အမှန်တရားပေါ်ပေါက်ခြင်း
Vol. 58 Ch. 764
ထိုစကားများထွက်လာသည်နှင့် ၊
ဝိုင်းကြည့်နေကြသော ကျင့်ကြံသူများမှာ ဆွံ့အနေကြသည်။
အရင်က ကိုယ့်ကိုယ်ကို ယုံကြည်ချက် အပြည့်ရှိနေတဲ့သူက အခု ဘယ်လိုဖြစ်တာလဲ?
လိပ်ခွံထဲ ဝင်အောင်းနေသတဲ့လား?
လူတိုင်း ဩချနေသည့်အချက်မှာ ယွမ်ချန်းဟုန် သည် ရှက်စရာကောင်းသော စကားလုံးများကို မာန်ပါပါ ပြောနေခြင်းပင် ဖြစ်သည်။
“ယွမ်ဟုန် မင်းသား........?”
ထျန်းယွမ် နတ်ဘုရားမင်းဆက် မှ ပါရမီရှင်များလည်း ဆွံ့အနေကြသည်။
မိမိတို့၏ မင်းသားသည် စူးချန်ကဲကို ထိတ်လန့်တုန်လှုပ်သွားအောင် လုပ်ပြနိုင်မည်ဟု တွေးထားခဲ့သော်လည်း ၊
ယခုတွင်မူ ၊ သူသည် စူးချန်ကဲ၏ တိုက်ခိုက်မှုကြောင့် ကိုယ့်ကိုယ်ကို ပိတ်လှောင်ထားလေ၏။
သို့သော် စဉ်းစားကြည့်လျှင် ၊ မှန်ပေသည်။ သူတို့မင်းသား၏ အကြီးမားဆုံး အခြေခံအုတ်မြစ်သည် ထိုက်ချင်တာအိုရွှမ် ခန္ဓာ ဖြစ်ပြီး၊ ၎င်း၏ အထောက်အပံ့ဖြင့် မိုးနှင့်မြေကြားရှိ အသက်စွမ်းအင်ကို စုပ်ယူကာ မိမိအတွက် အသုံးပြုနိုင်ပြီး၊ မည်မျှပင် ပြင်းထန်သော ဒဏ်ရာဖြစ်စေ ပြန်လည်ကောင်းမွန်နိုင်သည်။
သို့သော် မည်သူမျှ မျှော်လင့်မထားသည်မှာ၊ စူးချန်ကဲ မှ ဖွဲ့စည်းလိုက်သော ထူးဆန်းသော အင်အားသည် ထိုက်ချင်တာအိုရွှမ်ခန္ဓာ ကို ထိန်းချုပ်နိုင်ခဲ့ခြင်းပင်။
ဤလုပ်ဆောင်မှုသည် သူတို့မင်းသား၏ ယခင်က အကန့်အသတ်မရှိခဲ့သော အသက်များကို ပျောက်ပျက်သွားစေပြီး ၊ ယခုအခါ အသက်တစ်ခုတည်းသာ ရှိတော့သည့် အခြေအနေထဲသို့ ကျရောက်သွားစေသည်။
……….
ယွမ်ချန်းဟုန်၏ စကားကို ကြားပြီးနောက် ၊ စူးချန်ကဲ သည်ပင် အလိုအလျောက် မျက်မှောင်ကြုတ်သွားသည်။
“ကြည့်ရတာ၊ ငါ့ရဲ့ ဗလာနိတ္ထိစွမ်းအား က သဘာဝဆိုင်ရာ အရာဝတ္ထုတွေကို မထိခိုက်နိုင်တာ မြင်သွားတာပဲ “
စူးချန်ကဲ သည် တီးတိုးရေရွတ်လိုက်သည်။
ယုတ္တိကျကျဆိုရလျှင်ဖြင့် ၊
ဗလာနိတ္ထိသည် လောကရှိ အရာအားလုံးကို မူလဇစ်မြစ်သို့ ပြန်လည်ရောက်ရှိစေသည်။
နိယာမဆိုင်ရာ အရာဝတ္ထုများသာမက သဘာဝဆိုင်ရာ အရာဝတ္ထုများလည်း ချွင်းချက်မရှိချေ။
သို့သော် ကံမကောင်းစွာဖြင့် ၊ စူးချန်ကဲ သည် စစ်မှန်သော ဗလာနိတ္ထိစွမ်းအားကို ထိန်းချုပ်ရာ၌ မကျွမ်းကျင်သေးပေ။
သူသည် ဗလာနိတ္ထိနယ်ပယ်မှ တစ်ဆင့် နိယာမဆိုင်ရာ အရာဝတ္ထုများကိုသာ ဝါးမျိုကာ ဖယ်ထုတ်နိုင်သည်။
ဥပမာအားဖြင့် ကျင့်ကြံသူ၏ ရုပ်ခန္ဓာ၊ အမတလက်နက် ၊ သဘာဝဆိုင်ရာ အရာဝတ္ထုများ ဖြစ်သည့် မြေကျောက်များအတွက် သူ၏ ဗလာနိတ္ထိစွမ်းအားဖြင့် ၎င်းတို့ကို ဖယ်ရှားမရနိုင်ပေ။
အဘယ်ကြောင့်ဆိုသော် ဤအရာများသည် အစိုင်အခဲအဖြစ် တည်ရှိနေသော အရာများဖြစ်ပြီး၊ သူလက်ရှိ ကျွမ်းကျင်ထားသော ဗလာနိတ္ထိစွမ်းအားဖြင့် မလုပ်ဆောင်နိုင်သေးပေ။
စူးချန်ကဲအနေဖြင့် မျှော်လင့်မထားသည်မှာ ရန်သူသည် တစ်ချက်တည်းဖြင့် မိမိဗလာနိတ္ထိစွမ်းအား၏ အားနည်းချက်ကို မြင်တွေ့ခဲ့ခြင်းသာ ဖြစ်သည်။
သူသည် ဤအချက်ကို ဆုပ်ကိုင်ကာ သဘာဝဆိုင်ရာ အရာဝတ္ထုကို အသုံးပြုခဲ့သည်။
“ ထိပ်တန်းအင်အားစုရဲ့ အမွေခံဆိုတဲ့အတိုင်း မင်း ဉာဏ်ကောင်းတယ်ဆိုတာ ဝန်ခံရမယ် “
စူးချန်ကဲ သည် ခေါင်းခါကာ ပြုံးရယ်လိုက်သည်။
ထို့နောက် သူလက်ထဲက ကောင်းကင်လမ်းစဉ် အာဏာစက်ဓားသည် တောက်ပသော အလင်းများအဖြစ် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသော ကျင့်ကြံသူများမှာလည်း ရှုပ်ထွေးနေကြပြီး စိတ်ထဲတွင် သံသယများ ဖြစ်ပေါ်လာကြသည်။
“ဟမ်.....? စူးချန်ကဲ က ဓားကို ဘာလို့ သိမ်းလိုက်တာလဲ.. ဆက်မတိုက်တော့ဘူးလား”
“ယွမ်ချန်းဟုန် ဆိုတဲ့ကောင်က မြေကြီးထဲက ရှေးကျောက်စွမ်းအားကို စုပ်ယူထားတာလေ.. ရွယ်တူတွေကြားမှာ အဲ့တာကို ဖြိုခွင်းဖို့ ဆိုတာ မဖြစ်နိုင်ဘူး၊ ဆက်တိုက်နေရင် အချိန်ဖြုန်းရာပဲ ကျမယ်”
“ငါ ကြည့်ရသလောက် အခု ရပ်လိုက်တာက အကောင်းဆုံးရလဒ်ပဲ!”
“ဟမ်.... ငါကတော့ ဘယ်လောက်တောင် အစွမ်းအစရှိမလဲလို့ ထင်နေတာ! ငါတို့ မင်းသားရဲ့ အကာအကွယ်ကို မဖောက်ထွက်နိုင်တော့ဘူးမလား “
ထျန်းယွမ် နတ်ဘုရားမင်းဆက် မှ ပါရမီရှင်အချို့သည် ဒေါသဖြေစရာ ရသွားသကဲ့သို့ နောက်တစ်ဖန် လှောင်ပြောင်ကြပြန်သည်။
“ ဒါပေမဲ့လည်း စူးချန်ကဲ က စစ်မှန်အမတ နယ်ပယ် အဆင့်(၆) နဲ့တင် ငါတို့ မင်းသားကို ခဏတာ ဖိနှိပ်နိုင်ခဲ့တယ်၊ ဒီလောက်ဆိုရင်ကို ဂုဏ်ယူဖို့ လုံလောက်ပါပြီ! “
“ဟာသပဲ! မင်းတို့ ထျန်းယွမ်နတ်ဘုရားမင်းဆက် လူတွေက ချန်ကဲ ဆက်ခံသူ ပြောသလိုပဲ ...ကိုယ့်ကိုယ်ကို အထင်ကြီးနေကြတာ”
ကွေးယွမ်အမတဂိုဏ်း မှ လူများကလည်း ပြန်၍ လှောင်ပြောင်ကြသည်။
“ယွမ်ချန်းဟုန် မင်းက ထျန်းယွမ်နတ်ဘုရားမင်းဆက် ရဲ့ မင်းသားတစ်ပါးသာဆိုတယ် ..တိုက်မှာဖြင့် မတိုက်ဘဲ လိပ်ခေါင်းလျှို့ကောင် လုပ်နေတယ်၊ ဘယ်လိုမျက်နှာနဲ့များ ဒီလောက်ထိ အရှက်မရှိတဲ့စကားတွေ ပြောရဲတာလဲ!”
“ဟားးး.... တစ်ကြိမ်ပြီး တစ်ကြိမ် ငါတို့ဂိုဏ်းက ဆက်ခံသူကို စော်ကားတယ်၊ မင်းတို့ မင်းသား အပြင်ကို ထွက်မလာရင် ၊ မင်းတို့ကောင်တွေ လွတ်မြောက်နိုင်မယ်လို့ ထင်နေတာလား!?”
“…….”
အင်အားစုနှစ်ဖွဲ့မှ ပါရမီရှင်များသည် နောက်တစ်ဖန် ပွတ်တိုက်မှုများ ဖြစ်ပေါ်လာကာ၊ ပို၍ ကြီးမားသော စစ်ပွဲတစ်ခု ဖြစ်တော့မည့် အရိပ်အယောင်ကို ပြသနေသည်။
သို့သော် ထိုအချိန်တွင် ၊
ဝုန်း !!!
စူးချန်ကဲ တည်ရှိရာ နေရာတွင်၊ အလွန်ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်မုန်တိုင်း တစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။
“အိုး!? စူးချန်ကဲ က နောက်ထပ် အင်အားသုံးဖို့ဟန်ပြင်နေပုံပဲ”
“ ဘုရားရေ! စစ်မှန်အမတ နယ်ပယ် အဆင့်(၉)ရှိတဲ့ ပါရမီရှင်တောင်မှ ဒီလို ရှေးကျောက်စွမ်းအားနဲ့ ဖွဲ့စည်းထားတဲ့ အကာအကွယ်ကို ဖြိုခွင်းဖို့ ခဲယဉ်းတယ်၊ စူးချန်ကဲ က စစ်မှန်အမတ နယ်ပယ် အဆင့်(၆)နဲ့ ဒါကို ဖြိုခွင်းဖို့လုပ်နေတာ .. အဓိပ္ပာယ်မဲ့လိုက်တာ!”
“ဒီပုံစံကိုကြည့်ရတာ ဓားတောင်မသုံးဘဲ လက်သီးနဲ့ ဖြိုခွင်းမလို့လား? ဒီလိုလုပ်ရပ်က မိုက်ရူးရဲဆန်တယ် “
“ဟမ်! မင်းတို့လည်း ငတုံးတွေပဲ ! စူးချန်ကဲ ရဲ့ ပါးရိုက်တာကို ထပ်ခါထပ်ခါ ခံလိုက်ရတာတောင် မမှတ်သေးဘူး !”
အချို့သော ကျင့်ကြံသူများက မတူညီသော အမြင်များကို ကိုင်စွဲထားကြသည်။
“စူးချန်ကဲ က အရင်က ငါတို့ကို အံ့အားသင့်စရာကောင်းတွေ အမြင်တွေကို အများကြီး ပေးခဲ့ပြီးပြီ၊ ခုလည်း နောက်ထပ် မတူညီတဲ့ ရလဒ်တစ်ခု ထွက်လာနိုင်တယ်!”
……
လူတိုင်း၏ စောင့်ကြည့်မှုအောက်တွင် ၊
ဝုန်း ။ !!!
စူးချန်ကဲကို ဗဟိုပြုထားသော အာကာသသည် ဖိသိပ်ခံလိုက်ရပြီး တုန်ခါသောအသံများ ထွက်ပေါ်လာခဲ့သည်။
ကြောက်မက်ဖွယ်ရာ မဟာလမ်းစဉ် ရူပါရုံမြင်ကွင်းများသည် စူးချန်ကဲ ၏ နောက်ကွယ်တွင် ဖြည်းညှင်းစွာ ပေါ်ပေါက်လာသည်။
ရောင်ခြည်လေးစင်းသည် ကောင်းကင်ကို တည့်တည့်မတ်မတ် ထိုးဖောက်ကာ ၊ မိုးနှင့်မြေကို ဖန်တီးနေဟန် ရှိသည်။
ပို၍ပင် အံ့အားသင့်စရာကောင်းသည်မှာ ကောင်းကင်သည် ကောင်းချီးမင်္ဂလာရှိသော မိုးတိမ်များဖြင့် ပြည့်နှက်ကာ ၊ မြေကြီးပေါ်တွင် ကြာပန်းများ ပွင့်လန်းလာခြင်းပင် ဖြစ်သည်။
မဟာလမ်းစဉ်၏ သက္ကတသံစဉ်များသည် ကမ္ဘာတစ်ဝှမ်းတွင် ပဲ့တင်ထပ်သွားသည်။
တောက်ပသော နေဝင်ချိန်အလင်းရောင်သည် ပေသုံးထောင်အမြင့်မှ ကျဆင်းလာသော နဂါးငွေ့တန်းကဲ့သို့ ၊ ဤနေရာတစ်ခုလုံးကို ရောင်ပြန်ဟပ်နေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော ကျင့်ကြံသူတိုင်း အသက်ပြင်းပြင်း ရှူရှိုက်ကာ အံ့အားသင့်စွာဖြင့် ဟစ်အော်လိုက်ကြသည်။
“ဒါ ဒါက... မဟာလမ်းစဉ် မတူညီတဲ့ ရောင်ဝါလေးခုလား!”
“အမ်... စူးချန်ကဲ က ဘယ်လိုလုပ်ပြီး မတူညီတဲ့ ရောင်ဝါလေးခုကို ထုတ်လွှတ်နိုင်ရတာလဲ!? သူက မတူညီတဲ့ လမ်းစဉ် လေးမျိုးကို ကျင့်ကြံနေတာလား?”
“မင်းတို့ မေ့နေကြပြီလား?! စူးချန်ကဲ မှာ မဟာလမ်းစဉ် ကိုယ်ထည် လေးမျိုးရှိတယ်လေ... နောက်ထပ် အမည်မသိ ကိုယ်ထည် နှစ်မျိုးလည်း ရှိသေးတယ် ၊ သူက ကိုယ်ထည်လေးမျိုးရဲ့ စွမ်းအားတွေကို ပေါက်ကွဲလိုက်တာပဲ!”
“ဒါပေမယ့်.... ကိုယ်ထည်အများကြီးကို ပိုင်ဆိုင်ထားတာက မဟာလမ်းစဉ်ရဲ့ တန်ပြန်မှုကို ပိုပြီး ခံရနိုင်တယ်လို့ ပြောကြတယ်မဟုတ်လား!?”
“ဒါပေမဲ့ မျက်စိရှေ့က ဒီမြင်ကွင်းက ဘယ်လိုဖြစ်တာလဲ...ဒီလောက်ထိ အားကောင်းတဲ့ ရောင်ဝါ ၊ ဘယ်ကလာ မဟာလမ်းစဉ်ရဲ့ တန်ပြန်မှုကို ခံရလို့လဲ “
“ သေချင်းဇိုးတွေ ! အမတနယ်မြေ က အဲ့ကောင်တွေက လူကို အထင်မှားအောင် လုပ်နေကြတာ ! အာ့ကြောင့် ငါပြောတယ် စူးချန်ကဲ က မူမမှန်ပါဘူးဆိုနေမှ ...လတ်စသတ်တော့ သူက မဟာလမ်းစဉ်ရဲ့ တန်ပြန်မှုကို မခံခဲ့ရဘူးပဲ!”
“………”
ဤမြင်ကွင်းသည် ၊
ချန်းမု၏ တိုက်ခိုက်မှုကို လက်ချောင်းနှစ်တည်းဖြင့် ဖြေရှင်းလိုက်သော မြင်ကွင်းထက်ပင် ကြောက်စရာကောင်းနေခဲ့သည်။
အမတနယ်မြေသို့ လှည့်လည်မသွားမလာမီ ၊ ခွေးသတောင်းစား အချို့က စူးချန်ကဲသည် ကိုယ်ထည်များစွာ ပိုင်ဆိုင်ထားသဖြင့် မဟာလမ်းစဉ်၏ တန်ပြန်မှုကို ခံစားနေရသည်ကို ပြောဆိုခဲ့သည်။
သူ၏ တကယ့်ခွန်အားသည် အရမ်းအားနည်းပြီး ၊ နယ်ပယ်တူများကြားတွင် သူသည် မည်သူကိုမှ အနိုင်ယူနိုင်မည် မဟုတ်ကြောင်း ပြောဆိုကြသည်။
သူတို့ထဲက လူအတော်များများသည် ဤခွေးသတောင်းစားများ၏ စကားကို ယုံကြည်ခဲ့ကြသည်။
သို့သော် လက်ရှိတွင် သူတို့၏ စိတ်ထဲ၌ ထိန်းသိမ်းမရနိုင်သော ကြောက်ရွံ့မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ယခုတွင်မူ ၊ ကိုယ်ထည်ခြောက်မျိုးကို ပိုင်ဆိုင်ထားပြီး မဟာလမ်းစဉ်၏ တန်ပြန်မှုကို မခံရသော ဤစူးချန်ကဲသည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် သူတို့အကုန်လုံးအား အသေရိုက်သတ်နိုင်မည်ကို စိုးရိမ်နေမိသည်။