← Chapters

အခန်း (၂၉၈)

Vol. 30 Ch. 298

အခန်း (၂၉၈)

Vol. 30 Ch. 298

အခန်။ ၂၉၈

ရှဲ...

လေထုကို ပိုင်းဖြတ်လိုက်သည့် စူးရှသော အသံသည် အိမ်ရာဝင်းတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။ ထိုခဏ၌ အရိပ်တစ်ခုသည် အဆောက်အအုံများကြားတွင် အလွန်လျင်မြန် လျှပ်ပေါ်လောကစားစွာ ပျံသန်းနေတော့သည်။

"ဟားဟား... ဒါက ပျံသန်းရတဲ့ အရသာပဲလား။ တကယ့်ကို မိုက်တာပဲ တကယ့်ကို လန်းတယ်ဟေ့"

ပျံသန်းသူ ၁ ၏ ချီမမှုနှင့်အတူ ကောင်းကင်ယံမှာ ပျံသန်းနေသည့် လုချွမ်းက ဘေးတစ်ဖက်တစ်ချက်စီကနေ မြန်မြန်ဆန်ဆန် ဖြတ်ကျော်သွားသည့် မြင်ကွင်းများကို ကြည့်ပြီး မျက်နှာကို ရိုက်ခတ်နေသော လေပြင်းမျာရကို ခံစားရင်း ရင်ထဲမှာ အတိုင်းမသိ ပျော်ရွှင်

ကြည်နူးနေမိသည်။

ပျံသန်းရခြင်းအကြောင်း ပြောရလျှင် လုချွမ်းသည် ယခင်ကလည်း ကောင်းကင်ပေါ်တွင် ပျံသန်းဖူးသည်။ သို့သော် ၎င်းမှာ လေယာဉ်ပျံစီးခြင်းသာဖြစ်ပြီး ယခုကဲ့သို့ ပျံသန်းသူ၁ ၏ ချီမမှုဖြင့် ပျံသန်းရခြင်းနှင့် လုံးဝ ကွာခြားလှသည်။ ပို၍ ရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းသည်ဟု ဆိုရမည်ပင်။

ယခုဆိုလျှင် သူ့ထံတွင် မြေအောက်ငုပ်လျှိုးနိုင်သည့်ဇွန်ဘီရုပ်သေးရှိသလို ပျံသန်းနိုင်သည့် ဇွန်ဘီရုပ်သေးလည်း ရှိနေပြီ ဖြစ်သောကြောင့် ကောင်းကင်ရော မြေပြင်ပါမကျန် လွတ်လပ်စွာ သွားလာနိုင်ပြီ ဖြစ်သည်။

ဤကမ္ဘာပေါ်တွင် သူ့အတွက် သမုဒ္ဒရာထဲသို့သာ မသွားနိုင်သေးသော်လည်း ကျန်သည့်နေရာ မှန်သမျှကိုတော့ ဇွန်ဘီရုပ်သေးများ၏ အကူအညီဖြင့် လုချွမ်းသည် မြေပြင်ညီမှာ လမ်းလျှောက်နေသကဲ့သို့ အေးဆေးစွာ သွားလာနိုင်တော့မည်ပင်။

တစ်ချိန်တည်းမှာပင် အဆောက်အအုံ၏ အဝင်ဝတွင် ကျောက်လင်း နှင့် ကျိရုရွှယ် တို့သည် ကောင်းကင်ယံ၌ စိတ်ကြိုက် ပျံသန်းနေသော လုချွမ်းကို အားကျတကြီး လှမ်းကြည့်နေကြသည်။

"လုချွမ်းရဲ့ ပျံသန်းနိုင်တဲ့ ဇွန်ဘီက လူကိုတောင် ချီပြီး ပျံနိုင်တာလား တကယ့်ကို ပျော်စရာကြီးပဲ ဟိုဒီ ပျံနေလိုက်တာ..."

ကျောက်လင်းသည် လုချွမ်းကို တင်ဆောင်ထားသော ပျံသန်းသူ ၁ ကို ကြည့်ရင်း သူမ၏ မျက်လုံးများမှာ အရောင်တောက်နေတော့သည်။

ခေတ္တမျှ ကြာပြီးနောက် စိတ်ကြိုက် ပျံသန်းကစားပြီးသွားသော လုချွမ်းသည် ပျံသန်းသူ ၁ ကို ထိန်းချုပ်ကာ ဖြည်းဖြည်းချင်း ပြန်လည် ဆင်းသက်လိုက်တော့သည်။

"လုချွမ်း... ငါ့ကိုလည်း တစ်ခေါက်လောက် အတွေ့အကြုံယူခွင့် ပေးပါလားဟင်"

ထိုအချိန်တွင် ကျောက်လင်းသည် ကျိရုရွှယ်ကိုပါ ဆွဲခေါ်လာပြီး လုချွမ်းကို အားကျတကြီး စိုက်ကြည့်နေသည်။ သူမ၏ မျက်ဝန်းများထဲတွင်မူ မျှော်လင့်ချက်များ အပြည့်အဝ ကိန်းအောင်းနေ၏။ သို့သော် သူမ အံ့ဩသွားရသည်မှာ လုချွမ်းသည် သူမအား လုံးဝအဖတ်မလုပ်ဘဲ လျစ်လျူရှုထားခြင်းပင်။

ဤ ပျံသန်းသူ ၁ ဆိုသည်မှာ လုချွမ်းအတွက် အနာဂတ်တွင် တကယ့်ကို အရေးပါသော လက်နက်တစ်ခု ဖြစ်သည်။ ထိုကဲ့သို့သော အဆင့်မြင့်ရုပ်သေးကို အမျိုးသမီးတစ်ဦးအား ဖျော်ဖြေရေးသက်သက်အတွက် ပေးစီးရန်ဆိုသည်မှာ သူ၏အဘိဓာန်တွင် လုံးဝမရှိသော ကိစ္စပင်။

လုချွမ်းထံမှ မည်သည့်တုံ့ပြန်မှုမျှ မရရှိတော့သည့်အခါတွင်မူ ကျောက်လင်းသည် သူ၏ဆိုလိုရင်းကို နားလည်သွားပြီး တော်တော်လေး စိတ်ပျက်သွားတော့သည်။ သူမသည် ဘေးနားရှိ ကျိရုရွှယ်ကို ချက်ချင်းပင် တိုင်တောလိုက်သည်။

“ချီချီလေး... မင်းအဖေက တကယ့်ကို ကပ်စေးနှဲတာပဲ”

ပျံသန်းနိုင်တဲ့ ဇွန်ဘီကို တစ်ခေါက်လောက် စီးကြည့်ချင်တာလေ။ အသားတစ်စ ထွက်သွားမှာကျနေတာပဲ။ လုချွမ်းကတော့ သူ့ရဲ့ဇွန်ဘီကို ငါ ခိုးပြေးမှာ ကြောက်နေတဲ့အတိုင်းပဲ။ တကယ့် ကပ်စေးနှဲကြီး။ ဒီလောက်ထိ ကပ်စေးနှဲနေရင် ဒီလူ ဒီတစ်သက် မိန်းမရမှာဟုတ်ဘူး…

ကျောက်လင်း၏ ရင်ထဲတွင်မူ လုချွမ်းအပေါ် မကျေနပ်ချက်များဖြင့် ပြည့်နှက်နေသည်။ သို့သော် လုချွမ်းမှာမူ ကျောက်လင်း၏ ရင်ဖွင့်သံများကို မကြားနိုင်ဘဲ သူ၏ရှေ့မှ မသေနိုင်သူ ၁ ကို စိုက်ကြည့်ရင်း တစ်စုံတစ်ခုကို အလေးအနက် စဉ်းစားနေသည်။

ကျောက်လင်း၏ စကားကို ကြားသောအခါ ကျိရုရွှယ်က ပြုံးပြလျက် ချော့မော့ကာ ပြောဆိုရှာသည်။

“မမကျောက်လင်း... ဖေဖေက ကပ်စေးနှဲတာ မဟုတ်ပါဘူး။ ဇွန်ဘီတစ်ကောင်က လူကိုချီပြီး ပျံတယ်ဆိုတာ အရမ်း အန္တရာယ်များလို့ပါ။ မမ တစ်ခုခုဖြစ်သွားမှာစိုးလို့ ဖေဖေက စိတ်ပူပြီး မပေးစီးတာပါ”

“ချီချီလေးရယ်... မင်းကတော့ မင်းအဖေဘက်ကပဲ အမြဲ ရှေ့နေလိုက်ပေးနေတာပဲ”

ကျောက်လင်းက ကျိရုရွှယ်ကို မျက်စောင်းလေးခဲကာ ကြည့်လိုက်သည်။ ဤကလေးမလေး ပြောကြားချက်ကို သူမ တစ်လုံးမှ မယုံကြည်ပေ။

ဟွန့်... လုချွမ်းက ဘယ်တုန်းကများ အဲဒီလောက် စိတ်ကောင်းရှိသွားလို့လဲ။ ငါ့ရဲ့ ဘေးကင်းရေးကို ဂရုစိုက်တယ် ဟုတ်လား။ ဒီလူက တကယ့်ကို ကပ်စေးနှဲကြီးပဲ။

ကျောက်လင်းကတော့ မကျေမနပ်ဖြင့် နှုတ်ခမ်းလေးမဲ့နေတော့သည်။

သူမ၏ အမူအရာကို မြင်သော် ကျိရုရွှယ်မှာ အားနာသလို ပြုံးလိုက်မိပြီး ဘာပြန်ပြောရမှန်း မသိတော့ပေ။

သူတို့နှစ်ဦး ဘာတွေပြောနေကြသည်ကို လုချွမ်းကတော့ လုံးဝ မကြားမိပေ။ သူ၏ အာရုံတစ်ခုလုံးမှာ ခုနကမှ ဖျတ်ခနဲ ပေါ်လာသော အတွေးသစ်တစ်ခုပေါ်၌သာ ရောက်ရှိနေသည်။

စောစောက ပျံသန်းသူ ၁ ၏ ကျယ်ပြန့်လှသော အတောင်ပံများနှင့် သန်မာသော လက်မောင်းအစုံကို ကြည့်ရင်း လုချွမ်း၏ စိတ်ထဲတွင် နည်းဗျူဟာအသစ်တစ်ခု ပေါ်လာခြင်းပင်။

ပျံသန်းသူ ၁ သည် သူ့ကို ချီပြီး ပျံသန်းနိုင်လျှင်... အခြားဇွန်ဘီရုပ်သေးတွေကိုလည်း သယ်ပြီး ပျံနိုင်မည်မှာ သေချာသည်။ ဥပမာ မီးတောက်၁ ကဲ့သို့သော ရုပ်သေးမျိုးပင်။

လုချွမ်း၏ စီမံကိန်းအရ မီးတောက်၁ ကဲ့သို့သော မှော်အမျိုးအစားဇွန်ဘီများသည် သူ၏ ဇွန်ဘီတပ်ရင်းထဲတွင် အမြောက်တပ်ဖွဲ့များကဲ့သို့ပင်။ ၎င်းတို့ တစ်ကောင်ချင်းစီမှာ အလွန်အစွမ်းထက်သည့် အမြောက်စင်ကြီးများသဖွယ်ပင်။

သို့သော် မီးတောက် ၁ သည် အဝေးပစ်တိုက်ခိုက်ရေးသမား ဖြစ်သော်လည်း ၎င်း၏ ပစ်ခတ်

နိုင်သည့် အကွာအဝေးမှာ အကန့်အသတ် ရှိနေဆဲပင်။ ထို့ကြောင့် ရံဖန်ရံခါတွင် အလွန်ဝေးကွာသော ရန်သူများကို ထိမှန်အောင် ပစ်ခတ်ရန် ခက်ခဲတတ်သည်။

သို့သာ် ပျံသန်းသူ ၁ သာ ပါဝင်လာပါက အခြေအနေမှာ လုံးဝ ပြောင်းလဲသွားလိမ့်မည်။ ၎င်းတို့နှစ်ဦး ပေါင်းစပ်လိုက်ခြင်းသည် တစ်ပေါင်းတစ် သာမကဘဲ အဆပေါင်းများစွာ ပိုမိုစွမ်းအားကြီးမားသည့် ရလဒ်ကို ပေးစွမ်းနိုင်သည်။

ပျံသန်းသူ ၁ ၏ အကူအညီဖြင့် ပျံသန်းနိုင်စွမ်း ရရှိသွားသော မီးတောက်၁ သည် မြေပြင်ပေါ်မှ အမြောက်စင်ဘဝမှနေ၍ တိုက်လေယာဉ် သို့မဟုတ် တိုက်ခိုက်ရေးရဟတ်ယာဉ်၏ ဝမ်းဗိုက်အောက်တွင် တပ်ဆင်ထားသည့် စက်အမြောက်ကြီးအဖြစ် ပြောင်းလဲသွားသလိုမျိုး ဖြစ်သွားမည်ပင်။

ကောင်းကင်ယံ၌ အလွန်မြန်သော အရှိန်ဖြင့် လှုပ်ရှားနိုင်စွမ်းရှိခြင်းကြောင့် မည်သည့်နေရာကိုမဆို လွတ်လပ်စွာ တိုက်ခိုက်နိုင်တော့မည်ဖြစ်ကာ အကွာအဝေး အကန့်အသတ်လည်း ရှိတော့မည် မဟုတ်ပေ။

သူ၏ ထက်မြက်လှသော အတွေးအမြင်ကို သဘောကျနေရင်း လုချွမ်းသည် လက်တွေ့စမ်းသပ်ကြည့်ရန် စိတ်အားထက်သန်လာသည်။ အတွေးအခေါ်က ကောင်းသော်လည်း လက်တွေ့ မစမ်းသပ်ကြည့်ရလျှင် အရာအားလုံးက အဓိပ္ပာယ်မရှိပေ။

ထို့နောက် လုချွမ်းသည် မီးတောက် ၁ ကို ပျံသန်းသူ ၁ ၏ ရှေ့သို့ လမ်းလျှောက်လာရန် ခိုင်းစေလိုက်သည်။

ဆက်လက်၍ ပျံသန်းသူ၁ သည် ၎င်း၏ သန်မာလှသော လက်မောင်းများကို ဆန့်ထုတ်ကာ မီးတောက် ၁ ၏ ရင်ဘတ်ကို မြဲမြံစွာ ဆုပ်ကိုင်ထားလိုက်တော့သည်။

နောက်တစ်ခဏ၌ လေထုကို ပိုင်းဖြတ်လိုက်သော အသံကြီးတစ်သံ ထွက်ပေါ်လာသည်။

ရှဲ...

ကျောက်လင်း၏ အံ့အားသင့်နေသော အကြည့်များအောက်တွင်ပင် ပျံသန်းသူ ၁ သည် မီးတောက် ၁ ကို ချီမလျက် ကောင်းကင်ယံထက်သို့ ပျံတက်သွားသည်။ သူသည် အတောင်ပံများကို အားပါပါ ခတ်ထုတ်ရင်း ဝေဟင်၌ ဝဲပျံနေတော့၏။

သိပ်မကြာမီမှာပင် လုချွမ်း၏ ထိန်းချုပ်မှုနှင့်အတူ ပျံသန်းသူ ၁ သည် မီးတောက် ၁ ကို သယ်ဆောင်၍ ဟောက်ယွန်းအိမ်ရာဝင်း အတွင်းမှ ထွက်ခွာလာကာ မြောက်ပိုင်းမြို့သစ်ခရိုင်ပေါ်တွင် အနိမ့်ပျံသန်းလျက် ကင်းလှည့်သည်။ ရုပ်သေးနှစ်ကောင်စလုံး၏ အမြင်အာရုံမှတစ်ဆင့် လုချွမ်းသည် အောက်ဘက်ရှိ လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်နေသည်။ ခဏအကြာတွင် ရုပ်သေးများသည် စိမ်းလန်းစိုပြည်သော လမ်းဘေးမြက်ခင်းပြင်တစ်ခုအနားသို့ ဖြတ်သန်းသွားစဉ် လုချွမ်း၏ မျက်လုံးများမှာ အရောင်လက်သွားသည်။

စိမ်းလန်းသော လမ်းဘေးသစ်ပင်တန်းများအနီး၌ ကြီးမားလှသော ဗီဇပြောင်းတောဝက်ကြီးနှစ်ကောင်သည် ဝက်ကလေးတစ်အုပ်ကို ဦးဆောင်ကာ မြေကြီးကို တူးဆွလျက် တစ်စုံတစ်ခုကို ရှာဖွေနေကြသည်။ သူတို့ထံမှ "အု... အု..." ဟူသော မြည်သံများလည်း ထွက်ပေါ်နေ၏။

နောက်တစ်စက္ကန့်တွင်မူ သူတို့၏ ခေါင်းပေါ်၌ နီရဲသော မီးတောက်အလင်းတန်းများ ဟုန်းခနဲ ပေါ်ပေါက်လာသည်။ မီးတောက်သံများကြောင့် အောက်ဘက်ရှိ ဗီဇပြောင်းတောဝက်များ မော့ကြည့်လိုက်သောအခါ ၎င်းတို့၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက်ကင်းမဲ့မှုနှင့် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားရသည်။

အထက်ကောင်းကင်ယံမှ ပြင်းထန်သော မီးလုံးကြီးများသည် သူတို့ထံသို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာသည်။ သူတို့အတွက် ထွက်ပြေးရန် အခွင့်အရေး လုံးဝမရှိတော့ပေ။

ဂျိမ်း...

မီးလုံးများ၏ ပေါက်ကွဲသံကြီးနှင့်အတူ ဗီဇပြောင်းတောဝက်မိသားစုမှာ တောက်လောင်နေသော မီးတောက်များကြား၌ ခဏချင်းပင် ပျောက်ကွယ်သွားရပြီး မြေပြင်ပေါ်တွင်မူ မီးကျွမ်းနေသည့် အသားစများသာ ပြန့်ကျဲ၍ ကျန်ရစ်သည်။

တိုက်ခိုက်မှုအပြီးတွင် ပျံသန်းသူ ၁ သည် မီးတောက် ၁ ကို သယ်ဆောင်လျက် နောက်ထပ် ပစ်မှတ်များကို ရှာဖွေရန် ဆက်လက် ပျံသန်းသွားသည်။

ဗုန်း... ဗုန်း... ဗုန်း...

နောက်ပိုင်းအချိန်များတွင် မီးတောက် ၁ သည် အဆက်မပြတ် တိုက်ခိုက်သည်။ သားရဲတစ်ကောင်နှင့် ဆုံတွေ့တိုင်း မီးလုံးများကို ဆက်တိုက်ပစ်လွှတ်ကာ အကုန်အစင် ချေမှုန်းပစ်ခဲ့သည်။ တိုက်ခိုက်မှု ပထမလှိုင်းကို ခံနိုင်ရည်ရှိသော အဆင့် ၃ သားရဲအချို့ ရှိသော်လည်း ၎င်းတို့မှာ ဒဏ်ရာအပြင်းအထန်ရရှိကာ အသက်လု၍ ထွက်ပြေးကြရ၏။ သို့သော် ဝေဟင်မှ လိုက်ပါလာသော မီးတောက် ၁ ရှေ့တွင်မူ သူတို့ မည်မျှပင် ပြေးလွှားစေကာမူ ချက်ချင်း အမီလိုက်ခြင်း ခံရပြီး နောက်ဆုံး၌ မီးကျွမ်းနေသော အလောင်းများအဖြစ်သာ လမ်းဘေးတွင် အဆုံးသတ်သွားကြရသည်။

မီးတောက် ၁ ၏ အစွမ်းထက်လှသော အနေအထားကို မြင်တွေ့ရသဖြင့် လုချွမ်းမှာ ရင်ထဲ၌ အံ့ဩချီးကျူးနေမိသည်။

“ဒါက တကယ့်ကို ဝိညာဉ်ပေါင်းစပ်မှု အတတ်ပညာအတိုင်းပဲ”

မီးတောက် ၁ ၏ မီးတောက်စွမ်းရည်နှင့် ပျံသန်းသူ ၁ ၏ ပျံသန်းနိုင်စွမ်းတို့မှာ ယခုအခါတွင်မူ အပြည့်အဝ ပေါင်းစပ်သွားခဲ့သည်။ ဤပေါင်းစပ်မှုအောက်တွင် မြေပြင်ပေါ်ရှိ မည်သည့်သားရဲမဆို သူတို့နှင့် ဆုံတွေ့လိုက်ရသည်နှင့် ခုခံနိုင်စွမ်းမရှိဘဲ အရေးနိမ့်ရမည့် အနေအထားပင်။ မူလကပင် မှော်အမျိုးအစား ဆင့်ကဲဇွန်ဘီသည် အဖျက်စွမ်းအား ကြီးမားပြီးသားဖြစ်သလို ယခု အဆင့် ၄ သို့ ရောက်ရှိနေသော မီးတောက် ၁ ၏ တိုက်ခိုက်မှုများမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြင်းထန်လွန်းလှသည်။

အဝေးပစ်တိုက်ခိုက်မှု မပြုလုပ်နိုင်သော အဆင့် ၅ ဗီဇပြောင်းသားရဲကြီးတစ်ကောင်ပင်လျှင် ပျံသန်းနေသော မီးတောက် ၁ ၏ အဆက်မပြတ် တိုက်ခိုက်မှုအောက်၌ အသက်ကုန်ဆုံးသည်အထိ အနှိပ်စက်ခံရနိုင်ခြေ ရှိသည်။

All Chapters