← Chapters

သိုင်းတစ်ထောင်ခန်းမ၏ အစွမ်းထက်ဆုံးပုဂ္ဂိုလ်၊ ဒီဗိုင်းဆန်းကြယ်စွမ်းအား‌အား ဉာဏ်အလင်းရခြင်း

Vol. 35 Ch. 511

သိုင်းတစ်ထောင်ခန်းမ၏ အစွမ်းထက်ဆုံးပုဂ္ဂိုလ်၊ ဒီဗိုင်းဆန်းကြယ်စွမ်းအား‌အား ဉာဏ်အလင်းရခြင်း

Vol. 35 Ch. 511

ဆရာဟုန်၏ မျက်နှာမှာ ညှို့မှိုင်းနေ၏။ တစ်ဖက်လူ၏ ခွန်အားသည် အလွန်သန်မာလှပြီး သူ့ကို ဖိနှိပ့်ထားနိုင်လေသည်။ ဝမ်ရှင်းအကယ်ဒမီ၏ လူဟောင်းများသည် အမှန်တကယ်ကို အထင်သေးလို့မရပေ။

"မင်းက ဝမ်ရှင်းအကယ်ဒမီက ဘယ်သူလဲ.."

ဆရာဟုန်က သူ၏ဓားဖြင့် ထပ်မံထိုးစိုက်လိုက်ပြန်ပြီး တိုက်ခိုက်မှု တစ်ခုချင်းစီတိုင်းကို အဘိုးအိုက ကာထုတ်နိုင်သည်။

လော့ဒေသ၏ မဟာမိတ်ခေါင်းဆောင်မှာ စိတ်သက်သာရာ ရသွား၏။ လက်စသတ်တော့ အဆုံးမဲ့ကြယ်တာရာ အကယ်ဒမီမှ အသက်ရှင်ကျန်ခဲ့သည့် စွမ်းအားကြီးမားသူတစ်ယောက် ရှေ့သို့တက်ကာ ကူညီခဲ့ခြင်း ဖြစ်သည်။

ဦးညွှတ်ကာ ပြော၏။

"ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ.."

ထို့နောက် နောက်သို့လှည့်ကာ ဓားစံအိမ်မှ အကြီးအကဲတစ်ယောက်အား တိုက်ခိုက်သည်။

အဘိုးအိုက တောင်ဝှေးကို ဝှေ့ရမ်းသည်။ သူ၏နောက်ရှိ လ၏ အလင်းရောင်သည် ပိုမိုကာ တောက်ပလာခဲ့၏။ သို့ပေမယ့် မပြည့်စုံစွာ ရှိနေပါသည်။

"ဘုန်း.."

ကောင်းကင်ရှိ လအလင်းသည် ပြိုလဲသွားပြီး ဆရာဟုန်၏ ဓားအလင်းမှာ အားနည်းသွားပုံ ပေါ်၏။ ထက်မြမှုတို့ ဆုံးရှုံးကာ နှေးကွေးလာခဲ့သည်။ ဆရာဟုန်၏ မျက်နှာက ပြောင်းလဲသွားသည်။

အဘိုးအို၏ မျက်နှာမှာလည်း အနည်းငယ် ညှိုးနွမ်းသွားသည်။ သူထုတ်လွှတ်လိုက်သည့် စွမ်းအားသည် ကြီးမားသည့် သက်ရောက်မှုတို့ ဖြစ်စေခဲ့ကြောင်းအား ပြသနေ၏။

"ခင်ဗျားရဲ့ ခွန်အားကိုကြည့်ရတာ အဆုံးမဲ့ကြယ်တာရာအကယ်ဒမီရဲ့ သူရဲကောင်း၃၆ယောက်ထဲက တစ်ယောက်များလား.."

ဆရာဟုန်က ညှို့မှိုင်းသည့်မျက်နှာဖြင့် မေးသည်။

အဆုံးမဲ့ကြယ်တာရာအကယ်ဒမီတွင် အကျော်ကြားဆုံးပုဂ္ဂိုလ်များမှာ သူရဲကောင်း၃၆ဦးတို့ ဖြစ်ကြ၏။ တစ်ယောက်ချင်းစီတိုင်းသည် စိတ်ဝိဉာဉ်ခန္ဓာတစ်ခုအား ပိုင်ဆိုင်ထားကြပြီး အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများရှိ ပါရမီရှင်များနှင့် နှိုင်းယှဉ်နိုင်လေသည်။

"သူယွဲ့ချန်မင်က တကယ့်ကို အထင်ကရလူပဲ။ သူ့ရဲ့စိတ်ဝိဉာဉ်ခန္ဓာက အတိတ်တုန်းက ပျက်စီးသွားခဲ့ပေမယ့် အသက်ရှင်ကျန်နိုင်ရုံတင် မကဘူး။ စွမ်းအားလည်း ပိုကြီးလာတယ်.."

"တကယ့်ကို လူထူးလူကဲတစ်ယောက်လို့ ပြောရမယ်.."

ရုတ်တရက် အေးစက်ကာ မာနကြီးသည့် အသံတစ်ခု လွင့်ပျံလာ၏။ ၎င်းနှင့်အတူ လှံရှည်တစ်ခု၏ အသံလည်း လိုက်ပါလာသည်။

စွမ်းအားကြီးမားသည့် ထိုးစိုက်မှုနှင့် ယွဲ့ချန်မင်၏ လက်ထဲရှိ တောင်ဝှေးကို လွင့်ထွက်သွားစေလုမတတ် ဖြစ်သွားခဲ့၏။ သူ့ကို နောက်သို့ ဆုတ်ခွာသွားရစေသည်။ နောက်ကျောရှိ လခြမ်းမှာလည်း အချိန်မရွေး ပြိုလဲကျတော့မည့်ဟန် ရ၏။

ခန္ဓာကိုယ်ကို တည်ငြိမ်အောင်ထိန်းရင်းမှ ယွဲ့ချန်မင်၏ မျက်နှာက ပြောင်းလဲသွားပြီး ရောက်ရှိလာသည့်လူကို ကြည့်သည်။ ညှို့မှိုင်းသည့်မျက်နှာဖြင့် နက်ရှိုင်းစွာပြော၏။

"ဟွမ်းလျန်.. မင်းလား.."

"ဟုတ်တယ်.. ငါပဲ.."

လှံရှည်ကို ကိုင်ဆောင်ထားသည့်လူတွင် အဝါရောင်မုတ်ဆိတ်များ ရှိသည်။ သူသည် ထူးမခြားနားစွာ ရှိနေ၏။ သို့ပေမယ့် မျက်လုံးများ၌ သတ်ဖြတ်ခြင်းဆန္ဒတို့ ပြည့်နက်နေပါသည်။

"အကြီးအကဲဟွမ်း... ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ.."

ဆရာဟုန်က အလျှင်အမြန် ဦးညွှတ်သည်။

ဟွမ်းလျန်က အသာပြော၏။

"လေလွင့်သိုင်းသမားတွေ အကြားမှာ ရွှီယန်လို့ခေါ်တဲ့ ပါရမီရှင်တစ်ယောက် ပေါ်လာတယ်ကြားလို့ ‌မေးစမ်းကြည့်တာ.. သူ့ရဲ့ ထူးကဲတဲ့ ဓားလမ်းစဉ်အကြောင်းကို သိခဲ့ရတယ်။ ဆက်လက်စုံစမ်းပြီးတဲ့နောက်မှာ အဲ့ဒီ့ကျင့်စဉ်က ငါတို့သိုင်းတစ်ထောင်ခန်းမကနေ ခိုးယူသွားခဲ့တာဖြစ်တာကို တွေ့လိုက်ရတယ်.."

"ဒီနေ့မှာ ငါလာတာ.. အဲ့ဒီ့သူခိုးကိုသတ်ပြီး လျှို့ဝှက်အတတ်ကို ပြန်ပြီးတော့ ယူဆောင်သွားဖို့ပဲ.."

ဆရာဟုန်က ခေါင်းငြိမ့်သည်။

"ကျွန်တော်နားလည်ပါပြီ.."

ဓားစံအိမ်မှ ကျင့်စဉ်များသည် သိုင်းတစ်ထောင်ခန်းမမှ လာခြင်း ဖြစ်၏။ ဓားစံအိမ်မှ ခိုးယူသွားသည်ဟု ဆိုရာ သိုင်းတစ်ထောင်ခန်းမမှ ခိုးယူသွားခြင်းလည်း ဖြစ်သည်။ နှစ်ခုကြားတွင် ခြားနားချက် မရှိပေ။

"အရှက်မဲ့တဲ့ကောင်... မင်းတို့ သိုင်းတစ်ထောင်ခန်းမက အရင်တုန်းကလို အရှက်မဲ့နေတုန်းပဲ.."

ယွဲ့ချန်မင်က ဒေါသတကြီး ပြော၏။

"ခွေးကောင်ကြီး... ဒီနေရာမှာ မင်းဝင်ပြောစရာ ဘာမှမရှိဘူး။ ဒီနေ့မှာ မင်းသေရမယ်.."

ဟွမ်းလျန်က ပြော၏။ လှံကို မြှောက်လိုက်ပြီးနောက် ရုတ်တရက် ထည်ဝါကာ ကျယ်ပြန့်သည့်စွမ်းအားက လှံအတွင်းသို့ စီးဝင်သွားသည်။

ဤသည်က လှံ၏အနားတစ်ဝိုက်ရှိ လေဟာနယ်ကို လှိုင်းထလာစေပြီး ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စွမ်းအားတို့ ထကြွလာ၏။

ဟွမ်းလျန်၏ ခန္ဓာကိုယ်မှ ကြီးမားသည့် အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဤသည်က ကိုယ်တစ်ဝိုက်တွင် ရေးတေးတေးရှိသည့် အဝါရောင်အလင်းတစ်ခုအား ဝန်းရံလာစေ၏။

ဆရာဟုန်မှာ တောင်ကြီးတစ်ခု၏ ဖိနှိပ့်မှုကို ခံထားရသည့်အလား ကြီးမားသည့် ဖိအားကို ခံစားလိုက်ရသည်။

သူသည် အံ့သြသွားပုံပေါ်ပြီး အလျှင်အမြန် နောက်ဆုတ်၏။

ဤသည်မှာ အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းမှ အသန်မာဆုံး ပုဂ္ဂိုလ်တစ်ဦး၏ စွမ်းအားလေလား။

"အခုမြင်ပြီလား... ဒါကစိတ်ဝိဉာဉ်ဂိုဏ်းက အသန်မာဆုံးပုဂ္ဂိုလ်တွေရဲ့ စွမ်းအားပဲ။ မင်းလို လေလွင့်သိုင်းသမားက နားလည်နိုင်မှာလား။ ငါ့ရဲ့စီနီယာဦးလေးက သူ့ရဲ့အရှိန်အဝါနဲ့ အတိတ်တုန်းက မင်းရဲ့စိတ်ဝိဉာဉ်ခန္ဓာကို ပျက်စီးစေခဲ့တယ်။ ဒီနေ့မှာလည်း ငါမင်းကို လုံးဝသုတ်သင်ပစ်မယ်.."

ဟွမ်းလျန်က ယွဲ့ချန်မင်ကို အေးစက်စွာ ကြည့်သည်။

ယွဲ့ချန်မင်၏မျက်နှာက ဖြူရော်သွား၏။ သူ၏ မျက်လုံးများက ဒေါသ၊ မကျေနပ်မှုနှင့် စွမ်းအားမဲ့မှုတို့ဖြင့် ပြည့်နှက်နေပါသည်။ အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းများ၏ ခွန်အားသည် စိတ်ကူးထားသည်ထက်ပင် ကျော်လွန်နေ၏။

"ဘယ်သူတွေးမိမှာလဲ... အမှိုက်ကောင်ဟွမ်းလျန်... မင်းလည်း ဒီခြေလှမ်းကို တက်လှမ်းနိုင်ခဲ့တယ်။ ဒီအထိသန်မာလာခဲ့တယ်.."

ယွဲ့ချန်မင်က မကျေနပ်မှုများစွာဖြင့် ရယ်၏။

အတိတ်တုန်းက သူသည် ဒီလိုလူမျိုးကို မျက်စိထဲပင် မထည့်ခဲ့ပေ။ သို့ပေမယ့် ယခုအချိန်၌ အသန်မာဆုံးထဲမှတစ်ယောက် ဖြစ်လာခဲ့၏။

"ယွဲ့ချန်မင်... ဒီအချိန်မှာ အသုံးမဝင်တဲ့လူက မင်းပဲ.."

ဟွမ်းလျန်က အေးစက်စွာပြောသည်။

"ကောင်းကင်ကို ဖြတ်သန်းတဲ့ လအလင်းလား... ဟာသပဲ... အခုအချိန်က မင်းပျောက်ကွယ်သွားရမယ့် အချိန်ပဲ.."

ဟွမ်းလျန်က လှံကို ထိုးစိုက်လိုက်သည်။ လှံမှာကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ကြီးမားသည့် စွမ်းအားနှင့် ပေါင်းစပ်သွားသည့်ပုံ ပေါ်၏။

ယွဲ့ချန်မင်ဆီသို့ပင် ရောက်ရှိသေးခြင်းမရှိဘဲ သွေးတစ်လုတ်ကို အန်ထွက်စေကာ နောက်သို့ ယိုင်ကျသွားစေသည်။ ခန္ဓာကိုယ်မှာ အက်ကွဲလာပုံ ပေါ်၏။

"ဒါက အသန်မာဆုံး ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ကြီးမြတ်မှုလား... အရင်တုန်းက ငါ့ဆရာ ခံနိုင်ရည်မရှိခဲ့ဘူး... ပြီးတော့ အခု ငါလည်း ခံနိုင်ရည်မရှိဘူး.."

ယွဲ့ချန်မင်မှာ စွမ်းအားမဲ့မှုကို ကြီးစွာ ခံစားနေရ၏။ အရင်တုန်းက သိုင်းတစ်ထောင်ခန်းမမှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ကလည်း ထိုသိုင်းကွက်ကို သုံးခဲ့ဖူးသည်။

သူ၏ ဆရာဖြစ်သူသည် ခံနိုင်ရည်မရှိဘဲ စိတ်ဝိဉာဉ်ခန္ဓာမှာ တစ်ချက်တည်း ပျက်စီးသွားခဲ့သည်။

ယခုအချိန်၌လည်း တူညီစွာဖြစ်၏။ ထိုလှံချက်ကို တိုက်ရိုက် ရင်ဆိုင်ရမှသာလျှင် ယွဲ့ချန်မင်တစ်ယောက် မည်မျှ ကြောက်စရာကောင်းသည်ကို နားလည်လာခဲ့သည်။

ဆရာဖြစ်သူသည် ထိုကဲ့သို့သော တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရ၏။ ကြည့်ရသည်မှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ကြီးမြတ်သည့် စွမ်းအားတို့ ပေါင်းစပ်နေဟန် ရသည်။

"အဲ့ဒီ့လူရဲ့ အတတ်ပညာတွေက တကယ့်ကို ဆန်းကြယ်လွန်းတယ်။ ဒါပေမယ့် ဒီလှံချက်ကိုတော့ ခံနိုင်မှာ မဟုတ်လောက်ဘူး.."

ယွဲ့ချန်မင်၏ စိတ်ထဲတွင် ကြောင်ကြီးပေါ်ရှိ လက်ကိုမြှောက်ကာ လူများစွာကို သတ်ဖြတ်ခဲ့သည့် လူငယ်၏အသွင်က ပေါ်လာ၏။

စွမ်းအားကြီးမားကာ အရှိန်အဝါမှာ ထည်ဝါပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို ဖြတ်သန်းသည့် နဂါးတစ်ကောင်ကဲ့သို့ ရှိပေမယ့် ယခု ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအားကို သယ်ဆောင်ထားသည့် လှံချက်ကို ခုခံနိုင်ခြင်း မရှိဟန်ရသည်။ ဤသည်မှာ အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းရှိ အသန်မာဆုံး ပုဂ္ဂိုလ်များ၏ စွမ်းအားဖြစ်၏။

"ဘုန်း.."

ယွဲ့ချန်မင်၏ မျက်နှာက လေးနက်သွားပြီး သူ၏ မျက်လုံးများက အေးစက်သွားသည်။

"ဟွမ်းလျန်... အမှိုက်ကောင်... ငါယွဲ့ချန်မင် အမျိုးသမီးတွေ၊ ကလေးတွေရဲ့ လက်ထဲမှာ သေရမယ်ဆိုရင်တောင် မင်းရဲ့လက်ထဲမှာတော့ ဘယ်တော့မှမသေဘူး.."

"မင်းက မထိုက်တန်ဘူး.."

သူသည် အော်လိုက်ပြီးနောက် ဖြူဖွေးနေသည့်လက ရုတ်တရက် ခန္ဓာကိုယ်မှ ပြန်ထွက်လာ၏။ စစ်မှန်သည့် လခြမ်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ထို့နောက် လက်ထဲရှိ တောင်ဝှေးက ကြွေကျကာ ယွဲ့ချန်မင်၏ ခန္ဓာကိုယ်၌ စွမ်းအားကြီးမားသည့် အားတစ်ခု မြင့်တက်လာခဲ့သည်။ တောက်ပသည့် လအတွင်းသို့ စီးဝင်သွား၏။

"အုန်း.."

ရုတ်တရက်အတွင်း လသည် ကြီးမားသည့် စွမ်းအားဖြင့် ပေါက်ကွဲထွက်လာခဲ့သည်။ တောက်ပသည့် အလင်းက အရပ်မျက်နှာအားလုံးတို့ဆီသို့ လွင့်စင်သွားပြီး လှံချက်ကိုလည်း ခဏတာ တားဆီးနိုင်ခဲ့သည်။

All Chapters