← Chapters

အခန်း (၁၅၁၃-၁၅၁၄)

Vol. 115 Ch. 1513-1514

အခန်း (၁၅၁၃-၁၅၁၄)

Vol. 115 Ch. 1513-1514

၁၅၁၃ - အသုံးမဝင်သော ရေကြောင်းမြေပုံ

မျှော်လင့်ချက် ကင်းမဲ့နေသော အော်ဟစ်သံများ လေထဲတွင် ပဲ့တင်ထပ်နေသည်။

ထိုနေရာရှိ လူအများစုသည် ကြောက်လန့်တကြား ထွက်ပြေးနေကြသည်။

အချို့က အနီးနားတွင် တစ္ဆေတစ်ကောင် လှည့်လည်သွားလာနေကြောင်း ဤနေရာတွင် ဆက်နေ၍ မရကြောင်း အမြန် ထွက်ပြေးကြရန်နှင့် လူအများအပြားလည်း တစ္ဆေ၏ လက်ချက်ဖြင့် သေဆုံးကုန်ကြပြီ ဖြစ်ကြောင်း အခြားသူများကို သတိပေးနေကြသည်။

တခြားသူတွေ ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ကြောက်ရွံ့မှုဟူသည် ကူးစက်တတ်သော အရာ ဖြစ်သည်။

ဆူညံပွက်လောရိုက်မှုများ ပိုမို ကြီးမားလာပြီး မူလက တည်ငြိမ်နေသော တာဟိုင်မြို့သည် တဖန် ရှုပ်ထွေးလာပြန်သည်။

"အဲဒီကောင်ကြီး ပြန်ပေါ်လာပြီ ဒီနားမှာ ရှိနေတယ် ငါတို့ သေကြတော့မယ်"

ထွက်ပြေးဖို့ အချိန်မရလိုက်သူ အချို့က ထောင့်တစ်နေရာတွင် ပုန်းအောင်းရင်း တုန်ယင်နေကြသည်။

ဒါပေမယ့် အပြင်ဘက်က အသံတွေက သူ့ကို သတိပေးနေတယ်။ တစ္ဆေက အနီးနားမှာ လှည့်လည်နေတယ် သူ အချိန်မရွေး အတွေ့ခံရနိုင်တယ်။

"ဒီမှာ ဆက်နေရင် ငါတို့ မကြာခင် အတွေ့ခံရလိမ့်မယ် အဲဒီကျရင် သေချာပေါက် သေရလိမ့်မယ် သတ္တိမွေးပြီး ထွက်ပြေးကြရအောင် ဒါမှ အသက်ရှင်ဖို့ အခွင့်အရေး ရနိုင်မယ်"

ပိတ်မိနေသော သူအချို့က ထိုင်ပြီး အသေခံရမည့် အဖြစ်ကို လက်မခံချင်ကြပေ။

သေမင်းနှင့် အကြောက်တရား ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေရသော ခံစားမှုသည် အလွန် ဆိုးရွားလွန်းသဖြင့် သာမန်လူတစ်ယောက်၏ စိတ်နှလုံးသည် ခံနိုင်ရည် မရှိပေ။

ဒါကြောင့် သူတို့က ဒီလို ဆိုးရွားတဲ့ ခံစားချက်ကို ဆက်လက် သည်းခံနေမယ့်အစား စွန့်စားပြီး ထွက်ပြေးဖို့ ရွေးချယ်လိုက်ကြသည်။

တစ်ယောက်က အကြံပြုလိုက်တာနဲ့ တခြားလူတွေကလည်း ချက်ချင်း လက်ခံလိုက်ကြသည်။

မကြာမီ ကျန်ရစ်ခဲ့သော အသက်ရှင်ကျန်ရစ်သူ အနည်းငယ်သည် အပြင်သို့ ပြေးထွက်လာကြပြီး အန္တရာယ်များသော နေရာမှ လွတ်မြောက်ရန် အသေအလဲ ကြိုးစားကြသည်။

ယခုအချိန်တွင် လမ်းမပေါ်၌ လူသူကင်းမဲ့နေပြီး တိတ်ဆိတ်ခြောက်ကပ်နေသည်။ တာဟိုင်မြို့၏ အစည်ကားဆုံး နေရာတွင် ရောက်နေသော်လည်း သူတို့ ရောက်ရှိနေသော နေရာသည် သင်္ချိုင်းကုန်းသဖွယ် တိတ်ဆိတ်နေသည်။

ပိုပြီး တိတ်ဆိတ်လေလေ ပိုပြီး ကြောက်စရာ ကောင်းလေလေပဲ။

စတင် ထွက်ပြေးစဉ်က အဆင်ပြေချောမွေ့ခဲ့သည်။ အန္တရာယ် မကြုံတွေ့ရသဖြင့် သူတို့၏ ရွေးချယ်မှု မှန်ကန်သည်ဟု ထင်မှတ်နေကြသည်။ တစ္ဆေက သူတို့ကို ပစ်မှတ်မထားဘူး နည်းနည်းလောက် ထပ်ကြိုးစားလိုက်ရင် ဒီနေရာကနေ လွတ်မြောက်နိုင်တော့မယ်လို့ မျှော်လင့်နေကြသည်။

ခြေလှမ်းသံ မြန်မြန်ဆန်ဆန်နဲ့အတူ ပြင်းထန်တဲ့ အသက်ရှူသံတွေ ထွက်ပေါ်လာသည်။

လူတိုင်း အရှေ့ကို အတင်း ပြေးနေကြတယ်။ တခြားလူတွေရဲ့ နောက်မှာ ကျန်ရစ်မနေခဲ့ချင်ကြဘူး။

ဒါပေမယ့် သူတို့ ဘယ်လောက်ပဲ ကြိုးစားပြေးပါစေ တစ္ဆေအတွက်တော့ ဘေးကင်းလုံခြုံတဲ့ နေရာဆိုတာ မရှိပါဘူး။

တစ္ဆေရဲ့ ပစ်မှတ်ထားခြင်း ခံရပြီဆိုတာနဲ့ ဘယ်နေရာမဆို အန္တရာယ်အများဆုံး နေရာ ဖြစ်သွားတတ်တယ်။

မကြာမီ သူတို့ရဲ့ ကံတရား ကုန်ဆုံးသွားပုံရသည်။

အရှေ့ လမ်းမအလယ်မှာ မီးခိုးရောင် ပုံရိပ်တစ်ခု ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိဘဲ ပေါ်လာသည်။ အဲဒီပုံရိပ်က ဝါးတားတား ဖြစ်နေပြီး သေချာ မကြည့်ရင် မမြင်ရနိုင်လောက်အောင် မှေးမှိန်နေသည်။

ဒါပေမယ့် သူတို့ကတော့ လစ်လျူမရှုရဲပေ။

ဘာလို့လဲဆိုတော့ အဲဒီ မီးခိုးရောင် ပုံရိပ်က ပိုပြီး ထင်ရှားလာပြီး အခု လည်ပင်းကို လှည့်ကာ သူတို့ဘက်ကို လှမ်းကြည့်လိုက်လို့ပါ။

တစ္ဆေလား…..

ဒီအတွေး ခေါင်းထဲ ဝင်လာတာနဲ့ အသက်ရှင်ကျန်ရစ်သူတွေရဲ့ ခန္ဓာကိုယ်တွေ တောင့်တင်းသွားသည်။ ရှေ့ဆက် မပြေးရဲတော့ဘဲ တချို့ဆိုရင် ခြေထောက်တွေ ပျော့ခွေပြီး မြေကြီးပေါ် လဲကျသွားသည်။

သွားပြီ။

ငါတို့တော့ သွားပြီ။

ဘယ်လိုလုပ်ကြမလဲ။

သာမန်လူတွေ ဖြစ်ကြတဲ့ အသက်ရှင်ကျန်ရစ်သူတွေဟာ မျှော်လင့်ချက် ကင်းမဲ့သွားကြပါပြီ။ တခြားဘက်ကို ပြောင်းပြေးဖို့တောင် မစဉ်းစားမိကြတော့ဘဲ နေရာမှာတင် ကြောင်အမ်းအမ်းနဲ့ ရပ်နေမိကြသည်။ တစ္ဆေက သူတို့ကို မတိုက်ခိုက်သေးပေမယ့် ကြောက်ရွံ့မှုက သူတို့ရဲ့ စိတ်ဓာတ်ကို ဖျက်ဆီးပစ်လိုက်ပြီ။

အသတ်ခံရဖို့ စောင့်နေတဲ့ သိုးသူငယ်လေးတွေလို ဖြစ်နေကြလေသည်။

လမ်းမပေါ်မှာ ပေါ်လာတဲ့ တစ္ဆေက ခေါင်းကို လှည့်လိုက်ပြီး တစ်ယောက်ယောက်ကို ပစ်မှတ်ထားလိုက်ပုံရပြီးတော့ ဒီဘက်ကို ဖြည်းဖြည်းချင်း လျှောက်လာသည်။

အနားကပ်လာတာနဲ့ ပတ်ဝန်းကျင်က အရာအားလုံး မှောင်မိုက်သွားသည်။

ရင်းနှီးနေတဲ့ မြို့ပြမြင်ကွင်းတွေက ရုတ်တရက် စိမ်းသက်သွားပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားတစ်ခုက လက်တွေ့ဘဝကို နှောင့်ယှက်နေသလို ခံစားလိုက်ရသည်။

အသက်ရှင်ကျန်ရစ်သူတွေဟာ မျှော်လင့်ချက် ကင်းမဲ့ပြီး စိတ်ဓာတ်ကျသွားကြလေသည်။။

ထိုအချိန်တွင် မမျှော်လင့်ထားသော ကိစ္စတစ်ခု ဖြစ်ပျက်လာသည်။

တစ္ဆေ လူသတ်တော့မည့် ဆဲဆဲတွင် အနီရောင် လှံရှည်တစ်ချောင်း ဘယ်က ရောက်လာမှန်းမသိ ပျံသန်းလာပြီး မာကျောသော မြေကြီးပေါ်သို့ ဘုန်းခနဲ ကျရောက်လာသည်။

လှံရှည်က မြေကြီးပေါ်တွင် စောင်းစောင်းလေး စိုက်ဝင်နေပြီး ငြိမ်သက်သွားသည်။ တစ္ဆေလည်း ခန္ဓာကိုယ် ဖောက်ထွင်းခံလိုက်ရပြီး မလှုပ်မယှက် ရပ်တန့်သွားသည်။

အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။

ဒီမြင်ကွင်းကို မြင်လိုက်ရတဲ့ အသက်ရှင်ကျန်ရစ်သူတွေ အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြလေသည်။ မျက်စိရှေ့က ဖြစ်ရပ်ကို နားမလည်နိုင် ဖြစ်နေကြသည်။

ဒါပေမယ့် သတင်းကောင်းကတော့ တစ္ဆေ မလှုပ်ရှားနိုင်တော့ဘူး ဆိုတာပါပဲ။

မကြာမီ သူတို့ ဆက်မတွေးနိုင်ခင်မှာပဲ နောက်တခဏတွင် အနီရောင် လှံရှည်ဘေးနားမှာ လူတစ်ယောက် ရုတ်တရက် ပေါ်လာသည်။ ဘာနိမိတ်လက္ခဏာမှ မပြဘဲ ရောက်လာတာ ဖြစ်ပြီးတော့ မြေကြီးပေါ် စိုက်ဝင်နေတဲ့ လှံရှည်ကို ဆွဲနှုတ်လိုက်သည်။ ချက်ချင်းဆိုသလိုပဲ လူရော ဖောက်ထွင်းခံထားရတဲ့ တစ္ဆေရော ပျောက်ကွယ်သွားသည်။

"ဒီနေရာက ကိစ္စ ပြီးသွားပြီ သွားကြစို့"

အသံတစ်သံက တိတ်ဆိတ်နေတဲ့ လမ်းမပေါ်မှာ ပဲ့တင်ထပ်သွားသည်။

ထို့နောက် ကောင်းကင်ယံတွင် အလင်းတန်းတစ်ခု ဖြတ်သန်းသွားပြီး အဝေးသို့ ပျံသန်းသွားကာ မျက်စိတဆုံး ပျောက်ကွယ်သွားသည်။

ယန်ကျန့် စတင် လှုပ်ရှားလိုက်ပြီ ဖြစ်သည်။

ဒီတစ်ကြိမ် သူ လှုပ်ရှားခြင်းသည် တစ္ဆေသင်္ဘောကို တိုက်ခိုက်ရန် မဟုတ်ပေ။ တစ္ဆေသင်္ဘော၏ အခြေအနေ ယခုအခါ မည်သို့ ဖြစ်နေသနည်း ဆိုသည်ကို သွားရောက် ကြည့်ရှုလိုခြင်း ဖြစ်သည်။ သူ့စိတ်ထဲတွင် မကောင်းသော ထင်မြင်ချက်အချို့ ရှိနေသည်။ သို့သော် ထိုထင်မြင်ချက်များကို အတည်ပြုရန် လိုအပ်သေးသည်။

ဟောင်းနွမ်းနေသော ရေကြောင်းမြေပုံသည် တစ္ဆေသင်္ဘော၏ တည်နေရာကို ၅ မိနစ် ကြိုတင် သိရှိနိုင်သဖြင့် ယန်ကျန့်အတွက် တုံ့ပြန်ရန် အချိန်လုံလောက်စွာ ရှိနေခဲ့သည်။

မကြာမီ ယန်ကျန့်သည် ဟယ်ယွဲ့လျန် ထုန်ချန်နှင့် လျိုစန်း၏ စက္ကူရုပ်တို့ကို ခေါ်ဆောင်ကာ ပင်လယ်ပြင်တစ်ခုထက်သို့ ရောက်ရှိလာခဲ့သည်။

အချိန်ကို ကြည့်လိုက်သည်။

နောက်ထပ် နှစ်မိနစ်အကြာတွင် တစ္ဆေသင်္ဘော ပေါ်လာတော့မည် ဖြစ်သည်။

"နေရာက ပြဿနာမရှိဘူး ဒီနေရာပဲ"

လျိုစန်း၏ စက္ကူရုပ်က ထပ်မံ အတည်ပြုလိုက်ပြီးနောက် ယန်ကျန့်ကို ခေါင်းညိတ်ပြလိုက်သည်။

ယန်ကျန့် စကားမပြောဘဲ ဆက်လက် စောင့်ဆိုင်းနေခဲ့သည်။

မကြာမီ နှစ်မိနစ် အချိန် ကုန်လွန်သွားခဲ့သည်။

သို့သော် ပင်လယ်ပြင်သည် တည်ငြိမ်နေဆဲ ဖြစ်ပြီး ပတ်ဝန်းကျင်တွင် သဘာဝလွန် အငွေ့အသက် လုံးဝ မရှိခဲ့ပေ။ ထိုတစ္ဆေသင်္ဘောသည်လည်း ပေါ်မလာခဲ့ပေ။ ပုံမှန်အခြေအနေအရဆိုလျှင် ယခုအချိန်တွင် ပင်လယ်ပြင်ထက်၌ ခပ်ပါးပါး မြူခိုးများ ပေါ်လာရမည် ဖြစ်သည်။ တစ္ဆေသင်္ဘောသည် ထိုမြူခိုးများနှင့်အတူ သဘာဝလွန် နေရာမှနေ၍ လက်တွေ့ကမ္ဘာထဲသို့ ထွက်ပေါ်လာမည် ဖြစ်ပြီး အချိန်အတိုင်းအတာ တစ်ခုအထိ နေထိုင်ပြီးနောက် ပြန်လည် ပျောက်ကွယ်သွားရမည် ဖြစ်သည်။

သို့သော် ယခုတစ်ကြိမ်တွင်မူ

"ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ ရေကြောင်းမြေပုံက မမှားဘူး အခုအချိန်ဆို တစ္ဆေသင်္ဘောက ဒီအနီးနားမှာ ပေါ်လာရမှာ"

လျိုစန်း၏ စက္ကူရုပ်သည်လည်း ယခုအချိန်တွင် အံ့အားသင့်နေခဲ့သည်။

"ဒီတခါတော့ ပြဿနာ တက်ပြီနဲ့တူတယ်"

ထုန်ချန်လည်း အခြေအနေမဟန်ကြောင်း ခံစားလိုက်ရသည်။

တစ္ဆေသင်္ဘောကဲ့သို့သော သဘာဝလွန် အရာမျိုးတွင် မသေချာမရေရာသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာခြင်းသည် အလွန် ဆိုးရွားသော ရှေ့ပြေးနိမိတ် တစ်ခုပင် ဖြစ်သည်။

ယန်ကျန့်၏ အကြည့်များက တည်ငြိမ်နေခဲ့သည်။

"တစ္ဆေသင်္ဘော ပြဿနာတက်သွားတော့ ရေကြောင်းမြေပုံလည်း ပြဿနာတက်သွားလောက်ပြီ ခန့်မှန်းတာတွေ မတိကျတော့ဘူး"

"ဒါပေမယ့် အရင်တုန်းက ရေကြောင်းမြေပုံပေါ်က ခန့်မှန်းချက်တွေက အရမ်း တိကျသေးတယ်လေ သဘာဝလွန် အရာတွေက မသေချာဘူး ဆိုပေမယ့် နှစ်ကြိမ်ကြားက အချိန်ကွာဟချက်က ဒီလောက်တိုတောင်းတာကို တစ်ခါက မှန်ပြီး တစ်ခါက မမှန်ဘူးဆိုတာ သိပ်မဖြစ်နိုင်ဘူး"

လျိုစန်း၏ စက္ကူရုပ်က ပြန်ပြောလိုက်သည်။

"ရေကြောင်းမြေပုံပေါ်မှာ ပြနေတဲ့ တည်နေရာက တစ္ဆေသင်္ဘောက မင်းကို မြင်စေချင်တဲ့ နေရာပဲ ဖြစ်လိမ့်မယ် တကယ်လို့ တစ္ဆေသင်္ဘောကသာ မင်းကို အမြင်မခံချင်ရင် ရေကြောင်းမြေပုံက စက္ကူစုတ် တစ်ရွက်ပဲ အရင်က ဘုရင်အဖွဲ့အစည်း ကိုယ်တိုင်တောင် တစ္ဆေသင်္ဘောနဲ့ ရေကြောင်းမြေပုံကြားက ဆက်စပ်မှုကို သေချာ နားမလည်ခဲ့ကြဘူး ငါတို့ဆိုရင် ပိုဆိုးတာပေါ့ အခု ဘုရင်အဖွဲ့အစည်းလည်း မရှိတော့ဘူးဆိုတော့ ကိစ္စတော်တော်များများက ပြောင်းလဲသွားလိမ့်မယ် ဥပမာ အခု တစ္ဆေသင်္ဘောကို ဘယ်သူ ထိန်းချုပ်နေလဲ ဆိုတာမျိုးပေါ့"

"ယန်ကျန့် ငါ စကားတစ်ခွန်းလောက် ပိုပြောပါရစေ တွေးကြည့်ရအောင် ရေကြောင်းမြေပုံရဲ့ တည်နေရာက မှားနေပြီး အချိန်က မှန်နေတယ်ဆိုရင် အခုချိန်မှာ တစ္ဆေသင်္ဘောက ဘယ်နေရာမှာ ပေါ်လာနိုင်မလဲ"

ဟယ်ယွဲ့လျန်က မေးမြန်းလိုက်သည်။

ယန်ကျန့်၏ မျက်လုံးများ ချက်ချင်း မှောင်မိုက်သွားပြီး အနောက်ဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်သည်။

"ဒါဆိုရင် သူ အောင်မြင်စွာ ကမ်းကပ်သွားလောက်ပြီ လောင်းကြေးမထပ်ရဲဘူး ချက်ချင်း ပြန်ကြစို့"

"တာဟိုင်မြို့က အခုထိ အရာအားလုံး ပုံမှန်ပဲ တစ္ဆေသင်္ဘောရဲ့ အရိပ်အယောင် မရှိဘူး"

လျိုစန်း၏ စက္ကူရုပ်က ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ချက်ချင်း ပြောဆိုလိုက်သည်။

"တာဟိုင်မြို့မှာ ဖြစ်ချင်မှ ဖြစ်တော့မှာ တခြား ဘယ်မြို့ ဘယ်နေရာမှာမဆို ဖြစ်နိုင်တယ်"

ယန်ကျန့် တွန့်ဆုတ်မနေဘဲ တစ္ဆေနယ်မြေကို ချက်ချင်း ဖွင့်ကာ လူအများကို ခေါ်ဆောင်ပြီး နောက်သို့ ပြန်လှည့်သွားခဲ့သည်။

သူ့အတွက်မူ တစ္ဆေသင်္ဘော အခြားနေရာတွင် ပေါ်လာပါက သူ ဝင်ပါမည် မဟုတ်ပေ။ သို့သော် ပြည်တွင်းတွင်မူ လုံးဝ အပေါ်ခံမည် မဟုတ်ချေ။ အကယ်၍ ပေါ်လာပါက သူသည် ပထမဆုံး အချိန်မီ သွားရောက် တားဆီးရမည် ဖြစ်သည်။

သို့မဟုတ်ပါက ကိစ္စရပ်များသည် အလွန် ဆိုးရွားသွားပေလိမ့်မည်။

အခန်း ၁၅၁၄ - ထူးခြားသော တည်နေရာ

"လူအင်အား အကုန်သုံးပြီး ရှာဖွေကြ ပြည်တွင်းမှာ ရှိနေသရွေ့ ဘယ်နေရာပဲ ဖြစ်ဖြစ် တစ္ဆေသင်္ဘောရဲ့ တည်နေရာကို ငါ အမြန်ဆုံး သိချင်တယ်"

တစ္ဆေသင်္ဘော သတင်း ဌာနချုပ်သို့ ရောက်ရှိလာပြီးနောက် မျက်နှာချောင်ကျပြီး ပင်ပန်းနွမ်းနယ်နေသော ချောင်ယန်ဟွာသည် အရေးပေါ် အမိန့်တစ်ခု ချက်ချင်း ထုတ်ပြန်လိုက်သည်။

သို့သော် ယခုအချိန်သည် အနည်းငယ် နောက်ကျနေပြီ ဖြစ်သည်။

ပုံမှန် အခြေအနေအရ တွက်ချက်ကြည့်လျှင် ယခုအချိန်တွင် တစ္ဆေသင်္ဘော ပေါ်လာသင့်ပြီ ဖြစ်သည်။ သို့သော် တစ္ဆေသင်္ဘော မည်သည့်နေရာတွင် ရှိနေသည်ကို မည်သူမျှ မသိရှိကြပေ။ ပင်လယ်ပြင်တွင် မျောနေနိုင်သလို မြို့တစ်မြို့ထဲသို့လည်း ဝင်ရောက်နေနိုင်သည်။ သို့သော် ချောင်ယန်ဟွာသည် တစ္ဆေသင်္ဘော၏ တည်နေရာကို လောင်းကြေးမထပ်ရဲသဖြင့် အမြန်ဆုံး ရှာဖွေတွေ့ရှိရန် လိုအပ်နေသည်။

လက်တွေ့ကမ္ဘာတွင် မျက်စိဖြင့် မြင်နိုင်သော အတိုင်းအတာကြီးမားသည့် ထူးခြားမှုမျိုး ဖြစ်ပေါ်လာပါက ဌာနချုပ်၏ ထောက်လှမ်းရေး စွမ်းရည်ဖြင့် လျင်မြန်စွာ ရှာဖွေတွေ့ရှိနိုင်မည်ဟု ချောင်ယန်ဟွာ ယုံကြည်ထားသည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။

ချောင်ယန်ဟွာ၏ ရုံးခန်းစားပွဲပေါ်ရှိ တယ်လီဖုန်းသည် မြည်မလာခဲ့ပေ။

ဆိုလိုသည်မှာ အရေးကြီး သတင်းအချက်အလက်များ ရောက်မလာသေးခြင်း ဖြစ်သည်။

"အဲဒီ သင်္ဘောပျက်ကြီး ဘယ်ရောက်နေတာလဲ"

ချောင်ယန်ဟွာ စိတ်ပူပင်နေမိသည်။

ဒီမေးခွန်းကို စဉ်းစားနေသူ နောက်တစ်ယောက်မှာ ယန်ကျန့် ဖြစ်သည်။ သို့သော် သူသည် လျှောက်သွားမနေဘဲ တာဟိုင်မြို့သို့ ပြန်ရောက်သည်နှင့် တစ္ဆေသင်္ဘောကို ရှာဖွေရန် ချက်ချင်း ကြိုးစားလိုက်သည်။

"သာမန်နည်းလမ်းနဲ့ တစ္ဆေသင်္ဘောကို ရှာတွေ့တဲ့အချိန်ကျရင် အရာအားလုံး နောက်ကျသွားလိမ့်မယ် ငါ သဘာဝလွန် နည်းလမ်းနဲ့ ရှာကြည့်မယ် အဆင်ပြေရင် ရှာတွေ့လောက်တယ် ဒါပေမယ့် အန္တရာယ်တော့ နည်းနည်း ရှိတယ်"

သူ ဟယ်ယွဲ့လျန် ထုန်ချန်နှင့် လျိုစန်း၏ စက္ကူရုပ်တို့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် အနီရောင် လှံရှည်ကို မြေကြီးပေါ် ထောက်လိုက်သည်။

တွန့်ဆုတ်မနေဘဲ ယန်ကျန့်သည် ဆုတောင်းပြည့်တစ္ဆေ၏ စွမ်းအားကို အသုံးပြုကာ ဆုတောင်းလိုက်သည်။

"တစ္ဆေသင်္ဘော အခု ဘယ်နေရာမှာ ရှိနေလဲဆိုတာ ငါ သိချင်တယ်"

ရိုးရှင်းသော မေးခွန်းတစ်ခုသာ ဖြစ်သည်။

ဒီဆုတောင်း ပြည့်မြောက်ဖို့ မခက်ခဲဘူးလို့ ထင်ရပေမယ့် ဒီဆုတောင်းက အလွန် ခက်ခဲကြောင်း ယန်ကျန့် နားလည်ထားသည်။ ဘာကြောင့်လဲဆိုတော့ တစ္ဆေသင်္ဘော အဆင့်ရှိသော သဘာဝလွန် အရာဝတ္ထုကို ကြိုတင်ဟောကိန်းထုတ်ရန်မှာ အလွန် ခက်ခဲသောကြောင့် ဖြစ်သည်။

ထင်သည့်အတိုင်းပင် ပါးစပ်ဟလိုက်သည်နှင့် အနီရောင် လှံရှည်ပေါ်မှ သွေးများသည် ယန်ကျန့်၏ ခန္ဓာကိုယ်ထဲသို့ ရူးသွပ်စွာ စီးဝင်လာသည်။ သူ၏ လက်ဖဝါး လက်မောင်းနှင့် တစ်ကိုယ်လုံး လျင်မြန်စွာ နီရဲသွားပြီး ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသည်။

ဒီတစ်ခေါက် ဆုတောင်းခြင်း၏ တန်ဖိုးသည် ယခင်က တစ္ဆေကို တိုက်ခိုက်စဉ်ကထက်ပင် ပိုမို ကြီးမားနေသည်။

ယန်ကျန့် မျက်မှောင်ကြုတ်လိုက်ပြီး ခန္ဓာကိုယ်ကို ပြန်လည်စတင်ကာ သဘာဝလွန် တိုက်စားမှုကို ဖယ်ရှားရန် ပြင်ဆင်လိုက်သည်။

သို့သော် ချက်ချင်းပင် ထူးဆန်းသော ကိစ္စတစ်ခု ဖြစ်ပျက်လာသည်။

ခန္ဓာကိုယ်ကို တိုက်စားနေသော ပျစ်ချွဲသည့် သွေးများသည် ပြန်လည် ဆုတ်ခွာသွားပြီး နီရဲနေသော ခန္ဓာကိုယ်သည် မူလအတိုင်း လျင်မြန်စွာ ပြန်ဖြစ်သွားသည်။ အရာအားလုံးသည် ယခင်အတိုင်း ပြန်ဖြစ်သွားပြီး စောစောက ဘာမှ မဖြစ်ခဲ့သလိုပင်။

"ဒါ ဘာဖြစ်တာလဲ"

ဘေးနားရှိ လျိုစန်း၏ စက္ကူရုပ်သည် ဇဝေဇဝါ ဖြစ်သွားသည်။

"သိသာပါတယ် ငါ့ဆုတောင်း မအောင်မြင်ဘူး တစ္ဆေသင်္ဘောရဲ့ တည်နေရာကို ရှာမရဘူး ဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူးဘူး"

ယန်ကျန့် မျက်နှာ မည်းမှောင်သွားသည်။

"တစ္ဆေသင်္ဘောရဲ့ သဘာဝလွန် စွမ်းအားက နှောင့်ယှက်လိုက်လို့ ဟောကိန်းထုတ်တာ မအောင်မြင်တာ ဖြစ်မယ် ဒါ ပုံမှန်ပဲ"

လျိုစန်း၏ စက္ကူရုပ်က ပြောလိုက်သည်။

ယန်ကျန့် ပြန်ပြောလိုက်သည်။

"သာမန် ဟောကိန်းထုတ်နည်းတွေက သဘာဝလွန် စွမ်းအား နှောင့်ယှက်ခံရရင် ပျက်စီးသွားတာ ပုံမှန်ပဲ ဒါပေမယ့် ငါ့ဟာက မတူဘူး ဒါက ထူးခြားတယ်"

ဆုတောင်းပြည့်တစ္ဆေ၏ စွမ်းအားသည် အလွန် ကြောက်မက်ဖွယ် ကောင်းသည်။ အထူးသဖြင့် တစ္ဆေဘီဒိုကို ထိန်းချုပ်ပြီးနောက် လူတစ်ယောက်၏ မည်သည့် ဆန္ဒကိုမဆို ဖြည့်ဆည်းပေးနိုင်သည်။ လက်ရှိ တစ္ဆေဆရာလောကတွင် ဆုတောင်းပြည့်တစ္ဆေနှင့် တစ္ဆေဘီဒို နှစ်ခုပေါင်းစပ်ထားသော စွမ်းအားကို အပြည့်အဝ တားဆီးနိုင်ရန်မှာ အလွန် ခက်ခဲသော ကိစ္စဖြစ်သည်။

"ဘာပဲဖြစ်ဖြစ် ဟောကိန်းထုတ်တာ မအောင်မြင်မှတော့ ငါတို့ စောင့်ဖို့ပဲ ရှိတော့တယ် ဌာနချုပ်က သတင်းပို့လာမယ့် အချိန်ကို စောင့်ရမယ်"

ထုန်ချန် ဝင်ပြောလိုက်သည်။

"ဒီတခါ ဘုရင်အဖွဲ့အစည်းနဲ့ တိုက်ခိုက်ဖို့ ဌာနချုပ်က ထောက်လှမ်းရေးတွေ အများကြီး ခေါ်ထားတယ် မြို့ကြီးတွေတင် မကဘူး မြို့နယ်တွေအထိ ထောက်လှမ်းရေးတွေ ရှိနေတယ်"

"တစ္ဆေသင်္ဘော ပြည်တွင်းမှာ ပေါ်လာရင် သေချာပေါက် ရှာတွေ့မှာပါ"

ယန်ကျန့် ပြောလိုက်သည်။

"သာမန်လူတွေ ရှာတွေ့တဲ့အချိန်ကျရင် နောက်ကျသွားပြီ"

"ဒါပေမယ့် ပိုကောင်းတဲ့ နည်းလမ်းမှ မရှိတာ မဟုတ်ဘူးလား"

ထုန်ချန် ပြောလိုက်သည်။

ယန်ကျန့် တိတ်ဆိတ်သွားသည်။

ပိုကောင်းသော နည်းလမ်း မရှိသည်မှာ အမှန်ပင်။ ဒီသင်္ဘောပျက်ကြီးက သူတို့ကို နှိပ်စက်နေတာ ကြာပြီ။ ဒီအရာကို မရှင်းလင်းနိုင်သရွေ့ နောက်ပိုင်း အိပ်ကောင်းခြင်းနဲ့ အိပ်ရမှာ မဟုတ်ဘူး။

သို့သော် ဆက်လက် စောင့်ဆိုင်းနေသော အချိန်အတွင်း တစ္ဆေသင်္ဘော ပေါ်လာသည့် သတင်း မကြားရပေ။

အရာအားလုံး ထူးဆန်းစွာ တည်ငြိမ်နေသည်။

လျိုစန်း၏ စက္ကူရုပ်က ခန့်မှန်းလိုက်သည်။ ဒီတခါ တစ္ဆေသင်္ဘောသည် ပြည်တွင်းတွင် မပေါ်လာဘဲ ပြည်ပတွင် သို့မဟုတ် ပင်လယ်ပြင်၏ လူမသိသော ထောင့်တစ်နေရာတွင် ပေါ်လာခြင်း ဖြစ်နိုင်သည်။

တစ္ဆေသင်္ဘောသည် တစ္ဆေဘတ်စ်ကား တိုက်ခံရပြီးနောက် ထိန်းချုပ်မှု လွတ်ကင်းနေပြီ ဖြစ်ရာ တစ္ဆေသင်္ဘောကို မောင်းနှင်နေသော တစ္ဆေသည်လည်း သတ်မှတ်ထားသော နေရာသို့ အတိအကျ မောင်းနှင်နိုင်မည် မဟုတ်ပေ။

စိုးရိမ်တကြီး စောင့်ဆိုင်းနေရင်း နာရီဝက်ခန့် ကုန်လွန်သွားခဲ့သည်။

တစ္ဆေသင်္ဘော သတင်း မကြားရသေးပေ။

သို့သော် ခန့်မှန်းချက်များအရ ယခုအချိန်တွင် တစ္ဆေသင်္ဘောသည် လက်တွေ့ကမ္ဘာမှ တဖန် ပျောက်ကွယ်သွားလောက်ပြီ ဖြစ်သည်။

"တကယ်လို့ တစ္ဆေသင်္ဘော အောင်မြင်စွာ ကမ်းကပ်ပြီး တစ္ဆေတွေ လွှတ်ထုတ်ခဲ့ရင် အခုအချိန်ဆို သတိထားမိလောက်ပြီ ငါတို့ စိုးရိမ်တာ ပိုနေပုံရတယ် ဒီတခါ ကမ်းကပ်တာ ပြည်တွင်းကို ရှောင်သွားတယ်နဲ့ တူတယ်"

လျိုစန်း၏ စက္ကူရုပ်က ပြောလိုက်သည်။

"ဆက်စောင့်ကြည့်ရအောင်"

ယန်ကျန့် တည်ငြိမ်စွာ ပြောလိုက်သည်။

သူတို့ အချိန်အနည်းငယ် ထပ်မံ ကုန်ဆုံးစေပြီး မိနစ် ၂၀ ခန့် ကြာသွားခဲ့သည်။

ရုတ်တရက် ဌာနချုပ်မှ အလွန် အရေးကြီးသော သတင်းတစ်ခု ရောက်ရှိလာသည်။

တစ္ဆေသင်္ဘော ပေါ်လာပြီ။

"နောက်ဆုံးတော့ ပေါ်လာပြီလား ဘယ်နေရာမှာလဲ"

ထုန်ချန် ချက်ချင်း မေးလိုက်သည်။

သူက ခေါင်းဆောင် မဟုတ်သဖြင့် ဒီလို အရေးကြီး သတင်းမျိုးက ခေါင်းဆောင်ဆီပဲ ရောက်လာတာပါ။

လျိုစန်း၏ စက္ကူရုပ်က ချက်ချင်း ပြန်ဖြေလိုက်သည်။

"တာဟိုင်မြို့ မဟုတ်ဘူး တာကျိုးမြို့မှာ"

"ချက်ချင်း သွားကြစို့"

ယန်ကျန့် စကားတစ်ခွန်းမျှ မဆိုတော့ဘဲ တစ္ဆေနယ်မြေကို ချက်ချင်း အသုံးပြုကာ လူအများကို ခေါ်ဆောင်ပြီး နေရာမှ ပျောက်ကွယ်သွားကာ တာကျိုးမြို့သို့ အမြန်ဆုံး သွားရောက်ခဲ့သည်။

ဘာလို့ ဒီမြို့ ဖြစ်နေရတာလဲ။

ယန်ကျန့်၏ စိတ်ထဲတွင် ပိုမို စိုးရိမ်ပူပန်လာမိသည်။ ဒီမြို့သည် ပြည်တွင်းတွင် သိပ်မထင်ရှားလှပေ။ သဘာဝလွန် ဖြစ်ရပ်ကြီးကြီးမားမားလည်း မဖြစ်ပွားဖူးပေ။ သို့သော် တာကျိုးမြို့ဆိုသော နေရာသည် ဘာကို ကိုယ်စားပြုသလဲ ဆိုတာ သူ နားလည်သည်။

ဒီမြို့က ပုံမှန်ပဲ ဘာပြဿနာမှ မရှိပါဘူး။

ဒါပေမယ့် ဒီမြို့ရဲ့ တည်နေရာက အလွန် အန္တရာယ်များတဲ့ သဘာဝလွန် နေရာတစ်ခုနဲ့ သွားပြီး ဆက်စပ်နေတယ်။

ရှေးဟောင်းအိမ်ကြီး…..

သမ္မတနိုင်ငံခေတ်က ထိပ်တန်း တစ္ဆေဆရာ တစ်ဦးကို မြှုပ်နှံထားတဲ့ ရှေးဟောင်းအိမ်ကြီး တစ်လုံး ရှိတယ်။

အရင်တုန်းက ယန်ကျန့် တစ္ဆေစာပို့တိုက်အတွက် စာသွားပို့တုန်းက အဲဒီ ရှေးဟောင်းအိမ်ကြီးထဲမှာ သေလုနီးပါး ဖြစ်ခဲ့ဖူးတယ်။ နောက်ဆုံးတော့ တော်တော်လေး ပေးဆပ်လိုက်ရပြီးမှ အဲဒီကနေ ထွက်ပြေး လွတ်မြောက်နိုင်ခဲ့တာ။

"တိုက်ဆိုင်မှုလား ဒါမှမဟုတ် တစ္ဆေသင်္ဘောကို တစ်စုံတစ်ခုက ဆွဲဆောင်ပြီး ဒီမြို့ကို ရောက်လာတာလား"

ယန်ကျန့် ကျိုးကြောင်းဆီလျော်သော အကြောင်းပြချက် တစ်ခုကို စဉ်းစား၍ မရပေ။

ဒါပေမယ့် လုပ်စရာ ရှိတာတော့ လုပ်ရမှာပါပဲ။

ဒီဘက်က လှုပ်ရှားလိုက်တာနဲ့ ဌာနချုပ်ဘက်ကလည်း တပြိုင်နက် လှုပ်ရှားလိုက်ကြတယ်။ ချောင်ယန်ဟွာက လေယာဉ်တစ်စင်း စေလွှတ်ပြီး အဖိုးကြီးချင်ကို ချိပ်ပိတ်ထားတဲ့ ရွှေရုပ်တုကြီးကို သယ်ဆောင်လာခိုင်းလိုက်တယ်။ အရေးကြီးတဲ့အချိန်ကျရင် ဒီရုပ်တုကြီးက အသုံးဝင်လာလိမ့်မယ်လို့ မျှော်လင့်ထားတယ်။

မကြာမီ ယန်ကျန့် တာကျိုးမြို့သို့ ရောက်ရှိလာခဲ့သည်။

မြို့၏ နေရာတစ်နေရာတွင် ပါးလွှာသော မြူခိုးဖြူများ နေရာအနှံ့ ပျံ့နှံ့နေသည်။ နေ့ခင်းကြောင်တောင် ဖြစ်သော်လည်း ပတ်ဝန်းကျင် အလင်းရောင်များ မှိန်ဖျော့သွားခဲ့သည်။ ဟောင်းနွမ်း ဆွေးမြေ့ပြီး အနည်းငယ် စောင်းနေသော သင်္ဘောကြီး တစ်စင်းသည် ပင်လယ်ပြင်မှ မြူခိုးများကြားတွင် ပေါ်လာသကဲ့သို့ လူအများ၏ မျက်စိရှေ့တွင် ပေါ်လာခဲ့သည်။

"နည်းနည်း နောက်ကျသွားတယ်"

လျိုစန်း၏ စက္ကူရုပ်က တစ္ဆေသင်္ဘောပေါ်မှ တစ္ဆေများ ပြုတ်ကျလာနေသည်ကို မြင်တွေ့လိုက်ရသည်။

"စကားများမနေနဲ့ လုပ်စရာ ရှိတာ လုပ်ကြစို့"

ယန်ကျန့် တွန့်ဆုတ်မနေဘဲ တစ္ဆေသင်္ဘော ရှိရာသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားခဲ့သည်။

All Chapters