← Chapters

ဒီကိုလာပြီးသေခိုင်းလိုက်

Vol. 35 Ch. 519

ဒီကိုလာပြီးသေခိုင်းလိုက်

Vol. 35 Ch. 519

အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းမှ အသန်မာဆုံးပုဂ္ဂိုလ်၏ ရောက်ရှိလာမှုက ယွီကျိုးတစ်ခုလုံးကို လှုပ်ခါသွားစေ၏။

ကျိန်နိုင်ငံ၏ ဧကရာဇ်ကျိန်က တော်ဝင်မျိုးနွယ်ရှိ စွမ်းအားကြီး ပုဂ္ဂိုလ်များနှင့် ရာထူးကြီး အမတ်ကြီးများ တစ်စုကို ဦးဆောင်ကာ ကောင်းကင်သို့ မြင့်တက်သွားပြီး ယွီကျိုး၏ နယ်စပ်ဆီသို့ တည့်မတ်စွာ ထွက်ခွာသွားသည်။

ဤသည်မှာ ထိပ်တန်းစွမ်းအားကြီး ပုဂ္ဂိုလ်တစ်ဦးဖြစ်၏။ ချွေဟွားယွီကဲ့သို့ ဆက်ခံသူတစ်ယောက်သာ မဟုတ်ပေ။ ထို့ကြောင့် ဧကရာဇ်ကျိန်တို့သည် အနည်းငယ်မျှ လစ်ဟင်းရဲခြင်း မရှိပါ။

ကျိန်နိုင်ငံအပြင် ယွီကျိုးရှိ အဓိက စိတ်ဝိဉာဉ်ဂိုဏ်းများနှင့် မိသားစုကြီးများ အားလုံးတို့မှ စွမ်းအားကြီးပုဂ္ဂိုလ်များလည်း ထွက်ခွာလာကာ သွားရောက်တွေ့ဆုံသည်။

ဘာပဲဖြစ်ဖြစ် လင်းနယ်မြေကို အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းများက အုပ်စိုး၏။

အစက မျိုးဆက်စုံမဟာမိတ်အဖွဲ့ ခြယ်လှယ်သည့် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုပိုင်နက်များသည် ယခုအချိန်၌ လုံးဝ တိတ်ဆိတ်နေပါသည်။

ကျေးဇူးတင်စရာ ကောင်းသည်မှာ ရှန်မိသားစုရှိ ပုဂ္ဂိုလ်များမှ လွဲ၍ သူတို့၏ နောက်ခံကို အခြားမည်သူမှ သိရှိခြင်း မရှိပေ။

ရှန်မိသားစုမှလည်း တိတ်တဆိတ် စိတ်သက်သာရာ ရသွား၏။ အဆင့်လွန်ဂိုဏ်းများသာ သူတို့၏ လေလွင့်သိုင်းသမားများနှင့် ပူးပေါင်းမှုကို ရှာဖွေတွေ့ရှိသွားပါက တော်ဝင်မိသားစုကြီးများ၏ စာရင်းမှ ထုတ်ပယ်ခြင်းခံရမှာ ဖြစ်သည်။

သိထားရမည်မှာ လင်းနယ်မြေရှိ မည်သည့် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများ၏ တည်ထောင်မှုအတွက် မဆို အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်း၏ ထောက်ခံမှုကို လိုအပ်၏။ ထုတ်ပယ်ခြင်းခံရပါက တော်ဝင်မိသားစုတစ်ခုအဖြစ် သတ်မှတ်ခြင်း မခံရတော့ဘဲ သက်ဆိုင်ရာ ခံစားခွင့်များကို ဆုံးရှုံးမှာဖြစ်သည်။

သူတို့၏ ပိုင်နက်များကို အခြားစိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများက ချက်ချင်း သိမ်းပိုက်သွားမှာ ဖြစ်၏။

"ကျွန်တော်တို့တွေ ကြီးမြတ်တဲ့အရှင်ကို အရိုအသေပေးပါတယ်.."

ဧကရာဇ်ကျိန်တို့က မြေပြင်ပေါ်တွင် မှောက်ရက်သားဖြင့်ပြော၏။

အနီးသို့ ရောက်ရှိသေးခြင်း မရှိဘဲ အဝေးမှပင်လျှင် မွန်းကြပ်သည့် ခံစားချက်တစ်ခုကို ပေးစွမ်းနေပါသည်။

ကြည့်လိုက်ချိန်၌ လောကကြီးရှိ တိမ်နှင့်မိုးကြိုးတို့ကို လှိုင်းထန်စေသည့် ပုံရိပ်တစ်ခု တဖြည်းဖြည်း နီးကပ်လာနေ၏။ ဤသည်မှာ အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ဦး၏ ကြီးမြတ်မှုလေလား။

"အင်း.."

ဟွမ်းလျန်က အသာ ခေါင်းငြိမ့်သည်။ သူသည် အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ဦး၏ အရှိန်အဝါကို တစ်စွန်းတစမျှ ဖုံးကွယ်ထားခြင်း မရှိပါ။ လက်ထဲတွင် လှံရှည်ကို ကိုင်စွဲရင်းက ပတ်ဝန်းကျင်တွင် လှိုင်းထနေပါသည်။

"ကျွန်တော်တို့တွေ အထွတ်အထိပ်ပုဂ္ဂိုလ်ကို အရိုအသေပြုပါတယ်.."

ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ပျက်စီးသွားမှုနှင့်အတူ ယခုအချိန်၌ ရှန်မိသားစုသည် ယွီကျိုး စိတ်ဝိဉာဉ်ဂိုဏ်းများ၏ ဦးဆောင်သူ အဖွဲ့အစည်း ဖြစ်လာခဲ့၏။ နှောင်းပိုင်းစိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားအဖြစ်သို့ ချိုးဖျက်သွားခဲ့သည့် ရှန်ထိုင်က ယွီကျိုးရှိ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများ တစ်အုပ်ကို ဦးဆောင်ပြီး အရိုအသေပေး၏။

"အင်း.."

ဟွမ်းလျန်က ခေါင်းငြိမ့်သည်။ သူ၏ မာကျောသည့်အကြည့်က ထူးမခြားနားစွာ ဖြတ်သန်းသွားပြီး အေးစက်စွာမေး၏။

"ရွှီယန်နဲ့သူ့ဆရာ ဘယ်နေရာမှာလဲ.."

"မြင့်မြတ်တဲ့အရှင်ကို တင်ပြပါတယ်... ကျွန်တော်တို့တွေ သူတို့ရဲ့နေရာကို မသိပါဘူး.."

ရှန်ထိုင်က ဦးညွှတ်စွာပြော၏။

ဧကရာဇ်ကျိန်ကလည်း ပြောသည်။

"အရှင်... ရွှီယန်တို့အုပ်စုတွေ သဲလွန်စ ရှာမတွေ့အောင် ပုန်းအောင်းနေပေမယ့် ယွီကျိုးမှာပဲ ရှိနေမှာသေချာပါတယ်.."

ဟွမ်းလျန်က ခေါင်းငြိမ့်ကာ ပြောသည်။

"ရွှီယန်နဲ့ သူ့ဆရာကိုပြောလိုက်... ၃ရက်အတွင်း ငါ့ရှေ့မှာ ဒူးထောက်ပြီး လာတောင်းပန်လှည့်လို့။ အဲ့ဒါဆိုရင် အသက်ချမ်းသာကောင်း ချမ်းသာပေးလိမ့်မယ်။ မဟုတ်ရင်တော့ သေရမယ်.."

"ဟုတ်ကဲ့ပါ.."

ရှိနေကြသည့် လူအားလုံးတို့သည် နှလုံးသားထဲ၌ အေးစက်မှုတစ်ခုကို ခံစားလိုက်ရ၏။ အသန်မာဆုံးပုဂ္ဂိုလ်သာ လှုပ်ရှားမှုပြုပါက ရွှီယန်နှင့် သူ၏ဆရာသည် သံသယဝင်စရာမကောင်းလောက်အောင် သေဆုံးတော့မှာဖြစ်သည်။

ပါရမီရှင်များ၏ တိုက်ပွဲတစ်ခုကြောင့် လုရှင်ထင်းသည် အသတ်ခံခဲ့ရပြီး သိုင်းတစ်ထောင်ခန်းမမှ အသန်မာဆုံးပုဂ္ဂိုလ်တစ်ယောက်၏ အာရုံကို ဆွဲဆောင်ခဲ့သည်လား။

လူပေါင်းများစွာတို့သည် ရွှီယန်ဆရာ၏ လှုပ်ရှားမှုပြုခဲ့ပုံကို စိတ်ထဲ၌ ပြန်လည် မြင်ယောင်လာခဲ့သည်။ ဤသည်မှာ မယုံကြည်နိုင်စရာကောင်းလှ၏။ ထိုပုဂ္ဂိုလ်ကြောင့်သာ သိုင်းတစ်ထောင်ခန်းမမှ အသန်မာဆုံး ပုဂ္ဂိုလ်သည် ကိုယ်တိုင် ရောက်ရှိလာတာ ဖြစ်ပေလိမ့်မည်။

ဟွမ်းလျန်က ကျိန်နိုင်ငံ၏ မြို့တော်ဆီသို့ ဦးတည်ကာထွက်ခွာသွားပြီး အနားယူ၏။ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများ၏ စွမ်းအားကြီးပုဂ္ဂိုလ်များလည်း အသီးသီးလူခွဲကာ ယွီကျိုးတစ်လျှောက် သတင်းကို ဖြန့်ကျက်ကြသည်။

ထိုသို့ဆိုပါက ရွှီယန်၏နားထဲသို့ ရောက်ရှိလောက်၏။

ချန်ကျိုးမှာ လင်းနယ်မြေရှိ ဒေသ၁၈ခုတို့မှ တစ်ခုဖြစ်သည်။ ပေ၃၀၀၀မြင့်မားသည့် ကျောက်တောင်တစ်ခု ရှိနေပြီး ၎င်းသည် တောင်တန်းများအကြားတွင် အမြင့်ဆုံးဖြစ်ကာ ဒီနေရာ၏ အလယ်ဗဟိုလည်း ဖြစ်သည်။

သို့ပေမယ့် တောင်၏အတွင်းတွင် အခေါင်းပေါက်ကြီးဖြစ်နေပြီ ဖြစ်၏။ ဗဟိုတွင် ကြီးမားသည့် မြေကွက်လပ်ကြီးရှိကာ ပတ်ဝန်းကျင်တွင် ခန်းမများ၊ စံအိမ်များ၊ ခန်းဆောင်များ အစရှိသဖြင့် ရှိကြ၏။ အားလုံးတို့ကို ကျောက်သားများတလျှောက် ထွင်းထားခြင်း ဖြစ်သည်။ ဤသည်မှာ မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ ဌာနချုပ်ဖြစ်၏။

လော့ဒေသမှ ရောက်ရှိလာသည့် သတင်းကြောင့် မျိုးဆက်စုံမဟာမိတ်အဖွဲ့သည် ချက်ချင်းပင် လှုပ်ခါသွားသည်။ စွမ်းအားကြီးပုဂ္ဂိုလ်တစ်စု အတူတူစုစည်းကာ လာမည့် လှုပ်ရှားမှုများအတွက် စတင်ဆွေးနွေးကြ၏။

ယွဲ့ချန်မင်၏ဝင်ပါမှု၊ သူ၏ဟွမ်းလျန်ကို အနိုင်ယူမှု၊ သိုင်းတစ်ထောင်ခန်းမမှ အသန်မာဆုံးပုဂ္ဂိုလ် ပေါ်လာမှု သတင်းအားလုံးလည်း အသီးသီး ရောက်ရှိလာခဲ့သည်။

ခန်းမကြီးတစ်ခု၏အတွင်းတွင် စွမ်းအားကြီးပုဂ္ဂိုလ်တစ်စု စုစည်းနေပြီး ထိုအထဲရှိ ကြံ့ခိုင်ထွားကြိုင်းသည့် ခန္ဓာကိုယ်နှင့် ကြမ်းကြုတ်သည့် မျက်နှာရှိသည့်လူက ပြောသည်။

"ဟွမ်းလျန်.."

သူ၏မျက်နှာက နီရဲကာ မျက်လုံးများတွင် လူသတ်ချင်စိတ်တို့ ပြည့်နှက်လာခဲ့သည်။

"ငါသူ့ကို သတ်ရမယ်.."

ခန်းမ၏ထိပ်တွင် ထိုင်နေသူမှာ တင့်တယ်သည့်အသွင်အပြင်ရှိပြီး သူသည် မျိုးဆက်စုံ မဟာမိတ်အဖွဲ့၏ ခေါင်းဆောင် ဖြစ်၏။ အမည်မှာ ထန်ဝမ်လင်းဖြစ်သည်။

"ယွဲ့ချန်မင်... ကောင်းကင်ကိုဖြတ်သန်းတဲ့ လအလင်း... မိုးပြာရောင်ပင်လယ်မှာတုန်းက မင်းရဲ့ ဂုဏ်သတင်းကြီးတဲ့ နာမည်ကို ငါကြားခဲ့ဖူးတယ်.."

"ကြယ်တာယာ ကပ်ဘေးတုန်းက သူ့ကိုလည်း သေဆုံးသွားပြီလို့ ထင်ခဲ့တာ။ အံ့သြစရာကောင်းလောက်အောင် အသက်ရှင်နေသေးတယ်.."

"ဒါပေမယ့် သူ့ရဲ့ ပါရမီနဲ့ဆိုရင် ဟွမ်းလျန်ရဲ့ အနိုင်ယူမှုကို မခံရသင့်ဘူး.."

ထန်ဝမ်လင်းက သံသယဖြင့် ပြော၏။

ကြံ့ခိုင်ထွားကြိုင်းသည့် လူက ဒေါသတကြီးပြောသည်။

"အရင်တုန်းက ကျွန်တော်တို့အစ်ကိုကြီးယွဲ့က သိုင်းတစ်ထောင်ခန်းမရဲ့ ကောက်ကျစ်တဲ့ လူအိုကြီးတစ်ယောက် ချောင်းမြောင်းတိုက်ခိုက်တာကို ခံခဲ့ရတယ်။ အဲ့ဒီ့တုန်းက သူ့ရဲ့စိတ်ဝိဉာဉ်ခန္ဓာ ပျက်စီးသွားခဲ့တယ်။ မဟုတ်ရင် ဟွမ်းလျန်က ဘယ်လိုလုပ်ပြီးတော့ အစ်ကိုယွဲ့ရဲ့ ပြိုင်ဘက်ဖြစ်မှာလဲ.."

"လက်စသတ်တော့ ဒီလိုကို.."

ထန်ဝမ်လင်းက ခေါင်းငြိမ့်သည်။

"မဟာမိတ်ခေါင်းဆောင်... လော့ဒေသက သုတ်သင်ခံရလုနီးပါး ဖြစ်ခဲ့တယ်။ ဟွမ်းလျန်က လွန်လွန်းသွားပြီ။ ကျွန်တော်သူ့ကို သွားသတ်မယ်.."

ကြံ့ခိုင်သည့်လူကြီးက မတ်တပ်ရပ်ကာ ပြောသည်။

ထန်ဝမ်လင်းက ခဏတာစဉ်းစားပြီးနောက် လေးနက်စွာပြော၏။

"သနျုံ... သတိနဲ့လှုပ်ရှား... ဘာပဲဖြစ်ဖြစ် ဟွမ်းလျန်က အထွတ်အထိပ်ပုဂ္ဂိုလ် တစ်ယောက်ပဲ။ သိုင်းတစ်ထောင်ခန်းမရဲ့ အခြေခံက အထင်သေးလို့မရဘူး။.."

"စိတ်ချပါ မဟာမိတ်ခေါင်းဆောင်... အရာအားလုံးက ထိန်းချုပ်မှုအောက်မှာ ရှိပါတယ်.."

ချန်သနျုံက နက်ရှိုင်းသည့်အသံဖြင့် ဖြေကြားသည်။

ထန်ဝမ်လင်း၏ မျက်နှာက လေးနက်သွားပြီး ရှိနေကြသည့် မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ စွမ်းအားကြီးပုဂ္ဂိုလ်များကို ကြည့်သည်။

"ညီအကိုတို့... လော့ဒေသရဲ့ မဟာမိတ်အဖွဲ့က ကြီးကြီးမားမား အရှုံးပေါ်ခဲ့တယ်။ အခြား ဒေသတွေလည်း ပေါ်သွားနိုင်တဲ့ အန္တရာယ်ရှိတယ်... မကြာခင်မှာ စိတ်ဝိဉာဉ်ဂိုဏ်းတွေ လှုပ်ရှားမှုပြုတော့မယ် ထင်တယ်.."

"ဒီအချိန်မှာ ဆက်ပြီးတော့ ပုန်းနေဖို့ မလိုတော့ဘူး။ ဒါကြောင့်မို့လို့ မျိုးဆက်စုံမဟာမိတ်အဖွဲ့က လေလွင့်သိုင်းသမားတွေအတွက် နေရာတစ်နေရာကို တိုက်ခိုက်ယူမယ်လို့ လင်းနယ်မြေတစ်ခုလုံးကို ကြေညာချက်ထုတ်ပြန်ကြမယ်.."

"ဒီအချိန်က မျိုးဆက်စုံမဟာမိတ်အဖွဲ့အတွက် ကိုယ်ထင်ပြရမယ့် အချိန်ပဲ။ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းက ထိပ်တန်းပုဂ္ဂိုလ်တွေကို သွားတွေ့ရမယ်.."

ရှိနေကြသည် စွမ်းအားကြီးပုဂ္ဂိုလ် အသီးသီး၏ ပါးစပ်များ ပွင့်လာကြသည်။

"မဟာမိတ်ခေါင်းဆောင်ပြောတာ မှန်ပါတယ်... ဒီအချိန်က ကျွန်တော်တို့ မျိုးဆက်စုံမဟာမိတ်အဖွဲ့ ပေါ်ပေါက်လာရမယ့် အချိန်ပဲ.."

"သူတို့ရဲ့ ဖိနှိပ့်တာတွေကိုခံရတာ များလွန်းနေပြီ။ ဆက်ပြီး သည်းမခံနိုင်တော့ဘူး.."

"စိတ်ဝိဉာဉ်ဂိုဏ်းတွေက လွန်လွန်းတယ်... ကျွန်တော်တို့ မျိုးဆက်စုံမဟာမိတ်အဖွဲ့က နေရာတစ်နေရာကို တိုက်ယူရမယ်.."

ထန်ဝမ်လင်းက လက်ကိုမြှောက်လိုက်ပြီးနောက် ခန်းမမှာ ချက်ချင်းပင် တိတ်ဆိတ်သွားသည်။

"ငါတို့ရဲ့ ဂိုဏ်းခွဲတွေမှာ အထိုင်ချနေဖို့အတွက် စွမ်းအားကြီးပုဂ္ဂိုလ်တွေကို လိုအပ်နေတယ်။ လူတိုင်းပဲ.. ချက်ချင်း ထွက်ခွာပြီး နေရာတစ်ခုကို သိမ်းပိုက်ဖို့အတွက် ပြင်ဆင်ကြ။ ပြီးတော့ ချန်ကျိုးက ငါတို့မျိုးဆက်စုံမဟာမိတ်အဖွဲ့ရဲ့ ပိုင်နက်ဖြစ်လာရမယ်.."

"ဒေသ၁၈ခုမှာ လေလွင့်သိုင်းသမားတွေအတွက် နေရာတစ်နေရာကို တိုက်ခိုက် မယူနိုင်ရင်တောင်မှ ချန်ကျိုးကတော့ ငါတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိရမယ်.."

"ပြီးတော့.. ယွီကျိုးဂိုဏ်းခွဲကို ဆက်ပုန်းခိုင်းနေပြီး မပေါ်လာစေနဲ့... အဲ့ဒီ့ကို ဘယ်စွမ်းကြီးပုဂ္ဂိုလ်မှ မလွှတ်တော့ဘူး။ သနျုံ... မင်းက လော့ဒေသကိုသွားပြီး အထိုင်ကျနေလှည့်.."

All Chapters