← Chapters

အခန်း (၈၄၁-၈၄၃)

Vol. 57 Ch. 841-843

အခန်း (၈၄၁-၈၄၃)

Vol. 57 Ch. 841-843

အခန်း (၈၄၁) တုံးလွန်းတော့ ဉာဏ်ကိုနိုင်

အရှ့ပင်လယ်တွင် သက်တမ်းဆွဲဆန့်နိုင်မည့် မသေမျိုးဆေးပင်ကို ဒုတိယမင်းသား ရှာမတွေ့ခဲ့။

သို့သော် သူ့အစီအစဉ်ကို မထိခိုက်။

အရှေ့ပင်လယ်မှ မသေမျိုးဆေးပင်ကိုရှာတွေ့၍ အင်ပါယာ၏သက်တမ်းကို ဆွဲဆန့်နိုင်ခဲ့လျှင် အင်ပါယာက သူ့ကိုကျေးဇူးတင်သွားမည်။

သူ့အကိုကြီးထက်ပင် ဦးစားပေးခံရပြီး အိမ်ရှေ့မင်းသားဖြစ်လာနိုင်သည်။

‌ဆေးပင်ရှာမတွေ့လည်း ကိစ္စမရှိ။ သူ့သိတတ်မှုကို အင်ပါယာကမြင်မည်။ ဘာမှမလုပ်သည့် သူ့အကိုထက်စာလျှင် သူမျက်နှာသာရမည်။

ထို့ပြင် အရှေ့ပင်လယ်ခရီးက တကယ်အန္တရာယ်များသည်။ နဂါးနန်းတော်တွင် မသေမျိုးနှစ်ယောက် တိုက်ပွဲဖြစ်သည်။ လွင့်ထွက်လာသည့် စွမ်းအားအပိုင်းအစ နည်းနည်းထိရုံဖြင့် အချိန်မတိုင်မီ သူသေသွားနိုင်သည်။

ဆိုးဝါးသည့် ထိုအခြေအနေမျိုးကို ဖြတ်ကျော်လာရသည်ဖြစ်၍ အင်ပါယာက အရေးမစိုက်ဘဲ နေနိုင်မည်မဟုတ်။

ထို့ကြောင့် ဆေးပင်တွေ့ခြင်းမတွေ့ခြင်းက အရေးမကြီး။ အရှေ့ပင်လယ်သို့ သွားခဲ့သည့်အချက်ကသာ အ‌ရေးကြီးသည်။

သို့သော် သူပြန်လာပြီး တစ်နှစ်ကြာအောင်စောင့်ခဲ့သည့်တိုင်၊ အင်ပါယာ၏ ကျန်းမာရေး ဆက်တိုက်ကျဆင်းလာသည့်တိုင် နန်းမွေခံကို တရားဝင်မကြေညာသေး။

ထိုအဖြစ်ကြောင့် သူနည်းနည်းစိတ်ပူနေသည်။

ယခု လုယန်က နန်းမြို့တော်သို့ရောက်လာသည်။ အရှေ့ပင်လယ်တွင် သိကျွမ်းခဲ့သည့်အဖြစ်ကို အကြောင်းပြု၍ လုယန်ကို အိမ်တော်သို ရင်းရင်းနှီးနှီးစကားပြောဖို့ ဖိတ်ခေါ်သည်။

လုယန်က သူထီးနန်းရအောင် ကူညီပေးလိမ့်မည်။ အားလုံးကျိုးကြောင်းဆီလျော်သည်ဟု သူမြင်သည်။

ဒုတိယမင်းသားသည် အတွေးအခေါ် စေ့စပ်သေချာသူဖြစ်ကြောင်း သိသူရှားသည်။

"အင်း...ရှားမိသားစုရဲ့ ဒုတိယသားက ငါနတ်မယ်ကို ဖိတ်ခေါ်တာလား"

ဖိတ်စာရပြီးနောက် နန်းမြို့တော်သည် တကယ်နေပျော်ထိုင်ပျော်ရှိသည်ဟု နတ်မယ် ယူဆသည်။ နေ့တိုင်း ဖိတ်ခေါ်စာများရသည်။ ဒုတိယသားအပြင် ကဗျာဆရာများ၊ စာပေပညာရှင်များ၏ ဖိတ်ခေါ်စာလည်း အများအပြားရောက်လာသည်။

အားလုံးက သူ့ကို ကဗျားစပ်ဖို့ ဖိတ်ခေါ်ခြင်းဖြစ်သည်။ သို့သော် လုယန် အကြံပေးသည့်အတိုင်း ထိုဖိတ်ခေါ်စာများကို သူငြင်းလိုက်သည်။

"အရှင်မ၊ သူ့ကို ဒုတိယမင်းသားလို့ ခေါ်သင့်ပါတယ်"

လုယန် သတိပေးသည်။ 'ရှားမိသားစု ဒုတိယသား'ဟု ဒုတိယမင်းသားရှေ့တွင် ဆက်ခေါ်နေလျှင် ဒေါသဆွသည်နှင့် တူနေလိမ့်မည်။

"ဪ..ဟုတ်ပြီလေ"

အရည်အချင်းရှိသည့် အင်ပါယာတစ်ယောက်သည် အကျိုးရှိမည့် အကြံဉာဏ်များကို လက်ခံသည်။ လုယန်အကြံပြုသမျှ သူနားထောင်သည်။

"ကဲ...ဒါဆို ရှားမိသားစုဒုတိယသားရဲ့အိမ်ကို သွားကြစို့"

စည်ကားသည့်နေရာများကို နတ်မယ်သဘောကျသည်။ ဖိတ်စာထဲတွင် ဒုတိယသားတော်က လုယန်ကို စားသောက်ပွဲတစ်ခုဖြင့် ကျွေးမွေးဧည့်ခံမည်ဟု ပြောထားသည်။

"လောင်မုန်ကိုပါ ခေါ်သွားရအောင်။ သူက နန်းမြို့တော်ကကိစ္စတွေနဲ့ ရင်းနှီးတယ်။ ရှားမိသားစု ဒုတိယသား...အဲ...ဒုတိယမင်းသားရဲ့ အိမ်တော်ကိုရောက်ရင် ကျုပ်တို့ ကြောင်တက်တက်မဖြစ်တော့ဘူးပေါ့"

နတ်မယ်နှင့် စကားဆက်ပြောရင်း လုယန်ပင် လျှာခလုတ်တိုက်သွားသည်။

အကျိုးအကြောင်းသိရပြီးနောက် မုန်ကျင်းကျိုး မျက်မှောင်ကျုံ့သွားသည်။ ဒုတိယမင်းသား၏ စရိုက်အရ ထိုစားသောက်ပွဲသည် ထင်သလောက်မရိုးရှင်းကြောင်း သူရိပ်မိသည်။

သို့သော် မသေမျိုးအရှင်က သွားလိုသည်ဖြစ်၍ သူမတားရဲ။ ပြဿနာတစ်ခုခုတက်လျှင် နတ်မယ်ကို သူကာကွယ်ပေးရုံသာရှိသည်။

ဤတစ်ကြိမ် မုန်ကျင်းယုကို သူခေါ်မသွား။ ထိုပွဲမျိုးကို မုန်ကျင်းယုလိုက်ဖို့ မသင့်တော်သေး။

ဒုတိယမင်း၏ စားသောက်ပွဲက နောက်သုံးရက်ကြာလျှင် ကျင်းပဖို့ စီစဉ်ထားသည်။ သုံးရက်ကုန်လွန်သွားပြီးနောက် လုယန်နှင့်မုန်ကျင်းကျိုးကို အဖော်ပြု၍ နတ်မယ် စားသောက်ပွဲသို့သွားသည်။

ဒုတိယမင်းသားက လုယန်ကို အတော်အလေးထားသည်။ စားသောက်ပွဲနေ့တွင် အိမ်တော်တံခါးဝ၌ ကိုယ်တိုင်ထွက်ကြိုသည်။

လုယန်ကို အဝေးမှလှမ်းမြင်သည်နှင့် အမြန်လျှောက်လာပြီး နွေးထွေးသည့်အပြုံးဖြင့် ဦးညွှတ်နှုတ်ဆက်သည်။

"မိတ်ဆွေတို့၊ အရှေ့ပင်လယ်မှာ လမ်းခွဲပြီးကတည်းက ကျုပ်တို့မတွေ့ကြတာ တစ်နှစ်တောင်ကြာသွားပြီ။ ကျုပ်ခင်ဗျားတို့ကို တကယ်သတိရနေတာ"

မုန်ကျင်းကျိုးကလည်း သူ့နည်းတူ အပြုံးမျိုးဖြင့် ပြန်လည်ဦးညွှတ်နှုတ်ဆက်သည်။

"မင်းသားက သဘောကောင်းလွန်းနေပါပြီ"

"လာကြပါ၊ အထဲကိုသွားရအောင်"

"ရှေ့ကကြွပါ မင်းသား"

ဒုတိယမင်းသား၏စားသောက်ပွဲက လုယန်နှင့် ရင်းနှီးမှုယူဖို့ဖြစ်သည်။ အဓိကဧည့်သည် ရောက်လာပြီဖြစ်၍ စားသောက်ပွဲကို စတင်သည်။

ပွဲမစည်မည်စိုး၍ထင်သည်။ ဒုတိယမင်းသားက လူကုံထံသခင်လေးများကိုလည်း ဖိတ်ခေါ်ထားသည်။ ထိုလူများထဲတွင် လုယန်သိသူ နည်းနည်းသာပါသည်။ အများစုကို တစ်ခါမှ မမြင်ဖူး။

ထိုသခင်လေးများသည် သူနှင့်သက်တူရွယ်တူ ဟုတ်မည်မထင်။

အားလုံးနေရာယူပြီးနောက် ဒုတိယမင်းသားက စကားစသည်။

"မြို့တော်ကို မိတ်ဆွေလုရောက်လာတယ်လို့ကြားတာ ကြာပါပြီ။ ဒါပေမယ့် ကျုပ်ကလည်း ရုံးတော်ကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့ မိတ်ဆွေလုကို ဧည့်မခံဖြစ်တာပါ။

ဒီနေ့မှပဲ အချိန်နည်းနည်းအားလို့ မိတ်ဆွေလုကို ဖိတ်ခေါ်ဖြစ်တယ်။ မိတ်ဆွေလု ကျုပ်ကို နားလည်ပေးစေချင်ပါတယ်။

မိတ်ဆွေလုက မြို့တော်မှာ အတော်နာမည်ကြီးနေတာပဲ။ သက်တူရွယ်တူ ပါရမီရှင်တွေအားလုံးကို အနိုင်ယူခဲ့ရုံတင်မကဘူး။ ကြာနန်းဆောင်မှာလည်း တစ်လောကလုံးဩချရတဲ့ ကဗျာတစ်ပုဒ်လည်း စပ်ခဲ့သေးတယ်။

မြို့တော်စာပေကျောင်းက ပညာရှင်တွေကတောင် မိတ်ဆွေလုကဗျာကို ချီးကျူးကြတယ်။ ဒီကဗျာဟာ ဉာဏ်အလင်းပေးပြီး အမှန်တရားကို ပြသနိုင်စွမ်းရှိတယ်လို့ ပြောကြတယ်။

ကဲ...မိတ်ဆွေလုကို ဒီသခင်လေးတွေနဲ့ ကျုပ်မိတ်ဆက်ပေးပါရစေ။

ဒါက ဘဏ္ဍာရေးဝန်ကြီးရဲ့မြေး ဟုန်ကွမ်ရှန်းပါ။...ဒါက မဟာတပ်မှူးအိမ်တော်က ရာဇဝင်ကျမ်းပြုဆရာရဲ့သား ခုန်တာ့ပါ။ ဒါက...."

ဒုတိယမင်းသားက တစ်ယောက်ချင်း မိတ်ဆက်ပေးသည်။ ဟုန်ကွမ်ရှန်းတို့က ဝင့်ကြွားရိပ်အပြည့်ဖြင့် ပြုံးနေသည်။ သူတို့ကိုယ်သူတို့ ဂုဏ်ယူနေသည်။

နတ်မယ် ယဉ်ကျေးမှုအရ ခေါင်းငြိမ်သည်။ ထိုလူများ၏နောက်ခံကို သူတို့စိတ်မဝင်စား။ 'ဘဏ္ဍာရေးဝန်ကြီး'ဆိုသည့် အသုံးအနှုန်းမျိုးကိုလည်း သူမသိ။

မုန်ကျင်းကျိုးက ဘေးမှနားထောင်နေရင်း နည်းနည်းမျက်နှာပျက်လာသည်။ နတ်မယ်က ထိုလူများဘာကိုကိုယ်စားပြုသည်ကို သိချင်မှသိမည်။ သို့သော် သူက ကောင်းကောင်းသိသည်။

ထိုလူများသည် မဟာရှား၏ နယ်ပယ်အားလုံးတွင် ပါဝင်ပတ်သက်နေသူများဖြစ်သည်။ စစ်ရေး၊ ဘဏ္ဍာရေး၊ နန်းမြို့တော်လုံခြုံရေး...စသဖြင့်ရှိသည်။ သူတို့အားလုံးကို ဒုတိယမင်းသားက အသုံးချနိုင်လျှင် အလွန်တရာတောင့်တင်းသည့် အင်အားတစ်ခု ဖြစ်လာပေလိမ့်မည်။

လုယန်ကို မိတ်ဆက်ပေးနေသည်မှာလည်း သူ့ကိုထောက်ခံသူ ဘယ်လောက်များကြောင်း ပြသလိုခြင်းဖြစ်သည်။

နတ်မယ် တဖြေးဖြေးစိတ်မရှည်ဖြစ်လာသည်။ နောက်ဆုံးတွင် မနေနိုင်တော့ဘဲ သူမေးသည်။

"မင်းဘာလို့ သူတို့အဖေတွေ အဘိုးတွေရဲ့နာမည်တွေကိုပါ မိတ်ဆက်ပေးနေတာလဲ။ သူတို့နာမည်ကိုသိရင် ပြီးရောမဟုတ်လား။ ငါ့ကိုယ်ငါမိတ်ဆက်ရင် ငါကလုယန်ပါလို့ပြောလိုက်တာနဲ့ ငါဘယ်သူလဲဆိုတာ လူတိုင်းသိတယ်။ တစ်ခြားဘာမှထပ်ပြောစရာမလိုပါဘူး"

ထိုစကားကြောင့် ဟုန်ကွမ်ရှန်းတို့မျက်နှာမှအပြုံးများ ရပ်တန့်သွားသည်။ အရှိုက်ထိသွားကြဟန်တူသည်။

တစ်ချက်ပြန်စဉ်းစားရုံဖြင့် ကိုယ့်အခြေအနေကိုယ် သဘောပေါက်ကြသည်။ လုယန်၏ အခြေအနေမှန်ကို ခွဲခြားနိုင်သည့်စွမ်းရည်ကလည်း တကယ်ကြောက်စရာကောင်းသည်။ ဒုတိယမင်းသား လုယန်ကို စည်းရုံးချင်သည်မှာ မဆန်းတော့။

"ပြီးတော့ သူတို့ရာထူးအဆင့်အတန်းတွေက ငါနဲ့ဘာဆိုင်လို့လဲ"

နတ်မယ် တွေးမရ။ ထိုလူများ၏နာမည်ကိုပင် သူအရေးမစိုက်။ သူတို့အဖေများ အဘိုးများ၏နာမည်ဆိုလျှင် ပိုဝေးသေးသည်။

မိတ်ဆက်သည့်ကိစ္စကို မြန်မြန်ကိစ္စဖြတ်ပြီး စားသောက်ပွဲကို ချက်ချင်းစစေချင်သည်။

ဖြစ်လာသည့်အခြေအနေကြောင့် ဒုတိယမင်းသားစိတ်ထဲ လှုပ်ရှားသွားသည်။ မိတ်ဆက်သည့်သဘောကို လုယန်နားမလည်ဟု သူမထင်။ ထိုသခင်လေးများ၏အဆင့်အတန်းကို အရေးမစိုက်ကြောင်း လုယန်ပြလိုခြင်းသာဖြစ်မည်။

နန်းတွင်းအပြိုင်အဆိုင်အင်အားစုထဲသို့ သူမဝင်လိုကြောင်း ရည်ညွှန်းလိုခြင်းလားမသိ။

ဒုတိယမင်းသား မိတ်ဆက်သည့်ကိစ္စကို ရပ်လိုက်သည်။ လုယန်ဆန္ဒအတိုင်း စားသောက်ပွဲကို စတင်သည်။

စားသောက်ပွဲက ပုံမှန်အတိုင်းဆက်သွားသည်။ ကပြဖျော်ဖြေသည့် မိန်းကလေးများရှိနေသည်။ ရယ်ရယ်မောမောဖြင့် ဝိုင်ခွက်များ မော့ကြသည်။

အကမယ်များက အတော်လှသည်။ သို့သော် ယဲ့မုန်ယင်နှင့်တော့ ယှဉ်၍မရ။ နတ်မယ်စိတ်ထဲတွင် ထိုအကမယ်များသည် သူ့ဖိနပ်ကိုင်ခိုင်းဖို့ပင်မတန်ဟု တွေးနေသည်။ အကဖျော်ဖြေမှုကို သူစိတ်မဝင်စား။

'ကျူးထန်ကို ကခိုင်းတာကမှ ကြည့်လို့ကောင်းဦးမယ်'

ဝိုင်သောက်ရသည်ကိုလည်း သိပ်မကြိုက်။ မသေမျိုးဝိုင်စည်ထဲတွင် အချိန်မသေမျိုး တစ်ကိုယ်လုံးစိမ်ခဲ့ဖူးသည်ကို သူပြန်သတိရသည်။ ဝိုင်နံ့များ တစ်ကိုယ်လုံး နံစော်နေသည်။

အနံ့ရှူမိသည့် ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူများ မသေမျိုးဘုံသို့ ရောက်သွားသကဲ့သို့ မူးဝေသွားသည်။ ထိုအချိန်တွင်က ချီလင်နှင့်ကိုးဆမသေမျိုးတို့က ဝိုင်အိုးကို မျက်နှာချင်းဆိုင်၍ ဝိုင်သောက်ကြသည်။

နောက်ပိုင်းတွင် တကယ့်အသောက်သမားများလို ကွဲပြဲနေအောင် မူးကြရူးကြသည်။

ရှေးဟောင်းခေတ် ထိပ်တန်းအလှပိုင်ရှင်ဆယ်ယောက်တွင် နံပတ်တစ်ဖြစ်သည့် နတ်မယ်၏စိတ်တွင် ကိုယ့်အဆင့်အတန်းကိုယ် ထိန်းသိမ်းဖို့လိုသည်ဟု တွေးသည်။

ထိုသို့ပုံပျက်ပန်းပျက်ဖြစ်အောင် မနေသင့်ဟု ယူဆသည်။ ထို့ကြောင့် ဝိုင်ကို သူသိပ်မသောက်ချင်။

"ဪ ရှောင်ယန်၊ ချီလင်နဲ့ကိုးဆမသေမျိုးတို့ ကွဲပြဲနေအောင် မူးရူးကြတဲ့ပုံစံကို နင်ကြည့်ချင်လား။ သူတို့ပုံရိပ်တွေ ငါသိမ်းထားတယ်"

နတ်မယ်က ပြောသည်။

လုယန် ချက်ချင်းခေါင်းခါလိုက်သည်။ ထိုပုံရိပ်ကိုကြည့်မိသူမှန်သမျှ သေမိန့်ကျသည်နှင့် အတူတူဖြစ်သွားမည်။ သူနည်းနည်းပို၍ အသက်ရှည်နေချင်သေးသည်။

ဒုတိယမင်းသား အတော်မူးလာသည်။ ဝိုင်အရှိန်ကြောင့် လုယန်နားသို့ လျှောက်လာပြီး သူ့အတွေးကို ရင်ဖွင့်သည်။

"မိတ်ဆွေလု၊ ငါအသည်းနာတယ်ကွာ။ အင်ပါယာရဲ့အချိန်က သိပ်မကျန်တော့ဘူး။ ထီးနန်းဆက်ခံမယ့်လူကို အခုထိ မဆုံးဖြတ်ရသေးဘူး။ ငါ့အကိုကြီးက နန်းပလ္လင်ကို မလိုချင်ဘူးလို့ ကြေညာထားတယ်။

ဒါပေမယ့် တော်ဝင်မိသားစုမှာ အစစ်အမှန်ဆိုတာ မရှိဘူး။ ဘယ်သူက သေချာပြောနိုင်မှာလဲ။ ပြီးတော့ ညီ'လေး'နဲ့ ညီငါးလည်း ရှိသေးတယ်။ သူတို့လည်း နန်းပလ္လင်မလိုချင်ဘူးလို့ ကြေညာထားတာပဲ။

ဒါပေမယ့် ‌နောက်ကွယ်မှာကျတော့ လျှို့ဝှက်ပြင်ဆင်နေကြတယ်"

ဒုတိယမင်းသား ခေါင်းခါ၍ သက်ပြင်းချသည်။ သူ့စကားသံတွင် ဝမ်းနည်းရိပ်များ ပြည့်နက်နေသည်။

"နန်းမြို့တော်က လေကြောင်းအပြောင်းအလဲတွေဟာ ခန့်မှန်းလို့မရဘူး။ မိတ်ဆွေလုက အပြင်လူဆိုတော့ ဒါကိုရှင်းရှင်းလင်းလင်းမြင်မှာပါ။ ပြောပါဦး မိတ်ဆွေလု၊ ထီးနန်းကို ဘယ်သူရသင့်လဲ"

စားသောက်နေသည့်လူများက ဗလုံးဗထွေးပြောနသည့် ဒုတိယမင်းသား၏စကားကို ကြားသည်။ သူတို့ချင်းစကားပြောနေသယောင်ဟန်ဆောင်ပြီး လုယန်တုံ့ပြန်မည့်စကားကို ခိုးနားထောင်နေကြသည်။

သူတို့မင်းသားက ဝိုင်ကိုအကြောင်းပြုပြီး ရင်ဖွင့်နေသည်။ လုယန် သူတို့အဖွဲ့ထဲသို့ ဝင်လိုစိတ်ရှိမရှိ အကဲစမ်းနေခြင်းဖြစ်သည်။

မုန်ကျင်းကျိုး နည်းနည်းအမူအရာပြောင်းသွားသည်။ ထိုအချက်ကို သူလည်းနားလည်သည်။ ပေါ့ပေါ့ဆဆ တုံ့ပြန်မိလျှင် မုန်မိသားစုနှင့် တာအိုလမ်းစဉ်ဂိုဏ်းနှစ်ခုလုံး ထီးနန်းလုပွဲကြားသို့ ရောပါသွားလိမ့်မည်။

မုန်မိသားစုရော တာအိုလမ်းစဉ်ဂိုဏ်းပါ ကြားနေဝါဒကိုသာ အမြဲလက်ကိုင်ထားခဲ့သည်။ နန်းတွင်းအရှုပ်အထွေးများကြားတွင် ဝင်မပါခဲ့။

ဝင်ပါ၍လည်းမဖြစ်။

ဒုတိယမင်းသားဖိတ်ခေါ်ရသည့် ရည်ရွယ်ချက်က ထိုကိစ္စကြောင့်ဖြစ်မှန်း လုယန်လည်း နားလည်သည်။

အတင်းအကြပ် သိမ်းသွင်းနေခြင်းဖြစ်သည်။

ဒုတိယမင်းသားကို လမ်းဖွင့်ပေးသည့်စကားမျိုး လုံးဝပြော၍မဖြစ်။

လုယန်နှင့်မုန်ကျင်းကျိုးတို့ တုံ့ပြန်ရမည့်စကားကို စဉ်းစားနေစဉ် နတ်မယ်က အံ့ဩနေသည့်အမူအရာဖြင့် ပြန်မေးလိုက်သည်။

"ဒါဆို ဘယ်သူအင်ပါယာဖြစ်သင့်လဲဆိုတာ ငါဆုံးဖြတ်လို့ရတယ်ဆိုတဲ့ သဘောလား"

**********************************

အခန်း (၈၄၂) သင်ယူသင့်သည်

ကိုယ်ပိုင်မဟာပဲဝါနိုင်ငံတည်ထောင်ဖို့ အတော်အားစိုက်ရမည်ဟု နတ်မယ်ထင်ခဲ့သည်။ သူနှင့်ရှောင်ယွမ် ပူးပေါင်းလှုပ်ရှားရမည်။ မဟာရှားဘုရင်ကို နန်းချရမည်။ နိုင်ငံသစ်တည်ထောင်ရမည်။

ရှားအင်ပါယာကို နန်းချသည့်ကိစ္စက အင်အားတစ်ခုတည်းဖြင့် ဖြေရှင်း၍မရနိုင်။ ဆန့်ကျင်တော်လှန်မှုများနှင့် ရင်ဆိုင်ရနိုင်ခြေရှိသည်။ ထို့ကြောင့် အပြင်လောကတွင် မဟာပဲဝါနိုင်ငံတည်ထောင်ဖို့ကို နတ်မယ် အတော်ပျင်းရိနေခြင်းဖြစ်သည်။

ယခု မဟာရှားမိသားစုက အတော်သဘောကောင်းသည်။ သူဆန္ဒရှိသူကို အင်ပါယာခန့်အပ်ခွင့်ပေးနေသည်။

ယခုသူသည် တာအိုလမ်းစဉ်ဂိုဏ်း၏ ယာယီဂိုဏ်းချုပ်၊ ကောင်းကင်ရုံးတော်သခင် ဖြစ်သည်။ မကြာမီ မဟာပဲဝါနိုင်ငံ၏ ပထမအင်ပါယာအရှင် ဖြစ်လာမည်။ လောကတွင် အင်အားအကြီးဆုံးအဖွဲ့အစည်းသုံးခု၏ ခေါင်းဆောင်ဖြစ်သည်။

ထိုအခွင့်ထူးမျိုး ရှေးဟောင်းခေတ်အတွင်းမှာပင် သူမခံစားခဲ့ရ။

လောကကြီးတွင် အလိုက်သိသူများ ထိုမျှပေါများသည်ကို သူမသိခဲ့။ ယခုကြည့်ပါ၊ လူတိုင်း သဘောကောင်းကြသည်။

လုယန် နတ်မယ်ကို မယုံနိုင်သည့်အကြည့်ဖြင့် တအံ့တဩကြည့်နေသည်။

နတ်မယ်..ခင်ဗျားအရင်ကပြခဲ့တဲ့ ဉာဏ်ရည်တွေက တမင်ဟန်ဆောင်ခဲ့တာလား...

"ရှောင်ယန်၊ နင်ငါ့ကိုဘာလို့ စိုက်ကြည့်နေတာလဲ"

နတ်မယ် စဉ်းစားမရ။ ဒုခေါင်းဆောင် ထိုသို့တအံ့တဩစိုက်ကြည့်နေသည်ကို ပထမဆုံးအကြိမ် သူမြင်ဖူးခြင်းဖြစ်သည်။

"...ဘာမှမဟုတ်ပါဘူး။ ခင်ဗျားက အရမ်းဉာဏ်ထက်တယ်လို့ တွေးမိလို့ပါ"

"အင်းလေ၊ ငါအရင်ကတည်းက ဉာဏ်ထက်တာပဲ"

ထိုအချက်ကို ဒုခေါင်းဆောင် အခုမှဘာကြောင့် ရေးကြီးခွင်ကျယ်လုပ်၍ ပြောနေသည်မသိ။ သို့သော် လုယန်၏ချီးကျူးစကား ကြားရသဖြင့် သူကျေနပ်သည်။

ဘေးတွင်ထိုင်နေသည့် မုန်ကျင်းကျိုးလည်း နတ်မယ်၏တုံ့ပြန်ပုံကို အတော်လေးစားသွားသည်။ မသေမျိုးတစ်ယောက် တကယ်ပီသသည်။ ရှေးဟောင်းခေတ်ကတည်းက သူ့ကျင့်စဉ်အဆင့်ကို လေးစားခံခဲ့ရသည်။

ဉာဏ်ရည်ကလည်း အလွန်တရာမြင့်မားသည်။ တစ်ခြားသူများ လုံးဝယှဉ်၍မရ။

လုယန်ဆိုသည့်ကောင်က ဤမသေမျိုးဘေးတွင် တစ်ချိန်လုံးရှိနေသော်လည်း ဘာမှမသင်ယူတတ်။ ကိုယ့်ဒုက္ခကိုယ်ရှာဖို့စဉ်းစားရင်းသာ အချိန်ဖြုန်းနေသည်။

လုယန်...သိစိတ်နယ်မြေကနေ တစ်ခုနှစ်ခုတော့ မင်းသင်ယူထားသင့်တယ်...

နတ်မယ်၏ တုံ့ပြန်စကားကြောင့် အားလုံး အမူအရာပြောင်းသွားသည်။ လေးစားရိပ်သန်းလာကြသည်။ ဒုတိယမင်းသား၏အမေးကို ကျင်လည်စွာရှောင်တိမ်းနိုင်ရုံမက ဒုတိယမင်းသားကိုပင် ပြန်၍ထောင်ချောက်ဆင်နိုင်သည်။

ဒုတိယမင်းသားအနေဖြင့် လုယန်ကို 'ဆုံးဖြတ်ခွင့်ရှိသည်'ဟုလည်း ပြော၍မရ။ 'ဆုံးဖြတ်ခွင့်မရှိ'ဟုလည်း ပြော၍မဖြစ်။

ဆုံးဖြတ်ခွင့်ရှိသည်ဟုပြောလျှင် သေဒဏ်ကျထိုက်သည့် ပြစ်မှုကြီးတစ်ခု ကျုးလွန်လိုက်ခြင်းဖြစ်သည်။ ဆုံးဖြတ်ခွင့်မရှိဟုပြောလျှင်လည်း လုယန်ကို 'အသုံးမကျ'ဟု ရည်ညွှန်းရာရောက်မည်။

တွက်ချက်စဉ်းစားနိုင်မှုနှင့် တုံ့ပြန်နိုင်စွမ်း။ မြင့်မားသည့်ကျင့်စဉ်စွမ်းအား။ လူငယ်မျိုးဆက်၏နံပတ်တစ်ဟု သူ့ကိုခေါ်ကြသည်မှာ မဆန်းတော့။

တာအိုရှင်ဝစီပိတ်ငယ်စဉ်ကပင် ထိုအဆင့်မျိုး ရောက်ခဲ့မည်မထင်။

သို့သော် ဒုတိယမင်သားသည် တွေးခေါ်စဉ်းစားရာတွင် စေ့စပ်သေချာသူဖြစ်သည်။ နတ်မယ်စကားကြောင့် ခဏတာမင်သက်မိသွားသော်လည်း ဆက်၍မူးချင်ယောင်ဆောင်သည်။

နောက်ပိုင်း ပြဿနာတစ်ခုခုဖြစ်လျှင် ဝိုင်ကိုအကြောင်းပြ၍ ငြင်းချက်ထုတ်နိုင်သည်။

ထိုစဉ် ရုတ်တရက် နတ်မယ်က ထပ်ပြောသည်။

"ဘယ်သူအင်ပါယာဖြစ်သင့်မှန်းမသိရင် ငါအင်ပါယာလုပ်မယ်လေ။ ငါ့လက်အောက်မှာ ရာထူးတစ်ခုခုမင်းလိုချင်လား"

ဒုတိယမင်းသား ကြောက်ချွေးပြန်သွားသည်။ ဆက်၍မူးချင်ယောင်ဆောင်မနေရဲတော့။

ဆက်ဟန်ဆောင်နေလျှင် နောက်ထပ်ဘယ်လို နိုင်ငံတော်ကိုသစ္စာဖောက်မည့်စကားမျိုး လုယန်ဆက်ပြောဦးမည်မသိနိုင်။

လော်ထန်တောအုပ်တွင် လုယန်က မဟာပဲဝါနိုင်ငံတော်တည်ထောင်မည်ဟု ကြွားလုံးထုတ်ခဲ့သည်ဟု ပြောကြသည်။ ယခုလည်း ထိုကိစ္စကို ထပ်ပြောနေပြန်သည်။

လော်ထန်တောအုပ်တွင် ရှိစဉ်ကတည်းက သူဘယ်လိုလှုပ်ရှားမည်ကို ကြိုတွေးထားသလားမသိ။ ကြိုတင်ကြံဆနိုင်စွမ်းက ကြောက်စရာကောင်းလွန်းသည်။

လုယန်အနေဖြင့် ဟာသနည်းနည်းပြောလည်း ပြဿနာမရှိ။ သို့သော် ဒုတိယမင်းသားက ထိုသို့ပြော၍မရ။

လုယန်။ တာအိုလမ်းစဉ်ဂိုဏ်း၏ ဂိုဏ်းချုပ်လောင်း။ မသေမျိုးတစ်ဝက်ယွမ်ကျိ၏ အလေးပေးခံရသူ။ အရှေ့ပင်လယ်တွင် ပျောက်ဆုံးသွားစဉ်က ပင်လယ်တာအိုသခင်ကိုယ်တိုင် လိုက်ရှာခဲ့သူ။

ထိုဖြစ်စဉ်ကိုကြည့်လျှင် သူ့အပေါ် ပင်လယ်တာအိုသခင် ဘယ်လောက်အလေးထားကြောင်း သက်သေခံနေသည်။ လုယန်နဂါးဘိုးဘေးအသက်ကို ကယ်ခဲ့သည့်ကိစ္စ ထည့်မပြောသေး။

မသေမျိုးဂိုဏ်းတစ်ခု၏ အနာဂတ်ဂိုဏ်းချုပ်လောင်း။ မသေမျိုးတစ်ဝက်သုံးယောက်နှင့် ရင်းနှီးသူ။ သူ့အဆင့်အတန်း သူ့နောက်ခံကို ဘယ်သူမှမယှဉ်နိုင်။

စကားအဖြစ်သာပြောခြင်းဖြစ်ပြီး တကယ်ပုန်ကယ်ဖို့မရည်ရွယ်ပါဟု လုယန်ကပြောလျှင် သူ့ကိုဘယ်သူဖမ်းရဲမည်နည်း။

အင်ပါယာပင် ဖမ်းရဲမည်မဟုတ်။

"မိတ်ဆွေလုက တကယ်နောက်တတ်တာပဲ"

ဒုတိယမင်းသား ထိုကိစ္စကို ဆက်မပြောရဲတော့။ ဆက်ပြောနေလျှင် ထီးနန်းဆက်ခံဖို့အခွင့်အရေး ဆုံးရှုံးသွားနိုင်ရုံသာမက သူ့လက်ရှိမင်းသားရားထူးပင် ပြုတ်သွားနိုင်သည်။

လေးစားရိပ်သန်းသည့်အကြည့်ဖြင့် နတ်မယ်ကို သူကြည့်လိုက်သည်။ သူ့ထက်ပို၍ ဉာဏ်ရည်ထက်မြက်သည့်ပါရမီရှင်ကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။

တစ်တောင်ထက် တစ်တောင်မြင့်သည်ဆိုသည့်စကား တကယ်မှန်သည်။

သူ့ကိုလူအားလုံးက ဘာကြောင့်ဝိုင်းကြည့်နေသည်ကို နတ်မယ်နားမလည်ဖြစ်နေသည်။ သူအင်ပါယာဖြစ်တော့မည့် အခြေအနေကြောင့် ဖြစ်မည်ထင်သည်။

ဟုတ်လောက်သည်။

ဒုတိယမင်းသားက စကားလမ်းကြောင်းပြောင်းပြီး အကမယ်များကို လက်ညှိုးထိုးပြသည်။

"ဒီအကမယ်တွေကို မိတ်ဆွေလု စိတ်ဝင်စားလား။ စိတ်ဝင်စားရင် အားလုံးခေါ်သွားလို့ရပါတယ်။ ယင်ယန်တာအိုကျင့်ကြံရင် မိတ်ဆွေလုရဲ့ ကျင့်စဉ်အဆင့်တောင် တိုးလာနိုင်တယ်"

"ငါကဘာလို့ သူတို့ကိုလိုမှာလဲ"

လုယန်ငြင်းပယ်သည်ကို ဒုတိယမင်းသား မအံ့ဩပါ။ ယဲ့မုန်ယင်လို မိန်းကလေးနှင့် တွေ့ဆုံဖူးပြီးဖြစ်၍ ဤအကမယ်များကို မျက်စိကျမည်မဟုတ်။

သူလက်ခုပ်တစ်ချက်တီးလိုက်သည်။ ဗန်းကိုင်ထားသည့် အစေခံများ အခန်းကျဉ်းတစ်ခုထဲမှ တန်းစီ၍ထွက်လာသည်။ ဗန်းတစ်ခုစီတွင် ကျင့်ကြံမှုအတွက် များစွာအထောက်အကူပြုသည့် ရတနာများ၊ လျှို့ဝှက်ကျင့်စဉ်ကျမ်းများ ထည့်ထားသည်။

ထိုပစ္စည်းတစ်မျိုးမျိုးကို လေလံပွဲ၌ ထုတ်ရောင်းလျှင် လေလံပိတ်ပစ္စည်းအဆင့်ရှိပေလိမ့်မည်။ ဖိတ်ခေါ်ထားသည့် သခင်လေးများက ထိုပစ္စည်းများကို လိုချင်တပ်မက်မှုအပြည့်ဖြင့် ကြည့်နေကြသည်။

သူတို့မင်းသား တကယ်အစွမ်းကုန်ကြိုးစားထားသည်။

"မိတ်ဆွေလုကို စတွေ့တွေ့ချင်းကတည်းက ဆွေရင်းမျိုးရင်းတစ်ယောက်လို ကျုပ်ခံစားရတယ်။ ဒါကြောင့် လက်ဆောင်လေးတစ်ချို့ ပြင်ဆင်ထားပါတယ်။ ဒီပစ္စည်းတွေကို အဆင့်နိမ့်တယ်လို့ သဘောမထားဘဲ လက်ခံပေးစေချင်ပါတယ်"

နတ်မယ်စိတ်ထဲတွင် ထိုပစ္စည်းများ အဆင့်နိမ့်သည်ဟု တကယ်တွေးနေသည်။ တစ်ချက်ကြည့်ရုံဖြင့် ပစ္စည်းဇစ်မြစ်ကို သူသိသည်။ သူ့အတွက် ဘာမှအသုံးမဝင်။ သူတစ်ချိန်ကနေခဲ့သည့် မသေမျိုးအိမ်တော်ဂိတ်တံခါးမှ ‌‌‌ကျောက်တုံးများပင် ထိုပစ္စည်းများထက် ပိုတန်ဖိုးရှိသည်။

သို့သော် သူပြန်စဉ်းစားသည်။ ထိုပစ္စည်းများသည် သူသုံးဖို့မဟုတ်။ လုယန်သုံးဖို့ဖြစ်သည်။

လုယန်အတွက် နည်းနည်းတော့ အထောက်အကူဖြစ်လိမ့်မည်။

လုယန်နှင့်ရင်းနှီးမှုယူရန် ဒုတိယမင်းသားက ဤရတနာများကို သေချာရွေးချယ်၍ ပြင်ဆင်ထားခြင်းဖြစ်သည်။ လုယန်လက်ခံလျှင် သူ့ဘက်တွင် ရပ်တည်မည့်သဘောသက်ရောက်သည်။

လုယန်၏တုံ့ပြန်မှုကိုစောင့်ရင်း သူ့စိတ်ထဲ ကျိတ်၍စိုးရိမ်နေသည်။

"အလကားပေးတာလား"

နန်းမြို့တော်တွင် လူကောင်းသူကောင်း အတော်များသည်ဟု နတ်မယ်တွေးနေသည်။

"ဒါပေါ့"

ဒုတိယမင်းသား ပြုံး၍ခေါင်းငြိမ့်သည်။

"ဒါဆိုရင်တော့ ငါအားမနာတော့ဘူး။ ကျေးဇူးတင်ပါတယ်"

အစေခံခေါင်းဆောင်က မှော်လက်စွပ်တစ်ခုထုတ်၍ ပစ္စည်းအားလုံးကိုစုစည်းပြီး လက်နှစ်ဘက်ဖြင့် ရိုရိုသေသေပေးသည်။

နတ်မယ်ပစ္စည်းလက်ခံသည်ကို မြင်ရသဖြင့် ဒုတိယမင်းသား၏အပြုံး ပို၍ဝေဆာလာသည်။ အစောပိုင်းက လုယန်ပြောခဲ့သည့်စကားများသည် အစမ်းသပ်မခံချင်ကြောင်း သူသိအောင် ပြခြင်းဖြစ်မည်။

ပစ္စည်းလက်ခံလိုက်ပြီဖြစ်၍ နောင်တစ်ချိန်တွင် လုယန်သည် သူ့ကိုမကူညီသည့်တိုင် ဆန့်ကျင်တော့မည်မဟုတ်။

အလကား။ အလကားပေးသည့်လက်ဆောင်ဟူသည် လောကတွင်မရှိ။ အားလုံးက တန်ဖိုးတစ်ခုတော့ရှိသည်။

"နတ်မယ်၊ ဒီပစ္စည်းတွေကို ခင်ဗျားမယူသင့်ဘူး"

လုယန်က သိစိတ်နယ်မြေမှ အကဲခတ်ရင်း နည်းနည်းစိုးရိမ်မိသည်။ သူသာဆိုလျှင် ဒုတိယမင်းသားထံမှ ဘာပစ္စည်းမှလက်ခံမည်မဟုတ်။

"ဟမ်...ဘာလို့လဲ"

ဘာကြောင့် ဒုခေါင်းဆောင်ထိုမျှစိုးရိမ်နေသည်မသိ။

"ပစ္စည်းလက်ခံတယ်ဆိုတာက ဘက်ရွေးတဲ့သဘောပဲ"

"ဘက်ရွေးတယ်..ဟုတ်လား။ ဘယ်ဘက်လဲ"

"တစ်လုတ်စားဖူး သူ့ကျေးဇူးတဲ့။ တစ်ခြာလူပေးတဲ့လက်ဆောင်ကိုယူရင် ကျေးဇူးပြန်ဆပ်ရတဲ့ ဝတ္တရားရှိတယ်"

လုယန်က ရိုးရိုးရှင်းရှင်းစကားလုံးဖြင့် ကြိုးစားပြီးရှင်းပြသည်။

"ငါအစကတည်းက သေချာမေးပြီးသားပဲလေ။ ဒါတွေက အလကားပေးတာပါ"

နတ်မယ် ပြန်ပြောသည်။ သူလုပ်သည့်ကိစ္စမှန်သမျှ အမြဲတမ်း စေ့စပ်သေချာသည်။

"နောင်တစ်ချိန် သူနဲ့ရန်သူတွေဖြစ်လာရင် ဘယ်လိုလုပ်မလဲ။ အဲဒီ့အချိန်ကျရင် ခင်ဗျားသူ့ကို တိုက်ခိုက်မှာလား"

"တိုက်မှာပေါ့"

ထိုမျှရှင်းနေသည့်အဖြေကို ဒုခေါင်းဆောင် ဘာကြောင့်မေးနေသည်မသိ။

"ပြီးတော့၊ ဒီပစ္စည်းတွေကို ငါဒီအတိုင်းယူလိုက်တာမှမဟုတ်တာ။ ကျေးဇူးပါတင်တယ်လို့တော့ ပြောတယ်လေ"

လုယန် "..."

...ငါ့ကိုယ်ငါ မျက်နှာပြောင်လှပြီလို့ ထင်ထားတာ...ဒီ့ထက်မျက်နှာပြောင်တတ်အောင် နတ်မယ်ဆီကနေ သင်ယူရင် ကောင်းမလား...

*********************************

အခန်း (၈၄၃) မြင့်မားသည့်အဆင့်အတန်း

မုန်အိမ်တော်သို့ ပြန်ရောက်ပြီးနောက် မုန်ကျင်းကျိုးက သူ့အဖေနှင့်သွားတွေ့၍ ဒုတိယမင်းသားအိမ်တော်မှ အဖြစ်အပျက်များကို အသေးစိတ်ပြန်ပြောပြသည်။

ဒုတိယမင်းသား လုယန်ကိုစည်းရုံးဖို့ကြိုးစားသည့်ကိစ္စကို မုန်ပိုထန် မအံ့ဩပါ။

လုယန်ကြည့်၍ သူပြုံးလိုက်သည်။

"မင်းသားကိုးယောက်ထဲမှာ ဒုတိယမင်းသားပဲ ရှောင်လုနဲ့ရင်းနှီးချင်တာမဟုတ်ပါဘူး။ သူက ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်း အနည်းဆုံးလူမို့ ဖြစ်ပါလိမ့်မယ်။

မဆန်းပါဘူး။ သူ့ပုံမှန်စရိုက်ကိုက စိတ်ထိန်းချုပ်နိုင်စွမ်းနည်းတယ်လေ"

"သူတစ်ယောက်တည်းမကဘူးလား"

မုန်ကျင်းကျိုး အံ့ဩသွားသည်။ လောင်မုန် အတော်လူကြိုက်များနေပုံရသည်။

"အိမ်ရှေ့မင်းသားက နန်တက်ဖို့ကိစ္စ သိပ်စိတ်မဝင်စားတော့ ကျန်တဲ့မင်းသားတစ်ချို့ စိတ်ဝင်စားလာကြတာပေါ့။ ငါတို့ရထားတဲ့ သတင်းအရ စတုတ္ထမင်းသားနဲ့ ပဥ္စမမင်းသားလည်း နန်းပလ္လင်အတွက် ပြိုင်ဆိုင်ဖို့ကြိုးစားနေတယ်တဲ့"

"နန်းပလ္လင်က ဘာတွေများ အဲလောက်စိတ်ဝင်စားစရာကောင်းလို့လဲ"

နန်းပလ္လင်သည် ဘာမှသုံးမရဟု မုန်ကျင်းကျိုးယူဆသည်။ သူသာဆိုလျှင် အလကားပေးလည်း ယူမည်မဟုတ်။

မုန်ပိုထန်က သူ့သားနှင့်လုယန်ကို တစ်ချက်ကြည့်သည်။ အားလုံးက မိသားစုတင်များဖြစ်၍ ဘာမျှလျှို့ဝှက်နေစရာအကြောင်းမရှိ။

"အဲဒါက နန်းပလ္လင်လေ။ နိုင်ငံကံကြမ္မာကို ချုပ်ကိုင်ထားတဲ့နေရာ။ မရေမတွက်နိုင်တဲ့လူတွေရဲ့ ဆန္ဒကို ထမ်းပိုးထားတဲ့နေရာ။ ပလ္လင်ပေါ်မှာ ထိုင်တဲ့လူဟာ သူ့အထက်မှာ တစ်ယောက်ပဲရှိတယ်။ သူ့‌အောက်မှာ လူသန်းပေါင်းများစွာရှိတယ်။

တော်ဝင်နန်းတော်ရဲ့ တားမြစ်နယ်မြေကလူ ဝင်မစွက်သရွေ့ အင်ပါယာရှားဟာ ကောင်းကင်အောက်က ဩဇာအရှိဆုံးလူပဲ။ ဘယ်သူမှ သူ့ဆန္ဒကို မဆန့်ကျင်ရဲဘူး"

သိစိတ်နယ်မြေမှ နားထောင်နေရင်း လုယန်စဉ်းစားသည်။ မုန်ပိုထန်စကား တကယ်မှန်သလိုရှိသည်။ အင်ပါယာရှားသည် တကယ်ဩဇာမြင့်မားသည့် လူတစ်ယောက်၏ အဆင့်အတန်းမျိုးရှိသည်။

'ဒါပေမယ့် ငါသူ့ကိုတွေ့တုန်းက ဘာလို့အဲလိုမခံစားမိတာလဲ'

အင်ပါယာရှားအကြောင်း သူပြန်စဉ်းစားကြည့်သည်။

ပထအကြိမ်တွေ့ဆုံချိန်တွင် နတ်မယ်က အင်ပါယာရှားကို ထာဝရမျိုးဆက်၏ စတုတ္ထခေါင်းဆောင်နေရာပေးဖို့ စဉ်းစားခဲ့သည်။

ထို့နောက် ယာယီဂိုဏ်းချုပ်ဖြစ်နေသည့်နတ်မယ်က တစ်ခြားမသေမျိုးလေးဂိုဏ်း၏ ဂိုဏ်းချုပ်များနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သည့်အပြင် အင်ပါယာရှားကိုပါ စိန်ခေါ်ခဲ့သည်။

အင်ပါယာရှားထိတ်လန့်သွားပြီး သူ့ကို နန်းတော်သို့ ဦးမညွှတ်ဘဲဝင်ရောက်ခွင့်၊ ဓားဆောင်၍ ညီလာခံတက်ခွင့် စသဖြင့် အထူးအခွင့်အရေးများ ချီးမြှင့်ခဲ့သည်။

ထိုအတွေ့အကြုံများအပြင် နတ်မယ်ကလည်းသူ့ကို ရှေးဟောင်းမသေမျိုးတို့၏ ရှက်စရာကိစ္စများ အဆက်မပြတ်ပြောပြခဲ့သည်။

ထို့ကြောင့် သူ့အနေဖြင့် အင်ပါယာရှားကို ဩဇာအမြင့်ဆုံးလူအဖြစ် လေးစားနိုင်ဖို့ အတော်လေးခဲယဉ်းနေသည်။

"မဟာယုကျင့်ကြံသူတွေနဲ့လည်း မင်းတို့ဆုံဖူးတာပဲ။ အထူးသဖြင့် မင်းတို့ တာအိုလမ်းစဉ်ဂိုဏ်းကဖမ်းလိုက်တဲ့ ယုမဟာမိတ်ကနိယာမသခင်၊ ဆဋ္ဌမယုအင်ပါယာ ဝူယွီထောင်၊ ဒုတိယနိုင်ငံ့ဆရာ ကျင်းပုကျန်းတို့ပေါ့။

သူတို့ဘာလို့ ဒီအချိန်မှာနိုးထဖို့ ရွေးချယ်ခဲ့တာလဲ။ မသေမျိုးလမ်းစဉ်အတွက်ပဲလား။..မဟုတ်ဘူး။ သူတို့က မဟာရှားကိုအစားထိုးပြီး မဟာယုကို ပြန်တည်ထောင်ချင်ကြတာ။

နန်းတော်တားမြစ်နယ်မြေမှာနေတဲ့လူက မဟာရှားသေရေးရှင်ရေးအခြေအနေမကြုံသရွေ့ လှုပ်ရှားမှာမဟုတ်ဘူး။ ဒီတော့ နန်းပလ္လင်မှာထိုင်တဲ့လူဟာ အလယ်ပိုင်းတိုက်နယ်ရဲ့သခင် ဖြစ်လာတဲ့သဘောပဲ"

"တားမြစ်နယ်မြေမှာနေတဲ့လူရဲ့ ကျင့်စဉ်အဆင့်က ဘာလဲ"

ကျန်းမိသားစုဘိုးဘေးအကြောင်း အရင်ကတည်းက မုန်ကျင်းကျိုးကြားဖူးသည်။

မဖြေချင်သည့်မေးခွန်းကို ရင်ဆိုင်လိုက်ရဟန်ဖြင့် မုန်ပိုထန်မျက်နှာ အိုစာသွားသည်။ လေးတွဲ့တွဲ့လေသံဖြင့် သူပြောသည်။

"မသေမျိုးပါ"

"အင်း...အဲလောက်တော့ ကျုပ်ခန့်မှန်းမိပါတယ်"

နတ်မယ်နှင့်မုန်ကျင်းကျိုးမျက်နှာတွင် မုန်ပိုထန်မျှော်လင့်ထားသည့် အံ့ဩရိပ်မျိုး ပေါ်မလာ။

မဟာချန်နှင့်မဟာယုနိုင်ငံနှစ်ခုလုံးကို မသေမျိုးများတည်ထောင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မဟာရှားတွင်လည်း မသေမျိုးတစ်ယောက်ရှိမှသာ သဘာဝကျမည်။

မုန်ပိုထန် မျက်ခုံးတစ်ချက်လှုပ်သွားသည်။ ထိုကောင်လေးနှစ်ယောက် အပြင်လောကတွင် ဘာတွေကြုံတွေခဲ့ရသည်မသိ။ မသေမျိုးဟူသည့်သတ်မှတ်ချက်ကို လုံးဝအထင်ကြီးကြဟန်မရှိ။

"ကျုပ်တို့ဘိုးဘေးတွေ ကျန်းမိသားစုကို မယှဉ်နိုင်ခဲ့တာ မဆန်းတော့ပါဘူး"

မုန်ဘိုးဘေး ဘာကြောင့်ရှုံးနိမ့်ခဲ့သည်ကို မုန်ကျင်းကျိုး နားလည်သွားသည်။ ကျန်းပင်ကန်းက မသေမျိုးဖြစ်သည်။ သာမန်လူရည်သန့် မုန်မျိုးရိုးတစ်ယောက်အနေဖြင့် သူ့ကိုအနိုင်ရဖို့ မဖြစ်နိုင်။

"ကျုပ်တို့ဘိုးဘေးတွေက တကယ်စိတ်ပျက်စရာပဲ။ သူတို့သာနိုင်ခဲ့ရင် ကျုပ်အခု အိမ်ရှေ့မင်းသားဖြစ်နေလောက်ပြီ"

မိသားစုဝန်ထုပ်ဝန်ပိုးက သူ့ပုခုံးပေါ်ကျလာသလို မုန်ကျင်းကျိုး ခံစားရသည်။ မုန်မိသားစုမှ မသေမျိုးတစ်ယောက် ပေါ်ထွက်နိုင်ရေးကိစ္စသည် သူ့တာဝန်ဖြစ်လာသည်။

"ဒီတော့ နန်းပလ္လင်ဘာလို့ ဒီလောက်အရေးကြီးသလဲဆိုတာ မင်းနားလည်ပြီမဟုတ်လား။ အဲဒါက မသေမျိုးတစ်ယောက်ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ရာထူးမျိုးပဲ"

သူတို့စကားပြောနေစဉ် တံခါးခေါက်သံပေါ်လာပြီး အိမ်ထိန်းရှု ဝင်လာသည်။

"သခင်ကြီး၊ လူတစ်ယောက် အကြွေးလာဆပ်ပါတယ်"

အိမ်ထိန်းရှုသည် မုန်ပိုထန်ကို 'အကိုကြီး'ဟု တော်ရုံတန်ရုံခေါ်လေ့မရှိ။ 'အကိုကြီး' ခေါ်လျှင် သူတို့ပုံစံက မြေအောက်ဂိုဏ်းသားများလိုလို ဖြစ်နေသည်။

အထူးသဖြင့် 'အကိုကြီး၊ လူတစ်ယောက်အကြွေးလာဆပ်ပါတယ်'ဟုပြောလျှင် မုန်မိသားစုက တရားမဝင်လုပ်ငန်းတစ်ခုခု လုပ်နေသယောင်ထင်ရလိမ့်မည်။

မုန်မိသားစုသည် လုပ်ငန်းပိုင်းတွင် အမြဲတမ်းဥပဒေဘောင်ထဲမှလုပ်သည်။ မှတ်ပုံတင်မထားသည့် နတ်ဆိုးဂိုဏ်းမျိုး တရားမဝင်အဖွဲ့အစည်းမျိုးမဟုတ်။

"ဘယ်သူလဲ"

မုန်ပိုထန် ပြန်မေးသည်။ ပုံမှန်ဆိုလျှင် သာမန်ငွေချေးငွေဆပ်အလုပ်များကို သူဝင်ပါစရာမလို။ ရှုယွီကသာ တာဝန်ယူသည်။

ရှုယွီသူ့ကို လာအကြောင်းကြားသည်ဆိုလျှင် အကြွေးလာဆပ်သူ၏နောက်ခံက မနိမ့်သောကြောင့် သို့မဟုတ် ပေးဆပ်သည့်အကြွေးပမာဏက များသောကြောင့်သာဖြစ်မည်။

"သူ့နာမည်က ကျောက်ရိုးလို့ပြောပါတယ်။ အရင်ကချေးထားတဲ့ ဝိညာဉ်ကျောက်သန်းတစ်ထောင်ကို ပြန်ဆပ်ချင်တယ်တဲ့"

(**အရင်အခန်းများတွင် 'တစ်သန်း'/'တစ်သိန်း'ဟု ဘာသာပြန်ခဲ့ပါသည်။ အီးဘာသာပြန်ကလည်း One hundred thousond/ one million/ten million စသဖြင့် အမျိုးမျိုးရေးသည်။

ယခုအခန်းမှာပင် one billion (သန်းတစ်ထောင်)/ten billions (သန်းတစ်သောင်း) ဟု နှစ်ခုရေးထားသည်။ 'သန်းတစ်ထောင်'ကိုသာ အတည်ယူလိုက်ပါသည်)

မုန်ပိုထန် ခေါင်းငြိမ့်သည်။

"သန်းတစ်ထောင်ဆိုတော့ အတော်များတာပဲ။ ကျောက်ရိုး...အင်း သူ့ကိုငါသိတယ်။ ‌နောက်တစ်ခေါက်အသားကင်ဆိုင်တွေ ဖွင့်တဲ့လူမဟုတ်လား"

ဤတက်သက်စ စီးပွားရေးလုပ်ငန်းရှင်နာမည်ကို မုန်ပိုထန် ကြားဖူးသည်။

"ဒါပေမယ့် ငါတို့သူ့ကို ဘယ်တုန်က ငွေချေးဖူးလို့လဲ"

ဝိညာဉ်ကျောက်သန်းတစ်ထောင်ချေးသည့်လူကို မုန်ပိုထန်မမှတ်မိစရာမရှိ။

"အကြွေးကတိစာချုပ်ကို စစ်ဆေးပြီးပါပြီ။ ကျုပ်တို့မုန်မိသားစုက ချေးခဲ့တာ သေချာပါတယ်။ ဒါပေမယ့် ငွေချေးသူနာမည်နေရာကို ကံကြမ္မာစွမ်းအားသုံးပြီး ပြုပြင်ထားတယ်။ ဒီလူက သူ့သဘောဆန္ဒအလျောက် အရင်လူရဲ့အကြွေးကို တာဝန်ယူပြီးလာဆပ်တာဖြစ်မယ်ထင်တယ်"

မုန်ပိုထန် အတော်‌လေးစားသွားသည်။ လောကတွင် ထိုမျှသစ္စာရှိသည့်လူမျိုးရှိဦးမည်ဟု မထင်ခဲ့။

"သွားစို့၊ သူ့ကိုသွားတွေ့ရအောင်"

တံခါးအပြင်သို့လှမ်းထွက်ပြီးနောက် မုန်ပိုထန် ‌နောက်လှည့်၍ မုန်ကျင်းကျိုးနှင့်လုယန်ကို လှမ်းပြောသည်။

"မင်းတို့နှစ်ယောက် အကြွေးဆပ်တာကို မမြင်ဖူးသေးဘူးမဟုတ်လား။ အတွေ့အကြုံရအောင် လိုက်ကြည့်ကြပါ"

မုန်ပိုထန်မပြောလည်း မုန်ကျင်းကျိုး လိုက်မည်သာဖြစ်သည်။

ကျောက်ရိုးဆိုသည့်နာမည်ကို သူကောင်းကောင်းရင်းနှီးပြီးသားဖြစ်သည်။

.....

မုန်အိမ်တော်၏ ဧည့်လက်ခံသည့်နေရာတွင် သီးသန့်ခန်းများစွာရှိသည်။ လုပ်ငန်းအကြီးအသေးကိုလိုက်၍ အခန်းအရည်အသွေးအမျိုးမျိုး ကွဲပြားသည်။

ကျောက်ရိုးက အဆင့်မြင့်သီးသန့်ခန်းတစ်ခုတွင် အကြွေးလက်ခံမည့် မုန်မိသားစုဝင်ကို စိတ်ပူပန်စွာ စောင့်ဆိုင်းနေသည်။

"စိတ်မပူပါနဲ့။ ဝိညာဉ်ကျောက်သန်းတစ်ထောင်ပြည့်အောင် မင်းစုထားပြီးပြီပဲမဟုတ်လား"

ဂိုဏ်းချုပ်မူပိုင်ယိလည်း လိုက်လာသည်။ အရင်ဂိုဏ်းချု်ချန်ခဲ့သည့် ပြဿနာများနှင့် ကျောက်ရိုး၏အကြွေးကိစ္စသည် ဂိုဏ်းနှင့်နည်းနည်းပတ်သက်နေသည်။

လမ်းခရီးတလျှောက် အမှားအယွင်းမဖြစ်အောင်ကာကွယ်ဖို့ အတူလိုက်လာခြင်းဖြစ်သည်။

"အနည်းဆုံးတော့ မိုးကြိုးပစ်မှာကို ကြောက်စရာမလိုတော့ဘူးပေါ့"

ကျောက်ရိုး သက်ပြင်းချသည်။ ယနေ့လိုအချိန်ရောက်အောင် လေးနှစ်လုံးလုံး သူစောင့်ခဲ့ရသည်။ လတိုင်း မိုးကြိုးပစ်ခံရသည်။ စုစုပေါင်း မိုးကြိုးအချက်ငါးဆယ်ထိခဲ့သည်။ ယခုထိသူအသက်ရှင်နေသည်ကပင် အံ့ဩစရာကောင်းလှသည်။

အစကတည်းက ချင်ဟော်ရန်၏ရတနာကို မဆင်မခြင်မခိုးခဲ့သင့်။

ဘာရတနာမှလည်းမရှိ။

ကောင်းကင်ရုံး‌တော်ကသာ လမ်းခင်းမပေးခဲ့လျှင် ဝိညာဉ်ကျောက်သန်းတစ်ထောင်ရအောင် သူဘယ်နှဘဝစုဆောင်းရမည်မသိ။

"ခင်ဗျားက ကျောက်ရိုးလား"

ပူးကပ်ခံထားရသည့်လုယန်၊ မုန်ကျင်းကျိုးနှင့် မုန်ပိုထန်တို့ အခန်းထဲတွင်လာသည်။ မုန်ပိုထန်မျက်နှာတွင် နွေးထွေးဖြူစင်သည့်အပြုံးမျိုးရှိသည်။

"ဟုတ်ပါတယ်"

မုန်ကျင်းကျိုးနှင့်လုယန်ကို မြင်သည်နှင့် ကျောက်ရိုး နည်းနည်းအံ့အားသင့်သွားသည်။ ထိုနှစ်ယောက် ဤနေရာတွင်ရှိနေမည်ဟု သူထင်မထား။

အိပ်မက်ရေပွက်မှတစ်ဆင့် အသားကင်ဆိုင်ကြော်ငြာထည့်ရန် ထောင်ယော်ယဲ့နှင်ဆွေးနွေးစဉ်က လုယန်ကို သူမြင်ဖူးသည်။ မုန်ကျင်းကျိုးကိုတော့ ပုံတူပန်းချီထဲတွင်သာ မြင်ဖူးသည်။

မူပိုင်ယိက အရိုင်းနယ်မြေမှ အလောင်းတည်းခိုခန်းတွင် နှစ်ယောက်လုံးနှင့် ဆုံဖူးသည်။

ကျောက်ရိုးအမြင်တွင် သူတို့နှစ်ယောက်သည် မျိုးဆက်သစ်ပါရမီရှင်များသာဖြစ်သည်။ ထို့ကြောင့် သိပ်အရေးမစိုက်။

ချင်ဟော်ရန်၏ အကြွေးစာချုပ်နှင့် ဝိညာဉ်ကျောက်သန်းတစ်ထောင်ပါသည့် မှော်လက်စွပ်ကို မုန်ပိုထန်လက်ထဲ လှမ်းပေးသည်။ ထို့နောက် မုန်ပိုထန်ဆုံးဖြတ်ချက်ကို စိုးရိမ်ပူပန်စွာ စောင့်ဆိုင်းနေသည်။

မုန်ပိုထန်က အကြွေးကတိစာချုပ်ကို သေချာစစ်ဆေးသည်။ မုန်မိသားစုသည် အမြဲတမ်း စည်းမျဉ်းစည်းကမ်းအတိုင်းလုပ်သည်။ ကိုယ့်ငွေမဟုတ်လျှင် လုံးဝမယူ။

ထို့နောက် မှော်လက်စွပ်ကို သုံးကြိမ်စစ်ဆေးသည်။ မုန်မိသားစု၏ ကိုယ်ပိုင်စည်းမျဉ်းများလည်း ရှိသည်။ ကိုယ်ရမည့်ငွေမှန်လျှင် တစ်ပြားမှအလျော့မခံ။

"အင်း..အကြွေးကတိစာချုပ်ကလည်း အမှန်ပါပဲ။ မှော်လက်စွပ်ထဲမှာလည်း ဝိညာဉ်ကျောက်သန်းတစ်ထောင်ပြည့်ပါတယ်"

ကျောက်ရိုး စိတ်သက်သာရာရသွားပြီး ထပြန်ရန်ပြင်သည်။ သို့သော် မုန်ပိုထန်က သူ့ကိုတားလိုက်သည်။

"ခဏနေဦး။ ခင်ဗျား အတိုးမပေးရသေးဘူးလေ"

*********************************

All Chapters