ငါ့မျက်လုံးထဲမှာ မင်းက ဘုရင်လို့ ခေါ်ဖို့ မထိုက်တန်ဘူး
Vol. 58 Ch. 761
ဤမြင်ကွင်းကို မြင်တွေ့ပြီးနောက်၊ ထျန်းဟိုင်ဓားဂိုဏ်း မှ ကျင့်ကြံသူများမှာလည်း အလားတူ ထိတ်လန့်တုန်လှုပ်နေကြသည်။
“ခုနလေးတင် စူးချန်ကဲ အသုံးပြုလိုက်တဲ့ ဓားအတတ်က ဘယ်လိုလဲ..... သူ ဓားထုတ်တဲ့ လှုပ်ရှားမှုကိုတောင် ငါ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရဘူး!”
ယွင်ချင်းဟုန်သည် ထိတ်လန့်စွာဖြင့် ဆိုလိုက်သည်။
“ချန်းမုတစ်ယောက်လုံးကို အသားတုံးဖြစ်တဲ့အထိ ခုတ်ပိုင်းဖို့ဆိုရင် အနည်းဆုံးတော့ စူးချန်ကဲ က ဓားရာနဲ့ချီ ထုတ်ခဲ့မှာပဲ မဟုတ်လား”
“မဟုတ်ဘူး၊ မင်းပြောတာ မမှန်ဘူး”
စကားနည်းသော လင်းဟန်သည်လည်း ဝင်ရောက် ပြောဆိုလာခဲ့သည်။
“သူက အစအဆုံး ဓားသုံးဆယ့်ခြောက်ချက်ပဲ ထုတ်သုံးခဲ့တာ “
ဤစကားများ ထွက်လာသည်နှင့် ၊
ထျန်းဟိုင်ဓားဂိုဏ်း မှ ကျင့်ကြံသူများမှာ နောက်တစ်ဖန် ထိတ်လန့်တုန်လှုပ်သွားကြသည်။
ဟမ်?
သုံးဆယ့်ခြောက်ချက်?
သုံးဆယ့်ခြောက်ချက်မျှဖြင့် ချန်းမုကို ဤမျှအထိ စုတ်ပြဲအောင် ခုတ်ပိုင်းနိုင်ခဲ့လေသလော။
ဒီကောင် စူးချန်ကဲ ဘယ်လိုလုပ်ပြီး လုပ်နိုင်ရတာလဲ?
ထျန်းဟိုင်ဓားဂိုဏ်း မှ ဓားသမားများ၏ စိတ်ထဲက သံသယကို သိမြင်နေသကဲ့သို့ လင်းဟန် သည် ထူးထူးခြားခြား ရှင်းပြလာခဲ့သည်။
“စူးချန်ကဲ ရဲ့ သုံးဆယ့်ခြောက်ချက်က မရိုးရှင်းဘူး ၊ ချန်းမုရဲ့ ခန္ဓာကိုယ်ပေါ်က သေစေနိုင်တဲ့ အပ်စိုက်မှတ် ၃၆ ခုနဲ့ တစ်ထပ်တည်း ကိုက်ညီတယ်...”
“ အဲ့ဒီသုံးဆယ်ခြောက်မှတ်ကို ဗဟိုပြုပြီး ဓားစွမ်းအင်တွေကို ထည့်သွင်းလိုက်တယ် ၊ နောက်ဆုံး အဲ့အမှတ်တွေကနေ တဆင့် ဓားစွမ်းအင်တွေက ချန်းမုရဲ့ ခန္ဓာကိုယ်အတွင်းမှာ အပြန်အလှန် ဖြတ်သန်းစီးဆင်းတယ်”
“ သူတို့ကြားမှာ ပြီးပြည့်စုံတဲ့ ချိတ်ဆက်မှုတစ်ခု တည်ဆောက်ပြီးတာနဲ့ ဓားစွမ်းအင်က လုံးဝပေါက်ကွဲထွက်လာလိမ့်မယ်..ပြီးတာနဲ့ ချန်းမုရဲ့ ခန္ဓာကိုယ်ကို အစိတ်စိတ်အမြွှာမြွှာ ခုတ်ပိုင်းပစ်လိမ့်မယ်.....”
ဤစကားများ ထွက်လာပြီးနောက်၊
ထျန်းဟိုင်ဓားဂိုဏ်း မှ ဓားသမားများသည် နားလည်သဘောပေါက်သွားဟန် ရှိသည်။
“လင်း အစ်ကိုကြီးလို့ မပြောရဘူး ၊ ဒီလို ဓားလမ်းစဉ် ပင်ကိုယ်အစွမ်းအစကို ကျွန်တော်တို့ တကယ်ပဲ လိုက်မမီနိုင်ဘူး!”
သူတို့သည် လင်းဟန်အား လေးစားကြည်ညိုမိသော အကြည့်များဖြင့် လှမ်းကြည့်လိုက်ကြသည်။
သူတို့အားလုံးသည် ထိုတိုက်ကွက်၏ အသေးစိတ်ကို မမြင်နိုင်ခဲ့ကြဘဲ လင်းဟန် တစ်ယောက်တည်းသာ တစ်ချက်တည်းဖြင့် ထိုးထွင်းသိမြင်နိုင်ခဲ့သည်။ ဤသည်က လင်းဟန်၏ ကြောက်မက်ဖွယ်ရာ ဓားလမ်းစဉ် ပင်ကိုယ်အစွမ်းအစကို ဖော်ပြရန် လုံလောက်သည်။
သို့သော် ထိုစကားများကို ကြားလိုက်ရသော လင်းဟန်သည် မထိန်းနိုင်ဘဲ ခါးသီးစွာ ရယ်မောလိုက်သည်။
“ဟားး... မင်းတို့ ငါ့ကို မြှောက်ပင့်နေတာ ရပ်လိုက်ကြ “
“ချန်ကဲ ဆက်ခံသူ ခုနလေးတင် ပြသခဲ့တဲ့ ဓားလမ်းစဉ် ပင်ကိုယ်အစွမ်းအစက ...”
“ငါ့ထက် မနိမ့်ဘူးလို့ ပြောရမှာပဲ!”
ထိုစကားများကို ကြားလိုက်ရချိန်တွင် ၊ ထျန်းဟိုင်ဓားဂိုဏ်း မှ ဓားသမားများ၏ စိတ်ထဲတွင် ကြီးမားသော လှိုင်းလုံးကြီးတစ်ခု ရိုက်ခတ်သွားခဲ့သည်။
“ အစ်ကိုကြီး လင်းဟန် ခင်ဗျား.......”
ထျန်းဟိုင်ဓားဂိုဏ်း ၏ သမိုင်းတစ်လျှောက် အထူးချွန်ဆုံးသော ကောင်းကင်ဓားအမွေခံ အဖြစ်၊ လင်းဟန်သည် ထျန်းဟိုင်ဓားဂိုဏ်း ၏ ဂုဏ်ကျက်သရေကို ပြန်လည်ထွန်းတောက်လာစေရန် ကြီးကျယ်မြင့်မြတ်သော တာဝန်ကို ထမ်းပိုးထားပြီး ၊ ထျန်းဟိုင်ဓားဂိုဏ်း၏ အကြီးအကဲများစွာကလည်း သူ့ကို အလွန်လေးစားကြသည်။
ဓားလမ်းစဉ်အရာ၌ အတုမရှိ၊ သက်ရှိအပေါင်းတို့ကို ငုံ့ကြည့်ကာ တစ်ကိုယ်တည်းဓားတစ်လက်ဖြင့် လောကရှိ အရာအားလုံးကို ခုတ်ပိုင်းနိုင်သည်။
သူရဲကောင်းစိတ်ဓာတ်ဖြင့် ပြည့်နှက်နေသော ဤပြိုင်ဘက်ကင်း ဓားသမားသည်ပင် စူးချန်ကဲ၏ ဓားလမ်းစဉ်ပါရမီသည် သူ့ကိုယ်ပိုင် ဓားလမ်းစဉ်ပါရမီထက် မနိမ့်ကြောင်း ဝန်ခံခဲ့သည်။
သို့သော်၊ ဂိုဏ်းတူညီအစ်ကိုများ၏ ထိတ်လန့်သော အကြည့်များကို လင်းဟန်သည် မမြင်ချင်ယောင် ဆောင်ကာ ၊ စူးချန်ကဲ၏ ဦးတည်ရာဘက်သို့ ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။
“ ငါတောင် သူ့ရှေ့မှာ ရှုံးနိမ့်နိုင်တယ်.....”
………
“ ဒါ ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရတာလဲ!?”
ယခုအချိန်တွင် ယွမ်ချန်းဟုန်၏ စိတ်ထဲတွင် ထိန်းမနိုင်သော ဒေါသမီးတောက်များ တောက်လောင်နေသည်။
“ချန်းမု က မဟာလမ်းစဉ် နတ်ဘုရားခန္ဓာကို ပိုင်ဆိုင်ထားတဲ့သူလေ၊ သူ့ရဲ့ ကျင့်ကြံမှုနဲ့သာဆိုရင်.... ဘယ်လိုလုပ်..... ဘယ်လိုလုပ်ပြီး စစ်မှန်အမတ နယ်ပယ် အဆင့်(၆)ပဲ ရှိသေးတဲ့သူက.....”
စိတ်ထဲ၌ ဒေါသတကြီး ကျိန်ဆဲနေစဉ် ၊ သူသည် ရုတ်တရက် တုန်လှုပ်သွားသည်။ “အန္တရာယ်” ဆိုသည့် စာလုံးတစ်လုံးသည် သူ၏ ဦးခေါင်းထက်သို့ ရောက်ရှိလာမှန်း ခံစားလိုက်ရသည်။
ထိုအချိန်တွင် စူးချန်ကဲသည် ခေါင်းလှည့်လာပြီး ၊ သူ၏ မျက်နှာအမူအရာသည် မထီမဲ့မြင်ဟန်ဖြင့် ရှိနေသော်လည်း ယဉ်ကျေးသိမ်မွေ့သော လေသံဖြင့် ယွမ်ချန်းဟုန်ကို ပြောလိုက်သည်။
“ကဲ .. ငါ မင်းရဲ့ လက်အောက်ငယ်သားကို ဖြေရှင်းပြီးပြီ”
“မင်း ကြောက်နေရင်လည်း မင်းရဲ့ အားကိုးရတဲ့ လက်အောက်ငယ်သားတွေကို ဆက်လာခိုင်းလိုက်”
“ ဪ ..ဒါနဲ့ အတူတူ တက်လည်း ရတယ်နော်”
စူးချန်ကဲ သည် ဂရုမစိုက်သော မျက်နှာထားဖြင့် ရှိနေပြီး ၊ သူ၏ နှုတ်ခမ်းထောင့်က အပြုံးသည် ပို၍ ထင်ရှားလာသည်။
“ဘာပဲဖြစ်ဖြစ်၊ အမှိုက်က အမှိုက်တွေပဲ ...ဘယ်လောက်ပဲ အရေအတွက်များများ အမှိုက်ပဲ ဖြစ်နေဦးမှာပဲ”
ဤစကားများကို ကြားပြီးနောက် ၊
ထျန်းယွမ်နတ်ဘုရားမင်းဆက် မှ ပါရမီရှင်များ၏ မျက်နှာအမူအရာများသည် နောက်တစ်ဖန် ပြောင်းလဲသွားပြီး ၊ စိတ်ထဲက ကြောက်ရွံ့မှုသည် ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
ယင်းအစား နဖူးပေါ်က သွေးပြန်ကြောများ ထောင်တတ်လာသည်အထိ မျက်လုံးများ နီမြန်းလာကာ အဆုံးစွန်သော အမုန်းတရားများက အစားထိုး ဝင်ရောက်လာခဲ့သည်။
အထူးသဖြင့် ၎င်းတို့၏ မျက်လုံးထဲတွင် တောက်လောင်နေသော ဒေါသမီးလျှံများသည် စူးချန်ကဲ အား တစ်စစီ ဆုတ်ဖြဲပစ်ချင်နေပုံရသည်။
“စူးချန်ကဲ ဆိုတဲ့ကောင် မိုက်ရိုင်းလွန်းတယ်!”
ထျန်းယွမ်နတ်ဘုရားမင်းဆက် မှ ပါရမီရှင်များသည် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
“ယွမ်ဟုန် မင်းသား၊ စူးချန်ကဲ ဆိုတဲ့ ကောင်က ကျွန်တော်တို့ အားလုံးကို စိန်ခေါ်ချင်တယ်ဆိုမှတော့ သူ့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရုံပေါ့ “
သို့သော် ဤတစ်ကြိမ်တွင် ယွမ်ချန်းဟုန် သည် လက်ကာပြကာ သူ့နောက်မှ လူများကို တိတ်ဆိတ်ခိုင်းလိုက်သည်။
ထို့နောက် အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
“အရင်က ငါဟာ စူးချန်ကဲ ဆိုတဲ့ကောင်ကို ဒီတိုင်း လူရွှင်တော်တစ်ယောက်လို့ပဲ ထင်ခဲ့တာ “
“ဒါပေမဲ့ အခုအခြေအနေအရ ၊ သူက ပါရမီရှင်တွေထဲက ဘုရင်တစ်ပါးလို့ ဆိုနိုင်တယ်”
ထိုသို့ပြောရင်း၊ ယွမ်ချန်းဟုန်သည် ရှေ့ထွက်လာသည်။ သူ၏ မျက်လုံးထဲမှ အေးစက်စက် အလင်းများ လျှပ်တပြတ် တောက်ပသွားသည်မှာ ဒေါသလား အေးစက်သော အမူအကျင့်လား ပြောရခက်ပေသည်။
“ ဒါပေမဲ့ ဘုရင်အချင်းချင်း တွေ့ရင်၊ တစ်ယောက်ယောက်တော့ သေရမှာပဲ”
ထိုစကားကို ကြားလိုက်ရသော စူးချန်ကဲသည် မျက်ခုံးတဖက် ပင့်လိုက်သည်။
သူ မျှော်လင့်မထားသည်မှာ ဤယွမ်ချန်းဟုန်၏ ပါးစပ်ထဲမှ အဓိပ္ပာယ်ရှိသော စကားတစ်ခွန်း ထွက်လာနိုင်ခဲ့ခြင်းပင်။
“ဒါပေမဲ့ ဘုရင်အချင်းချင်း တွေ့ဖို့ဆိုတာက..”
စူးချန်ကဲ သည် စကားလမ်းကြောင်းပြောင်းကာ ပေါ့ပါးစွာ ပြုံးရယ််လိုက်ရင်း ပြောလိုက်သည်။
“ကံမကောင်းစွာပဲ၊ မင်းက ငါ့မျက်လုံးထဲမှာတော့ ဘုရင်ဆိုတဲ့ စာလုံးနဲ့ မထိုက်တန်ဘူး”
ထိုစကားများ ထွက်လာသည်နှင့်၊ လူအုပ်ကြီးမှာ အသက်ပြင်းပြင်း ရှုရှိုက်လိုက်ရပြန်သည်။
အင်အားစုသုံးဖွဲ့မှ လူများကို အမှိုက်ဟု နာမည်တပ်ခဲ့ရုံသာမက ၊ ယခု ယွမ်ချန်းဟုန်ကို ဘုရင်ဆိုသည့် စာလုံးနဲ့ မထိုက်တန်ကြောင်း ပြောခဲ့ပြန်သည်။
သို့သော် ယခုတစ်ကြိမ်တွင် မည်သူတစ်ဦးတစ်ယောက်မျှ လှောင်ပြောင်ခြင်း မရှိသလို ၊ မထီမဲ့မြင် အမူအရာများလည်း အနည်းငယ်မျှပင် မရှိချေ။
စူးချန်ကဲ သည် ချန်းမု ကို နှစ်ကွက်တည်းဖြင့် သတ်ဖြတ်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့်၊ သူသည် ယခုလို မောက်မာနိုင်သည့် အရည်အချင်း ရှိပေသည်။
“ဟားး... ငါက ဘုရင်ဆိုတဲ့ စာလုံးနဲ့ မထိုက်တန်ဘူး ဟုတ်လား”
ယွမ်ချန်းဟုန် သည် အေးစက်စွာ ရယ်မောလိုက်ပြီး ၊ သူ့လက်ကို ဆန့်ထုတ်လိုက်သည်။
ဝုန်း !!
ကြောက်မက်ဖွယ်ကောင်းသော နိယာမစွမ်းအားများသည် ကောင်းကင်မှ ကျဆင်းလာသော နဂါးငွေ့တန်းတစ်ခုသဖွယ် ပေါက်ကွဲထွက်လာခဲ့သည်။
နောက်ဆုံးတွင် ၎င်းသည် ယွမ်ချန်းဟုန် ၏ လက်ဝါးထဲ၌ ဖြည်းညှင်းစွာ စုစည်းလာပြီး ၊ ငှက်သားရဲ ၊ နေလကြယ်များ စသည့် ရှေးဟောင်းပုံစံများဖြင့် ထွင်းထုထားသော သုံးခွလှံတစ်ချောင်း ဖြစ်ပေါ်လာခဲ့သည်။
ဤသည်မှာ တောင်ပင်လယ် သုံးခွလှံ ဖြစ်ပြီး၊ ယွမ်ချန်းဟုန်၏ သက်စောင့် အမတလက်နက် ဖြစ်သည်။ ကောင်းကင်အလွန်ရှိ သံမဏိဖြင့် ပြုလုပ်ထားပြီး ၊ ၎င်းတွင် ပါရှိသော နတ်ဘုရားဂုဏ်သတ္တိများသည် တမူထူးကဲစွာ တောက်ပနေသည်။
သုံးခွလှံကို ကိုင်ဆောင်ထားသော ယွမ်ချန်းဟုန်သည် ပြန်လည်မွေးဖွားလာသော စစ်နတ်ဘုရားတစ်ပါးနှင့် တူပြီး ၊ အတုမရှိသော အရှိန်အဝါတို့ကို ထုတ်ဖော်ပြသနေသည်။
“ကျင့်ကြံလမ်းကြောင်း ကို စတင် လျှောက်လှမ်းကတည်းက ငါဟာ တိုက်ပွဲ ကိုးဆယ့်ကိုးပွဲ ကို ဆင်နွှဲခဲ့ပြီး တခါမှ မရှုံးဖူးသေးဘူး”
ထိုစကားများကို ပြောရင်း၊ ယွမ်ချန်းဟုန် သည် တောင်ပင်လယ် သုံးခွလှံ ကို ကိုင်ဆောင်ကာ၊ စတင် ဝှေ့ယမ်းလိုက်သည်။
သုံးခွလှံကို ဝှေ့ယမ်းလိုက်သည်နှင့် ၊ ဟင်းလင်းပြင်တွင် လှိုင်းဂယက်များ ဖြစ်ပေါ်လာပြီး၊ ကြီးမားသော နဂါးတစ်ကောင်သည် သူ၏ ဘေးပတ်ပတ်လည်တွင် လှည့်လည်သွားလာနေသည်။
“ ဒီနေ့မှာတော့ မင်းဟာ ချွင်းချက်မရှိ ငါ့ရဲ့ လက်အောက်မှာ တစ်ရာမြောက် ရှုံးနိမ့်သူ ဖြစ်လာလိမ့်မယ်!”
“ ကောင်းကင်ဘုံကိုးထပ်တွင် ကခုန်လေသော နဂါး!!!”
ထိုစကားသံအဆုံးတွင် ၊
ယွမ်ချန်းဟုန်သည် ရှေ့သို့တစ်လှမ်းတိုးကာ လက်ထဲရှိ တောင်ပင်လယ် သုံးခွလှံကို ဝှေ့ယမ်းကာ၊ စူးချန်ကဲ၏ ခေါင်းကို ခုတ်ပိုင်းချလိုက်သည်။