← Chapters

ချန်းမု၊ မင်းလိုအမှိုက်က ငါ့ရဲ့ ပြိုင်ဘက်ဖြစ်မယ်လို့ ထင်နေတာလား

Vol. 58 Ch. 759

ချန်းမု၊ မင်းလိုအမှိုက်က ငါ့ရဲ့ ပြိုင်ဘက်ဖြစ်မယ်လို့ ထင်နေတာလား

Vol. 58 Ch. 759

ထိုစကားကို ကြားလိုက်ရသော ချန်းမု၏ မျက်လုံးအိမ်များသည် ပို၍ပင် ကျုံ့ဝင်သွားပြီး၊ မျက်နှာအမူအရာသည် ထိတ်လန့်မှု အပြည့်ရှိနေသည်။

မဟာလမ်းစဉ်၏ တန်ပြန်တိုက်ခိုက်မှုကိုပင် မမူဘဲ သူသည် လျင်မြန်သော အရှိန်ဖြင့် နောက်လှမ်းကြည့်လိုက်သည်။

သို့သော် စူးချန်ကဲသည် လက်နှစ်ဖက်စလုံးကို နောက်ပစ်လျက် အေးအေးလူလူ ရပ်နေသည်ကို မြင်လိုက်ရသည်။

လူကို ပို၍ ထိတ်လန့်သွားစေခဲ့သည်မှာ စူးချန်ကဲ၏ ဆံနွယ်များနှင့် အဖြူထည်သည် တစ်ချက်လေးမှ လှုပ်ခတ်သွားခြင်း မရှိဘဲ ဘာမှမဖြစ်ခဲ့သည့်အတိုင်း ရှိနေခြင်းပင် ။

ဤဆန့်ကျင်ဘက် ခံစားချက်သည် ချန်းမု၏ နှလုံးသားထဲတွင် မုန်တိုင်းတစ်ခုကို နှိုးဆွပေးခဲ့သည်။

“ဒါ ဘယ်လိုဖြစ်ရတာလဲ!?”

သို့သော်၊ မည်သူတစ်ဦးတစ်ယောက်မျှ သူ၏မေးခွန်းကို ဖြေကြားခြင်း မရှိပေ။

ဤမြင်ကွင်းကို မြင်လိုက်ရသူတိုင်း၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုနှင့် ကြောက်ရွံ့မှုများသာ ရှိနေခဲ့သည်။

တချို့လူများ၏ ပြက်ရယ်ပြုသော အမူအရာများသည်ပင် နေရာတွင် တောင့်တင်းစွာဖြင့် ရှိနေကြသည်။ သူတို့၏ မျက်ဝန်းတစ်စုံမှ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းသော အရိပ်အမြွက်ကို မြင်နေရသည်။ ဤမြင်ကွင်းသည် သူတို့ မျှော်လင့်မထားခဲ့သော အရာသာ ဖြစ်သည်။

ကျင့်ကြံမှုအားနည်းသော တပည့်များအဖို့ စူးချန်ကဲ၏ လှုပ်ရှားမှုကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း သို့သော် အဖြူရောင်အလင်းတစ်ချက် ဖျက်ခနဲ့ ဝင်းလက်သွားသည်ကိုတော့ မြင်တွေ့လိုက်ရသည်။

စူးချန်ကဲသည် နေရာမှ ပျောက်ကွယ်သွားပြီး မျက်စိတမှိတ်အတွင်းမှာပင် ချန်းမု၏ နောက်တွင် ပေါ်ထွက်လာခဲ့သည်။

“လင်း အစ်ကိုကြီး... စူးချန်ကဲ ရဲ့ လှုပ်ရှားမှုကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရလား”

လူအုပ်ထဲရှိ ယွင်ချင်းဟုန်သည် တုန်တုန်ယင်ယင်ဖြင့် လှမ်းမေးလိုက်သည်။

( T/N - ယွင်ချင်းဟုန် နဲ့ ယွမ်ချန်းဟုန် မမှားကြနဲ့ဦး )

“အရှိန်က သိပ်မြန်လွန်းတယ်၊ ငါလည်း စူးချန်ကဲ ရဲ့ လှုပ်ရှားမှုကို သေချာမမြင်လိုက်ရဘူး....”

စစ်မြေပြင်အတွင်းရှိ ပုံရိပ်ကို ကြည့်ရှုရင်း၊ လင်းဟန်၏ မျက်လုံးများသည် လျှပ်တပြက် တောက်ပသွားသည်။ စူးချန်ကဲ၏ ရွေ့လျားမှုသည် အလွန် လျှို့ဝှက်ဆန်းကြယ်လွန်းပြီး၊ သူပင် ဖမ်းယူနိုင်စွမ်းမရှိခဲ့ပေ။

“ ဘယ်လိုဖြစ်တာလဲ..... စူးချန်ကဲ လှုပ်ရှားသွားတဲ့ အခိုက်အတန့်မှာ၊ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်က ရောင်ဝါ က ပြောင်းသွားသလိုပဲ”

ဤမြင်ကွင်းကို မြင်လိုက်ရသော ကျီချောင်ကဲသည်လည်း အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး ၊ သူ၏လေသံမှာ အနည်းငယ် မသက်မသာ ဖြစ်နေသည်။

“ဒါပေမယ့် သူ့ရဲ့ ကျင့်ကြံမှုက စစ်မှန်အမတ နယ်ပယ် အဆင့်(၆)ပဲ ရှိတာလေ.... ဘယ်လိုလုပ်ပြီး ဒီတိုက်ခိုက်မှုကို ရှောင်နိုင်ရတာလဲ”

“သေသင့်တဲ့ကောင် ! ချန်းမု ဆိုတဲ့ကောင် တကယ်ကို ရှက်စရာကောင်းတယ်!”

ယွမ်ချန်းဟုန်၏ မျက်လုံးများသည် အမျက်ဒေါသများဖြင့် တောက်လောင်နေပြီး ၊ သူ၏ လေသံမှာ အလွန် ဒေါသထွက်နေဟန် ရှိသည်

“ စစ်မှန်အမတ နယ်ပယ် အဆင့်(၉)ရှိသူက စစ်မှန်အမတ နယ်ပယ် အဆင့်(၆)သာ ရှိသေးတဲ့ လူတစ်ယောက်ကို ဒါလေးတောင် ထိမှန်အောင် မလုပ်နိုင်ဘူး ၊ တကယ်ကို သောက်သုံးမကျတဲ့ကောင် !”

…….

အမှန်အားဖြင့် ၊ယခုလေးတင် ဖြစ်ပျက်ခဲ့သည့် ဤအရာအားလုံးမှာ စူးချန်ကဲသည် အမတနတ်ဘုရားနတ်ဆိုး စုပေါင်းနှလုံးသား ၏ ပင်ကိုယ်စွမ်းရည် ဖြစ်သည့် ‘အလင်းကို လိုက်ခြင်း ‘ ဆိုသည့်အတတ်ကို အသုံးပြုခဲ့ခြင်းသာ ဖြစ်သည်။

အမတနတ်ဘုရားနတ်ဆိုး စုပေါင်းနှလုံးသား ၏ လှုပ်ရှားမှုကို အချိန်အတိုင်းအတာတစ်ခုအထိ အရှိန်မြှင့်တင်ကာ ၊ နတ်ဘုရား၊ နတ်ဆိုး၊ အမတ အင်အားသုံးရပ်၏ အားဖြည့်မှုအောက်တွင် ၎င်း၏လှုပ်ရှားမှုနှုန်းကို ပို၍ မြန်ဆန်စေသည်။

ယင်းက စူးချန်ကဲ၏ ရွေ့လျားမှု နှင့် အရှိန်ကို များစွာ မြှင့်တင်ပေးနိုင်သည်။

ထို့နောက် အလုံးစုံသောလမ်းစဉ် ဗလာနိတ္ထိမျက်လုံးတော်၏ မူလအစွမ်းသတ္တိ ဖြစ်သည့် ‘ မူလအစကို ခွဲခြမ်းစိတ်ဖြာခြင်း’အတတ်နှင့် ပေါင်းစပ်လိုက်လျှင်ဖြင့် ၊ လောကရှိ မဟာလမ်းစဉ်ကို ထိုးထွင်းသိမြင်ကာ၊ အားနည်းချက်အားလုံးကို သိမြင်နိုင်သည်။

ထို့ကြောင့် သူသည် ချန်းမု၏ အင်အားသုံးတိုက်ခိုက်မှုကို ပေါ့ပေါ့ပေါ့ပါးပါး ရှောင်နိုင်ခဲ့ခြင်းဖြစ်သည်။

အလုံးစုံသောလမ်းစဉ် ဗလာနိတ္ထိမျက်လုံးတော် နှင့် အမတနတ်ဘုရားနတ်ဆိုး စုပေါင်းနှလုံးသားသည် မိမိ၏ အခြေခံအုတ်မြစ်ဖြစ်ပြီး ၊ ဤနေရာတွင် မျက်လုံးများစွာရှိသောကြောင့် အားလုံးကို ထုတ်ဖော်ပြသခြင်းသည် မိမိအတွက် ဆိုးကျိုးများစွာ ရှိသည်။

ထို့အပြင်၊ ဤကိုယ်ထည်နှစ်မျိုး၏ မူလအစွမ်းသတ္တိ နှင့် အခြား သူတော်စင်ကိုယ်ထည် ဖြစ်သည့် အုပ်စိုးရှင်ဘုရင် ဖွဲ့စည်းပုံလေးမျိုး တို့ကို အသုံးပြုခြင်းဖြင့် ဤသေးသေးမွှားမွှားများကို တိုက်ခိုက်ရန် လုံလောက်ပေသည်။

ဝီ!!

တစ်ချိန်တည်းမှာပင်၊ စူးချန်ကဲသည် ရန်သူကို တုံ့ပြန်ရန် အချိန်မပေးခဲ့ပေ။

သူသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ရုံဖြင့်၊ ပတ်ဝန်းကျင်ရှိ အာကာသသည် ပြင်းထန်စွာ ဖိသိပ်ခံနေရသကဲ့သို့ ဖြစ်ပေါ်လာခဲ့သည်။

မျက်စိတမှိတ်အတွင်းမှာပင် ၊ စူးချန်ကဲသည် ချန်းမု၏ ရှေ့တွင် ပေါ်ထွက်လာခဲ့ပြန်သည်။

“သေသင့်တဲ့ကောင်! ဒီကောင် တကယ်တော့ တခြားသူတွေကို လှည့်စားဖို့ အားနည်းချင်ယောင်ဆောင်နေတာပဲ!”

အခြေအနေမဟန်တော့သည်ကို သိလိုက်သော ချန်းမုသည်လည်း သတိလက်လွတ်မဖြစ်ဝံ့ဘဲ သူ၏ ခန္ဓာကိုယ်အတွင်းရှိ အမတစွမ်းအားများကို အလျင်အမြန် စုစည်းလိုက်သည်။

ဝုန်း !!

ကြောက်မက်ဖွယ် ကောင်းသော လျှပ်စီးမိုးကြိုးများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ မိုးကြိုးမုန်တိုင်းများကြား ၊ မရေမတွက်နိုင်သော ကြယ်များသည် ၎င်၏ ဘေးပတ်ပတ်လည်တွင် မျောလွင့်လျက်ရှိသည်။

“ကောင်းကင်ကြယ် ကောင်းကင်မိုးကြိုး!”

ချန်းမု၏ ကျယ်လောင်သော ဟစ်အော်သံနှင့်အတူ ၊

ကြောက်မက်ဖွယ် ကောင်းသော လျှပ်စီးကြောင်းသည် အထက်ကောင်းကင်ယံရှိ ကောင်းကင်မြစ်ကြီး ကျဆင်းလာသကဲ့သို့ ကျယ်လောင်သော မိုးကြိုးမုန်တိုင်းများကြားတွင် ပေါက်ကွဲထွက်လာခဲ့သည်။

တခဏလေးအတွင်းမှာပင် ၊ စစ်မြေပြင်တစ်ခုလုံးကို ကြမ်းတမ်းစွာ ရိုက်ခတ်နေသော မိုးကြိုးသမုဒ္ဒရာအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။

ကျင့်ကြံမှု အားနည်းသော စစ်မှန်အမတ နယ်ပယ်အဆင့်ရှိ ကျင့်ကြံသူများစွာသည် ဤကြောက်မက်ဖွယ်ရာ စွမ်းအားကို ခုခံနိုင်စွမ်း မရှိသောကြောင့်‌ ဘေးဘက်သို့ ထွက်ပြေးရှောင်တိမ်းရန် ကြိုးစားလိုက်ကြသည်။

စစ်မြေပြင်ဗဟိုတွင် ဖွဲ့စည်းထားသော မိုးကြိုးစက်ဝန်းသည် အလွန်ကို တောက်ပပြီး မျက်စိကိုပင် စူးရှနာကျင်စေသည်။

လူကို ပို၍ ကြောက်လန့်စေသည်မှာ ရံဖန်ရံခါ ရိုက်ခတ်လာသော လျှပ်စီးကြောင်းများသည် သူတို့၏ အသားအရေကို လှုံ့ဆော်ကာ ၊ အရေပြားများကို စူးရှနာကျင်စေသည်။

“ဟားး... ဒီလောက်ထိ ကျယ်ပြန့်တဲ့ တိုက်ခိုက်မှုမျိုးကို စူးချန်ကဲရဲ့ လှုပ်ရှားမှုက ဘယ်လောက်မြန်မြန် ဒါကိုတော့ ရှောင်နိုင်မှာ မဟုတ်ဘူး!”

“အံ့အားသင့်စရာသာ မရှိရင်၊ စူးချန်ကဲ ဒီတိုက်ခိုက်မှုအောက်မှာ ကျဆုံး.....”

ထိုစဉ်၊ လူတိုင်း၏ အသံများ ရပ်တန့်သွားပြီး မျက်နှာအမူအရာများသည် နောက်တစ်ဖန် ပြောင်းလဲသွားကြသည်။ လူတိုင်းက မိုးကြိုးစက်ဝန်း၏ အလယ်ဗဟိုကို မယုံနိုင်သော အမူအရာများဖြင့် ကြည့်ရှုနေကြသည်။

ကြမ်းတမ်းစွာ ပေါက်ကွဲနေသော မိုးကြိုးစက်ဝန်း၏ ဗဟိုချက်တွင်၊ ဝတ်ရုံဖြူနှင့် လူတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။

လှိုင်းထန်နေသော မိုးကြိုးသမုဒ္ဒရာအောက်တွင် ၊ ထိုအဖြူရောင် ဝတ်စုံရှင်သည် ရှေးဟောင်းနတ်ဘုရားတောင်ကြီးကဲ့သို့ ကြီးကျယ်ခမ်းနားစွာဖြင့် မလှုပ်မယှက်ရှိနေသည်။

“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.....!?”

“ချန်းမု!”

သူ့ အနေဖြင့် စဉ်းစားရန်ပင် အချိန်မရလိုက်ဘဲ ယွမ်ချန်းဟုန်၏ ဟိန်းဟောက်သံကို ကြားလိုက်ရသည်။

“မင်း ဘာတွေတွန့်ဆုတ်နေသေးတာလဲ! အင်အားအပြည့်သုံးပြီး တိုက်ခိုက်လေ!”

ယခုအချိန်တွင် ဖြစ်ပျက်နေသည့် မြင်ကွင်းသည် ယွမ်ချန်းဟုန်၏ နားလည်နိုင်စွမ်းထက် လုံးဝ ကျော်လွန်သွားပြီဖြစ်ကာ၊ စူးချန်ကဲ ၏ အင်အားသည် သူတွေးထားသည်ထက် ကျော်လွန်နေခဲ့သည်။

အကယ်၍ ချန်းမုသာ သူ့စွမ်းအားကို ချက်ချင်း ထုတ်မသုံးဘူးဆိုပါက ၊ အစွမ်းကုန် အားထုတ်၍ တိုက်ခိုက်ခဲ့မည်ဆိုရင်တောင် အခွင့်အရေး ရှိတော့မည် မဟုတ်။ စူးချန်ကဲ၏ နှိမ်နင်းသတ်ဖြတ်မှုကို ခံရပေလိမ့်မည်။

၎င်း၏သေဆုံးမှုအတွက် ပြဿနာ မရှိသော်လည်း၊ သို့သော် ဆုံးရှုံးရမည်မှာ ထျန်းယွမ်နတ်ဘုရားမင်းဆက် ၏ ဂုဏ်သိက္ခာ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ၊ ယွမ်ချန်းဟုန်၏ ဟိန်းဟောက်မှုအောက်တွင် ၊

ချန်းမုသည်လည်း ရုတ်တရက် သတိပြန်ကပ်လာသည်။

“ကောင်းကင်ကြယ် နတ်ဘုရားမီးစက်ဝန်း၊ ဖွင့်!!!”

ဝုန်း !!

အဆုံးမရှိသော မိုးကြိုးနဂါးများသည် အာကာသကို ဖြတ်သန်းကာ ကောင်းကင်ယံမှ ကျဆင်းလာသည်။ ကမ္ဘာကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေသော မိုးကြိုးများ၏ စုဝေးမှုအောက်တွင် ၊ တောက်ပသော အလင်းတန်းများ ဖြာထွက်နေသည့် ရှေးဟောင်းကြယ်ကိုးလုံး ဖြစ်ပေါ်လာခဲ့သည်။

ကြယ်ကိုးလုံး၏ ရောင်ပြန်ဟပ်မှုအောက်တွင်၊ ချန်းမုသည် ဤလောက၌ အတုမရှိသော ပြိုင်ဘက်ကင်းသူ တစ်ယောက်ကဲ့သို့ပင်။

“စူးချန်ကဲ! မင်း ငါ့လက်ချက်နဲ့ သေလိုက်တော့!”

ချန်းမုသည် သက်ညှာမှုမရှိ အင်အားအပြည့် ထုတ်သုံးလာခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများသည် လူ့လောကကို ဖြတ်သန်းသွားသော ဧရာမ ဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီး ၊ စူးချန်ကဲ ၏ ဦးတည်ရာဆီသို့ ပြင်းထန်စွာ ထိုးနှက်ဝင်ရောက်လာခဲ့သည်။

သို့သော်......

လူတိုင်း မျှော်လင့်ထားသည့် မိုးမြေတစ်ခွင်လုံးကို တုန်လှုပ်သွားစေမည့် ပေါက်ကွဲသံမျိုး ထွက်ပေါ်မလာခဲ့ချေ။

လောကကြီးတစ်ခုလုံးသည် ထူးဆန်းသော တိတ်ဆိတ်မှုတစ်ခုထဲသို့ ကျရောက်သွားဟန် ရှိသည်။

လျှပ်စီးမိုးကြိုးများသည် ဆက်လက်လှိုင်းထန်နေဆဲ ဖြစ်သော်လည်း၊ မိုးခြိမ်းသံ တချက်မျှ မရှိပေ။

လူတိုင်း မျက်လုံးပြူးမျက်စံပြူးဖြင့် ဦးတည်ရာတစ်ခုဆီသို့ တစ်ပြိုက်နက်တည်း ကြည့်ရှုနေကြသည်။

ဧရာမ မိုးကြိုးဓား၏ လွှမ်းမိုးမှုအောက်တွင်၊ ပုရွက်ဆိတ်တစ်ကောင်လောက် သေးငယ်သော ပုံရိပ်တစ်ခု ရပ်နေသည်ကို မြင်လိုက်ရသည်။

သို့သော် ယခုအချိန်တွင်၊ ထိုသူသည် သူ့ဘယ်လက်ကို နောက်တွင် ပစ်ထားပြီး ၊ ညာဘက်လက်ကိုသာ ဆန့်ထုတ်ထားသည်။

တိတိကျကျဆိုရလျှင်ဖြင့် ၊ ဓားကို သူ၏လက်ညိုးနှင့် လက်ခလယ်တို့ဖြင့် ညှပ်ကိုင်ထားသည်။

လောကကြီးကို ဖျက်ဆီးရန် ပြင်ဆင်နေသည့် မိုးကြိုးများကို သူ၏လက်ချောင်း နှစ်ချောင်းတည်းဖြင့် ဖိနှိပ်ထားဟန် ရှိသည်။

လူတိုင်း၏ စူးရှသော အကြည့်များကြားတွင်၊ စူးချန်ကဲ၏ အေးစက်သော အသံသည် ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။

“ဟားးး... ချန်းမု၊ မင်းလိုအမှိုက်က ငါ့ရဲ့ ပြိုင်ဘက်ဖြစ်မယ်လို့ ထင်နေတာလား”

ထိုစကားများ ပြောပြီးသည်နှင့်၊

စူးချန်ကဲသည် သူ၏ အေးစက်သော လက်ချောင်းထိပ်ကို ပေါ့ပါးစွာဖြင့် အားစိုက်ညှစ်လိုက်သည်။

All Chapters