← Chapters

ဒီကိုလာပြီး သေခိုင်းလိုက်(၂)

Vol. 35 Ch. 520

ဒီကိုလာပြီး သေခိုင်းလိုက်(၂)

Vol. 35 Ch. 520

ထန်ဝမ်လင်းက တာဝန်များကို စတင်ခွဲဝေပေးသည်။ ပြီးနောက် မျိုးဆက်စုံ မဟာမိတ်အဖွဲ့ရှိ စွမ်းအားကြီးပုဂ္ဂိုလ်များသည် ဌာနချုပ်မှ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာပြီး ဒေသအသီးသီးရှိ ခြားနားသည့် အဖွဲ့ခွဲများဆီသို့ သွားရောက်ကြသည်။

"သနျုံ... ဟွမ်းလျန်ကို မင်းမုန်းတယ်ဆိုတာ ငါသိတယ်။ သိုင်းတစ်ထောင်ခန်းမနဲ့ ကြီးမားတဲ့ရန်ကြွေးတွေ ရှိထားတယ်။ ဒါပေမယ့် အခုအချိန်မှာ ဟွမ်းလျန်က အရမ်းစွမ်းအားကြီးနေပြီ။ မင်းသူ့ကို အနိုင်ယူနိုင်ရင်တောင်မှ သတ်ဖြတ်ဖို့ ခက်ခဲလိမ့်မယ်။ အဲ့ဒါကြောင့်မလို့ မစွန့်စားနဲ့... ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာဆိုးဆိုးရွားရွားရအောင် မလုပ်နဲ့.."

"လော့ဒေသက မဟာမိတ်အဖွဲ့ခွဲ တစ်ခုလုံးနီးပါးလည်း သုတ်သင်ခံလိုက်ရပြီ... ဒီရန်ကြွေးကို ငါတို့တွေ ပြန်ဆပ်ရမယ်... ချီမင်ဂိုဏ်းကို သုတ်သင်ရမယ်.."

ထန်ဝမ်လင်းက ချန်သနျုံ မပြန်ခင်တွင် လေးနက်စွာပြောကြား၏။

"မဟာမိတ်ခေါင်းဆောင်... စိတ်ချပါ... ကျွန်တော်သနျုံ အရာအားလုံးကို ထိန်းချုပ်မှုအောက်မှာပဲ ထားပါတယ်။ လော့ဒေသကို ဦးဆောင်မှုပြုပြီး ချီမင်ဂိုဏ်းကို သုတ်သင်ပစ်မယ်... မျိုးဆက်စုံမဟာမိတ်အဖွဲ့က ညီအစ်ကိုတွေရဲ့ သွေးကြွေးကို အလကား မဖြစ်စေရဘူး.."

"ဟွမ်းလျန်ကိုတော့ သတ်လို့မရရင်... သူ့ကို ဒဏ်ရာအပြင်းအထန်ရအောင် လုပ်ပေးလိုက်မယ်.."

"အကိုယွဲ့အတွက် လက်စားချေပေးတာ ဒါမှမဟုတ် အကယ်ဒမီရဲ့ လူတွေအတွက် လက်စားချေပေးတာ အတွက်ပဲဖြစ်ဖြစ် ကျွန်တော်ဒီအတိုင်းတော့ မထားနိုင်ဘူး.."

ချန်သနျုံက လေးနက်စွာ ပြော၏။

ထန်ဝမ်လင်းက သူ၏ပုခုံးကိုပုတ်ကာ မည်သည်ကိုမှ ဆက်လက်မပြောတော့ပေ။

ဝမ်ရှင်းအကယ်ဒမီရှိ ပါရမီရှင်၃၆ယောက်တို့သည် တစ်ချိန်က နာမည်ကျော်ကြားကာ စွမ်းအားကြီးမားခဲ့ကြ၏။ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများရှိ ပါရမီရှင်များကိုပင် လွှမ်းမိုးနိုင်ခဲ့သည်။

သို့ပေမယ့် ယခုအချိန်၌ မည်မျှ အသက်ရှင်ရက် ကျန်ခဲ့သေးလို့နည်း။ ချန်သနျုံမှာ ထိုအထဲမှ တစ်ယောက်ဖြစ်သည်။ သို့ပေမယ့် သူသည် ထို၃၆ယောက်တို့အကြားတွင် အနည်းငယ် အဆင့်နိမ့်၏။

ချန်သနျုံသည် ထွက်ခွာသွားပြီးနောက် လော့ဒေသသို့ သွားရောက်ပြီး ဟွမ်းလျန်အား တိုက်ခိုက်ကာ ချီမင်ဂိုဏ်းကို သုတ်သင်ရန် စီစဉ်သည်။

ထန်ဝမ်လင်းက နေရာတွင်ရပ်ကာ အတွေးနက်နေ၏။ ဝမ်ရှင်းသိုင်းပညာအကယ်ဒမီရှိ လက်ရွေးစင်၃၆ယောက်မှ တစ်ယောက်ချင်းစီတိုင်းသည် အတိတ်တုန်းက အလွန်ကျော်ကြားကြပြီး လင်းနယ်မြေရှိ လေလွင့်သိုင်းသမားအားလုံး၏ လေးစားမှုကို ခံရ၏။

သို့ပေမယ့် ယခုအချိန်၌ လေလွင့်သိုင်းသမား ဘယ်နှစ်ယောက်သည် ထို၃၆ယောက်တို့ကို မှတ်မိဦးမည်နည်း။

တစ်ချိန်က လင်းနယ်မြေကို မုန်တိုင်းထန်စေကာ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများစွာကို နင်းချေခဲ့သည့် သွေးနတ်ဆိုးပင်လျှင် ကပ်ဘေးတစ်ခုကို ဖြစ်ပွားစေခဲ့ပေမယ့် လေလွင့်သိုင်းသမား ဘယ်နှစ်ယောက် သူ့ကို မှတ်မိသေးလို့နည်း။

"စိတ်ဝိဉာဉ်ဂိုဏ်းတွေ..."

သမိုင်း၏ သဲလွန်စများသည် စိတ်ဝိဉာဉ်ဂိုဏ်းများ၏ လုံးဝဖျောက်ဖျက်မှု ခံရလုနီးပါး ဖြစ်ခဲ့၏။ သူတို့ကဲ့သို့ အရင်တုန်းက အဖြစ်အပျက်များကို ကြုံတွေ့ခဲ့ဖူးသူများသာလျှင် သိရှိနိုင်ကြတော့သည်။

သို့ပေမယ့် ယခုအချိန်၌ သူတို့က ထုတ်ဖော်ပြောကြားလျှင်တောင် လေလွင့်သိုင်းသမား ဘယ်နှစ်ယောက်က အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းများရှိ ပါရမီရှင်များကို အနိုင်ယူနိုင်သည့် လေလွင့်သိုင်းသမား များစွာ ရှိခဲ့ကြောင်းကို ယုံကြည်ကြမည်နည်း။

စိတ်ဝိဉာဉ်ဂိုဏ်းများ၏ နှလုံးသားထဲတွင် အရိပ်တစ်ခု ကျန်ရစ်စေလောက်အောင် ကြောက်စရာကောင်းသည့် ပုဂ္ဂိုလ်တစ်ယောက် ရှိခဲ့ကြောင်းကို လေလွင့်သိုင်းသမားဘယ်နှစ်ယောက် ယုံကြည်ကြတော့မည်နည်း။

ဤသည်မှာ မယုံကြည်နိုင်စရာ ကောင်းလှသည်ဟု ထင်မြင်ကြပေလိမ့်မည်။

"ဝမ်ရှင်းအကယ်ဒမီမှာ အသန်မာဆုံး ပါရမီရှင်က လက်ရွေးစင်၃၆ထဲက မဟုတ်ဘူး။ အဲ့ဒါက သွေးနတ်ဆိုးပဲ.."

ထန်ဝမ်လင်းက ကိုယ့်ကိုယ်ကိုယ် သက်ပြင်းချသည်။

သူသည် လေးလံစွာ ခံစားရ၏။ အတိတ်တုန်းက အလွန်စွမ်းအားကြီးမားခဲ့သည့် နတ်ဆိုးအရှင်သခင်ပင်လျှင် အောင်မြင်နိုင်ခြင်း မရှိခဲ့ပေ။ သူထန်ဝမ်လင်းက အောင်မြင်နိုင်မည်လား။

"လော့ဒေသရဲ့ မဟာမိတ်အဖွဲ့ သုတ်သင်ခံလိုက်ရပြီ.."

ယွိကောင်း၏ သတင်းကို ရရှိပြီးနောက် ဖန်းဟောင်မှာ အံ့သြသွား၏။ လေလွင့်သိုင်းသမားများအတွက် နေရာတစ်နေရာကို တိုက်ခိုက်ယူလိုသည့် မျိုးဆက်စုံမဟာမိတ်အဖွဲ့သည် အားနည်းမည် မဟုတ်ပါ။

သို့ပေမယ့် လော့ဒေသရှိ မဟာမိတ်အဖွဲ့သည် ပေါ်သွားတာ မကြာသေးပေ။ ယခုအချိန်၌ ရှုံးနိမ့်ပြီး လုံးဝသုတ်သင်ခံရလုနီးပါး ဖြစ်သွားခဲ့၏။

မဟာမိတ်ခေါင်းဆောင်နှင့် အဖွဲ့အတွင်းရှိ စွမ်းအားကြီးပုဂ္ဂိုလ်များ ထိုတိုက်ပွဲတွင် သေဆုံးခဲ့ပြီး လူအနည်းငယ်မျှသာလျှင် လွတ်မြောက်နိုင်ခဲ့သည်။ သူတို့သည် ယွီကျိုးဆီသို့ ထွက်ပြေးခဲ့ကြ၏။

"ယွီကျိုးကို အသန်မားဆုံးပုဂ္ဂိုလ်တစ်ယောက် လာနေပြီ.."

ဖန်းဟောင်က လေးနက်စွာ ပြောသည်။ ထို့နောက် ဒေါသတကြီးဆို၏။

"သိုင်းတစ်ထောင်ခန်းမက ဟွမ်းလျန်က တော်တော်လေးလွန်ကျူးတာပဲ... ၃ရက်အတွင်းမှာ ဒူးထောက်ပြီးတော့ မတောင်းပန်ဘူးဆိုရင် သေရမယ်လို့တောင် ငါတို့ကို မောက်မောက်မာမာပြောရဲတယ်.."

လီရွှမ်၏မျက်လုံးများထဲတွင် အေးစက်သည့် အလင်းတစ်ချက် လက်သွား၏။ ဒီဟွမ်းလျန်သည် သေမင်းဆီသို့ ပိုမိုပိုမိုကာ ဆက်တိုးလာနေသည်ပင်။

"ရဲတင်းလိုက်တဲ့ကောင်... သိုင်းတစ်ထောင်ခန်းမ... ငါမင်းတို့ကို ခြေထောက်အောက်မှာ နင်းချေပစ်မယ်.."

ရွှီယန်မှာ ဒေါသတကြီး ဖြစ်သွားသည်။

ယွဲ့ချန်မင်က အခန်းအတွင်းမှ ထွက်လာခဲ့၏။ ကုသမှုအပြီးတွင် သူ၏ ဒဏ်ရာအများစုတို့ ပျောက်ကင်းပြီးဖြစ်ကာ သိုင်းအဆင့်မှာလည်း လျော့ကျသွားခြင်း မရှိပေ။

သို့ပေမယ့် စိတ်ဝိဉာဉ်ခန္ဓာ၏ အရင်းအမြစ် ကုန်ခမ်းသွားမှုကြောင့် ခွန်အားမှာ အရင်ကလောက် မကောင်းတော့ပေ။

သို့ပေမယ့် အသက်ရှင်နိုင်ခြင်းကပင် အလွန်ကံကောင်းနေပြီးဖြစ်၏။ အများကြီး တောင်းဆိုရဲခြင်း မရှိပေ။

"ဟွမ်းလျန်က အရမ်းသန်မာတယ်... သူ့ရဲ့လှံချက်က ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ ကြီးမြတ်တဲ့စွမ်းအားလိုပဲ... ငါတို့တွေ သူ့ကို အထင်သေးလို့မရဘူး.."

ယွဲ့ချန်မင်က နက်ရှိုင်းစွာ ပြော၏။

လီရွှမ်၏ မျက်ခုံးများက မြင့်တက်သွားသည်။ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ကြီးမြတ်သည့် စွမ်းအားကဲ့သို့ လှံချက်လေလား။ ဖြစ်နိုင်သည်မှာ အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းရှိ အသန်မာဆုံးပုဂ္ဂိုလ်တို့သည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအားကို အသုံးပြုနိုင်နေပြီးပြီလား။

သို့ပေမယ့် ပြန်လည်တွေးမိပြီးနောက် မဖြစ်နိုင်ကြောင်းကို တွေ့လိုက်ရသည်။ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအားကို အမှန်တကယ် အသုံးပြုနိုင်ပါက အနည်းငယ်မျှသော လှုပ်ရှားမှုနှင့်ပင် ယွဲ့ချန်မင်အနေနှင့် ထွက်ပြေးရန် အခွင့်အရေး ရမည်မဟုတ်ပေ။

"ဟွမ်းလျန်ကို ဒီကိုလာပြီး သေခိုင်းလိုက်... ဒီလိုသေးသိမ်တဲ့ ပိုးမွှားလို့ကောင်က အသန်မာဆုံးလို့ ကိုယ့်ကိုယ်ကိုယ်ပြောရဲတယ်ပေါ့။ ရယ်စရာပဲ.."

လီရွှမ်က ပြောသည်။

"ဟုတ်ကဲ့ပါဆရာ.."

ဖန်းဟောင်မှာ စိတ်လှုပ်ရှားလာ၏။

သူ၏ ဆရာဖြစ်သူသည် ထပ်မံလှုပ်ရှားမှု ပြုတော့မည်လား။

ယွိကောင်းကို ချက်ချင်းပင် စာပို့ပြီး ဟွမ်းလျန်အား လာရောက်သေခိုင်းရန် သတင်းကို ဖြန့်ကျက်ခိုင်းလိုက်သည်။

ယွဲ့ချန်မင်မှာ သူတို့ကို ဆက်လက်တိုက်တွန်းခြင်း မပြုတော့ပေ။ အသန်မာဆုံးပုဂ္ဂိုလ်သည် ပိုးမွှားတစ်ကောင်အဖြစ် အဆင့်နိမ့်ကျသွားခဲ့၏။ ထိုသို့ဆိုပါက မည်ကဲ့သို့ တိုက်တွန်းတော့မည်နည်း။

အနိုင်မရလျှင်လည်း အတူတူသေလိုက်ဖို့သာ ရှိပါသည်။

ရွှီယန်နှင့် အခြားလူများ၏ ပုံစံမှာတော့ စိုးရိမ်ခြင်း အလျဥ်းမရှိပါ။ အဲ့ဒီ့အစား သူတို့သည် ထိုပိုးကောင်ဟွမ်းလျန်၏ လက်ဝါးတစ်ချက်ဖြင့် ရိုက်သတ်ခံရမည့် မြင်ကွင်းအတွက် စောင့်စားနေကြဟန် ရှိသည်။

စုလင်းရှုံဆိုလျှင် ဟွမ်းလျန်တွေဘာတွေအား ဂရုစိုက်ခြင်းပင် မရှိပေ။ သူမသည် ယွဲ့ချန်မင်အား နောက်ဆက်တွဲ ကုသမှုအတွက် ရှင်းပြမှုတို့ကို စတင်ပြုလုပ်၏။

"ရှင့်ရဲ့ စိတ်ဝိဉာဉ်ခန္ဓာအရင်းအမြစ်က ကုန်ခမ်းနေပြီ။ အဲ့ဒါကြောင့်မလို့ ပြန်လည်ကုစားနိုင်မယ့် ခက်ခဲမှုက ကြီးမားတယ်။ အဓိကအကြောင်းအရင်းကတော့ အရင်းအမြစ်ကို ပြန်လည်ပျိုးထောင်ဖို့အတွက် အထူး စိတ်ဝိဉာဉ်‌ဆေးပင် မရှိတာပဲ.."

"ဒါပေမယ့် အဲ့ဒီ့ကိစ္စအတွက် အဖြေမရှိတာတော့ မဟုတ်ဘူး။ စိတ်ဝိဉာဉ်ခန္ဓာကို အသက်သွင်းဖို့အတွက် သွေးမျိုးဆက်သစ်လွင်ခြင်း ဒန်ဆေးလုံးတစ်ခုကို သန့်စင်ပြီး ခြောက်ခမ်းနေတဲ့ အရင်းအမြစ်ကို ပြန်လည်ဖြည့်တင်းလို့ရတယ်.."

"စိတ်ဝိဉာဉ်ခန္ဓာသာ အသက်ပြန်ဝင်လာမယ်ဆိုရင် အရင်းအမြစ်အချို့လည်း ပြန်ရလာလိမ့်မယ်။ အဲ့ဒါဆိုရင် ဖြည်းဖြည်းချင်း ပြန်လည်ကျင့်ကြံလိုက်ရုံနဲ့ စိတ်ဝိဉာဉ်ခန္ဓာကို အထွတ်အထိပ်ကို ပြန်ရောက်စေလိမ့်မယ်.."

ယွဲ့ချန်မင်၏ နှလုံးသားက တုန်ခါသွားသည်။ ဖြစ်နိုင်သည်မှာ စိတ်ဝိဉာဉ်ခန္ဓာသည် အမှန်တကယ် ပြန်ကောင်းနိုင်သည်လား။

သို့ရာတွင် သူသည် နာကျင်စွာ ခံစားလိုက်ရသည်။ သူ၏ စိတ်ဝိဉာဉ်ခန္ဓာသည် ဒီအတောအတွင်းမှ ပျက်စီးသွားခြင်းဖြစ်ပါက ဖြစ်နိုင်သည်မှာ ပြန်ကောင်းရန် အခွင့်အရေး ရှိနေသေး၏။ ကံဆိုးစွာပင် သူ၏စိတ်ဝိဉာဉ်ခန္ဓာသည် ငယ်စဉ်ကတည်းက ပျက်စီးကာ အပိုင်းအစများသာ ကျန်ရစ်ခဲ့တော့သည်။ ယခုအချိန်၌ အရင်းအမြစ်ပါ ခန်းခြောက်သွားရာ မည်ကဲ့သို့ ပြန်ကောင်းနိုင်တော့မည်နည်း။

"ကျွန်တော်ငယ်စဉ်တုန်း ကတည်းက စိတ်ဝိဉာဉ်ခန္ဓာက ပျက်စီးပြီး အပိုင်းအစတွေ ဖြစ်သွားခဲ့တာ။ အခုချိန်မှာတော့ လုံးဝပြိုလဲပြီး အရင်းအမြစ်ပါ ခမ်းခြောက်သွားခဲ့တယ်.."

ယွဲ့ချန်မင်က ပြော၏။

"ဒါက ဒဏ်ရာဟောင်းတစ်ခုပဲ။ ဒါကြောင့်မို့လို့ ဘယ်လောက်ပဲ လှုံ့ဆော်လှုံ့ဆော် အသက်ဝင်လာပြီး ပြန်ကောင်းနိုင်မှာ မဟုတ်လောက်ဘူး။ အဲ့ဒါက ကြိုးစားမှုနဲ့ တန်မှာမဟုတ်တော့ဘူး.."

ယွဲ့ချန်မင်က ခေါင်းကိုရမ်း၏။

"မဟုတ်ဘူး... အဲ့လိုပြောလို့ မရဘူး.."

စုလင်းရှုံက ခေါင်းကိုရမ်းသည်။

"ကျွန်မအတွက် လူတစ်ယောက်ကို ကုသနိုင်ဖို့ဆိုတာ မလွယ်ကူဘူး... ပျောက်အောင် မကုဘူးဆိုရင် ကျွန်မရဲ့အရည်အချင်းက နိမ့်ပါးတယ်လို့ မဆိုလိုဘူးလား.."

"စိတ်မပူနဲ့... ရှင့်ရဲ့စိတ်ဝိဉာဉ်ခန္ဓာက အပိုင်းအစဖြစ်သွားတာ ကြာပြီဆိုရင်တောင် ပြဿနာက မကြီးမားဘူး။ ပြန်ကောင်းနိုင်သေးတယ်.."

ယွဲ့ချန်မင်မှာ လုံးဝ အံ့သြသွားသည်။

"တကယ်ပဲ ပြန်ကောင်းနိုင်တာလား.."

သူ၏ စိတ်ဝိဉာဉ်ခန္ဓာကို ပြန်လည်ရရှိနိုင်ပါက ဆက်လက် မြှင့်တင်ရန်အတွက် ဖြစ်နိုင်ပြီး ဟွမ်းလျန်၏ ခွန်အားအဆင့်သို့ ရောက်ရှိနိုင်ပါသည်။ သူသည် စိတ်လှုပ်ရှားလာခဲ့၏။

"ဒါပေါ့.."

စုလင်းရှုံက ခေါင်းငြိမ့်သည်။

"ဒါပေမယ့် စိတ်ဝိဉာဉ်ခန္ဓာရဲ့ အရင်းအမြစ်အချို့တော့ လိုအပ်တယ်.."

သူမက ယွဲ့အာကို ကြည့်ကာပြောသည်။

"ညီမလေးယွဲ့အာမှာ စိတ်ဝိဉာဉ်ခန္ဓာရှိတယ်။ ပြီးတော့ ရှင်နဲ့လည်း တူညီတဲ့ သွေးမျိုးဆက်ရှိတယ်။ သူမရဲ့အဆီအနှစ်ကို ထုတ်ယူပြီး သွေးမျိုးဆက်သစ်လွင်ခြင်းဒန်ဆေးလုံးတစ်ခုကို သန့်စင်လို့ရတယ်.."

ယွဲ့ချန်မင်က ချက်ချင်းပင် ငြင်းဆန်သည်။

"မရဘူး... ကျွန်တော်ကြောင့် ယွဲ့အာကို လုံးဝ ထိခိုက်လို့မဖြစ်ဘူး.."

"အဘိုး သမီးက အဆင်ပြေပါတယ်... နည်းနည်းလောက်ထိခိုက်လည်း ကိစ္စမရှိဘူး.."

ယွဲ့အာက အမြန်ပြောသည်။

"မရဘူး.."

ယွဲ့ချန်မင်က ပြတ်သားစွာ ပြော၏။

စုလင်းရှုံက မနေနိုင်ဘဲ ဝင်ရောက်ပြောကြားသည်။

"အဘိုးကြီး... ဘာတွေ လျှောက်တွေးနေတာလဲ... ရှင့်ရဲ့စိတ်ဝိဉာဉ်ခန္ဓာကို ပြန်ကောင်းစေဖို့အတွက် ကျွန်မကညီမလေးယွဲ့အာရဲ့ စိတ်ဝိဉာဉ်ခန္ဓာကို ထိခိုက်စေမယ်လို့ ထင်နေတာလား.."

"စိတ်ချပါ... ဒါတွေက ပြဿနာသေးလေးတွေပဲ... ကျွန်မရဲ့ ဒန်ဆေးပညာကို ရှင့်ရဲ့အမြင်နဲ့ မသုံးသပ်နဲ့.."

ယွဲ့ချန်မင်၏ပါးစပ်က ပွင့်ဟနေပြီး ပြောစရာစကား မဲ့နေ၏။ စုလင်းရှုံ၏ စကားများက အလွန် ကျိုးကြောင်းဆီလျော်မှု ရှိပါသည်။

ထို့နောက် သူမသည် ယွဲ့အာဆီမှ သွေးအဆီအနှစ် အချို့ကို ထုတ်ယူကာ ပြန်လည်အားဖြည့်ရန်အတွက် ဆေးအချို့ကို ပေးသည်။ ပြီးနောက် ယွဲ့ချန်မင်၏ စိတ်ဝိဉာဉ်ခန္ဓာအား ကုသရန် ဒန်ဆေးလုံးကို သန့်စင်ဖို့ရာ ပြင်ဆင်၏။

ကျိန်နိုင်ငံ၏ မြို့တော်ဆီသို့ လမ်းမပေါ်တွင် ဟွမ်းလျန်တို့အဖွဲ့သည် အလျှင်အမြန် ချဉ်းကပ်လာနေသည့် ပုံရိပ်တစ်ခုကို ရုတ်တရက် တွေ့လိုက်ရ၏။

"ဘာကိစ္စရှိလို့လဲ.."

ဧကရာဇ်ကျိန်က အဝေးကပင် မေးသည်။ ထိုလူသည် ကျိန်နိုင်ငံ၏ တော်ဝင်မိသားစုမှ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။

"အရှင်မင်းကြီး... ရွှီယန်ရဲ့သတင်း ရပါတယ်.."

ဧကရာဇ်ကျိန်မှာ ကြီးစွာဝမ်းသာသွားသည်။

"ပြော.."

ဟွမ်းလျန်က လေးနက်စွာမေး၏။

"အရှင်... ရွှီယန်ရဲ့ ဆရာက အရှင့်ဆီကို သတင်းတစ်ခု ပါးလိုက်ပါတယ်။ သူမြို့တော်ရဲ့ အပြင်ဘက်မှာရှိတယ်။ အရှင့်ကိုလာပြီးတော့..."

သတင်းလာပို့သည့် သိုင်းသမားသည် ရုတ်တရက်ရပ်တန့်နေပြီး နဖူးမှချွေးစေးများ စီးကျလာခဲ့၏။ သူသည် ဆုကြေးတို့ရရှိမည်အား အလွန် စိတ်အားထက်သန်နေပြီး အထွတ်အထိပ်ပုဂ္ဂိုလ်၏ ရှေ့တွင် မျက်နှာချိုးသွေးလိုနေသဖြင့် ရွှီယန်ဆရာ ပါးလိုက်သည့် သတင်းမှာ အလွန် မလေးစားရာ ကျသည်ကိုပင် မေ့လျော့နေခဲ့သည်။

ဟွမ်းလျန်၏ မျက်ခုံးများက ကျုံ့သွား၏။

"ပြောလေ သူက ဘာပြောလိုက်လို့လဲ.."

"ဒီလို ဒီလိုပါအရှင်.."

ထိုလူက အသက်ကိုနက်ရှိုင်းစွာရှူပြီး ကိုယ့်ကိုယ်ကိုယ်တည်ငြိမ်စေလိုက်သည်။ အကြောင်းကြားစာကို တစ်ခွန်းချင်းစီ ပြော၏။

"ဟွမ်းလျန်ကိုပြောလိုက်.. ငါ့ဆီလာပြီး သေလှည့်လို့... ပိုးမွှားလိုကောင်တစ်ကောင်က အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ်ပြောနေတာ ဟာသပဲ.."

စကားဆုံးပြီးနောက် သူသည် စိတ်သက်သာရာ ရသွားသည်။ ကိုယ့်ကိုယ်ကိုယ် စဉ်းစား၏။

ဒါတွေက တစ်ဖက်လူပြောလိုက်တဲ့ စကားလုံးအတိအကျပဲ။ ငါနဲ့မဆိုင်ဘူး.. ဒါကြောင့်မလို့ အသန်မာဆုံးပုဂ္ဂိုလ်က ငါ့ကို အပြစ်မတင်လောက်ဘူး...

"ဟားဟားဟား... ကောင်းလိုက်တဲ့သတ္တိ.."

ဟွမ်းလျန်က ဒေါသတကြီး အော်ရယ်၏။ လှံရှည်ကို ဝှေ့ရမ်းလိုက်ပြီးနောက် စွမ်းအားကြီးမားသည့် အလင်းတစ်ခု ထွက်ပေါ်လာပြီး သတင်းပါးသူကို လျှပ်တပြက်အတွင်း သတ်ဖြတ်သွားသည်။

ဧကရာဇ်ကျိန်တို့ အားလုံးမှာ ချွေးစေးများ စီးကျလာခဲ့၏။ အလွန်စိုးရိမ်စွာ ခံစားနေရသည်။ သူတို့သည် သတင်းလာပို့သူကိုလည်း နှလုံးသားထဲတွင် ကျိန်ဆဲမိသည်။ တစ်ဖက်လူသည် အဘယ်ကြောင့် လေသံနှင့် စကားလုံးများကို ဟိတ်ဟန်အပြည့်နှင့် ပြောခဲ့ရသနည်း။ သေချင်နေသည်ပင်။

"ကောင်းတယ်ကောင်းတယ်... ဘယ်သူက ပိုးကောင်လဲဆိုတာကို ကြည့်တာပေါ့။ ဘယ်ကောင်က ကောင်းကင်ရဲ့အမြင့်ကို နားမလည်၊ ကမ္ဘာမြေရဲ့ နက်ရှိုင်းမှုကို နားမလည်တဲ့ကောင်လဲ ဆိုတာကို ကြည့်တာပေါ့။ ငါကမင်းတို့ကို အသက်ရှင်ဖို့ အခွင့်အရေးတစ်ခု ပေးလိုခဲ့တာ။ ဒါပေမယ့် သေလမ်းကို ရွေးချယ်တော့လည်း ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့.."

ဟွမ်းလျန်က အော်ရယ်၏။ သူသည် ကျိန်နိုင်ငံ၏ မြို့တော်ဆီသို့ တည့်မတ်စွာ ရွေ့လျားသွားသည်။ ဧကရာဇ်ကျိန်တို့က နောက်မှ အမြန်လိုက်၏။

ထိုသတင်းသည် လျှင်မြန်စွာပျံ့နှံ့သွားပြီး အဓိကဂိုဏ်းကြီးများနှင့် မိသားစုကြီးများမှ သိုင်းသမားများအားလုံး ကျိန်နိုင်ငံ၏ မြို့တော် အပြင်ဘက်ဆီသို့ ထွက်ခွာလာခဲ့ကြသည်။

သူတို့သည် အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ယောက်၏ တိုက်ပွဲနှင့် ခွန်အားကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှု့ရန် စိတ်အားထက်သန်နေကြ၏။

ပါရမီရှင်များ၏ တိုက်ပွဲတွင် ရွှီယန်၏ ဆရာဖြစ်သူက အံ့သြစရာကောင်းလှသည့် စွမ်းအားကို ထုတ်ဖော်ပြသခဲ့ပေမယ့် အဆင့်လွန်ဂိုဏ်းမှ အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ယောက်၏ ပြိုင်ဘက်ဖြစ်မည်ဟု မည်သူမှ ယုံကြည်ခြင်းမရှိပေ။ သံသယဝင်စရာ မကောင်းလောက်အောင် ရွှီယန်တို့အုပ်စုသည် သေဆုံးရမှာ ဖြစ်၏။

"ပိုးမွှားရောက်လာပြီ.."

စံအိမ်အတွင်းတွင် စုလင်းရှုံက ဒန်ဆေးလုံးသန့်စင်ရန် ပြင်ဆင်နေ၏။ ထိုအချိန်၌ လီရွှမ်က ခေါင်းကိုမော့ကာ ထူးမခြားနားစွာ ပြောသည်။

All Chapters