← Chapters

မင်းတို့က ငါ့မျက်စိထဲမှာတော့ အမှိုက်တွေပဲ

Vol. 58 Ch. 756

မင်းတို့က ငါ့မျက်စိထဲမှာတော့ အမှိုက်တွေပဲ

Vol. 58 Ch. 756

ထျန်းယွမ်နတ်ဘုရား မင်းဆက်၊ ထျန်းချန်လမ်းစဉ်ဂိုဏ်း အပြင် ဖုန်းယွင်လှံခန်းမ တို့မှ လူများသည် အာရုံပျံ့လွင့်ရာမှ သတိပြန်ကပ်လာကြပြီးနောက် ၊ ထိတ်လန့်သွားကြသည်။

လော့ရန်ယွီသည် သူမ၏ အထောက်အထားကို ထုတ်ဖော်ပြသလိုက်ပြီ ဖြစ်ရာ ၊ သူမသည် စူးချန်ကဲ၏ တာအိုလက်တွဲဖော် ဖြစ်သည်မှာ သံသယဖြစ်စရာ မလိုတော့ချေ။

နောက်ပိုင်းတွင် သူတို့သည် ကွေးယွမ်အမတဂိုဏ်း နှင့် ရင်ဆိုင်တိုက်ခိုက်ကြမည် ဆိုပါက ၊ ယောင်ကွမ်အမတဂိုဏ်းကိုပါ ရင်ဆိုင်ရပေတော့မည်။

လူတိုင်း၏ မျက်လုံးများသည် ယောင်ကွမ်အမတဂိုဏ်း တည်ရှိရာ ဦးတည်ရာဘက်သို့ လှမ်းကြည့်လိုက်ကြသည်။

ထိုလှပသော မိန်းမပျိုလေးများကြားတွင် ၊ ပြင်းထန်သော ရောင်ဝါများကို ထုတ်လွှတ်နေသည့် မိန်းမပျိုလေးဦးလည်း ရှိနေခဲ့သည်။

“ယောင်ကွမ်အမတဂိုဏ်း ရဲ့ ကောင်းကင်နတ်မိမယ် လေးဦးလည်း ရောက်လာတယ်.....!”

ကောင်းကင်နတ်မိမယ် လေးဦး ဆိုသည်မှာ ယောင်ကွမ်အမတဂိုဏ်း၏ ခေတ်ပြိုင် ပါရမီရှင်များထဲမှ အထူးချွန်ဆုံး ထိပ်တန်းပါရမီရှင်များကို ရည်ညွှန်းခြင်း ဖြစ်သည်။

သူမတို့၏ ကျင့်ကြံမှုသည် စစ်မှန်အမတ နယ်ပယ် အဆင့်(၉) ဖြစ်ပြီး ၊ မဟာလမ်းစဉ် နတ်ဘုရားခန္ဓာများကိုလည်း ပိုင်ဆိုင်ထားကြသည်။ သူမတို့၏ အရည်အချင်းနှင့် ပါရမီသည် ကမ္ဘာပေါ်တွင် အကောင်းဆုံးတွေထဲက တစ်ခုဟု ဆိုနိုင်သည်။

လော့ရန်ယွီကိုပါ ထည့်တွက်လိုက်မည်ဆိုပါက ၊ သူတို့အနေဖြင့် ကွေးယွမ်အမတဂိုဏ်းကို ရင်ဆိုင်နိုင်မည်ဟု အာမခံချက် မရှိပေ။

ထျန်းချန်လမ်းစဉ်ဂိုဏ်း နှင့် ဖုန်းယွင်လှံခန်းမတို့မှ ပါရမီရှင်များ၏ မျက်နှာအမူအရာများသည် သိသိသာသာ ပြောင်းလဲသွားကြပြီး၊

ယွမ်ချန်းဟုန်၏ မျက်နှာအမူအရာမှာ ပို၍ပင် ကြည့်ရဆိုးနေခဲ့သည်။ သူ၏ စိတ်ထဲတွင် မနေနိုင်တော့ဘဲ ဆဲရေးနေလေ၏။

“ သေနာကောင် ! ကိစ္စတွေက ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရတာလဲ!?”

“ဒါတွေက ကောလဟာလဆို...ဘယ်လိုဖြစ်ပြီး တကယ် ဖြစ်နေရတာလဲ!?”

ယောင်ကွမ်အမတဂိုဏ်း နှင့်ပတ်သက်သော ကောလဟာလ သတင်းများကို ယွမ်ချန်းဟုန်သည် တစ်ချိန်လုံး မယုံကြည်ခဲ့ပေ။

သို့သော် မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ပြီးမှသာလျှင် သူသည် ဤရလဒ်ကို လက်ခံခဲ့ရသည်။

အထူးသဖြင့် စူးချန်ကဲ၏ ရင်ခွင်ထဲတွင် မှီခိုနေသော လော့ရန်ယွီ ကို ကြည့်ရင်း၊ သူ၏ မျက်လုံးထဲတွင် ဒေါသမီးလျှံများ ထိန်းမနိုင်သိမ်းမရ တောက်လောင်နေခဲ့သည်။

သူ့ခမျာ ဘယ်လောက်တောင် လွမ်းဆွတ်ခဲ့ရလဲ ... စူးချန်ကဲ ဘေးနားမဟုတ်ဘဲ သူ့ဘေးနားရှိဖို့ ဘယ်လောက်တောင် တောင့်တခဲ့ရလဲ!?

တားမြစ်အင်အားစုတစ်ခုရဲ့ ဆက်ခံသူချင်း အတူတူ ၊ အဆင့်အတန်းအရ သူလည်း စူးချန်ကဲထက် မညံ့ဘူး!

ကျင့်ကြံဆင့်နဲ့ ခွန်အားချင်း ယှဉ်မယ်ဆိုတောင် သူ့မှာ ယုံကြည်ချက်အပြည့်ပဲ!

လော့ရန်ယွီရဲ့ လက်တွဲဖော်က ဘာလို့ သူ မဖြစ်နိုင်ရမှာလဲ!?

တစ်ချိန်တည်းမှာပင် ၊ အာရုံခံစားလွယ်သော စူးချန်ကဲသည်လည်း ဤထူးဆန်းသော အကြည့်ကို ခံစားမိလိုက်သည်။

တစ်ချက် ဝှေ့ကြည့်လိုက်ရုံဖြင့် ၊ မိမိကို အေးစက်စွာဖြင့် စူးစိုက်ကြည့်နေသော ယွမ်ချန်းဟုန် ကို မြင်လိုက်ရသည်။

“ အတော်ပဲ ၊ အခု ရန်ယွီ နဲ့ တွေ့ဆုံပြီးပြီဆိုတော့ ... ယွမ်ချန်းဟုန်ကို ရှင်းလင်းဖို့ အချိန်တန်ပြီ”

ယွမ်ချန်းဟုန်သည် စူးချန်ကဲ၏ သေဒဏ်စာရင်းတွင် အရင်ကတည်းက ရေးမှတ်ခံထားရပြီး ဖြစ်သည်။

ဤသကောင့်သားသည် ရည်ရွယ်ချက်ရှိရှိ အောက်တန်းကျသော နည်းလမ်းများကို သုံးခဲ့ရုံသာမက၊ လော့ရန်ယွီကို သိမ်းပိုက်မည်ဟု ကြွေးကြော်ခဲ့သည်။

ထို့အပြင် ရည်ရွယ်ချက်ရှိရှိဖြင့် အကြိမ်ကြိမ် ဝင်ရောက်နှောင့်ယှက်ကာ၊ မိမိနှင့် အခြားသူများကို ရန်တိုက်ပေးခဲ့သည်။

မျက်မှောက်ရှိ အင်အားစုများမှ ပါရမီရှင်များနှင့် ရန်သူဖြစ်ရမည်ကို သူ မကြောက်သော်လည်း၊ သို့သော် တဖက်လူသည် ရည်ရွယ်ချက်ရှိရှိဖြင့် လှုံ့ဆော်ပေးနေသည့် လုပ်ရပ်မျိုးကို သူ့အနေဖြင့် သည်းခံမည်မဟုတ်ပေ။

စိတ်ထဲတွင် ထိုသို့တွေးလိုက်ရင်း ၊ စူးချန်ကဲသည် အေးစက်သော မျက်လုံးများဖြင့် ယွမ်ချန်းဟုန်ကို လှမ်းကြည့်လိုက်သည်။

“ယွမ်ချန်းဟုန်၊ ငါ ကြားတော့ မင်း ငါ့ရဲ့ရန်ယွီ ကို အမြဲတမ်း မျက်စိကျနေတာဆို”

စူးချန်ကဲ၏ စကားများသည် တိတ်ဆိတ်နေသော အာကာသထဲတွင် ပဲ့တင်ထပ်သွားသည်။

ထိုစကားများကို ကြားလိုက်ရသူတိုင်း ၊ စိတ်ထဲတွင် လှိုင်းတံပိုးများရိုက်ခတ်သွားပြီး ရင်ထိတ်စွာဖြင့် ညည်းညူလိုက်ကြသည်။

“ အမ်..... စူးချန်ကဲ ရဲ့ ဒီစကားက ဘာကိုဆိုလိုတာလဲ ၊ မဟုတ်မှလွဲရော သူ ယွမ်ချန်းဟုန်ကို ရှင်းလင်းတော့မှာလား”

“ငါ မှတ်မိပြီ.... နတ်ဘုရားလက်နက် အမတမျှော်စင် ထဲမဝင်ခင်၊ ယွမ်ချန်းဟုန် က ရန်ယွီ နတ်ဘုရားမ ရဲ့ အလှကို သဘောကျပြီး ပွင့်ပွင့်လင်းလင်း ချဉ်းကပ်ခဲ့တယ်၊ ရန်ယွီ နတ်ဘုရားမကို နတ်ဘုရားလက်နက် အမတမျှော်စင်မှာ သူနဲ့အတူ စူးစမ်းဖို့တောင် ဖိတ်ခေါ်ခဲ့သေးတယ်.....”

“ရန်ယွီ နတ်ဘုရားမရဲ့ ငြင်းပယ်မှုကို ခံလိုက်ရပြီးနောက်မှာ ယွမ်ချန်းဟုန်က မကျေမနပ် ဖြစ်သွားလားတော့ မသိဘူး.. နောက်ဆုံးမှာတော့ ယောင်ကွမ်အမတဂိုဏ်း ကို ပစ်မှတ်ထားတဲ့ အမိန့်တစ်ခုကို ထုတ်ပြန်ခဲ့တယ်.... အဲ့တာကြောင့် ယောင်ကွမ်အမတဂိုဏ်းက တပည့် တော်တော်များများ လိုက်လံ သတ်ဖြတ်ခံလိုက်ရတယ်”

“ဟားးး....သူမကို မပိုင်ဆိုင်ရတာနဲ့ ဒေါသထွက်သွားပြီး ဒါကြောင့် ဒီလို အတင်းအကျပ် လုပ်ခဲ့တာ ဖြစ်မယ်၊ အခုတော့ ကောင်းရော .. ချန်ကဲ ဆက်ခံသူ က စာရင်းရှင်းတော့မယ်”

“ဒါပေမယ့်၊ စူးချန်ကဲ က စစ်မှန်အမတ နယ်ပယ် အဆင့်(၆)ပဲရှိတယ်၊ ယွမ်ချန်းဟုန် က စစ်မှန်အမတ နယ်ပယ် အဆင့်(၉) ထိ ရောက်ရှိထားတဲ့အပြင် မဟာလမ်းစဉ် နတ်ဘုရားခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ထားသေးတယ်....”

“ကျင့်ကြံမှုအဆင့် ကွာခြားချက်ကို ထောက်ရှုကြည့်ရင် စူးချန်ကဲအနေနဲ့ တစ်ယောက်ချင်းတိုက်ပွဲမှာ သူ့ကို ယှဉ်နိုင်ပါ့မလား ...ဒါမှမဟုတ် ကွေးယွမ်အမတဂိုဏ်း ရဲ့ အင်အားကို ငှားရမ်းအသုံးပြုမှာလား”

“……….”

လက်ရှိတွင် အခြားသော ကျင့်ကြံသူများစွာသည် တစ်ယောက်နှင့် တစ်ယောက် အငြင်းအခုံပြုနေကြပြီး၊ စူးချန်ကဲ နှင့် ယွမ်ချန်းဟုန်တို့ကို စူးစိုက်ကြည့်နေကြသည်။

၎င်းတို့နှစ်ဦး၏ တိုက်ပွဲကို စောင့်မျှော်နေဟန် ရှိသည်။

မူလကတည်းက မနာလိုမှုများဖြင့် ပြည့်နှက်နေသော ယွမ်ချန်းဟုန်သည် စူးချန်ကဲ၏ စကားကို ကြားပြီးနောက်၊ သူ၏ မျက်နှာအမူအရာသည် ပို၍ မှောင်မည်းသွားသည်။

ထျန်းယွမ်နတ်ဘုရား မင်းဆက် မှ ထိပ်တန်းပါရမီရှင်များသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

သူတို့သည် ရည်ရွယ်ချက်ရှိရှိ ရှေ့ထွက်လာကာ စူးချန်ကဲ အား အေးစက်စွာ ဟစ်အော်လိုက်သည်။

“စူးချန်ကဲ! မင်း မောက်မာလွန်းတယ်!”

“ငါ့ ထျန်းယွမ်နတ်ဘုရား မင်းဆက် ရဲ့ မင်းသားက ဘယ်နေရာပဲကြည့်ကြည့် မင်းထက် မနိမ့်ကျဘူး၊ ရန်ယွီ နတ်ဘုရားမ နဲ့ တောင် နှုတ်ဆက်လို့ မရဘူးလား!?”

“ဟုတ်တယ်! စူးချန်ကဲ မင်းက မင်းရဲ့ နောက်ခံကို အားကိုးပြီး လူတွေကို အနိုင်ကျင့်နေတာလား၊ တစ်ယောက်ယောက်က ရန်ယွီ နတ်ဘုရားမ ကို နှုတ်ဆက်ရုံနဲ့ ခုလို ခြိမ်းခြောက်တော့မလို့လား!?”

“ဟမ်! ထင်မထားဘူး နာမည်ကြီး ချန်ကဲ ဆက်ခံသူက.....”

သို့သော် သူတို့၏ စကားမပြီးဆုံးခင်မှာပင်၊

ဝုန်း !!

ကြောက်မက်ဖွယ်ရာ ကောင်းသော မဟာလမ်းစဉ် ဖိအားတစ်ခုသည် ၎င်းတို့ပေါ်သို့ အုပ်မိုးကာ ကျရောက်လာသည်။

ကြယ်စုသခင် ပါရမီရှင် သုံးဦးသည် ရှေ့ထွက်လာသည်ကို မြင်လိုက်ရသည်။

အမတစွမ်းအားများသည် နဂါးငွေ့တန်းပမာ ကျဆင်းလာပြီး ၊ ထောင်ပေါင်းများစွာသော မဟာလမ်းစဉ် ရူပါရုံမြင်ကွင်းများသည် ၎င်းတို့သုံးဦးကို ဗဟိုပြု၍ ထွက်ပေါ်လာသည်။

ထိုစဉ်၊ ဦးဆောင်သူ ဝမ်မင် က အေးစက်စွာ ဟစ်အော်လိုက်သည်။

“ငါတို့ဂိုဏ်းရဲ့ ဆက်ခံသူကို နောက်တစ်ခါ ရိုင်းစိုင်းတဲ့ စကားတွေနဲ့ စော်ကားရဲရင်၊ သေရမယ်!”

“ မင်း.......”

ကြောက်မက်ဖွယ် ကောင်းသော ဖိနှိပ်စွမ်းအားများ၏ နှိပ်ကွပ်မှုအောက်တွင်၊ ထျန်းယွမ်နတ်ဘုရား မင်းဆက် မှ ကျင့်ကြံသူများမှာ စကားလုံးများ လည်ချောင်းထဲတွင် တစ်ဆို့သွားပြီး ၊ အချိန်အတော်တန်ကြာ စကားမပြောနိုင်ခဲ့ပေ။

ထျန်းချန်လမ်းစဉ်ဂိုဏ်း နှင့် ဖုန်းယွင်လှံခန်းမ တို့သည် ထိုအခွင့်အလမ်းကို အမိအရ ဖမ်းဆုပ်ကာ မြှောက်ထိုးပင့်ကော် လုပ်လေသည်။

“ဟားး.... ချန်ကဲ ဆက်ခံသူက ကွေးယွမ်အမတဂိုဏ်းထက်တောင် ဗိုလ်ကျလိမ့်မယ်လို့ ထင်မထားဘူး!”

“ချန်းဟုန် မင်းသားက ရန်ယွီ နတ်ဘုရားမ ကို နှုတ်ဆက်ရုံလောက်နဲ့ ခုလို ခြိမ်းခြောက်ပြီး သတိပေးခံရတာ .. အမတနယ်မြေ တစ်ခွင် လှည့်လည်တဲ့အခါ ကိုယ့်ကိုယ်ပိုင် အင်အားနဲ့ပဲ ရပ်တည်ရတယ်!”

“အခုတော့ ကိုယ့်နောက်ခံကို အားကိုးပြီး သူတစ်ပါးကို ခြိမ်းခြောက်နေတယ်၊ အင်အားစုသုံးခုရဲ့ ဆက်ခံသူဆိုတဲ့ နာမည်ကို အရှက်ရစေတယ်!”

“ဟားဟားဟား! နာမည်ကြီး ချန်ကဲ ဆက်ခံသူက ဒီလိုလူစားမျိုးတဲ့လား...တကယ်ကို စိတ်ပျက်စရာကောင်းတာပဲ!”

“…….”

အင်အားစုကြီးများမှ ပါရမီရှင်များသည် မိုက်ရူးရဲဆန်သူများ မဟုတ်ကြပေ။ အပြန်အလှန်မှီခိုခြင်း၏ သဘောတရားကို သူတို့သည် သဘာဝကျကျ နားလည်ပေသည်။

အကယ်၍ ယခုအချိန်တွင် သူတို့သည် ထျန်းယွမ်နတ်ဘုရား မင်းဆက် အတွက် မရပ်တည်ပေးပါက ၊ နောက်သားကောင်သည် သူတို့ ဖြစ်သွားနိုင်သည်။

“ဒီလောက်ထိ အလျင်လိုဖို့ မလိုပါဘူး”

ထိုအချိန်တွင်၊ စူးချန်ကဲ၏ ပေါ့ပါးသော ပြုံးရယ်သံသည် နောက်တစ်ဖန် ထွက်ပေါ်လာခဲ့သည်။

“ ငါ အရင်က ပြောခဲ့တယ်မလား.. ငါက ပွင့်ပွင့်လင်းလင်း စကားပြောရတာကိုပဲ ကြိုက်တယ်”

“ထျန်းချန်လမ်းစဉ်ဂိုဏ်း၊ ဖုန်းယွင်လှံခန်းမ..စိတ်ချ ၊ ငါတို့ကြားက ရန်ငြိုးကို ငါကိုယ်တိုင် လာရှင်းမယ်၊ အခုတော့ မင်းတို့ အလှည့်မရောက်သေးဘူး “

ထိုသို့ပြောရင်း၊ စူးချန်ကဲ သည် လော့ရန်ယွီ၏ နောက်ကျောကို ဖွဖွလေး ပုတ်လိုက်သည်။

လော့ရန်ယွီသည်လည်း စူးချန်ကဲ၏ ဆိုလိုရင်းကို နားလည်ပုံရကာ ခေါင်းညိတ်လိုက်ပြီး နူးညံ့သော လေသံဖြင့် ဆိုလိုက်သည်။

“ဒါဆို ချန်ကဲ သတိထားနော်....”

ထိုသို့ပြောပြီးသည်နှင့်၊ နာခံမှုရှိသော ဇနီးသည် တစ်ယောက်ကဲ့သို့ တစ်ဖက်သို့ ဆုတ်ခွာသွားသည်။

စူးချန်ကဲသည် ပေါ့ပါးစွာ ပြုံးရယ်လိုက်ပြီး၊ သူ၏ လက်နှစ်ဖက်ကို နောက်တွင် ထားကာ ရှေ့သို့ ထွက်လာခဲ့သည်။

“ ငါက နောက်ခံကို အားကိုးပြီး ခြိမ်းခြောက်နေတယ်လို့ ဆိုလိုတာလား”

“ဟားး.... မင်းတို့နဲ့ တန်လို့လား”

ထိုသို့ပြောရင်း ၊ စူးချန်ကဲသည် ထိုအင်အားစု သုံးဖွဲ့မှ လူများကို ဝှေ့ယမ်းကြည့်ရှုလိုက်သည်။

ထို့နောက် သူ၏ မေးရိုးကို အနည်းငယ်မော့ကာ၊ အကန့်အသတ်မရှိသော မာနထောင်လွှားမှုနှင့် ယုံကြည်မှုကို ဖော်ပြနေဟန်ရှိသည့် မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်သည်။

“ တကယ်တော့ ငါက မင်းတို့ အင်အားစုသုံးဖွဲ့က လူတွေကို ပစ်မှတ်ထားနေတာ မဟုတ်ဘူး “

“ မင်းတို့က ငါ့မျက်စိထဲမှာတော့ အမှိုက်တွေပဲ”

All Chapters