← Chapters

အခန်း (၂၄၈)

Vol. 24 Ch. 248

အခန်း (၂၄၈)

Vol. 24 Ch. 248

အပိုင်း(၂၄၈)

စွမ်းအားကြီးပုဂ္ဂိုလ်များ စုဝေးခြင်း

“စိတ်ပူစရာမလိုပါဘူး စီနီယာ စီနီယာ့အတွက်အားကုန်ထုတ်ပြီး တိုက်ခုိက်လို့ရမယ့် အခွင့်အရေးတစ်ခု ရှိလာမှာပါ” ကျန်းယန် ဂူယန်ကို ကတိပေးလိုက်သည်။

ထိုမိစ္ဆာငါးကောင်ကို လွှတ်ပေးလိုက်ရသည့် ရည်ရွယ်ချက်မှာ တိုက်ခိုက်ရန်ပင် မဟုတ်ပါလော။

မိစ္ဆာများကို စီစဉ်ပေးခဲ့ပြီးနောက် ကျန်းယန် အဇူရာတိမ်တောင်ထွတ်ဆီ ပြန်လာခဲ့၏။

ကျန်းယန် ထိုနေရာမှထွက်လာသောအခါ ချင်းယွင်ကျိလည်း သူ့နတ်အာရုံကို ပြန်သိမ်းလိုက်လေသည်။

ချင်းယွင်ကျိ၏ နတ်အာရုံပျောက်ကွယ်သွားသောအခါမှ ဂူဒူအာ သူ့မိစ္ဆာဝိညာဉ်စွမ်းအားကိုသုံးကာ ပတ်ပတ်လည်ကို စစ်ဆေးကြည့်လိုက်၏။ ထိုနေရာတွင် ဘာထူးခြားတာမှမရှိတာကိုတွေ့မှ သူအခြားမိစ္ဆာများကို ပြောလိုက်သည်။

“လက်တလောတော့ ကြည့်ရတာ နာမည်အရင်းစည်းက ငါတို့စိတ်ကူးထားတာထက် အများကြီးပိုပြီး အားကောင်းနေပုံပဲ ဆိုတော့ ငါတို့ဘာမှလုပ်လို့ မဖြစ်သေးဘူး ငါတို့သတင်းအချက်အလက်တွေ ထပ်ပြီး စုဆောင်းရမယ်

ဂူယန် မင်းကိုယ်မင်းသိပါတယ် မင်းကအရမ်းမထက်မြက်ဘူး အဲ့တော့ စကားမပြောမိဖို့ ကြိုးစားပါ”

ထိုငတုံးကောင်ကြီးသည် သူတို့လျှို့ဝှက်ချက်အချို့ကို ထုတ်ပြောလိုက်မှာကို သူကြောက်ရွံ့နေခဲ့ခြင်း ဖြစ်သည်။

ဂူယန် ခေါင်းညိတ်ပြလိုက်၏။ ဂူဒူအာက သူ့ကို အခြားသူများရှေ့တွင် မထက်မြက်ဘူးဟုပြောသော်လည်း သူစိတ်ထဲမထားခဲ့ပေ။

အခြားမိစ္ဆာသုံးကောင်လည်း ခေါင်းညိတ်လိုက်သည်။

ဂူဒူအာဆက်ပြောလိုက်၏။

“အဇူရာတိမ်ဂိုဏ်းအခြေအနေကို ကြည့်ရသလောက်တော့ အခြေအနေက အရမ်းကြီးဆိုးရွားနေပုံ မပေါ်ဘူး အခုငါတို့လုပ်ဖို့လိုတာက စောင့်နေဖို့ပဲ ငါတို့ခွန်အားကိုလိုအပ်လာမှ လှုပ်ရှားမယ် မလိုအပ်ရင် ဒီနေရာမှာပဲ တိတ်တဆိတ်ကျင့်ကြံနေကြမယ်”

ဂူယန် အကူအညီမဲ့စွာ ပြောလိုက်လေသည်။

“ဒီလိုဆိုရင် အထဲမှာ ဖိနှိပ်ခံထားရတာနဲ့ ဘာထူးတော့မှာလဲ”

“ခြားနားချက်တစ်ခု ရှိသေးတယ်” ဂူဒူအာ အေးအေးဆေးဆေးပြန်ဖြေလိုက်၏။

“အနည်းဆုံးတော့ ငါတို့ဒီနေရာမှာ အချိန်မရွေး လွတ်လွတ်လပ်လပ်လှုပ်ရှားလို့ရတယ် အထဲမှာ ဖိနှိပ်ခံထားရတဲ့သူတွေဆိုရင် လုံး၀ ဘာမှလုပ်ရမှာ မဟုတ်ဘူး တော်လောက်ပြီ ကျန်တာတွေကိုစိတ်ပူမနေကြနဲ့တော့ တိတ်တိတ်ဆိတ်ဆိတ်သာ ကျင့်ကြံကြ”

ထို့‌ေနာက် မိစ္ဆာငါးကောင် တိတ်တဆိတ်ကျင့်ကြံကြလေတော့သည်။

ထိုစဉ် ချင်းယွင်ကျိကတော့ အနားယူမနေခဲ့ပေ။

ကျင့်ကြံနေရင်းနှင့်ပင် နတ်အာရုံဖြင့် တားမြစ်နယ်မြေကိုသာ ကြည့်ရှုနေခဲ့၏။ ထို့ကြောင့် ထိုမိစ္ဆာများ တစ်ခုခုလှုပ်ရှားလိုက်သည်နှင့် သူသိမည်သာ။

ကျန်းယန် ထိုနေရာမှ ထွက်သွားပြီးတာတောင် သူတားမြစ်နယ်မြေကို အပြင်ဘက်မှ ဆက်လက်စောင့်ကြည့်နေခဲ့သည်။

အဇူရာတိမ်တောင်ထွတ်ဆီ ပြန်ရောက်လာပြီးနောက် ကျန်းယန် ဂိုဏ်း၏ လူစုခေါင်းလောင်းကို ထိုးလိုက်၏။

အဇူရာတိမ်မြိုတွင် ပျော်ပါးနေသော တပည့်များ ခေါင်းလောင်းသံကို ကြားသည်နှင့် ချက်ချင်းပြန်လာခဲ့ကြပြီး သိုင်းလေ့ကျင့်ရေး ကွင်းပြင်တွင် စုဝေးလိုက်ကြသည်။

လူတိုင်းရောက်ရှိလာသည်နှင့် ကျန်းယန် ပြောလိုက်၏။

“အားလပ်ရက် ကုန်သွားပြီ မနက်ဖြန်ကစပြီး မင်းတို့ သင်ခန်းစာတွေပြန်နားထောင်ရတော့မယ်

နားထောင်ပြီးရင်တော့ မင်းတို့တစ်ယောက်ချင်းစီတိုင်းက ဘယ်လမ်းကို လျှောက်ရမလဲဆိုတာ သိသွားကြမှာပါ

အဲ့ဒီအချိန်ကျရင် လူတိုင်း ဂိုဏ်းရဲ့ကျမ်းစာတိုက်ထဲ၀င်ပြီး ကိုယ်နဲ့ကိုက်ညီတဲ့ကျင့်စဉ်တစ်ခု ရွေးချယ်ခွင့်ရမယ်

အဲ့တာကြောင့် သင်ခန်းစာတွေနားထောင်ရင်း မင်းတို့ဘယ်လမ်းကိုလျှောက်ရမလဲဆိုတာ သေချာဂရုတစိုက်စဉ်းစားထားကြ”

လူအုပ်ကြီးထဲမှ အောင်ပွဲခံသံများပွက်လောရိုက်ကာ ထွက်လာခဲ့၏။

အထူးသဖြင့် ရွှေအမြုတေအဆင့်များနှင့်ဝိညာဉ်အခြေတည်အဆင့်များသည် အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့ကြသည်။

ထိုအရာများက အဇူရာတိမ်ဂိုဏ်း၏ ကျင့်စဉ်များ ဖြစ်ကြ၏။

အရင်ကဆိုလျှင် သူတို့အခုလိုဂိုဏ်းကြီးတစ်ဂိုဏ်း၏ ကျင့်စဉ်များကို ကျင့်ကြံဖို့ အိပ်မက်သာ မက်ခဲ့ရသည်။ အခုတော့ တကယ်ကြီး ကျင့်ကြံရပေတော့မည်။

နောက်ရက်များတွင်လည်း ကျန်းယန် အခြားတပည့်များနှင့်အတူ သင်ခန်းစာများကို လာရောက်နားထောင်ခဲ့၏။

အခြားတပည့်များ သူတို့နှင့်သက်ဆိုင်ရာလမ်းစဉ်များတွင် နားလည်မှုများ ရရှိသွားကြသလို သူလည်း နားလည်သဘောပေါက်လာခဲ့သည်။

ထိုအချိန်တွင် ဂိုဏ်းကြီးကိုးဂိုဏ်းမှ စွမ်းအားကြီးပုဂ္ဂိုလ်ကြီးများကလည်း အဇူရာတိမ်ဂိုဏ်းသို့ ချီတက်လာနေခဲ့ကြချေပြီ။

၀မ်လင်းဂိုဏ်းနှင့်လန်ကျားအထွတ်အမြတ်မြေလို အဇူရာတိမ်ဂိုဏ်းနှင့်နီးသော ဂိုဏ်းကြီးများဆိုလျှင် သူတို့ဂိုဏ်းများ၏ များစွာသော အကြီးအကဲများ ကုန်းမြေတိုက်ကြီးအပြင်တွင်ထွက်၍ နေရာယူထားပြီး အဇူရာတိမ်ကုန်းမြေတိုက်ကြီးကို ကျူးကျော်ဖို့ သင့်တော်မည့် အချိန်ကို စောင့်ဆိုင်းနေခဲ့ကြ၏။

သူတို့တစ်ယောက်ချင်းစီသည် အသက်အရွယ်ကြီးရင့်နေသောသူများဖြစ်ပြီး စွမ်းအားကြီးအရှိန်အဝါများကိုလည်း ထုတ်လွှတ်နေခဲ့ကြသည်။

သူတို့မျက်နှာများသည် သစ်ခေါက်များလို ရွတ်တွနေပြီး သူတို့ဆံပင်များကတော့ ဖြူဖွေးနေခဲ့၏။ အချို့ဆိုလျှင် ဆံပင်ပင်မရှ်ိကြတော့ပေ။

သူတို့ပုံစံကိုကြည့်ရုံဖြင့် ထိုသူများသည် သေခါနီးလူများဖြစ်မှန်း သိသာလှသည်။

အဇူရာတိမ်ကုန်းမြေတိုက်ကြီးကိုတိုက်ခိုက်ခြင်းက သူတို့ဘ၀ဧ။် နောက်ဆုံးတိုက်ပွဲသာ ဖြစ်၏။

လန်ကျားအထွတ်အမြတ်မြေတွင်

အဖြူရောင်၀တ်စုံကို၀တ်ဆင်ထား‌ေသာ မြင့်မြတ်သခင် အဇူရာတိမ်ကုန်းမြေတိုက်ကြီးဘက်သို့ ပူပန်နေသောမျက်နှာထားဖြင့် ကြည့်ရှုနေခဲ့သည်။

ဤတစ်ခေါက်အဇူရာတိမ်ဂိုဏ်းကို တိုက်ခိုက်ခြင်းက ကမ္ဘာကြီးတစ်ခုလုံး သဘောတူထားသော သဘောတူညီချက်ဖြစ်ပြီး မြင့်မြတ်သခင်ဖြစ်သော သူပင် တားဆီးမရပေ။

အဘယ်ကြောင့် ဆိုသော် ဤအရာက လန်ကျားအထွတ်အမြတ်မြေ၏ အကျိုးစီးပွားပါ ပါ၀င်ပတ်သက်နေသောကိစ္စဖြစ်ပြီး သူ့ပုဂ္ဂိုလ်ရေးကိစ္စ မဟုတ်သောကြောင့် ဖြစ်၏။

ထိုသို့သော အခြေအနေအောက်တွင် မြင့်မြတ်သခင် အဇူရာတိမ်ကုန်းမြေတိုက်ကြီးကို တိုက်ခိုက်ဖို့မှလွဲ ရွေးချယ်စရာမရှ်ိတော့ပေ။

သူစိတ်ပူနေသည်က အဇူရာတိမ်ဂိုဏ်းကိုတော့ မဟုတ်ပေ။ မိစ္ဆာများကိုသာ ဖြစ်သည်။

အဇူရာတိမ်ဂိုဏ်း ဖိနှိပ်ထားသော မိစ္ဆာများသည် ကိန်းရှင်များဖြစ်ပြီး လွတ်မြောက်သွားသည်နှင့် ကမ္ဘာတစ်ခုလုံး၏မျှခြေကို ပြောင်းလဲပစ်နိုင်မည့် သူမျာ းဖြစ်၏။

သူစိတ်ပူနေသည်က ထိုအရာသာ ဖြစ်ပေသည်။ ထိုမိစ္ဆာများသာ လွတ်မြောက်သွားလျှင် အရင်ဆုံးအဇူရာတိမ်ကုန်းမြေတိုက်ကြီးကတော့ ကျိန်းသေပေါက် ပျက်ဆီးသွားရပေလိမ့်မည်။ ပြီးလျှင် ပျက်ဆီးရမည်က ထိုကုန်းမြေတိုက်ကြီးနှင့် နယ်နိမိတ်ချင်းထိစပ်နေသော သူတို့ လန်ကျားအထွတ်အမြတ်မြေပင် မဟုတ်ပါလော။

ထိုအကြောင်းတွေးမိသောအခါ မြင့်မြတ်သခင် သက်ပြင်းချလိုက်မိသည်။ သူလုပ်နိုင်တာက အစွမ်းကုန်ကုန်သုံးပြီး ထိုမိစ္ဆာများ ထွက်မလာစေရန် စောင့်ကြပ်ဖို့သာ ရှိတော့၏။

တစ်ဖက်တွင် ၀မ်လင်းဂိုဏ်းမှလူများ စစ်ပွဲအတွက် သူတို့အင်အားစုများကို ပြင်ဆင်နေခဲ့သည်။

ကပ်ဘေးဖြတ်ကေျာ်ခြင်း နှောင်းပိုင်းအဆင့်ဖြစ်သော ၀မ်လင်းဂိုဏ်းချုပ် အေးဆေးတည်ငြိမ်စွာ ရပ်နေပြီး အဇူရာတိမ်ဂိုဏ်းဘက်သို့ ကြည့်ရှုနေခဲ့၏။

ဤတစ်ခေါက်တွင် သူကိုယ်တိုင် သူ့ဂိုဏ်းကိုဦးဆောင်ပြီး အဇူရာတိမ်ကုန်းမြေတိုက်ကြီးထဲ၀င်ကာ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ဖြစ်သော ချင်းယွင်ကျိနှင့် ရင်ဆိုင်မှာ ဖြစ်သည်။

အဖော်အဖြစ် သူနှင့်အတူ များစွာသော တာအိုပေါင်းစည်းခြင်းအဆင့် သေခါနီးအဖိုးကြီးများ ပါ၀င်၏။

ဤအရာက ၀မ်လင်းဂိုဏ်း၏ အဓိကအင်အားစုသာ ဖြစ်သည်။

ဒါပေါ့ သူတို့ဂိုဏ်းကို စောင့်ကြပ်ဖို့အင်အားအနည်းငယ်ကိုတော့ ထားခဲ့ရသေး၏။

မိစ္ဆာများ လွတ်လာနိုင်သည်ဟူသော ဖြစ်နိုင်ချေကနည်းပါးသော်လည်း ထိုဖြစ်နိုင်ချေသေးသေးလေးကြောင့်ပင် သတိလက်လွတ်မနေရဲခြင်း ဖြစ်သည်။

နောက်ဆုံးတွင် သူတို့သည် အဇူရာတိမ်ကုန်းမြေတိုက်ကြီးနှင့် အနီးဆုံးနေရာတွင် ရှိနေကြခြင်း မဟုတ်ပါလော။

၀မ်လင်းဂိုဏ်းချုပ်ကို ပဟေဠိဖြစ်နေစေသောအရာကတော့ အဇူရာတိမ်ဂိုဏ်းသည် တကယ်ကြီး ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်တည်းနှင့် သူတို့ကို ခုခံနိုင်လိမ့်မည်ဟု ယုံကြည်နေတာလား ဟူသော အချက်သာ ဖြစ်သည်။

သူအခုထိ အဇူရာတိမ်ကုန်းမြေတိုက်ကြီးတွင် သိသိသာသာပြင်ဆင်ထားမှုမျိုးကို မမြင်ရသေးပေ။

သူတို့သတ်မှတ်ထားသော ၇ရက်တွင် ၃ရက်သာ ကျန်ရှိတော့၏။

အချို့ဂိုဏ်းများကတော့ အဇူရာတိမ်ဂိုဏ်းဆီလာရာလမ်းတွင်သာ ရှိနေကြသေးသည်။

ယခု ရောက်ရှိနေပြီဖြစ်သော ဂိုဏ်းများမှာ အဇူရာတိမ်ကုန်းမြေတိုက်ကြီးနှင့် သိပ်မဝေးသည် ကွေ့ယွမ်ဘုရားကျောင်း ရှို့ယိဘုရား‌ကျောင်း မဟာနှင်းတောင်ဂိုဏ်းနှင့် အခြားဂိုဏ်းများသာ ဖြစ်၏။

ပိုဝေးသော ပင်လယ်ကောင်းကင်မျှော်စင်နှင့် မြင့်မြတ်ဝိညာဉ်ဂိုဏ်းများကတော့ တစ်ဂိုဏ်းမှ ရောက်မလာကြသေးပေ။

အဝေးဆုံးဖြစ်သည့် ကောင်းကင်နှလုံးသားကျွန်းကလည်း အရိပ်အယောင်တောင် ပေါ်မလာသေးပေ။

ဂိုဏ်းကြီးများစုံစုံလင်လင် ရောက်မလာသေးသော်လည်း အဇူရာတိမ်ကုန်းမြေတိုက်ကြီး ပတ်ပတ်လည်ကို လေးလံသောလေထုက ၀န်းရံထားပြီး ဖြစ်သည်။

“သူတို့ရောက်နေပြီ”

ချင်းယွင်ကျိ အမူအရာမည်းမှောင်သွားကာ ပတ်ပတ်လည်ကိုကြည့်၍ ပြောလိုက်၏။

“လူလုံးထွက်မပြကြသေးပေမယ့် လူတို့ရောက်နေပြီဆိုတာ ငါသိတယ်”

စန်းစုန့်သက်ပြင်းချလိုက်ပြီး တိတ်ဆိတ်နေခဲ့သည်။

သူသည်အခုထိ အဆင့်မချိုးဖြတ်နိုင်သေးဘဲ တာအိုပေါင်းစည်းခြင်းအဆင့်တွင်သာ ရှိနေသေး၏။ အခုလို တိုက်ပွဲမျိုးတွင်ဆိုလျှင် သူ့လို တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်က အများကြီး သက်ရောက်မှုရှိသွားမည် မဟုတ်ဘဲ အမြှောက်ဆံသာသာသာဖြစ်နေပေလိမ့်မည်။

အဇူရာတိမ်မောင်နှမခြောက်ယောက်လုံး၏အမူအရာများလည်း မည်းမှောင်သွားကြ၏။

နှစ်ရာချီကြာသွားပြီးနောက် နောက်ဆုံးတွင် ထိုလူများသည် သူတို့မျက်နှာဖုံးများကို ဆွဲဖြဲလိုက်ပြီး ဓားများကို ထုတ်ခဲ့ကြလေပြီ။

အကယ်၍ လွန်ခဲ့သော နှစ်တစ်ရာခန့်ကသာ အခုလိုလုပ်ခဲ့ပါက အဇူရာတိမ်ဂိုဏ်းတွင် ဘာရွေးချယ်စရာမှ ရှ်ိနေခဲ့မည် မဟုတ်ပေ။

သို့သော် အခုကတော့….သူတို့ အတွေးများကွဲပြားသွားပြီဖြစ်သလို လုပ်ရပ်များကလည်း မတူတော့ပေ။ သူတို့သည် အရင်လို မိုက်မိုက်မဲမဲ ဤနေရာကို စောင့်ကြပ်ရုံ စောင့်ကြပ်နေကြသူများ မဟုတ်ကြတော့ပေ။

ထို့အပြင် မိစ္ဆာငါးကောင်ကိုလည်း လွှတ်ပေးထားပြီးဖြစ်လေရာ သူတို့ လုပ်ဖို့လိုသည်က ထိုသူများတိုက်ခိုက်လာချိန်ကို စောင့်ဆိုင်းနေရုံသာ ဖြစ်၏။

သင်ခန်းစာပို့ချသော တတိယမြောက်နေ့တွင် ဂိုဏ်းကြီးများသတ်မှတ်ထားသည့် ၇ရက် ပြည့်သွားခဲ့လေသည်။

ဂိုဏ်းကြီး၉ဂိုဏ်း စုဝေးထားသည့် ကြောက်မက်ဖွယ် အင်အားစုကြီးက နောက်ဆုံးတွင် အဇူရာတိမ်ကုန်းမြေတိုက်ကြီးကို ဝိုင်းထားလိုက်ကြ၏။

“တာအိုမိတ်ဆွေတွေအကုန်ရောက်လာပြီဆိုမှတော့ ငါတို့လည်း လှုပ်ရှားလိုက်ကြတာပေါ့”

ထို့နောက် အသက်အရွယ်ကြီးရင့်နေသော ပုဂ္ဂိုလ်ကြီးများ တစ်ယောက်ပြီးတစ်ယောက်ရှေ့သို့ ထွက်လာခဲ့ကြသည်။

All Chapters