← Chapters

အခန်း (၈၆၈-၈၇၀)

Vol. 58 Ch. 868-870

အခန်း (၈၆၈-၈၇၀)

Vol. 58 Ch. 868-870

အခန်း (၈၆၈) ကောင်းကင်နာရေးပွဲ

မသေမျိုးတစ်ဝက်နှစ်ယောက်တိုက်ပွဲကြောင့် ဒုတိယမင်းသားအဖွဲ့နှင့် မုန်မိသားစုအဖွဲ့တို့တိုက်ပွဲက အသေးအဖွဲလိုဖြစ်သွားသည်.

မုန်ပိုထန် မျက်နှာဖုံးစွပ်အသိအကျွမ်းတစ်ယောက်ကို ခြေဖြင့်နင်းထားရင်း သံချပ်ကာဝတ်ရုံရှင်နှင့်ချုန်းချီတို့၏ ကောင်းကင်တိုက်ပွဲကို လှမ်းကြည့်သည်။

ရုတ်တရက် လုယန်အကြောင်း လောင်မာအကဲဖြတ်ခဲ့သည့်စကားကို သူပြန်သတိရသည်။

'မင်းတို့မုန်မိသားစုရဲ့ အကြွေးကတိစာချုပ်တွေက နန်းမြို့တော်တစ်ဝက်လောက် ဝယ်လို့ရတယ်လို့ ပြောတယ်မဟုတ်လား။

လုယန်ရဲ့ ကံကြမ္မာက နန်းမြို့တော်တစ်ဝက်ကို ဖျက်ဆီးပစ်နိုင်တယ်'

နန်းမြို့တော်ကို ဘယ်လောက်ခိုင်ခံအောင် တည်ဆောက်ထားသည်ဖြစ်စေ မသေမျိုးနှစ်ယောက်၏ ခွန်ပြည့်အားပြည့်တိုက်ပွဲဒဏ်ကို ခံနိုင်မည်မဟုတ်။

သို့သော် ကံကောင်းသည်မှာ ထိုမသေမျိုးတစ်ဝက်နှစ်ယောက်လုံး အရိယဖလစွမ်းအစစ်မရသေး။ ထိုသို့ရထားလျှင် နန်းမြို့တော် ယခုထက်ပို၍ ပျက်စီးမှုမြန်ဆန်လိမ့်မည်။

"အရိပ်စစ်ပြောင်းလဲခြင်းစွမ်းအား"

တပ်မှူးယု ကျင်းချိုင်ဝေကို လက်ညှိုးထိုးလိုက်သည်။ ကျင်းချိုင်ဝေ၏အရိပ် စတင်မြင့်တက်လာသည်။ ကျင်းချိုင်ဝေ၏ချုန်းချီသဏ္ဌာန်မျိုး တဖြေးဖြေး ပေါ်လာသည်။ သို့သော် အရိပ်သဏ္ထာန်သာ ဖြစ်သည်။

တပ်မှူးယုသည် ကိုယ်ပိုင်အရိပ်ကိုသုံး၍ သေစေနိုင်သည့်တိုက်ကွက်များကို ရှောင်တိမ်းနိုင်သလို ရန်သူအရိပ်ကိုထိန်းချုပ်၍ ရန်သူကိုလည်း ပြန်တိုက်ခိုက်နိုင်သည်။

"စိတ်ရှုပ်စရာကောင်းလိုက်တာ"

ကျင်းချိုင်ဝေ မျက်မှောင်ကျုံ့သွားသည်။ ကိုးဆမသေမျိုးသည် ထိုပညာကိုသုံး၍ ပြိုင်ဘက်များ ကိုယ့်အရိပ်ကိုယ်ရင်ဆိုင်ရင်း အားအင်ကုန်ခန်းအောင်လုပ်လေ့ရှိသည်ဟု သူ့အဖေချုန်းချီ ပြောဖူးသည်။

သို့သော် တစ်ခြားလူများကိုသာ ထိုသို့လုပ်နိုင်လိမ့်မည်။

"ပြန်သွားစမ်း"

ကျင်းချိုင်ဝေ ရေပြင်ညီအရိယဖလစွမ်းအားထုတ်သုံးပြီး အရိပ်သဏ္ထာန်ကို အပြားဖြစ်အောင် ဖိချလိုက်သည်။ ထိုအရိပ်ကိစ္စ တိုက်ပွဲပြီးမှ သူ့ဘာသာရှင်းမည်။

ထို့နောက် မှော်လက်စွပ်ကို ပုတ်လိုက်သည်။ အရိုးချပ်များစွာ ပျံထွက်လာသည်။ ထိုအရိုးချပ်များသည် အပါးလွှာဆုံးအင့်ထိရောက်အောင် သွေးထားသည်။

"သွားတော့"

မသေမျိုးတစ်ဝက်အဆင့်ရောက်လျှင် အများစုက သတ္တုကို ထိန်းချုပ်နိုင်သည်။ အရိုးလို ပစ္စည်းမျိုးသုံးလျှင် ရန်သူထိန်းချုပ်ခံရမည်ကို စိုးရိမ်စရာမလိုတော့။

အရိုးချပ်များက လေထုကို ဖြတ်သန်းလာသည်။ လေလမ်းကြောင်းများ တုန်ခါလျက် ကျန်ရစ်ခဲ့သည်။ တပ်မှူးယုက သူ့မီးတောက်လှံကို ထိုးသွင်းလိုက်သည်။

အရိုးချပ်များဖြစ်သော်လည်း ထိုထက် ပါးလွှာထက်မြက်သည့် ဓားပျံများနှင့်ပင် သူရင်ဆိုင်ဖူးသည်။ ဘာမှမှုစရာမရှိ။

သို့သော် မီးလှံထိပ်ဖျားက အရိုးချပ်ကို ထိသည်နှင့် နှစ်ခြမ်းကွဲသွားသည်။ တပ်မှူးယု ရင်ထိတ်သွားပြီး ထိပ်တိုက်ရင်မဆိုင်ရဲတော့ဘဲ ရောင်ထွက်လိုက်သည်။

လောကတွင် ထိုမျှထက်မြက်သည့် အရိုးချပ်မျိုး ဘယ်လိုရှိနေသည်မသိ။

ထိုအရိုးချပ်များကို ရေပြင်ညီအလွှာပါးအဖြစ် ပြောင်းထားပြီးဖြစ်သည်။ အမြင့်ဟူသည့်အယူအဆ လုံးဝမရှိတော့။

လက်နက်တစ်ခု၏ အထက်မြက်ဆုံးအဆင့်သည် အပါးလွှာဆုံးဖြစ်လာသည့် အနေအထားပင်ဖြစ်သည်။

မသေမျိုးအဆင့်လက်နက်မဟုတ်လျှင် ဘယ်လက်နက်ဘယ်လောက်ကောင်း ဤအရိုးချပ်များဖြင့် ခွဲဖြတ်နိုင်သည်။

"သစ်သီးတစ်လုံးကိုလုဖို့ ဒီလောက်အချိန်ဖြုန်းနေတယ်ပေါ့"

ဖီးနစ်အော်သံနှင့်အတူ ရောင်စုံဖီးနစ်တစ်ကောင် ကောင်းကင်သို့ထိုးတက်လာသည်။ အောက်ဘက်တွင် တိုက်ခိုက်နေသည့် မသေမျိုးတစ်ဝက်နှစ်ယောက်ကို ငုံ့ကြည့်သည်။

ငှက်အားလုံး ဖီးနစ်ကိုရှိခိုးရသည်။ ဖီးနစ်များကြားတွင် ရောင်စုံဖီးနစ်ကို အလေးထားဆုံးဖြစ်သည်။ ဤဖီးနစ်သည် ကောင်းကင်ရုံးတော်ဂိုဏ်း၏ တော်ဝင်ကာကွယ်သူကျန်းလျန်ယိပင်ဖြစ်သည်။

"အဲဒါ တောင်ဝင်ရိုးဖီးနစ်အင်ပါယာ ကျန်းလျန်ယိပဲ"

မြို့တော်တစ်ခုလုံး မသေမျိုးတစ်ဝက်များ၏တိုက်ပွဲကို မြင်နေရသည်။ ကျန်းလျန်ယိက လူမြင်ကွင်းရှေ့သို့ ပေါ်တင်ထွက်လာသည်။

နတ်ဆိုးနယ်မြေအကြောင်း နည်းနည်းစုံစမ်းထားသူတိုင်း ကျန်းလျန်ယိကို သိကြပေလိမ့်မည်။

"တော်ဝင်ကာကွယ်သူလေးယောက်မှာ နှစ်ယောက်ပေါ်လာတယ်ဆိုတော့ အတော်ဂယက်ထတော့မယ့် လက္ခဏာပဲ"

"ဟုတ်တယ်။ ကောင်းကင်ရုံးတော်ရဲ့ တော်ဝင်ကာကွယ်သူ‌လေးယောက်မှာ နှစ်ယောက်အတူပေါ်လာတယ်ဆိုတာ တစ်ခါမှမကြားဖူးဘူး"

ကျင်းချိုင်ဝေက နာမည်မကျော်သ်ောလည်း ကျန်းလျန်ယိနာမည်က ထင်ရှားကျော်ကြားသည်။

တပ်မှူးယုလည်း နာမည်ကျော်တစ်ယောက်ဖြစ်သည်။ သို့သော် ရှေးဟောင်းခေတ်မှ ကျန်းလျန်ယိ၏ ကျော်ကြားမှုကိုတော့ ယှဉ်၍ရနိုင်မည်မဟုတ်။

ကောင်းကင်တွင်ပေါ်လာသည့် မသေမျိုးတစ်ဝက်သုံးယောက်ကိုကြည့်၍ လူအုပ်ကြီးမင်သက်မိနေသည်။ မဟာရှားစတည်ထောင်ကတည်းက ထိုမျှအဆင့်မြင်သည့်တိုက်ပွဲမျိုး မဖြစ်ခဲ့ဖူး။

အထူးသဖြင့် နန်းမြို့တော်ထဲတွင် မဖြစ်ခဲ့ဖူး။

"လေဟာနယ်ပိတ်ဆို့စွမ်းအား"

ကျန်းလျန်ယိက ပေါ်လာလာခြင်း အရိယဖလသန္ဓေစွမ်းအားဖြင့် တပ်မှူးယု၏ဘေးပတ်လည်လေဟာနယ်ကို ပိတ်ဆို့သည်။

ကျန်းလျန်ယိ လေဟာနယ်ကို ထိုးခွဲနိုင်သည်။ လေဟာနယ်ထက် သူက ပိုစွမ်းအားကြီးသည်။ ထို့ကြောင့် လေဟာနယ်စွမ်းအားတစ်ချို့ကို သူအသုံးချနိုင်သည်။

ရှေးဟောင်းခေတ်တွင် အဆင့်မတက်သေးသည့် ကိုးဆမသေမျိုးနှင့် သူစွမ်းအားယှဉ်ပြိုင်ခဲ့ဖူးသည်။ ထို့ကြောင့် ယင်ယန်အရိယဖလသန္ဓေအကြောင်း ကျင်းချိုင်ဝေထက် ပိုနားလည်သည်။

ယင်ယန်အရိယဖလသန္ဓေကို ဓာတ်ငါးမျိုးမှော်ပညာများဖြင့် သွားတိုက်ခိုက်လျှင် အကျိုးမရှိနိုင်။ မီးဖြင့်တိုက်လျှင် ရေဖြင့်တန်ပြန်တိုက်လာမည်။ ရုပ်ခန္ဓာစွမ်းအားဖြင့် သို့မဟုတ် လက်နက်များဖြင့် တိုက်ရိုက်တိုက်ခိုက်သည်က ပိုကောင်းသည်။

သို့သော် အကောင်းဆုံးနည်းလမ်းက လေဟာနယ်နှင့်အချိန်ကို ထိန်းချုပ်တိုက်ခိုက်ခြင်းဖြစ်သည်။

တပ်မှူးယု နေရာတွင်မလှုပ်မယှက်ဖြစ်သွားသည်။ အရိုးချပ်များက သူ့ခါးကိုထိုးဖောက်သွားသည်။ ခန္ဓာကိုယ် နှစ်ပိုင်းပြတ်သွားသည်။

ကျင်းချိုင်ဝေ နှုတ်ခမ်းစူနေသည်။ သူအသာစီးရထားချိန်ရောက်မှ ကျန်းလျန်ယိက နာမည်ကောင်းဝင်ယူသွားသောကြောင့်ဖြစ်သည်။

မသေမျိုးတစ်ဝက်သုံးယောက် တိုက်ခိုက်နေချိန်တွင် လုယန် အသက်ကိုမောပန်းစွာရှူရှိုက်ရှင်း နန်းမြို့တော်အနီးသို့ ရောက်လာသည်။

တော်ဝင်နန်းတော်ထဲတွင် အရိုးပေါ်အရေတင်ဖြစ်နေသည့် အင်ပါယာရှား ကုတင်ပေါ်၌ လဲလျောင်းနေသည်။ သူ့နှုတ်ခမ်းများ ဟနေသည်။ ကုတင်ဘေးတွင် သက်ရှည်ဆေးလုံးများ အဖိုးတန်ရတနာများ အပုံလိုက်ရှိသည်။

သို့သော် သက်တမ်းကုန်နေသည့် အင်ပါယာရှားအတွက် ထိုပစ္စည်းများသည် အသုံးမဝင်။

သူ့မျက်လုံးများ အရောင်မှိုင်းနေသည်။ နန်းတော်အပြင်မှ မသေမျိုးတစ်ဝက်သုံးယောက်တိုက်ပွဲကို အာရုံခံမိဟန်ရှိသည်။ လုယန်က အသက်ကယ်မသေမျိုးရတနာဖြင့် သူ့ဆီပြေးလာသည်ကို ခံစားမိသည်။

ခေါင်းလှည့်ကြည့်ရန် ကြိုးစားသည်။ သို့‌သော် အားနည်းလွန်းနေသဖြင့် လှည့်မရတော့။ မျက်လုံးကိုသာ လှုပ်နိုင်သည်။

လုယန်သူ့ကိုကယ်တင်ဖို့ ကြိုးစားနေမှန်းသိသည်။ သို့သော် လုယန်ရောက်လာသည်အထိ သူတင်းခံနိုင်မည်မဟုတ်တော့။

"ငါ...ငါ့မှာ...လုပ်စရာတွေ အများကြီးရှိသေးတယ်.."

ပညာမဖြန့်ဝေရသေး။ ဆေးကုသစရိတ် လျှော့ချမပေးရသေး။ အကျင့်ပျက်အရာရှိများကို မရှင်းရသေး။ နတ်ဆိုးကျင့်ကြံသူများကို မသုတ်သင်ရသေး။ ရှေးဟောင်းကျင့်ကြံသူများကို အမြစ်မဖြုတ်ရသေး...

အရေးကြီးဆုံးကိစ္စက...

ထီးနန်းဆက်ခံမည့်လူကို မကြေငြာရသေး။

ရုတ်တရက် လုယန်၏ နှလုံးခုန်နှုန်း တဒိန်းဒိန်းမြန်လာသည်။ သူသာမဟုတ်။ မဟာရှားပြည်သူအားလုံး၏ နှလုံးခုန်နှုန်းများ ထူးထူးဆန်ဆန်း မြန်ဆန်လာသည်။

ဆိုးဝါးသည့်အရာတစ်ခု ဖြစ်လာတော့မည်ကို ခံစားနေရသလိုရှိသည်။

အနီရောင်အလင်းတန်းတစ်ခု တော်ဝင်နန်းတော်ထဲမှ ကောင်းကင်ထဲ ထိုးတက်သွားသည်။ ဖဲကြိုးတစ်ခုနှင့်တူသည်။ လမ်းပျောက်၍ လမ်းကြောင်းရှာနေသူတစ်ယောက်ကဲ့သို့ လေထဲတွင် လွင့်မျောနေသည်။

ထိုမြင်ကွင်းကိုကြည့်၍ လုယန် မျက်နှာပျက်သွားသည်။ ဘာတွေဖြစ်နေမှန်းမသိ။

မုန်ပိုထန်နှင့် မုန်ခွန်းလည်း အဝေးမှလှမ်းကြည့်၍ မျက်နှာပျက်သွားသည်။ သို့သော် သူတို့က ထိုသို့ဖြစ်ရခြင်းအကြောင်းကိုသိသည်။

နန်းမွေခံမကြေညာရသေးဘဲ အင်ပါယာရှား ကွယ်လွန်သွားသည်။ ကျန်းပင်ကန်းလည်း မြို့တော်တွင်မရှိသဖြင့် နိုင်ငံကြမ္မာစွမ်းအားကို ထိန်းချုပ်သူကင်းမဲ့နေသည်။

နိုင်ငံ့ကြမ္မာစွမ်းအားကို ထိန်းချုပ်လိုလျှင် ကျန်းပင်ကန်းပြန်လာချိန်ထိ စောင့်ရမည်။ သို့မဟုတ် မင်းသားတစ်ယောက် နန်းတက်ချိန်ထိ စောင့်ရမည်။

ထိုနှစ်ခုလုံးကလည်း လောလောဆယ်တွင် မဖြစ်နိုင်တော့။

မသေမျိုးတစ်ယောက် ပေါ်လာသောကြောင့်ဖြစ်သည်။

"နောက်ဆုံးတော့ ငါစောင့်နေတဲ့အချိန် ရောက်လာပြီပေါ့"

အောင်မြင်ခံ့ညားသည့် ရယ်သံတစ်ခု ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားသည်။ ထိုရယ်သံထွက်လာရုံဖြင့် နန်းမြို့တော်အထက်မှ တိမ်တိုက်များ လွင့်ပျောက်သွားသည်။ မြို့တော်ကိုဖြတ်စီးနေသည့် ကျင်းရှားမြစ်ရေ ရပ်တန့်သွားသည်။

ဆံဖြူအဘိုးအိုတစ်ယောက် လက်နှစ်ဘက်နောက်ပစ်၍ လေထဲတွင် လမ်းလျှောက်လာသည်။ နန်းတော်အထက်သို့ ရောက်လာသည်။ အောက်ဘက်မှ အံ့ဩရိပ် ဒေါသရိပ်တို့ဖြင့် ကြည့်နေသည့်မျက်လုံးများကို လုံးဝအရေးမစိုက်။

လူးလွန့်လှုပ်ရှားနေသည့် နိုင်ငံ့ကံကြမ္မာစွမ်းအားကိုသာ သဘောကျစွာ ပြုံး၍ကြည့်နေသည်။

လုယန်နှင့်ကျင်းချိုင်ဝေတို့ ထိုအဖိုးအိုကို ကောင်းကောင်းသိသည်။ ပြီးခဲ့သည့်ရက်ပိုင်းကမှ သူတို့နှင့်တွေ့ဆုံခဲ့သူဖြစ်သည်.

တော်ဝင်ကျောင်းတော်မော်ကွန်းထိန်း ချီရှို့ယာ။

သို့သော် ထိုထက်ပိုခံ့ညားထည်ဝါသည့် သူ့နာမည်တစ်ခု ရှိသေးသည်။

မဟာယု၏ပထမနိုင်ငံ့ဆရာ ကွမ်းရှန်ဟိုင်...

*********************************

အခန်း (၈၆၉) ကွမ်းရှန်ဟိုင်

ပိုင်ရှင်မဲ့သလိုဖြစ်နေသည့် နိုင်ငံ့ကြမ္မာစွမ်းအားကိုကြည့်ရင်း မုန်ကျင်းကျိူးပြောသည့်စကားကို လုယန်ပြန်သတိရလာသည်။

အင်ပါယာရှားကိုယ်ပေါ်မှ နိုင်ငံ့ကြမ္မာစွမ်းအား ခွဲထွက်လာခြင်းသည် အဓိပ္ပါယ်တစ်ခုတည်းသာရှိသည်။ အင်ပါယာရှား သေသွားခြင်းဖြစ်သည်။

သူခြေတစ်လှမ်းနောက်ကျသွားသည်။

ကောင်းကင်တွင်ရပ်နေသည့် မုတ်ဆိတ်ဖြူအဘိုးအိုကို သူလှမ်းကြည့်သည်။

"မော်ကွန်းထိန်းချီက ဘာလို့ဒီကိုရောက်လာတာလဲ"

မော်ကွန်းထိန်းချီသည် စုစည်းခြင်းအဆင့်သာရှိကြောင်း လုယန်မှန်မိသည်။ နိုင်ငံ့ကြမ္မာစွမ်းအားကို ထိန်းချုပ်ဖို့ အဆင့်မမီသေး။

စုစည်းခြင်းအဆင့်သာမဟုတ်။ ကူးဖြတ်ခြင်းအဆင့်များပင် ထိုသို့မလုပ်ရဲကြ။

"ဒီစွမ်းအင်ရောင်က..."

အစက ကျင့်စဉ်စွမ်းအားကို ချီရှို့ယာ ထိန်းချုပ်ထားသည်။ သာမန်လူတစ်ယောက်လိုသာ ထင်ရသည်။ သို့သော် နိုင်ငံ့ကြမ္မာစွမ်းအားက သူ့လက်ထဲရောက်လာတော့မည်ဖြစ်၍ စိတ်လှုပ်ရှားမှုကြောင့် သူ့စွမ်းအင်ရောင် နည်းနည်းထွက်လာသည်။

ထိုစွမ်းအင်ရောင်သည်ပင် နန်းမြို့တော်နှင့် အနီးအနားမြို့တော်ရှစ်ခုကို ဖုံးလွှမ်းသွားသည်။

ကူးဖြတ်ခြင်းအဆင့်များ စွမ်းအင်ပြည့်ထုတ်လွှတ်လျှင်ပင် ထိုအဆင့်ထိမရောက်နိုင်။

"မသေမျိုးပဲ"

လုယန် ကောက်ချက်ချလိုက်သည်။

"နိုင်ငံ့ဆရာ။ ကျုပ်ကိုကယ်ပါဦး"

နိုင်ငံ့ကြမ္မာစွမ်းအားကို လာသိမ်းယူသည့် ချီရှို့ယာကိုမြင်လိုက်ရသဖြင့် တပ်မှူးယု အော်ဟစ်အကူအညီတောင်းသည်။

"နိုင်ငံ့ဆရာတဲ့လား"

တပ်မှူးယု 'နိုင်ငံ့ဆရာ'ဟု ခေါ်သည့် တစ်ဦးတည်းသောသူသည် ပထမနိုင်ငံ့ဆရာ ကွမ်းရှန်ဟိုင်ဖြစ်သည်။ ပထမယုအင်ပါယာဝူယော်၏ မိတ်ဆွေဆရာလည်းဖြစ်သည်။

သူတို့နှစ်ယောက်ပူးပေါင်း၍ မဟာယုနိုင်ငံကို တည်ထောင်ခဲ့ကြသည်။

မဟာယုခေတ်တွင် ပေါ်ထွက်ခဲ့သည့် မသေမျိုးနှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည်။

နိုင်ငံဆရာအကြောင်း သိရပြီးနောက် တပ်မှူးယု၏အစီအစဉ်ကို လုယန်ခန့်မှန်းမိလာသည်။

နိုင်ငံ့ကြမ္မာစွမ်းအားကို သိမ်းပိုက်နိုင်ဖို့ ကွမ်းရှန်ဟိုင်က အင်ပါယာရှား သေလုမျောပါးဖြစ်နေချိန်၌ ယုပြည်နယ်တွင် သူ့လူများကို လှုပ်ရှားခိုင်းသည်။

ကျင်းပင်ကန်းကိုယ်တိုင် ရောက်လာအောင် မျှားခေါ်သည်။ ထို့ကြောင့်ယခု နန်းမြို့တော်တွင် မသေမျိုးဟူ၍ သူတစ်ယောက်တည်းသာရှိသည်။ သူ့စိတ်ကြိုက်လုပ်နိုင်သည်။

သရုပ်မှန်ဖုံးကွယ်လိုသည့် မသေမျိုးတစ်ယောက်သည် ကျင့်စဉ်စွမ်းအားကိုပိတ်ဆို့၊ ရုပ်သွင်ကိုပြောင်းပြီး ကလေးဘဝမှ စတင်ကြီးပြင်းလာသည့်ပုံစံမျိုး ဟန်ဆောင်နိုင်သည်။

အသက်ကြီးလာသည်နှင့်အမျှ ပိတ်ဆို့ထားသည့် သူ့ကျင့်စဉ်စွမ်းအားလည်း တဖြေးဖြေးပွင့်လာမည်။

တစ်ဆင့်ချင်း တိုးတက်လာသည့်သဘောမျိုးဖြစ်သည်။ မဟာရှားက သူ့အကြောင်း စုံစမ်းကြည့်လျှင်ပင် မူမမှန်ကြောင်း ရိပ်မိမည်မဟုတ်။

တော်ဝင်မြို့တော်တွင် နာမည်တုဖြင့် ကွမ်းရှန်ဟိုင် ဘယ်လောက်ကြာအောင်နေခဲ့သည်တော့မသိ။ မော်ကွန်းထိန်းချီဆိုသည့် နာမည်သုံးခဲ့သည်ပင် နှစ်တစ်ထောင်ကျော်ခဲ့ပြီဖြစ်သည်။

မော်ကွန်းထိန်းချီ၏ တပည့်များ တိုက်နယ်တစ်ခွင် နေရာစုံတွင်ရှိသည်။ မုန်မိသားစုတွင် စာသင်နေသည့် ယဲ့ကုလိုတပည့်များကို သတင်းရင်းမြစ်အဖြစ် သူအသုံးချနေသည်မှာ အကြောင်းမဲ့မဟုတ်။

ယဲ့ကုထံမှ မုန်မိသားစုနှင့်ပတ်သက်သည့် သတင်းများ သူရယူနိုင်သည်။

လုယန်လည်း မော်ကွန်းထိန်းချီကို တစ်ခုခုတော့မူမမှန်ဟု တွေးခဲ့ဖူးသည်။ စုစည်းခြင်းအဆင့်တစ်ယောက်ဖြစ်ပြီး သူ့ဆရာနှင့် ရန်ငြှိုးရန်စမရှိသည့်အဖြစ်က ထူးဆန်းနေသည်။

"မဟာယုနိုင်ငံ့ဆရာလား"

တပ်မှူးယုအော်သံက မြို့တော်တစ်ဝက်ခန့် ပျံ့လွင့်သွားသဖြင့် မြို့ခံကျင့်ကြံသူများ အံ့ဩတုန်လှုပ်သွားကြသည်။

နိုင်ငံကံကြမ္မာစွမ်းအားအကြောင်း သူတို့မသိ။ နိုင်ငံ့ဆရာ ဘာကြောင့်ပေါ်လာသည်ကိုလည် သူတို့မသိ။ သို့သော် ရှေးဟောင်းမသေမျိုးတစ်ယောက် နန်းမြို့တော်တွင် ပေါ်လာခြင်းသည် အန္တရာယ်နိမိတ်ဖြစ်သည်။

တပ်မှူးယု၏ အကူအညီတောင်းသံနှင့် မြို့ခံတို့၏ ထိတ်လန့်နေသည့်အမူအရာများကို ကွမ်းရှန်ဟိုင် အရေးမစိုက်။ အနီရောင် နိုင်ငံ့ကြမ္မာစွမ်းအားဆီ လေထဲမှ တစ်လှမ်းချင်းလျှောက်သွားသည်။

ထိုသို့လျှောက်နေရင်း သူ့ရုပ်သွင်လည်း ပြောင်းလဲသွားသည်။ ပြားချပ်နေသည့် ပါးနှစ်ဘက်၊ မုတ်ဆိတ်ရှည်ရှည်နှင့် သက်လတ်ပိုင်းလူတစ်ယောက် ဖြစ်လာသည်။

ရှေးမှတ်တမ်းများထဲမှ ပုံတူပန်းချီနှင့် တစ်ထေရာတည်းဖြစ်သွားသည်။

နိုင်ငံ့ကံကြမ္မာစွမ်းအားက ကွမ်းရှန်ဟိုင်၏ မကောင်းသည့်ရည်ရွယ်ချက်ကို အာရုံခံမိဟန်ဖြင့် ပြင်းထန်စွာယိမ်းလွှဲလှုပ်ရှားလာသည်။ ကူးဖြတ်ခြင်းအဆင့်များပင် ထိတ်လန့်ခြောက်ခြားရမည့် စွမ်းအင်လှိုင်းများကို ထုတ်လွှတ်သည်။

သို့သော် ကွမ်းရှန်ဟိုင်က မပွင့်တပွင့်ပြုံးပြီး နိုင်ငံ့ကြမ္မာစွမ်းအားကို လက်ဖြင့်ဖမ်းချုပ်လိုက်သည်။ နိုင်ငံ့ကြမ္မာဘယ်လောက်လှုပ်ရှားသည်ဖြစ်စေ မလွတ်မြောက်တော့။

"နိုင်ငံ့ကြမ္မာစွမ်းအားလိုဟာမျိုးကို ဖန်တီးနိုင်တယ်ပေါ့။ ကျန်းပင်ကန်းက တကယ်နည်းနည်းတော့ အရည်အချင်းရှိသားပဲ"

မဟာရှားကိုတည်ထောင်ပြီးမှ နိုင်ငံ့ကြမ္မာစွမ်းအားကို ကျန်းပင်ကန်းဖန်တီးခဲ့ခြင်းဖြစ်သည်။ မသေမျိုးဖန်တီးချက်ဖြစ်သည်။ သို့သော် သားအမိမြစ်၊ အမွှာမြစ်တို့လိုမဟုတ်။

ကျန်းပင်ကန်းက နိုင်ငံ့ကြမ္မာကို အရိယဖလစွမ်းအားသုံး၍ တိုက်ရိုက်ဖန်တီးထားသည်။ မဟာရှား၏ သန်းထောင်ချီသည့်လူများ၏ ဆန္ဒကို သယ်ဆောင်ထားသည်။ နိုင်ငံတော်၏ အခြေခံအုတ်မြစ်ဖြစ်သည်။

ကျန်းပင်ကန်း များစွာအားစိုက်ပြီး ဖန်တီးခဲ့သည့်အရာဖြစ်၍ ကွမ်းရှန်ဟိုင်ပင် နိုင်ငံ့ကြမ္မာစွမ်းအားကို အချိန်တိုအတွင်း အပြည့်အဝ ရယူပိုင်ဆိုင်နိုင်မည်မဟုတ်။

သို့သော် ထိုစွမ်းအားကို သူအပြည့်အဝရဖို့မလို။ နိုင်ငံကြမ္မာနှင့် ပြည်သူများကြားမှ ချိတ်ဆက်မှုကိုသာ သူတန်ဖိုးထားသည်။ ထိုချိတ်ဆက်မှုကို အသုံးချ၍ မဟာရှားကို မဟာယုအဖြစ် ပြောင်းလဲနိုင်သည်။

နိုင်ငံ့စွမ်းအားကို ဖမ်းချုပ်ပြီးသည်နှင့် ချက်ချင်းစတင်သန့်စင်သည်။

နိုင်ငံ့စွမ်းအား သန့်စင်ရသည့်အလုပ်သည် မခက်လှ။ သို့သော် အချိန်တော့ကြာသည်။ စွမ်းအားသန့်စင်နေရင်းမှ အစိတ်စိတ်အမွှာမွှာ ဖြတ်တောက်ခံထားရသည့် ချပ်ပြားတစ်ခုအဖြစ် အသွင်ပြောင်းနေသည့် တပ်မှူးယုဆီ လှမ်းကြည့်သည်။

ထို့နောက် တိုက်ခိုက်ရန်အသင့်ပြင်ထားသည့် ကျန်းလျန်ယိနှင့် ကျင်းချိုင်ဝေကို ကြည့်သည်။

"မိတ်ဆွေကျင်း၊ မတွေ့ဖြစ်တာ ရက်အတော်ကြာပြီနော်။ ဒီနေရာမှာ ကျုပ်တို့ပြန်ဆုံရပြန်ပြီ။ ဒါပေမယ့် ဒီအခြေအနေမျိုးနဲ့ ပြန်ဆုံရမယ်လို့ထင်မထားဘူး"

ကွမ်းရှန်ဟိုင်က ပြုံး၍ပြောသည်။ ဒေါသသံလုံးဝမပါ။

"မိတ်ဆွေကျန်း၊ မင်းနာမည်ဂုဏ်သတင်းကို အရင်ကတည်းက ကျုပ်လေးစားခဲ့တာပါ။ ဒီနေ့မှ လူကိုယ်တိုင် မြင်ရတယ်။ တကယ်ထူးခြားတာပဲ။

မင်းအထက်မှာသာ လူတစ်ယောက်မရှိခဲ့ရင် အခုချိန် မင်းက မသေမျိုးဖြစ်နေလောက်ပြီ"

ကွမ်းရှန်ဟိုင်က အဆင့်တူကဲ့သို့သဘောထား၍ ယဉ်ယဉ်ကျေးကျေးပြောနေသော်လည်း မိန်းမနှစ်ယောက်က ဒေါသမျက်လုံးများဖြင့် ကြည့်နေသည်။

ကွမ်းရှန်ဟိုင်က ထိုအကြည့်ကို မသိကျိုးကျွံပြု၍ လေဟာနယ်တစ်နေရာသို့ လေးလေးစားစား ဦးညွှတ်အရိုအသေပြုလိုက်သည်။

"ပြီးတော့ မိတ်ဆွေအောင်းလင်း၊ ဒီလောက်အကြာကြီး ပုန်းနေစရာမလိုပါဘူး။ ထွက်လာခဲ့ပါလား"

လေဟာနယ်တွင် လှိုင်းတွန့်များပေါ်လာသည်။ သုန်မှုန်နေသည့်မျက်နှာနှင့် အောင်းလင်းထွက်လာသည်။ ကွမ်းရှန်ဟိုင်ကို ခပ်တင်းတင်းစိုက်ကြည့်နေသည်။

သူ့ကိုယ်ပျောက်စွမ်းရည် ဘယ်လောက်ကောင်းသည်ဖြစ်စေ မသေမျိုးတစ်ယောက်၏အာရုံကိုတော့ မလွန်ဆန်နိုင်။

"တပ်မှူးယုကို လွှတ်ပေးပါ မိတ်ဆွေတို့"

ကွမ်းရှန်ဟိုင်လေသံက တည်ငြိမ်သည်။ အသေးအဖွဲကိစ္စတစ်ခုကို ပြောနေသယောင်ထင်ရသည်။

အောင်းလင်း ခဏစိုက်ကြည့်နေပြီးနောက် သက်ပြင်းချလိုက်သည်။ မသေမျိုးနှင့် မသေမျိုးတစ်ဝက်ကြားမှ ကွာခြားချက်ကို သူကောင်းကောင်းသိသည်။ ထိုပြိုင်ဘက်မျိုးကို သူတို့နိုင်မည်မဟုတ်။

"လွှတ်ပေးလိုက်ပါ"

ကျင်းချိုင်ဝေ ရေပြင်ညီအရိယဖလသန္ဓေစွမ်းအားကို ပြန်ရုတ်သိမ်းလိုက်သည်။ တပ်မှူးယု သုံးဘက်မြင်လူတစ်ယောက်အသွင် ပြန်ဖြစ်လာသည်။

သို့သော် ခန္ဓာကိုယ်က အစိတ်စိတ်အမွှာမွှာ ကွဲကြေနေသည်။ မူလအတိုင်းပြန်ဖြစ်ဖို့ ကိုယ့်ဘာသာကြိုးစားတည်ဆောက်ရဦးမည်။

"ကျေးဇူးတင်ပါတယ် မိတ်ဆွေတို့။ ဒီနေ့ ကျုပ်လာတာ နိုင်ငံကံကြမ္မာစွမ်းအားကို ယူဖို့ပါပဲ။ ချီလင်မသေမျိုးရဲ့ ဇနီးသုံးယောက်နဲ့ ဒီလိုဆုံရမယ်လို့ ထင်မထားဘူး။ ကျုပ်တကယ်ကံထူးတာပဲ"

တော်ဝင်ကျောင်းတော်အကြီးအကဲဖြစ်သည့် ကွမ်းရှန်ဟိုင်သည် သရုပ်မှန်ဖုံးကွယ်၍ သတင်းအချက်အလက်များ စုစည်းနေရုံသာမဟုတ်။ သမိုင်းကြောင်းလေ့လာရသည်ကိုလည်း သူတကယ်နှစ်သက်သည်။

အထူးသဖြင့် ရှေးဟောင်းခေတ်သမိုင်းကို စိတ်ဝင်စားသည်။

"ဇနီးသုံးယောက်တဲ့လား"

အောင်းလင်းနှင့် ကျန်းလျန်ယိတို့ နားမလည်သည့်မျက်လုံးများဖြင့် တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်ကြသည်။ ဘယ်အချိန်ကတည်းက သူတို့ယောက်ျား မိန်းမသုံးယောက် ရသွားသည်မသိ။

ကွမ်းရှန်ဟိုင်လည်း အံ့ဩသွားသည်။

"မိတ်ဆွေကျင်းကိုယ်တိုင် ကျုပ်ကိုပြောပြတာဆိုတော့ ဒါက အမှန်ပဲဖြစ်မှာပါ"

အောင်းလင်းနှင့်ကျန်းလျန်ယိ ကျင်းချိုင်ဝေကို ပြိုင်တူလှည့်ကြည့်လာသည်။

ကွမ်းရှန်ဟိုင်က ထိုကိစ္စကို အရေးမစိုက်တော့ဘဲ အလေးအနက်လေသံဖြင့် ထပ်ပြောသည်။

"ချီလင်မသေမျိုး ဘယ်ရောက်နေလဲဆိုတာ မိတ်ဆွေတို့ ကျုပ်ကိုပြောပြလို့ရမလား"

အောင်းလင်းခေါင်းခါသည်။

"ကျွန်မတို့ယောက်ျား ဘယ်ရောက်နေလဲဆိုတာ ဘယ်သူမှသိပါဘူး"

ကွမ်းရှန်ဟိုင်မျက်လုံးများ မှေးစင်းသွားသည်။ အောင်းလင်းစကားကို သူမယုံ။ သူ့လေသံ နည်းနည်းမာလာသည်။

"သူက မိတ်ဆွေတို့သုံးယောက်ကို အတော်အလေးထားတယ်ဆိုတာ ကျုပ်သိပါတယ်။ ကျုပ်ကို လွယ်လွယ်လှည့်စားလို့ရမယ်တော့ မထင်ပါနဲ့။ ချီလင်မသေမျိုးရှိတဲ့နေရာကို ပြောပြပါ။

မဟုတ်ရင်တော့ မိတ်ဆွေတို့သုံးယောက် ဒီနေ့ဒီမှာပဲဆက်နေပြီး ချီလင်မသေမျိုးလာခေါ်တာကို စောင့်ကြပေါ့"

************************************

အခန်း (၈၇၀) ထူးဆန်းသည့်ဗျူဟာ

သူသည် ဝူယော်လို ဤလောကမှထွက်ပြီး အပြင်လောကကို စူစမ်းဖို့ ဆုံးဖြတ်ထားသူမဟုတ်။ မဟာယုနိုင်ငံတည်ထောင်ဖို့ အားသွန်ခွန်စိုက် ကြိုးစားခဲ့သူဖြစ်သည်။

သို့သော် နောက်ဆုံးတွင် မဟာယုနိုင်ငံ ပြိုလဲသွားသည်။ ဝူယော်ကလည်း ဤလောကမှထွက်ခွာနိုင်ဖို့ နိုင်ငံကို ကိုယ်တိုင်စတေးခဲ့သည်။

ထိုအချိန်ကတည်းက ဝူယော်နှင့်သူ လမ်းခွဲခဲ့သည်။ ဘယ်တော့မှ ထပ်မဆုံဖြစ်ကြတော့။

ဝူယော်က သူဆန္ဒရှိသည့်အတိုင်း ဤလောကမှထွက်သွားနိုင်ခဲ့သည်။ သို့သော် ကွမ်းရှန်ဟိုင်က မဟာယုပျက်စီးခဲ့သည့်ဖြစ်ရပ်ကို မကျေနပ်နိုင်ခဲ့။

မဟာယုပြိုကွဲချိန်တွင် ချီလင်မသေမျိုးလည်း ပေါ်လာသည်။ သို့သော်နိုင်ငံပြိုကွဲမှုတွင် ချီလင်မသေမျိုး ပါဝင်ပတ်သက်ခဲ့ခြင်းရှိမရှိ သူသေချာမသိ။ အမှန်တရားကိုသိရဖို့ ချီလင်နှင့် သူတွေ့မှဖြစ်မည်။

အစက ကျင်းချိုင်ဝေတစ်ယောက်သာ ရှိခဲ့သည်။ ချီလင်မသေမျိုးက သူ့အပေါ် ဘယ်အတိုင်းအတာထိ အလေးထားသည်ကို သူသေချာမခန့်မှန်းနိုင်။ ကျန်းပင်ကန်းကလည်း စောင့်ကြည့်နေသဖြင့် နိုင်ငံ့စွမ်းအားကို လုယူဖို့မဖြစ်နိုင်ခဲ့။

ယခု ချီလင်၏မိန်းမသုံးယောက်လုံး ရှိနသည်။ နိုင်ငံ့စွမ်းအားကိုလည်း သူချုပ်ကိုင်ထားသည်။ ထိုမိန်းမသုံးယောက်ကို ဖမ်းလိုက်လျှင် ချီလင်မသေမျိုး ပေါ်မလာဘဲနေမည်မဟုတ်။

အချိန်၊ နေရာနှင့် အခွင့်အရေး အားလုံးသူ့ဘက်တွင်ရှိသည်။

"မင်းတို့မပြောချင်ဘူးဆိုရင် ထွက်သွားဖို့မစဉ်းစားနဲ့တော့"

သူ့မျက်နှာက လေးစားစရာဟန်ပန်မျိုးမရှိတော့ဘဲ တင်းမာခက်ထန်လာသည်။ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်နိုင်သည့် အဓိပဓိတစ်ယောက်လို ဖြစ်လာသည်။ သူ့ရှေ့မှလူများကို ခွေးလေခွေးလွင့်များလိုသာ သဘောထားသည်။

ကျင်းချိုင်ဝေ တိုက်ကွက်ဟောင်းကို ထပ်သုံးသည်။ အရိုးချပ်များစွာ လေထဲသို့ ထုတ်လွှတ်လိုက်သည်။ ကောင်းကင်တစ်ခုလုံး ပြည့်နက်သွားသည်။ ရှောင်တိမ်းဖို့မဖြစ်နိုင်။

ကွမ်းရှန်ဟိုင်က ကျင်းချိုင်ဝေထံ အေးအေးလူလူလျှောက်သွားသည်။ အရိုးချပ်များက သူ့ကိုထိသည်။

တပ်မှူးယုကို ထိုအရိုးချပ်များက အစိတ်စိတ်ပိုင်းဖြတ်နိုင်ခဲ့သော်လည်း ကွမ်းရှန်ဟိုင်ကို လုံးဝထိခိုက်အောင်မလုပ်နိုင်။

"ငါ့အထင်မမှားရင် မင်းအရိယဖလသန္ဓေက လေဟာနယ်အမျိုးအစားဖြစ်မယ်။ 'အမြင့်'ဆိုတဲ့အယူအဆကို ဖယ်ထုတ်နိုင်တဲ့အစွမ်းမျိုးပဲ။

အရိုးတွေကို ရေပြင်ညီဓားသွားလို အသုံးချတဲ့စိတ်ကူးက အတော်ကောင်းပါတယ်။ ဒါပေမယ့် မသေမျိုးတစ်ယောက်ရဲ့ ခန္ဓာကိုယ်စွမ်းအားကို မင်းမသိတာ စိတ်မကောင်းစရာပဲ"

ကွမ်းရှန်ဟိုင် အရိယဖလစွမ်းအားပင် ထုတ်သုံးဖို့မလို။ အရိုးချပ်အားလုံးကို မသေမျိုးခန္ဓာဖြင့် ခုခံနိုင်သည်။

မသေမျိုးတစ်ယောက်၏ အဆင့်က တကယ်မြင့်မားသည်။ မသေမျိုးတစ်ဝက်ဆိုသည်မှာ အရိယဖလအစစ် မရသေးသူဖြစ်၍ သေမျိုးတစ်ယောက်ဟုသာ သတ်မှတ်ရမည်။

မသေမျိုးတစ်ယောက်ကို အန္တရာယ်ပေးနိုင်သည့် သေမျိုးကျင့်စဉ်ပညာဟူ၍ မရှိသလောက်ရှားသည်။

"တစ်ယောက်ကို အရင်ဖမ်းရမှာပေါ့"

ကွမ်းရှန်ဟိုင် ကျင်းချိုင်ဝေဆီ လျှောက်သွားသည်။ ခြေလှမ်းများက နှေးသယောင်ထင်ရသော်လည်း ခြေတစ်လှမ်းထောင်ချီစွမ်းအားကို သုံးထားသည်။

ကြီးမားသည့် တောင်တန်းတစ်ခု ရွေ့လျားလာသလိုရှိသည်။ ကျင်းချိုင်ဝေ ကြောက်လွန်းသဖြင့် နေရာမှ လုံးဝမလှုပ်နိုင်တော့။

"စဉ်းတောင်မစဉ်းစားပါနဲ့"

အောင်းလင်းက ခပ်ဆတ်ဆတ်ပြန်ပြောပြီး နဂါးနက်အဖြစ် အသွင်ပြောင်းလိုက်သည်။ မာကျောသည့် သူ့ဦးချိုဖြင့် ကွမ်းရှန်ဟိုင်ကို ပြေးတိုက်သည်။ ကွမ်းရှန်ဟိုင် လွင့်ထွက်သွားသည်။

"စိတ်ဝင်စားစရာပဲ။ အရှေ့ပင်လယ်က ရထားတဲ့သတင်းမှာ မင်းဟာ မသေမျိုးခန္ဓာကိုယ်ကို ယာယီထိန်းထားနိုင်တယ်လို့ ပြောကြတယ်။ တကယ်မှန်နေတာပဲ"

အောင်းလင်း သေချာပြင်ဆင်ထားသည်။ လုယန်သစ်သီးသွားပို့ဖို့ စီစဉ်နေကတည်းက ကျန်းလျန်ယိကို တိုက်ခိုက်ခိုင်းပြီး သူ့ခန္ဓာကိုယ်ကို မသေမျိုးအဆင့်သို့ မြှင့်တင်ထားသည်။

ယခု သူပြင်ဆင်ထားသည့်အစီအစဉ် အသုံးဝင်လာသည်။

အားကြီးသည့် မသေမျိုးရန်သူနှင့် ရင်ဆိုင်ရခြင်းဖြစ်၍ သုံးယောက်လုံး မပေါ့ဆရဲကြ။ မူလအသွင်သို့ ကိုယ်စီပြောင်းကြသည်။ အဖြူရောင်ချုန်းချီ၊ ရောင်စုံဖီးနစ်၊ နဂါးနက်။

သူတို့ခန္ဓာကိုယ်က နန်းမြို့တော်မှ တောင်တန်းများထက် ပိုကြီးမားသည်။ နေရောင်ခြည်ကို ပိတ်ဆို့ကာဆီးနေသည်။

မသေမျိုးတစ်ဝက်သားရဲတို့၏ စွမ်းအင်ဖိအားကြောင့် အောက်ဘက်မှ နန်းမြို့တော်ကျင့်ကြံသူများ တုန်ရင်လာသည်။ မတ်တပ်ကောင်းကောင်း မရပ်နိုင်ကြတော့။

"ဟား၊ မသေမျိုးခန္ဓာရှိရုံနဲ့ သူတို့နှစ်ယောက်ကို မင်းကာကွယ်နိုင်မယ်ထင်နေလား"

ကွမ်းရှန်ဟိုင် တစ်ချက်ရယ်လျက် သူ့မှော်လက်စွပ်ထဲမှ အလောင်းတစ်ခုကို ဆွဲထုတ်လိုက်သည်။ ဘယ်သူ့အလောင်းမှန်းမသိ။ သို့သော် တစ်ခုတော့ သေချာသည်။

ထိုအလောင်းသည် အသက်ရှိစဉ်က ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူဖြစ်သည်။

သက်လတ်ပိုင်းအရွယ် ကူးဖြတ်ခြင်းအဆင့်အလောင်း၏ မျက်နှာပေါ်သို့ ကွမ်းရှန်ဟိုင် လက်တင်လိုက်သည်။ သက်လတ်ပိုင်းအရွယ်မှ မျက်နှာအရေးအကြောင်းများ တွန့်လိပ်နေသည့် အဘိုးအိုတစ်ယောက်အဖြစ် ချက်ချင်းအသွင်ပြောင်းသွားသည်။

အောင်းလင်းမျက်မှောင်ကျုံ့နေသည်။ ကွမ်းရှန်ဟိုင် ဘာလုပ်ချင်သည်ကို သူခန့်မှန်းမရ။

ထို့နောက် အားလုံးအံ့ဩသွားကြသည်။ အဘိုးအို၏ မျက်လုံးများ ဖျတ်ခနဲပွင့်လာသည်။

သိပ်မကြာမီ အောက်ဘက်မှလူတစ်ယောက်က ထိုအဘိုးအိုကို မှတ်မိသွားပြီး တုန်ရင်နေသည့်လေသံဖြင့် ပြောသည်။

"သူ...သူက မဟာယုဒုတိယနိုင်ငံ့ဆရာပဲ"

ဒုတိယနိုင်ငံ့ဆရာသည် မဟာယုသမိုင်းကြောင်းတစ်လျှောက် ထင်ရှားခဲ့သူဖြစ်သည်။ သူ့ပုံတူပန်းချီများ ကျင့်ကြံသူလောက၏ နေရာစုံသို့ ပျံ့နှံ့နေသည်။

ထို့ပြင် တာအိုလမ်းစဉ်ဂိုဏ်းတွင် သူတစ်ကြိမ်သေခဲ့ပြီးဖြစ်သည်။

(**ထာဝရအရှင်နှင့် တိုက်ခိုက်ရင်း သူအဖမ်းခံရသည်။ အကျဉ်းထောင်ထဲတွင် လုယန်ကို ကံကြမ္မာကျိန်စာခုနစ်မျိုးဖြင့် တိုက်ခိုက်ခဲ့သည်။ သို့သော် နတ်မယ်နှင့်ယွမ်ကျိ၏ ကံကြမ္မာကို မယှဉ်နိုင်သဖြင့် ထိုကျိန်စာ၏တန်ပြန်သက်ရောက်မှုခံရပြီး သေဆုံးသွားသည်)

"ဒါကဘယ်လိုပညာမျိုးကြီးလဲ"

ကျင်းချိုင်ဝေ အံ့အားသင့်နေသည်။ သေသူက ပြန်ရှင်သန်လာသည်။ ပြန်ရှင်သန်လာပြီးနောက် သူသေဆုံးခဲ့စဉ်ကအသွင်မျိုး အရင်မူလပုံစံမျိုး လုံးဝမရှိတော့။

"ဆရာ၊ ကျုပ်ဘယ်ရောက်နေတာလဲ"

ဒုတိယနိုင်ငံ့ဆရာက ဘေးပတ်လည်ကို အူကြောင်ကြောင် မျက်လုံးဝေ့ကြည့်သည်။ သူဘာဖြစ်ခဲ့မှန်း သေချာသိပုံမရ။

ကွမ်းရှန်ဟိုင်က သူ့တပည့်ခေါင်းကို ပွတ်လိုက်သည်။ ဘာမှရှင်းပြမနေတော့ဘဲ ကျင်းချိုင်ဝေနှင့်ကျန်းလျန်ယိကို လက်ညှိုးထိုးပြသည်။

"ဟိုနှစ်ယောက်ကို သွားဖမ်းလိုက်ပါ။ သူတို့ဒဏ်ရာရတာ ကိစ္စမရှိဘူး။ သေတော့မသေစေနဲ့"

"ဟုတ်ကဲ့"

ဒုတိယနိုင်ငံ့ဆရာက ကွမ်းရှန်ဟိုင်အပေါ် အပြည့်အဝယုံကြည်သည်။ တုံ့ဆိုင်းခြင်းလုံးဝမရှိ။ အားလုံးမြင်ကွင်းရှေ့မှ သူချက်ချင်းပျောက်သွားသည်။

အားလုံး သူရှိခဲ့သည့်အဖြစ်ကို မေ့သွားသည်။ အောင်းလင်းတို့သုံးယောက်ပင် ကွမ်းရှန်ဟိုင်ကိုသာ သတိမပြတ်စိုက်ကြည့်နေသည်။ ဒုတိယနိုင်ငံ့ဆရာအကြောင်း လုံးဝမေ့သွားကြသည်။

ရုတ်တရက် နောက်ကျောဘက်မှ ပြင်းထန်သည့်တိုက်ခိုက်မှုကို ကျင်းချိုင်ဝေခံစားလိုက်ရသည်။ ဝိညာဉ်ဓားက သူ့ကိုယ်ထဲ ထိုးစိုက်ဝင်သွားသည်။

ထိုအချိန်ကျမှ ဒုတိယနိုင်ငံ့ဆရာအကြောင်း အားလုံးပြန်မှတ်မိလာကြသည်။

အောင်းလင်းနှင့်ကျန်းလျန်ယိတို့ လုယန်တစ်ခါကပြောခဲ့ဖူးသည့်စကားကို ပြန်သတိရလာသည်။ ဒုတိယနိုင်ငံ့ဆရာသည် ကံကြမ္မာ(ကြောင်းကျိုး)အရိယဖလသန္ဓေ ပိုင်ဆိုင်သည်။ သူ့ကံအကြောင်းဆက်နွယ်မှုများကို ဖြတ်တောက်နိုင်သည်။

ဝိညာဉ်ခန္ဓာဖောက်ခွဲနိုင်စွမ်းရှိသည့် ထာဝရအရှင်နှင့်သာ မကြုံတွေ့ခဲ့လျှင် တစ်ခြားမသေမျိုးတစ်ဝက်များ သူ့ကိုယှဉ်နိုင်ဖို့လွယ်မည်မဟုတ်။

ကွမ်းရှန်ဟိုင်ထုတ်သုံးသည့်ပညာမျိုး အောင်းလင်းတို့ တစ်ခါမှမမြင်ဖူးကြ။ ရှေးဟောင်းခေတ်တွင်မှာပင် ထိုအရိယဖလမျိုး မရှိခဲ့။ အရိယဖလသန္ဓေပင် မပေါ်ခဲ့။

ကျန်းလျန်ယိက ငါးရောင်ခြယ်ဖီးနစ်စွမ်းအင်ရောင်ကို ထုတ်လွှတ်၍ ကျင်းချိုင်ဝေ၏ဒဏ်ရာကို ကုသပေးသည်။

ကွမ်းရှန်ဟိုင်က မျက်နှာတင်းနေသည့် အောင်းလင်းကို ပြုံး၍မေးသည်။

"ကဲအခု မင်းဘာလုပ်မလဲ။ မင်းရဲ့မသေမျိုးခန္ဓာကို ဘယ်လောက်ကြာအောင် ထိန်းထားနိုင်မှာလဲ"

အောင်းလင်း မျက်နှာပျက်သွားသည်။ မှန်သည်။ မသေမျိုးခန္ဓာကိုယ်ကို သူအမြဲတမ်းထိန်းမထားနိုင်။ ကွမ်းရှန်ဟိုင်သုံးသည့် ပညာရပ်များက အတော်ထူးဆန်းသည်။ ရင်ဆိုင်ဖို့ အလွန်ခက်သည်။ ထွက်ပြေး၍လည်း မရ။ အသေအကြေတိုက်ခိုက်ဖို့သာရှိသည်။

ထိုမြင်ကွင်းကိုမော့ကြည့်၍ လုယန် အတော်စိုးရိမ်ပူပန်နေသည်။ အိပ်နေသည့်နတ်မယ်ကို ချက်ချင်းနှိုးသည်။

"နတ်မယ်၊ ထပါဦး။ ပြဿနာအကြီးကြီးတက်နေပြီ"

နူးညံ့ကျယ်ပြန့်သည့် နန်းပလ္လင်ပေါ်မှ နတ်မယ် နိုးထာလာပြီး အလိုမကျဟန်ဖြင့်မေးသည်။

"ဘာပြဿနာလဲ။ ဘာလို့ ငါမသေမျိုးကို နှိုးတာလဲ။ ပျင်းစရာကစားပွဲက ပြီးသွားပြီလား"

"အင်ပါယာရှား သေသွားပြီ"

နတ်မယ် သမ်းဝေနေသည်။ ထိုသတင်းကို အံ့ဩပုံမရ။

"ဒါဆို ကစားပွဲ ပြီးသွားပြီပေါ့"

လုယန် ခဏတာ မင်သက်မိသွားသည်။

ထိုစဉ် ရုတ်တရက် နန်းမြို့တော်ကောင်းကင်ဆီသို့ ရယ်သံတစ်ခု ပဲ့တင်ထပ်၍လွင့်ပျံလာသည်။ ရယ်သံက နီးလိုက်ဝေးလိုက်ဖြစ်နေသည်။ နေရာအတိအကျ ခန့်မှန်းရခက်သည်။

အောင်းလင်းတို့ကို တိုက်ခိုက်ရန်ပြင်နေသည့် ကွမ်းရှန်ဟိုင် ချက်ချင်းခြေလှမ်းရပ်သွားသည်။

"မိတ်ဆွေကွမ်၊ နိုင်ငံကြမ္မာစွမ်းအားကို ကောင်းကောင်းသန့်စင်ထားပြီးပြီလား"

ကွမ်းရှန်ဟိုင် အသံရှင်ကို လှည့်ပတ်ရှာသည်။ ထိုအသံကို သူရင်းနှီးသည်။ ကြားဖူးသည်။ သို့သော် ဘယ်နေရာတွင် ကြားဖူးခဲ့သည်ကို စဉ်းစားမရ။

နောက်ဆုံးတွင် တစ်စုံတစ်ခုကို အာရုံခံမိဟန်ဖြင့် တောင်ပိုင်းမြို့တော်ဘက်ခြမ်းမှ မုန်အိမ်တော်ဆီ သူလှမ်းကြည့်သည်။

မုန်အိမ်တော်အထက်တွင် လူတစ်ယောက် ပေါ်လာသည်။ မျက်နှာက ပြုံးရွှင်နေသည်။ ကွမ်းရှန်ဟိုင်ကို လှမ်းကြည့်ရင်း မိတ်ဆွေဟောင်းတစ်ယောက်ကို ပြန်တွေ့နေရသကဲ့သို့ လက်ဝေ့ယမ်း၍ပင် နှုတ်ဆက်နေသေးသည်။

ကွမ်းရှန်ဟိုင်၏ မှတ်ဉာဏ်များက လွန်ခဲ့သည့် နှစ်တစ်သိန်းသို့ ပြန်ရောက်သွားသည်။ တိုက်ပွဲများအလယ်တွင် မဟာယုပြိုကွဲသွားသည်။ စွမ်းအားရှင်နှစ်ယောက် လောကအုပ်ချုပ်ခွင့်အတွက် ယှဉ်ပြိုင်ကြသည်။ တစ်ယောက်က ကျန်းမျိုးရိုး။ တစ်ယောက်က မုန်မျိုးရိုး။

အနာဂတ်အင်ပါယာရွေးချယ်ဖို့ တပ်ဖွဲ့ချင်းမတိုက်ခိုက်ဘဲ တစ်ယောက်ချင်းယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။

ထိုတိုက်ပွဲတွင် ကျန်းပင်ကန်းက မသေမျိုးအဆင့်သို့တက်သွားသည်။

သူနှင့်ယှဉ်ပြိုင်ခဲ့သည့် မုန်မျိုးရိုးကိုလည်း ကွမ်းရှန်ဟိုင် သေချာမှတ်မိနေသည်။

"မုန်ကျင်းဇီ"

**********************************

All Chapters