← Chapters

စူးချန်ကဲကို တစ်စစီ ‌ဆုတ်ဖြဲချင်နေကြသော လူအုပ်ကြီး

Vol. 58 Ch. 757

စူးချန်ကဲကို တစ်စစီ ‌ဆုတ်ဖြဲချင်နေကြသော လူအုပ်ကြီး

Vol. 58 Ch. 757

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး၊ စူးချန်ကဲ၏ စကားများသည် လူတိုင်း၏ နားထဲသို့ ရှင်းရှင်းလင်းလင်း ကျရောက်သွားသည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက်၊ ငြိမ်သက်နေသော လူအုပ်ကြီးသည် ရုတ်တရက် ဆူညံပွက်လောရိုက်သွားလေသည်။

သတိပြန်ကပ်လာသော အင်အားစုသုံးဖွဲ့မှ ပါရမီရှင်တပည့်များသည် ဒေါသကြောင့် မျက်နှာများ နီရဲလာပြီး၊ စိတ်ထဲတွင် အဆုံးမရှိသော ဒေါသမီးများ တိုးဝင်လာခဲ့သည်။

လူတိုင်း လက်သီးများကို တင်းတင်းဆုပ်ကာ စူးချန်ကဲအား ဒေါသတကြီး စိုက်ကြည့်နေကြသည်။

ဖုန်းယွင်လှံခန်းမ၊ ထျန်းချန်လမ်းစဉ်ဂိုဏ်း၊ ထျန်းယွမ်နတ်ဘုရား မင်းဆက် စသည့် အင်အားစု သုံးဖွဲ့စလုံးသည် အမတနယ်မြေ တစ်ခုလုံးတွင် နာမည်ကျော်ကြားသော တည်ရှိမှုများ ဖြစ်ပေသည်။

ဤနေရာသို့ ရောက်ရှိနေသူတိုင်းသည် လူငယ်မျိုးဆက်သစ်များကြားတွင် ထူးချွန်သူများ ဖြစ်သည်ကို ထည့်မဆိုခင် ၊

သူတို့၏ ထူးကဲသော အရည်အချင်း နှင့် ကျင့်ကြံမှုတစ်ခုတည်းဖြင့် ကျင့်ကြံသူများစွာ၏ လေးစားမှုကို ရရှိထားကြသူများ ဖြစ်သည်။

သို့သော် စူးချန်ကဲ၏ စကားများသည်...

ဒါ လူကို အထင်သေးလိုက်တာပဲ မဟုတ်လား!?

“အမှိုက်” ဟူသော စကားလုံးနှစ်လုံးသည် စူးချန်ကဲ၏ အဆုံးမရှိသော မာန်မာနထောင်လွှားမှုကို ဖော်ပြနေရုံသာမက ၊ သူတို့ကို လွန်စွာ အရှက်ရစေသည်။

“စူးချန်ကဲ! မင်း သေချင်နေပြီပဲ!!!”

ယွမ်ချန်းဟုန် နှင့် အင်အားစုသုံးခုမှ ထိပ်တန်းပါရမီရှင်များသည် တစ်ပြိုင်နက်တည်းနီးပါး ဒေါသတကြီး အော်ဟစ်လိုက်ကြသည်။

ဝုန်း !!

အမတစွမ်းအားများသည် သူတို့၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာပြီး ၊ ဟင်းလင်းပြင်ကိုပင် ရွဲ့စောင်းသွားစေသည်။

အတိုင်းမရှိသော သတ်ဖြတ်လိုစိတ်များ ထကြွလာပြီး ၊ ပတ်ဝန်းကျင်ရှိ အပူချိန်ကိုပင် ရုတ်တရက် ကျဆင်းသွားစေကာ လူကို အဆုံးမရှိသောရေခဲဂူထဲသို့ ကျရောက်သွားစေသည့်အလား ခံစားရစေသည်။

“အမ်..... ချန်ကဲ ဆက်ခံသူရဲ့ ဒီစကားက အရမ်းမောက်မာလွန်းတယ်! အင်အားစုသုံးဖွဲ့စလုံးက ပါရမီရှင်တွေကို.... အမှိုက်တွေတဲ့လား!?”

“ဒီပြောဆိုချက်က၊ အမတနယ်မြေ တစ်ခုလုံးကိုတောင် ပွက်လောရိုက်သွားနိုင်တယ်! ဒီလိုစကားမျိုး ပြောနိုင်သူက စူးချန်ကဲ တစ်ယောက်တည်းသာ ရှိလိမ့်မယ်!”

“ဟားးး..... ငါကတော့ ဒီ စူးချန်ကဲ မှာ အစွမ်းအစ နည်းနည်းပါးပါး ရှိမယ်လို့ ထင်ထားခဲ့တာ..အခုတော့ ဒီတိုင်း လူရွှင်တော် တစ်ယောက်ပဲ!

လူအုပ်ထဲတွင် ဖုံးကွယ်နေသော ထျန်းယွီလော့ရုံသည် မထီမဲ့မြင် အကြည့်ဖြင့် အေးစက်စွာ ရယ်မောလိုက်သည်။

သူမသည် စူးချန်ကဲ၏ ခန္ဓာကိုယ်အတွင်းရှိ ငြိမ်သက်နေသော ကြောက်မက်ဖွယ် အင်အားကို ခံစားမိသော်လည်း၊ သို့သော် ဤပြောဆိုချက်သည် မာန်မာနထောင်လွှားလွန်းသည်။

သူ့စကား၏ ဆိုလိုရင်းမှာ-

သူ တစ်ယောက်တည်းဖြင့် ဤနေရာရှိ အင်အားစုသုံးဖွဲ့မှ လူအားလုံးကို ဖိနှိပ်နိုင်ကြောင်း ယုံကြည်ချက်ရှိသည်ဟု ဆိုလိုခြင်းပင် မဟုတ်လော။

ကောင်းကင်အမတ နယ်ပယ်အဆင့်ရှိ စွမ်းအားရှင်များပင် ဤနေရာတွင် ထိုကဲ့သို့ ချဲ့ကားပြောဆိုရဲမည် မဟုတ်ပေ။

စစ်မှန်အမတ နယ်ပယ် အဆင့်(၆) ပဲ ရှိသေးတဲ့ လူတစ်ယောက်က ဒီလိုပြောသတဲ့လား ?

……….

အခြားတစ်ဖက်တွင် ၊

ထိုမြင်ကွင်းကို ကြည့်ရှုနေသော ထျန်းဟိုင်ဓားဂိုဏ်း မှ ယွင်ချင်းဟုန်သည်လည်း ထိတ်လန့်သွားပြီး သူ့ဘေးနားက ဝူကျီအောက်ထျန်းကို လှမ်းမေးလိုက်သည်။

“ညီလေး အောက်ထျန်း.... မင်းလည်း စူးချန်ကဲ ရဲ့ အသိမိတ်ဆွေဟောင်းပဲ”

တံတွေးတစ်ချက် မျိုချလိုက်ပြီးနောက်၊ ယွင်ချင်းဟုန် သည် ဆက်ပြောလိုက်သည်။

“စူ....စူးချန်ကဲ က... အမြဲတမ်း ဒီလိုပဲမာနကြီးတဲ့သူလား “

စူးချန်ကဲ ယခင်က ပြသခဲ့သော ဓားလမ်းစဉ် စွမ်းရည်သည် အင်မတန် အားကောင်းသော်လည်း ၊

သို့သော် အင်အားစုသုံးဖွဲ့စလုံးမှ ပါရမီရှင်အားလုံးကို အမှိုက်ဟု ပြောလိုက်ခြင်းသည် အရမ်းကို မောက်မာလွန်းသည်။

ထိုစကားကိုကြားလိုက်ရသော ဝူကျီအောက်ထျန်း၏ မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

မာနကြီးတယ်! အဲ့လိုလုပ်နိုင်တဲ့ အရည်အချင်းရှိလို့ ကြီးတာလေ!

တိုက်မြေ သုံးထောင်၌ ၊ သူနှင့် သက်တူရွယ်တူများကြား အတုမရှိသော ပြိုင်ဘက်ကင်းသူ တစ်ယောက် ဖြစ်လာခဲ့ပြီး ၊ အဆုံးတွင် နယ်မြေပြင်ပစစ်မြေပြင်ကို တိုက်မြေ သုံးထောင်နှင့် ပေါင်းစပ်ကာ တားမြစ်ကုန်းပြင်မြင့်ကို နင်းချေခဲ့သည်။ ဤသို့ဖြင့် သူသည် သက်ရှိအပေါင်းတို့၏ လေးစားခံရသော ထာဝရထျန်းတိ့ တစ်ပါး ဖြစ်လာခဲ့သည်။

အဲ့လိုလူမျိုးက မာနမကြီးဘဲ ရှိမလား?

အကယ်၍ သူသည်လည်း စူးချန်ကဲ ကဲ့သို့ စွမ်းဆောင်ရည်ကို ပိုင်ဆိုင်ခဲ့မည်ဆိုပါက ၊ သူသည် စူးချန်ကဲထက်ပင် ပို၍ မာနကြီးပေလိမ့်မည်။

သို့သော် မိမိသည် ကုံလမ်းစဉ်၏ ဆက်ခံသူအနေဖြင့် ၊ ဤစကားမျိုး ပြောရန် မသင့်တော်ပေ။

“ အစ်ကိုကြီး ယွင် ၊ ကျွန်တော်ပြောပြမယ်”

ဝူကျီအောက်ထျန်း က ခါးသီးသော အပြုံးဖြင့် ဆိုလိုက်သည်။

“တခြားသူတွေ ဒီလိုစကားမျိုး ပြောဖို့ အရည်အချင်း မရှိနိုင်ပေမယ့် ...စူးချန်ကဲ ကတော့ လုံးဝ အရည်အချင်းပြည့်မီတယ်”

ထိုစကားများကို ကြားပြီးနောက်၊ ယွင်ချင်းဟုန်မှာ တုန်လှုပ်သွားသည်။

မိမိအိမ်က ဤဆရာတူညီလေး အောက်ထျန်းသည် ကြောက်တတ်သူအဖြစ် နာမည်ကြီးပြီး၊ ကုံလမ်းစဉ် ဟု ခေါ်ဆိုသည့်အရာကို အမြဲတမ်း လေ့လာလိုက်စားတတ်သူ ဖြစ်သည်။

စူးချန်ကဲကို ဒီလောက်ထိ အမှတ်အမြင့်ဆုံး ပေးသတဲ့လား?

သူ၏ စကားမဆုံးခင်မှာပင် ၊။

ဘေးနားမှ နောက်ထပ် အေးစက်သော အမျိုးသားအသံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“ ညီလေးအောက်ထျန်း ပြောတာ မမှားဘူး”

“စူးချန်ကဲ က လုံးဝ မရိုးရှင်းဘူး”

အသံလားရာကို လှမ်းကြည့်လိုက်ရာ၊ စကားပြောသူမှာ ထျန်းဟိုင်ဓားဂိုဏ်း၏ ကောင်းကင်ဓားအမွေခံ လင်းဟန်ပင် ဖြစ်သည်။

“ အစ်ကိုကြီးလင် ကို နှုတ်ခွန်းဆက်သပါတယ်”

ထျန်းဟိုင်ဓားဂိုဏ်း မှ တပည့်များသည် အလျင်အမြန် ဦးညွှတ်လိုက်ကြသည်။

လင်းဟန် ရောက်ရှိလာခြင်းသည် ရုတ်တရက် ဆန်လွန်းပြီး၊ မည်သူမှ သတိမထားမိလိုက်ကြပေ။

လူကို ပို၍ အံ့အားသင့်စေသည်မှာ အေးစက်သော စရိုက်ရှိသည့် လင်းဟန်သည် တစ်ခါမှ မတွေ့ဖူးသော စူးချန်ကဲကို ဤမျှ မြင့်မားသော အကဲဖြတ်ချက်ကို ပေးခဲ့ခြင်းဖြစ်သည်။

ဤသည်က ထျန်းဟိုင်ဓားဂိုဏ်းရှိ ဓားသမားများ၏ စိတ်ထဲတွင် သံသယတစ်ခု ဖြစ်ပေါ်စေခဲ့သည်။

သူတို့ပဲ မျက်စိကန်းနေတာလား?

တကယ်ပဲ ဝူကျီအောက်ထျန်း ပြောသလို ၊ စူးချန်ကဲ က အားကောင်းသလား ?

သို့သော်၊ လင်းဟန်သည် လူတိုင်း၏ သံသယမျက်လုံးများကို ဂရုမစိုက်တော့ဘဲ ပွဲကိုသာ အာရုံစိုက်လိုက်သည်။

ထို့နောက် သူသည် တစ်ကိုယ်တည်း တိီးတိုးရေရွတ်လိုက်သည်။

“ ငါပဲ အထင်မှားတာလား မသိဘူး. စူးချန်ကဲ ခန္ဓာကိုယ်ပေါ်မှာ ဟွရှင်းအပိုင်းအစရဲ့ အငွေ့အသက် ရှိနေသလိုပဲ “

……..

စူးချန်ကဲ၏ စကားများသည် အင်အားစုသုံးဖွဲ့စလုံး၏ ဒေါသများကို နှိုးဆော်နိုင်ခဲ့ပြီး ၊ လူအုပ်ကြီးမှာ ဒေါသတကြီး ပေါက်ကွဲနေလေ၏။

အကယ်၍ ကွေးယွမ်အမတဂိုဏ်းမှ ပါရမီရှင်များသည် ဤနေရာတွင် ရှိမနေခဲ့ပါက ၊ သူတို့သည် စူးချန်ကဲကို ဝိုင်းအုံကာ အပိုင်းပိုင်း စုတ်ပြဲအောင် လုပ်ပစ်ခဲ့ပြီး ဖြစ်သည်။

“ဟားဟားဟားဟား!”

ရုတ်တရက်၊ ရှောင်ဝူရှန်း က အားရပါးရ ရယ်မောလိုက်သည်။

“စိတ်ဝင်စားစရာပဲ! တကယ်ကို စိတ်ဝင်စားစရာကောင်းတယ်!”

“ချန်ကဲ ဆက်ခံသူ က စစ်မှန်အမတ နယ်ပယ် အဆင့်(၆) ပဲ ရှိသေးတယ် ... ဒါကို ငါ့လို စစ်မှန်အမတ နယ်ပယ် အဆင့်(၉) ရှိသူတွေကို အမှိုက်တွေလို့ ပြောရဲတယ်”

“ဒါဆို ချန်ကဲ ဆက်ခံသူကို မေးချင်တယ်၊ မင်းရဲ့ ကျင့်ကြံမှုက ငါတို့ထက် အဆင့်သုံးဆင့်တောင် နိမ့်တာ ... ဒီလိုစကားတွေ ပြောရဲတဲ့သတ္တိ ဘယ်ကနေရောက်လာတာလဲ”

ရှောင်ဝူရှန်း၏ မျက်လုံးအိမ်များသည် ကျဉ်းမြောင်းသွားပြီး ၊ အေးစက်သော အလင်းများ လျှပ်တပြက် တောက်ပသွားသည်။

“ငါ ရှောင်ဝူရှန်း က ကျင့်ကြံလမ်းကြောင်းကို စတင်လျှောက်လှမ်းကတည်းက အရှုံးဆိုတာ မရှိခဲ့ဘူး”

“ငါ့ ဖုန်းယွင်လှံခန်းမ က လှံသူတော်စင် လေးဦး စလုံးကို ငါ့လှံနဲ့ အနိုင်ယူခဲ့တယ်.. ခြောက်လမပြည့်မီ ငါဟာ ဖုန်းယွင်လှံခန်းမ ရဲ့ လှံအတတ်အားလုံးကို ကျွမ်းကျင်ခဲ့တယ်!”

“ဖုန်းယွင်လှံခန်းမ က ငါ့ကို လှံနတ်ဘုရားအဖြစ် ချီးမြှင့်ခဲ့ပြီး၊ မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေရဲ့ လေးစားခြင်းကို ခံခဲ့ရတယ် .. ချန်ကဲ ဆက်ခံသူ ဆီရောက်တော့ အမှိုက်ဆိုတဲ့ နာမည်ကို ရခဲ့တယ်၊ ဒါ တကယ်ကို စိတ်ဝင်စားစရာပဲ!”

“ဟမ်! တကယ်တန်း အားကောင်းတာက မင်း နောက်ကွယ်က တားမြစ်အင်အားစု သုံးဖွဲ့ပဲ ..မင်းကိုယ်တိုင်နဲ့ ဘာဆိုင်လို့လဲ... မင်းက ဒီဇာတ်ရုပ်ထဲမှာ အတော်လေး နစ်မြုပ်နေတာပဲ”

ကျန်းယွီကျင်း က အေးစက်စွာ ရယ်မောလိုက်သည်။

“ရယ်စရာပဲ ၊ ငါတို့က မင်းကို ဆက်ခံသူလို့ ခေါ်တာနဲ့ မင်းက ဆက်ခံသူဆိုတဲ့ နာမည်နဲ့ ထိုက်တန်တယ်လို့ တကယ်ကြီး ထင်နေတာလား!?”

“စူးချန်ကဲ၊ ငါတို့က မင်းကို အင်အားစုသုံးဖွဲ့ရဲ့ ဆက်ခံသူအဖြစ် လေးစားသမှု ပြုပေမယ့် ၊ ဒါပေမဲ့ မင်းကတော့ ဂုဏ်ပြုသေရည်ကြ မလိုချင်ဘဲ ပြစ်ဒဏ်သေရည်ကိုပဲ တောင်းဆိုနေတယ်”

“ ဒီနေ့ ၊ မင်းမှာ ကွေးယွမ်အမတဂိုဏ်း နဲ့ ယောင်ကွမ်အမတဂိုဏ်းရဲ့ အားကိုးရှိတယ်ဆိုတောင် ...ငါတို့ မင်းကို ကောင်းကောင်းကြီး သင်ခန်းစာ ပေးမယ်!”

……….

All Chapters