← Chapters

အခန်း (၁၅၁၇-၁၅၁၈)

Vol. 115 Ch. 1517-1518

အခန်း (၁၅၁၇-၁၅၁၈)

Vol. 115 Ch. 1517-1518

အခန်း ၁၅၁၇ - တစ်ကိုယ်တော် တိုက်ပွဲ

"အခြေအနေက အရမ်း အန္တရာယ်များနေပြီ ယန်ကျန့် တစ်ယောက်တည်းနဲ့ ဒီလောက်များတဲ့ တစ္ဆေတွေကို ဘယ်လို ခံနိုင်ရည်ရှိမှာလဲ သူ့ကို သွားကူမှ ဖြစ်မယ်"

ထုန်ချန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ တစ္ဆေရေကန်ပေါ်တွင် မတ်တပ်ရပ်နေသော ကြောက်မက်ဖွယ် ကောင်းသည့် တစ္ဆေများကို တွေ့လိုက်ရသည်။ ထိုတစ္ဆေများသည် ရေထဲသို့ မနစ်မြုပ်နိုင်ဘဲ ယန်ကျန့်ကို ဝိုင်းရံထားကြသည်။ အချိန်ကြာလာသည်နှင့်အမျှ တစ္ဆေအရေအတွက်သည် ပိုမို များပြားလာသည်။

ယန်ကျန့်၏ သဘာဝလွန် စွမ်းအားသည် အလွန် ကြီးမားပြီး ပြန်လည်စတင်ခြင်း လုပ်နိုင်စွမ်း ရှိသော်လည်း ဤမျှ များပြားသော တစ္ဆေများကို ရင်ဆိုင်ရာတွင် အားမတန် မာန်လျှော့ရမည့် အခြေအနေ ဖြစ်လာနိုင်သည်။ ဤတစ္ဆေများသည် အဆင့်မြင့် တစ္ဆေများ ဖြစ်ကြသည် မဟုတ်ပါလော။

ဘေးနားရှိ ဟယ်ယွဲ့လျန်နှင့် လျိုစန်း၏ စက္ကူရုပ်သည်လည်း အခြေအနေ မကောင်းကြောင်း ခံစားမိကြသည်။

ဤတစ္ဆေသင်္ဘောသည် ယန်ကျန့်ကို အထူး ပစ်မှတ်ထားနေသကဲ့သို့ ဖြစ်နေသည်။ ယန်ကျန့် အနားကပ်သွားသည်နှင့် တစ္ဆေများသည် ဆက်တိုက် ပြုတ်ကျလာပြီး ၎င်းတို့အားလုံးသည် တစ္ဆေရေကန်ထဲသို့ မနစ်မြုပ်နိုင်သော အစွမ်းထက် တစ္ဆေများ ဖြစ်ကြသည်။

"ယန်ကျန့် ပြောထားတယ် ငါတို့ကို ဝင်မပါနဲ့တဲ့ အခု ဝင်ပါလိုက်ရင် အစီအစဉ်တွေ အကုန် ပျက်စီးကုန်လိမ့်မယ် ပြီးတော့ ယန်ကျန့် စကားမပြောနိုင်တာ မဟုတ်ဘူး သူ အကူအညီ မတောင်းသေးဘူး ဆိုကတည်းက အခြေအနေကို ထိန်းချုပ်နိုင်သေးတယ် ဆိုတဲ့ သဘောပဲ"

ဟယ်ယွဲ့လျန် တည်ငြိမ်စွာ ပြောဆိုလိုက်သည်။ သူမ ဝင်ကူညီရန် စိတ်ကူးမရှိပေ။

လျိုစန်း၏ စက္ကူရုပ်ကလည်း ထောက်ခံလိုက်သည်။

"သူပြောတာ မှန်တယ် အခု ငါတို့ စိတ်လှုပ်ရှားပြီး အစီအစဉ် ပျက်အောင် မလုပ်သင့်ဘူး ယန်ကျန့် ဖြေရှင်းနေတုန်းပဲ ငါတို့ ကြည့်နေရုံနဲ့ လုံလောက်တယ် အစီအစဉ်အတိုင်း သွားကြတာပေါ့ တကယ်တော့ ထုန်ချန် မင်းလည်း သိပါတယ် ယန်ကျန့်က တစ်ယောက်တည်း တိုက်မယ်လို့ ဆုံးဖြတ်လိုက်ကတည်းက ဒီမှာ အသေခံဖို့ ပြင်ဆင်ပြီးသားပဲ ဒါက ရက်စက်ပေမယ့် သူ့ရွေးချယ်မှုပဲလေ"

ထုန်ချန် တိတ်ဆိတ်သွားသည်။

တစ္ဆေသင်္ဘောကို ရင်ဆိုင်ခြင်းသည် ကြီးမားသော တန်ဖိုး ပေးဆပ်ရမည်ကို သူ သိသည်။ သို့သော် လက်ရှိတွင် လူအင်အား မရှိသဖြင့် ယန်ကျန့် တစ်ယောက်တည်းသာ ရင်ဆိုင်နေရခြင်း ဖြစ်သည်။

ဟယ်ယွဲ့လျန် ဝင်ကူလျှင်လည်း အကျိုးသက်ရောက်မှု သိပ်ရှိမည် မဟုတ်ပေ။ သူမသည် တစ္ဆေပန်းချီကား ကမ္ဘာကို ထိန်းသိမ်းထားရဦးမည်။ တစ္ဆေပန်းချီကား ကမ္ဘာထဲတွင် မြို့တစ်မြို့စာ လူဦးရေ ရှိနေသည် မဟုတ်ပါလော။ သူမ တစ္ဆေ၏ ပစ်မှတ်ထားခြင်း ခံရပါက တစ္ဆေပန်းချီကား ကမ္ဘာတွင် ပြဿနာ တက်လာနိုင်သည်။

ထိုအခါ နောက်ထပ် ကပ်ဘေးကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် ယန်ကျန့်၏ အစီအစဉ်တွင် ဟယ်ယွဲ့လျန်ကို ထည့်သွင်းမထားခြင်း ဖြစ်သည်။

"အခြေအနေက မျှော်လင့်ချက် မဲ့နေတဲ့ အဆင့်ထိ မရောက်သေးပါဘူး တာဟိုင်မြို့ဘက်က သတင်းကောင်း တစ်ခု ရထားတယ် ရဲကျန့် ပြန်ရောက်လာပြီ အခုလောက်ဆို တာကျိုးမြို့ဘက်ကို လာနေလောက်ပြီ ဒါပေမယ့် သူ့ရဲ့ တစ္ဆေနယ်မြေ အကွာအဝေးက သိပ်မကျယ်ဘူး ရောက်လာဖို့ အချိန် နည်းနည်း လိုလိမ့်မယ်"

လျိုစန်း၏ စက္ကူရုပ်က ပြောလိုက်သည်။

"သဘာဝလွန် တိုက်ပွဲဆိုတာ တစ်မိနစ်အတွင်း အကြိမ်ပေါင်းများစွာ သေနိုင်တယ် ရဲကျန့် အချိန်မီ ရောက်လာရင်တောင် ယန်ကျန့်အတွက် အန္တရာယ် ရှိနေတုန်းပဲ"

ထုန်ချန် ပြောလိုက်သည်။

သူတို့ ဆွေးနွေးနေကြစဉ် ယန်ကျန့်သည် ထိုကြောက်မက်ဖွယ် တစ္ဆေများနှင့် စတင် တိုက်ခိုက်နေပြီ ဖြစ်သည်။

"ကြည့်ရတာ ငါ တစ္ဆေတချို့ရဲ့ သတ်ဖြတ်ခြင်း စည်းမျဉ်းကို ချိုးဖောက်မိပြီး ပစ်မှတ်ထားခံလိုက်ရပြီနဲ့ တူတယ်"

ယန်ကျန့်၏ မျက်နှာထား လေးနက်သွားသည်။ ကြောက်မက်ဖွယ် တစ္ဆေအချို့ သူ့ဘက်သို့ ဦးတည်လာနေသည်ကို တွေ့လိုက်ရသည်။

သို့သော် တစ္ဆေအများစုသည် တစ္ဆေရေကန်ပေါ်တွင် ငြိမ်သက်စွာ ရပ်နေကြဆဲ ဖြစ်သည်။

ဆိုလိုသည်မှာ ထိုတစ္ဆေများသည် ယန်ကျန့်ကို ပစ်မှတ်မထားသေးပေ။

"တွန့်ဆုတ်နေလို့ မဖြစ်ဘူး တစ္ဆေတွေ ငါ့ကို မတိုက်ခိုက်ခင် တတ်နိုင်သမျှ များများ ရှင်းလင်းပစ်ရမယ် ဒါမှ ပတ်ဝန်းကျင် အန္တရာယ် လျော့နည်းသွားမှာ"

ယန်ကျန့် ပြတ်သားစွာ ဆုံးဖြတ်လိုက်သည်။ တစ္ဆေမျက်လုံးကို ဖွင့်လိုက်ပြီး တစ္ဆေနယ်မြေကို အသုံးပြုကာ သူ့အနီးဆုံးရှိ တစ္ဆေတစ်ကောင်ကို သွားရောက် တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

ထိုတစ္ဆေသည် လှုပ်ရှားမှု မရှိသေးသဖြင့် ယန်ကျန့်အတွက် အခွင့်ကောင်း တစ်ခု ဖြစ်သည်။

သို့သော် တစ္ဆေနယ်မြေ ဖြန့်ကျက်လိုက်သည်နှင့် သူ၏ အမြင်အာရုံထဲရှိ သွေးရောင်လွှမ်းသော ကမ္ဘာကြီးသည် တွန့်လိမ်သွားသည်။ မီးခိုးရောင် အရာဝတ္ထုများ ဘယ်က ရောက်လာမှန်းမသိ ပျံဝဲလာပြီး တစ္ဆေမျက်လုံး၏ အမြင်အာရုံကို ဖုံးကွယ်လိုက်သည်။ ထိုမီးခိုးရောင် ဧရိယာ၏ အလယ်ဗဟိုတွင် ထူးဆန်းသော ပုံရိပ်တစ်ခုကို ဝါးတားတား မြင်လိုက်ရသည်။

အချိန်ကြာလာသည်နှင့်အမျှ မီးခိုးရောင် ဧရိယာသည် ယန်ကျန့်၏ မျက်လုံးများကို ဖုံးလွှမ်းသွားပြီး အမြင်အာရုံများ မှောင်မိုက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သို့သော် လက်တွေ့ကမ္ဘာတွင် ယန်ကျန့်၏ ဘေးပတ်လည်၌ ဘာမှ မရှိပေ။ မီးခိုးရောင် ထူးဆန်းသော အရာဝတ္ထုများလည်း မရှိပေ။

သိသာသည်မှာ ဤသဘာဝလွန် အရာသည် လက်တွေ့တွင် မရှိဘဲ စိတ်အာရုံကို တိုက်ခိုက်ခြင်း ဖြစ်သည်။ ယခုမှ ရုတ်တရက် တိုက်ခိုက်လာခြင်း မဟုတ်ဘဲ ယခင်ကတည်းက ရှိနေသော်လည်း ယန်ကျန့် သတိမထားမိခဲ့ခြင်း ဖြစ်သည်။

"ဒါက အသိစိတ်ကို တိုက်ခိုက်တဲ့ သဘာဝလွန် စွမ်းအားပဲ"

ယန်ကျန့် သတိထားမိလိုက်သည်။ မီးခိုးရောင် ကမ္ဘာကြီး လွှမ်းခြုံလာသည်နှင့် မျက်ခွံများ လေးလံလာပြီး အသိစိတ်များ ဝေဝါးသွားကာ အိပ်ပျော်သွားချင်စိတ်များ ဖြစ်ပေါ်လာသည်။

သို့သော် နောက်တစ်ခဏတွင်

ဦးနှောက်ထဲမှ ခွေးဟောင်သံ တစ်သံ ထွက်ပေါ်လာပြီး ယန်ကျန့်၏ စိတ်ကို ပြန်လည် ကြည်လင်သွားစေသည်။ လေးလံနေသော မျက်ခွံများ ပြန်ပွင့်လာသည်။

ယန်ကျန့်၏ အသိစိတ်ကို ကာကွယ်ပေးထားသော တစ္ဆေခွေးကြီးသည် အခြား သဘာဝလွန် စွမ်းအား ဝင်ရောက်လာသည်ကို သတိထားမိပြီး တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

သတိပြန်ဝင်လာသော ယန်ကျန့်သည် ဒီတိုက်ခိုက်မှုကို ဂရုမစိုက်တော့ပေ။ အဘယ်ကြောင့်ဆိုသော် အသိစိတ် တိုက်ခိုက်မှုအပိုင်းတွင် သူ့ဦးနှောက်ထဲရှိ တစ္ဆေခွေးကြီးကို ယှဉ်နိုင်သော တစ္ဆေ မရှိဟု သူ ယုံကြည်သောကြောင့် ဖြစ်သည်။

ချက်ချင်းပင် သူသည် အနီရောင် လှံရှည်ကို ကိုင်ဆောင်ကာ မလှုပ်မယှက် ရပ်နေသော တစ္ဆေအနားသို့ အမြန် ပြေးသွားပြီး ထင်းခုတ်ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။

တိုက်ခိုက်မှု အောင်မြင်သွားသည်။

ထိုတစ္ဆေသည် ဘာမှ မတုံ့ပြန်ရသေးခင် ယန်ကျန့်၏ ထင်းခုတ်ဓားဖြင့် နှစ်ပိုင်းပြတ်သွားသည်။

တစ္ဆေ ခုတ်ပိုင်းခံလိုက်ရသည်နှင့် ကြောက်မက်ဖွယ် အဆင့် လျော့ကျသွားသည်။

တစ္ဆေရေကန်၏ စွမ်းအား သက်ရောက်လာပြီး နှစ်ပိုင်းပြတ်နေသော တစ္ဆေသည် ရေထဲသို့ လျင်မြန်စွာ နစ်မြုပ်သွားကာ မျက်စိရှေ့မှ ပျောက်ကွယ်သွားသည်။

သို့သော် ယန်ကျန့် အသက်ရှူချိန် မရလိုက်ပေ။

ရုတ်တရက် အေးစက်သော လေတစ်ချက် တိုက်ခတ်လာပြီး လူပုံစံ အဝတ်အစား တစ်ထည် လေထဲတွင် ပျံဝဲလာသည်။ ထိုအဝတ်အစားသည် ဟောင်းနွမ်းပြီး စုတ်ပြဲနေကာ မကောင်းဆိုးဝါး အငွေ့အသက်များ ထွက်ပေါ်နေသည်။ တမင်သက်သက်လား တိုက်ဆိုင်မှုလား မသိပေမယ့် ထိုအဝတ်အစားသည် ယန်ကျန့်၏ ကိုယ်ပေါ်သို့ တန်းတန်းမတ်မတ် ကျရောက်လာသည်။

ထို့နောက် ဟောင်းနွမ်းသော အဝတ်အစားသည် အသက်ရှိသကဲ့သို့ ယန်ကျန့်၏ ကိုယ်ပေါ်တွင် ရစ်ပတ်လိုက်သည်။

ယန်ကျန့်၏ ခန္ဓာကိုယ် တစ်ခုလုံး ချုပ်နှောင်ခံလိုက်ရသလို ခံစားလိုက်ရသည်။ ထိုအဝတ်အစားသည် ကြိုးတစ်ချောင်းကဲ့သို့ ပိုမို တင်းကျပ်လာပြီး သူ့ကို ရစ်ပတ်ထားသည်။

တကယ်တမ်းတွင် ထိုအဝတ်အစားသည် ယန်ကျန့်၏ ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်း စိမ့်ဝင်နေခြင်း ဖြစ်သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် အိုမင်းရင့်ရော်သော အရေပြား တစ်လွှာ ဖုံးအုပ်လာသကဲ့သို့ ဖြစ်နေပြီး ကြည့်ရသည်မှာ အလွန် ကြောက်စရာ ကောင်းသည်။ ထိုအရေပြား ဖုံးအုပ်သွားသော နေရာများသည် ထိန်းချုပ်မှု လွတ်ကင်းသွားပြီး လှုပ်ရှား၍ မရတော့ပေ။

ဒီသဘာဝလွန် စွမ်းအားသာ ခန္ဓာကိုယ် တစ်ခုလုံးကို လွှမ်းခြုံသွားပါက ယန်ကျန့်သည် တစ္ဆေရုပ်သေး တစ်ရုပ် ဖြစ်သွားပေလိမ့်မည်။

သို့သော် ယခုအချိန်တွင် ယန်ကျန့် ရင်ဆိုင်နေရသည်မှာ ဒီတစ္ဆေတစ်ခုတည်း မဟုတ်ပေ။ အခြား တစ္ဆေများလည်း တဖြည်းဖြည်း နီးကပ်လာနေသည်။ ထို့ကြောင့် သူသည် တစ္ဆေတစ်ကောင်တည်းအပေါ် အချိန်အကြာကြီး ဖြုန်းနေ၍ မဖြစ်ပေ။ အမြန်ဆုံး ဆုံးဖြတ်ချက် ချရမည်။

"ပြန်စ"

ယန်ကျန့် တွန့်ဆုတ်မနေဘဲ စက္ကန့်ပိုင်းအတွင်း ပြန်လည်စတင်ခြင်း လုပ်လိုက်သည်။

ပြန်လည်စတင်ခြင်း လုပ်ပြီးနောက် သူ့ခန္ဓာကိုယ်သည် တစ္ဆေ၏ ချုပ်နှောင်မှုမှ လွတ်မြောက်သွားသည်။ တချိန်တည်းမှာပင် သူသည် အနီရောင် ကတ်ကြေးတစ်လက်ကို ထုတ်ယူလိုက်သည်။ တစ္ဆေကတ်ကြေးကို ကိုင်လိုက်သည်နှင့် သူ့ရှေ့တွင် ဝါးတားတား ကြိုးမျှင်အချို့ ပေါ်လာသည်။ ထိုကြိုးမျှင်များသည် တစ်ဖက်က သူ့ဆီ ဆက်သွယ်ထားပြီး ကျန်တစ်ဖက်က တစ္ဆေဆီ ဆက်သွယ်ထားသည်။

ယန်ကျန့်သည် တစ္ဆေကတ်ကြေးဖြင့် ထိုကြိုးမျှင်များကို ဖြတ်တောက်လိုက်သည်။

ကြိုးမျှင်များကို ဖြတ်တောက်လိုက်ခြင်းသည် တစ္ဆေ၏ သတ်ဖြတ်ခြင်း စည်းမျဉ်းကို ဖြတ်တောက်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။

ချက်ချင်းပင် လှုပ်ရှားနေသော တစ္ဆေများအားလုံး ရပ်တန့်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် တစ္ဆေများ ပစ်မှတ်ပျောက်ဆုံးသွားသောကြောင့် ဖြစ်သည်။ ယန်ကျန့် သတ်ဖြတ်ခြင်း စည်းမျဉ်းကို ထပ်မံ မချိုးဖောက်သရွေ့ ဒီတစ္ဆေများသည် သူ့ကို တိုက်ခိုက်တော့မည် မဟုတ်ပေ။

ဒီလုံခြုံသော အချိန်ကာလလေး အတွင်း ယန်ကျန့် အမြန်ဆုံး လှုပ်ရှားရမည်။

ထင်းခုတ်ဓား ထပ်မံ ဝဲပျံသွားသည်။

ရှေ့မှ ဟောင်းနွမ်းသော အဝတ်အစားသည် အပိုင်းပိုင်း ပြတ်ထွက်သွားသည်။ စုတ်ပြဲသွားသော အဝတ်အစား အပိုင်းအစများသည် လူသတ်နိုင်စွမ်း မရှိတော့ပေ။ ရေပေါ်တွင် ပေါလောပေါ်နေပြီး အေးစက်သော ရေများက မျိုချလိုက်သဖြင့် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

တစ္ဆေတစ်ကောင်ကို ထပ်မံ ရှင်းလင်းပြီးနောက် ယန်ကျန့် အခြားတစ်ဖက်သို့ ပြေးထွက်သွားသည်။

သူ့အနီးနားတွင် တစ္ဆေတစ်ကောင် ရပ်နေသည်။ စောစောက ဒီတစ္ဆေသည် ယန်ကျန့်ကို တိုက်ခိုက်ရန် ပြင်ဆင်နေသော်လည်း တစ္ဆေကတ်ကြေးဖြင့် ကျိန်စာ ကြိုးမျှင်များကို ဖြတ်တောက်လိုက်သဖြင့် ရပ်တန့်နေခြင်း ဖြစ်သည်။

ဒီအခွင့်အရေးကို အသုံးချပြီး ယန်ကျန့် အနားကပ်သွားကာ ထင်းခုတ်ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။

တစ္ဆေသည် အပိုင်းပိုင်း ပြတ်ထွက်သွားသည်။

"ဒီလောက် အဆင့်မြင့်တဲ့ တစ္ဆေတွေ ဝိုင်းရံနေတာတောင် ယန်ကျန့်က ပြန်လည် တိုက်ခိုက်နိုင်နေတယ်"

အဝေးမှ ကြည့်နေသော ထုန်ချန် အံ့သြမှင်သက်သွားသည်။

စောစောက အခြေအနေမျိုးသာ သူ့အလှည့်ဆိုလျှင် တစ္ဆေနိုးထမှုကြောင့် သေဆုံးနေလောက်ပြီ ဖြစ်သည်။ သို့သော် ယန်ကျန့်သည် အန္တရာယ်ကို လွယ်ကူစွာ ဖြေရှင်းနိုင်ခဲ့သည်။

ပြန်လည်စတင်ခြင်း လုပ်သည့် အချိန်ကိုက်မှု၊ တစ္ဆေကတ်ကြေး အသုံးပြုမှုနှင့် ထင်းခုတ်ဓားဖြင့် ခုတ်ပိုင်းမှု အားလုံးသည် ပြီးပြည့်စုံနေသည်။

ရလဒ်အနေဖြင့် ပတ်ဝန်းကျင်ရှိ တစ္ဆေအရေအတွက်သည် သိသိသာသာ လျော့နည်းလာသည်။

"သူ့ရဲ့ တိုက်ခိုက်ရေး အတွေ့အကြုံက အရမ်း ကြွယ်ဝတယ် ကိုယ်ပိုင် သဘာဝလွန် စွမ်းအားတွေကို အသုံးပြုတာလည်း အရမ်း ကျွမ်းကျင်တယ် ဝမ်းနည်းစရာ တစ်ခုက သူ တစ်ယောက်တည်း ဖြစ်နေတာပဲ ယန်ကျန့်လို လူမျိုး နောက်ထပ် နှစ်ယောက် သုံးယောက်လောက် ရှိရင် တစ္ဆေသင်္ဘောကို တားဆီးနိုင်လောက်တယ်"

ဟယ်ယွဲ့လျန်လည်း စောင့်ကြည့်နေပြီး သူမနှင့် ယန်ကျန့်ကြား ကွာခြားချက်ကို သတိထားမိလိုက်သည်။

သဘာဝလွန် စွမ်းအား ကြီးမားမှု သက်သက် မဟုတ်ဘဲ အခြေအနေအမျိုးမျိုးကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း ကွာခြားချက် ဖြစ်သည်။

"မတွေးပါနဲ့ ဒါ မဖြစ်နိုင်ဘူး ရိုးရှင်းတဲ့ တိုက်ခိုက်မှုလို့ ထင်ရပေမယ့် ထိပ်တန်း သဘာဝလွန် စွမ်းအားတွေ ပေါင်းစပ်ထားတာ အဆင့် S တစ္ဆေရေကန်၊ ဆုတောင်းနိုင်ပြီး တစ္ဆေကို ခုတ်ပိုင်းနိုင်တဲ့ လက်နက်၊ ပြီးတော့ ဖြေရှင်းလို့ မရနိုင်တဲ့ ပြန်လည်စတင်ခြင်း စွမ်းအား... ဒီစွမ်းအားတွေထဲက တစ်ခုလောက် ပိုင်ဆိုင်ထားရင်ကို ခေါင်းဆောင်အဆင့် ဖြစ်နေပြီ ယန်ကျန့်က အကုန် ပိုင်ဆိုင်ထားတာ"

လျိုစန်း၏ စက္ကူရုပ်က ခေါင်းခါလိုက်သည်။

ဒီစွမ်းအားတွေထဲက တစ်ခုခု လျော့နည်းနေရင်တောင် အခုချိန်မှာ ကြီးမားတဲ့ အန္တရာယ် ကြုံတွေ့နေရမှာ သေချာတယ်။

"ယန်ကျန့်ကို အင်အားကုန်ခမ်းအောင် လုပ်နိုင်မှ ဒါမှမဟုတ် ပြန်လည်စတင်ခြင်း စွမ်းအားကို ပိတ်ဆို့နိုင်တဲ့ တစ္ဆေ ပေါ်လာမှသာ ယန်ကျန့်ကို သတ်နိုင်လိမ့်မယ် မဟုတ်ရင် ဒီတစ္ဆေတွေက ယန်ကျန့်ကို သတ်နိုင်မှာ မဟုတ်ဘူး"

လျိုစန်း၏ စက္ကူရုပ် တွက်ချက်လိုက်သည်။

ယန်ကျန့် အကြိမ်ကြိမ် အန္တရာယ် ကြုံတွေ့ရသော်လည်း မျက်တောင်တစ်ခတ်အတွင်း လွတ်မြောက်သွားပြီး ပြန်လည် တိုက်ခိုက်နိုင်သည်ကို သူ တွေ့မြင်နေရသည်။

ပြီးတော့ ထင်းခုတ်ဓားနဲ့ ပေါင်းစပ်လိုက်တော့ ဘယ်လောက်ကြမ်းတဲ့ တစ္ဆေဖြစ်ဖြစ် ခုတ်ပိုင်းခံရတာနဲ့ အဆင့်နိမ့်သွားပြီး တစ္ဆေရေကန်ထဲ ရောက်သွားတာပဲ။ ထိန်းချုပ်မှု လွတ်ကင်းမယ့် အန္တရာယ်လည်း မရှိဘူး။

ပြန်လည်စတင်ခြင်း စွမ်းအားက တကယ်ကို ဖြေရှင်းရခက်တဲ့ စွမ်းအားပဲ။

ပုံမှန်ဆိုရင် ဒီလို စွမ်းအားမျိုးကို တစ်နေ့ တစ်ကြိမ် နှစ်ကြိမ်လောက်ပဲ သုံးနိုင်တာ။ ပိုသုံးရင် တစ္ဆေနိုးထလာပြီး သေသွားတတ်တယ်။

ဒါပေမယ့် ယန်ကျန့်ကတော့ အခုလေးတင် ၄ ကြိမ် ၅ ကြိမ်လောက် သုံးလိုက်တာတောင် ဘာမှ မဖြစ်သေးဘူး။

အခု လျိုစန်း ယန်ကျန့်ရဲ့ စကားကို ယုံကြည်သွားပြီ။

သူ့ကို ယှဉ်နိုင်တဲ့လူ ရှိကောင်း ရှိနိုင်ပေမယ့် သူ့ကို အချိန်ကြာကြာ တောင့်ခံနိုင်တဲ့လူ တစ်ယောက်မှ မရှိဘူး ဆိုတာပါပဲ။

"ဒီအတိုင်း ဆက်သွားရင် ဒီတခါ နိုင်လောက်တယ်"

လျိုစန်း၏ စက္ကူရုပ် ဆက်လက် စောင့်ကြည့်နေသည်။

အခြေအနေ ကောင်းမွန်လာပုံရသည်။

ခဏလေးအတွင်း တစ္ဆေ ၁၀ ကောင်နီးပါး ရှင်းလင်းခံလိုက်ရပြီ။ စိုးရိမ်စရာ တစ်ခုကတော့ တစ္ဆေသင်္ဘောပေါ်ကနေ တစ္ဆေတွေ ဆက်တိုက် ပြုတ်ကျနေတုန်းပါပဲ။ ဒါပေမယ့် အရင်ကလောက် မမြန်တော့ပါဘူး။

နည်းနည်းလောက် ဆက်တောင့်ခံထားနိုင်ရင် ယန်ကျန့် ရှင်းလင်းတဲ့ နှုန်းက တစ္ဆေ ပြုတ်ကျတဲ့ နှုန်းထက် ပိုမြန်လာလိမ့်မယ်။

အခု တစ်ခုတည်းသော စိုးရိမ်စရာက တစ္ဆေသင်္ဘောကို ထိန်းချုပ်နေတဲ့ အကောင်ပါပဲ။

အခန်း ၁၅၁၈ - သင်္ဘောသားဘုရင် တစ်ကျော့ပြန်ခြင်း

ယန်ကျန့်သည် ယခင်က တစ္ဆေသင်္ဘောပေါ်တွင် တစ္ဆေများ၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံခဲ့ရဖူးသဖြင့် ဒီတစ်ကြိမ် လှုပ်ရှားမှုတွင် အနည်းငယ် ယုံကြည်မှု ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် ယခင်က တစ္ဆေသင်္ဘောပေါ်တွင် တစ္ဆေရေကန်၏ စွမ်းအားကို အသုံးပြု၍ မရနိုင်ခဲ့သဖြင့် ခုတ်ပိုင်းထားသော တစ္ဆေများသည် ပြန်လည် နိုးထလာကြပြီး အရေအတွက် မလျော့သွားဘဲ အားကုန်ခမ်းသည်အထိ တိုက်ခိုက်ခဲ့ရသောကြောင့် ဖြစ်သည်။

သို့သော် ဒီတစ်ကြိမ်တွင် မတူတော့ပေ။

သူသည် တစ္ဆေရေကန်၏ စွမ်းအားကို အသုံးပြုပြီး အဆင့်နိမ့် တစ္ဆေများကို စစ်ထုတ်နိုင်ခဲ့သည်။ တစ္ဆေအရေအတွက်ကို များစွာ လျှော့ချနိုင်ခဲ့သည်။ ထို့အပြင် ခုတ်ပိုင်းထားသော တစ္ဆေများသည်လည်း တစ္ဆေရေကန်ထဲသို့ နစ်မြုပ်သွားပြီး ပြန်လည် ဒုက္ခပေးနိုင်ခြင်း မရှိတော့ပေ။

ထို့ကြောင့် ယန်ကျန့် ယုံကြည်ထားသည်မှာ သူသာ တစ္ဆေများ၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိပြီး ပြန်လည်စတင်ခြင်း စွမ်းအားကို အသုံးပြုနိုင်လျှင် တစ္ဆေသင်္ဘောနှင့် အချိန်အကြာကြီး တိုက်ခိုက်နိုင်မည် ဖြစ်သည်။

ပိုပြီး စိတ်ချရစေရန်အတွက် သူသည် သဘာဝလွန် နာရီကြီးကိုပါ အသုံးပြုထားသည်။ ပြန်လည်စတင်မည့် အချိန်မှတ်တိုင်များ တစ္ဆေစွမ်းအားဖြင့် ပြည့်နှက်သွားမည့် အခြေအနေဆိုးကို ကာကွယ်ရန် ဖြစ်သည်။

သို့သော် ယုံကြည်မှု ရှိသည် ဆိုသော်လည်း ယန်ကျန့် အနေဖြင့် အန္တရာယ် ကြီးမားနေဆဲ ဖြစ်သည်။

သူ၏ အားကိုးရာ အားလုံးသည် တစ္ဆေမျက်လုံး၏ ပြန်လည်စတင်ခြင်း စွမ်းအားအပေါ်တွင် မူတည်နေသည်။

ပြန်လည်စတင်ခြင်း စွမ်းအား ပြဿနာ တက်သွားပါက ယန်ကျန့်သည် ချက်ချင်း အန္တရာယ် ကျရောက်နိုင်ပြီး သေဆုံးသွားနိုင်သည်။

ပတ်ဝန်းကျင်ရှိ တစ္ဆေများ၏ စွမ်းအားများသည် ကွဲပြားကြသည်။ အချို့က ယန်ကျန့်၏ အသိစိတ်ကို တိုက်ခိုက်ကြသည်။ ကံကောင်းထောက်မစွာ တစ္ဆေခွေးကြီးက ကာကွယ်ပေးခဲ့သည်။ အချို့က ယန်ကျန့်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ရန် ကြိုးစားကြသည်။ သို့သော် ပြန်လည်စတင်ခြင်း စွမ်းအားဖြင့် ဖယ်ရှားနိုင်ခဲ့သည်။ အချို့က ကြောက်မက်ဖွယ် ကျိန်စာများ တိုက်ခိုက်ကြသည်။ သို့သော် တစ္ဆေကတ်ကြေးဖြင့် ဖြတ်တောက်နိုင်ခဲ့သည်။

တိုက်ခိုက်မှုတိုင်းသည် သေစေနိုင်လောက်အောင် ပြင်းထန်သော်လည်း ယန်ကျန့်က ဖြေရှင်းနိုင်ခဲ့သည်။

အနီရောင် လှံရှည်ပေါ်ရှိ ထင်းခုတ်ဓားသည်လည်း ယန်ကျန့်ကို စိတ်ပျက်စေခြင်း မရှိပေ။ ခုတ်ပိုင်းလိုက်သော တစ္ဆေတိုင်း အပိုင်းပိုင်း ပြတ်ထွက်သွားကြသည်။ ယခုအချိန်ထိ ထင်းခုတ်ဓား၏ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသော တစ္ဆေ မရှိသေးပေ။ တကယ်လို့ ခံနိုင်ရည်ရှိသော တစ္ဆေ ပေါ်လာလျှင် ယန်ကျန့်သည် အလောင်းကောင် သံချောင်းကို ချက်ချင်း ပြောင်းလဲအသုံးပြုပြီး ရိုက်နှက်ကွပ်မျက်လိုက်မည် ဖြစ်သည်။

စွမ်းအားကြီးသော သဘာဝလွန် လက်နက်များနှင့် ကိုယ်ပိုင် စွမ်းအား ပေါင်းစပ်လိုက်သဖြင့် ယန်ကျန့် တစ်ယောက်တည်း ယခုအချိန်ထိ တောင့်ခံနိုင်ခဲ့ခြင်း ဖြစ်သည်။

"တစ္ဆေအရေအတွက်က တိုးလာနေတုန်းပါလား"

ယန်ကျန့် တစ္ဆေတစ်ကောင်ကို ခုတ်ပိုင်းပြီးနောက် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။

တစ္ဆေသင်္ဘောပေါ်မှ တစ္ဆေများ ဆက်လက် ပြုတ်ကျလာနေသည်ကို တွေ့လိုက်ရသည်။ အရေအတွက် လျော့နည်းသွားသော်လည်း တစ္ဆေအရေအတွက် တိုးလာနေခြင်းက တစ္ဆေသင်္ဘော၏ ဒုတိယအကျော့ တိုက်ခိုက်မှု မပြီးဆုံးသေးကြောင်း ပြသနေသည်။

"မတတ်နိုင်ဘူး ဆက်တိုက်နေရမှာပါပဲ အခု ငါ သတိထားရမှာက တစ္ဆေတွေကို ဘယ်အစီအစဉ်နဲ့ တိုက်ခိုက်မလဲ ဆိုတာပါပဲ ငါ့ကို ပစ်မှတ်ထားတဲ့ တစ္ဆေတွေကို အရင် ရှင်းလင်းရမယ် အဲဒီကောင်တွေက အန္တရာယ် အများဆုံးပဲ ငါ ဘာမှ မလုပ်ရသေးဘဲ ငါ့ကို လာတိုက်ခိုက်နေကြတာ ဒီလိုကောင်တွေသာ လွတ်ထွက်သွားရင် လူဘယ်နှယောက် သေဦးမလဲ မသိဘူး ထိန်းချုပ်မှု လွတ်ကင်းသွားရင် နောက်ထပ် ငတ်မွတ်နေသော တစ္ဆေကြီး အဖြစ်အပျက်မျိုး ထပ်ဖြစ်လာနိုင်တယ်"

ယန်ကျန့်သည် သူ့ကို ပစ်မှတ်ထားသော တစ္ဆေများကို ဦးစားပေး ရှင်းလင်းရန် ဆုံးဖြတ်လိုက်သည်။

တကယ်လို့ သူ့ကို တိုက်ခိုက်လာတဲ့ တစ္ဆေအရေအတွက် အရမ်း များလာရင် သူ ဘာမှ တွန့်ဆုတ်မနေဘဲ တစ္ဆေကတ်ကြေးကို ထုတ်သုံးလိုက်မည် ဖြစ်သည်။

ဘာလို့လဲဆိုတော့ တချိန်တည်းမှာ တစ္ဆေအများကြီးရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိဖို့ သူ ယုံကြည်မှု မရှိလို့ပါပဲ ဒီလို တိုက်ခိုက်ခံရပြီးနောက် ပြန်လည်စတင်ဖို့ အသက်ရှင်ကျန်ပါ့မလား ဆိုတာ မသေချာဘူးလေ တခါတလေ ပြန်လည်စတင်ချိန်တောင် မရလိုက်ဘဲ သေသွားနိုင်တယ်

ဒီလို အခြေအနေမျိုး မဖြစ်ရအောင် သူက အန္တရာယ်ကို အတိုင်းအတာ တစ်ခုအတွင်း ထိန်းချုပ်ထားရမည် ဖြစ်သည်။

ယန်ကျန့် တစ္ဆေများကို အစွမ်းကုန် တိုက်ခိုက်နေစဉ် တစ္ဆေသင်္ဘောပေါ်တွင် ရင်းနှီးပြီး ထူးဆန်းသော ပုံရိပ်တစ်ခုသည် သူ့ကို စိုက်ကြည့်နေသည်။ ထိုပုံရိပ်သည် ယန်ကျန့်ကို စောင့်ကြည့်နေသည်မှာ ကြာပြီ ဖြစ်သော်လည်း ယန်ကျန့် သတိမထားမိခဲ့ပေ။

အချိန်အတော်ကြာ စောင့်ကြည့်ပြီးနောက် တစ္ဆေသင်္ဘောပေါ်မှ ထိုပုံရိပ်သည် စတင် လှုပ်ရှားလာသည်။

ခြေတစ်လှမ်း တိုးလိုက်သည်နှင့် ထိုပုံရိပ်သည် အခြား တစ္ဆေများကဲ့သို့ သင်္ဘောပေါ်မှ ပြုတ်ကျလာပြီး တစ္ဆေရေကန်ထဲသို့ ကျရောက်သွားသည်။ သို့သော် အေးစက်သော တစ္ဆေရေကန်သည် ထိုပုံရိပ်ကို မမျိုချနိုင်ပေ။ ထိုပုံရိပ်သည် ရေထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီး ရေမျက်နှာပြင်ပေါ်တွင် မလှုပ်မယှက် ရပ်တန့်နေသည်။

ရုတ်တရက် ပေါ်လာသော တစ္ဆေကို ယန်ကျန့် သတိထားမိလိုက်သည်။

သူသည် တစ္ဆေမျက်လုံးများစွာကို ဖွင့်ထားပြီး ပတ်ဝန်းကျင်ကို စောင့်ကြည့်နေသဖြင့် ထိုပုံရိပ်ကို ချက်ချင်း မြင်တွေ့လိုက်ရသည်။

မျက်တောင်တစ်ခတ်အတွင်း ယန်ကျန့် သတိထားမိလိုက်သည်။

"အဲဒါ သင်္ဘောသားဘုရင် ကုဒ်နာမည်ရှိတဲ့ ဘုရင်ပဲ သူ ပြန်ပေါ်လာတာလား"

ယန်ကျန့်၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားသည်။ သေချာအောင် တစ္ဆေမျက်လုံးကို လှည့်ပြီး ထပ်ကြည့်လိုက်သည်။

မမှားပေ။ တကယ်ပဲ သင်္ဘောသားဘုရင်ပင် ဖြစ်သည်။ ရုပ်ရည် အသွင်အပြင် အားလုံး တူညီနေသည်။ တစ်ယောက်တည်းပင် ဖြစ်သည်။

"အရင် သင်္ဘောသားဘုရင်ရဲ့ အလောင်းက တစ္ဆေရေကန်အောက်ခြေမှာ ရှိနေတုန်းပဲ ပြန်လည် နိုးထလာစရာ အကြောင်းမရှိဘူး ဒီသင်္ဘောသားဘုရင်က အသစ် ပေါ်လာတာ ဖြစ်မယ် သူက တစ္ဆေသင်္ဘောရဲ့ မူလဇာစ်မြစ် တစ္ဆေ ဖြစ်လောက်တယ် ဒီကောင် အကြာကြီး ပုန်းနေဦးမယ် ထင်ထားတာ ဒီလောက် မြန်မြန် ထွက်လာမယ်လို့ မထင်ထားဘူး"

ယန်ကျန့် စက္ကန့်ပိုင်းအတွင်း အများကြီး တွေးလိုက်မိသည်။ သို့သော် သူ့စိတ်ထဲမှ အလိုအလျောက် သတိပေးနေသည်မှာ ဒီကောင့်ကို သေချာပေါက် သတ်ရမည်၊ လွှတ်ထား၍ မဖြစ်ဘူး ဆိုသည့်အချက်ပင် ဖြစ်သည်။

ဒီသတိပေးချက် ပေါ်လာသည်နှင့် သူ ချက်ချင်း လှုပ်ရှားလိုက်သည်။

"လှံရှည် ပစ်လိုက်တာနဲ့ အဝေးက လူကို သေချာပေါက် စိုက်ဝင်ပါစေ"

ယန်ကျန့် တိုးတိုးလေး ဆုတောင်းလိုက်သည်။ အနီရောင် လှံရှည်ကို ကိုင်ထားရင်း ဆုတောင်းလိုက်ခြင်း ဖြစ်သည်။

ဒီဆုတောင်း ပေါ်လာသည်နှင့် သူ့ခန္ဓာကိုယ်ကို သွေးနီရဲရဲများက လျင်မြန်စွာ တိုက်စားလာသည်။ ဒီတိုက်စားမှုနှုန်းက အရမ်း ကြောက်စရာ ကောင်းသည်။ ပြီးတော့ တိုက်စားမှု အတိုင်းအတာကလည်း အရင်ကထက် အများကြီး ပိုများသည်။ သူ့တစ်ကိုယ်လုံးကို ဝါးမျိုသွားမတတ်ပင်။ ဒါတင် မကသေးပေ၊ လက်ထဲက အနီရောင် လှံရှည်ကလည်း တွန့်လိမ်နေပြီး ချုပ်နှောင်ခံထားရတဲ့ အလောင်းကောင် တစ်ခု ရုန်းကန်နေသလို ဖြစ်နေသည်။

ဒါက ဆုတောင်းပြည့်တစ္ဆေ နိုးထတော့မည့် လက္ခဏာပင် ဖြစ်သည်။

ဆုတောင်း တစ်ကြိမ်တည်းနှင့် ဒီလောက် ကြီးမားတဲ့ တန်ဖိုး ပေးဆပ်ရတယ် ဆိုကတည်းက ဒီဆုတောင်း ပြည့်မြောက်ဖို့ ဘယ်လောက် ခက်ခဲလဲ ဆိုတာ ခန့်မှန်းကြည့်လို့ ရပါတယ်

ကံကောင်းသည်မှာ ယန်ကျန့် ကြိုတင် ပြင်ဆင်ထားခြင်း ဖြစ်သည်။ ဆုတောင်းလိုက်သည်နှင့် တပြိုင်နက် ပြန်လည်စတင်ခြင်း အခြေအနေကို ဝင်ရောက်လိုက်သည်။

ဒါတောင်မှ သွေးနီရဲရဲများ၏ တိုက်စားမှုက ဆက်ရှိနေတုန်းပင်။ ခဏတာ ပြန်လည်စတင်ရုံနှင့် ရှောင်လွှဲလို့ မရပေ။

မတတ်နိုင်ပေ။ ယန်ကျန့် ပြန်လည်စတင်ခြင်း အခြေအနေကို ဆက်လက် ထိန်းထားရသည်။

ဒီတခါ ၁၀ စက္ကန့်ကျော်ကြာ ပြန်လည်စတင်လိုက်မှ ခန္ဓာကိုယ်ပေါ်က သွေးနီရဲရဲတွေ ပျောက်ကွယ်သွားသည်။

"ပြန်လည်စတင်တာသာ မလုပ်ရင် ဒီတခါ ဆုတောင်းပြည့်တစ္ဆေ နိုးထလာပြီး ငါ့ခန္ဓာကိုယ် တစ်ခုလုံး သွေးတွေရဲ့ တိုက်စားတာ ခံလိုက်ရမှာ"

ယန်ကျန့် ရင်တုန်သွားသည်။ ဒါပေမယ့် ဒီလောက်ကြီးမားတဲ့ တန်ဖိုး ပေးဆပ်ပြီးမှတော့ ဘာမှ မလုပ်ဘဲ မနေနိုင်ပါဘူး

အနီရောင် လှံရှည်ကို သင်္ဘောသားဘုရင် ပုံစံ တစ္ဆေဆီ ပြတ်ပြတ်သားသား ပစ်လွှတ်လိုက်သည်။

ဒီတိုက်ခိုက်မှုအတွက် ယန်ကျန့်က ပတ်ဝန်းကျင်က တခြား တစ္ဆေတွေကိုတောင် ဂရုမစိုက်နိုင်တော့ပေ။

ယန်ကျန့်၏ ပုံမှန်မဟုတ်သော လှုပ်ရှားမှုက အဝေးက ဟယ်ယွဲ့လျန် လျိုစန်း၏ စက္ကူရုပ်နှင့် ထုန်ချန်တို့ကို သတိထားမိစေသည်။

"အဲဒါ..."

လျိုစန်း၏ စက္ကူရုပ်ကလည်း သင်္ဘောသားဘုရင်ကို တွေ့လိုက်သည်။

"ယန်ကျန့်က အဲဒီလူကို တော်တော် ကြောက်နေပုံရတယ် မဟုတ်ဘူး အဲဒီတစ္ဆေကို"

ဟယ်ယွဲ့လျန်က ပြောလိုက်သည်။

"အဲဒီတစ္ဆေမှာ ပြဿနာ ရှိလောက်တယ် တစ္ဆေသင်္ဘောရဲ့ မူလဇာစ်မြစ် တစ္ဆေ ဖြစ်ဖို့ များတယ် ဒါကြောင့် သူက အရာအားလုံးကို ဂရုမစိုက်ဘဲ တိုက်ခိုက်လိုက်တာ ဖြစ်မယ်"

"တကယ်လို့ ဟုတ်ရင် ကောင်းတာပေါ့ အဲဒီကောင်ကို ရှင်းလိုက်ရင် တစ္ဆေသင်္ဘော ကိစ္စ ပြီးသွားပြီ နောက်ဆို ဒီသင်္ဘောက တစ္ဆေတွေကို သယ်လာမှာ ကြောက်စရာ မလိုတော့ဘူး"

ထုန်ချန်က ပြောလိုက်သည်။

"အဲဒီလောက် မလွယ်ဘူး"

လျိုစန်း၏ စက္ကူရုပ်က လေးလေးနက်နက် ပြောလိုက်သည်။

တစ္ဆေသင်္ဘောဆိုတာ တစ္ဆေတစ်သင်္ဘောလုံးကို ထိန်းချုပ်ထားနိုင်တဲ့ အရာလေ တကယ်လို့ အဲဒီလူက မူလဇာစ်မြစ် တစ္ဆေဆိုရင် သူ့ရဲ့ ကြောက်မက်ဖွယ် အဆင့်က မှန်းဆလို့ မရနိုင်လောက်အောင် မြင့်မားနေမှာ သေချာတယ် ရင်ဆိုင်ဖို့ မလွယ်ကူပါဘူး

မကြာမီ

လျိုစန်း၏ စက္ကူရုပ် ခန့်မှန်းတာ မှန်ကန်ကြောင်း သက်သေပြလိုက်သည်။

ယန်ကျန့် ဆုတောင်းပြီး ပစ်လွှတ်လိုက်သော လှံရှည်က ပုံမှန်ဆိုလျှင် ဘယ်တစ္ဆေကိုမဆို အလွယ်တကူ စိုက်ဝင်သွားမှာ ဖြစ်သည်။ ဒါပေမယ့် လှံရှည်က လေထဲမှာ ပျံဝဲပြီး သင်္ဘောသားဘုရင် အနား ရောက်သွားတဲ့အခါ ထူးဆန်းတဲ့ ကိစ္စတစ်ခု ဖြစ်ပျက်လာသည်။

သင်္ဘောသားဘုရင်က လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ယင်ကောင် ဖမ်းသလိုမျိုး ပျံဝဲလာတဲ့ အနီရောင် လှံရှည်ကို အလွယ်တကူ ဖမ်းဆုပ်လိုက်သည်။

လှံရှည်က လေထဲတွင် ရပ်တန့်သွားသည်။ တစ်လက်မမှ ရှေ့မတိုးတော့ပေ။ ပြီးတော့ သင်္ဘောသားဘုရင်ကလည်း ဘာမှ မဖြစ်သလိုပဲ အရင်အတိုင်း ရေပေါ်မှာ မလှုပ်မယှက် ရပ်နေတုန်းပဲ

သတိပြုရမည်မှာ ယန်ကျန့်၏ အနီရောင် လှံရှည်ပေါ်တွင် ဟန်ချက်ပျက်လျှင် သေစေသည့် ကျိန်စာ ပါနေသေးသည်။

ဆိုလိုသည်မှာ ဒီသင်္ဘောသားဘုရင် ပုံစံ တစ္ဆေက ဆုတောင်းပြည့်တစ္ဆေရဲ့ စွမ်းအားနဲ့ သေစေတဲ့ ကျိန်စာ နှစ်ခုစလုံးကို ခံနိုင်ရည် ရှိနေတာပါပဲ

"နောက်နေတာလား"

ယန်ကျန့် မျက်လုံး ပြူးကျယ်သွားသည်။ ဒီမြင်ကွင်းက သူ့အသိဉာဏ်ကို ကျော်လွန်နေသည်။

တစ္ဆေဆရာလောကမှာ ကြောက်မက်ဖွယ် တစ္ဆေတွေ ရှိကောင်း ရှိနိုင်ပေမယ့် ဒီလိုမျိုး သူ့တိုက်ခိုက်မှုကို ပေါ့ပေါ့ပါးပါး ကာကွယ်နိုင်တဲ့ တစ္ဆေမျိုး သူ မကြုံဖူးပါဘူး ယန်ကျန့်က အရင်ကလို လူသစ် မဟုတ်တော့ဘူးလေ

သင်္ဘောသားဘုရင် ပုံစံ တစ္ဆေက အနီရောင် လှံရှည်ကို ကိုင်ထားပြီး မလှုပ်မယှက် နေနေသည်။ ပြီးတော့ တောင့်တင်းပြီး မှိန်ဖျော့နေတဲ့ မျက်လုံးတွေက လှုပ်ရှားသွားပြီး ယန်ကျန့်ဘက်ကို လှည့်ကြည့်လိုက်သည်။

သူ ယန်ကျန့်ကို ပစ်မှတ်ထားလိုက်ပြီ ဖြစ်သည်။

ပြီးတော့ လက်ကို ဖြည်းဖြည်းချင်း ချလိုက်သည်။ ဒါပေမယ့် အေးစက်ပြီး တောင့်တင်းနေတဲ့ လက်ဖဝါးက အနီရောင် လှံရှည်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားတုန်းပဲ

လေးလံသော ခြေလှမ်းများ စတင် လှုပ်ရှားလာသည်။

တစ္ဆေရေကန်၏ ရေပြင်ပေါ်တွင် နင်းလျောက်ပြီး ယန်ကျန့်ဆီ တစ်လှမ်းချင်း တိုးလာသည်။

အန္တရာယ်……

တစ္ဆေဆရာ တစ်ယောက်၏ ဗီဇက ယန်ကျန့်ကို သတိပေးနေသည်။ ကြောက်မက်ဖွယ် အန္တရာယ်ကြီး တစ်ခု နီးကပ်လာနေပြီ ဆိုသည်ကိုပင်။

All Chapters