← Chapters

အခန်း (၆၂၅)

Vol. 55 Ch. 625

အခန်း (၆၂၅)

Vol. 55 Ch. 625

ငါတို့က သာမန် ဆက်ဆံရေးမှ မဟုတ်တာ

အပြန်အလှန် ယဉ်ကျေးမှု စကားများ ပြောဆိုပြီးနောက် အန်းဟောင်တန် သည် ဝူရှန်း အပါအဝင် ဂျိနိုင်ငံ အနက်ရောင် သူတော်စင် များကို ခေါ်ဆောင်ကာ ချက်ချင်း ဆုတ်ခွာလေသည်။

ထုံနိုင်ငံ အနက်ရောင် သူတော်စင် များသည် အဆိပ်မြူ အတွင်းတွင် အတွင်းအားကို လွတ်လပ်စွာ အသုံးပြုကာ လာရောက် ဟန့်တားသော ဂူကျင့်ကြံသူများကို နှိမ်နင်းနေသည်ကို မြင်ရသောအခါ ဝူရှန်း ၏ မျက်လုံးများတွင် နားမလည်နိုင်မှုများ ပြည့်နှက်နေသည်။

သို့သော် ထုံနိုင်ငံ အနက်ရောင် သူတော်စင်များ၏ တူညီသော ဝတ်စုံကို သတိပြုမိသွားသောအခါ ဝူရှန်း ရုတ်တရက် သဘောပေါက်သွားပြီး သူတို့ အဆိပ်မြူကို လျစ်လျူရှုကာ ဝိညာဉ်စွမ်းအင်များကို စုပ်ယူနိုင်ခြင်းမှာ ထိုဝတ်ရုံရှည်များကြောင့် ဖြစ်ကြောင်း သိရှိလိုက်သည်။

‘ထုံနိုင်ငံမှာ ထိပ်တန်း ပညာရှင်ကြီး တစ်ယောက် ရှိနေတာပဲ’

ဝူရှန်း ၏ အနောက်ဘက်တွင် အလွန် လှပချောမောသော အမျိုးသမီး တစ်ဦးသည် ဘေးပတ်ဝန်းကျင်ကို လိုက်လံ ကြည့်ရှုနေပြီး တစ်စုံတစ်ယောက်ကို ရှာဖွေနေပုံ ရသည်။

“ဂိုဏ်းချုပ် ကျွန်တော့်ကို ရှာနေတာလား”

ခဏအကြာတွင် ဝူရှန် ဂိုဏ်းချုပ် ၏ နားထဲသို့ ကျန်းပေရန် ၏ အသံ ရောက်ရှိလာသည်။

ဝူရှန် ဂိုဏ်းချုပ် နှုတ်ခမ်းထောင့် ကွေးသွားပြီး မေးလိုက်သည်။

“ငါ့ကို အထဲဝင်ပြီး ထိုင်ဖို့ မဖိတ်တော့ဘူးလား”

“စီနီယာ က ဂျူနီယာ ဆီ လာလည်မယ် ဆိုရင် ဂျူနီယာ က ဝမ်းသာအားရ ကြိုဆိုရမှာပေါ့”

ကျန်းပေရန် ပြောပြီးသည်နှင့် ရှီဖုန်းလန် ကို အမိန့်ပေးကာ ဝူရှန် ဂိုဏ်းချုပ် ကို ပျံသန်းအိမ်တော် ပေါ်သို့ ဆွဲတင်လိုက်သည်။

“ဂါရဝပြုပါတယ် ဂိုဏ်းချုပ်”

ကျန်းပေရန် က ဝူရှန် ဂိုဏ်းချုပ် ကို လက်ယှက် နှုတ်ဆက်လိုက်သည်။

ဘေးနားရှိ ရှီဖုန်းလန် ကမူ သူစိမ်း ဖြစ်နေသော လှပသည့် အစ်မကြီးကို စူးစမ်းလိုစိတ် အပြည့်ဖြင့် အဆက်မပြတ် ကြည့်ရှုနေသည်။

လက်ဖက်ရည် စားပွဲနားတွင် ပေါ့ပါးစွာ ဝင်ထိုင်ပြီးနောက် ဝူရှန် ဂိုဏ်းချုပ် သည် စားပွဲအောက်မှ လက်ဖက်ရည် ကိရိယာများကို ထုတ်ယူကာ သူမ ကြိုက်နှစ်သက်သော လက်ဖက်ခြောက်ဘူး တစ်ဘူးကို ရွေးချယ်ပြီး ကျန်းပေရန် အား ပြောလိုက်သည်။

“ဒီဟာလေး ဖျော်ပေးပါ”

ထိုအချိန်၌ ရှဲ့လင်းတန်း သည် လျှောက်လာပြီး ဝူရှန် ဂိုဏ်းချုပ် ကို အရိုအသေ ပြုကာ ပြောလိုက်သည်။

“မင်္ဂလာပါ ဂုဏ်သရေရှိ ဧည့်သည်တော် ဒီလက်ဖက်ရည်ကို ကျွန်မ ဖျော်ပေးပါရစေ”

မိမိ ရှေ့ရှိ ရှဲ့လင်းတန်း ကို ကြည့်ရင်း ဝူရှန် ဂိုဏ်းချုပ် ၏ မျက်နှာပေါ်တွင် လွမ်းဆွတ်တမ်းတသော အမူအရာ တစ်ခု ပေါ်လာပြီးနောက် ပြောလိုက်သည်။

“မလိုဘူး နင့် သခင်လေး ကိုပဲ ဖျော်ခိုင်းမယ်”

‘ကိုယ့်ဘာသာကိုယ် အခက်တွေ့အောင် လုပ်နေတာပဲ’

ကျန်းပေရန် စိတ်ထဲမှ မှတ်ချက်ချလိုက်ပြီး ရှေ့သို့ တိုးကာ ရှဲ့လင်းတန်း ကို နောက်ဆုတ်ရန် လက်ဟန်ပြလိုက်သည်။

“ငါပဲ လုပ်လိုက်မယ်”

ရှဲ့လင်းတန်း က ခေါင်းညိတ်ပြပြီး ဘေးသို့ ဆုတ်သွားလေသည်။

လက်ဖက်ခြောက်ဘူးကို ယူကာ အတွင်းမှ လက်ဖက်ခြောက် အချို့ကို ထုတ်ယူရင်း ကျန်းပေရန် က ဝူရှန် ဂိုဏ်းချုပ် ကို မေးလိုက်သည်။

“ခင်ဗျားနောက်ကို လိုက်လာချင်တဲ့သူ သိပ်မရှိဘူး ထင်တယ်”

“မဟုတ်ဘူး”

ဝူရှန် ဂိုဏ်းချုပ် က ခေါင်းခါလိုက်သည်။

“ဒါ လျှို့ဝှက်နယ်မြေထဲမှာ ပုန်းအောင်းနေတဲ့ အသက်ရှင်ကျန်ရစ်သူ အားလုံးပဲ”

ထိုစကားကို ကြားသောအခါ ကျန်းပေရန် ၏ လက်လှုပ်ရှားမှု အနည်းငယ် ရပ်တန့်သွားသည်။ စောစောက သူ ရေတွက်ကြည့်ခဲ့ရာ ဂျိနိုင်ငံ အဖွဲ့တွင် စုစုပေါင်း ၁၄ ဦးသာ ပါဝင်ပြီး ထိုအထဲတွင် အနက်ရောင် သူတော်စင် ၉ ဦးသာ ပါဝင်သည်။

ကျန်းပေရန် ၏ အံ့သြနေသော မျက်နှာကို ကြည့်ရင်း ဝူရှန် ဂိုဏ်းချုပ် သည် သူ ဘာတွေးနေသည်ကို သိရှိသဖြင့် ဆက်ပြောသည်။

“အဆိပ်မြူတွေ ရောက်လာပြီး မကြာခင်မှာပဲ ငါတို့ အန်းလင် မြို့တော်ကို ခံစစ်ပြင်ဖို့ ဆုံးဖြတ်ခဲ့ကြတယ် ခံစစ် လုပ်နေစဉ် အတွင်းမှာပဲ အနက်ရောင် သူတော်စင် အများအပြား ကျဆုံးခဲ့ရတယ် မြို့ကျသွားတော့ ဒီလူလောက်ပဲ ထွက်ပြေး လွတ်မြောက်လာနိုင်ခဲ့တာ ဝူ ကောင်းကင်သူတော်စင် က ထျန်ကျွယ် ချောက်ကမ်းပါး ပိုင်ရှင်ကို မသိဘူး ဆိုရင် ငါတို့လည်း သေဖို့ များတယ်”

ဝူရှန် ဂိုဏ်းချုပ် ၏ ဖော်ပြချက်ကို နားထောင်ရင်း ဤကာလအတွင်း သူတို့ မည်မျှ ခက်ခဲစွာ ဖြတ်သန်းခဲ့ရမည်ကို ကျန်းပေရန် မှန်းဆနိုင်သည်။ နေ့စဉ်နှင့်အမျှ အသက်စွန့်သူ များစွာ ရှိနေခဲ့မည်မှာ သေချာသည်။

ထိုအချိန်၌ ယခင်က ရှဲ့လင်းတန်း ၏ ကျန်းမာရေး အခြေအနေ အလွန် ဆိုးရွားခဲ့သော်လည်း နောက်ပိုင်းတွင် ရုတ်တရက် ပြန်လည် ကောင်းမွန်လာခဲ့သည်ကို ကျန်းပေရန် သတိရသွားသည်။ ဝူရှန် ဂိုဏ်းချုပ် ၏ စကားနှင့် ဆက်စပ် စဉ်းစားကြည့်ပါက အန်းလင် မြို့တော်ကို ကာကွယ်နေစဉ် အတွင်း ဝူရှန် ဂိုဏ်းချုပ် သည် နေ့စဉ်နှင့်အမျှ အစွမ်းကုန် ကြိုးစားနေရသဖြင့် မူလ ခန္ဓာကိုယ်၏ အခြေအနေ အလွန် ဆိုးရွားနေချိန်တွင် ကိုယ်ပွား အပေါ်သို့လည်း ကြီးမားသော သက်ရောက်မှု ရှိခဲ့ခြင်း ဖြစ်နိုင်သည်။

‘ဒါပေမဲ့ ဂျိနိုင်ငံ က တကယ်ကို မျိုးတုံး ပျက်စီးလုနီးပါး ဖြစ်သွားခဲ့တာပဲ’

စိတ်ထဲမှ သက်ပြင်းချလိုက်ပြီးနောက် ကျန်းပေရန် သည် ဖျော်ပြီးသော လက်ဖက်ရည်ကို ဝူရှန် ဂိုဏ်းချုပ် ရှေ့သို့ ချပေးကာ ပြောလိုက်သည်။

“သုံးဆောင်ပါ”

“ကျေးဇူးပဲ”

လက်ဖက်ရည်ခွက်ကို ယူကာ တစ်ငုံ သောက်လိုက်ပြီးနောက် ဝူရှန် ဂိုဏ်းချုပ် ၏ မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာသည်။

“တကယ်ကို စိတ်ပြေလက်ပျောက် ဖြစ်စေတဲ့ အရသာပဲ”

“ဂိုဏ်းချုပ် သဘောကျရင် ပြီးတာပါပဲ” လက်ဖက်ရည်အိုးကို ယူကာ မိမိအတွက် တစ်ခွက် ဖျော်လိုက်ရင်း ကျန်းပေရန် က မေးလိုက်သည်။

“ဂိုဏ်းချုပ် ရှေ့ဆက် ဘာအစီအစဉ် ရှိလဲ”

“ဖြစ်လာတဲ့ အခြေအနေ အပေါ် မူတည်ပြီး လုပ်ရမှာပေါ့”

ဝူရှန် ဂိုဏ်းချုပ် က ပြောပြီးသည်နှင့် ဆွဲဆောင်မှု ရှိသော အကြည့်ဖြင့် ကျန်းပေရန် ကို ကြည့်ကာ ပြောလိုက်သည်။

“ဒါမှမဟုတ် ဆရာကျန်း က ငါ့ကို လက်ခံချင်လို့လား”

“လက်ခံတယ် လို့တော့ မပြောရဲပါဘူး ဒါပေမဲ့ ဂိုဏ်းချုပ် ဘယ်သွားရမလဲ မစဉ်းစားရသေးဘူး ဆိုရင် ကျွန်တော့်ဆီမှာ ခဏ နေချင်လည်း ရပါတယ်”

“ကောင်းပြီ ဒါဆို ဒီလိုပဲ သဘောတူလိုက်ပြီနော်”

ဝူရှန် ဂိုဏ်းချုပ် သည် အလွန် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး မျက်နှာပေါ်ရှိ သောကများလည်း အနည်းငယ် လျော့ပါးသွားသည်။

ဧည့်ခန်းမဆောင် ထောင့်တစ်နေရာတွင် မုစီဖေ သည် ဤမြင်ကွင်းကို ကြည့်ရင်း အတွေးနက်နေသည်။

ဝူရှန် ဂိုဏ်းချုပ် သည် မည်သည့် အတွင်းအားမျှ မထုတ်ဖော်ထားသော်လည်း သူမ၏ ကျင့်ကြံခြင်း အဆင့်မှာ ယခင်က တွေ့ခဲ့ဖူးသော ထုံနိုင်ငံ အနက်ရောင် သူတော်စင် များထက် လုံးဝ မနိမ့်ကျကြောင်း မုစီဖေ ခံစားမိသည်။ သို့သော် အစွမ်းထက် ပုဂ္ဂိုလ်ကြီးများနှင့် ရယ်မော စကားပြောနေသော အနက်ရောင် သူတော်စင် များကို သူမ မြင်တွေ့ဖူးနေပြီ ဖြစ်ရာ ဤအချက်မှာ မထူးဆန်းပေ။

သူမ အတွေးနက်နေရခြင်းမှာ ဝူရှန် ဂိုဏ်းချုပ် ၏ အပြုအမူ အားလုံးသည် အလွန် ရင်းနှီးနေပြီး တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ ခံစားနေရသောကြောင့် ဖြစ်သည်။

‘ဘယ်မှာ မြင်ဖူးတာလဲ...’

စကားပြောနေစဉ် တာ့ဟူ သည် ကျန်းပေရန် ထံ ရုတ်တရက် ပြေးလာပြီး ပြောလိုက်သည်။

“ကျေးဇူးရှင် အပြင်ဘက်မှာ အရမ်း ပြင်းထန်တဲ့ နာကျည်းမှု အငွေ့အသက်တွေ ခံစားနေရတယ်”

‘နာကျည်းမှု အငွေ့အသက်တွေ’

ကျန်းပေရန် ထိုစကားကို ကြားသောအခါ ကောင်းကင်မျက်လုံး အစီအရင် ကို ဖွင့်ကာ အောက်သို့ ကြည့်လိုက်ရာ အောက်ဘက်တွင် ဝိညာဉ် အများအပြား လွင့်မျောနေသည်ကို တွေ့လိုက်ရသည်။ တစ်ချိန်တည်းမှာပင် စနစ်၏ ရွေးချယ်မှု နှစ်ခု ပေါ်လာသည်။

[ရွေးချယ်မှု ၁ - တိုက်ရိုက် ထွက်ခွာမည်။ ပြီးမြောက်ပါက ရရှိမည့် ဆုလာဘ် - ကြယ်တာရာ ဗုဒ္ဓ လက်ဝါးရိုက်ချက် (မြေကမ္ဘာ အဆင့်မြင့်)]

[ရွေးချယ်မှု ၂ - တာ့ဟူ ကို ထိုနာကျည်းနေသော ဝိညာဉ်များကို သွားရောက် နှစ်သိမ့်ခိုင်းမည်။ ပြီးမြောက်ပါက ရရှိမည့် ဆုလာဘ် - ကျပန်း အခြေခံ ကျွမ်းကျင်မှု အမှတ် +၁]

မြေကမ္ဘာ အဆင့်မြင့် ဆုလာဘ်ကို ကြည့်ရင်း ကျန်းပေရန် ၏ မျက်ခုံးများ ပင့်တက်သွားပြီး ဤနာကျည်းနေသော ဝိညာဉ်များသည် သာမန် မဟုတ်ကြောင်း ခံစားလိုက်ရသည်။

သို့သော် ထိုနာကျည်းနေသော ဝိညာဉ်များ မည်သို့ ထူးခြားနေသနည်း ဆိုသည်ကို သူ ယခု မသိနိုင်သေးသဖြင့် ဒုတိယ ရွေးချယ်မှုကို တိုက်ရိုက် ရွေးချယ်လိုက်ပြီး တာ့ဟူ အား ပြောလိုက်သည်။

“တာ့ဟူ အောက်သွားပြီး အဲဒီ နာကျည်းနေတဲ့ ဝိညာဉ်တွေကို သွားနှစ်သိမ့်ပေးလိုက်”

“ကျွန်တော်လား”

တာ့ဟူ က သူ့ကိုယ်သူ လက်ညှိုးထိုးပြပြီး အဆက်မပြတ် ခေါင်းခါကာ ပြောလိုက်သည်။

“ကျွန်တော် မလုပ်နိုင်ဘူး”

“မင်းတို့ အားလုံးက ဒီအဆိပ်မြူရဲ့ သားကောင်တွေပဲ ဆိုတော့ သေချာပေါက် ကိုယ်ချင်းစာစိတ် ရှိကြမှာပါ ပြီးတော့ မင်း ငါ့နောက်ကို လိုက်လာတာက ဒီအဆိပ်မြူကြောင့် ဒုက္ခရောက်နေတဲ့ သူတွေကို ကူညီချင်လို့ မဟုတ်ဘူးလား ဒါက မင်း လုပ်ဖို့ အသင့်တော်ဆုံး အလုပ်ပဲ”

“အဲဒါက...”

တာ့ဟူ သည် ခေတ္တ စဉ်းစားသွားပြီးနောက် လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။

“ကျေးဇူးရှင် ပြောတာ မှန်တယ် ဒါဆို ကျွန်တော် အခုပဲ ဆင်းသွားလိုက်မယ်”

“အင်း သူတို့ကို နှစ်သိမ့်ပြီးရင် ယွမ်မြို့တော် ကို လာရှာခဲ့”

“ဟုတ်ကဲ့ပါ”

တာ့ဟူ ပြောပြီးသည်နှင့် ပျံသန်းအိမ်တော်မှ ထွက်ခွာကာ အောက်ဘက်ရှိ နာကျည်းနေသော ဝိညာဉ်များ စုဝေးနေသည့် နေရာသို့ ပျံသန်းသွားလေသည်။

“မင်း ဘယ်သူနဲ့ စကားပြောနေတာလဲ”

ထိုအချိန်၌ ဝူရှန် ဂိုဏ်းချုပ် က ကျန်းပေရန် ကို ရုတ်တရက် ကြည့်ကာ မေးလိုက်သည်။

ထိုစကားကို ကြားသောအခါ ကျန်းပေရန် အနည်းငယ် ကြောင်အမ်းသွားသည်။ သူသည် စောစောက အချိန်ပြည့် တာ့ဟူ နှင့် စိတ်စွမ်းအားဖြင့် ဆက်သွယ်နေခြင်း ဖြစ်ရာ ဝူရှန် ဂိုဏ်းချုပ် အနေဖြင့် သူ စကားပြောနေသည်ကို မြင်နိုင်စရာ အကြောင်း မရှိပေ။

“ဂိုဏ်းချုပ် ဘာကို ဆိုလိုတာလဲ”

“ဟေး”

ဝူရှန် ဂိုဏ်းချုပ် က အသံကို ရုတ်တရက် ဆွဲဆန့်လိုက်သည်။

“ငါတို့က ဒီလောက်တောင် ရင်းနှီးနေပြီပဲ ငါ့ကို ဖုံးကွယ်ထားစရာ မလိုပါဘူး ငါတို့က သာမန် ဆက်ဆံရေးမှ မဟုတ်တာ မင်း ခန္ဓာကိုယ် အကြောင်းကို ငါ တော်တော်လေး သိပါတယ်”

ဝူရှန် ဂိုဏ်းချုပ် ၏ နောက်ကွယ်မှ စကားများကို ရင်ခုန်ဖွယ် လေသံဖြင့် ပြောလာသည်ကို ကြားသောအခါ ကျန်းပေရန် က ပြန်ပြောလိုက်သည်။

“ဒီလိုဆိုမှတော့ ကျွန်တော် ဘယ်သူနဲ့ စကားပြောနေလဲ ဆိုတာ ဂိုဏ်းချုပ် သိသင့်တာပေါ့”

“ထားလိုက်ပါတော့ မင်း မပြောချင်လည်း ရပါတယ် ငါက သူများ ဆန္ဒ မပါဘဲ အတင်းအကျပ် လုပ်ခိုင်းတတ်တဲ့သူ မဟုတ်ပါဘူး”

ပြောပြီးသည်နှင့် ဝူရှန် ဂိုဏ်းချုပ် သည် ခြံဝင်းထဲသို့ လျှောက်သွားကာ အကြောဆန့်လိုက်ပြီးနောက် ကျန်းပေရန် ကို လှည့်ကြည့်ကာ ပြောလိုက်သည်။

“ငါ့ကို အရသာရှိတဲ့ အစားအစာတွေ နည်းနည်းလောက် လုပ်ကျွေးပါဦး”

ဝူရှန် ဂိုဏ်းချုပ် အစားအသောက် စားသောက်ပြီးချိန်တွင် ပျံသန်းအိမ်တော်သည်လည်း ဂျိနိုင်ငံ ၏ အဆိပ်မြူ နယ်မြေမှ ထွက်ခွာလာပြီး ယွမ်မြို့တော်တွင် တည်ငြိမ်စွာ ဆင်းသက်သွားပြီ ဖြစ်သည်။

“ဂိုဏ်းချုပ် ရောက်ပြီ ပျံသန်းအိမ်တော် ပေါ်မှာ ဆက်နားမလား ဒါမှမဟုတ် အောက်ဆင်းပြီး တခြားသူတွေကို နှုတ်ဆက်မလား”

ပျားရည်တုံးများကို စားသုံးပြီးခါစ ဝူရှန် ဂိုဏ်းချုပ် သည် လက်ချောင်းများကို လျက်ကာ မတ်တတ်ရပ်လိုက်ပြီး ပြောလိုက်သည်။

“ဧည့်ခံကျွေးမွေးတဲ့ အတွက် ကျေးဇူးပဲ နောက်နှစ်ရက်လောက် နေရင် မင်းဆီ လာလည်ဦးမယ်”

ပြောပြီးသည်နှင့် ဝူရှန် ဂိုဏ်းချုပ် သည် ရှီဖုန်းလန် ဘေးသို့ လျှောက်သွားကာ သူမ၏ ပါးပြင်ကို လက်ညှိုးဖြင့် ပုတ်ကြည့်လိုက်ပြီးနောက် ပါးပြင်ကို အားရပါးရ နမ်းလိုက်သည်။

“ဟားဟား တကယ့်ကို နူးညံ့တဲ့ ပါးပြင်လေးပဲ”

ရှီဖုန်းလန် သည် အနမ်းခံလိုက်ရသဖြင့် အနည်းငယ် ကြောင်အမ်းသွားသည်။ သူမနှင့် ဤလှပသော အစ်မကြီးသည် လုံးဝ မရင်းနှီးဘဲ ရုတ်တရက် အနမ်းခံလိုက်ရသဖြင့် အံ့သြနေမိသည်။

ကြောင်အမ်းနေသော ရှီဖုန်းလန် ကို ကြည့်ရင်း ကျန်းပေရန် က ပြောလိုက်သည်။

“ခန်းမသခင် ရှီ... ဂိုဏ်းချုပ် ကို အောက်ချပေးလိုက်ပါ”

“သြော် အင်း”

ရှီဖုန်းလန် ခေါင်းညိတ်လိုက်ပြီး ဝူရှန် ဂိုဏ်းချုပ် ကို ပျံသန်းအိမ်တော် အပြင်ဘက်သို့ ပို့ရန် ပြင်လိုက်စဉ် ဝူရှန် ဂိုဏ်းချုပ် က ညာလက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

“နောက်နှစ်ရက် နေရင် နင့်ဆီ လာပြီး သိုင်းကျင့်စဉ် ဂိမ်း လာကစားမယ်နော်”

ထို့နောက် ရှီဖုန်းလန် ၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားလေသည်။

“ဟင်”

ဤတစ်ကြိမ်တွင် ရှီဖုန်းလန် ပို၍ပင် နားမလည်နိုင် ဖြစ်သွားပြီး ကျန်းပေရန် ဘက်သို့ ချက်ချင်း လှည့်ကာ မေးလိုက်သည်။

“ပေရန်လေး... ဒီအစ်မကြီးကလည်း သိုင်းကျင့်စဉ် ဂိမ်း ကစားဖူးတာလား”

“အင်း” ကျန်းပေရန် ခေါင်းညိတ်လိုက်သည်။

ကောင်းကင်မျက်လုံး အစီအရင် မှတဆင့် အောက်ဘက်ရှိ အခြေအနေများကို ကြည့်ရှုရင်း ကျန်းပေရန် သည် နောက်တစ်ဆင့် ဘာလုပ်ရမည်ကို စဉ်းစားနေစဉ် ယောက်ရီချန် အလောတကြီး ပြေးလာသည်ကို တွေ့လိုက်ရသည်။

“ပေရန်လေး လူတစ်ယောက် လာရှာတယ် အထဲ ပေးဝင်လိုက်ရမလား”

ထိုအချိန်၌ ရှီဖုန်းလန် က နောက်လှည့်ကာ ကျန်းပေရန် ကို လှမ်းအော်လိုက်သည်။

“ဆင်းသွားလိုက်မယ်”

ထို့နောက် ကျန်းပေရန် သည် တစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် ယောက်ရီချန် ၏ ရှေ့သို့ ရောက်ရှိသွားသည်။

“ဆရာယောက် အလောတကြီး လာရှာတာ အရေးကြီး ကိစ္စ ရှိလို့လား”

“ငါ့နောက် မြန်မြန် လိုက်ခဲ့”

ယောက်ရီချန် သည် ကျန်းပေရန် ၏ လက်မောင်းကို ဆွဲကာ ဆေးဖော်စပ်ရေး အခန်း ဘက်သို့ ခေါ်သွားရင်း လမ်းလျှောက်ရင်း ပြောပြလေသည်။

“ဝေ့နိုင်ငံ က အနက်ရောင် သူတော်စင် တချို့ အခြေအနေ အရမ်း ဆိုးနေတယ် အဆိပ်မြူက သူတို့ရဲ့ အတွင်းအား သိုလှောင်တဲ့ နေရာကို လုံးဝ ဖျက်ဆီးလုနီးပါး ဖြစ်နေပြီ ချန်ရှီး သုံးပြီး အဆိပ်ဖြေပေးရင်တောင် သူတို့ နောက်နောင် အတွင်းအား ပြန်စုဆောင်းဖို့ မဖြစ်နိုင်လောက်တော့ဘူး လုံးဝ အသုံးမကျတော့တဲ့ အခြေအနေ ရောက်သွားပြီ”

အခြေအနေကို နားလည်သွားသော ကျန်းပေရန် သည် ခြေလှမ်းများကို သွက်သွက် လျှောက်လိုက်ရာ မကြာမီ ဆေးဖော်စပ်ရေး အခန်း သို့ ရောက်ရှိသွားသည်။

“ဒီဘက်မှာ”

ယောက်ရီချန် သည် အပြင်ဘက်ဆုံးရှိ လူနာခန်း တစ်ခန်းသို့ သွားကာ တံခါးကို ဖွင့်လိုက်သည်။

အခန်းထဲသို့ အလျင်အမြန် ဝင်သွားသောအခါ ကုတင်ပေါ်တွင် လဲလျောင်းနေသူမှာ စောစောက သူတို့ကို ဝေ့နိုင်ငံ ကိုယ်စား ကျေးဇူးတင်စကား ဆိုခဲ့သော ဝေ့နိုင်ငံ ၏ ပထမဆုံး ဂိုဏ်းချုပ် ဝူကျီကျိန်း ဖြစ်နေကြောင်း ကျန်းပေရန် တွေ့လိုက်ရသည်။

ကျန်းပေရန် ဝင်လာသည်ကို မြင်သောအခါ ဝူကျီကျိန်း သည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ပြောလိုက်သည်။

“စောစောက ချန်ကျီခန်းမ ထဲမှာ မင်းကို တွေ့ကတည်းက ထူးခြားတဲ့ အရှိန်အဝါ ရှိတယ်လို့ ထင်ခဲ့တာ တကယ်ပဲ ရေကန်ငယ်လေးထဲက သာမန် ငါးတစ်ကောင် မဟုတ်ဘူးပဲ ဟားဟားဟား”

“စီနီယာကြီး မြှောက်ပြောလွန်းပါပြီ”

ကျန်းပေရန် က ပြောရင်း ဝူကျီကျိန်း ဘေးတွင် ထိုင်ကာ သူ၏ သွေးကြောကို စမ်းသပ်လိုက်သည်။

“အဟွတ် အဟွတ် အဟွတ်”

ဝူကျီကျိန်း သည် နှစ်ချက်ခန့် ချောင်းဆိုးလိုက်ပြီး ကျန်းပေရန် ကို အထက်အောက် သေချာ ကြည့်ရှုကာ ဤတစ်ကြိမ် ထုံနိုင်ငံ ၏ အလှည့်အပြောင်းမှာ ဤလူငယ်နှင့် ပတ်သက်နေကြောင်း ကိုးဆယ်ရာခိုင်နှုန်းခန့် သေချာသွားသည်။

အဘယ်ကြောင့်ဆိုသော် ယောက်ရီချန် အပါအဝင် အဆင့်ကိုး ဆေးပညာရှင်ကြီး များကို သူ ယခင်က တွေ့ဖူးပြီး ဖြစ်ရာ သူတို့၏ ဆေးပညာ စွမ်းရည်မှာ အလွန် ပြောင်မြောက်သော်လည်း ထုံနိုင်ငံ ၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်စွမ်း လုံးဝ မရှိကြောင်း သူ သိရှိထားသောကြောင့် ဖြစ်သည်။

ဤလူငယ် တစ်ဦးတည်းကိုသာ သူ တစ်ခါမျှ မမြင်ဖူးခဲ့သလို ယောက်ရီချန် တို့၏ အပြုအမူများကို ကြည့်ခြင်းအားဖြင့် သူသည် အဆင့်ကိုး ဆေးပညာရှင်ကြီး များ၏ အဓိက ကျောထောက်နောက်ခံ ဖြစ်နေကြောင်း သိသာသည်။

ပုံမှန် မဟုတ်သော ကိစ္စများ နောက်ကွယ်တွင် ထူးဆန်းသော အကြောင်းရင်း ရှိစမြဲ ဖြစ်ပြီး ထိုလူငယ်သည် ထူးဆန်းသူများထဲတွင် အထူးဆန်းဆုံး ဖြစ်ရာ ထုံနိုင်ငံ ကို ဘေးအန္တရာယ်မှ ကယ်တင်နိုင်ရုံသာမက ရွှမ်နဂါးတိုက်ကြီး တစ်ခုလုံးကို ကယ်တင်နိုင်စွမ်း ရှိနေခြင်းမှာလည်း မဆန်းတော့ပေ။

ဝူကျီကျိန်း က ကျန်းပေရန် ကို အဆက်မပြတ် ကြည့်ရှုနေချိန်တွင် ကျန်းပေရန် သည်လည်း ဝူကျီကျိန်း ၏ ခန္ဓာကိုယ် အခြေအနေကို အကြမ်းဖျင်း နားလည်သွားပြီ ဖြစ်သည်။

‘တော်တော်လေး အားအင် ကုန်ခမ်းနေတာပဲ...’

ဤသို့ ဖြစ်ရခြင်းမှာ အကြောင်းရင်း တစ်ခုတည်းသာ ရှိသည်။ ဝူကျီကျိန်း သည် ဂူအဆိပ်ကို အတင်းအကျပ် ဖိနှိပ်ကာ အတွင်းအားများကို အကြိမ်ကြိမ် ပေါက်ကွဲစေခဲ့ခြင်း ဖြစ်သည်။ ဤနည်းလမ်းသည် ခေတ္တမျှ အစွမ်းထက်လာစေနိုင်သော်လည်း နောက်ပိုင်းတွင် ပြင်းထန်သော တန်ပြန်သက်ရောက်မှုကို ခံစားရမည် ဖြစ်သည်။

ဝူကျီကျိန်း ၏ လက်ရှိ အခြေအနေအရ သူသည် အနည်းဆုံး လေးကြိမ် ထက်မနည်း အားအင် ကုန်ခမ်းအောင် အသုံးပြုခဲ့ပုံ ရပြီး ယခုအချိန်အထိ အသက်ရှင်နေသေးခြင်းမှာ သူ၏ အခြေခံ ခိုင်မာမှုကြောင့်သာ ဖြစ်သည်။

‘လေးစားထိုက်တဲ့ လူကြီး တစ်ယောက်ပဲ’

ဝူကျီကျိန်း ကို ဤသို့ အကြိမ်ကြိမ် အားအင် ကုန်ခမ်းအောင် အသုံးပြုစေခဲ့သည့် အကြောင်းရင်းမှာ တစ်ခုတည်းသာ ရှိနိုင်သည်။ အခြားသူများကို ကာကွယ်ရန် မိမိကိုယ်ကို စွန့်လွှတ်ခဲ့ခြင်း ဖြစ်ပြီး အကြိမ်တိုင်းတွင် သေချင်သေပါစေဟူသော ခံယူချက်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် ကျန်းပေရန် ၏ လေးစားမှုကို ခံထိုက်ပေသည်။

“စီနီယာကြီး စိတ်ချပါ ခင်ဗျားရဲ့ ခန္ဓာကိုယ် အခြေအနေက နည်းနည်း ရှုပ်ထွေးပေမယ့် သေချာ ပြန်ကောင်းလာအောင် ကုပေးနိုင်မယ်လို့ ယုံကြည်ပါတယ်”

ကျန်းပေရန် က ဝူကျီကျိန်း ၏ လက်ကောက်ဝတ်ကို လွှတ်ကာ ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ဝူကျီကျိန်း ဝမ်းသာသွားပြီး ပြောလိုက်သည်။

“သမားတော်လေး... အဘိုးကြီးကို ပျော်အောင် လာမပြောနဲ့နော်”

“ဂျူနီယာ က ဘယ်တော့မှ စကားကြီး စကားကျယ် မပြောပါဘူး စီနီယာကြီး ရဲ့ ခန္ဓာကိုယ် အခြေခံက အရမ်း ခိုင်မာတော့ ပြန်ကောင်းလာနိုင်ခြေ အရမ်း များပါတယ် စိတ်ချပါ”

“ကောင်းပြီ ဒါဆို အဘိုးကြီး ယုံလိုက်မယ် ဒါနဲ့ သမားတော်လေး ရဲ့ နာမည် ဘယ်လို ခေါ်လဲ မသိဘူး”

“ကျွန်တော့် နာမည် ကျန်းပေရန် လို့ ခေါ်ပါတယ် စီနီယာကြီး အရင် နားလိုက်ပါဦး ကျွန်တော် တခြား လူနာတွေကို သွားကြည့်လိုက်ပါဦးမယ်”

“ကောင်းပြီ သမားတော်လေး သွားလုပ်စရာ ရှိတာ သွားလုပ်ပါ”

ကျန်းပေရန် အခန်းထဲမှ ထွက်သွားပြီးနောက် ဝူကျီကျိန်း သည် ထိုနာမည်ကို စိတ်ထဲတွင် နှစ်ခေါက်ခန့် ရွတ်ဆိုကြည့်လိုက်သည်။

“တကယ်ကို တစ်ခါမှ မကြားဖူးတဲ့ နာမည်ပဲ စိတ်ဝင်စားစရာပဲ... စိတ်ဝင်စားစရာ ကောင်းလိုက်တာ...”

ဆေးဖော်စပ်ရေး အခန်း တစ်ခုလုံးကို လှည့်လည် စစ်ဆေးပြီးနောက် အခြား အခြေအနေ ဆိုးရွားသူများ၏ အခြေအနေမှာ ဝူကျီကျိန်း ထက် အနည်းငယ် သာလွန်ကြောင်း ကျန်းပေရန် တွေ့ရှိလိုက်ရသည်။ သူတို့ကို ကုသရာတွင် အချိန် အနည်းငယ် ယူရမည် ဖြစ်သော်လည်း ပြဿနာ ကြီးကြီးမားမား မရှိပေ။

ထို့ကြောင့် နောက်ဆုံး အထူးကြပ်မတ် လူနာခန်းမှ ထွက်လာသောအခါ ကျန်းပေရန် သည် ဆေးစာရွက် တစ်ရွက် ရေးကာ ယောက်ရီချန် ကို ပေးလိုက်ပြီး ပြောလိုက်သည်။

“ဒီဆေးစာရွက် အတိုင်း အရင် ဆေးဖော်ပြီး တိုက်ထားလိုက် သုံးရက်နေရင် ကျွန်တော် စပြီး ကုသပေးမယ်”

ယောက်ရီချန် သည် ဆေးစာရွက်ကို ကြည့်လိုက်ပြီး မျက်လုံးထဲတွင် အံ့သြမှု အနည်းငယ် ပေါ်လာသည်။

“ဒီဆေးအာနိသင်က အရမ်း ပြင်းလွန်းနေမလား”

“ရောဂါ ပြင်းရင် ဆေးပြင်းပြင်း သုံးရမယ် စိတ်ချပါ သူတို့ ခန္ဓာကိုယ်က ခံနိုင်ရည် ရှိပါတယ်”

“ကောင်းပြီ နားလည်ပြီ ငါ အခုပဲ သွားစီစဉ်လိုက်မယ်”

ယောက်ရီချန် ထွက်သွားပြီးနောက် ကျန်းပေရန် ဆေးဖော်စပ်ရေး အခန်းမှ အထွက်တွင် ခါးမှ ဆက်သွယ်ရေး ကျောက်စိမ်းပြား ရုတ်တရက် မြည်လာသည်။ ကောက်ယူ နားထောင်လိုက်ရာ ချီနိုင်ငံ သို့ သွားသော အနက်ရောင် သူတော်စင် အဖွဲ့ ပြန်ရောက်လာပြီး အစည်းအဝေး ခန်းမဆောင်တွင် သူ့ကို စောင့်နေကြောင်း သိလိုက်ရသည်။

“ကောင်းပြီ အခုပဲ လာခဲ့မယ်”

ကျောက်စိမ်းပြားကို ချထားခဲ့ပြီးနောက် ကျန်းပေရန် သည် အစည်းအဝေး ခန်းမဆောင် ဘက်သို့ အလျင်အမြန် လျှောက်သွားလိုက်သည်။

“ဆရာကျန်း”

အစည်းအဝေး ခန်းမဆောင် အတွင်းတွင် တစ်စုံတစ်ရာ ဆွေးနွေးနေကြသော အနက်ရောင် သူတော်စင် များသည် ကျန်းပေရန် ရောက်လာသည်ကို မြင်သောအခါ ချက်ချင်း လှည့်ကာ နှုတ်ဆက်ကြသည်။

ထို့နောက် ယင်လင်ယန် သည် ကျန်းပေရန် ရှေ့သို့ လျှောက်လာပြီး ပြောလိုက်သည်။

“ချီနိုင်ငံ က လုံးဝ ကျဆုံးသွားပြီ မြို့တော် အပါအဝင် နေရာ အားလုံးကို ဂူမျိုးနွယ်စု က သိမ်းပိုက်ထားပြီ”

ထိုစကားကို ကြားသောအခါ ကျန်းပေရန် ၏ ရင်ထဲတွင် “ဒိတ်” ခနဲ ဖြစ်သွားသည်။

‘ချီနိုင်ငံ... ပြီးသွားပြီလား’

ချီနိုင်ငံ တွင် နိုင်ငံ ကာကွယ်ရေး အစီအရင် ရှိနေသဖြင့် အသက်ရှင်ကျန်ရစ်နိုင်မည့် အခွင့်အရေး ရှိသေးသည်ဟု ကျန်းပေရန် ထင်မှတ်ထားခဲ့သော်လည်း လုံးဝ ကျရှုံးသွားသည့် အခြေအနေသို့ ရောက်ရှိသွားမည်ဟု မထင်မှတ်ထားခဲ့ပေ။

အသက်ပြင်းပြင်း ရှူလိုက်ပြီး ကျန်းပေရန် ၏ ခေါင်းထဲတွင် လင်ယွီယန်၊ လင်ရှီယွင် နှင့် ရှောင်ချီ တို့၏ မျက်နှာများ ဖြတ်ပြေးသွားသည်။

‘ရှောင်ချီ ရဲ့ ကံကြမ္မာ အရဆိုရင် ဘာမှ မဖြစ်လောက်ပါဘူး သူက လင် မိသားစု တစ်ခုလုံးကို ခေါ်ပြီး ဒီဘေးအန္တရာယ် ကနေ ရှောင်တိမ်းနိုင်မှာပါ’

လောလောဆယ်တွင် ဂူကျင့်ကြံသူများသည် လူသားများကို အကုန်အစင် သတ်ဖြတ်ခြင်း မရှိသေးသဖြင့် ရှောင်ချီ ကဲ့သို့သော ဇာတ်လိုက် မျိုးသည် သေချာပေါက် အသက်ရှင်နေဦးမည် ဖြစ်သည်။ သို့သော် ယခုအခါ ဂူမျိုးနွယ်စု သည် အခြေအနေ ယိုယွင်းလာပြီ ဖြစ်ရာ လမ်းဆုံးသို့ ရောက်နေသော ဂူကျင့်ကြံသူများ အနေဖြင့် အားလုံး အတူတကွ သေဆုံးမည့် လမ်းစဉ်ကို ရွေးချယ်လာမည်ကို စိုးရိမ်ရသည်။

ထို့ကြောင့် ကျန်းပေရန် က ပြောလိုက်သည်။

“စီနီယာယင်... ချီနိုင်ငံ ကျဆုံးသွားပြီ ဆိုပေမယ့် ပြည်သူတွေနဲ့ ကျင့်ကြံသူ အများစုကတော့ ထုံနိုင်ငံ မှာလိုပဲ ဂူပိုးကောင် မြေအောက်ခန်း တွေထဲမှာ ပိတ်လှောင်ခံထားရမှာ သေချာတယ် စီနီယာ အနေနဲ့ လူခေါ်ပြီး ကယ်ဆယ်ရေးနဲ့ အနှောင့်အယှက်ပေးတဲ့ အလုပ်တွေ သွားလုပ်ပေးဖို့ တောင်းဆိုချင်တယ် မဟုတ်ရင် လမ်းဆုံးရောက်နေတဲ့ ဂူကျင့်ကြံသူတွေက အားလုံး အတူတကွ သေမယ့် လမ်းကို ရွေးသွားမှာ စိုးရိမ်လို့ပါ”

ယင်လင်ယန် သည် ကျန်းပေရန် ၏ ဆိုလိုရင်းကို ချက်ချင်း နားလည်သွားပြီး ခေါင်းညိတ် သဘောတူလိုက်သည်။

“ကောင်းပြီ ငါ အခုပဲ သွားလိုက်မယ် အဲဒီ ဂူကျင့်ကြံသူတွေ ထင်တိုင်းကျဲခွင့် လုံးဝ မပေးဘူး”

“အင်း အပ်ပါတယ် ခဏနေရင် စီနီယာ့ကို ကူညီဖို့ လူတွေ ထပ်စီစဉ်ပေးလိုက်ပါ့မယ်”

“ကောင်းပြီ ဒါဆို ငါတို့ အရင် သွားနှင့်မယ်”

ယင်လင်ယန် ပြောပြီးသည်နှင့် ကျန်းပေရန် ကို လက်ယှက် နှုတ်ဆက်ကာ သူ၏ အဖွဲ့ဝင်များကို ခေါ်ဆောင်ပြီး အစည်းအဝေး ခန်းမဆောင်မှ ထွက်ခွာသွားလေသည်။

(အခန်းပြီး)

All Chapters