← Chapters

မူလစိတ်ဝိဉာဉ်စုစည်းပြီး ဒီဗိုင်းဆန်းကြယ်စွမ်းအား ပေါက်ဖွားလာခြင်း၊ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမ(၂)

Vol. 35 Ch. 514

မူလစိတ်ဝိဉာဉ်စုစည်းပြီး ဒီဗိုင်းဆန်းကြယ်စွမ်းအား ပေါက်ဖွားလာခြင်း၊ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမ(၂)

Vol. 35 Ch. 514

"အဲ့ဒီ့အပြင် မျိုးဆက်စုံမဟာမိတ်အဖွဲ့ရဲ့ ကြွေးကြော်တဲ့စကားတွေက အရမ်းကိုရိုးနေပြီ.."

ဒီအချိန်၌ လီရွှမ်သည် တပည့်ဖြစ်သူအား ညွှန်ကြားမှုအချို့ပေးရန် လိုအပ်လာပြီဟု ခံစားရ၏။ ဘာပဲဖြစ်ဖြစ် ဖန်းဟောင်သည် ယွီကျိုး မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။ တူညီသည့် အမှားမျိုးကို ထပ်မံလုပ်ဆောင်လို့ မရပေ။

လေလွင့်သိုင်းသမားများအတွက် နေရာတစ်နေရာရရန် တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဆိုလိုက်သည်နှင့် ထိုလေလွင့်သိုင်းသမားများက ထောက်ပံ့ပေးမည်ဟူသည့် စိတ်ကူးမျိုး ရှိမလာသင့်ပါ။

စကားစပြီးဖြစ်ရာ လီရွှမ်က သူ၏တပည့်ကို ဆက်လက်ညွှန်ကြားချက်ပေးသည်။ နောက်ဆုံးတွင် ပြော၏။

"လေလွင့်သိုင်းသမားတွေအကြား စည်းလုံးမှုထားရမယ်လို့ အော်နေမဲ့အစား ဘာလို့ ဘုရင်နဲ့စစ်သူကြီးတွေက အထူးအခွင့်အာဏာနဲ့ မွေးဖွားလာတာလဲလို့ မအော်တာလဲ။ အဲ့ဒါဆိုရင် သွေးဆူတဲ့လူအချို့ တုံ့ပြန်လာလိမ့်မယ်.."

"ဟူး... လင်းနယ်မြေရဲ့ လေလွင့်သိုင်းသမားတွေက စိတ်ဝိဉာဉ်ဂိုဏ်းတွေရဲ့ လက်ခုပ်ထဲကရေ ဖြစ်နေတာ ကြာနေပြီ။ သူတို့ရဲ့ခေါင်းထဲမှာ စိတ်ဝိဉာဉ်ဂိုဏ်းတွေနဲ့ မိသားစုကြီးတွေထဲကို ဝင်ရောက်နိုင်မယ့် အိပ်မက်နဲ့ပြည့်နေတာ။ သူတို့လည်း အခြားလူတွေရဲ့ အမြင့်မှာ ရပ်လိုကြတယ်။ မြင့်မားတဲ့ဂုဏ်သိမ်ကို ခံစားလိုကြတယ်.."

"အဲ့လို လေလွင့်သိုင်းသမားတွေက စိတ်ဝိဉာဉ်ဂိုဏ်းကို ဝင်ရောက်ပြီးတာနဲ့ အခြား လေလွင့်သိုင်းသမားတွေအပေါ်ကို ပိုပြီးတော့တောင် ရက်စက်တတ်ကြသေးတယ်။ အဲ့ဒါကြောင့်မို့လို့ အရမ်းကြီး နုံအမနေဖို့ မှတ်ထား.."

"မျိုးဆက်စုံမဟာမိတ်အဖွဲ့အတွက် အောင်မြင်မှုရဖို့ဆိုတာ စိတ်ဝိဉာဉ်ဂိုဏ်းတွေရဲ့ ခွန်အားကို ရင်ဆိုင်နိုင်မယ့် စွမ်းအားကို ပိုင်ဆိုင်ဖို့လိုအပ်တယ်. ပြီးတော့ လောကကြီးမှာရှိတဲ့ လေလွင့်သိုင်းသမားတွေ အားလုံးအတွက် အကျိုးအမြတ်ကို ရယူပြနိုင်ရမယ်.."

"လောကကြီးမှာရှိတဲ့ လေလွင့်သိုင်းသမားတွေကို စိတ်ဝိဉာဉ်ဂိုဏ်းတွေကို ဆန့်ကျင်ပြီး သူတို့ရဲ့ အရင်းအမြစ်တွေကို ညီတူညီမျှ ခွဲဝေကြမယ်လို့ ပြောပြရမယ်.."

ဆရာဖြစ်သူ၏ သင်ကြားမှုကို နားထောင်ပြီးနောက် ဖန်းဟောင်သည် နားလည်မှုရလာခဲ့၏။ လက်စသတ်တော့ ထိုကဲ့သို့ လုပ်ဆောင်ရခြင်း ဖြစ်လေသည်။

မျိုးဆက်စုံမဟာမိတ်အတွက် အောင်မြင်မှုရရန်မှာ အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းများကို ရင်ဆိုင်နိုင်မည့် စွမ်းအားတို့ ပိုင်ဆိုင်ထားရန် လိုအပ်ကြောင်းအား သူနားလည်လာ၏။ မဟုတ်ပါက အရာအားလုံးမှာ လေချည်းသက်သက်သာဖြစ်သည်။

မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ ခွန်အားမှာ ဖန်းဟောင်အနေနှင့် သေချာခြင်းမရှိပေ။ ယွိကောင်းပင်လျှင် အများကြီးမသိပါ။ သို့ပေမယ့် အဖွဲ့အစည်းအတွင်းတွင် များပြားလှသည့် စွမ်းအားကြီးပုဂ္ဂိုလ်များ ရှိနေသည် ဟူသည်ကိုတော့ ဝန်ခံရပေလိမ့်မည်။

ဖန်းဟောင်ကို ညွှန်ကြားချက်ပေးပြီးနောက် လီရွှမ်သည် ထိုက်ချန်းစာအုပ်အား ဆက်လက်လေ့လာ၏။ ရုတ်တရက် သူ၏ ဝိဉာဉ်အခြေအပေါ်ရှိ ရွှေစာအုပ်က ပွင့်လာခဲ့သည်။ ရွှေရောင်အလင်းတို့ ထွက်ပေါ်လာခဲ့၏။

လီရွှမ်သည် ချက်ချင်းပင် ဝမ်းသာလာခဲ့သည်။ နောက်ဆုံးတွင် ရွှီယန်သည် ဒီဗိုင်းဆန်းကြယ်စွမ်းအား၏ သိုင်းပညာနိယာမများကို နားလည်သဘောပေါက်လာခဲ့လေပြီလား။

"သင်၏တပည့် ရွှီယန်သည် ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်၏ သိုင်းပညာနိယာမများကို နားလည်သဘောပေါက်လာခဲ့သည်။ သင်သည် ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်သို့ မြင့်တက်သွားသည်.."

"ဘုန်း.."

ဒီအချိန်၌ လီရွှမ်သည် သူ၏ စိတ်ဝိဉာဉ်အဆီအနှစ်နှင့် ဆန္ဒတို့ အတူတူ ပေါင်းစည်းလာသည်ဟု ခံစားရ၏။ ကြီးမားလှသည့် ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

နီဝမ်နန်းတော်၌ အလင်းရောင် တောက်ပလာပြီး ဝိဉာဉ်အခြေက ကျယ်ပြန့်လာခဲ့သည်။ ပိုမိုသန့်စင်ကာ ပိုမိုနက်ရှိုင်းလာခဲ့၏။

သူ၏ အသိစိတ်စွမ်းအားတို့ ပိုမို သိပ်သည်းလာသည်နှင့်အမျှ ဝိဉာဉ်အခြေပေါ်တွင် လူသားသဏ္ဍာန် ပုံရိပ်တစ်ခုလည်း စတင်ဖွဲ့စည်းလာခဲ့သည်။

လီရွှမ်သည် ကိုယ့်ကိုယ်ကိုယ်အတွင်းရှိ ပြောင်းလဲမှုများကို ခံစားရ၏။ မူလစိတ်ဝိဉာဉ်၏ ဆန်းကြယ်မှုများကိုလည်း နားလည်လာခဲ့သည်။ သူသည် ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်၏ သိုင်းပညာနိယာမများကို လုံးဝတတ်မြောက်လာခဲ့၏။ မနေနိုင်ဘဲ အံ့သြစွာခံစားလာရသည်။

"ရွှီယန်က ငါ့ရဲ့ သိုင်းပညာလမ်းကြောင်းအတွက် စစ်မှန်တဲ့ ရှေ့ဆောင်တစ်ယောက်ပဲ.."

"ဒီဗိုင်းဆန်းကြယ်စွမ်းအား... သိုင်းသမားတွေရဲ့နိယာမ..."

ဤသည်မှာ သိုင်းသမားများကျင့်ကြံသည့် သိုင်းပညာများ၏ နိယာမဖြစ်သည်။

ဝိဉာဉ်အခြေပေါ်ရှိ လီရွှမ်၏ မျက်လုံးများက ပွင့်လာ၏။

ဒီအချိန်၌ သူ၏ မူလစိတ်ဝိဉာဉ်သည် အစစ်အမှန်ခန္ဓာနှင့် လုံးဝ ခွဲခြားမရလုနီးပါး ရှိနေ၏။ လက်ကိုမြှောက်ကာ တာအိုရွှေစာအုပ်က လက်ဝါးပေါ်သို့ ကျရောက်လာခဲ့သည်။

သူသည် တာအိုရွှေစာအုပ်၏ ကျယ်ပြောမှုကို ခံစားနိုင်၏။ မဟာတာအိုကိုယ်တိုင်အား တွေ့ကြုံခံစားရသည်ဟု ထင်မြင်မိသည်။

သူ၏ လက်တစ်ဖက်ဖြင့် တာအိုရွှေစာအုပ်ကို ကိုင်ထားကာ ရွှေရောင်အလင်းက မူလစိတ်ဝိဉာဉ်အား လွမ်းခြုံနေ၏။ ဝိဉာဉ်အခြေပေါ်ရှိ လီရွှမ်၏ မူလစိတ်ဝိဉာဉ်က အပြုံးတစ်ခုကို ဖော်ထုတ်သည်။

"ဒါဆို ဒါက သိုင်းပညာ မူလစိတ်ဝိဉာဉ်ပေါ့.."

ယခုအချိန်မှသာ လီရွှမ်သည် စစ်မှန်စွာ နားလည်လာခဲ့၏။ သူဖန်တီးခဲ့သည့် ဒီဗိုင်းဆန်းကြယ်စွမ်းအား သိုင်းပညာနိယာမမှ မူလစိတ်ဝိဉာဉ်သည် အလွန် စွမ်းအားကြီးမားလှပါသည်။

စိတ်ထဲတွင် မှတ်တမ်းတင်ထားသည့် ထိုက်ချန်းစာအုပ်၏ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမများတွင် ပထမစာမျက်နှာအား ပြည့်စုံစွာ နားလည်သဘောပေါက်လာခဲ့သည်။

သူသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမများကို အမှန်တကယ် စတင် ဉာဏ်အလင်းရနိုင်ပြီ ဖြစ်၏။

"ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်ကို ချိုးဖျက်ပြီး သိုင်းပညာ မူလစိတ်ဝိဉာဉ်ကို ဖွဲ့စည်းပြီးသည့်အခါ၌ သင်သည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမ ဒီဗိုင်းဆန်းကြယ်စွမ်းအားကို ရရှိလာခဲ့သည်.."

"ဘုန်း.."

ဒီအချိန်၌ လီရွှမ်၏ ဒီဗိုင်းဆန်းကြယ်စွမ်းအားမှာ ပေါက်ဖွားလာခဲ့၏။

"ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့နိယာမ... ငါ့မှာ ဒီလိုမျိုး ဒီဗိုင်းဆန်းကြယ်စွမ်းအား တစ်ခု ပေါက်ဖွားလာမယ်လို့ မယုံကြည်နိုင်သေးဘူး.."

လီရွှမ်မှာ ဝမ်းသာမှုတို့ဖြင့် ပြည့်နက်နေ၏။

ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမ...

ထိုဒီဗိုင်းဆန်းကြယ်စွမ်းအားသည် အမှန်တကယ်ကို စွမ်းအားကြီးမားလှပါသည်။

"ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်သို့ ချိုးဖျက်ပြီး သိုင်းပညာ မူလစိတ်ဝိဉာဉ်ကို ဖွဲ့စည်းပြီးနောက် သင်သည် ဒီဗိုင်းဆန်းကြယ်စွမ်းအား- ဓားအတွင်းမှ ချန်းခွမ်ကို ပေါက်ဖွားလာခဲ့သည်.."

ဒုတိယမြောက် ဒီဗိုင်းဆန်းကြယ်စွမ်းအားမှာ ပေါက်ဖွားလာခဲ့၏။ ထင်ထားသည့်အတိုင်းပင် ဤသည်မှာ ဓားတာအို ဒီဗိုင်းဆန်းကြယ်စွမ်းအားတစ်ခု ဖြစ်သည်။

ဓားအတွင်းရှိ ချန်းခွမ်...

ဓားချက်တစ်ချက်၏ အတွင်းတွင် အရာအားလုံးပါဝင်၏။ စကြာဝဠာအတွင်းရှိ သေခြင်းရှင်ခြင်းကို လျှပ်တပြက်အတွင်း ဆုံးဖြတ်သည်။

"ကောင်းတယ်... အရမ်းကို စွမ်းအားကြီးတယ်.."

လီရွှမ်မှာ စိတ်လှုပ်ရှားလာခဲ့သည်။ သူ၏ မူလစိတ်ဝိဉာဉ်သည် အသွင်သဏ္ဍာန်ပေါ်လာခဲ့ပြီး ဒီဗိုင်းဆန်းကြယ်ဆွမ်းအားနှစ်ခုတို့ ပေါက်ပွားလာခဲ့၏။ ၎င်းတို့သည် မူလဒီဗိုင်းဆန်းကြယ်စွမ်းအားများ ဖြစ်သည်။

"ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်သို့ ချိုးဖျက်ပြီး သိုင်းပညာမူလစိတ်ဝိဉာဉ်အား ဖွဲ့စည်းပြီးနောက် သင်သည် ဒီဗိုင်းဆန်းကြယ်စွမ်းအား - နတ်ဘုရားသတ်ဖြတ်ခြင်း ဓားကို ရရှိသည်.."

တတိယမြောက် ဒီဗိုင်းဆန်းကြယ်စွမ်းအားလည်း မွေးဖွားလာခဲ့၏။ ထို့အပြင် ဤသည်မှာလည်း ဓားတာအို ဒီဗိုင်းဆန်းကြယ်စွမ်းအားတစ်ခု ဖြစ်သည်။

"ဒီဓားတာအို ဒီဗိုင်းဆန်းကြယ်စွမ်းအားက တကယ်ပဲစွမ်းအားကြီးတယ်.."

နတ်ဘုရားသုတ်သင်ခြင်းဓားမှာ ရန်သူ၏ အငွေ့အသက်တစ်မျှင်ကို ဖမ်းဆုပ်နိုင်သည်နှင့် မည်သည့်တည်နေရာ၌ ရှိနေစေကာမူ အကွာအဝေး မည်မျှ ခြားနားနေစေကာမူ ဓားတစ်ချက်နှင့် သူတို့၏ ဒီဗိုင်းဝိဉာဉ်ကို သတ်ဖြတ်နိုင်လေသည်။

'ဒီ ဒီဗိုင်းဆန်းကြယ်စွမ်းအားက ခွန်အား အဆင့်မြင့်တက်လာတာနဲ့အမျှ ကံကြမ္မာဒီဗိုင်းစကေးနဲ့ ခြားနားတော့မှာမဟုတ်ဘူး။ အဲ့ဒါက ဘာအငွေ့အသက်ကိုမှမလိုဘဲ ဓားတစ်ချက်နှင့် အဝေးကလူကို သတ်ဖြတ်နိုင်လိမ့်မယ်..'

အမှန်တကယ်ကို ဒီဓားတာအို ဒီဗိုင်းဆန်းကြယ်စွမ်းအားသည် အလွန် စွမ်းအားကြီးမားလှ၏။ ရန်သူမှာ မည်သည့်နေရာသို့ ထွက်ပြေးစေကာမူ တစ်ချက်တည်းနှင့် သတ်ဖြတ်နိုင်ဆဲ ရှိသည်။

သို့ပေမယ့် အငွေ့အသက်တစ်မျှင်ကို အသုံးပြုကာ အဝေးကြီးရှိ ရန်သူ၏ ဒီဗိုင်းဝိဉာဉ်ကို တိုက်ခိုက်နိုင်လျှင်တောင် ရန်သူက ထိုတိုက်ခိုက်မှုကို ခုခံနိုင်ပါက သတ်ဖြတ်နိုင်မည် မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ ဒီ ဒီဗိုင်းဆန်းကြယ်စွမ်းအားသည် အလွန် စွမ်းအားကြီးမားလှပြီး ခုခံရန်ခက်ခဲလှ၏။ ခွန်အားအဆင့် တူညီနေလျှင်တောင် ထိုကဲ့သို့သော ရုတ်တရက် တိုက်ခိုက်မှုနှင့် ကြုံတွေ့ရပါက ခုခံရန်ခက်ခဲလှမှာ ဖြစ်သည်။

"ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်သို့ ချိုးဖျက်ပြီး သိုင်းပညာ မူလစိတ်ဝိဉာဉ် ဖွဲ့စည်းပြီးနောက် သင်သည် ဒီဗိုင်းဆန်းကြယ်စွမ်းအား - ဒီဗိုင်းနဂါးသက်ဆင်းခြင်းကို ရရှိသည်.."

နောက်ထပ် ဒီဗိုင်းဆန်းကြယ်စွမ်းအားတစ်ခု ပေါက်ဖွားလာခဲ့၏။ သို့ရာတွင် ထိုဒီဗိုင်းဆန်းကြယ်စွမ်းအားသည် နဂါးနိုင်လက်ဝါးသိုင်းမှ ပေါက်ဖွားလာခြင်း ဖြစ်သည်။

အသုံးပြုလိုက်သည့်အချိန်၌ အတွေးတစ်ချက်နှင့် စစ်မှန်သည့် ဒီဗိုင်းနဂါးတစ်ကောင်ကို လောကကြီးသို့ ဆင့်ခေါ်နိုင်လေသည်။ သက်ဆင်းလာသည့်နဂါး၏ စွမ်းအားမှာတော့ အသုံးပြုသူ၏ ခွန်အားအဆင့်နှင့် သက်ဆိုင်ပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ ထိုဒီဗိုင်းဆန်းကြယ်စွမ်းအား၏ အစွမ်းထက်မှုသည် အလွန် သိသာနေပြီးဖြစ်၏။ စစ်မှန်သည့်နဂါးတစ်ကောင်၏ ကြီးမြတ်မှုကို ပိုင်ဆိုင်ထားသည်။

"နောက်ဆုံးမှာ နဂါးနိုင်လက်ဝါးသိုင်းက ဒီဗိုင်းဆန်းကြယ်စွမ်းအားတစ်ခု ဖြစ်လာခဲ့ပြီ... နဂါးကိုအသုံးပြုပြီး နဂါးကိုအနိုင်ယူတယ်။ ဒါကတကယ့်ကို နဂါးတစ်ကောင် ဆင့်ခေါ်တာပဲ.."

လီရွှမ်သည် အနည်းငယ်နေရခက်စွာ ခံစားလိုက်ရ၏။ အစကသူသည် ရွှီယန်ကို လိမ်ညာရန်အတွက် နဂါးကိုအသုံးပြုကာ နဂါးကိုအနိုင်ယူခြင်း ဖြစ်သည်ဟု လျှောက်ပြောခဲ့၏။ သို့ပေမယ့် အဆုံးသတ်တွင် နဂါးတစ်ကောင်အား အမှန်တကယ် ဆင့်ခေါ်နိုင်မည်ဟု ထင်မထားခဲ့ပေ။

'အခုဆိုရင် ဒီဗိုင်းဆန်းကြယ်စွမ်းအား လေးခုရှိပြီ..'

လီရွှမ်သည် နှလုံးသားထဲ၌ အလွန်စိတ်လှုပ်ရှားနေ၏။ ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်သို့ ဝင်ရောက်ပြီးနောက် သူ၏ မူလစိတ်ဝိဉာဉ်ဖွဲ့စည်းလာကာ ဒီဗိုင်းဆန်းကြယ်စွမ်းအား လေးခုတို့ ပေါက်ဖွားလာခဲ့ပြီး ဖြစ်သည်။

"ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်သို့ ချိုးဖျက်ပြီး သင်၏ သိုင်းပညာမူလစိတ်ဝိဉာဉ်ကို ဖွဲ့စည်းပြီးနောက် သင်သည် ဒီဗိုင်းဆန်းကြယ်စွမ်းအား - ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ရွေ့လျားမှုကို ရရှိသည်.."

ပဉ္စမမြောက် ဒီဗိုင်းဆန်းကြယ်စွမ်းအားသည် ပေါက်ဖွားလာခဲ့၏။

"ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ရွေ့လျားမှု.."

'ဒါက အမြန်နှုန်းကို အခြေခံတဲ့ ဒီဗိုင်းဆန်းကြယ်စွမ်းအားပဲ... မျက်စိတစ်မှိတ်အတွင်း ကောင်းကင်နဲ့ကမ္ဘာမြေကြီးကို ဖြတ်သန်းနိုင်တယ်။ ဟင်းလင်းပြင် ဖြတ်သန်းခြင်း ဒီဗိုင်းမိုးကြိုးထက်တောင် ပိုပြီးတော့ မြန်သေးတယ်..'

လီရွှမ်မှာ နက်ရှိုင်းစွာ ခံစားသွားရ၏။ ဟင်းလင်းပြင်ဖြတ်သန်းခြင်း ဒီဗိုင်းမိုးကြိုးသည် အလွန်စွမ်းအားကြီးနေပြီး ဖြစ်သည်။ အသုံးပြုလိုက်သည်နှင့် ဒီဗိုင်းလျှပ်စီးတစ်ခုသဖွယ် ဟင်းလင်းပြင်ကို ဖြတ်သန်းနိုင်၏။

သို့ပေမယ့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ရွေ့လျားမှု ဒီဗိုင်းဆန်းကြယ်စွမ်းအား၏ အမြန်နှုန်းမှာလည်း မယုံကြည်နိုင်စရာကောင်းလောက်အောင် မြန်ဆန်လှပေသည်။

မျက်စိတစ်မှိတ်အတွင်းတွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို ဖြတ်သန်းနိုင်၏။ လျှပ်တပြတ်အတွင်း တောင်နှင့်မြောက်ကို သွားလာနိုင်သည်။

ထိုဒီဗိုင်းဆန်းကြယ်စွမ်းအားသည် စွမ်းအားကြီးပေမယ့် ၎င်းကို အပြည့်အဝအသုံးချရန် လုံလောက်သည့်ခွန်အားကိုတော့ လိုအပ်နေပါသည်။

ရှင်းလင်းစွာပင် လီရွှမ်အနေနှင့် ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်သို့ ချိုးဖျက်ပြီးဖြစ်လျှင်တောင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ တောင်နှင့်မြောက်ကို လျှပ်တစ်ပြက်အတွင်း ဖြတ်သန်းသွားလို့ မရပေ။

'ငါ့မှာ ဒီဗိုင်းဆန်းကြယ်စွမ်းအား ၅ခုပဲ ရှိတာပဲ..'

ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လှုပ်ရှားမှု ဒီဗိုင်းဆန်းကြယ်စွမ်းအား ပေါက်ဖွားလာပြီးနောက် ဒီဗိုင်းဆန်းကြယ်စွမ်းအားများ ဆက်လက်ပေါက်ဖွားခြင်း မရှိတော့ပါ။

လီရွှမ်သည် အနည်းငယ်နောင်တရစွာ ခံစားလိုက်ရ၏။

'ဒါပေမယ့် အဲ့ဒါကလုံလောက်ပါတယ်... ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမ၊ ဓားအတွင်းရှိ ချန်းခွမ်၊ နတ်ဘုရားသတ်ဖြတ်ခြင်းဓား၊ ဒီဗိုင်းနဂါး၏သက်ဆင်းမှု၊ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ရွေ့လျားမှု... ဒီဒီဗိုင်းဆန်းကြယ်စွမ်းအား တစ်ခုချင်းစီတိုင်းက အထူးသီးသန့်လက္ခဏာရပ်တွေရှိပြီး စွမ်းအားကြီးကြတယ်..'

လီရွှမ်သည် ကျေနပ်စွာလည်း ခံစားလိုက်ရ၏။ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမသည် အသုံးပြုလိုက်သည်နှင့် ၆မီတာ ရွှေခန္ဓာထပ်ပင် များစွာ ပိုမိုစွမ်းအားကြီးမားပြီး ထပ်ဆင့်လိုက်ပါက ပိုမိုကာပင် ကြောက်စရာကောင်းပါသည်။

ဓားအတွင်းရှိ ချန်းခွမ်မှာ တိုက်ခိုက်ခြင်းနှင့် ခုခံမှုအတွက် နှစ်ခုလုံးအသုံးပြုနိုင်၏။ ၎င်းသည် ဓားတာအို၌ အနှိုင်းမဲ့လေသည်။

ဒီဗိုင်းနဂါး၏ သက်ဆင်းမှုမှာ လုံးဝကို ကြီးစိုးလှ၏။ ဒီဗိုင်းနဂါးအား ဆင့်ခေါ်ပြီးနောက် မည်သူက စိန်ခေါ်နိုင်မည်နည်း။

'အဲ့ဒါက ငါ ဒီဗိုင်းဆန်းကြယ်စွမ်းအားကို အဆင့်ချိုးဖျက်မှုအတွက် ပေါက်ဖွားလာတဲ့ ဒီဗိုင်းဆန်းကြယ်စွမ်းအားတွေပဲ... ရွှီယန် ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်ကို ချိုးဖျက်တဲ့ အခါမှာလည်း တန်ပြန်အကျိုးပြုမှုတွေ သေချာပေါက် ရလာမှာ။ အဲ့ဒါဆိုရင် ဒီဗိုင်းဆန်းကြယ်စွမ်းအားတွေ ထပ်ပြီးတော့ ပေါက်ဖွားလာမှာပဲ..'

'မုန့်ချုံအဆင့်ချိုးဖျက်ရင်လည်း အတူတူပဲ။ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ရဲ့ ဒီဗိုင်းဆန်းကြယ်စွမ်းအားတွေ ပေါက်ဖွားလာလိမ့်မယ်။ ၆မီတာရွှေခန္ဓာက သေချာပေါက် ကြီးမားတဲ့ပြောင်းလဲမှုတွေ ဖြစ်ပေါ်ပြီး စွမ်းအားကြီးမားတဲ့ ဒီဗိုင်းဆန်းကြယ်စွမ်းအား ဖြစ်လာမှာ။ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမလိုပဲပေါ့..'

'စုလင်းရှုံ အဆင့်ချိုးဖျက်တဲ့အခါမှာလည်း တန်ပြန်အကျိုးပြုမှုအဖြစ် ဒီဗိုင်းဆန်းကြယ်စွမ်းအားတွေ ရလာလိမ့်မယ်။ ဒန်ဆေးသိုင်းသမားတစ်ယောက်ရဲ့ ဒီဗိုင်းဆန်းကြယ်စွမ်းအားတွေပေါ့...'

ထိုကဲ့သို့ တွေးမိပြီးနောက် လီရွှမ်သည် မျှော်လင့်မှုတို့ဖြင့် ပြည့်နှက်နေ၏။ ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်သို့ ချိုးဖျက်ပြီးနောက် သူ၏ သိုင်းပညာတို့သည် ပိုမိုကာ အဆင့်မြင့်တက်လာခဲ့သည်။ ဒီဗိုင်းဆန်းကြယ်စွမ်းအားများအပေါ် ပိုမိုရှင်းလင်းစွာ နားလည်လာခဲ့သည်။

ပြီးလျှင် ဒီဗိုင်းဆန်းကြယ်စွမ်းအား သိုင်းပညာကျမ်းကို ဖန်တီးရမည့်အချိန် ဖြစ်၏။

'ဒီ ဒီဗိုင်းဆန်းကြယ်စွမ်းအားတွေ အကြားမှာ အငယ်စားနဲ့ အကြီးစားဆိုပြီးတော့ ခွဲထားရမယ်... ငါပေါက်ဖွားလာတဲ့ ဒီဗိုင်းဆန်းကြယ်စွမ်းအားတွေ အားလုံးကို ဒီဗိုင်းဆန်းကြယ်စွမ်းအားကြီးတွေလို့ ယူဆလို့ရတယ်။ ရှီအာတို့လို သိုင်းသမားတစ်ယောက် အဆင့်ချိုးဖျက်တဲ့အခါ ပေါက်ပွားလာတဲ့ ဒီဗိုင်းဆန်းကြယ်စွမ်းအားတွေ ကတော့ အရမ်းကြီးစွမ်းအားကြီးမှာ မဟုတ်လောက်ဘူး..'

'ဒါ့ကြောင့်မို့လို့ အဲ့ဒီ့စံနှုန်းအတိုင်း အသေးစားနဲ့ အကြီးစားကို ခွဲခြားရမယ်။ သိုင်းပညာနိယာမရဲ့ ပြည့်စုံမှုနဲ့ ခွန်အားအတိုင်း ဘယ်ဟာက အသေးစား ဘယ်ဟာကအကြီးစား ဆိုတာကို တစ်ခါတည်း နားလည်နိုင်တယ်..'

လီရွှမ်က တိတ်တဆိတ် စဉ်းစားသည်။

'ဒီဗိုင်းဆန်းကြယ်စွမ်းအားတွေကို ဖန်တီးတော့မှာဆိုတော့ အမျိုးအစားတွေကိုလည်း ခွဲခြားထားသင့်တယ်။ တိုက်ခိုက်မှုကို အခြေခံတဲ့ ဒီဗိုင်းဆန်းကြယ်စွမ်းအား၊ ခုခံမှုကိုအခြေခံတဲ့ ဒီဗိုင်းဆန်းကြယ်စွမ်းအား၊ အမြန်နှုန်းကိုအခြေခံတဲ့ ဒီဗိုင်းဆန်းကြယ်စွမ်းအား.. အစရှိသဖြင့် ရှင်းရှင်းလင်းလင်း စီမံသင့်တယ်..'

ဒီဗိုင်းဆန်းကြယ်စွမ်းအားတစ်စုံကို ဖန်တီးရန်မှာ ညတွင်းချင်း ပြီးမြှောက်နိုင်သည့်အရာ မဟုတ်ပေ။ သေချာပေါက် ခက်ခဲသည့် တာဝန်တစ်ခု ဖြစ်၏။

သို့ပေမယ့် သူ၏ ကိုယ်ပိုင် သိုင်းပညာဖွံ့ဖြိုးရေး၊ ပိုမိုပြည့်စုံလာရေးနှင့် စွမ်းအားကြီးမားလာရေးအတွက် လီရွှမ်သည် တောင့်ခံထားရန်သာ တတ်နိုင်၏။

'ဒီဗိုင်းဆန်းကြယ်စွမ်းအား သိုင်းပညာကျမ်းကို ဖန်တီးပြီးတဲ့ အခါကျရင် ငါတပည့်တွေကို အရင်ဆုံး လေ့လာခိုင်းရမယ်။ လူတစ်ယောက်ချင်းစီတိုင်း ကျမ်းတစ်ခုရမယ်။ သူတို့တွေ များနိုင်သမျှများအောင် လေ့လာသင့်တယ်..'

လီရွှမ်ကပြုံးသည်။ ဒီဗိုင်းဆန်းကြယ်စွမ်းအား သိုင်းပညာကျမ်းကို ဖန်တီးပြီးသည်နှင့် ဘယ်လိုလုပ်ပြီး ဒီအတိုင်းထားလို့ ရမည်နည်း။ တပည့်များကိုပေးကာ သေသေချာချာ လေ့လာခိုင်းရပေမည်။

'အခု ငါ ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်ကို ဝင်ရောက်ပြီးပြီဆိုတော့ ဒီလင်းနယ်မြေမှာ ဘယ်သူမှ ငါ့ရဲ့ပြိုင်ဘက် မဟုတ်လောက်တော့ဘူး။ အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းရဲ့ အသန်မာဆုံးလူတွေ ရောက်လာရင်တောင် လက်ဝါးတစ်ချက်နဲ့ ရိုက်ထုတ်လို့ရတယ်။ အဲ့ဒီ့ အသန်မာဆုံးဆိုတဲ့လူတွေ ဆယ်နဲ့ချီပြီး ဝန်းရံလာရင်တောင် ငါ့ရဲ့ခွန်အားအပြည့်နဲ့ တိုက်ခိုက်မှုကို ခုခံနိုင်မှာလား..'

ဒီအချိန်၌ လီရွှမ်သည် ယုံကြည်ချက်အပြည့် ရှိလာခဲ့၏။ ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်တွင် ဒီဗိုင်းဆန်းကြယ်စွမ်းအားတို့ကို အသုံးပြုမှသာလျှင် စွမ်းအားကြီး‌နေမည်မဟုတ်ဘဲ လှုပ်ရှားမှုတိုင်း၊ တိုက်ခိုက်မှုတိုင်းသည် ဒီဗိုင်းဆန်းကြယ်စွမ်းအားနီးပါး ကြောက်စရာကောင်းနေမှာဖြစ်၏။ အတိတ်က ခွန်အားနှင့် နှိုင်းယှဉ်နိုင်သည့်အရာ မဟုတ်ပေ။

All Chapters