← Chapters

ရတနာပန်းပွင့်ဂိုဏ်းသို့ဦးတည်ခြင်း၂

Vol. 46 Ch. 456

ရတနာပန်းပွင့်ဂိုဏ်းသို့ဦးတည်ခြင်း၂

Vol. 46 Ch. 456

အပြင်စည်းမှ အကြီးအကဲယန်၏ းအသံသည် အစီအရင်ချပ်ပြားမှတစ်ဆင့် ထွက်ပေါ်လာလေသည်။

"ဒါ တကယ်အစစ်အမှန်ပဲ။ လုံးဝ လှည့်စားတာ မဟုတ်ဘူး။ ငါတို့ရဲ့စီနီယာ လီရွှမ်ချင်းတောင် ဂုဏ်ပြုတဲ့အနေနဲ့ ခရမ်းရောင်ချီအငွေ့အသက်တွေ ပေးလိုက်သေးတယ်၊ တကယ်ကို ကြောက်စရာကောင်းတာပဲ။သူ အပြင်ထွက်သွားတာ ဘယ်လောက်ကြာပြီလဲ။ ပြင်ပလောကကနေ ဒီလောက်များပြားတဲ့ကျင့်ကြံခြင်းအဆင့်တွေနဲ့ ထိတွေ့မိဖို့ဆိုတာ လုံးဝကိုမဖြစ်နိုင်ဘူး။ တခြားစကားနဲ့ ပြောရရင် ဂိုဏ်းချုပ်ရှန်းက နတ်ဘုရားစိတ်ဝိညာဉ်ရဲ့နက်ရှိုင်းတဲ့နေရာမှာ ရှိနေစဉ်ကတည်းက သူ့ဘာသာသူလေ့လာပြီး တာအိုမဏ္ဍိုင်တွေကို ဘယ်လိုပုံဖော်ရမလဲဆိုတာ စတင်သင်ယူနေခဲ့ပြီပဲ"

ယင်းကိုကြားသောအခါ လျိုရှီချန်းသည် လက်လှမ်း၍ အစီအရင်ချပ်ပြားကို ယူလိုက်၏။

"အရင်ပြန်လာခဲ့ပါ၊ ဖြည်းဖြည်းချင်း ပြောကြတာပေါ့"

သူ့အတွက် အံ့အားသင့်စရာကောင်းစွာပင် ယန်ကျင်းရှန်းသည် ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက် အနည်းငယ်ဝမ်းနည်းကြေကွဲဖွယ်ကောင်းသော အသံဖြင့်ပြောလာလေသည်။

"အကြီးအကဲ... ကျွန်တော်ပြန်လာလို့ မရတော့ဘူး။ ကျွန်တော် သူတို့ကိုမေးကြည့်ပြီးပြီ၊ ရှန်းယီက နန်ယန်ဂိုဏ်းကနေ ထွက်သွားပြီတဲ့... သူတစ်ယောက်တည်းကပဲ အစီအရင်ကိုဖွင့်နိုင်တာ"

"ကျွန်တော်ရယ် နောက်ထပ်တပည့်တစ်ယောက်ရယ်ကို သူကနန်ယန်ဂိုဏ်းထဲမှာ အကျဉ်းချထားခဲ့ပြီ"

"..."

လျိုရှီချန်းသည် အနည်းငယ်အံ့အားသင့်သွားပြီး နဖူးကိုစမ်းလိုက်မိကာ ဤအရာ၏အဓိပ္ပာယ်ကို နားမလည်နိုင် ဖြစ်သွားလေသည်။

နန်ယန်ရတနာနယ်မြေတွင် တာအိုဟောပြောရန် လူများကိုငှားရမ်းသွားပြီး ပြန်မပို့ပေးခြင်းမျိုးပင် မဟုတ်ပါလော။

ခေတ္တအကြာတွင် သူသည် ခေါင်းခါလိုက်၏။

"ထားလိုက်တော့၊ ဒီကိစ္စကို လောလောဆယ် တခြားသူတွေကို အသိမပေးနဲ့ဦး၊ ငါ့မှာ ကိုယ်ပိုင်အစီအစဉ်ရှိတယ်။ မင်းကတော့ နန်ယန်မှာပဲ ခဏလောက် ဆက်နေလိုက်ဦး"

ထိုသို့ပြောပြီးနောက် လျိုရှီချန်းသည် အစီအရင်ချပ်ပြားကို သိမ်းဆည်းလိုက်လေ၏။

ထို့နောက် သူသည် ကုလားထိုင်ပေါ်တွင် ဖြည်းညင်းစွာ နောက်သို့မှီချလိုက်၏။ မခန့်မှန်းနိုင်သောအချိုးအကွေ့များပြီးနောက် နောက်ထပ် အလှည့်အပြောင်းများ ရောက်ရှိလာခဲ့လေသည်။

ဤပြဿနာများလှသော ကိစ္စရပ်တွင် ဤမျှများပြားသောအပြောင်းအလဲများ ရှိနေလိမ့်မည်ဟု သူပင်လျှင် မျှော်လင့်မထားခဲ့ပေ။

အားသာချက်များစွာ ပိုင်ဆိုင်ထားသော အခြေအနေတစ်ခုတွင် ရှန်းယီသည် အရေးအကြီးဆုံးအချက်ကိုထပ်မံထုတ်ဖော်ပြသလိုက်ပြန်သည်။ ယင်းမှာ သူ၏ထူးချွန်ပြောင်မြောက်လှသော ပါရမီပင် ဖြစ်၏။

ကောင်းကင်နန်းတော်တစ်ထပ်ဆိုသည်မှာ အမှန်တကယ်တော့ခွန်အားအရကြည့်လျှင် သိပ်ပြီး ကြီးမားသော ပမာဏမဟုတ်ပေ။ အများဆုံးအနေဖြင့်ဟင်းလင်းပြင်လျှောက်လှမ်းခြင်း၏ အလယ်အလတ်အဆင့်ထက်ပင် ကျော်လွန်မည် မဟုတ်ပေ။

သို့သော် ၎င်းကိုယ်စားပြုသော အဓိပ္ပာယ်သက်ရောက်မှုများမှာမူ အလွန်ကွာခြားလှသည်။

ဤကိစ္စသည် ကျောက်စိမ်းမြို့တော်ရှိကျင့်ကြံသူများ၏ စိတ်နှလုံးကိုပင် နှောင့်ယှက်နိုင်ခြေရှိသည်အထိ အလွန်အရေးကြီးသော အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

မျက်နှာပျက်ရမည်ဆိုလျှင်ပင် ဂိုဏ်းချုပ်ရှန်း၏ အဆင့်အတန်း အမှန်တကယ်အတည်မပြုရသေးသည့်အချက်ကို အခွင့်ကောင်းယူကာ သူ၏အပေါ် တစ်စုံတစ်ရာ ကြိုတင်လုပ်ဆောင်ရန်မှာ မဖြစ်နိုင်သောအရာ မဟုတ်ပေ။

"ဟူး..."

လျိုရှီချန်းအနေဖြင့် ဤကိစ္စကို မည်မျှကြာအောင် ဖုံးကွယ်ထားနိုင်မည်ကို သိပ်ပြီးရှင်းရှင်းလင်းလင်း မသိရှိပေ။ သို့သော် ဤသတင်းကို သူ၏ထံမှ စတင်ပြန့်နှံ့သွားခြင်းမျိုး မဖြစ်စေချင်ပေ။

ကျန်သည့်အရာများကတော့ ကံကြမ္မာ၏အစီအမံအတိုင်းသာ ဖြစ်လေတော့မည်။

...

နန်ဟုန်နယ်မြေတွင် သမုဒ္ဒရာပြင်ကြီးက ဧရိယာ၏ ခုနစ်ဆယ်ရာခိုင်နှုန်းကို နေရာယူထားပြီး ကုန်းမြေမှာသုံးဆယ်ရာခိုင်နှုန်းသာ ရှိလေသည်။

ပြာလဲ့နေသောပင်လယ်ပြင်ထက်ရှိ သင်္ဘောတစ်စင်းပေါ်တွင် ကျင့်ကြံသူအပြည့် တင်ပျဉ်ခွေ ထိုင်နေကြ၏။

သူတို့သည် ကောင်းကင်ယံတွင် ပျံသန်းနိုင်စွမ်း ရှိကြသော်လည်း သင်္ဘောဖြင့်သာ ခရီးသွားရ၏။

အဘယ်ကြောင့်ဆိုသော် လွတ်လပ်ကျင့်ကြံသူတိုင်းသည် ရေသတ္တဝါမျိုးနွယ်စုများ၏နယ်မြေအတွင်း နေရာရွေ့ပြောင်းနည်းစနစ်ကို အသုံးပြုရန် အရည်အချင်းမပြည့်မီသောကြောင့် ဖြစ်သည်။

ဤသည်မှာ ဟုန်ကျယ်ဒေသ၏ စည်းမျဉ်းများပင်။

သင်္ဘောဦးပိုင်းတွင် အဘိုးအိုတစ်ဦးနှင့် လူငယ်တစ်ဦးတို့သည်ဝေးကွာသော သန္တာကျောက်တန်းဆီသို့ စူးစမ်းလိုစိတ်ဖြင့် လှမ်းကြည့်နေကြ၏။

ထိုနေရာတွင်မှင်ရောင်ဝတ်ရုံများ ညင်သာစွာ လွင့်လူးနေပြီး၊ သာမန်ထက်ထူးခြားပုံမရသော ခွေးအိုကြီးတစ်ကောင်နှင့်အတူ တရားထိုင်လျက် ဝင်သက်ထွက်သက်မှတ်နေသော လူငယ်ကျင့်ကြံသူတစ်ဦး ရှိနေလေသည်။

"အဘိုးကျန်း၊ ကျွန်တော် သူ့ကိုတစ်နေရာရာမှာ မြင်ဖူးသလို ခံစားရတယ်"

လူငယ်သည် သူ၏အကြည့်ကို ရုတ်သိမ်းလိုက်၏။

"သခင်လေးလျို... ဒီစီနီယာက ကျွန်တော်တို့နဲ့ လမ်းကြောင်းတူ သွားနေပုံရတယ်" ဟု အဘိုးအိုက ရိုသေယဉ်ကျေးစွာ ပြန်ဖြေလေသည်။

"ဒါဆိုရင် သူ့ကိုသင်္ဘောပေါ် ဖိတ်ခေါ်ပြီး လိုက်ပို့ပေးလိုက်ရအောင်လေ" သခင်လေးလျိုသည် အဖြေကိုပင် မစောင့်တော့ဘဲကျောက်ဆောင်ပေါ်ရှိတစ်ဖက်လူအား စိတ်အားထက်သန်စွာ လက်ယပ်ခေါ်လိုက်၏။

"စီနီယာ... ဒီဘက်မှာ"

"ဟေ..."

အဘိုးကျန်းသည် ခေတ္တမျှမှင်တက်သွားပြီး သူ့ကို မတားဆီးနိုင်မီမှာပင် ထိုစည်းစောင့်မှုမရှိသော သခင်လေးသည် ကျင့်ကြံသူ၏အာရုံစိုက်မှုကို ဆွဲဆောင်ပြီးဖြစ်နေလေပြီ။

မှင်ရောင်ဝတ်ရုံများလွင့်လူးနေမှု ရပ်တန့်သွားကာ လူငယ်ကျင့်ကြံသူသည် သူ၏မျက်လုံးများကို ဖြည်းညင်းစွာဖွင့်လာပြီး သင်္ဘောပေါ်သို့ တည်ငြိမ်စွာ အကဲခတ်ကြည့်ရှုလိုက်လေသည်။

တစ်ချက်ကြည့်လိုက်ရုံမျှသာ။ချက်ချင်းပင် အဘိုးကျန်း၏ခန္ဓာကိုယ် တောင့်တင်းသွား၏။

မသေမျိုးဂိုဏ်းအတွက် ကုန်ပစ္စည်းများ ပို့ဆောင်ရာတွင်နှစ်ပေါင်းများစွာ အချိန်ဖြုန်းခဲ့သူတစ်ဦးအနေဖြင့်၊ ထိုသာမန်မျှသာဖြစ်သော လူငယ်မှာ အနည်းငယ်တည်ငြိမ်အေးချမ်းပုံရသော်လည်း ထိုတည်ငြိမ်နေသော မျက်ဝန်းများက သူ့ကို အကြောင်းပြချက်မရှိဘဲ စိတ်မသက်မသာ ဖြစ်စေခဲ့သည်။

ဤသည်မှာ အဘိုးအို၏သေစေနိုင်သော အန္တရာယ်နှင့်ပတ်သက်သည့် ထက်မြက်သောအလိုအလျောက် သိမြင်နိုင်စွမ်းပင်

ထိုသူသည် မည်သို့မျှသဘောကောင်းမည့်သူ မဟုတ်ချေ။

"..."

အဘိုးကျန်းသည် သင်္ဘောကိုရိုးရှင်းစွာ မောင်းနှင်ထွက်ပြေးရန် မဝံ့ရဲခဲ့ပေ။ ထိုသို့လုပ်ဆောင်ခြင်းက သခင်လေးလျို၏ လုပ်ရပ်များမှာ ရန်စလိုသော ရည်ရွယ်ချက်ရှိကြောင်း အတည်ပြုပေးလိုက်သလို ဖြစ်သွားပေမည်။

ယနေ့ သွေးထွက်သံယိုမှုများ ဖြစ်လာနိုင်ချေရှိသည်။ သူသည် သင်္ဘောကိုဖြည်းညင်းစွာ အနီးသို့ ဆွဲကပ်သွားရုံသာ တတ်နိုင်ပြီး ဦးညွှတ်ကာ ပြောလိုက်လေ၏။

"စီနီယာကိုအနှောင့်အယှက်ပေးဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး၊ ဒါပေမယ့် စီနီယာ ခရီးသွားရတာ ပင်ပန်းနေတာကိုတွေ့လို့ တစ်ခုခုများလိုအပ်မလားလို့ တွေးမိလို့ပါ။ ကျွန်တော်တို့ သင်္ဘောပေါ်မှာ အပိုပစ္စည်းလေးတွေ နည်းနည်းကျန်သေးတယ်"

ရှန်းယီအတွက်မူ ဤခရီးစဉ်တွင် တစ်စုံတစ်ဦးက သူ၏ထံသို့ တက်တက်ကြွကြွလာရောက်နှုတ်ဆက်ခြင်းမှာ ပထမဆုံးအကြိမ်ပင်ဖြစ်၏။

သူသည် ခေတ္တမျှစဉ်းစားလိုက်ပြီးနောက် ပြန်လည်နှုတ်ဆက်လိုက်လေသည်။

"ကမ်းလှမ်းတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဘာမှမလိုအပ်ပါဘူး၊ ဒါပေမယ့် လမ်းလေးတော့မေးချင်လို့ပါ။ ရတနာပန်းပွင့်ဂိုဏ်းကို ဘယ်လိုသွားရမလဲဆိုတာ သိပါသလား"

လီရွှမ်ချင်း နောက်ဆုံးအပြင်ထွက်ခဲ့သည်မှာ နှစ်မည်မျှကြာမြင့်ခဲ့ပြီဆိုသည်ကို ရှန်ယီ ရှင်းရှင်းလင်းလင်း မသိရှိပေ။

မည်သို့ပင်ဆိုစေကာမူ သူပေးခဲ့သော လမ်းကြောင်းမှာအလွန်ဝေဝါးလွန်းလှသဖြင့် သိရသည်ဖြစ်စေ၊ မသိရသည်ဖြစ်စေ သိပ်ပြီး ထူးခြားမှု မရှိလှပါဘူး။

ရတနာပန်းပွင့်ဂိုဏ်း ဆိုသည်မှာ ယခုထက်တိုင် တည်ရှိနေသေးရဲ့လားဟု ရှန်းယီ စတင်သံသယဝင်လာသည့် အခြေအနေအထိပင် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

"ဒီလောက်ယဉ်ကျေးနေစရာမလိုပါဘူး စီနီယာရယ်"

အဘိုးကျန်းသည် သိသာစွာတုံ့ဆိုင်းသွားသော်လည်း၊ ရေပြင်ထက် ကောင်းကင်ယံမှ ဖြတ်ကျော်ပျံသန်းနိုင်သူတိုင်းသည် ပုံမှန်အားဖြင့် ဟင်းလင်းပြင်လျှောက်လှမ်းခြင်းနယ်ပယ်မှ ဖြစ်လေ့ရှိပြီး၊ဤနေရာတွင်မူ ယဉ်ကျေးပျူငှာစွာ တုံ့ပြန်နေသည် မဟုတ်ပါလော။

သေချာသည်မှာ သူ့ကို အံ့အားသင့်ဆုံးဖြစ်စေသည်က ဤအချက်မဟုတ်ဘဲ သူစိမ်းတစ်ယောက်ထံမှ ရတနာပန်းပွင့်ဂိုဏ်းအကြောင်း ထုတ်ဖော်ပြောဆိုလာခြင်းကိုပင်။

အပြင်သို့ မကြာခဏထွက်လေ့ရှိသော ကျင့်ကြံသူတစ်ဦးအနေဖြင့် အဘိုးကျန်းသည် ချက်ချင်းပင် အထူးသတိထားလိုက်မိပြီး၊ အနီးရှိ သခင်လေးလျိုကိုလှမ်းကြည့်လိုသည့် ဆန္ဒကိုချုပ်တည်းကာ ထွက်ပြေးရန်ဗျူဟာကို စတင်စဉ်းစားနေလေတော့သည်။

သေချာသည်မှာ ဤမျှလောက်တိုက်ဆိုင်မှုမျိုးတော့ မဖြစ်နိုင်ချေ။

"စီနီယာကလည်း ရတနာပန်းပွင့်ဂိုဏ်းကို သွားမှာလား" သခင်လေးလျိုသည် ရုတ်တရက်မျက်နှာလင်းလက်သွားကာ ပြောလိုက်၏။ "ဒါဆိုရင် ကျွန်တော်တို့က လမ်းကြောင်းတူတာပေါ့။ တကယ်တော့ကျွန်တော်က ဂိုဏ်းကို ပြန်သွားမယ့်လမ်းမှာပါ။ ကျေးဇူးပြုပြီးသင်္ဘောပေါ် တက်ခဲ့ပါ စီနီယာ။ လမ်းခရီးမှာ အချင်းချင်းစောင့်ရှောက်သွားလို့ ရတာပေါ့"

"..."

အဘိုးကျန်းသည် လူငယ်ကို အနောက်သို့ ရုတ်တရက်ဆွဲယူလိုက်လေသည်။ သူ၏မျက်နှာတွင် ခါးသက်သော အပြုံးတစ်ခုပေါ်လာ၏။

ယခုတော့ နားလည်မှုလွဲမှားခြင်းများကို ရှင်းလင်းရန် လုံးဝမဖြစ်နိုင်တော့ပေ။

"အင်း..."

သူ၏ခရီးစဉ်တစ်လျှောက် ဤသင်္ဘောကိုသာ သတိထားမိခဲ့သောကြောင့် ရှန်ယီ ခေတ္တမျှတုံ့ဆိုင်းသွားသည်။

သူသည် ကောင်းကင်သို့နဂါးကခုန်ခြင်းအား သူ၏ အစွမ်းကုန်ထုတ်သုံးခဲ့လျှင်တောင်မှ သူတို့ကြားရှိ ကွာဟချက်ကို သိပ်ပြီးချဲ့ထွင်နိုင်မည်မဟုတ်ပေ။

ထို့ပြင် သူ လမ်းမသိသေးပေ။

"ဟူး..."

အဘိုးကျန်းသည် စိတ်ထဲမှသက်ပြင်းချလိုက်ပြီး အတင်းပြုံးပြကာ ဖိတ်ခေါ်သည့်အနေဖြင့် လက်ကို ဆန့်တန်းလိုက်လေသည်။

"ကျေးဇူးပြုပြီး အားနာမနေပါနဲ့ စီနီယာ။ သင်္ဘောပေါ်သာ တက်ခဲ့ပါ"

ရှန်းယီမှာ လူကောင်းတစ်ယောက်ပုံမပေါ်ဟု သူ ခံစားရသော်လည်း၊ အကယ်၍ သူတို့ ယခုချက်ချင်းသင်္ဘောကို မောင်းနှင်ထွက်ပြေးမည်ဆိုပါက အမှန်တကယ်သေလမ်းရှာခြင်းသာ ဖြစ်ပေလိမ့်မည်။ တစ်ဖက်လူက လှုပ်ရှားချင်မည်ဆိုပါက ယခုအခါတွင်လုံလောက်သော အကြောင်းပြချက်ရှိနေပြီ ဖြစ်၏။

ထို့အပြင် မသေမျိုးဂိုဏ်း၏သနားညှာတာမှုအောက်တွင် အသက်မွေးဝမ်းကျောင်းပြုနေရသူ သူ့လိုလူမျိုးအနေဖြင့် ဤသခင်လေးလျိုကို စော်ကားရန် မဝံ့ရဲပေ။

ယင်းကို ကြားသောအခါ လျိုကျွင်းက ပြုံးလျက် ပြောလိုက်၏။

"အဘိုးကျန်းက တကယ်ကို သဘောထားကြီးတာပဲ။စီနီယာ သင်္ဘောပေါ်တက်ဖို့ လိုအပ်တဲ့ ခရီးစရိတ်နဲ့ပတ်သက်ပြီးတော့ ရတနာပန်းပွင့်ဂိုဏ်းကိုရောက်တာနဲ့ ကျွန်တော့်အစ်မကို ပေးခိုင်းလိုက်ပါ့မယ်"

All Chapters