← Chapters

ယွမ်ချန်းဟုန် ကျဆုံးခြင်း

Vol. 58 Ch. 768

ယွမ်ချန်းဟုန် ကျဆုံးခြင်း

Vol. 58 Ch. 768

ထိုစကားသံ အဆုံးတွင် ၊

ယွမ်ချန်းဟုန်၏ မျက်နှာအရောင်သည် ချက်ချင်း ဖြူဖျော့သွားပြီး၊ မျက်လုံးများသည် နာကျင်မှုနှင့် အလွန်အမင်း ကြောက်ရွံ့မှုတို့ကြောင့် ဆယ်ဆထက်မက ပြူးကျယ်သွားသည်။

“စူးချန်ကဲ မင်း.....”

သို့သော် သူ၏ စကားမဆုံးခင်မှာပင် ၊

ချွင်——

အေးစက်သော ဓားသွားသံတစ်ချက်သည် သူ၏ ကြောက်လန့်တကြား စကားလုံးများကို ရုတ်တရက် ဖြတ်တောက်ပစ်ခဲ့သည်။

ရွှမ်း ရွှမ်း !!

တောက်ပသော ဓားအလင်း နှစ်ချက်သည် ယွမ်ချန်းဟုန်၏ ခြေထောက်များကို ဖြတ်တောက်ပစ်လိုက်သည်။

အသွေးအသားများ စုတ်ပြဲသံနှင့်အတူ ၊ ပူပြင်းသော သွေးများ ပန်းထွက်လာလေ၏။

စူးချန်ကဲ၏ ဓားချက်တွင် ဗလာနိတ္ထိစွမ်းအား တစ်မျှင် ပါဝင်သောကြောင့်၊ ယွမ်ချန်းဟုန်၏ အားကောင်းသော ရုပ်ခန္ဓာသည်ပင် ၎င်းကို မတားဆီးနိုင်ခဲ့ပေ။

“အားအားအား!!!”

မြေအောက်ငရဲမှ ထွက်ပေါ်လာသော အော်ဟစ်သံသည် မိုးမြေတစ်ခွင်လုံး ပဲ့တင်ထပ်သွားပြီး၊ စစ်မြေပြင်ကို ခဏတာ တိတ်ဆိတ်သွားစေသည်။

ဤကြောက်မက်ဖွယ် အော်ဟစ်သံကို ကြားလိုက်ရသူတိုင်း ခန္ဓာကိုယ်တစ်ခုလုံး ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားကြသည်။

“စူးချန်ကဲ! မင်း သေချင်နေတာပဲ!”

ထိုမြင်ကွင်းကို မြင်လိုက်ရသော ထျန်းယွမ်နတ်ဘုရားမင်းဆက် မှ ပါရမီရှင်အချို့သည် ဒေါသကြောင့် မျက်လုံးများပင် နီမြန်းလာခဲ့သည်။

အစွမ်းထက်သော မှော်အတတ်များကို ချက်ချင်းလက်ငင်း အသက်သွင်းကာ ၊ ကွေးယွမ်အမတဂိုဏ်း မှ လူများ၏ ပိတ်ဆို့မှုကို ဖောက်ထွက်ပြီး သူတို့၏ မင်းသားကို ကယ်တင်ရန် ကြိုးစားခဲ့ကြသည်။

သို့သော်၊ ကွေးယွမ်အမတဂိုဏ်းမှ ပါရမီရှင်များသည် သူတို့ကို အခွင့်အရေး မပေးချေ။

“ကိုးကွေ့ နတ်ဘုရားဆင်းသက်ခြင်း!”

ဝမ်မင်သည် သူ၏ကိုးကွေ့ စစ်နတ်ဘုရားခန္ဓာကိုယ် ကို ချက်ချင်းလက်ငင်း အသက်သွင်းလိုက်သည်။

စစ်မြေပြင်တွင် ကြယ်ရောင်များ တောက်ပစွာ ထွန်းလင်းလာပြီး၊ ထူးဆန်းသော ဖြစ်စဉ်များ ပေါ်ပေါက်လာသည်။

မဟာလမ်းစဉ် အမှတ်အသား ကိုးခုသည် ဟင်းလင်းပြင်တွင် ထွက်ပေါ်လာပြီး၊ တစ်ခုနှင့် တစ်ခု အပြန်အလှန် ချိတ်ဆက်သွားသည်။

ဝီ!!

နောက်အခိုက်အတန့်တွင် ၊ အမှတ်အသား ကိုးခုသည် တောက်ပစွာ ထွန်းတောက်လာပြီး ၊ ယင်းအတွင်းမှ အလွန်ရှေးကျသော မဟာလမ်းစဉ် ရုပ်သွင်ကိုးခု ထွက်ပေါ်လာခဲ့သည်။ သူတို့ ပေါ်ထွက်လာသည်နှင့် ကောင်းကင်ယံမှ ကြီးမားသောဖိအားတစ်ခု ကျဆင်းလာခဲ့သည်။

ဒါနဲ့တင် မပြီးသေးချေ။

“ရွှမ်ယွမ် နတ်ဘုရား နှိုးထခြင်း!”

“ဓားဆင့်ကဲဖြစ်စဉ် နှလုံးသားသို့ ပြန်လည်ရောက်ရှိခြင်း!”

နောက်ထပ် ကျယ်လောင်သော ဟစ်အော်သံ နှစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ကွေးယွမ်အမတဂိုဏ်း၏ ကြယ်စုသခင် ပါရမီရှင် နှစ်ဦး ဖြစ်သည့် ယဲ့ချုံယွဲ့ နှင့် ကျန်းဖန် တို့သည်လည်း ၎င်းတို့၏ မဟာလမ်းစဉ် နတ်ဘုရားခန္ဓာကိုယ်ကို စတင် အသက်သွင်းခဲ့ပြီ ဖြစ်သည်။

တောက်ပသော အလင်းတန်းများက သူတို့ကို ဝန်းရံထားပြီး၊ အာကာသဟင်းလင်းပြင်တွင် လှိုင်းထန်လျက် ရှိကာ နတ်ဘုရားသုံးပါး ကြွမြန်းလာလေသလား အောက်မေ့ရသည်။

သူတို့သည် ကွေးယွမ်အမတဂိုဏ်း မှ ပါရမီရှင်များစွာကို ဦးဆောင်ကာ ချက်ချင်းပင် ထျန်းယွမ်နတ်ဘုရားမင်းဆက် မှ ပါရမီရှင်များ၏ ရှေ့တွင် ရပ်လိုက်ကြသည်။

“ချန်ကဲ ဆက်ခံသူ၊ စိတ်ချ ! ဒီငါးပုပ်သင်လေးတွေကို ကျွန်တော်တို့လက်ထဲ အပ်ထားလိုက်!”

ဝမ်မင်သည် ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး ၊ ထျန်းယွမ်နတ်ဘုရားမင်းဆက်မှ ပါရမီရှင်များအား သူ၏ လက်သီးဖြင့် စတင် ထိုးနှက်လိုက်သည်။

မျက်စိတမှိတ်အတွင်းမှာပင် ၊ အခြားသော ကွေးယွမ်အမတဂိုဏ်း မှ ပါရမီရှင်များလည်း ပါဝင်လာကြပြီး ထျန်းယွမ်နတ်ဘုရားမင်းဆက်မှ ပါရမီရှင်များနှင့် တိုက်ခိုက်လေတော့သည်။

……….

ထိုမြင်ကွင်းကို မြင်လိုက်ရသော ယွမ်ချန်းဟုန်မှာ ခိုကိုးရာမဲ့စွာဖြင့် စိတ်ဓာတ်ကျသွားသည်။

ဖုန်းယွင်လှံခန်းမ နှင့် ထျန်းချန်လမ်းစဉ်ဂိုဏ်း ၏ ထိပ်တန်းပါရမီရှင်များသည် ယောင်ကွမ်အမတဂိုဏ်း မှ ပါရမီရှင်များနှင့် တိုက်ခိုက်နေသောကြောင့် သူ့ကို ကယ်ရန် အခွင့်အရေး လုံးဝ မရှိချေ။

“ ငါ ဒီနေ့ ဒီမှာပဲ သေရတော့မှာလား!?”

“ငါ မသေနိုင်ဘူး..... ငါ မသေနိုင်ဘူး! ငါက ထျန်းယွမ်နတ်ဘုရားမင်းဆက် ရဲ့ မင်းသားပဲ!!!”

ယွမ်ချန်းဟုန်၏ မျက်လုံးများသည် နီမြန်းလာကာ၊ သူသည် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်သကဲ့သို့ အံကြိတ်ကာ ပြောလိုက်သည်။

“စူးချန်ကဲ..... အရင်က ကိစ္စတွေက တကယ်ကို ငါ့အမှားပါ “

“ငါ့ရဲ့ အရင်က လုပ်ရပ်တွေအတွက် လျော်ကြေးပေးဖို့ ဆန္ဒရှိတယ်!”

“ ပြီးတော့ ၊ မင်း ငါ့ကို လွှတ်ပေးမယ်ဆိုရင်၊ ဒီနေ့ကိစ္စကို ငါတို့ ကျေအေးပေးမယ် .. ဒီကိစ္စကို ငါ့ဖခင်ဘုရင်ကိုလည်း ပြောပြမှာ မဟုတ်ဘူး!”

သူ၏ အဆင့်အတန်းကို အသုံးချကာ ခြိမ်းခြောက်ဝံ့မည်ဆိုပါက ၊ သူသည် သေချာပေါက် သေနိုင်သည်။

ထို့ကြောင့် သူသည် ဤကဲ့သို့သော နှိမ့်ချပြီး နာခံမှုရှိသော နည်းလမ်းကိုသာ အသုံးပြုနိုင်သည်။ စူးချန်ကဲသည် သူ့အား ထျန်းယွမ်နတ်ဘုရားမင်းဆက်မှ မင်းသားဆိုသည့် အဆင့်အတန်းကို ထောက်ထားကာ သူ့ကို လွှတ်ပေးမည်ဟု မျှော်လင့်နေမိသည်။

ထို့အပြင်၊ သူ၏ အဓိက ရည်ရွယ်ချက်မှာ အချိန်ဆွဲရန်ဖြစ်သည်။

သူ့တွင် ကစားပွဲကို ပြောင်းပြန်လှန်နိုင်မည့် မသုံးရသေးသော ဝှက်ဖဲနှစ်ကတ် ရှိသေးသည်။

......…..

သို့သော်၊ စူးချန်ကဲ၏ အေးစက်ပြီး ခံစားချက်မရှိသော မျက်လုံးများကို မြင်လိုက်ရချိန်တွင် ယွမ်ချန်းဟုန်၏ စိတ်ဝိညာဉ်မှာ မထိန်းချုပ်နိုင်အောင်ပင် တုန်လှုပ်သွားသည်။

ထိုမျက်လုံးများသည် လူသေတစ်ယောက်ကို ကြည့်နေသကဲ့သို့ပင်။

“စူးချန်ကဲ မင်း.....”

သို့သော် စူးချန်ကဲ သည် တဖက်လူ၏ အချည်းနှီးစကားများကို နားထောင်ရန် ပျင်းရိနေဟန် ရသည်။

ဝုန်း !!

ဗလာနိတ္ထိစွမ်းအားများဖြင့် ဖွဲ့စည်းထားသော ဗလာနိတ္ထိနယ်ပယ် သည် နောက်တစ်ဖန် ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။ တဖက်လူသည် ထိုက်ချင်တာအိုရွှမ် ခန္ဓာ ကို အသုံးပြု၍ ဒဏ်ရာများကို မကုသနိုင်စေရန် စူးချန်ကဲသည် သူ့ကို တိုက်ရိုက်ဖိနှိပ်ရန် ရွေးချယ်လိုက်သည်။

ဝှစ်!!

အေးစက်သော အလင်းတန်းတစ်ခုသည် လျှပ်တပြက် ဝင်းလက်တောက်ပသွားခဲ့သည်။

“ဖခင်ဘုရင်! အကြီးအကဲ မင် ကယ်ပါ.....”

သွေးအန်သံ!

ယွမ်ချန်းဟုန်၏ စကားသံသည် အသွေးအသားများ စုတ်ပြဲသံ နှင့် ပူပြင်းသော သွေးများ၏ ပန်းထွက်သံများကြား ပျောက်ကွယ်သွားခဲ့ရသည်။

ဦးခေါင်းတစ်လုံးသည် လေထဲသို့ မြင့်မားစွာ မြောက်တက်သွားသည်။

ပြုတ်ကျသံ!!

ဦးခေါင်းပြတ်သွားသော ခန္ဓာကိုယ်သည် အသက်ဓာတ်ကင်းမဲ့စွာဖြင့် မြေပြင်ပေါ်တွင် လဲကျသွားသည်။

ဒဏ်ရာမှ သွေးများ ပန်းထွက်လာသည့် မြင်ကွင်းသည် အတော်လေး ထိတ်လန့်စရာကောင်းပေသည်။

ဤကဲ့သို့သော အမတနယ်မြေ၏ ဒဏ္ဍာရီလာ ပါရမီရှင် တစ်ယောက်သည် ရိုးရိုးတန်းတန်း သေဆုံးသွားမည်ဆိုပါက၊ ကြီးကျယ်ခမ်းနားသော ဈာပနအခမ်းအနားတစ်ခုကို ကျင်းပရန် ထိုက်တန်ပေသည်။

သို့သော် ယခုအခါတွင်မူ သာမန်လူသားများကဲ့သို့ ဤနေရာတွင် အလွယ်တကူ သင်္ဂြိုဟ်ခံလိုက်ရချေပြီ။

………

တစ်ချိန်တည်းမှာပင် ၊ စူးချန်ကဲသည် သူ၏ဘယ်လက်ကို ဆန့်တန်းကာ အချိန်ကို တိကျစွာ တွက်ချက်ထားသကဲ့သို့ လေထဲမှ ပြုတ်ကျလာသော ယွမ်ချန်းဟုန်၏ ဦးခေါင်းကို တစ်ချက်တည်းဖြင့် ဆုပ်ကိုင်လိုက်သည်။

ယွမ်ချန်းဟုန်၏ မျက်နှာအမူအရာသည် အလွန်အမင်း အံ့အားသင့်နေသကဲ့သို့ ၊ မျက်လုံးနှစ်လုံးသည် ပြူးကျယ်ကာ၊ မျက်စိမှိတ်ရန် ငြင်းဆန်နေပုံရသည်။

စူးချန်ကဲသည် သူ့အား မင်းသားတစ်ပါး၏ အဆင့်အတန်း ကို မထောက်ငှဘဲ သတ်ပစ်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

သို့သော် ဤသည်မှာ ယွမ်ချန်းဟုန် မသေခင် ၊ ကြုံတွေ့ခဲ့ရသော အကြီးမားဆုံး ထိတ်လန့်မှု မဟုတ်ခဲ့ပေ။

ယွမ်ချန်းဟုန်ကို မယုံနိုင်အောင် ဖြစ်စေခဲ့သည်မှာ ၊

အမတနယ်မြေသို့ မထွက်ခွာမီ ၊ အမတဧကရာဇ်အဆင့်ရှိ မိမိ၏ ဖခင်ဘုရင်သည် အမတဘုရင်အဆင့်ရှိ စွမ်းအားရှင်တစ်ဦးကို မိမိ၏ ကာကွယ်စောင့်ရှောက်သူ အဖြစ် ခန့်အပ်ပေးခဲ့ရုံသာမက ၊

ထို့အပြင် နတ်ဘုရားဝိညာဉ်အမှတ်အသား တစ်ခုကို သူ့အပေါ်တွင် ချန်ထားပေးခဲ့ပြီး ၊ သူ၏ လုံခြုံရေးကို ကာကွယ်ပေးထားခဲ့သည်။

စူးချန်ကဲ၏ လက်ချက်ဖြင့် အသတ်ခံလိုက်ရသည့်တိုင် ၊ မိမိ၏ ကာကွယ်စောင့်ရှောက်သူ လည်း ပေါ်မလာခဲ့သလို မိမိဖခင်ဘုရင် မှ ချန်ရစ်ခဲ့သော နတ်ဘုရားဝိညာဉ်အမှတ်အသားသည်လည်း ပေါ်ထွန်းလာခြင်း မရှိခဲ့ပေ။

ဒါ ဘယ်လိုဖြစ်သွားတာလဲ!?

သို့သော် ၊

ယွမ်ချန်းဟုန် မသိသည်မှာ သူ၏ မျက်ခုံးအလယ်နေရာ ၊ ဆိုလိုသည်မှာ သူ့ဖခင်ဘုရင်မှ ရေးဆွဲထား‌ပေးခဲ့သော နတ်ဘုရား ဝိညာဉ်အမှတ်အသား နေရာ၌၊

အလွန်သေးငယ်သော မြစိမ်းရောင် အလင်းတန်းတစ်ခု ဝိုင်းရံနေသည် ။ ၎င်းသည် သေးငယ်လှသော်လည်း၊ မိုးမြေတစ်ခွင်ကို ဖိနှိပ်နိုင်သော အင်အားများကို ထုတ်လွှတ်လျက် ရှိသည်။

လောကရှိ မဟာလမ်းစဉ် ထောင်ပေါင်းများစွာသည် ဤအင်အား၏ ရှေ့မှောက်တွင် မထီမဲ့မြင် မပြုရဲဟန်ရှိသည်။

………

တစ်ချိန်တည်းမှာပင် ၊

လျှို့ဝှက်သော မဟာလမ်းစဉ် အာကာသအတွင်း၌၊ အချိန်နှင့်အာကာသ အပိုင်းအစများ ပျံ့လွင့်နေပြီး မဟာလမ်းစဉ် မြူခိုးများဖြင့် ဖုံးလွှမ်းနေကာ အပြိုင်စကြဝဠာတစ်ခုရှိ မြင့်မားသော ရှုထောင့်ကမ္ဘာတစ်ခုကဲ့သို့ ရှိနေသည်။

ဤအာကာသလောကထဲသို့ ဝင်ရောက်ရန် အနိမ့်ဆုံး အမတဘုရင် အဆင့်ရှိရမည်။

“ကောင်း....ကောင်းကင်းအရှင်..... အသက်ချမ်းသာပေးပါ..... ကျွန်တော်..... ကျွန်တော် မရည်ရွယ်ဘဲ စော်ကားမိတာပါ....”

ပါးစပ်ထဲတွင် သွေးများဖြင့် ပြည့်နှက်နေပြီး၊ အားနည်းနေဟန်ရှိသည့် တောင်းဆိုသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“အသက်ချမ်းသာပေးပါ .....”

သို့သော် သူ၏ စကားမဆုံးခင်မှာပင် ၊ အေးစက်သော အသံတစ်သံက ဝင်ရောက်ဖြတ်တောက်လိုက်သည်။

“ကြီးသူက ငယ်သူကို အနိုင်ကျင့်တာ မကောင်းပေမယ့်”

“ဒါပေမဲ့ ငါက စူးချန်ကဲ ရဲ့ ကာကွယ်စောင့်ရှောက်သူ ဖြစ်နေတော့ ဘယ်လိုလုပ်ကြမလဲ”

All Chapters