ယွဲ့ချန်မင်အား ညွှန်ကြားပေးမှု၊ ရွှီယန်၏ စိတ်ကူး
Vol. 35 Ch. 525
လက်သီးသင်္ကေတသည် ကောင်းကင်သို့ ထိုးတက်သွားပြီး မိုးကိုဖြိုခွဲကာ စွမ်းအားကြီးမားသည့် အားသည် နိယာမကဲ့သို့ရှိပြီး အရပ်မျက်နှာအားလုံးတို့ဆီသို့ မြင့်တက်သွား၏။
ကျိုးဧကရာဇ်၏ မျက်နှာက တင်းမာသွားသည်။
"လေလွင့်သိုင်းသမားတစ်ယောက်မှာ ဘယ်လိုလုပ်ပြီး ဒီလိုခွန်အားမျိုး ပိုင်ဆိုင်နိုင်တာလဲ... ပြီးတော့ ဘယ်လိုလုပ်ပြီး ဒီလိုကျင့်စဉ်မျိုးကို ပိုင်ဆိုင်ထားတာလဲ.."
"လေလွင့်သိုင်းသမားတစ်ယောက်က ဘာလို့ ဒီလိုခွန်အားမျိုးကို မပိုင်ဆိုင်နိုင်ရမှာလဲ.."
မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ ပုဂ္ဂိုလ်က ပြုံးသည်။
"ဧကရာဇ်ကျိုး... အခုရော အရည်အချင်းမှီပြီလား.."
ဧကရာဇ်ကျိုးက ခေါင်းညှိတ်သည်။
"ကောင်းပြီ။ မင်းတို့ မျိုးဆက်စုံမဟာမိတ်အဖွဲ့သာ ကျိုးနိုင်ငံရဲ့ ပိုင်နက်ထဲကို ခြေချမလာဘူးဆိုရင် ငါတို့ကလည်း လှုပ်ရှားမှုမပြုဘူး.."
သူ၏စကားဆုံးပြီးနောက် နောက်သို့လှည့်ကာ ထွက်ခွာ၏။ သို့ပေမယ့် ချက်ချင်း ပြန်လည် ရပ်တန့်သွားသည်။
"မျိုးဆက်စုံမဟာမိတ်အဖွဲ့ရဲ့ ခွန်အားက တကယ်ပဲ ကြီးမားတယ်။ ဒါပေမယ့် စိတ်ဝိဉာဉ်ဂိုဏ်းတွေကို စိန်ခေါ်ဖို့အတွက် မလုံလောက်သေးဘူး.."
"အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းတွေကို အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းတွေလို့ ခေါ်ဆိုတယ်ဆိုတာ အကြောင်းပြချက်ရှိတယ်။ အပြင်ပန်း မြင်နေရသလောက် မရိုးရှင်ဘူး.."
ထိုစကားကိုပြောပြီးနောက် သူသည် အဝေးသို့ ထွက်ခွာသွား၏။
"သတိပေးစကား ပြောကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဧကရာဇ်ကျိုး.."
မျိုးဆက်စုံမဟာမိတ်အဖွဲ့ရှိ ပုဂ္ဂိုလ်က လက်နှစ်ဖက်ကိုဆုပ်သည်။
ချင်ကျိုးရှိ ယွီလင့်စံအိမ်မှ အသန်မာဆုံးပုဂ္ဂိုလ်များသည် စတင်ပေါ်လာကြပြီး ထန်းလင်(ကောင်းကင်ဗိမ္မာန်)ဒေသမှ လာသည့် စိတ်ဝိဉာဉ်သားရဲ မျိုးနွယ်များနှင့် တိုက်ပွဲဖြစ်ပွား၏။
"မျိုးဆက်စုံမဟာမိတ်အဖွဲ့က စိတ်ဝိဉာဉ်သားရဲတွေနဲ့ ပူးပေါင်းနေတာလား။ ဒီကောင်တွေကို သုတ်သင်ပစ်ရမယ်.."
"ယွီလင့်စံအိမ်တောင် စိတ်ဝိဉာဉ်သားရဲတွေနဲ့ ပူးပေါင်းနိုင်သေးတာပဲ။ ငါတို့က ဘာလို့ မပူးပေါင်းနိုင်ရမှာလဲ။ ချင်ကျိုးမှာပဲ နာနာခံခံနဲ့နေ.."
မျိုးဆက်စုံမဟာမိတ်အဖွဲ့ရှိ ပုဂ္ဂိုလ်က နှာခေါင်းရှုံ့သည်။
ချန်ကျိုးရှိ မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ ဌာနချုပ်သည် လောကကြီးတွင် စတင်ပေါ်လာသည်နှင့် ထည်ဝါလှသည့် စွမ်းအားဖြင့် စိတ်ဝိဉာဉ်ဂိုဏ်းများကို ဖိနှိပ့်ထား၏။ ထိုနေရာကို အပိုင်စီးလေသည်။
ချန်ကျိုးရှိ လေလွင့်သိုင်းသမားများ အားလုံးသည် ဝမ်းသာနေကြပြီး မဟာမိတ်အဖွဲ့အတွင်းသို့ ဝင်ရောက်ခိုလှုံကာ စိတ်ဝိဉာဉ်ဂိုဏ်းများကို ရင်ဆိုင်တိုက်ခိုက်ကြသည်။
စစ်ပွဲကြီးသည် လင်းနယ်မြေတလျှောက် ဖြတ်သန်းသွားပြီး ဒေသအသီးသီးတို့တွင် စိတ်ဝိဉာဉ်ဂိုဏ်းများ၏ စည်းမျဉ်းစည်းကမ်းများကို စိန်ခေါ်သည့် အဖွဲ့အစည်းများ ပေါ်လာကြသည်။
စိတ်ဝိဉာဉ်ဂိုဏ်းများစွာတို့သည် သတိလက်လွတ် ဖြစ်သွားကြပြီး အလျှင်အမြန် အရေးနိမ့်လာခဲ့ကြ၏။ ခွန်အားနည်းသည့် ဂိုဏ်းများဆိုလျှင် မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ သုတ်သင်ခြင်းကို ခံခဲ့ရသည်။
မျိုးဆက်စုံမဟာမိတ်အဖွဲ့မှာ ပိုမိုကာ ထင်ပေါ်လာချိန်၌ လေလွင့်သိုင်းသမားများသည် တိုက်ပွဲအတွင်းသို့ လိုလိုလားလား ဝင်ရောက်လာကြသည်။ ကိုယ်ပိုင်လက်စားချေရန်ပဲဖြစ်ဖြစ်၊ စိတ်ဝိဉာဉ်ဂိုဏ်းများမှ အရင်းအမြစ်များအတွက်ပဲ ဖြစ်ဖြစ် သူတို့သည် မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ ဦးဆောင်မှုနောက်သို့ လိုက်ပါလှုပ်ရှားကြသည်။
လဝက်အတွင်းတွင် ပြီးခဲ့တုန်းက ကြီးစိုးခဲ့သည့် စိတ်ဝိဉာဉ်ဂိုဏ်းများစွာသည် အငြိုးကြီးမားသည့် လိုက်လံသတ်ဖြတ်မူအောက်၌ ပျက်စီးခဲ့ရ၏။
စွမ်းအားကြီးမားလှသည်ဟု ဆိုသည့် အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းများပင် ဒေသအသီးသီးရှိ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများကို ကယ်တင်ရန်အတွက် အကူအညီများ မပို့နိုင်ခဲ့ကြပေ။
ယွင်ရှန်း(တိမ်တောင်)ဒေသတွင် ထိုက်မြှောင်ဂိုဏ်းတည်ရှိနေ၏။ လိင်ယွင်တောင်စံအိမ်၊ သိုင်းတစ်ထောင်ခန်းမ၊ ယွီလင့်စံအိမ်တို့နှင့် မတူသည်မှာ ထိုက်မြှောင်ဂိုဏ်းသည် စစ်မှန်စွာ တစ်သီးတစ်သန့် နေထိုင်ကြပြီး အဆင့်လွန်ခြင်း၏ အသွင်အပြင်ရှိ၏။
သူတို့သည် တိတ်ဆိတ်စွာဖြင့် ကျင့်ကြံခြင်း၊ ထူးချွန်သည့် တပည့်များကို ခေါ်ယူခြင်းနှင့် သင်ကြားပို့သခြင်းများကို ပြုလုပ်ခြင်း၌သာ အာရုံစိုက်ထားကြဟန် ရသည်။
ယွင်ရှန်းဒေသကို အုပ်ချုပ်ထားခြင်းမှာလည်း တပည့်များအတွက် ကျင့်ကြံရန် အရင်းအမြစ်တို့ ရရှိရန်မျှသာ ဖြစ်သည်။
သို့ပေမယ့် ထိုက်မြှောင်ဂိုဏ်းကို မည်သူမှ အထင်သေးရဲခြင်း မရှိပေ။ မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ ခေါင်းဆောင် ထန်ဝမ်လင်းသည် ထိုက်မြှောင်ဂိုဏ်း၏ ဂိတ်တံခါးဆီသို့ ကိုယ်တိုင် သွားရောက်ခဲ့၏။ ဤသည်ကို ကြည့်ခြင်းအားဖြင့် သူ၏ ထိုက်မြှောင်ဂိုဏ်းအပေါ် အလေးထားမှုကို တွေ့မြင်နိုင်ပါသည်။
"ယွင်ရှန်းဒေသက ဖရိုဖရဲအခြေအနေကို ကျရောက်ခွင့်မပြုဘူး... ယွင်ရှန်းဒေသရဲ့ အရေးကိစ္စတွေမှာ ဝင်ပါရင်သေရမယ်.."
အေးစက်သည့် အသံတစ်ခု ထိုက်မြှောက်ဂိုဏ်းမှ လွင့်ပျံလာခဲ့၏။ ၎င်းနှင့်အတူ စိတ်ကူးယဉ်ဆန်ကာ အိပ်မက်ကဲ့သို့ရှိသည့် ပန်းပွင့်များသည် လှပစွာဖြင့် လွင့်လူးလာခဲ့သည်။ ကြောက်စရာကောင်းသည့် စိတ်ဆန္ဒတစ်ခုအားလည်း သယ်ဆောင်လာခဲ့၏။
ထန်ဝမ်လင်း၏ပုံစံက အလွန် လေးနက်သွား၏။ သူ၏လက်ထဲရှိ စုတ်တံကို မြှောက်လိုက်ပြီးနောက် ဆေးစက်များစွာ ပေါ်လာပြီး စုတ်ချက် တစ်ခုချင်းစီတိုင်းတွင် ကြယ်ပွင့်များ ထွက်ပေါ်လာခဲ့သည်။
"ဘုန်း.."
၎င်းသည် အိမ်မက်ဆန်သည့် ပန်းများနှင့် ထိပ်တိုက်တွေ့ဆုံ၏။
"အုန်း.."
ကြယ်များပျက်စီးကာ ထန်ဝမ်လင်းမှာ နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်ခွာသွားရသည်။ စိတ်ကူးယဉ်ဆန်သည့် ပန်းပွင့်များလည်း ပေါက်ကွဲထွက်ကာ ပျောက်ပြယ်သွားခဲ့၏။
အိပ်မက်ကဲ့သို့ စွမ်းအားက တဖြည်းဖြည်းနှင့် ပုံရိပ်ယောင်ကဲ့သို့ ပြောင်းလဲကာ အချိန်မရွေး ပျောက်ကွယ်သွားနိုင်သည့် ရေပူပေါင်းများသဖွယ် ဖြစ်လာခဲ့သည်။
"ကောင်းပြီ... မျိုးဆက်စုံမဟာမိတ်အဖွဲ့ ယွင်ရှန်းဒေသကို ဝင်မလာဘူး.."
ထန်ဝမ်လင်း၏ မျက်နှာသည် အလွန်လေးနက်နေပြီး နက်ရှိုင်းသည့်အသံဖြင့် ပြော၏။
ထိုက်မြှောင်ဂိုဏ်းမှာ တိတ်ဆိတ်စွာသာ ရှိနေပါသည်။ ထန်ဝမ်လင်းက နောက်သို့လှည့်ကာ ထွက်ခွာသွားပြီးနောက် ကြယ်တာယာဆေးစက် စုတ်တံကို ကိုင်ဆောင်ထားသည့် သူ၏လက်မှာ အနည်းငယ်တုန်ခါနေ၏။
'ထိုက်မြှောင်ရဲ့ ရှင်းမုန့်ရုံက ဒီခြေလှမ်းအထိ တက်လှမ်းနိုင်ခဲ့တာလား..'
ထန်ဝမ်လင်းမှာ အံ့သြနေပါသည်။ စိတ်ထဲတွင် သက်ပြင်းချမိ၏။ ရှင်းမုန့်ရုံသာ လှုပ်ရှားမှုပြုပါက သူ့အနေနှင့် ခုခံနိုင်မည်မဟုတ်ပေ။
ထိုနေ့မှစတင်ပြီး မျိုးဆက်စုံမဟာမိတ်အဖွဲ့မှ ပုဂ္ဂိုလ်များအားလုံးသည် ယွင်ရှန်းဒေသမှ ဆုတ်ခွာခဲ့ကြသည်။
လော့ဒေသတွင် ချန်သနျုံသည် ဟွမ်းလျန်အား ကြုံတွေ့ခြင်း မရှိပေ။ သို့ပေမယ့် တစ်ဖက်လူသည် ယွီကျိုး၌ သတ်ဖြတ်ခြင်းခံခဲ့ရကြောင်းကို သတင်း လက်ခံရရှိခဲ့၏။
သူသည် အံ့သြသွားခဲ့သည်။ ဟွမ်းလျန်ကို မည်သူ သတ်ခဲ့သနည်း။ မိတ်ဆွေဟောင်းတစ်ယောက် လေလား။
သူက ယွီကျိုးဒေသသို့ ထွက်ခွာသွားတော့မည် အပြုတွင် ပုံရိပ်တစ်ခု လျှပ်တစ်ပြက် ဝင်ရောက်လာခဲ့သည်။ ဤသည်မှာ လိင်ယွင်တောင်စံအိမ်ရှိ အသန်မာဆုံးပုဂ္ဂိုလ်ဖြစ်၏။
မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ ပေါ်ထွက်လာမှုသည် လင်းနယ်မြေတစ်ခုလုံးကို လှုပ်ခါသွားစေ၏။ ယွီကျိုးသာလျှင် နဂိုအတိုင်းရှိနေ၏။ လော့ဒေသမှ ယွီကျိုးသို့ ထွက်ပြေးလာခဲ့သည့် သိုင်းသမားများသည် လော့ဒေသဆီသို့ စတင်ပြန်ကာ သူတို့၏ ဌာနခွဲကို ပြန်လည်တည်ဆောက်ကြသည်။
ယွိကောင်းတို့မှာတော့ ဌာနချုပ်မှ မည်သည့်တာဝန်ပေးမှုကိုမှ လက်ခံရရှိခြင်း မရှိပါ။ ဆက်လက်ပုန်းအောင်းနေရန်သာ အကြောင်းကြားခြင်းကို ခံရ၏။
"မျိုးဆက်စုံမဟာမိတ်အဖွဲ့မှာ ဒီလိုခွန်အားမျိုး ရှိနေမယ်လို့ ဘယ်သူထင်ထားမှာလဲ.."
ဖန်းဟောင်က အသံပြုသည်။
သူသည် အရာအားလုံးအား ပုံမှန်အတိုင်းသာ ဆောင်ရွက်ရန် ယွိကောင်းဆီသို့ စာပို့လိုက်သည်။ ထို့ကြောင့် ယွီကျိုးရှိ စုမိသားစုနှင့် ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ပိုင်နက်များကို အပြင်ပန်းတွင် ရှန်မိသားစုကသာ ဆက်လက် ထိန်းချုပ်ထား၏။
"စိတ်ဝိဉာဉ်ဂိုဏ်းတွေရဲ့ အုပ်စိုးမှု အဆုံးသတ်တော့မှာလား.."
ယွဲ့အာက စိတ်လှုပ်ရှားစွာဖြင့် မေးသည်။
"အဲ့ဒါက အဲ့လောက်မလွယ်ဘူး.."
ယွဲ့ချန်မင်က ခေါင်းကိုရမ်း၏။
မျိုးဆက်စုံမဟာမိတ်အဖွဲ့သည် ကြီးမားလှသည့် စွမ်းအားကို ထုတ်ဖော်ပြသခဲ့ကာ မြင့်မားထည်ဝါစွာပေါ်လာပြီး စိတ်ဝိဉာဉ်ဂိုဏ်းများ၏ အရှိန်အဝါကို ဖိနှိပ့်ထားပုံပေါ်ပေမယ့် ဤသည်မှာ အစသာဖြစ်ပါသည်။
သို့ရာတွင် သူသည် အံ့သြစွာ ခံစားရဆဲရှိ၏။ မျိုးဆက်စုံမဟာမိတ်အဖွဲ့သည် ယခုမျှ များပြားလှသည့် အသန်မာဆုံးပုဂ္ဂိုလ်များကို မည်သည့်နေရာမှ ရှာဖွေခဲ့သနည်း။
"ဖြစ်နိုင်တာက... သိုင်းအကယ်ဒမီရဲ့ အတိတ်က သုတေသနပြုမှု အောင်မြင်ခဲ့တာလား.."
ယွဲ့ချန်မင်က စဉ်းစားတွေးတော၏။
ထိုအချိန်၌ သူသည် စိတ်ဝိဉာဉ်ခန္ဓာအား ကုသမှုဖြစ်စဉ်အတွင်းတွင် ကျရောက်နေ၏။ စုလင်းရှုံက သန့်စင်ပေးသည့် ဒန်ဆေးလုံးကို စားသုံးပြီးနောက် မူလက ပြိုလဲကာ ခမ်းခြောက်နေသည့် စိတ်ဝိဉာဉ်ခန္ဓာသည် ပြန်လည်ဖွဲ့စည်းကာ အံ့သြစရာကောင်းလောက်အောင် ကောင်းမွန်လာခဲ့သည်။
သို့ရာတွင် အပြီးပိုင် ကုသနိုင်ရန်အတွက် အချိန်နှင့် အားဖြည့်ခြင်း ဒန်ဆေးလုံးများကို ဆက်တိုက်သောက်သုံးရန် လိုအပ်နေသေး၏။
"မိန်းကလေးစု... ကုသမှုအတွက် အသုံးပြုခဲ့တဲ့ စိတ်ဝိဉာဉ်ဆေးပင်တွေအတွက် ပြန်ပေးဖို့ ကျွန်တော်နည်းလမ်းတစ်ခုကို ရှာပါမယ်.."
ယွဲ့ချန်မင်က ကျေးဇူးတင်စွာ ပြောသည်။
စုလင်းရှုံက မျက်တောင်ပုတ်ကာ အတွေးတစ်ခု ရလာပြီး ပြော၏။
"ရှင့်ရဲ့ခွန်အားက တော်တော်လေးကောင်းတယ်။ အခု ဂျူနီယာမောင်လေးရဲ့ မျိုးဆက်စုံမဟာမိတ်အဖွဲ့ခွဲမှာ ကျွမ်းကျင်သူတစ်ယောက်လည်း လစ်ဟင်းနေတယ်။ ဘာလို့ အဲ့ဒီ့ကိုသွားပြီးတော့ မကူညီပေးတာလဲ.."
"အဲ့ဒါကို ရှင့်အတွက် ကုသမှုစရိတ်လို့ သတ်မှတ်ပေးမယ်။ ဘယ်လိုထင်လဲ.."
ယွဲ့ချန်မင်က ခေါင်းငြိမ့်သည်။
"ကောင်းပါပြီ။ ပြဿနာမရှိဘူး.."