← Chapters

မူလစိတ်ဝိဉာဉ်စုစည်းပြီး ဒီဗိုင်းဆန်းကြယ်စွမ်းအား ပေါက်ဖွားလာခြင်း၊ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမ

Vol. 35 Ch. 513

မူလစိတ်ဝိဉာဉ်စုစည်းပြီး ဒီဗိုင်းဆန်းကြယ်စွမ်းအား ပေါက်ဖွားလာခြင်း၊ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမ

Vol. 35 Ch. 513

ရွှီယန်က သူ၏ နားလည်သဘောပေါက်မှုများကို စီရီရင်းနှင့် သိုင်းပညာ၏ ‌ဒီဗိုင်းဆန်းကြယ်စွမ်းအားအား လေ့လာမှုအတွင်း၌ ကိုယ့်ကိုယ်ကိုယ် နှစ်မြုပ်ထား၏။

သူ ဆက်လက် သုံးသပ်လေ့လာလေလေ ဒီဗိုင်းဆန်းကြယ်စွမ်းအား၏ သဘောတရားများမှာ ပိုမို ရှင်းလင်းလာလေ ဖြစ်လာခဲ့သည်။

'ငါနောက်ဆုံးတော့ နားလည်ပြီ... ဆရာ ငါ့အတွက် ရေးပေးတဲ့ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမပုံကြမ်းက လောကကြီးမှာ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမ ရှိတယ်။ ဒါ့ကြောင့်မို့လို့ သိုင်းပညာမှာလည်း သိုင်းပညာရဲ့နိယာမဖြစ်တဲ့ ဒီဗိုင်းဆန်းကြယ်စွမ်းအားတွေ ရှိတယ်ဆိုတာကို နားလည်သဘောပေါက် စေချင်တာပဲ..'

'ဆိုးတာက ငါက အရမ်းဉာဏ်ထိုင်းလွန်းတယ်။ အခုအချိန်မှပဲ ဆရာ့ရဲ့ရည်ရွယ်ချက်ကို အမှန်တကယ် နားလည်လာခဲ့တယ်..'

ရွှီယန်က သက်ပြင်းချသည်။ ဆရာဖြစ်သူ၏ နက်ရှိုင်းသည့်ဆန္ဒကို အစောကတည်းကသာ နားလည်မှုရပါက သိုင်းပညာနိယာမ၏ ဒီဗိုင်းဆန်းကြယ်စွမ်းအားကို နားလည်သဘောပေါက်ပြီး ဖြစ်လောက်မည်ဟု တွေးမိ၏။

'ဆရာက သင်ကြားပေးတဲ့အချိန်မှာ ငါ့ရဲ့ ကိုယ်ပိုင်လမ်းစဉ်ကို ဖောက်လုပ်နိုင်ဖို့အတွက် မျှော်လင့်ခဲ့တယ်။ သူ့ရဲ့ ခြေလှမ်းအတိုင်းပဲ မလိုက်စေချင်ခဲ့ဘူး။ အဲ့ဒါကြောင့်မလို့ သိုင်းပညာရဲ့ အချို့အပိုင်းကိုရှင်းရှင်းလင်းလင်း မပြောခဲ့ဘူး။ ကိုယ့်ဘာသာကိုယ်ပဲ နားလည်လာစေတယ်..'

'ဆရာ့မှာ သေချာပေါက် နက်ရှိုင်းတဲ့ ရည်ရွယ်ချက်တွေရှိမယ်ဆိုတာကို အစောကြီးကတည်းက ငါနားလည်ခဲ့သင့်တာ..'

ရွှီယန်သည် စဉ်းစားလေလေ ပိုမိုအရှက်ရလေ ဖြစ်လာခဲ့၏။

လီရွှမ်သည် ထိုက်ချန်းစာအုပ်အတွင်းမှ ကောင်းကင်နှင့်ကမ္ဘာ့မြေကြီး၏ နိယာမများကို လေ့လာနေသည်။ရုတ်တရက် တစ်ခုခုကို ခံစားမိလိုက်သည်။ ရွှီယန်ရှိနေသည့် နေရာဆီသို့ ခေါင်းလှည့်ကြည့်လိုက်ပြီးနောက် မျက်ခုံးများက အနည်းငယ် မြင့်တက်သွားသည်။

'ရွှီယန် ဉာဏ်အလင်းအချို့ ရလာတာလား..'

တစ်ဖက်လူသည် အရာအားလုံးကို မေ့ပျောက်ပြီး အပြင်ဘက်အနှောင့်အယှက်များမှ ကင်းလွတ်သည့် အခြေအနေတစ်ခုသို့ တဖြည်းဖြည်း ဝင်ရောက်သွားခဲ့၏။

စိတ်အစဉ်သည် ကိုယ့်ကိုယ်ကိုယ်တွင် လုံးဝ အာရုံစိုက်နေပြီး ရုတ်တရက် ဉာဏ်အလင်းပွင့်သည်နှင့် တူညီသည့်အခြေအနေတစ်ခုသို့ ဝင်ရောက်သွားခဲ့သည်။ ဤသည်မှာ ရွှီယန်၏ ကျင့်ကြံမှု၌ အောင်မြင်မှုရတော့မည့် လက္ခဏာရပ် ဖြစ်၏။

'ဒီဗိုင်းဆန်းကြယ်စွမ်းအားက မဝေးတော့ဘူး..'

လီရွှမ် ဝမ်းသာသွားသည်။

'ငါသာ‌ ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်ကို ဝင်ရောက်ပြီးပြီဆိုရင် ဒီဗိုင်းဆန်းကြယ်စွမ်းအားက အလိုလို ပေါက်ဖွားလာလိမ့်မယ်။ အဲ့ဒီ့အခါ ဘယ်လို ဒီဗိုင်းဆန်းကြယ်စွမ်းအား အမျိုးအစားမျိုး ပေါ်လာမလဲ မသိဘူး။ ပြီးတော့ ရွှီယန် ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်ကို ဝင်ရောက်ရင်လည်း တန်ပြန်အကျိုးပြုမှုက သေချာပေါက်ရောက်လာမှာ။ အဲ့ဒါဆိုရင် ငါပိုင်ဆိုင်တဲ့ ဒီဗိုင်းဆန်းကြယ်စွမ်းအားတွေက တော်တော်လေး များမှာပဲ..'

'သိုင်းစနစ်လေးခုထဲမှာ ချီမန်သိုင်းပညာက တော်တော်လေးထူးခြားတယ်။ သူ့မှာလည်း ဒီဗိုင်းဆန်းကြယ်စွမ်းအား ရှိလာမှာလား။ ဒါပေမယ့် တကယ်လို့ ဒီဗိုင်းဆန်းကြယ်စွမ်းအား ပေါက်ဖွားမလာရင်တောင်မှ ဒီဗိုင်းဆန်းကြယ်စွမ်းအားထက် အားမနည်းတဲ့ ပညာရပ်တွေ သေချာပေါက်ရှိနေမှာ..'

'ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံမှုစနစ်ရဲ့ ဒီဗိုင်းဆန်းကြယ်စွမ်းအား၊ ဒန်ဆေးသိုင်းပညာစနစ်ရဲ့ ဒီဗိုင်းဆန်းကြယ်စွမ်းအားကရော...'

လီရွှမ်သည် စဉ်းစားလေလေ ပိုမိုစိတ်လှုပ်ရှားလေဖြစ်လာခဲ့၏။

'ကိုယ်ကိုယ်တိုင်ကနေ ပေါက်ဖွားလာတဲ့ ဒီဗိုင်းဆန်းကြယ်စွမ်းအားတွေက မူလစွမ်းရည်နဲ့တူတယ်။ အဲ့ဒါတွေက အကန့်အသတ်မဲ့ပြီး လူတစ်ယောက်ရဲ့ ခွန်အား အဆင့်မြင့်တက်လာတာနဲ့အမျှ ဆက်တိုက် လိုက်ပါမြင့်တက်နိုင်တယ်..'

'အဲ့ဒီ့အပြင် လူတစ်ယောက်က သိုင်းပညာနိယာမရဲ့ အနှစ်သာရဖြစ်တဲ့ ဒီဗိုင်းဆန်းကြယ်စွမ်းအားတွေကို ကျင့်ကြံပြီးလည်း ယူနိုင်တယ်..'

ထိုကဲ့သို့တွေးမိပြီးနောက် လီရွှမ်သည် မနေနိုင်ဘဲ စိတ်လှုပ်ရှားစွာ ခံစားလိုက်ရသည်။

'ဒီအချိန်က ဒီဗိုင်းဆန်းကြယ်စွမ်းအားတွေကို စာရင်းပြုရမယ့် အချိန်ပဲ။ ဘာပဲဖြစ်ဖြစ် နောက်ပိုင်း သိုင်းသမားတွေကျရင် ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်ကို ချိုးဖျက်ရင်တောင် သူတို့ပေါက်ဖွားလာတဲ့ ဒီဗိုင်းဆန်းကြယ်စွမ်းအားက အရမ်းကြီး စွမ်းအားကြီးမှာ မဟုတ်ဘူး။ အဲ့ဒီ့အပြင် ဒီဗိုင်းဆန်းကြယ်စွမ်းအား တစ်ခုတည်းပဲ ရှိလောက်တယ်..'

'အဲ့ဒါကြောင့်မလို့ အခြား ဒီဗိုင်းဆန်းကြယ်စွမ်းအားအမျိုးအစားတွေကို ကျင့်ကြံဖို့ လိုအပ်မှာ။ အခုအချိန်မှာ ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်တောင် ရှိလာပြီးပြီဆိုတော့ ဒီဗိုင်းဆန်းကြယ်စွမ်းအားတွေက ဘယ်လိုလုပ်ပြီး မရှိလို့ရမှာလဲ..'

ထိုကဲ့သို့တွေးမိပြီးနောက် လီရွှမ်သည် ဒီဗိုင်းဆန်းကြယ်စွမ်းအားအား မည်ကဲ့သို့ ဖန်တီးရမည်ကို စတင်စဉ်းစား၏။

'ဒီဗိုင်းဆန်းကြယ်စွမ်းအားတွေမှာ စွမ်းအားကြီးတာနဲ့ နည်းတာတွေရှိတယ်။ အဲ့ဒါကြောင့်မလို့ ဒီဗိုင်းဆန်းကြယ်စွမ်းအားငယ်နဲ့ ဒီဗိုင်းဆန်းကြယ်စွမ်းအားကြီး ဆိုပြီးတော့ ခွဲခြားရမယ်။ ကိုယ်ကိုယ်တိုင်က ပေါက်ဖွားလာတဲ့ ဒီဗိုင်းဆန်းကြယ်စွမ်းအားကလည်း ဖန်တီးထားတဲ့ ဒီဗိုင်းဆန်းကြယ်စွမ်းအားထက် သန်မာချင်မှ သန်မာလိမ့်မယ်..'

'ဥပမာအားဖြင့် ရှီအာလိုမျိုး သိုင်းသမားတစ်ယောက်ကနေ ပေါက်ဖွားလာတဲ့ ဒီဗိုင်းဆန်းကြယ်စွမ်းအား သို့မဟုတ် ကျိုးယင်က ပေါက်ဖွားလာတဲ့ ဒီဗိုင်းဆန်းကြယ်စွမ်းအားတို့ ဆိုရင် ဒီဗိုင်းဆန်းကြယ်စွမ်းအားငယ်ပဲ ဖြစ်လောက်တယ်..'

'မိမိရဲ့ ကိုယ်ပိုင် ဒီဗိုင်းဆန်းကြယ်စွမ်းအားက စွမ်းအားမကြီးဘူးဆိုရင် အခြားစွမ်းအားကြီးတဲ့ ဒီဗိုင်းဆန်းကြယ်စွမ်းအားကို အစားထိုးအဖြစ် ကျင့်ကြံလို့ရတယ်။ အဲ့ဒါဆို သဟွသိုင်းပညာစနစ်ရဲ့ ခွန်အားက အဲ့ဒီ့အပေါ်မှာ မူတည်လာလိမ့်မယ်..'

လီရွှမ်၏ အတွေးတို့သည် စီးဆင်းနေပြီး စိတ်ထဲတွင် ဒီဗိုင်းဆန်းကြယ်စွမ်းအား သိုင်းပညာနိယာမများက ထွက်ပေါ်လာခဲ့သည်။ သိုင်းပညာ၏ ဒီဗိုင်းဆန်းကြယ်စွမ်းအားတို့ကို ဖန်တီး၏။

ပိုမိုကောင်းမွန်စွာ စွမ်းအား မြှင့်တင်မှုပြုရန်အတွက် အလိုလို ပေါက်ဖွားလာသည့် ဒီဗိုင်းဆန်းကြယ်စွမ်းအားအပြင် လူတစ်ယောက်အနေနှင့် ဖန်တီးထားသည့် ဒီဗိုင်းဆန်းကြယ်စွမ်းအားများကိုလည်း ကျင့်ကြံနိုင်ပေသည်။

ဖန်တီးထားတဲ့ ဒီဗိုင်းဆန်းကြယ်စွမ်းအားတွေကလည်း သေချာပေါက် အရမ်းစွမ်းအားကြီးနိုင်ရမယ်...

'သိုင်းဘိုးဘေးတစ်ယောက် အနေနဲ့ ငါ့ကိုယ်ငါ သိုင်းပညာအပေါ် နှလုံးသားအပြည့် နှစ်မြုပ်ထားရမယ်။ ဒီအချိန်က ဒီဗိုင်းဆန်းကြယ်စွမ်းအား သိုင်းပညာကျမ်းကို ဖန်တီးရမယ့် အချိန်ပဲ..'

လီရွှမ်က သက်ပြင်းချသည်။ ဒီဗိုင်းဆန်းကြယ်စွမ်းအား သိုင်းပညာကျမ်းတွင် ဒီဗိုင်းဆန်းကြယ်စွမ်းအားကြီးနှင့် ဒီဗိုင်းဆန်းကြယ်စွမ်းအားငယ် နှစ်ခုစလုံး ပါဝင်၏။ ထို့အပြင် နိယာမမျိုးစုံတို့လည်း ပါရှိသည်။

'အခုဆိုရင် လုပ်စရာအလုပ်တွေ များလာတော့မယ်..'

လီရွှမ်က သက်ပြင်းချသည်။ သူသည် ဒီဗိုင်းဆန်းကြယ်စွမ်းအားများကို ဖန်တီးရန်အတွက် အားထုတ်ရာတွင် စွမ်းအင်များစွာတို့ကို ကုန်ကျမည် ဖြစ်၏။

ယခုအချိန်၌ အလျှင်လိုစရာတော့ မလိုသေးပေ။ ဘာပဲဖြစ်ဖြစ် သူသည် ဒီဗိုင်းဆန်းကြယ်စွမ်းအားမှာ မည်သည်ဖြစ်သည်ကိုပင် မသိသေးပါ။

ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်သို့ ချိုးဖျက်ပြီးသည်အထိ စောင့်စားရန် လိုအပ်၏။ ထိုအခါမှသာ ဒီဗိုင်းဆန်းကြယ်စွမ်းအား၏ အံ့သြစရာကောင်းသည့် အလုပ်လုပ်ပုံတို့ကို နားလည်ပြီး ၎င်းတို့ကို အခြေခံကာ ဒီဗိုင်းဆန်းကြယ်စွမ်းအား အသီးသီးကို ဖန်တီးရပေမည်။

ဖန်တီးလိုက်သည့် ဒီဗိုင်းဆန်းကြယ်စွမ်းအားများ ကျင့်ကြံနိုင်မည်လား ဟူသည်မှာတော့ လီရွှမ်အနေနှင့် စိုးရိမ်ခြင်း မရှိပါ။

တပည့်လေးယောက်တို့အနေနှင့် မကျင့်ကြံခြင်း သို့မဟုတ် နားမလည်နိုင်ခြင်းတို့ ဖြစ်လျှင်တောင် လက်ဆင့်ကမ်းပေးလိုက်ပါက ‌နောင်တွင် နားလည်သဘောပေါက်နိုင်မည့်လူများ သေချာပေါက် ရှိလာမှာဖြစ်သည်။

ဒီလောကကြီးတွင် ရွှီယန်ကဲ့သို့ မကောင်းဆိုးဝါးမျိုး နောက်တစ်ယောက်မရှိတာ ဖြစ်ပေလိမ့်မည်။ သို့ပေမယ့် ပါရမီရှင်များ ရှားပါးခြင်း မရှိပါ။ ဒီဗိုင်းဆန်းကြယ်စွမ်းအားတို့ကို နားလည်သဘောပေါက်နိုင်မည့်လူများ အမြဲတမ်း ပေါ်ထွန်းလာမှာ ဖြစ်၏။

ထို့အပြင် သူ့တွင် ကူညီရန်အတွက် တာအိုရွှေစာအုပ် ရှိပါသည်။ ဖန်တီးလိုက်သည့် ဒီဗိုင်းဆန်းကြယ်စွမ်းအားသာ အတော်အသင့် ပြည့်စုံပါကာ ဉာဏ်အလင်းပွင့်ရန် ခက်ခဲမှုကို လျှော့ချနိုင်မှာ ဖြစ်သည်။

ဒီဗိုင်းဆန်းကြယ်စွမ်းအားကြီးတို့ကို ကျင့်ကြံရန် ခက်ခဲနေလျှင်တောင် ဒီဗိုင်းဆန်းကြယ်စွမ်းအားငယ်တို့ကို ကျင့်ကြံနိုင်ဦးမှာ ဖြစ်၏။

ရွှီယန်သည် ဒီဗိုင်းဆန်းကြယ်စွမ်းအားမှာ မည်သည်ဖြစ်သည်ကို နားလည်မှုရလာပြီး ဖြစ်ပေမယ့် ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်၏ သိုင်းပညာနိယာမကို နားလည်သဘောပေါက်ရန် အချိန်အချို့ ကြာဦးမှာ ဖြစ်သည်။ သို့ပေမယ့် ဤသည်မှာ၂ရက်၃ရက်လောက်သာ အချိန်ယူရမှာ ဖြစ်၏။

လီရွှမ်သည် ထိုက်ချန်းစာအုပ်၏ ၈ခုမြောက် စာမျက်နှာမှ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမများကို ဆက်လက်လေ့လာနေ၏။

တစ်ချိန်တည်းတွင် ရွှီယန်၏ ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်၏ သိုင်းပညာနိယာမကို လုံးဝနားလည်သဘောပေါက်လာရန် စောင့်စားနေပါသည်။

ရွှီယန်က ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့် သိုင်းပညာနိယာမကို ဆင်ခြင်လေ့လာနေစဉ် သတင်းတစ်ခုရောက်လာခဲ့၏။ လော့ဒေသရှိ မျိုးဆက်စုံ မဟာမိတ်အဖွဲ့သည် ပေါ်သွားခဲ့ပြီး သူတို့နှင့် စိတ်ဝိဉာဉ်ဂိုဏ်း မိသားစုကြီးများအကြား ကြီးမားသည့် တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။

ထို့အပြင် မဟာမိတ်အဖွဲ့သည် လေလွင့်သိုင်းသမားများကို အတူတူပူးပေါင်းရန်အတွက် နှိုးဆော်ကာ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများကို ရင်ဆိုင်ခဲ့၏။ အသာစီးပင် ရလာခဲ့သည်။

"လော့ဒေသက စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေက အရမ်းအားနည်းတာလား.."

ဖန်းဟောင်က ပဟေဠိ ဖြစ်သွားသည်။ ယွိကောင်းနှင့် အခြားလူများ အားလုံးမှာ အလွန် စိတ်လှုပ်ရှားနေကြပြီး လှုပ်ရှားမှုပြုရန် တာဆူနေကြ၏။

လော့ဒေသသာ အောင်မြင်မှုရရှိပြီး ခြေကုပ်တစ်ခု ရယူနိုင်ပါက ယွီကျိုး၏ မဟာမိတ်အဖွဲ့လည်း ပေါ်လာသင့်ပေသည်။

လီရွှမ်က ထိုစကားကိုကြားရပြီးနောက် ခေါင်းကိုရမ်းပြီးပြောသည်။

"လော့ဒေသရဲ့ မဟာမိတ်အဖွဲ့က ဘာမှ စွမ်းဆောင်မှုပြုနိုင်မှာ မဟုတ်ဘူး.."

"ဘာလို့လဲဆရာ.."

ဖန်းဟောင်က သိလိုစွာမေးသည်။

"စိတ်ဝိဉာဉ်ဂိုဏ်းနဲ့ မိသားစုကြီးတွေရဲ့ ခွန်အားနဲ့ နက်ရှိုင်းမှုက အလွယ်တကူ လှုပ်ခါနိုင်တဲ့အရာ မဟုတ်ဘူး။ အဲ့ဒီ့အပြင် မျိုးဆက်စုံမဟာမိတ်အဖွဲ့က တစ်ဖက်သတ် ထုတ်ဖော်ခံရတာဆိုတော့ ငါ့အထင်တော့ စိတ်ဝိဉာဉ်ဂိုဏ်းတွေဘက်မှာ ကြီးကြီးမားမား ပြင်ဆင်မှုတွေ လုပ်ခဲ့ပြီးလောက်ပြီ.."

"တစ်ခုတည်းသော ဖြစ်ပေါ်နိုင်တာက အဲ့ဒီ့ လေလွင့်သိုင်းသမားတွေရဲ့ တကယ့်ခွန်အားက သူတို့စိတ်ကူးထားတာထက် ကျော်သွားလို့ ဖြစ်လိမ့်မယ်.."

"ဒါပေမယ့် အဲ့ဒါကလည်း အဲ့လောက်ပဲ... မကြာခင်မှာ လော့ဒေသရဲ့ မဟာမိတ်အဖွဲ့ကို သေချာပေါက် ကြီးကြီးမားမား ထိုးနှက်ချက်ပြန်ပြုမှာပဲ။ ပိုပြီးစွမ်းအားကြီးတဲ့ စိတ်ဝိဉာဉ်ဂိုဏ်းတွေ လှုပ်ရှားမှုမှ မပြုရသေးတာ.."

ထိုအချိန်၌ လီရွှမ်က လော့ဒေသ၏ မဟာမိတ်အဖွဲ့နှင့် ပတ်သက်ပြီး မယုံမကြည် ဖြစ်နေသေးသည့် လူစုကိုကြည့်ကာ ဆက်လက်ပြောသည်။

"စိတ်ဝိဉာဉ်ဂိုဏ်း၊ မိသားစုကြီးတွေနဲ့ နက်ရှိုင်းတဲ့အမုန်းတရားရှိတဲ့ လေလွင့်သိုင်းသမားတွေကလွဲပြီး ကျန်တဲ့လူတွေက ကြည့်နေကြလိမ့်မယ်... သူတို့တွေ စိတ်ဝိဉာဉ်ဂိုဏ်းတွေဆီမှာ မျက်နှာချိုသွေးနိုင်ဖို့ မျိုးဆက်စုံမဟာမိတ်အဖွဲ့ကိုတောင်မှ ဆန့်ကျင်ကြလိမ့်မယ်.."

All Chapters