင်ခြင်း မရှိသေးချေ။ ထိုကြောင့် သူတို့၏အထွတ်အထိပ် စွမ်းအားကို ထုတ်မသုံးနိုင်သေးသည့် အချက်သာ မရှိခဲ့ပါက... မြေကမ္ဘာနွားနတ်ဆိုးနှင့် မိုးပြာနဂါးမြင်းကဲ့သို့သော အဆင့်နိမ့်သားရဲများကို အတိတ်ကဆိုလျှင် သူတို့ လွယ်လင့်တကူ သတ်ဖြတ်နိုင်ပေလိမ့်မည်။

ယခု သူတို့ လုပ်ဆောင်နေသကဲ့သို့ နှိပ်စက်ညှင်းပန်းနေရန်ပင် လိုအပ်မည် မဟုတ်ချေ။

သို့သော် ဤအခြေအနေသည်လည်း ကောင်းမွန်ကာ သူတို့၏အာရုံခံစားမှုကို လေ့ကျင့်နိုင်သည်။

တစ်ဖက်ရန်သူများသည် မတုန်မလှုပ် ရှိနေပြီး သူ၏ စကားများကို လုံးဝလျစ်လျူရှုထားသည်အား မြင်လိုက်ရသဖြင့် မြေကမ္ဘာနွားနတ်ဆိုး၏ ဒေါသသည် ချက်ချင်းဆိုသလိုပင် အထွက်အထိပ်သို့ ရောက်ရှိသွားပေ၏။

သူသည် နောက်သို့ပြန်လှည့်လိုက်ပြီး မြေကြီးထဲ စိုက်ထားသော စာခြောက်ရုပ်ကို မျက်ရည်စက်လက်ဖြင့် တောင်းပန်လိုက်သည်။

"သခင်ကြီး... တစ်ယောက်ယောက်က ဒီနွားအိုကြီးနဲ့ မြင်းအိုကြီးကို အနိုင်ကျင့်နေပါတယ်... ကျေးဇူးပြုပြီး သခင်ကြီးက ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ဝီရိယကို ထောက်ထားပြီး ကျွန်တော်တို့ဘက်က ရပ်တည်ပေးပါ..."

"ဒါက ကျွန်တော်တို့ကို ရိုက်နေတာ မဟုတ်ပါဘူး... ဒါက သခင်ကြီးရဲ့ မျက်နှာကို ဗြောင်ကျကျ ဖြတ်ရိုက်နေတာပါ..."

ဤစကားများ ထွက်ပေါ်လာသည်နှင့် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးလုံး ထိတ်လန့်တုန်လှုပ်သွားကြပြီး အနည်းငယ် သတိထားလိုက်ကြသည်။

သူတို့သည် ယန်သုံးပါးနယ်ပယ် ဒုတိယအဆင့်ကို ကျင့်ကြံသူများကို အလေးမထားချေ။ သို့ရာတွင် ယန်သုံးပါးနယ်ပယ် ဒုတိယအဆင့် ကျင့်ကြံသူတစ်ဦးကို နှိမ်နင်းနိုင်ပြီး 'သခင်' ဟု အော်ဟစ်စေနိုင်သော မည်သူမဆို လွယ်ကူသော ပြိုင်ဘက် ဖြစ်လာမည် မဟုတ်ချေ။

အကယ်၍ သူတို့သည် အထွတ်အထိပ် အခြေအနေတွင် ရှိနေပါက ကြောက်ရွံ့မည် မဟုတ်သော်လည်း ယခုချိန်၌ သူတို့၏ကျင့်ကြံဆင့်နယ်ပယ် ကျဆင်းသွားပြီဖြစ်ရာ သတိထားခြင်းက ပို၍ကောင်းပေမည်။

ဤသို့ တွေးတောလိုက်ပြီးနောက် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးသည် ပတ်ဝန်းကျင်ကို သတိထားပြီး ကြည့်လိုက်ကြ၏။

ထို့နောက် နွားနှင့်မြင်း၏ တောင်းပန်နေသော အကြည့်များ ဦးတည်ရာကို လိုက်ကြည့်လိုက်ရာ မြေကြီးထဲ စိုက်ထားသော စာခြောက်ရုပ်ကို တွေ့လိုက်ရသည်။

အစက်အပြောက်ပါသော ဝက်တစ်ကောင်က နွားနှင့်မြင်းကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်ပြီး ပြောဆိုလိုက်သည်။

"ဟိုမှာ မတ်တတ်ရပ်နေတဲ့ စာခြောက်ရုပ်က မင်းတို့ရဲ့သခင်လား..."

"အမှန်ပဲ..."

ပန်ဒါမျက်လုံးများကဲ့သို့ ညိုမည်းနေသော မျက်နှာရှိသည့် မြေကမ္ဘာနွားနတ်ဆိုးက မထီမဲ့မြင် ပြုလိုက်၏။

"မင်းတို့က ငါ့ရဲ့သခင်ကို ရန်စလိုက်ပြီ... ဒါကြောင့် သေဖို့သာ ပြင်ထားကြတော့...မကြာခင် မင်းတို့က စစ်မှန်တဲ့ နတ်ဆိုးသခင်ရဲ့ အမျက်ဒေါသက ဘာလဲဆိုတာ သိရလိမ့်မယ်..."

သူသည် ထိုစကားကို ပြောဆိုရင်း နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးကို ရန်စသော အကြည့်ဖြင့် ကြည့်ရန်လည်း မမေ့လျော့ခဲ့ပေ။

မိုးပြာနဂါးမြင်းသည်လည်း အားနည်းချက် ပြသရန် ဆန္ဒမရှိပေ။ သူသည် မည်းနက်ပြီး ပြာနှမ်းနေအောင် အရိုက်ခံထားရသော်လည်း နှာခေါင်းရှုံကာ သူတို့ကို စိုက်ကြည့်နေဆဲပင်။

သူတို့၏စိတ်ထဲ၌ စာခြောက်ရုပ်သည် ပြိုင်ဘက်ကင်းဖြစ်ကြောင်း သိသာထင်ရှားသည်။

နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးသည် သန်မာသော်လည်း စာခြောက်ရုပ် လှုပ်ရှားလိုက်သမျှ ကာလပတ်လုံး ရန်သူအားလုံးကို နှိမ်နင်းနိုင်မည်ဟု သူတို့ ယုံကြည်ကြသည်။

သို့သော် ဤမြင်ကွင်းသည် နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦး၏ မျက်လုံးထဲတွင်မူ လုံးလုံးလျားလျား ကွဲပြားခြားနားသော ကိစ္စတစ်ခု ဖြစ်နေသည်။

ဤနွားနှင့်မြင်းသည် ဤမျှထိ ထူးဆန်းလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့ကြပေ။

ထိုသားရဲနှစ်ကောင်သည် သေလုမျောပါးဖြစ်နေသော်လည်း စာခြောက်ရုပ်တစ်ရုပ်ကို အရှင်သခင်အဖြစ် အသိအမှတ်ပြုခြင်းဖြင့် သူတို့ကို ခြိမ်းခြောက်ရန် ကြိုးစားနေကြသည်။

အဓိကအချက်မှာ သူတို့ အမှန်တကယ်ကို ခြိမ်းခြောက်ခံလိုက်ရခြင်းပင်။

ဒါက လုံးဝ ခွင့်မလွှတ်နိုင်ဘူး...

အကယ်၍ သူတို့သည် စာခြောက်ရုပ်တစ်ရုပ်၏ လှည့်စားခြင်းကို ခံလိုက်ရသည့်သတင်းသာ ပေါက်ကြားသွားလျှင် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးအနေဖြင့် သူတို့၏မျက်နှာကို မည်သည့်နေရာ၌ သွားထားရမည်နည်း...

သူတို့အတွက် ပို၍လက်မခံနိုင်စရာ ကောင်းသည်မှာ သူတို့သည် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဖြစ်ပြီး နတ်ဆိုးမျိုးနွယ်အတွင်းတွင် ကျော်ကြားသော ပုဂ္ဂိုလ်များ ဖြစ်ကာ တစ်ချိန်က နတ်ဆိုးသခင်၏လက်အောက်တွင် အသန်မာဆုံးငယ်သားများ ဖြစ်ခဲ့ကြသည်။

'နတ်ဆိုးသခင်' ကဲ့သို့ ဘွဲ့ထူးမျိုးကို သူတို့၏ သခင်ကသာ အသုံးပြုနိုင်သည်။

တခြား အရေးမပါသော သက်ရှိများက 'နတ်ဆိုးသခင်' ဟု မည်သို့ ခေါ်ဝေါ်နိုင်သနည်း။

ဤသည်မှာ သူတို့၏နတ်ဆိုးသခင်ကို စော်ကားခြင်းပင်။

အချိန်တခဏအတွင်းတွင် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးထံ၌ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်သွားပေ၏။

ယခင်က သူတို့သည် အစားအစာ ရှာဖွေလိုရုံသာ ဖြစ်သော်လည်း ယခုမူ ဤနွားနှင့်မြင်းကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်ရန် ဆုံးဖြတ်လိုက်ကြသည်။

All Chapters