← Chapters

သူ့ဆရာက ပိုမောက်မာတယ်

Vol. 35 Ch. 515

သူ့ဆရာက ပိုမောက်မာတယ်

Vol. 35 Ch. 515

ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်သို့ ချိုးဖျက်ပြီးနောက် လန်းဆန်းတက်ကြွနေသည့် လီရွှမ်သည် စိတ်အခြေအနေ မြင့်မားစွာ ရှိနေ၏။

သူသည် ကြောင်နီကိုခေါ်ကာ မဟာနတ်ဆိုးသိုင်းပညာလမ်းစဉ်ပေါ်တွင် လမ်းညွှန်မှုပြုပြီး မဟာနတ်ဆိုး မူလစိတ်ဝိဉာဉ်အား မည်ကဲ့သို့ ပျိုးထောင်ရမည်ကို သင်ကြားပေးသည်။ မဟာနတ်ဆိုး ဒီဗိုင်းဆန်းကြယ်စွမ်းအားတို့အား မည်ကဲ့သို့ ကျင့်ကြံရမည်ကို သင်ကြားပေးသည်။

ကြောင်နီကို သင်ကြားပို့ချမှုအပြီးတွင် သူသည် လက်ကိုမြှောက်ကာ နတ်ဆိုးလမ်းညွှန်ခြင်း အတတ်ဖြင့် ယွီရှောင်လုံအားလည်း ကျင့်စဉ်ကို လက်ဆင့်ကမ်းပေးသည်။

"ကြိုးကြိုးစားစားနဲ့ ကျင့်ကြံပြီး... အမြန်ဆုံး အဆင့်ချိုးဖျက်အောင်လုပ်.."

ယွီရှောင်လုံမှာ ဝမ်းသာသွားပြီး အလျှင်အမြန်ဦးချကာ ကျေးဇူးတင်မှုကို ဖော်ပြသည်။ သူသည် ကြောင်နီဆီမှ မဟာနတ်ဆိုးကျင့်စဉ်အား ရရှိပြီးဖြစ်၏။ သို့ပေမယ့် ၎င်းသည် နားလည်သဘောပေါက်ရန် အနည်းငယ် ခက်ခဲနေပါသည်။ တစ်ဖက်ကြောင်၏ ညွှန်ကြားချက်ဖြင့်သာ အခြေခံတို့ကို ရေးတေးတေး ဖမ်းဆုပ်နိုင်၏။

ယခု လီရွှမ်ကတော့ နတ်ဆိုးလမ်းညွှန်ခြင်း အတတ်ကို တစ်ခါတည်း အသုံးပြုပြီး ကျင့်စဉ်ကို အသိစိတ်အတွင်းသို့ လွှဲပြောင်းပေးရာ ချက်ချင်းပင် လျှပ်တပြတ်အတွင်း နားလည်နိုင်ပါသည်။

ဘာပဲဖြစ်ဖြစ် သူသည် သာမန်သားရဲတစ်ကောင် မဟုတ်ပေ။ အသိဉာဏ်အား နိုးထပြီးဖြစ်၏။ လီရွှမ်၏ နတ်ဆိုးလမ်းညွှန်မှုအတတ်အောက်တွင် မဟာနတ်ဆိုးကျင့်စဉ်အား လျှင်မြန်စွာ နားလည်မှုရနိုင်သည်မှာ ပုံမှန်သာဖြစ်သည်။

ထို့နောက် တူညီသည့် နည်းလမ်းဖြင့် ဟကလေးအား ဆက်လက် လက်ဆင့်ကမ်းပေး၏။ ထိုပုံကို တွေ့ရပြီးနောက် ကြောင်နီသည် ဖိအားကို ခံစားလိုက်ရသည်။

ယွီရှောင်လုံနှင့် ဟကလေးတို့၏ ကျော်တက်သွားမည့်အဖြစ်ကို စိုးရိမ်နေပြီး သူ၏ မဟာနတ်ဆိုးဘုရင် ဟူသည့် အရိုက်အရာကို ခြိမ်းခြောက်နိုင်စွမ်း မရှိစေရန် လက်အောက်ငယ်သားများ၏ ကျော်တက်မှုအား အဖြစ်ခံလို့ မရကြောင်းကို သိလိုက်သည်။ ထို့ကြောင့် ပိုမိုကာပင် အားကြိုးမာန်တက်ကျင့်ကြံ၏။

သူ့အတွက် တစ်ခုတည်းသော စိတ်သက်သာစရာမှာ ယွီရှောင်လုံနှင့် ဟကလေးတို့၏ ကျင့်ကြံမှု အမြန်နှုန်းသည် သူ့ကို လိုက်မှီခြင်း မရှိမှုဖြစ်၏။

ကြောင်နီသည် ယုံကြည်ချက်တို့ ပြန်လည်ရရှိလာပြီး ယွီရှောင်လုံနှင့် အကြိမ်အနည်းငယ် ခုန်အုပ်တန်း ကစားကာ သူ၏သြဇာကို ပြန်လည်တည်ဆောက်သည်။ ထို့နောက် လက်ဝါးကိုမြှောက်ကာ ဟကလေးအားလည်း တစ်ချက်လောက် ပါးရိုက်ခဲ့၏။

"ဂွတ်.."

ဟကလေးက အသံပြုသည်။

ကြောင်နီမှာ ကျေနပ်သွား၏။ ဒီဖားသည် သူ၏ အထက်တန်းကျမှုကို စလာကတည်းက အသိအမှတ်ပြုခဲ့၏။ လိမ္မာပါသည်။

သူ၏စွမ်းရည်ကို ပြသပြီးနောက် ကြောင်နီသည် သခင်ဖြစ်သူနှင့် စုလင်းရှုံတို့၏ရှေ့တွင် ချစ်ဖို့ကောင်းအောင်လုပ်ပြပြီး မျက်နှာချိုသွေးရန်လည်း မမေ့ခဲ့ပေ။

အပြင်ဘက်တွင် ကြမ်းကြုတ်သည့် နတ်ဆိုးဘုရင်တစ်ကောင်၏ အသွင်အပြင်နှင့် အိမ်တွင် ဝတုတ်ကာချစ်စရာကောင်းသည့် ကြောင်တစ်ကောင်၏ အသွင်ကို ညီမျှစွာပြသ၏။

လီရွှမ်အနေနှင့် သူ့ဖက်တီးကြောင်၏ သရုပ်ဆောင်နိုင်စွမ်း အလွန်ကောင်းမှုကိုသာ အသံပြုမိသည်။

ရွှီယန်က ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်အား နားလည်သဘောပေါက်လာပြီးနောက် ရုတ်တရက် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နက်နေ၏။ သူသည် မည်ကဲ့သို့ ကျင့်ကြံရမည်အား သိရှိပြီးဖြစ်ကာ အချိန်ယူကာ စွမ်းအားကို မြှင့်တင်ရန် စောင့်စားဖို့သာ ရှိတော့သည်။

'အခု မူလဒီဗိုင်းအဆင့်နဲ့ ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်ရဲ့ ကျင့်စဉ်တွေကို ငါဖမ်းဆုပ်နိုင်ပြီးပြီ... နောက်ထပ်ပန်းတိုင်က ဒီဗိုင်းဆန္ဒအဆင့်ရဲ့ ပြီးပြည့်စုံခြင်းကို ချိုးဖျက်ဖို့ပဲ..'

သူက စိတ်လှုပ်ရှားစွာ စဉ်းစား၏။ ဒီဗိုင်းဆန္ဒအဆင့်၏ ပြီးပြည့်စုံခြင်း အဆင့်သို့ ချိုးဖျက်ပြီးပါက အတွေ့အကြုံတို့ကို စုစည်းကာ မူလဒီဗိုင်းအဆင့်သို့ ချိုးဖျက်ရန် ပြင်ဆင်ရပေမည်။

'ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၊ စုမိသားစုနဲ့ သိုက်မိသားစု တို့က စုဆောင်းထားတဲ့ ရတနာတွေက တကယ်ပဲများပြားလွန်းတယ်။ ဂျူနီယာ ညီမလေးကလည်း ဒန်ဆေးလုံးတွေ အများကြီးကို သန့်စင်ခဲ့တယ်။ ဒါပေမယ့် မူလဒီဗိုင်းအဆင့်ကို ချိုးဖျက်ဖို့အတွက် အခြေခံကို တည်ဆောက်လိုတယ်ဆိုရင်တော့ မလုံလောက်သေးဘူး..'

'ငါလိုအပ်နေတာက အရေအသွေးမြင့်မားတဲ့ ရတနာတွေ သို့မဟုတ် အထူး ဒီဗိုင်းသက်ရောက်မှုနဲ့ ပစ္စည်းအချို့ပဲ...'

ရွှီယန်သည် အခြေခံအား စုစည်းရန်အတွက် စတင်စီစဉ်မှု ပြု၏။ သူ၏လက်ထဲတွင် အရင်းအမြစ်များစွာတို့ ရှိပေမယ့် အခြေခံကို ပြည့်စုံစွာမြှင့်တင်ပြီး မူလဒီဗိုင်းအဆင့်သို့ ချိုးဖျက်ရန်အတွက် လုံလောက်ခြင်း မရှိသေးပါ။ အခြေခံအားဖြင့် သူ့တွင် အထူး ဒီဗိုင်းအာနိသင်နှင့် ရတနာအချို့ လစ်ဟင်းနေ၏။

'အဆင့်ပိုမြင့်လေလေ ပိုကြီးမားတဲ့ အခြေခံကို လိုအပ်လေပဲ။ ဒါကြောင့်မို့လို့ အဆင့်ပိုမြင့်တဲ့ စိတ်ဝိဉာဉ်ပစ္စည်းတွေကိုလည်း လိုအပ်လာတယ်။ တစ်ခါတစ်ရံမှာ အထူးအာနိသင်နဲ့ စိတ်ဝိဉာဉ်ဆေးပင်တွေကိုတောင် လိုအပ်တယ်..'

'ဒါပေမယ့် လင်းနယ်မြေရဲ့ ကျယ်ပြောမှုနဲ့ များပြားလှတဲ့ စိတ်ဝိဉာဉ်ဂိုဏ်းတွေနဲ့ အရင်းအမြစ်တွေကို စုဆောင်းဖို့က မခက်ခဲပါဘူး။ အချိန်အချို့ပဲ ကြာမှာ..'

ရွှီယန်သည် ဆုံးဖြတ်ချက် ချလိုက်၏။ အဆင့်ချိုးဖျက်ပြီးပါက သူသည် ယွီကျိုးမှ ထွက်ခွာကာ အခြားဒေသများသို့ လှည့်လည်ပြီး အခြေခံနှင့် အတွေ့အကြုံတို့ကို စုဆောင်းရပေမည်။

ဘာပဲဖြစ်ဖြစ် လင်းနယ်မြေ၏ ဒေသ၁၈ခုတို့တွင် ယွီကျိုးမှာအား အနည်းဆုံးဖြစ်ပြီး အကြွယ်ဝဆုံး ဒေသများမှာတော့ အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းများ တည်ရှိသည့် ဒေသများဖြစ်သည်မှာ သေချာလှသည်။

'တိုက်ပွဲအတွေ့အကြုံရှာပြီး ကိုယ်ရည်သွေးဖို့ကလည်း လစ်ဟင်းလို့မရဘူး... လုရှင်ထင်းက ငါ့ရဲ့သိုင်းပညာကို အရည်သွေးဖို့ အားနည်းလွန်းတယ်..'

ရွှီယန်သည် သူ၏ အနာဂတ်ပြိုင်ဘက်များအား စဉ်းစားမိ၏။ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများ မဟုတ်ပါက ပါရမီရှင်များ ဖြစ်လျှင်တောင် သူ၏ မျက်လုံးထဲသို့ ဝင်ရန် ထိုက်တန်ခြင်းမရှိပေ။

စံအိမ်သည် နိဗ္ဗာန်ဘုံတစ်ခုကဲ့သို့ အပြင်ဘက်မှ အနှောင့်အယှက်များနှင့် ကင်းကွာစွာရှိနေ၏။ ယွဲ့အာက သူမ၏ အဘိုးဖြစ်သူကို နေရာချပြီးနောက် ရွှီယန်အား အပူတပြင်းလိုက်ရှာသည်။

သို့ရာတွင် ဒီနေ့များအတွင်းတွင် အမျိုးမျိုး ရှာဖွေခဲ့ပေမယ့် မည်သည့်ရလဒ်မှ မတွေ့ဘဲ ဖြစ်နေ၏။ ထိုသို့ဆိုပါက မည်ကဲ့သို့ ရှာနိုင်တော့မည်နည်း။

'ဖြစ်နိုင်တာက ရွှီယန် ကျိန်နိုင်ငံရဲ့ မြို့တော်ထဲမှာ သို့မဟုတ် အဲ့ဒီ့အနီးအနားမှာ ပုန်းအောင်းနေတာများလား..'

ယွဲ့အာသည် အပူတပြင်း ဖြစ်နေ၏။ အဘိုးဖြစ်သူ၏ စကားအရ သိုင်းတစ်ထောင်ခန်းမမှ အသန်မာဆုံး ပုဂ္ဂိုလ်သည် ယွီကျိုးသို့ မကြာခင် ရောက်ရှိလာတော့မှာဖြစ်၏။

"ရွှီယန်.. မြန်မြန်လေးပြေး... အထွတ်အထိပ်သိုင်းသမားတစ်ယောက် နင့်ကိုလာသတ်နေပြီ.."

ရွေးချယ်စရာမရှိသည့် ယွဲ့အာသည် ရှာဖွေရင်းနှင့် ကျယ်လောင်စွာ စတင်အော်ဟစ်လာ၏။

သူမ၏စိတ်ကူးက ရိုးရှင်းသည်။ ရွှီယန်သာ အပြင်ဘက်ရှိ သတင်းအချက်အလက်များကို သိရှိနိုင်သည့် လမ်းကြောင်းရှိပါက ယခုကဲ့သို့ သူမ၏ ရှာဖွေမှုသတင်းသည် သူ၏နားထဲသို့ သေချာပေါက် ရောက်ရှိမှာဖြစ်သည်။

ကျိန်နိုင်ငံ၏ မြို့တော်မှ ယွဲ့အာသည် လမ်းတလျှောက် အော်ဟစ်ရှာဖွေခဲ့၏။ တဖြည်းဖြည်းနှင့် သူမ၏မျက်နှာမှာ ပိုမိုပိုမိုကာ သတိကြီးလာခဲ့သည်။

လက်ရှိအပြုအမူက သူမနှင့် အဘိုးဖြစ်သူတို့၏ တည်နေရာကို ပေါက်ကြားသွားစေမည်အား စိုးရိမ်နေ၏။

'နောက်ထပ်တစ်နေ့ပဲ ထပ်ပြီးတော့ရှာမယ်... မဟုတ်ရင် ငါတို့ပါ အန္တရာယ်ကျလိမ့်မယ်..'

ယွဲ့အာက ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။

သူမသည် ရွှီယန်အနေနှင့် သတင်းရပြီး အမြန်ဆုံးသိရှိနိုင်ရန်သာ မျှော်လင့်ခဲ့၏။ ထို့ကြောင့်လည်း ဒီနေရာအထိ လမ်းတလျှောက် အော်ခဲ့ခြင်းဖြစ်သည်။ ထိုအခါ ကျိန်နိုင်ငံမြို့တော်အတွင်းရှိ သိုင်းသမား အားလုံးလည်း သူမ၏အသံကို ကြားမှာ ဖြစ်သည်။ ထိုလူများသည် မနေနိုင်ဘဲ အံ့ဩစွာ ဖြစ်ကုန်ကြ၏။

အထွတ်အထိပ်သိုင်းသမားတစ်ယောက်သည် ရွှီယန်ကို လာရောက်သတ်ဖြတ်သည်လား။ လင်းနယ်မြေတွင် အထွတ်အထိပ်သိုင်းသမားများဟု ခေါ်ဆိုနိုင်သည်မှာ သံသယဝင်စရာ မကောင်းလောက်အောင် အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများထဲမှ ပုဂ္ဂိုလ်များ ဖြစ်သည်။

အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းရှိ မည်သည့် သိုင်းသမားက လှုပ်ရှားမှုပြုသနည်း။ အထွတ်အထိပ်သိုင်းသမားတစ်ယောက်သာ ဝင်ပါလာပါက ရွှီယန်သည် မည်ကဲ့သို့ လွတ်မြောက်နိုင်တော့မည်နည်း။ သူ၏နောက်ရှိ ပုဂ္ဂိုလ်ပင်လျှင် အဆုံးသတ်နှင့် ကြုံရမှာသေချာသည်။

ပါရမီရှင်များ၏ တိုက်ပွဲတွင် ကောင်းကင်မှ နဂါးတစ်ကောင် သက်ဆင်းလာသကဲ့သို့ မဟာမြင်ကွင်းသည် ကြည့်ရှု့နေသူများအားလုံးကို တွေးမိတိုင်း အံ့ဩစွာ ခံစားစေခဲ့ရ၏။

သို့ရာတွင် သူတို့၏စိတ်ထဲတွင် အဆင့်လွန်ဂိုဏ်းများရှိ အသန်မာဆုံး သိုင်းသမားများသည် အနှိုင်းမဲ့ပြီး စစ်မှန်သည့် အထွတ်အထိပ်သိုင်းသမားများ ဖြစ်ကြသည်။

ထို့ကြောင့် ရွှီယန်၏ဆရာမှာ မည်မျှပင် စွမ်းအားကြီးမားစေကာမူ အထွတ်အထိပ်သိုင်းသမားတစ်ယောက်၏ ပြိုင်ဘက်မဟုတ်ပေ။

"ရွှီယန်.. မြန်မြန်ပြေး... မိုးပြာရောင်ပင်လယ်ကိုပြေးမှ အသက်ရှင်နိုင်ဖို့ အခွင့်အရေးအချို့ရှိလိမ့်မယ်... အထွတ်အထိပ် သိုင်းသမားတစ်ယောက် နင့်ကိုသတ်ဖို့အတွက် မကြာခင်ရောက်လာတော့မယ်.."

ယွဲ့အာ၏ပုံရိပ်က စံအိမ်ကို ဖြတ်ကျော်ပျံသန်းသွားပြီး သူမ၏အသံသည် လေထဲတွင် ပဲ့တင်ထပ်နေ၏။

All Chapters