← Chapters

အသက်စွမ်းအင်နယ်ပယ် တစ်ခုလုံး ပျက်ပြယ်သွားခြင်း

Vol. 58 Ch. 763

အသက်စွမ်းအင်နယ်ပယ် တစ်ခုလုံး ပျက်ပြယ်သွားခြင်း

Vol. 58 Ch. 763

ဝုန်း !!

တခဏချင်းမှာပင် ၊ လှိုင်းထန်နေသော နိယာလှိုင်းတစ်ခုသည် စူးချန်ကဲ၏ ခန္ဓာကိုယ်အတွင်း အလျင်အမြန် ပျံ့နှံ့သွားသည်။

ဗလာနိတ္ထိစွမ်းအားများဖြင့် ပြည့်နှက်နေသော စွမ်းအင်စီးကြောင်းတို့သည် ကောင်းကင်ယံ၌ ရစ်ပတ်ယှက်ခွေလျက်၊ မရေတွက်နိုင်သော အမည်းစက်လေးများ ကဲ့သို့ လည်းကောင်း သို့မဟုတ် စကြာဝဠာတွင်းနက်များစွာကဲ့သို့ လည်းကောင်း ဖြစ်ပေါ်လာခဲ့သည်။

ဤလျို့ဝှက်ဆန်းကြယ်သော အရာဝတ္ထုများ၏ သက်ဝင်လှုပ်ရှားမှုနှင့်အတူ၊ ဤကမ္ဘာပေါ်ရှိ တည်ရှိနေသော စွမ်းအင်များသည် ယင်းအတွင်း မျိုချခံလိုက်ရပုံပေါ်သည်။

ယွမ်ချန်းဟုန် အနေဖြင့် ခဲယဉ်းစွာ စုစည်းထားသော အသက်စွမ်းအားသည်ပင် ဤမထင်မရှား အင်အား၏ ဆွဲငင်မှုကိုခံရကာ အဆက်မပြတ် ပျောက်ကွယ်နေသည်ကို မျက်ဝါးထင်ထင် မြင်တွေ့ နေရပြီး ၊ ၎င်းတို့သည် ထိုအရာ၏ ဝါးမျိုခြင်းကို ခံလိုက်ရပုံပေါ်သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသူတိုင်း ထိတ်လန့်အံ့အားသင့်နေကြပြီး မယုံနိုင်လောက်အောင်ဖြစ်နေကြသည်။

“ဒါ ဘယ်လိုစွမ်းအားများလဲ?! စူးချန်ကဲ ဖွဲ့စည်းလိုက်တဲ့ အနက်ရောင် အရာဝတ္ထုတွေက ဒီနေရာရဲ့ စွမ်းအားတွေကို ဝါးမျိုနေသလိုပဲ”

“ငါကတော့ ဝါးမျိုချနေတယ်လို့ မထင်ဘူး”

အမြင်စူးရှသော ကျင့်ကြံသူအချို့က ပြန်လည်ချေပလိုက်သည်။

“ငါ့အထင်.... အဲ့အမဲစက်တွေထဲ ဆွဲငင်ခံရတဲ့ ဘယ်စွမ်းအင်လှိုင်းမဆို တည်ရှိမှုကနေ ပျောက်ကွယ်သွားသလိုပဲ “

“အမ်..... ယွမ်ချန်းဟုန် ဖွဲ့စည်းထားတဲ့ အသက်စွမ်းအင်နယ်ပယ် က.... ဒီအင်အားရဲ့ ဖိနှိပ်မှုအောက်မှာ၊ တဖြည်းဖြည်း ပျောက်ကွယ်နေတာကို သတိထားမိကြလား!”

မျက်စိရှေ့မှ ဤမယုံနိုင်စရာ မြင်ကွင်းသည် လူတိုင်းကို ခေါင်းမီးတောက်သွားစေသည်။

အမတနယ်မြေ၏ ကျယ်ပြန့်မှုသည် အဆုံးမရှိသလို ၊ ယင်းအတွင်းရှိ ရေသည် အလွန်နက်နဲသည်။

ဥပမာအားဖြင့် စူးချန်ကဲ အသုံးပြုသော ဗလာနိတ္ထိစွမ်းအားသည် လူတိုင်း၏ နားလည်နိုင်စွမ်းထက် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

သူတို့သည် ဗလာနိတ္ထိ အကြောင်း အနည်းအကျဉ်း သိထားသော်လည်း ၊ ၎င်း၏ တိကျသော လုပ်ဆောင်ချက်နှင့် အတိုင်းအတာကို မည်သူမှ မသိကြပေ။

လက်ရှိတွင် ယွမ်ချန်းဟုန်၏ မျက်နှာအမူအရာမှာ အတော်လေး ကြည့်ရဆိုးနေသည်။

“ ဒါ ဘာတွေဖြစ်နေတာလဲ!?”

စိတ်ထဲတွင် မနေနိုင်တော့ဘဲ ကျိန်ဆဲနေမိသည်။

“ဒီကောင် က ငါ့ရဲ့ အသက်စွမ်းအားတွေကို ဝါးမျိုနေတာ မဟုတ်ဘဲ ဟင်းလင်းပြင်ထဲကနေ ဖျက်ပစ်နေတာပဲ “

ထိုက်ချင်တာအိုရွှမ်ခန္ဓာသည် မိုးနှင့်မြေကြားရှိ အသက်စွမ်းအင်ကို စုစည်းနိုင်သော မဟာလမ်းစဉ် နတ်ဘုရားခန္ဓာ ဖြစ်သည်။

မိုးနှင့်မြေကြား အသက်စွမ်းအင်များ တည်ရှိသ၍ သူသည် ၎င်းတို့ကို အမြဲမပျက် စုပ်ယူနိုင်သည်။

စူးချန်ကဲတွင် သူ၏ အသက်စွမ်းအားကို ဝါးမျိုရန် သို့မဟုတ် လုယူရန် နည်းလမ်းများ ရှိနေရင်တောင်မှ ဤလောက၌ အသက်စွမ်းအားများ မခမ်းခြောက်သရွေ့ သူ့တွင် မကုန်ခမ်းနိုင်သော စွမ်းအင်အရင်းအမြစ်တစ်ခု ရှိနေဦးမည်ဖြစ်သည်။

ရန်သူသည် မည်မျှပင် ဝါးမျိုနိုင်ပါစေ ၊ သူ စုပ်ယူနိုင်သည်ထက် ပိုများနိုင်မည် မဟုတ်ပေ။

သို့သော် စူးချန်ကဲ ဖွဲ့စည်းထားသော အင်အားသည် ဝါးမျိုရန်မဟုတ်ဘဲ ဤလောကရှိ စွမ်းအင်မှန်သမျှ ၊ နိယာမများနှင့် ဒြပ်ဝတ္ထုအားလုံးကို သီးခြားစီခွဲထုတ်ကာ ဖျောက်ဖျက်ပစ်နေဟန်ရှိသည်။

ဤနေရာတွင် စူးချန်ကဲ ဖွဲ့စည်းထားသော အနက်ရောင် အရာဝတ္ထုများမှအပ၊ အခြားစွမ်းအင်များ မရှိတော့ပေ။

“မင်း မာန်တတ်‌နေတဲ့ ထိုင်ချင်တာအိုရွှမ် ခန္ဓာ က ဘယ်လောက် အစွမ်းထက်လဲလို့ သိချင်နေတာ”

ထိုအချိန်တွင်၊ စူးချန်ကဲ သည် ပေါ့ပါးစွာ ပြုံးရယ်လိုက်သည်။

“အသက်စွမ်းအင်နယ်ပယ်သာ မရှိတော့ရင်၊ ဒီတိုင်း ပန်းပွင့်နဲ့ အလှဆင်ထားရုံသက်သက်ပဲ”

ထိုစကားများပြောပြီးသည်နှင့် ၊

ဝုန်း !!

စူးချန်ကဲသည် ခန္ဓာကိုယ်အတွင်းရှိ အမတစွမ်းအားများကို နောက်တစ်ဖန် နှိုးဆော်လိုက်ပြီး ၊ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် မျက်စိတမှိတ်အတွင်းမှာပင် သူရပ်နေသည့် နေရာ၌ အရိပ်တစ်ခုသာ ကျန်ရစ်ခဲ့သည်။

လူတိုင်း စူးချန်ကဲ၏ ပုံသဏ္ဍာန်ကို နောက်တစ်ဖန် ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရချိန်တွင် ၊

သူသည် မိုးမြေကို ဖျက်ဆီးမည့် စွမ်းအားများကို ဆောင်ကျဉ်းလျက် ဓားကို ဝှေ့ယမ်းကာ ၊ ယွမ်ချန်းဟုန်၏ ဦးခေါင်းအား ခုတ်ပိုင်းချလိုက်ပြီး ဖြစ်သည်။

“ဟမ်! မင်း က ငါ့ရဲ့ အသက်စွမ်းအင်နယ်ပယ်ကို ဖိနှိပ်လိုက်ရုံနဲ့ ငါ့ကို အနိုင်ယူနိုင်မယ်လို့ ထင်နေတာလား!?”

ယွမ်ချန်းဟုန်သည်လည်း အားမလျှော့ချေ။

သူ၏ ထိုက်ချင်တာအိုရွှမ်ခန္ဓာသည် မိုးနှင့်မြေကြားရှိ နိယာမတရားများကို စုစည်းနိုင်ရုံသာမက ၊ သဘာဝတရားရှိ အရာဝတ္ထုများကိုလည်း စုစည်းနိုင်သည်။

“လှိုင်းကိုနင်းကာ ကြယ်ကိုဖျက်စီးခြင်း!”

ယွမ်ချန်းဟုန်သည် သူ့လက်ထဲရှိ တောင်ပင်လယ် သုံးခွလှံကို ဝှေ့ယမ်းလိုက်ပြီး သူ့ခြေထောက်အောက်ရှိ မြေပြင်ကို အားအင်အပြည့်သုံးကာ ရိုက်ချလိုက်သည်။

ဝုန်း !!

ကြောက်မက်ဖွယ်ရာ ကောင်းသော နိယာမတရားများသည် ‌မာကျောသော မြေပြင်ပေါ်သို့ ကျရောက်လာပြီး ၊ ကျယ်လောင်သော ပေါက်ကွဲမှုကို ဖန်တီးခဲ့သည်။

ယွမ်ချန်းဟုန် ကို ဗဟိုပြုကာ၊ မိုင်ရာပေါင်းများစွာ အကွာအဝေးအတွင်းရှိ မြေပြင်သည် ပိုက်ကွန်ကဲ့သို့ အလွှာလိုက် ပြိုကျကွဲထွက်သွားပြီး အတိုင်းမသိ ထပ်နေသော ကျောက်ဆူးများသည် ချက်ချင်းလက်ငင်း မြေပြင်အတွင်းမှ ပြင်းထန်စွာ ထိုးထွက်လာခဲ့သည်။

၎င်းတို့သည် အပြန်အလှန်ချိတ်ဆက်ထားပြီး ရှေးဟောင်းတောင်ကြီးများစွာကဲ့သို့ ဖွဲ့စည်းထားပြီး ၊ ကြယ်တစ်စုက လကို ဝန်းရံထားသကဲ့သို့ ယွမ်ချန်းဟုန် တစ်ကိုယ်လုံးကို ယင်းအတွင်း၌ ထုပ်ပိုးထားသည်။

နောက်အခိုက်အတန့်တွင် ၊

ကြယ်တစ်လုံး ကြွေကျလာသကဲ့သို့ ပေါက်ကွဲသံ တစ်ချက် ပဲ့တင်ထပ်သွားပြီး ၊ ကောင်းကင်မြစ်တစ်စင်းလို တောက်ပနေသော ဓားစွမ်းအင်သည် ယွမ်ချန်းဟုန် တည်ရှိရာ နေရာတွင် ပေါက်ကွဲသွားသည်။

ဟူး ——

တခဏအတွင်းမှာပင် ၊ ပေါက်ကွဲမှုမှ လွင့်ပျံလာကြသော ကျောက်စရစ်ခဲများသည် လေပြင်းမုန်တိုင်းကဲ့သို့ လှိမ့်ဝှေ့ကျဆင်းလာသည်။

အခိုးအငွေ့များ တဖြည်းဖြည်း ကင်းစင်းသွားချိန်တွင်၊ တောင်ကြီးများသဖွယ် ဖွဲ့စည်းထားသော ကျောက်ဆူးများပေါ်တွင် အနည်းငယ်မျှသော အက်ကြောင်းများမှအပ၊ မည်သည့် ထိခိုက်မှုမျှ မရှိခဲ့ပေ။

ထိုအရာကို မြင်လိုက်ရသော စူးချန်ကဲသည် မျက်လုံးများကို မှေးကျဉ်းကာ ကြည့်လိုက်သည်။

“ဒီကောင် က..... ကမ္ဘာမြေစွမ်းအားကိုပါ ခြယ်လှယ်နိုင်တာပဲ ပြီးတော့ မြေအောက်အနက်ဆုံးက ရှေးကျောက်စွမ်းအားကိုပါ.....”

ရှေးကျောက်စွမ်းအား ဆိုသည်မှာ မြေအောက်အနက်ဆုံးတွင် မြှုပ်နှံထားသော မူလကမ္ဘာမြေစွမ်းအား ဖြစ်သည်။

ကမ္ဘာမြေစွမ်းအားသည် အကြွင်းမဲ့ အကာအကွယ်အဖြစ် နာမည်ကြီးသည်။

မြေအောက်အနက်ဆုံးတွင် မြှုပ်နှံထားသော ဤမူလကမ္ဘာမြေ စွမ်းအားသာဆိုလျှင်ဖြင့် ၊ ထည့်ပြောရန်ပင် မလိုတော့ပေ။ အကယ်၍ ကျင့်ကြံသူတစ်ဦးသည် ဤသို့သော စွမ်းအားကို ကျွမ်းကျင်ပြီး သူ၏ ကာကွယ်ရေးအတွက် အသုံးပြုနိုင်ပါက ၊ သက်တူရွယ်တူများကြား အတုမရှိသော ပြိုင်ဘက်ကင်းသူတစ်ယောက် ဖြစ်လာနိုင်သည်ဟု ဆိုရမည်။

အကြောင်းမှာ ဤနည်းစနစ်ကို အသုံးပြုသူသည် ယင်းအတွင်း၌ ပုန်းအောင်းနေသရွေ့၊ တိုက်ခိုက်သူသည် မည်မျှပင် ကြီးမားသော အစွမ်းအစရှိစေကာမူ၊ ၎င်း၏ ခံစစ်ကို ဖျက်ဆီးနိုင်မည် မဟုတ်ပေ။

စူးချန်ကဲအနေဖြင့် ပြောစရာစကားမရှိတော့ချေ။

စောနက ရန်သူ၏ အာကျယ်မှုသည် သူနှင့် အနိုင်အရှုံး ခွဲတော့မည် ဖြစ်ကြောင်း ထင်မှတ်ထားခဲ့သည်။

သို့သော် မျှော်လင့်မထားသည်မှာ၊ အာကျယ်တတ်သည့် ဤယွမ်ချန်းဟုန်သည် စည်းမျဉ်းကို မလိုက်နာခဲ့ခြင်းသာ ဖြစ်သည်။

လိပ်ခွံတစ်ခုကို ဖွဲ့စည်းကာ ယင်းအတွင်း၌ ပုန်းအောင်းရန် ကြံရွယ်နေလေ၏။

“တကယ်ကို ရယ်စရာကောင်းလိုက်တာ။”

စူးချန်ကဲသည် ဓားကို ကိုင်ဆောင်လျက် ကောင်းကင်ပြင်တွင် ရပ်နေပြီး ၊ သူသည် ပြက်ရယ်ပြုသော လေသံဖြင့် ဆိုလိုက်သည်။

“နာမည်ကြီးလှတဲ့ ယွမ်ဟုန် မင်းသားက လတ်စသတ်တော့ လိပ်ခေါင်းလျှိုတဲ့ကောင် ဖြစ်နေတာပဲ”

စူးချန်ကဲ၏ ရန်စမှုကို ကြားသော်လည်း၊

ယွမ်ချန်းဟုန် သည် မည်သည့်စကားမှ ပြန်မပြောခဲ့ချေ။

စူးချန်ကဲ၏ ဓားစွမ်းအင်သည် အလွန်ပင် အားကောင်းပြီး၊ နတ်သံမဏိကိုပင် ရွှံ့စေးအလား ဖြတ်တောက်ပစ်နိုင်သည်။

မိမိ၏ အသက်စွမ်းအင်နယ်ပယ်သည် စူးချန်ကဲ၏ လက်ချက်ဖြင့် ခွဲထုတ်ခံလိုက်ရသောကြောင့် မိမိ၏ နောက်ဆုံး အခြေခံအုတ်မြစ်သည် ကုန်ခမ်းသွားပြီဟု ဆိုနိုင်သည်။

အကယ်၍ ဤဓားချက်ဖြင့် ထိမှန်ခံရပါက ၊ မသေရင်တောင် ဒဏ်ရာအပြင်းအထန် ရပေလိမ့်မည်။

ဒဏ်ရာအပြင်းအထန်ရပြီးနောက် ၊ သူသည် အသက်စွမ်းအားဖြင့် ပြန်လည်ကုသနိုင်တော့မည် မဟုတ်ပေ။

သူ့အနေဖြင့် ဆက်လက် တိုက်ခိုက်ဝံ့ပါက ၊ သူသည် မလွဲဧကန် သေရပေတော့မည်။

ထို့အပြင်၊ သူသည် ထိုက်ချင်တာအိုရွှမ် ခန္ဓာ ဖြင့် မြေအောက်နက်ရှိုင်းရာမှ ရှေးကျောက်စွမ်းအားကို အဆက်မပြတ် စုပ်ယူနိုင်သည်။

သူ အပြင်သို့ မထွက်သရွေ့၊ မိမိ၏ လုံခြုံမှုကို အာမခံနိုင်သည်ဟု ဆိုနိုင်သည်။

“သေနာကောင် စူးချန်ကဲ ! ဒီနေ့ ငါ့ကို ဒီလောက်အထိ အရှက်ရစေတယ်!”

“ငါ ဒီနေ့ မသေရင်၊ နောက်နေ့ မင်းကို အဆတစ်ရာ ပြန်ဆပ်ခိုင်းမယ်!”

ယွမ်ချန်းဟုန်၏ စိတ်ထဲတွင် အလွန်ဒေါသထွက်နေသော်လည်း၊ သူ့ပါးစပ်မှ ထွက်လာသော စကားများမှာ အတော်လေး ရိုးသားရှာသည်။

“ဟားး..... စူးချန်ကဲ၊ သွေးထိုးစကား မပြောစမ်းပါနဲ့ .. ဒါကလည်း ငါ့ရဲ့ အစွမ်းအစတစ်ခုပဲလေ ! “

အကြွင်းမဲ့ ကာကွယ်ရေးအတွင်း၌ ရှိနေသော ယွင်ချန်းဟုန်သည် ကျယ်လောင်စွာ ပြောဆိုလိုက်သည်။

“မင်း ကိုယ့်ကိုယ်ကို အစွမ်းထက်တယ်လို့ ထင်တယ်မဟုတ်လားး?!”

“ အစွမ်းအစရှိရင် ငါ့ရဲ့ အကာအကွယ် ဖျက်ပြီး မင်းကိုယ်တိုင် ဝင်လာခဲ့လေ!”

All Chapters