← Chapters

အခန်း (၃၀၀)

Vol. 30 Ch. 300

အခန်း (၃၀၀)

Vol. 30 Ch. 300

အခန်။ ၃၀၀

တောင်တန်းမြို့၏ တောင်ဘက်ပိုင်း ဆန်းယွဲ့တောင်တန်း….

ဆန်းယွဲ့တောင်တန်းသည် ထူးဆန်းအံ့သြဖွယ်ကောင်းသော သဘာဝလိုဏ်ဂူများကြောင့် တောင်တန်းမြို့၏ နာမည်ကြီး ခရီးသွားဆွဲဆောင်မှု တစ်ခုဖြစ်သည်။ တောင်ပေါ်ရှိ လိုဏ်ဂူအများအပြားတွင် သက်ရှိသတ္တဝါမျိုးစုံနှင့် တူညီလှသော ထူးခြားသည့် ကျောက်စက်ပန်းဆွဲများနှင့် ကျောက်တုံးများကို တွေ့မြင်နိုင်သည်။

ဆန်းယွဲ့တောင်တန်း၏ နက်ရှိုင်းသောနေရာရှိ လူလုပ်လမ်းကလေးတစ်ခုအတိုင်း သွားလိုက်လျှင် တောင်ဝမ်းအတွင်း၌ ဖုံးကွယ်နေသော ဧရာမလိုဏ်ဂူကြီးတစ်ခု ရှိသည်။ ထိုဂူအဝင်ဝတွင် ဆင့်ကဲပြောင်းလဲသူအချို့က အစောင့်အကြပ်များအဖြစ် တာဝန်ယူထားကြသည်။

ဝူး...

ထိုစဉ် တောအုပ်အတွင်းမှ ကျားသစ်တစ်ကောင်သည် ဟိန်းဟောက်သံနှင့်အတူ ပြေးထွက်လာပြီး တောင်ပတ်လမ်းပေါ်သို့ ရောက်ရှိလာသည်။ ၎င်း၏ ကိုယ်ဟန်မှာ ကြမ်းကြုတ်ခက်ထန်လှသော်လည်း တောင်ပတ်လမ်းပေါ် ရောက်သည့်အခါတွင်မူ အေးအေးလူလူပင် လိုဏ်ဂူဆီသို့ လျှောက်လှမ်းသွားတော့သည်။

ဂူဝရှိ အစောင့်အကြပ် ဆင့်ကဲပြောင်းလဲသူများသည် ထိုကျားကို မြင်သောအခါ အံ့သြခြင်း၊ ထိတ်လန့်ခြင်း လုံးဝမရှိဘဲ နေ့စဉ်မြင်တွေ့နေကျ ကိစ္စတစ်ခုအလား တည်ငြိမ်နေကြသည်။

အကြောင်းမှာ ထိုလိုဏ်ဂူအတွင်းသို့ ကျားများသာမကဘဲ ဧရာမမျောက်ဝံကြီးများ၊ မြွေဟောက်အမည်းကြီးများ၊ ခွေးဘီလူးကြီးများ စသည့် သားရဲမျိုးစုံမှာလည်း ဝင်ထွက်

သွားလာနေကြသောကြောင့်ပင်။ ထိုသားရဲများသည် ဂူအပြင်ဘက်ရှိ ဆင့်ကဲပြောင်းလဲသူများအပေါ် ရန်လိုခြင်းမရှိဘဲ သဟဇာတဖြစ်စွာ အတူယှဉ်တွဲ နေထိုင်နေကြသည်။

ကျားကြီးသည် လိုဏ်ဂူအတွင်းသို့ ဝင်ရောက်သွားသည်နှင့် ရုတ်တရက် အသွင်ပြောင်းလဲသွားပြီး သားရဲဘဝမှ သန်မာထွားကြိုင်းသော လူသားတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ထိုလူသည် အေးစက်သော မျက်နှာထားဖြင့် လိုဏ်ဂူအတွင်းပိုင်းဆီသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားသည်။

တစ်ချိန်တည်းမှာပင် လိုဏ်ဂူထဲသို့ တစ်ကောင်ပြီးတစ်ကောင် ဝင်ရောက်လာကြသော အခြားသော သားရဲကြီးများသည်လည်း လူသားများအဖြစ် အသွင်ပြောင်းလဲသွားကြပြီး တစ်ဦးနှင့်တစ်ဦး တိုးတိုးတိတ်တိတ် စကားပြောရင်း ဂူအတွင်းပိုင်းဆီသို့ ဝင်သွားကြသည်။

ရှင်းလင်းလှသည်မှာ ထိုကျားနှင့် သားရဲများအားလုံးသည် သားရဲအသွင်ပြောင်းလဲခြင်းစွမ်းရည်ကို ပိုင်ဆိုင်ထားကြသည့် ဆင့်ကဲပြောင်းလဲသူများသာ။

ဆန်းယွဲ့တောင်တန်းတွင် ဤကဲ့သို့ သားရဲအသွင်ပြောင်းစွမ်းရည်ရှင်များ အမြောက်အမြား စုစည်းနေရခြင်း၏ အကြောင်းရင်းမှာ ဤနေရာသည်သားရဲဘုရင်ဂိုဏ်း၏ ဌာနချုပ် ဖြစ်နေသောကြောင့်ပင်။

သားရဲဘုရင်ဂိုဏ်းသည် တောင်တန်းမြို့တွင် အကြီးမားဆုံးသော ဆင့်ကဲပြောင်းလဲသူများ အဖွဲ့အစည်းဖြစ်ပြီး အဓိကအားဖြင့် သားရဲအသွင်ပြောင်းလဲနိုင်စွမ်းရှိသူများ၊ သားရဲယဉ်ပါးအောင် ပြုလုပ်နိုင်သူများနှင့် အခြားသော ဆင့်ကဲပြောင်းလဲသူများဖြင့် ဖွဲ့စည်းထားသည်။

ဂိုဏ်း၏ အတွင်းပိုင်းဖွဲ့စည်းပုံမှာ အလွန်ပင် ရိုးရှင်းသည်။ အင်အားအကြီးဆုံးပုဂ္ဂိုလ်မှာ ဂိုဏ်းချုပ်ဖြစ်ပြီး ၎င်း၏အောက်တွင် တရားဓမ္မစောင့်ရှောက်သူများနှင့် နောက်ဆုံးတွင် အရေအတွက် များပြားလှသော ဂိုဏ်းသားများ ရှိကြသည်။

အား...

ဆန်းယွဲ့တောင်တန်း၏ အထက်ကောင်းကင်ယံမှ စူးရှသော အော်ဟစ်သံတစ်ချက် ထွက်ပေါ်လာသည်။ အဝေးမှ အမည်းရောင်ပုံရိပ်တစ်ခုသည် အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာပြီးနောက် မြေပြင်သို့ ထိုးဆင်းလာသည်။ ၎င်းမှာ ခန့်ညားထည်ဝါသော သားရဲငှက်ကြီးတစ်ကောင်ဖြစ်ပြီး အစောပိုင်းက ကျောက်လင်းကို တိတ်တဆိတ် စောင့်ကြည့်ခဲ့သည့် ဆင့်ကဲပြောင်းလဲသူပင်။

ကျောက်လင်းကို တွေ့ရှိခဲ့ပြီးနောက် လော့ရှန်းသည် သားရဲဘုရင်ဂိုဏ်းရှိရာသို့ အပြေးအလွှား ပြန်လာခဲ့ခြင်း ဖြစ်သည်။

တောင်ပတ်လမ်းပေါ်သို့ လျင်မြန်စွာ ဆင်းသက်ပြီးနောက် ထိုသားရဲငှက်ကြီးသည် ဝိညာဉ်အလင်းတန်းတစ်ခုနှင့်အတူ လော့ရှန်း၏ မူလလူသားပုံစံသို့ ပြန်လည်ပြောင်းလဲသွားသည်။

လော့ရှန်းသည် အမောတကော အသက်ရှူရင်း စိတ်ကို ပြန်လည်ငြိမ်သက်အောင် ကြိုးစားလိုက်ပြီးနောက် ရှေ့ရှိ လိုဏ်ဂူကြီးဆီသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားတော့သည်။

လိုဏ်ဂူအဝရှိ အစောင့်များက လော့ရှန်းကို မြင်သောအခါ ပြုံး၍ နှုတ်ဆက်ကြသည်။

"လော့ရှန်း... မင်း တောင်တန်းမြို့ထဲ သွားတယ် မဟုတ်လား ဘာလို့ ဒီလောက်တောင် စောစော ပြန်လာတာလဲ"

"ကျန်း... ငါ တစ်ခုခုနဲ့ တိုးခဲ့လို့ အရင်ဆုံး ပြန်လာရတာ။ နောက်မှ အေးအေးဆေးဆေး ပြောကြတာပေါ့ အခုတော့ ငါ့ကို အထဲဝင်ခွင့်ပေးပါဦး"

အစောင့်တစ်ဦးမှာ လော့ရှန်းနှင့် ရင်းနှီးသူဖြစ်သဖြင့် လော့ရှန်းက ယဉ်ကျေးစွာပင် ပြန်လည်နှုတ်ဆက်လိုက်သည်။ သို့သော် အခြေအနေမှာ အလွန်အရေးကြီးနေသဖြင့် စကားအများကြီး မပြောနိုင်ဘဲ ဂူအတွင်းသို့ အလျင်အမြန် ဝင်သွားတော့သည်။

ဂူအတွင်း ရောက်သည်နှင့် လော့ရှန်းသည် ဂူမကြီးနှင့် ဆက်သွယ်ထားသော ပို၍သေးငယ်သည့် လိုဏ်ဂူတစ်ခု၏ အဝင်ဝသို့ ရောက်ရှိသွားသည်။ သူက တံခါးဝရှိ အစောင့်များကို ရိုသေစွာဖြင့် "စုံစမ်းစစ်ဆေးရေးအဖွဲ့က လော့ရှန်းမှာ အရေးကြီးတဲ့ ရှာဖွေတွေ့ရှိမှုတစ်ခု ရှိပါတယ်။ ဒါကို တရားဓမ္မစောင့်ရှောက်သူထံ သတင်းပို့ရမှာဖြစ်လို့ ကျေးဇူးပြုပြီး အကြောင်းကြားပေးပါ" ဟု ပြောလိုက်သည်။

"ဒီမှာ ခဏစောင့်နေ"

တံခါးဝမှ အစောင့်သည် လော့ရှန်းကို မှတ်မိသဖြင့် ခေါင်းညိတ်ပြကာ ဂူငယ်လေးအတွင်းသို့ ဝင်သွားတော့သည်။

ထိုဂူငယ်၏ အတွင်းပိုင်းမှာ စတုရန်းမီတာ ရာဂဏန်းခန့် ကျယ်ဝန်းပြီး နေရာလွတ်များကို အပိုင်းအစအလိုက် ခွဲခြားထားသကဲ့သို့ အပြင်မှ မမြင်နိုင်အောင်လည်း စနစ်တကျ ဒီဇိုင်းဖော်ထားသည်။

အပိုင်းတစ်ခုစီ၏ အထက်တွင် အဖြူရောင် လျှပ်စစ်မီးသီးတစ်လုံးစီ ချိတ်ဆွဲထားပြီး၊ မူလက မှောင်မည်းနေသော လိုဏ်ဂူအတွင်းပိုင်းကို ထိန်ထိန်လင်းနေအောင် အလင်းပေးထားသည်။

အစောင့်သည် ဂူငယ်လေး၏ အတွင်းပိုင်းအထိ လမ်းလျှောက်ဝင်သွားသည်။

"တရားဓမ္မစောင့်ရှောက်သူကြီးခင်ဗျာ... စုံစမ်းစစ်ဆေးရေးအဖွဲ့က လော့ရှန်း ရောက်နေပါတယ်။ သူက အရေးကြီးတဲ့ ရှာဖွေတွေ့ရှိမှုတစ်ခု ရှိလို့ လူကြီးမင်းကို တိုက်ရိုက်သတင်းပို့ချင်တယ်လို့ ပြောနေပါတယ်"

အစောင့်က သူ့ရှေ့တွင်ရှိနေသော ပုဂ္ဂိုလ်ကို ရိုသေစွာဖြင့် ပြောလိုက်သည်။

ရှေ့ဘက်ရှိ လျှပ်စစ်မီးသီးအောက်တွင် စားပွဲတစ်လုံး ချထားပြီး ၎င်း၏နောက်ကွယ်တွင် ဝိုင်တစ်ခွက်ကို အေးအေးလူလူ သောက်နေသော လူလတ်ပိုင်းအမျိုးသားတစ်ဦး ထိုင်နေသည်။

ဤသူကား သားရဲဘုရင်ဂိုဏ်း၏ တရားဓမ္မစောင့်ရှောက်သူဖြစ်ပြီး ဂိုဏ်းချုပ်မှလွဲလျှင် ဂိုဏ်းအတွင်း အင်အားအကြီးဆုံး ပုဂ္ဂိုလ်ဖြစ်သည်။

သူသည် အသက် ၄၀ ကျော်ခန့်ရှိပြီး ကိုယ်လုံးကိုယ်ပေါက် ပိန်ပါးကာ မျက်ဝန်းထောင့်ရှိ အရေးအကြောင်းများက သူ၏ ကြမ်းတမ်းသော ဘဝဖြတ်သန်းမှုကို ဖော်ပြနေသကဲ့သို့ပင်။ သူ၏ အကြည့်များမှာ ချောက်နက်ကြီးတစ်ခုအလား နက်ရှိုင်းလှပြီး အေးစက်စက် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။

"သူ့ရဲ့တာဝန်က တောင်တန်းမြို့ထဲကို သွားဖို့ မဟုတ်လား အရေးကြီးတဲ့ ရှာဖွေတွေ့ရှိမှုတဲ့လား... စိတ်ဝင်စားဖို့ကောင်းသားပဲ။ သူ့ကို အထဲဝင်ခိုင်းလိုက်"

ခေတ္တမျှ စဉ်းစားပြီးနောက် တရားဓမ္မစောင့်ရှောက်သူက အက်ကွဲရှရှ အသံဖြင့် ပြောလိုက်သည်။

"ဟုတ်ကဲ့ပါခင်ဗျာ"

အစောင့်သည် အနည်းငယ် ဦးညွှတ်ကာ ပြန်လည် ထွက်ခွာသွားသည်။

ခဏအကြာတွင် အစောင့်၏ ခွင့်ပြုချက်ရရှိပြီးနောက် လော့ရှန်းသည် အထဲသို့ ဝင်ရောက်လာတော့သည်။

"တရားဓမ္မစောင့်ရှောက်သူကြီးကို ဂါရဝပြုပါတယ်ခင်ဗျာ"

လော့ရှန်းသည် ထိုသူကို မြင်သည်နှင့် ချက်ချင်းပင် ရိုသေစွာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။

သားရဲဘုရင်ဂိုဏ်း၏ အဖွဲ့ဝင်များသည် ခေတ်သစ်လူသားများ ဖြစ်ကြသော်လည်း ကမ္ဘာပျက်ကပ်ကြီးက လူမှုဆက်ဆံရေးပုံစံများကို ပြောင်းလဲပစ်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ ယခုခေတ်တွင်တော့ အစွမ်းသတ္တိသည် အရာအားလုံးထက် ပို၍ အရေးပါသော အဆင့်အတန်းတစ်ခု ဖြစ်နေသည်။

သားရဲဘုရင်ဂိုဏ်း၏ တင်းကျပ်လှသော အထက်အောက် အစဉ်အလာအရ လော့ရှန်းကဲ့သို့ အဆင့်နိမ့်သူတစ်ဦးသည် တရားဓမ္မစောင့်ရှောက်သူကို အစွမ်းကုန် ရိုသေလေးစားစွာ ဆက်ဆံရမည်ပင်။ သို့မဟုတ်ပါက တစ်ဖက်လူ၏ သတ်ဖြတ်ခြင်းကို ခံရလျှင်ပင် မည်သူကမျှ ၎င်းဘက်မှ ကာကွယ်ပေးမည် မဟုတ်ပေ။

“လော့ရှန်း... မင်း သတင်းပို့စရာ အရေးကြီးတဲ့ ရှာဖွေတွေ့ရှိမှု ရှိတယ်ဆို... ပြောစမ်း”

တရားဓမ္မစောင့်ရှောက်သူသည် ခေါင်းညိတ်ပြလျက် ဝိုင်ခွက်ကို ချလိုက်ကာ လော့ရှန်းကို စူးစိုက်ကာ ကြည့်ရှုလိုက်သည်။

“ဟုတ်ကဲ့ပါ တရားဓမ္မစောင့်ရှောက်သူကြီး။ ကျွန်တော် တောင်တန်းမြို့အတွင်းမှာ သားရဲတစ်ကောင်နဲ့ တိုက်ခိုက်နေတဲ့ ဆင့်ကဲပြောင်းလဲသူ ဟတစ်ယောက်ကို တွေ့ရှိခဲ့ပါတယ်။ သူမရဲ့ စွမ်းရည်အရ အဆင့် ၃ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ပါ။ ဒီအမျိုးသမီးက ကျွန်တော် တစ်ခါမျှ မမြင်ဖူး မကြားဖူးသူဖြစ်သလို တောင်တန်းမြို့အတွင်းမှာလည်း အဆင့် ၃ ရှိတဲ့ အမျိုးသမီး ဆင့်ကဲပြောင်းလဲသူ ရှိတယ်လို့ မကြားမိပါဘူး။ သူမရဲ့ နောက်ခံက သံသယဖြစ်

ဖွယ် ကောင်းနေတာကြောင့် အခုလိုလူကြီးမင်းထံသို့ အပြေးအလွှား သတင်းပို့ရတာပါ”

လော့ရှန်းက သူတွေ့မြင်ခဲ့သမျှကို အသေးစိတ် တင်ပြလိုက်သည်။

“အပြင်ကလာတဲ့ အဆင့် ၃ ဆင့်ကဲပြောင်းလဲသူ ဟုတ်လား”

လော့ရှန်း၏ စကားကြောင့် တရားဓမ္မစောင့်ရှောက်သူသည် မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ အဆင့် ၃ ဆင့်ကဲပြောင်းလဲသူဆိုသည်မှာ အဆင့်မြင့် တိုက်ခိုက်ရေးသမားတစ်ဦးအဖြစ် သတ်မှတ်နိုင်သည်။ အကယ်၍ သူမသည် တောင်တန်းမြို့အတွင်းရှိ မည်သည့်အင်အားစုနှင့်မျှ မပတ်သက်သော အပြင်လူသာ အမှန်ဖြစ်ပါက သားရဲဘုရင်ဂိုဏ်းအတွင်းသို့ သိမ်းသွင်းရန် သင့်တော်သူတစ်ဦးပငါ။

ခေတ္တမျှ စဉ်းစားပြီးနောက် တရားဓမ္မစောင့်ရှောက်သူက ညွှန်ကြားလိုက်သည်။

“လော့ရှန်း... အဲဒီအမျိုးသမီးက အပြင်လူဆိုရင် ငါတို့ဂိုဏ်းထဲ သိမ်းသွင်းဖို့ တန်ဖိုးရှိတယ်။ မင်း လူအနည်းငယ် ခေါ်ဆောင်သွားပြီး သူမကို စည်းရုံးကြည့်ပါ။ ငါတို့ သားရဲဘုရင်ဂိုဏ်းထဲ ဝင်ရောက်လာရင် ရရှိမယ့် အကျိုးကျေးဇူးတွေကို အသေအချာ ရှင်းပြလိုက်ဦး”

“ဟုတ်ကဲ့ပါ... ဒါပေမဲ့ သူမက တိုက်ပွဲအတွင်းမှာ အရမ်းကြမ်းကြုတ်ပြီး စကားပြောဆိုရ ခက်ခဲမယ့်ပုံမျိုးပါ။ အကယ်၍ သူမက ငြင်းဆန်ခဲ့ရင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ...”

လော့ရှန်းသည် ခေါင်းညိတ်လက်ခံသော်လည်း ချက်ချင်းပင် တွေဝေသွားပြီး သူ၏ စိုးရိမ်

ပူပန်မှုကို ထုတ်ဖော်၍ ပြောလိုက်သည်။။ အဆိုပါ အမျိုးသမီးမှာ အသက်နှင့်လဲ၍ တိုက်ခိုက်

မည့်ဟန် ရှိနေသဖြင့် စည်းရုံးရန် ခက်ခဲနိုင်သည်ကို သူ စိုးရိမ်နေခြင်းပငါ။

“ငါတို့ သားရဲဘုရင်ဂိုဏ်းရဲ့ စေတနာကို သူမက ငြင်းပယ်ရဲတယ်ဆိုရင် ဘာဖြစ်မယ်ဆိုတာ မင်းမသိဘူးလား... သတ်လိုက်ရုံပဲပေါ့”

တရားဓမ္မစောင့်ရှောက်သူ၏ အသံမှာ အနည်းငယ် မြင့်တက်လာပြီး လှောင်ပြုံးဖြင့် ပြောလိုက်သည်။

သူမသည် အဆင့် ၃ ဆင့်ကဲပြောင်းလဲသူ တစ်ဦးသာဖြစ်ပြီး သားရဲဘုရင်ဂိုဏ်းအနေဖြင့် သူမကို အသည်းအသန် လိုလားနေခြင်း မဟုတ်ပေ။ အကယ်၍ သူမက ငြင်းဆန်ခဲ့ပါက အသက်

ရှင်နေထိုင်ရန်ပင် မထိုက်တန်တော့ဘူးဟု သူက ယူဆထားသည်။

“နားလည်ပါပြီခင်ဗျာ”

All Chapters